အခန်း ၁၄၄
Vol. 15 Ch. 144
အခန်း (၁၄၄)
ဘွန်ဆိုင်းကမ္ဘာထဲမှ လူများသည် တကယ်ပဲ အပြင်သို့ ထွက်လာနိုင်မည်လား။
ရွှီပေါ်အန်းသည် သူ၏ရှေ့ရှိ လူကို ကြည့်ရင်း သူ၏မျက်လုံးများထဲတွင် စပ်စုလိုစိတ်များနှင့် နားမလည် နိုင်မှုများ ပြည့်နှက်နေပြီး နားလည်သဘောပေါက်ရန် ခဲယဉ်းနေခဲ့လေ၏။
တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်လာသူမှာ အခြားသူမဟုတ်ဘဲ ထိုတောင်ပုန်းဓားပြဂိုဏ်း၏ ဒုတိယ ခေါင်းဆောင် ယွီတောက်ချွမ်ပင် ဖြစ်လေသည်။
ယွီတောက်ချွမ် ဤနေရာသို့ ရောက်ရှိလာခြင်းက ရွှီပေါ်အန်းကို အံ့အားသင့်စေရန် မလုံလောက်ခဲ့ လျှင်ပင် ယွီတောက်ချွမ်၏ အနောက်၌ လူတစ်ဝက်ခန့် အရပ်အမောင်းရှိသော လင်းယုန်ကြီးတစ် ကောင် လိုက်ပါလာခြင်းကမူ အနည်းငယ် ထူးဆန်းနေခဲ့လေ၏။
*ဒါက ဘာတွေ ဖြစ်ကုန်တာလဲ။ သိုင်းလောကမှ လင်းယုန်သူရဲကောင်းလား။ လင်းယုန်အစ်ကိုကြီးလား …။*
ဤသည်မှာ အမှန်တကယ်ပင် ထူးဆန်းလွန်းလှပေသည်။
ထိုအချိန်တွင် လင်းယုန်ကြီး၏ အခြေအနေမှာ ကောင်းမွန်ပုံမပေါ်ချေ။ ၎င်း၏ ကြီးမားလှသော အတောင်ပံများမှာ ဖရိုဖရဲဖြစ်နေပြီး ခက်ခဲစွာ မတ်တတ်ရပ်နိုင်သေးသော်ငြားလည်း ၎င်း၏ ကိုယ်လုံး မှာ မငြိမ်မသက်ဖြစ်နေကာ အနည်းငယ် တုန်ယင်နေပုံရလေ၏။
“မင်းက ဘယ်သူလဲ...။”
ယွီတောက်ချွမ်သည် အခန်းထဲရှိ ချန်ရှီရှီကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားခဲ့ပြီး ချက်ချင်းပင် ထိုမေးခွန်းကို အရင်မေးလိုက်ခြင်း ဖြစ်လေသည်။
ချန်ရှီရှီသည် ကြီးမားသော လင်းယုန်ကြီးကို ပထမဆုံး မြင်လိုက်ရချိန်တွင် ချက်ချင်းပင် ကြောက်ရွံ့ မှုများ ပြည့်နှက်သွားခဲ့လေ၏။ ယွီတောက်ချွမ်၏ ရန်လိုသော မေးခွန်းထုတ်မှုကို ကြားလိုက်ရသော အခါ သူမ၏ မျက်ဝန်းများ တုန်လှုပ်သွားပြီး မျက်ရည်စများ ရစ်ဝိုင်းလာခဲ့လေသည်။
ရွှီပေါ်အန်းသည် ထိုအဖြစ်အပျက်ကို ကြည့်ရင်း စိတ်လှုပ်ရှားစွာဖြင့် တွေးတောနေမိလေ၏။
*အို... အမျိုးသမီးများကို ရေဖြင့် ပြုလုပ်ထားသည်ဟု ဆိုကြသည်မှာ အံ့သြစရာမရှိပေ၊ ဤသည်မှာ ကမ္ဘာနှစ်ခုကို ဖြတ်ကျော်နိုင်သော အမှန်တရားတစ်ခုပင် ဖြစ်ပေသည်…။*
ချန်ရှီရှီ မည်သို့ ဖြေရမည်ကို မစဉ်းစားနိုင်မီမှာပင် ရွှီပေါ်အန်းက ဝင်ပြောလိုက်လေသည်။
“ယွီတောက်ချွမ်... မင်း ဒီနေရာကို ဘာကိစ္စနဲ့ ရောက်လာတာလဲ...။”
သူ အရင်က ညွှန်ကြားချက်များ ပေးထားခဲ့သည်ကို မှတ်မိနေသောကြောင့် ရွှီပေါ်အန်း၏ လေသံမှာ တင်းမာနေခဲ့လေ၏။ ထိုဓားပြများသည် မြို့ရိုးများကို စောင့်ကြပ်ရမည်ဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ သူတို့၏ တာဝန်ကျနေရာများမှ ထွက်ခွာခွင့်မရှိချေ။
ရွှီပေါ်အန်း၏ စကားကို ကြားသောအခါ ယွီတောက်ချွမ်သည် တောင်စောင့်နတ်မင်းကြီး အမှန်တကယ် ကိုယ်ထင်ပြလာပြီဖြစ်ကြောင်း သဘောပေါက်သွားလေသည်။ သူသည် ချက်ချင်းပင် အမွှေးတိုင်စင်ဆီ သို့ ခြေလှမ်းသွက်သွက်ဖြင့် သွားကာ ဒူးထောက်ချလိုက်လေတော့၏။
“တောင်စောင့်နတ်မင်းကြီး...။ ကျွန်တော်မျိုးရဲ့ ဦးတိုက်ကန်တော့မှုကို လက်ခံပေးတော်မူပါ...။ ကျွန်တော်မျိုး တင်ပြစရာလေး ရှိလို့ ခွင့်ပြုချက်တောင်းခံချင်ပါတယ်...။”
“ပြောစမ်းပါဦး...။”
ရွှီပေါ်အန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေ၏။
ယွီတောက်ချွမ်သည် ဆုတောင်းဖျာပေါ်တွင် ဒူးထောက်လျက် နတ်ဘုရားရုပ်ပွားတော်ကို နှစ်ကြိမ်တိုင် တိုင် ဦးတိုက်လိုက်လေသည်။ ထို့နောက် သူ မတ်တတ်ရပ်ကာ လက်အုပ်ချီလျက် ပြောလိုက်လေ၏။
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...။ ယွီတောက်ချွမ်က ဒဏ်ရာရနေတဲ့ ဒီတောင်လင်းယုန်ကြောင့် အရှင်နတ်မင်းကြီးကို လာရောက် ဖူးမြော်ရဲတာပါ...။ ယွီတောက်ချွမ်က တောင်စောင့်နတ်မင်းဘိုးဘိုးကြီးကို ဒီတောင်လင်းယုန်လေးအား ကယ်တင်ပေးဖို့ နှိမ့်ချစွာ တောင်းဆိုပါတယ်...။”
*တောင်လင်းယုန်...၊ ဒါကို တောင်လင်းယုန်ဟု ခေါ်တာလား….။*
၎င်းက သာမန်လင်းယုန် မဟုတ်ပေ။ သို့သော် ဤအမည်က ရင်းနှီးနေသယောင် ရှိလေ၏။
လွန်ခဲ့သော အချိန်လေးကမှ ရှန်းယန်မြို့ရှိ ခရိုင်အစိုးရရုံး ခြံဝင်းအတွင်း၌ ရာထူးကို လုယူခဲ့သော ထို လူငယ်က တောင်လင်းယုန် ပျောက်သွားပြီဟု မျှော်လင့်ချက်မဲ့စွာ အော်ဟစ်နေခဲ့သည်။ ဤသည်မှာ ထိုအကောင်ပင် ဖြစ်နိုင်မည်လား။
ယွီတောက်ချွမ်သည် တော်တော်လေး စွမ်းဆောင်နိုင်သူပင်။ သူက တစ်ပါးသူ၏ တောင်လင်းယုန်ကို ခိုးယူလာခဲ့ခြင်းလော။
“မင်းကို ငါမေးမယ်...။ ဒီတောင်လင်းယုန်က ဘယ်ကရောက်လာတာလဲ...။”
ယွီတောက်ချွမ်ကို ကြည့်ရင်း ရွှီပေါ်အန်းက မေးလိုက်လေ၏။
ယွီတောက်ချွမ်သည် သူ၏ ခြောက်သွေ့နေသော နှုတ်ခမ်းများကို သပ်လိုက်ပြီး ပြောလိုက်လေသည်။
“ကောင်းကင်ကနေ ပြုတ်ကျလာတာကို ကျွန်တော်မျိုး မတော်တဆ တွေ့လိုက်ရတာပါ...။ ကျွန်တော် မျိုး သနားသွားလို့ သူ့အတွက် ကောင်းချီးပေးဖို့ တောင်စောင့်နတ်မင်းကြီးဆီ လာရောက် ဆုတောင်း ရခြင်း ဖြစ်ပါတယ်...။”
ရွှီပေါ်အန်းက အေးစက်စက် နှာမှုတ်လိုက်ပြီး ပြောလိုက်လေ၏။
“အဲ့ဒီလိုလား... မင်းက တကယ်ကို ကြင်နာတတ်တဲ့သူပဲ...။”
ယွီတောက်ချွမ်သည် ထပ်မံ ဦးညွှတ်လိုက်ပြီး ပြောလိုက်လေသည်။
“ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ် တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...။ အရှင်နတ်မင်းကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ ငှက်တွေနဲ့ သားရဲတွေအားလုံးက အရှင်နတ်မင်းကြီးရဲ့ လက်အောက်ခံတွေချည်း ပဲလို့ ကျွန်တော်မျိုး တွေးမိလို့ပါ... ။”
“အရှင်နတ်မင်းကြီးရဲ့ ကရုဏာတော်နဲ့ဆိုရင် သူတို့ကို လျစ်လျူရှုထားမှာ မဟုတ်ဘူးဆိုတာ သေချာပါ တယ်...။ ဒါကြောင့် အရှင်နတ်မင်းကြီးဆီ လာရောက် တင်ပြရခြင်း ဖြစ်ပါတယ်...။ ကျွန်တော်မျိုး လုပ်ခဲ့တဲ့ အသေးအဖွဲ ကိစ္စလေးတွေကလည်း အရှင်နတ်မင်းကြီးရဲ့ ခွင့်လွှတ်မှုအတွက် ကျေးဇူးတင် ကြောင်း ဖော်ပြချင်လို့ပါ...။”
ရွှီပေါ်အန်းက လှောင်ပြောင်လိုက်လေ၏။
“ဟက်... ယွီတောက်ချွမ် မင်းက တော်တော် ကံကောင်းတာပဲ...။ ဒီတောင်လင်းယုန်က မင်းကို အဲဒီ လောက် ယုံကြည်နေတာ မင်းကို ရွေးချယ်ပြီး သူ့ရဲ့ သခင်အဖြစ် သတ်မှတ်လိုက်လို့များလား...။”
ယွီတောက်ချွမ်က ယဉ်ကျေးစွာဖြင့် ပြန်လည် ဖြေကြားလိုက်လေသည်။
“ကျွန်တော်မျိုးက ငယ်ငယ်ကတည်းက တောင်ပေါ်မှာ ဆော့ကစားလာခဲ့တော့ သားရဲတွေ ငှက်တွေ အားလုံးနဲ့ ရင်းနှီးပါတယ်...။ သူတို့ထဲက အများစုနဲ့ ရိုးရှင်းစွာ ဆက်သွယ်နိုင်ပါတယ်...။ ဒီတောင် လင်းယုန်က ကျွန်တော်မျိုးကို အရမ်းယုံကြည်နေတာ ဒီအကြောင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်...။”
ယွီတောက်ချွမ်သည် တိရစ္ဆာန်များနှင့် ဆက်သွယ်နိုင်စွမ်းရှိကြောင်း ဖွင့်ဟပြောဆိုသည်ကို ကြားသော အခါ ရွှီပေါ်အန်းတွင် ကိုယ်ပိုင် သံသယများ ရှိလာခဲ့လေ၏။ ယွီတောက်ချွမ်သည် တိရစ္ဆာန်များကို ယဉ်ပါးအောင် မွေးမြူနိုင်သူ တစ်ဦး ဖြစ်နိုင်ခြေများလှသည် မဟုတ်ပါလား။
သို့မဟုတ်လျှင် လင်းယုန်၏ မငြိမ်မသက်ဖြစ်တတ်သော သဘာဝအရ ဤမျှ တည်ငြိမ်ပြီး လိုက်လျော ညီထွေ ရှိနေမည်တဲ့လား။
သို့သော် ယွီတောက်ချွမ်က ဘာမှ ထပ်မပြောသလို ရွှီပေါ်အန်းကလည်း မေးမြန်းရန် သို့မဟုတ် ဖော်ထုတ်ရန် ပျင်းရိနေခဲ့လေ၏။
ခေတ္တမျှ စဉ်းစားပြီးနောက် ရွှီပေါ်အန်းက ပြောလိုက်လေသည်။
“သားရဲတွေ ငှက်တွေ အားလုံးနဲ့ မိတ်ဆွေဖွဲ့တာက စိတ်ဝင်စားစရာပဲ...။ တကယ်ကို စိတ်ဝင်စားစရာ ပဲ...။ တောင်ခြေက ခေါင်ရှန်းရွာမှာရှိတဲ့ လီဝူးဖူမှာလည်း အလားတူ စွမ်းရည်မျိုး ရှိတယ်...၊ မင်း အဲဒီ ကို ဆင်းသွားပြီးရင် သူနဲ့ ပိုပြီး ဆက်သွယ်ကြည့်ပေါ့...။”
ယွီတောက်ချွမ်၏ မျက်နှာသည် ဝမ်းမြောက်မှုကြောင့် ဝင်းလက်သွားပြီး ပြောလိုက်လေ၏။
“လမ်းညွှန်ပြသပေးမှုအတွက် ကျေးဇူးတင်ပါတယ် တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...။ တောင် လင်းယုန် ကိစ္စနဲ့ ပတ်သက်ပြီးတော့ကတော့...။”
ရွှီပေါ်အန်းက သဘောတူလိုက်လေသည်။
“သူ့ကို ဒီနေရာမှာ ထားခဲ့လို့ရပါတယ်...။ ဒဏ်ရာတွေ ကျက်သွားတာနဲ့ ငါ လွှတ်ပေးလိုက်မယ်...။”
ယွီတောက်ချွမ်သည် ရွှီပေါ်အန်း၏ စကားဝက်ကို ကြားလိုက်ရသောအခါ သူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ဆန္ဒမရှိသကဲ့သို့ ဖြစ်သွားလေ၏။ ရွှီပေါ်အန်း စကားပြောပြီးဆုံးသွား သည်ကို ကြားသောအခါ သူသည် စကားတစ်ခွန်းမှ ထပ်မပြောဘဲ ဒူးထောက်လိုက်ကာ ပြောလိုက်လေ တော့သည်။
“တောင်စောင့်နတ်မင်းကြီး... ကျွန်တော်မျိုးရဲ့ ဦးတိုက်ကန်တော့မှုကို လက်ခံပေးတော်မူပါ...။ ခွင့်ပြု ချက်မရှိဘဲ တာဝန်ကျနေရာကနေ ထွက်ခွာလာပြီး စည်းကမ်းတွေကို ချိုးဖောက်မိတယ်ဆိုတာကို ကျွန်တော်မျိုး သိပါတယ်...။ တောင်စောင့်နတ်မင်းကြီး အပြစ်ပေးပါလို့ တောင်းဆိုပါတယ်...။”
ရွှီပေါ်အန်းသည် သူနှင့် ငြင်းခုံရန် ပျင်းရိနေခဲ့လေ၏။ သူသည် ချက်ချင်းပင် လက်ကိုမြှောက်ကာ လေထဲသို့ လက်ညှိုးထိုး၍ တံခါးကို တွန်းဖွင့်လိုက်ပြီး ပြောလိုက်လေသည်။
“ထားလိုက်ပါတော့... မင်းရဲ့ စေတနာကောင်းနဲ့ လင်းယုန်တွေကို ကူညီရတာကို ဝမ်းသာတဲ့အတွက် ဒီအမှားကို ငါ ခွင့်လွှတ်ပေးလိုက်မယ်...။”
“ကျေးဇူးတင်ပါတယ် တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ကျွန်တော်မျိုး သွားခွင့်ပြုပါဦး...။”
ထို့နောက် ယွီတောက်ချွမ်သည် ခြေလှမ်းတိုလေးများဖြင့် နောက်ဆုတ်ကာ အခန်းထဲမှ ထွက်ခွာသွား လေတော့သည်။ မထွက်ခွာမီ သူသည် ချန်ရှီရှီအား နားမလည်နိုင်သော အမူအရာဖြင့် လှမ်းကြည့်သွား ခဲ့လေစာ်။
ယွီတောက်ချွမ် ထွက်သွားသည်နှင့် တပြိုင်နက် ချန်ရှီရှီသည် အလျင်အမြန် ဦးညွှတ်လိုက်ပြီး ကြီးမား သော တောင်လင်းယုန်နှင့် ဝေးရာ ဘေးဘက်သို့ ရွှေ့သွားလေတော့သည်။ တောင်လင်းယုန် ရပ်နေသည့် နေရာတိုင်းတွင် မြေကြီးပေါ်၌ ဒူးထောက်နေသော ချန်ရှီရှီထက် များစွာ ပိုမြင့်နေခဲ့လေ၏။
ထိုအချိန်တွင် ၎င်းမှာ ပင်ဂွင်းတစ်ကောင်နှင့်တူကာ လုံးဝ မိန်းမောတွေဝေနေပုံရလေသည်။
ရွှီပေါ်အန်းသည် ပတ်ဝန်းကျင်ကို သေချာစွာ လေ့လာကြည့်ရှုလိုက်ရာ မကြာမီတွင် လင်းယုန်၏ ဒဏ်ရာကို တွေ့ရှိသွားခဲ့လေ၏။
ရှုပ်ထွေးနေသော အမွေးများအောက်တွင် လင်းယုန်၏ အတောင်ပံသည် ပြင်းထန်စွာ ဒဏ်ရာရနေပြီး အရိုးကျိုးကာ အမွေးများစွာ ပျက်စီးနေသည်ကို ရွှီပေါ်အန်း ရှင်းလင်းစွာ မြင်တွေ့လိုက်ရလေသည်။ ၎င်းသည် အတန်ကြာသည်အထိ ပျံသန်းနိုင်တော့မည် မဟုတ်ပေ။
အနီးကပ် စစ်ဆေးကြည့်သောအခါ ရွှီပေါ်အန်း၏ နားလည်မှုအရ တောင်လင်းယုန်သည် အချိန်အတန် ကြာ အနားမယူရသေးခြင်း ဖြစ်နိုင်ခြေ အလွန်များလှလေသည်။ ၎င်း၏ လက်ရှိ မလှုပ်မရှားနိုင်မှုမှာ အလုံအလောက် အနားမယူရခြင်းကြောင့် ဖြစ်နိုင်ခြေ အများဆုံးပင် ဖြစ်လေ၏။
အကယ်၍ ထိုသို့ဆိုလျှင် ပြင်ပဒဏ်ရာများသာ ကျန်ရှိတော့သည်။ ရွှီပေါ်အန်းသည် တိရစ္ဆာန်များ၏ ပြင်ပဒဏ်ရာများကို ကုသပေးရန် လုံးဝ မကြောက်ရွံ့ခဲ့ချေ။
သူသည် တိရစ္ဆာန်ဆေးကုသမှုထက် တိုင်းရင်းဆေးပညာကို အခြားသူထံမှ သင်ယူခဲ့သော်လည်း ဆေးဘက်ဆိုင်ရာ သဘောတရားများစွာမှာ အချင်းချင်း ဆက်စပ်နေဆဲပင် ဖြစ်လေ၏။
ထို့ကြောင့် တောင်လင်းယုန်၏ အတောင်ပံများ ကျက်သွားပြီး ခေတ္တမျှ အနားယူခွင့်ပေးထားသရွေ့ အဆင်ပြေသွားမည်ဖြစ်ကြောင်း ရွှီပေါ်အန်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်လေသည်။
ပြင်ပဒဏ်ရာများကို ကုသရာတွင် မည်သည့်ဆေးကို အသုံးပြုရမည်ကို ရွှီပေါ်အန်း လုံးဝ စဉ်းစားမ နေခဲ့ချေ။ မည်သို့ပင်ဖြစ်စေ တောင်စောင့်နတ်မင်း နတ်ကွန်းရှိ အမွှေးတိုင်အိုးမှ အမွှေးတိုင်ပြာများ သည် ပြင်ပဒဏ်ရာများကို ကုသရန်အတွက် အထိရောက်ဆုံးနှင့် အစွမ်းအထက်ဆုံး နည်းလမ်းပင် ဖြစ်လေသည်။
စကားတစ်ခွန်းမှ မဆိုဘဲ ရွှီပေါ်အန်းသည် လက်လှမ်းကာ အမွှေးတိုင်အိုးထဲမှ အမွှေးတိုင်ပြာ အနည်း ငယ်ကို ဆွဲယူလိုက်ပြီးနောက် တောင်လင်းယုန်ကို ကျွေးလိုက်လေတော့သည်။
တောင်လင်းယုန်သည် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပြီး အိပ်ပျော်လုနီးပါး ဖြစ်နေချိန်တွင် ၎င်း၏ နားထဲ၌ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။
“ကောင်လေး... ပါးစပ်ဟလိုက်...။”
တောင်လင်းယုန်သည် အလိုအလျောက်ပင် ၎င်း၏ ပါးစပ်ကို ဟလိုက်သော်လည်း ရုတ်တရက် ပြန်ပိတ် သွားခဲ့လေ၏။ ပဲစေ့အရွယ်အစားရှိ ၎င်း၏ လုံးဝန်းသော မျက်လုံးများသည် နားမလည်နိုင်မှုများ ပြည့် နှက်လျက် ဘေးဘီဝဲယာသို့ နှစ်ကြိမ်ခန့် လှည့်ပတ်ကြည့်ရှုလိုက်လေသည်။
*တစ်ခုခုတော့ မှားနေပြီ။ ငါ ဘာလို့ ငါတို့ အမျိုးအနွယ်တွေရဲ့ အသံကို ကြားနေရတာလဲ…။*
တောင်လင်းယုန်သည် ချက်ချင်းပင် တွေဝေသွားခဲ့လေ၏။
သို့သော် ရွှီပေါ်အန်းသည် တောင်လင်းယုန်နှင့် ငြင်းခုံနေရန် အချိန်ဖြုန်းရမည်ကို ပျင်းရိနေခဲ့လေသည်။ သူက ချက်ချင်းပင် အော်ပြောလိုက်လေ၏။
“ငါက ဒီနေရာရဲ့ တောင်စောင့်နတ်မင်းပဲ...။ မင်းကို ကယ်တင်ဖို့ တစ်ယောက်ယောက်က ငါ့ကို အပ်နှံ ထားတာ...။ အခု ချက်ချင်း ပါးစပ်ဟစမ်း...။”
လင်းယုန်သည် ၎င်း၏ စုတ်ပြတ်နေသော အတောင်ပံများကို အာရုံကြောအားနည်းစွာဖြင့် လှုပ်ရှား လိုက်လေသည်။ ၎င်း၏ အမျိုးအနွယ်ကို ရှာမတွေ့ဘဲ အကြိမ်ကြိမ် ရှာဖွေပြီးနောက် အခြားငှက်၏ မရပ်မနား အော်ဟစ်သံကို ကြားလိုက်ရသဖြင့် ၎င်းသည် အလိုအလျောက်ပင် ပါးစပ်ကို ဟလိုက် လေတော့၏။
ရွှီပေါ်အန်းက လက်ကိုမြှောက်ကာ သူ၏ လက်ချောင်းထိပ်များကြားတွင် ကိုင်ထားသော အမွှေးတိုင်ပြာ အချို့ကို တောင်လင်းယုန်၏ သန်မာသော နှုတ်သီးထဲသို့ ညင်သာစွာ ထည့်ပေးလိုက်ပြီး ညွှန်ကြားလိုက် လေသည်။
“ဆေးသောက်ပြီးပြီဆိုတော့ မင်းရဲ့ အတောင်ပံတွေ မကြာခင် ပြန်ကောင်းလာလိမ့်မယ်...။ အခု သွားတော့...။”
လင်းယုန်သည် ၎င်း၏ ပါးစပ်ထဲရှိ အမွှေးတိုင်ပြာ အနည်းငယ်ကို အရသာခံလျက် နှစ်ကြိမ်ခန့် မြည်တွန်လိုက်ပြီးနောက် ပင်ဂွင်းတစ်ကောင်နှင့် ဆင်တူသော လမ်းလျှောက်ဟန်ဖြင့် အပြင်သို့ ထွက်သွားလေတော့သည်။
ချန်ရှီရှီက အရာအားလုံးကို စပ်စုလိုစိတ်ဖြင့် ကြည့်ရှုနေသည်ကို မြင်သောအခါ ရွှီပေါ်အန်းက သူမ ဤ နေရာတွင် ဆက်နေရန် မကောင်းဟု တွေးလိုက်မိလေသည်။ အကယ်၍ သူမသည် အခြားသူများနှင့် ဆွေးနွေးစရာ ကိုယ်ရေးကိုယ်တာ ကိစ္စများရှိပါက သူမ ဤနေရာတွင် ရှိနေခြင်းသည် မသင့်လျော်ပေ။
ဤအရာကို တွေးမိသောအခါ ရွှီပေါ်အန်းသည် တောင်စောင့်နတ်မင်း နတ်ကွန်းမှ အကြည့်ကို လွှဲလိုက် ပြီး တောင်ခြေရှိ ခေါင်ရှန်းရွာမှ မြေနံရံအိမ်ရာများ ပတ်လည်တွင် ရှာဖွေလိုက်ရာ လီခန့်ရှန်း နေပူဆာ လှုံနေသည်ကို တွေ့လိုက်ရလေ၏။
လူတို့သည် အသက်ကြီးလာသောအခါ နေပူဆာလှုံရသည်ကို အမြဲတမ်း နှစ်သက်ကြလေသည်။ ဤ သည်မှာ အချို့သော ကမ္ဘာရှိ သက်ကြီးရွယ်အိုများ သဘောတူညီကြသည့် ဝါသနာတစ်ခုဖြစ်ပုံရ ပေသည်။
“လီခန့်ရှန်း... ငါမေးပါရစေ...။ ဒီအဆောက်အအုံမှာ လူတွေ နေလို့ရတဲ့ အခန်းလွတ်တွေ ရှိသေး လား...။”
မြေနံရံအိမ်ရာ ခွဲဝေမှုကို လီခန့်ရှန်းနှင့် သူ၏ အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ရာ ဤမျှ သေးငယ်သော ကိစ္စအတွက် ရွှီပေါ်အန်း သိပ်မသေချာလှချေ။
လီခန့်ရှန်းမှာ အံ့အားသင့်သွားခဲ့လေသည်။ ဖမ်းဆုပ်ရခက်သော တောင်စောင့်နတ်မင်းကြီးမှန်း သိလိုက် ရသောအခါ သူက အလျင်အမြန် ဦးညွှတ်လိုက်ပြီး ပြောလိုက်လေ၏။
“တောင်စောင့်နတ်မင်းကြီး...။ ကျွန်တော်တို့မှာ အခန်းတွေ အများကြီး ရှိပါတယ်...။ အရှင်နတ်မင်းကြီး အခန်းဘယ်နှစ်ခန်း လိုချင်လို့ပါလဲ...။”
ရွှီပေါ်အန်းက ပေါ့ပေါ့ပါးပါး ညွှန်ကြားလိုက်လေသည်။
“နတ်ကွန်းထဲမှာ အမွှေးတိုင်ထွန်းပြီး ဆုတောင်းနေတဲ့ အမျိုးသမီးငယ် တစ်ယောက် ရှိတယ်...။ သူမ ဆင်းလာပြီးရင် သူမအတွက် အခန်းတစ်ခန်းရှာပေးပြီး လောလောဆယ် ခေါင်ရှန်းရွာမှာ နေခိုင်းလိုက် ပါ...။”
လီခန့်ရှန်းသည် ရွှီပေါ်အန်း၏ စကားကို နှလုံးသွင်းလိုက်ပြီး ချောက်ကမ်းပါး လှေကားထစ်များရှိရာ တောင်ခြေတွင် စောင့်ဆိုင်းရန် ချက်ချင်း ထရပ်လိုက်လေ၏။
သူ ဖြတ်လျှောက်သွားခါစမှာပင် ချောက်ကမ်းပါးကို ဖြတ်၍ ပြုတ်ကျလာသော ကြီးမားလှသည့် မီးခိုး ရောင် အရိပ်ကြီးတစ်ခုကို မြင်လိုက်ရလေသည်။
လီခန့်ရှန်းသည် သူ၏ မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ကာ သေချာကြည့်လိုက်သောအခါ ၎င်းမှာ အမှန်တကယ်ပင် တောင်လင်းယုန်တစ်ကောင် ဖြစ်နေကြောင်း သိလိုက်ရလေ၏။
တောင်လင်းယုန် နီးကပ်လာသည်နှင့် ရုတ်တရက် လေချွန်သံတစ်ခု ထွက်ပေါ်လာပြီး လင်းယုန်သည် ချက်ချင်းပင် ယဉ်ကျေးသွားကာ မြေပြင်ပေါ်သို့ ဆင်းသက်သွားလေတော့သည်။
မလှမ်းမကမ်းမှ လီဝူးဖူသည် ပြေးလာခဲ့လေ၏။
“ရွာလူကြီး... ဒီတောင်လင်းယုန်က ဘယ်ကရောက်လာတာလဲ...။ ဘယ်သူမှ မလိုချင်ဘူးဆိုရင် ကျွန်တော် ယူလို့ရမလား...။”
လီခန့်ရှန်း မဖြေကြားနိုင်မီ စူးရှသောအသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။
“အိပ်မက်မက်နေလိုက်...၊ ရွာလူကြီးလီ...။ တောင်စောင့်နတ်မင်းကြီးက ကျွန်တော့်ကို လီဝူးဖူဆိုတဲ့သူ ကို ရှာဖို့ လွှတ်လိုက်တာပါ...။ ကျွန်တော့်ကို မိတ်ဆက်ပေးဖို့ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်...။”
သူတို့ စကားပြောနေစဉ်မှာပင် လူရိပ်တစ်ခုက နံရံလှေကားပေါ်မှ ခုန်ချလာပြီး လီခန့်ရှန်း၏ရှေ့တွင် ရပ်လိုက်လေ၏၊ ၎င်းမှာ ယွီတောက်ချွမ်ပင် ဖြစ်လေသည်။
“ဟမ်း... တိုက်ဆိုင်လိုက်တာ...။”
လီခန့်ရှန်းသည် သူ၏ဘေးရှိ လီဝူးဖူကို လက်ညှိုးထိုးပြလိုက်သော်လည်း လီဝူးဖူသည် အသစ်ရောက် လာသူကို စိုက်ကြည့်နေစဉ် သူ၏ မျက်လုံးများထဲ၌ ရန်လိုသော အကြည့်များကို ချက်ချင်း မြင်လိုက် ရလေသည်။
...
တစ်နေကုန် အလုပ်များနေခဲ့ပြီး နေ့လည်း လွန်သွားပြီဖြစ်ရာ ရွှီပေါ်အန်းသည် ဗီလာသို့ ပြန်ရန် ပျင်းရိ နေခဲ့လေသည်။
သူ၏ မိဘများကို ဖုန်းဆက်ပြီးနောက် ရွှီပေါ်အန်းသည် ကုမ္ပဏီ၏ တိုက်ခန်းတွင် ယာယီ အနားယူလိုက် လေသည်။
သူ အိပ်ချင်နေသည်ဟု ဆိုသော်လည်း ကုတင်ပေါ်ရောက်သည်နှင့် တပြိုင်နက် ရွှီပေါ်အန်းသည် မည်မျှ ပင် လူးလှိမ့်နေစေကာမူ အိပ်မပျော်နိုင်ကြောင်း တွေ့လိုက်ရလေ၏။
သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ဖြတ်ပြေးသွားပြီး တောင်လင်းယုန်နှင့် ယွီတောက်ချွမ် တို့၏ အနှောင့်အယှက် မခံရမီ ဖျော်ဖြေရေးမယ် ချန်ရှီရှီ ပြောခဲ့သည့်စကားများကို သူ မှတ်မိသွားလေ ၏။ ရွှီပေါ်အန်းသည် ထပ်မံ၍ အိပ်မပျော်နိုင်တော့ချေ။
ကြောင်လက်သည်းဖြင့် ကုတ်ခံရသကဲ့သို့ ခံစားရပြီး ယားယံလွန်းလှလေသည်။
“ကျွန်မမှာ ကျေးဇူးဆပ်စရာ ဘာမှမရှိပါဘူး...။ ဒါပေမဲ့ တောင်စောင့်နတ်မင်းကြီးက စိတ်အနှောင့် အယှက် မဖြစ်ဘူးဆိုရင်...။”
ကောင်းကင်ဘုံမှ တေးဂီတကဲ့သို့ပင် မေ့မရနိုင်ချေ။
*အို... ရွှီပေါ်အန်း...၊ ဒီအရာတွေကို တွေးနေလို့ ဘာအကျိုးရှိမှာလဲ...။*
၎င်းတို့သည် ဘွန်ဆိုင်းကမ္ဘာထဲရှိ သေးငယ်သော လူပုလေးများသာ ဖြစ်လေ၏။ သူက ဝင်သွားလို့ မရသလို သူတို့ကလည်း အပြင်ကို ထွက်လာလို့ မရနိုင်ပေ။
အလွန်ဆုံးအနေဖြင့် သူသည် ကျက်သရေရှိသော အကအခုန်များကိုသာ မြင်တွေ့နိုင်သော်လည်း ၎င်း သည် ခွိုက်ရှိုကဲ့သို့သော ဗီဒီယိုတို ပလက်ဖောင်းများပေါ်တွင် လှပသော အမျိုးသမီးများ ကပြနေသည် ကို ကြည့်ရခြင်းနှင့် ဘာကွာခြားမည်နည်း။
*ဒါက ပျင်းစရာကြီးပဲ...။ ရွှီပေါ်အန်းသည် မိမိကိုယ်ကို အတတ်နိုင်ဆုံး ဖြောင်းဖြရန် ကြိုးစားခဲ့သော် လည်း ၎င်းမှာ သိပ်မထိရောက်သေးပေ…။*
*ညကလည်း ရှည်လျားပြီး လူကလည်း အိပ်မပျော်နိုင်ဘူး...။ တကယ်လို့ ချန်ရှီရှီကို ဘွန်ဆိုင်းကမ္ဘာ ထဲကနေ အပြင်ကို ထုတ်နိုင်ရင် သိပ်ကောင်းမှာပဲ...။* ဟု သူ တွေးနေမိလေသည်။
သူ အိပ်မက်မက်နေခြင်းသာ ဖြစ်ကြောင်း သိလိုက်ရသဖြင့် ရွှီပေါ်အန်းသည် မိမိကိုယ်ကို လှောင် ပြောင်သည့်အနေဖြင့် ရယ်မောလိုက်လေ၏။
ရုတ်တရက် အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားများ တုန်ခါသွားခဲ့လေသည်။
*အင်း...*
*ဒါက ဘာကိုဆိုလိုတာလဲ...။ ဒါက အလားအလာရှိတယ်ဆိုတဲ့ သဘောပဲ...။ မဟုတ်ဘူး...၊ မဟုတ် သေးဘူး...၊ မဟုတ်သေးဘူး...။*
*ငါ အရင်က စမ်းကြည့်ဖူးတယ်လေ...။ သက်ရှိတွေကို အပြင်ထုတ်လို့မရဘူး...၊ ဒါပေမဲ့ သက်မဲ့ အရာတွေကိုတော့ အပြင်ထုတ်လို့ ရနိုင်တယ်လေ…။*
ဘွန်ဆိုင်းကမ္ဘာကို ရရှိပြီး မကြာမီမှာပင် ရွှီပေါ်အန်းသည် မျောက်များနှင့် ပေါက်ကွဲသွားသော မြွေငယ် လေးကို အသုံးပြု၍ စမ်းသပ်မှုများ ပြုလုပ်ခဲ့လေသည်။
*မျောက်တစ်ကောင်ကို အပြင်ထုတ်လို့မရဘဲ လူတစ်ယောက်ကိုတော့ အပြင်ထုတ်လို့ရတယ်လို့ ပြောလို့ မရနိုင်ဘူး…။*
*ဒါပေမဲ့ ဒီအမွှေးတိုင် ပူဇော်မှုနဲ့ ဆုတောင်းပတ္ထနာပြုမှု စွမ်းအား တုန်ခါသွားတာက ဘာဖြစ်သွားတာ လဲ…။*
ထုံးစံအရဆိုလျှင် ဤသည်မှာ မှားယွင်းနေပုံမပေါ်ပေ။
*ဘာလို့ တစ်ချက်လောက် စမ်းမကြည့်ရမှာလဲ…။*
*မရဘူး... အဲဒီလို စမ်းကြည့်လို့မဖြစ်ဘူး...။ အနည်းဆုံးတော့ အခုအချိန်မှာ မဖြစ်သေးဘူး...။*
အပြင်ကမ္ဘာ၌ သူသည် လုံလောက်သော ခွန်အား မရှိသေးချေ။
အကယ်၍ ဘွန်ဆိုင်းကမ္ဘာထဲက လူတွေကို အပြင်သို့ အမှန်တကယ် ထုတ်လာခဲ့မည်ဆိုလျှင် သူတို့ကို အပြည့်အဝ ကာကွယ်ပေးရန် နည်းလမ်းရှိမည် မဟုတ်ပေ။ အကယ်၍ သူတို့၏ သရုပ်မှန်က လူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်မည်ဆိုလျှင် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလိမ့်မည်။
ထို့အပြင် ဤသည်က တောင်စောင့်နတ်မင်းကြီးအဖြစ် သူ၏ ပုံရိပ်ကိုလည်း ထိခိုက်စေလိမ့်မည် ဖြစ် သည်။ သူသည် နတ်ဘုရားတစ်ပါး မဟုတ်ကြောင်း သတင်းများ ဘွန်ဆိုင်းကမ္ဘာသို့ ပြန်လည်ရောက် ရှိသွားပါက သူ လက်ခံရရှိသော အမွှေးတိုင် ပူဇော်မှုများနှင့် ဆုတောင်းပတ္ထနာပြုမှုများကို များစွာ ထိခိုက်စေလိမ့်မည် ဖြစ်လေတော့သည်။