← Chapters

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း (၁၃၆)

ကျွန်တော်တို့အိမ်ကို ရောက်လာကြပြီ

ရွှီပေါ်အန်းသည် ဤလူပုလေးများကို စစ်မှန်သော ဆန္ဒဖြင့် ကူညီပေးခဲ့ခြင်း ဖြစ်လေ၏။

အမွှေးတိုင် ပူဇော်မှုများနှင့် ဆုတောင်းပတ္ထနာပြုမှုများဟူသော အကြောင်းပြချက်များအပြင် အဓိကရည်ရွယ် ချက်မှာ ပျော်ရွှင်ရန်၊ လွတ်လပ်ပေါ့ပါးရန်နှင့် လေးစားချစ်ခင်ခံရသည့် ခံစားချက်ကို နှစ်သက်ခံစားရန်သာ ဖြစ်လေသည်။

ဤသည်မှာ စိတ်ပိုင်းဆိုင်ရာ တန်ဖိုးတစ်ခု၏ ပြယုဂ်ဟု ဆိုနိုင်ပေသည်။ ဤသည်က လူအများအပြား ဈေးကြီး ပေး၍ ရှာဖွေနေကြသော စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်မှုလည်း ဖြစ်လေ၏။

၎င်းမှာ အိမ်မွေးတိရစ္ဆာန်လေး တစ်ကောင် မွေးမြူရသည်နှင့် တူလှပေသည်။ အစပထမတွင် စူးစမ်းလိုစိတ်နှင့် ဆန်းသစ်မှုတို့ကြောင့်သာ ဖြစ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ တကယ်ကို သံယောဇဉ် တွယ်လာတတ် သည် မဟုတ်ပါလော။

ထို့အပြင် အိမ်မွေးတိရစ္ဆာန် မွေးမြူခြင်းသည် ကလေးပြုစုပျိုးထောင်ခြင်းထက် များစွာ ပို၍ ကုန်ကျစရိတ် ကြီးမားလှသည်။ အိမ်မွေးတိရစ္ဆာန်များ၏ အစာ၊ ရေနှင့် စွန့်ပစ်ပစ္စည်းများ အားလုံးအတွက် ငွေကုန်ကြေးကျ ရှိလေသည်။

ဤဘွန်ဆိုင်းကမ္ဘာထဲတွင်မူ လူပုလေးများသည် ဆန်တစ်ခွက်မျှဖြင့်ပင် ကျေးဇူးတင်စွာဖြင့် အချိန်ကြာမြင့်စွာ အသက်ရှင် နေထိုင်နိုင်ကြပေသည်။

ဤရက်များအတွင်း အတူတကွ အချိန်ဖြတ်သန်းပြီးနောက် ရွှီပေါ်အန်းသည် မသိစိတ်ကပင် ခေါင်ရှန်းရွာမှ လူများကို သူ၏ မိတ်ဆွေများအဖြစ် မှတ်ယူလာခဲ့လေ၏။

ရွှီပေါ်အန်းသည် "မင်း ငါ့ကို သစ္စာမဖောက်သရွေ့၊ ငါ မင်းကို ဘယ်တော့မှ သစ္စာမဖောက်ဘူး" ဟူသော ခံယူချက်ကို အမြဲတမ်း စွဲကိုင်ထားသူ ဖြစ်လေသည်။

"ဆွေမျိုးတွေဘက်ကို မလိုက်ဘဲ အကြောင်းပြချက် ခိုင်လုံတဲ့သူတွေဘက်ကို ကူညီမယ်" ဟူသော အယူအဆကို သူ လုံးဝ သဘောမတူချေ။

မိတ်ဆွေဖွဲ့ခြင်းဆိုသည်မှာ အချင်းချင်း ကူညီရိုင်းပင်းရန်သာ ဖြစ်ပြီး အခြားသူများကို ဆုံးမဩဝါဒပေးရန်နှင့် အပြင်လူများဘက်မှ ရပ်တည်ရန် မဟုတ်ပေ။

ထို့ကြောင့် ရွှီပေါ်အန်းသည် လီချိန်းရှီ၏ လက်ရှိ အခက်အခဲများကို စစ်မှန်သော စေတနာဖြင့် ကူညီပေးချင် ခဲ့လေ၏။

သို့သော်လည်း လက်ရှိအချိန်တွင် သူသည် နတ်ကွန်းအတွင်းရှိ အခြေအနေကိုသာ စောင့်ရှောက်ပေးနိုင်လေ သည်။ အပြင်ဘက်ရှိ တိုက်ပွဲကိုမူ သူ ဝင်ရောက်စွက်ဖက်နိုင်စွမ်း မရှိသောကြောင့် သူတို့ဘာသာသူတို့သာ ဖြေရှင်းပါစေဟု လွှတ်ထားရုံမှတစ်ပါး အခြားမရှိချေ။

အကယ်၍ ဤနေရာသည်သာ ဘွန်ဆိုင်းကမ္ဘာအတွင်း လွယ်ကူစွာ လက်လှမ်းမီသော နေရာဖြစ်ခဲ့ပါက ရွှီပေါ်အန်းသည် ထိုကျူးကျော်လာသော လူဆိုးများကို ယင်ကောင်ရိုက်တံ တစ်ချက်တည်းဖြင့်ပင် ရှင်းလင်း ပစ်နိုင်ပေလိမ့်မည်။

ရွှီပေါ်အန်းသည် တိုက်ရိုက် အကူအညီ မပေးနိုင်သော်လည်း စစ်ပွဲတစ်ခုတွင် အရေးကြီးဆုံးအချက်များမှာ လူအင်အားနှင့် ရိက္ခာထောက်ပံ့မှုတို့ ဖြစ်ကြောင်းကို သူ ကောင်းစွာ သိရှိထားလေ၏။

လူအင်အားအတွက် ရွှီပေါ်အန်းတွင် ကောင်းမွန်သော ဖြေရှင်းနည်း မရှိသော်လည်း အစားအစာ ပြဿနာမှာမူ ဖြေရှင်းရန် အလွယ်ကူဆုံး ဖြစ်လေသည်။

လက်ရှိတွင် သူ၏လက်ဝယ်၌ အစားအစာ မရှိသော်ငြားလည်း စီမံကိန်းနေရာသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင် နက် သူ လိုချင်သလောက် စားသောက်နိုင်ပေသည်။

သေချာသည်မှာ အဓိကအကြောင်းရင်းမှာ ဤခေါင်ကျသော နေရာတစ်ဝိုက်တွင် စူပါမားကတ်များ သို့မဟုတ် ဈေးဆိုင်များ မရှိခြင်းကြောင့်ပင် ဖြစ်လေ၏။ သို့မဟုတ်ပါက ရွှီပေါ်အန်းသည် ပေါင်မုန့်တစ်လုံး ဝယ်ယူလိုက် ရုံဖြင့် ဤလူပုလေးများကို အချိန်အတန်ကြာ ကျွေးမွေးရန် လုံလောက်ပေလိမ့်မည်။

ယခင်က ဆင့်ခေါ်ထားခဲ့သော အမွှေးတိုင်မှာ ကုန်ခါနီးဖြစ်နေသည်ကို မြင်သောအခါ ရွှီပေါ်အန်းသည် သူ ထွက်ခွာရမည့်အချိန် ရောက်ပြီဖြစ်ကြောင်း သိလိုက်လေ၏။

သူက လီချိန်းရှီအား ချက်ချင်းပင် ညွှန်ကြားလိုက်လေသည်။

"နောက်ထပ် နာရီဝက်လောက်နေရင် ရိက္ခာတွေ ရောက်လာမယ်လို့ မင်း သတင်းဖြန့်ထားလိုက်လို့ ရပြီ...။ အဲဒီအချိန်ကျရင် ငါ့ကို သတိပေးဖို့ အချက်ပြတဲ့အနေနဲ့ အမွှေးတိုင်ကို အသုံးပြုပါ...။ ငါ မကြာသေးခင်က အရမ်းကို အလုပ်များနေခဲ့လို့ပါ...။"

လီချိန်းရှီ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ လင်းလက်သွားပြီး ချက်ချင်းပင် အဆက်မပြတ် ခေါင်းညိတ် ကာ ဝမ်းသာအားရဖြင့် သဘောတူလိုက်လေ၏။

ထို့နောက် ရွှီပေါ်အန်းသည် မြို့စောင့်နတ်ကွန်းမှ ထွက်ခွာကာ လက်တွေ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာခဲ့လေ သည်။

ထို့နောက် သူသည် လီဗာကို နင်းလိုက်ရာ ကားလေးမှာ ရှေ့သို့ ပြေးထွက်သွားလေတော့၏။

ရွှီပေါ်အန်း၏ ပြောင်မြောက်သော ကားမောင်းစွမ်းရည်ကြောင့် သူသည် တုန်းကျန်း ဒုတိယဆောက်လုပ်ရေး ကုမ္ပဏီပိုင် လဲ့ချန်ခရိုင် ပြည်ထောင်စုလမ်းမကြီး စီမံကိန်းဌာနသို့ လျင်မြန်စွာ ပြန်လည်ရောက်ရှိလာခဲ့လေသည်။ စီမံကိန်းမန်နေဂျာနှင့် သူ၏အဖွဲ့သားများမှာမူ ခြံဝင်းအတွင်း လှည့်ပတ်ကာ အကြိမ်ပေါင်းများစွာ စောင့်ဆိုင်းနေ ခဲ့ကြလေပြီ။

ရွှီပေါ်အန်းသည် ခွေးသူခိုးကို လိုက်ဖမ်းရန် ထွက်သွားခဲ့ပြီး အချိန်အတော်ကြာသည့်တိုင် ပြန်မရောက်လာသေး ရာ လူများက မည်သို့လျှင် စိတ်မပူဘဲ နေနိုင်ပါမည်နည်း။

အချိန် နှစ်နာရီပင် မပြည့်သေးသည့် အချက်သာ မရှိခဲ့ပါက လူများသည် ရဲကို စောစောကတည်းက ဖုန်းဆက် အကြောင်းကြားပြီး ဖြစ်နေပေလိမ့်မည်။

သေချာသည်မှာ သူတို့သည် တကယ်တမ်း စိုးရိမ်ပူပန်နေခြင်း မဟုတ်နိုင်သော်လည်း အနည်းဆုံးတော့ အပြင်ပန်း သဏ္ဍာန်ကို ထိန်းသိမ်းထားရမည် ဖြစ်လေ၏။

သို့မဟုတ်ပါက သူဌေး ပြန်ရောက်လာချိန်တွင် အခြားသူများအားလုံးက သူ့အတွက် စိုးရိမ်နေကြစဉ် မိမိက ရုံးခန်းထဲ၌ ဘာကိုမျှ ဂရုမစိုက်ဘဲ အေးဆေးအနားယူနေသည်ကို မြင်သွားပါက သေချာပေါက် အပြစ်တင် ဆူပူခံရပေလိမ့်မည်။

များသောအားဖြင့် သင့်သူဌေးသည် သင်လုပ်ခဲ့သော ကောင်းမှုများကို မှတ်မိချင်မှ မှတ်မိမည်ဖြစ်သော်လည်း သင်လုပ်ခဲ့သော အမှားများကိုမူ သေချာပေါက် မှတ်မိနေမည် ဖြစ်ပေသည်။

ရွှီပေါ်အန်းသည် ထိုလူများနှင့် နှုတ်ဆက်စကား အနည်းငယ် ပြောဆိုလိုက်ပြီးနောက် ကားသော့ကို မောင်အိုကြီး ထံ ပစ်ပေးလိုက်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်လေ၏။

"ငါ အရမ်းအိပ်ချင်နေပြီ...။ ခဏလောက် နားဖို့ အခန်းတစ်ခန်း ရှာပေးပါ...။ဪ... ပြီးတော့ ဗိုက်ဆာပြေ အောင် စားစရာ တစ်ခုခု ယူလာခဲ့ပေးဦး...။"

စီမံကိန်းမန်နေဂျာက အလျင်အမြန် ပြောလိုက်လေသည်။

"အထွေထွေမန်နေဂျာရွှီ... အစားအစာတွေ အဆင်သင့်ဖြစ်နေပါပြီ...။ ကျွန်တော်တို့ အရင်စားကြမလား...။"

ရွှီပေါ်အန်းက လက်ကာပြလိုက်ပြီး ပြောလေ၏။

"မင်းတို့ပဲ စားကြပါ...၊ ငါ ခဏလောက် အရင်နားလိုက်ဦးမယ်...။ ဪ... ပြီးတော့ ငါ့အတွက် ပင်အပ်ဗူး နည်းနည်းလောက် ထပ်ယူလာခဲ့ပေးဦး...။ ငါလည်း အသက်ကြီးလာပြီဆိုတော့ အစာစားရင် သွားကြားထဲ အမြဲတမ်း ညပ်နေလို့...။ ငါက ပင်အပ်တွေနဲ့ပဲ အသားကျနေပြီ...၊ သွားကြားထိုးတံတွေ ဒါမှမဟုတ် သွားတိုက် ကြိုးတွေကို မကြိုက်လို့ပါ...။"

ရွှီပေါ်အန်းသည် သူ၏လိုအပ်ချက်ကို ထူးဆန်းသည်ဟု မထင်စေရန် ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်လေသည်။

ရွှီပေါ်အန်းသည် သူ၏ကုမ္ပဏီ စီမံကိန်းများကို ဧကရာဇ်တစ်ပါး၏ စစ်ဆေးရေးခရီးစဉ်ကဲ့သို့ ပြင်းပြသော စိတ်အားထက်သန်မှုဖြင့် ကိုင်တွယ်ဆောင်ရွက်တတ်လေ၏။

သူ၏စကားသည် ဥပဒေပင် ဖြစ်လေသည်။

ရွှီပေါ်အန်းသည် စီမံကိန်းနေရာရှိ ကိုယ်တိုင်ဆောက်လုပ်ထားသော ဧည့်ရိပ်သာသို့ ချက်ချင်းပင် ဝင်ရောက်သွား ခဲ့ပြီး မကြာမီ တစ်စုံတစ်ယောက်က သူ့ထံသို့ သရေစာနှင့် မုန့်မျိုးစုံ ဆယ်မျိုးကျော်အပြင် ဟင်းလေးခွက်နှင့် ဟင်းချိုတစ်ခွက်ပါဝင်သော ပုံမှန်ရိုးရှင်းသည့် အစားအစာများကို ယူဆောင်လာပေးခဲ့လေ၏။

သေချာသည်မှာ ပင်အပ်များလည်း ကတိအတိုင်း ရောက်ရှိလာခဲ့ပေသည်။

ရွှီပေါ်အန်းသည် အခန်းထဲသို့ ဝင်ရောက်သွားပြီး တစ်ခါသုံး ထမင်းဘူးကို ဖွင့်ကာ တစ်ချက်ကြည့်လိုက်ပြီးနောက် လူပုလေးများတော့ ကောင်းကောင်း စားရတော့မည်ဟု တွေးလိုက်လေ၏။

ဝက်သုံးထပ်သားချက်၊ ကြက်ပေါင်ကြော်၊ ကြက်သွန်မြိတ်နှင့် ပင်လယ်မျှော့ချက်၊ ထို့နောက် ခရမ်းချဉ်သီးနှင့် ကြက်ဥမွှေကြော်တို့ ဖြစ်လေသည်။

ဤအရာများအားလုံးမှာ ရွှီပေါ်အန်း စားရန် နှစ်သက်သော ဟင်းလျာများ ဖြစ်ကြပေသည်။ တစ်စုံတစ်ယောက် က သူ၏ အကြိုက်ကို အထူးတလည် စုံစမ်းမေးမြန်းထားပြီး ဤဟင်းလျာများကို မနေ့ညကတည်းက ကြိုတင် မှာယူထားခြင်းဖြစ်ကြောင်း လူမိုက်တစ်ယောက်ပင် သိနိုင်ပေသည်။

သူက ဒေသခံရွာသို့ သွားရောက်ကာ ထင်းရှူးမှိုများ စားမည်ဟု သွယ်ဝိုက်သောနည်းဖြင့် အရိပ်အမြွက် ပြောကြားခဲ့သော်လည်း ဤနေရာရှိ ပြင်ဆင်မှုများမှာမူ စေ့စပ်သေချာနေဆဲပင် ဖြစ်လေ၏။

ခေါင်းဆောင်ဖြစ်သူ စိတ်ပြောင်းသွားမည်ကို စိုးရိမ်သောကြောင့် သူတို့သည် စီမံကိန်းနေရာ၌ပင် အစားအစာ များကို ပြင်ဆင်ထားခဲ့ကြခြင်း ဖြစ်လေသည်။

ရွှီပေါ်အန်းသည် ရေချိုးရန် ရေချိုးခန်းထဲသို့ ဝင်သွားလေ၏။ ကမ်းပါးယံမှ ဆင်းလာစဉ်အတွင်း သူ၏ တစ်ကိုယ် လုံး ညစ်ပေသွားခဲ့သည်မှာ မလွှဲမရှောင်သာပေ။

ရေချိုးပြီးနောက် ရွှီပေါ်အန်း ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် လီချိန်းရှီနှင့် တွေ့ဆုံရမည့်အချိန် နီးကပ်နေပြီ ဖြစ်လေသည်။

အဝတ်အစားများ လဲလှယ်ပြီးသည်နှင့် တစ်ပြိုင်နက် ရွှီပေါ်အန်းသည် ဌာနခွဲအခြေစိုက်စခန်းမှ ဆင့်ခေါ်မှုကို ခံစားလိုက်ရလေ၏။

ရွှီပေါ်အန်းသည် ချက်ချင်းပင် တောင်စောင့်နတ်မင်း နတ်ကွန်းထဲသို့ ဝင်ရောက်သွားပြီး မြို့စောင့်နတ်ကွန်း ဘက်သို့ ပြောင်းလဲကြည့်ရှုလိုက်လေသည်။

ယခုအခါ မြို့စောင့်နတ်ကွန်းမှာ လွန်ခဲ့သော အချိန်ခဏလေးကနှင့် လုံးဝကွာခြားစွာ ပြောင်းလဲနေပြီ ဖြစ်လေ၏။

စောစောကမူ ဤနေရာသည် အလွန်အမင်း လူကြိတ်ကြိတ်တိုးဖြစ်ကာ ကမောက်ကမဖြစ်နေသည်ဟု ရွှီပေါ်အန်း ထင်မှတ်ခဲ့လေသည်။

ဤအချိန်တွင်မူ အခန်းတွင်းရှိ လူများသည် တန်းစီနေသော စစ်သားများကဲ့သို့ များစွာ စနစ်ကျနေပုံ ရလေ၏။

ပွက်လောရိုက်မှုများ ပြီးဆုံးသွားပြီးနောက် အခန်းထဲတွင် ယခင်ကလောက် လူရှုပ်နေပုံ မရတော့ချေ။

ဝမ်ချောင်နှင့် လီချိန်းရှီတို့သည် အမွှေးတိုင်စားပွဲရှေ့တွင် ကြည်ညိုသဒ္ဓါပွားများစွာဖြင့် ဒူးထောက်နေကြ လေသည်။

အခြားသူများကလည်း သူတို့၏ နောက်သို့လိုက်ကာ တစ်တန်းတည်း ဒူးထောက်လိုက်ကြပြီး သူတို့၏ ပါးစပ်များမှ မန္တန်များကို တီးတိုးရွတ်ဆိုနေကြလေ၏။

"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ကျေးဇူးပြုပြီး ကျွန်တော်မျိုးတို့ကို အစားအစာ နည်းနည်းလောက် ပေးသနားတော်မူပါ...။" ဟု အဘိုးအိုတစ်ဦးက ရိုးသားဖြူစင်သော အသံဖြင့် အော်ဟစ်လိုက်လေသည်။

"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ကျွန်တော်မျိုး မသေချင်သေးပါဘူး...၊ အရှင်မင်းကြီးက ကျွန်တော်မျိုးကို ကာကွယ်ပေးရပါမယ်...။ အရှင်မင်းကြီး အရမ်းတန်ခိုးကြီးတယ်ဆိုတာ ကျွန်တော်မျိုး သိပါတယ်...။"

"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ကျွန်မရဲ့ ခင်ပွန်း ယွီတောင်ကနေ ဘေးကင်းကင်းနဲ့ ပြန်ရောက်လာအောင် ကျေးဇူးပြုပြီး ကောင်းချီးပေးတော်မူပါ...။"

"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ အကယ်၍ ကျွန်မ ဒီတစ်ကြိမ် အသက်ရှင်နိုင်မယ်ဆိုရင် ရိုးသားတဲ့ အမျိုးသားတစ်ယောက်နဲ့ သေချာပေါက် လက်ထပ်ပါ့မယ်...၊ ပြီးတော့ ဂီတမယ်အဖြစ် ခုလို မရိုးသားတဲ့ အလုပ်မျိုးကို ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး...။"

*ဟင်...။*

ကမောက်ကမဖြစ်နေသော အသံများကြားမှ ဤစကားကို ကြားလိုက်ရသောအခါ ရွှီပေါ်အန်းသည် မသိစိတ် ကပင် လှမ်းကြည့်လိုက်မိလေ၏။

သူမ၏ မျက်နှာပေါ်တွင် မီးခိုးရောင်အမည်းစက်များ ရှိပြီး ပန်းပွင့်များပါသော အကြမ်းထည် ဂါဝန်နှင့် ခေါင်းစီး ပုဝါကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးဖြစ်ကာ တောသူမတစ်ဦးနှင့် တူလှပေသည်။

မထင်မှတ်ထားဘဲ သူမသည် အမှန်တကယ်ပင် ဂီတရုံလုပ်ငန်းကို လုပ်ကိုင်နေသူ ဖြစ်နေလေသည်တကား။

ဂီတရုံများဆိုသည်မှာ တင့်တယ်လှပသော နေရာများဖြစ်သည်ဟု ရွှီပေါ်အန်း အမြဲတမ်း ထင်မှတ်ထားခဲ့ သော်လည်း သူမဆိုလိုရင်းမှာ ဤနေရာသည် စာပေအသုံးအနှုန်းအရ ဂီတရုံတစ်ခု လုံးဝ မဟုတ်ကြောင်းကို သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။

ဤအရာကို တွေးမိသောအခါ ရွှီပေါ်အန်းသည် သူ၏ ရင်ခုန်သံ မြန်ဆန်လာသည်ကို ခံစားလိုက်ရလေ၏။

မကြာမီ ရွှီပေါ်အန်းသည် သူ၏ ထမင်းဘူးထဲမှ ဝက်သုံးထပ်သားချက် တစ်တုံးကို ယူကာ အမွှေးတိုင်စားပွဲပေါ်သို့ ညင်သာစွာ တင်လိုက်လေသည်။

မူလက လက်မအရွယ်အစားခန့်သာ ရှိသော ဝက်သုံးထပ်သားတုံးသည် အတွင်းသို့ ထည့်လိုက်ပြီးနောက် စားပွဲတစ်ခုလုံး နီးပါး ပြည့်သွားခဲ့လေ၏။

"ဘုရားရေ...၊ တောင်စောင့်နတ်မင်းကြီး တကယ်ကို နောက်တစ်ကြိမ် တန်ခိုးပြပြီ...။"

"ဝိုး... အနံ့က အရမ်းမွှေးတာပဲ...။ ဒီအရသာရှိတဲ့ အစားအစာက ဘာများလဲ...။"

"အသားတစ်မျိုးမျိုးနဲ့ တော်တော်တူတယ်...။"

လူများသည် သူတို့၏ ကိုယ်လုံးထက် အဆပေါင်းများစွာ ကြီးမားလှသော ဝက်သုံးထပ်သားကို မယုံနိုင် လောက်အောင် စိုက်ကြည့်နေကြလေ၏။

စားစရာ ဘာမှမရှိသောကြောင့် ငတ်သေရတော့မည်ဟု စောစောကမှ စိုးရိမ်နေခဲ့ရသော်လည်း ယခုမူ မိမိ ရှေ့တွင် နွားတစ်ကောင်ထက် ပိုကြီးမားသော အသားတုံးကြီးတစ်ခုက အငွေ့တထောင်းထောင်းထလျက် စူးရှမွှေးပျံ့သော ရနံ့များ ထွက်ပေါ်နေလေသည်။

ကွာခြားချက်က ကြီးမားလွန်းလှပေသည်။

ဤမျှနှင့် မပြီးသေးချေ။ ရွှီပေါ်အန်းသည် ကြက်ဥမွှေကြော် အနည်းငယ်ကို လျင်မြန်စွာ ထပ်ထည့်ပေး လိုက်လေသည်။

လက်သည်းခွံအရွယ်ခန့်သာ ရှိသော ကြက်ဥမွှေကြော်များသည် အတွင်းသို့ ရောက်သွားသောအခါ လူနှစ်ယောက် သုံးယောက်ခန့် ဖက်ထားရလောက်အောင် ကြီးမားသွားခဲ့လေသည်။

လူအုပ်ကြီး၏ ချီးကျူးသြဘာပေးသံများနှင့် ရွှင်လန်းစွာ အော်ဟစ်သံများကြားတွင် ရွှီပေါ်အန်းသည် နောက်ထပ် လှုပ်ရှားမှုတစ်ခု ပြုလုပ်လိုက်ပြီး ချက်ပြီးသား ထမင်းစေ့ ဆယ်စေ့ကျော်ခန့်ကို ထပ်မံထည့်ပေးလိုက်ပြီးမှ နောက် ဆုံးတွင် အဆုံးသတ်လိုက်လေ၏။

ယခုအခါ အခန်းတွင်း၌ စုရုံးနေကြသော လူများမှာ လုံးဝကို အံ့အားသင့် မှင်တက်သွားကြလေပြီ။

ရွှီပေါ်အန်းသည် လီချိန်းရှီအား ညွှန်ကြားချက် အနည်းငယ် ပေးရန် စဉ်းစားနေခဲ့ခြင်း ဖြစ်လေ၏။

ရုတ်တရက်ဆိုသလို

"ဘန်း...။"

နားကွဲမတတ် ဆူညံသောအသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

ထို့နောက် ရွှီပေါ်အန်းသည် နတ်ကွန်းတစ်ခုလုံး ရုတ်တရက် လင်းထိန်သွားသည်ကို ခံစားလိုက်ရပြီး နောက်တစ် ခဏတွင် လူတစ်ယောက်၏ ခေါင်းအရွယ်အစားခန့်ရှိသော ကျောက်တုံးတစ်တုံး ကောင်းကင်မှ ကျဆင်းလာကာ အမွှေးတိုင်စားပွဲကို လာမှန်လုနီးပါး ဖြစ်သွားခဲ့လေ၏။

ရွှီပေါ်အန်း မသိစိတ်ကပင် အပေါ်သို့ မော့ကြည့်လိုက်ရာ ကြည့်စမ်း...၊ နတ်ကွန်း၏ ခေါင်မိုးပေါ်တွင် ကြီးမားလှ သော အပေါက်ကြီးတစ်ခု ဖြစ်နေလေပြီတကား။

*ရန်သူတွေရဲ့ ကျောက်တုံးပစ်စက်ကများ ငါတို့အိမ်ကို လာမှန်တာလား...။*

All Chapters