← Chapters

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း (၁၄၇)

ဒီနေ့ မင်းအလှည့် ရောက်လာခဲ့လေပြီ

အင်ဂျင်နီယာချုပ် ရွှီပေါ်အန်း၏ ရုံးခန်းအပြင်ဘက်တွင် ခွန်အားကြီးမားသော လူငယ်တစ်စု ရပ်နေ ခဲ့ကြလေသည်။

ထိုလူငယ်များအားလုံးသည် ဆံပင်တိုတို ညှပ်ထားကြပြီး ပြတ်သားသော မျက်နှာသွင်ပြင် ရှိကြကာ ထင်းရှူးပင်များကဲ့သို့ မတ်မတ်မတ်မတ် ရပ်နေကြလေ၏။

ထိုနေရာတွင် ရပ်နေရုံမျှဖြင့်ပင် လုံခြုံမှုရှိသော ခံစားချက်ကို ပေးစွမ်းနိုင်ပေသည်။

၎င်းတို့နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည်က သူတို့၏ရှေ့တွင် ရပ်နေသော ကြည့်ရဆိုးသည့် မျက်နှာ အမူအရာနှင့် အမျိုးသားတစ်ဦးပင် ဖြစ်ချေ၏။

ရုပ်ဆိုးသည်ဟု ဆိုရသော်ငြားလည်း သူ၏မျက်နှာမှာ အမှန်တကယ်တွင် ဖူးယောင်ညိုမည်းနေပြီး မျက်လုံးများမှာလည်း ဝေဝါးနေကာ ယခုလေးတင် အရိုက်ခံထားရသည့်ပုံ ပေါက်နေလေသည်။

သူ၏ဘေးတွင်မူ ထျန်ရှောင်ဟူက သူ့အား သရော်လှောင်ပြောင်ကာ အပြစ်တင်နေခဲ့၏။

"ချန်တက်ဝေ... ချန်တက်ဝေ...။ မင်းနဲ့ထိုက်တန်တဲ့သူနဲ့ နောက်ဆုံးတော့ တွေ့သွားပြီပေါ့လေ...။"

"မင်းက ငါတို့ကို ဒုက္ခပေးချင်နေတာလား...၊ မင်းမှာ အဲဒီလောက် စွမ်းဆောင်နိုင်ရည် ရှိလို့လား...။"

ရွှီပေါ်အန်း လျှောက်လာသည်ကို မြင်သောအခါ ထျန်ရှောင်ဟူက သူ၏အနီးသို့ ခြေနှစ်လှမ်းခန့် အလျင်အမြန် တိုးသွားလိုက်လေသည်။

"အထွေထွေမန်နေဂျာရွှီ... ရောက်လာပြီလား...။"

ရွှီပေါ်အန်းသည် နောက်သို့ဆုတ်ကာ စကားတစ်ခွန်းမှ မဟဘဲနေသော ချန်တက်ဝေကို ကြည့်ရင်း ပြုံးလိုက်လေသည်။ ထို့နောက် သူက ချန်တက်ဝေရှိရာဘက်သို့ ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး မေးလိုက်၏။

"ရှောင်ဟူ...၊ ဒီကောင်က ဘာဖြစ်လာတာလဲ...။"

ထျန်ရှောင်ဟူက ချန်တက်ဝေအား ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး ပြောလိုက်လေသည်။

"အထွေထွေမန်နေဂျာရွှီ...၊ ဒီကောင်လေး ဘယ်လောက် ယုတ်မာသလဲဆိုတာ ခင်ဗျား သိမှာမဟုတ် ဘူး....။ ကျွန်တော်တို့က သူ့ကို ကျောက်စရစ်ကြမ်းတွေ ထောက်ပံ့တာ ရပ်လိုက်တယ် မဟုတ်လား... ၊ ဒီကောင်က ကျွန်တော်တို့ကို လက်စားချေဖို့ တွေးပြီး လူအနည်းငယ်ခေါ်လာပြီးတော့ ကျွန်တော်တို့ ကုမ္ပဏီအောက်က ဆောက်လုပ်ရေးလုပ်ငန်းခွင်က လူသွားစင်္ကြံအချို့မှာ သံမှိုတွေကို တိတ်တဆိတ် ကြဲချနေခဲ့တာဗျ...။"

"သူတို့က အရမ်းကို ကျင့်ဝတ်မဲ့စွာနဲ့ ခေါင်ကျတဲ့ စီမံကိန်းတချို့ရဲ့ အပြင်ဘက်က ကွန်ရက်ကြိုးတွေ ကိုတောင် ဖြတ်တောက်ခဲ့ကြသေးတယ်...။ ဒီနေ့နံနက် မိုးလင်းစအချိန်မှာ ကျူချန်းလမ်း မြို့ဟောင်း တည်ဆောက်ရေး စီမံကိန်းအနီးက လမ်းပေါ်မှာ သံမှိုတွေ ကြဲချနေတာကို ဒီညီအစ်ကိုတွေက မြင်သွားခဲ့လို့ ဖမ်းဆီးခံလိုက်ရတာပဲ...။"

ဆောက်လုပ်ရေးလုပ်ငန်းခွင်များရှိ ဝင်ထွက်လမ်းများသည် များသောအားဖြင့် ယာဉ်များ ဝင်ထွက်ရန် တစ်ခုတည်းသော လမ်းကြောင်းများဖြစ်ပြီး အမြဲတမ်းလိုလိုပင် တစ်ခုတည်းသော လမ်းများ ဖြစ်ကြ လေသည်။

အထူးသဖြင့် ဝေးလံခေါင်သီသော တောင်တန်းဒေသများတွင် လမ်းကျဉ်းများကို တောင်စောင်း တစ်လျှောက် ဖောက်လုပ်ထားပြီး အခြားတစ်ဖက်တွင် ချောက်ကမ်းပါးများနှင့် နက်ရှိုင်းသော လျှိုမြောင်များ ရှိနေတတ်ပေသည်။

အကယ်၍ ဤနေရာတွင် ကားတစ်စီး ရုတ်တရက် တာယာပေါက်ကွဲသွားပါက ပုံမှန်လမ်းပေါ်တွင် မောင်းနှင်နေသော ကားထက် အန္တရာယ် ပိုမိုကြီးမားလှပေ၏။ ၎င်းသည် ကားချောက်ထဲ ကျသွားပြီး ယာဉ်မောင်း သေဆုံးသည်အထိ အလွယ်တကူ ဖြစ်ပေါ်စေနိုင်လေသည်။

ကုမ္ပဏီခေါင်းဆောင်တစ်ဦးအနေဖြင့် ထိုကဲ့သို့သော ဘေးကင်းရေး မတော်တဆမှုမျိုး ဖြစ်ပွားခဲ့ပါက ရွှီပေါ်အန်းက တာဝန်ယူရမည် ဖြစ်ပေသည်။

ရွှီပေါ်အန်းသည် ထိုစကားကို ချက်ချင်း မတုံ့ပြန်ခဲ့ချေ။ ယင်းအစား သူသည် ထျန်ရှောင်ဟူ၏ အနောက် ရှိ ခွန်အားကြီးမားသော လူငယ်တစ်စုဆီသို့ လျှောက်သွားကာ လက်ကမ်းပေးရင်း ကျေးဇူးတင်စွာဖြင့် ပြောလိုက်လေ၏။

"ညီအစ်ကိုတို့...၊ ကျေးဇူးအများကြီးတင်ပါတယ်...။"

ဆံပင်တိုတိုနှင့် လူငယ်တစ်ဦးက ရွှီပေါ်အန်းကို လက်ကမ်းပေးကာ လက်ဆွဲနှုတ်ဆက်လိုက်ပြီး ခေါင်းခါလျက် ပြောလာလေသည်။

"ခင်ဗျားက အရမ်းကို သဘောကောင်းလွန်းပါတယ်...၊ ခင်ဗျားက အထွေထွေမန်နေဂျာရွှီ ဖြစ်ရမယ်...။ ကျွန်တော်တို့က ရှောင်တောင်းရဲ့ စစ်ဘက်က ရဲဘော်ရဲဘက်တွေပါ...၊ အို... ကျွန်တော် သူ့ကို လင်ဖုန်း လို့ပဲ ခေါ်ရမှာပေါ့...။"

"လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော်တို့ နေစရာနေရာ မရှိလို့ လင်ဖုန်းရဲ့ စီမံကိန်းလုပ်ငန်းခွင်က လွတ်နေတဲ့ ကုတင်တစ်ခုမှာ ခဏတဖြုတ် ဝင်အိပ်ခဲ့ရပါတယ်...။ မနက်ခင်း လေ့ကျင့်ခန်း လုပ်ဖို့ ထွက်လာတုန်း ဒီခိုးကြောင်ခိုးဝှက် ကောင်တွေ စီမံကိန်းလုပ်ငန်းခွင်ရှေ့က လူသွားစင်္ကြံမှာ သံမှိုတွေ ကြဲချနေတာကို မြင်လိုက်ရတာပဲ...။"

"ခင်ဗျားတို့ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ တည်းခိုရတာကို အားနာမိလို့ ဒီကိစ္စဖြစ်လာတဲ့အခါ ကူညီပေးသင့်တယ်လို့ တွေးလိုက်မိတယ်လေ...။ ကျွန်တော်တို့ ခြေရာခံလိုက်သွားပြီး အနီးနားက ကားတစ်စီးထဲမှာ ဒီလူကို ဖမ်းမိခဲ့တာပဲ...။ ရဲခေါ်ဖို့ လုပ်နေတုန်း မန်နေဂျာထျန်နဲ့ ဆုံခဲ့တာပဲ...။"

ထျန်ရှောင်ဟူက ရယ်မောကာ ပြောလိုက်လေ၏။

"တော်တော်လေး တိုက်ဆိုင်သွားတာပါ...။ ဒီနေ့နံနက် ကျွန်တော် တော်ဝင်မင်းဆက်ဟိုတယ်က အပြန် ကျူချန်းလမ်း စီမံကိန်း အဝင်ဝကို ဖြတ်သွားရင်း ဒီလူတွေ ရုန်းရင်းဆန်ခတ် ဖြစ်နေတာကို မြင်လိုက် ရတာပဲ...။"

"ကျွန်တော် သွားကြည့်လိုက်တော့ ဒီခွေးမသားက ကျွန်တော်တို့လက်ထဲ ရောက်လာမှန်း သိလိုက် ရတယ်...။ ဘာစကားမှ မပြောဘဲ ထမင်းတောင် မစားရသေးဘဲ အထွေထွေမန်နေဂျာရွှီ ဒေါသထွက် တာကို ဖြေဖျောက်ပေးဖို့ သူ့ကို ဒီနေရာကို ခေါ်လာခဲ့တာ...။ သူ့ရဲ့ ကြံရာပါ အနည်းငယ်ကိုတော့ စီမံကိန်း လုပ်ငန်းခွင်မှာ ဖမ်းထားသေးတယ်...။"

ရွှီပေါ်အန်းက အပြုံးဖြင့် ပြောလိုက်လေသည်။

"ဒါဆို မင်းတို့က လင်ဖုန်းရဲ့ ရဲဘော်ရဲဘက်တွေပေါ့...။ မနေ့ကတင် သူ မင်းတို့အကြောင်း ပြောတာ ကြားလိုက်သေးတယ်...၊ သူ ငါတို့နဲ့ အတူမလာဘူးလား...။"

ရဲဘော်တစ်ဦးက ရှင်းပြလေ၏။

"လင်ဖုန်းက အလုပ်သွားဖို့ လောနေလို့ အတူမပါလာခဲ့ပါဘူး...။"

ရွှီပေါ်အန်းသည် ခေါင်းညိတ်လိုက်ပြီး ချန်တက်ဝေအား နောင်တရနေသော အမူအရာဖြင့် ကြည့်ကာ နာကျင်နေဟန်ဖြင့် ပြောလိုက်လေသည်။

"ချန်တက်ဝေ...၊ ဒီလိုမျိုး ဘာကြောင့် လုပ်ရတာလဲ...။ ဒီအပြုအမူက ဘယ်လောက်တောင် ရွံရှာဖွယ် ကောင်းလဲဆိုတာ မင်း သိရမှာပေါ့...။ မင်း ဖမ်းဆီးခံရပြီး ထောင်ဒဏ် နှစ်အနည်းငယ် ချမှတ်ခံရနိုင် တယ်...။"

ချန်တက်ဝေက ရွှီပေါ်အန်းကို တစ်ချက်ကြည့်ကာ ပြောလိုက်လေသည်။

"ငါ့ကို လာခြောက်ဖို့ မကြိုးစားပါနဲ့...၊ ငါ ဘာဆိုးကျိုးမှ မဖြစ်စေခဲ့ဘူး...။ အလွန်ဆုံး ဒဏ်ငွေရိုက်ခံရပြီး ရက်အနည်းငယ်လောက် အချုပ်ခံရုံပဲ...။ မင်းပြောသလောက်လည်း ကြောက်စရာမကောင်းပါဘူး...။"

ထျန်ရှောင်ဟူက ချန်တက်ဝေ၏ နဖူးကို ရိုက်ချလိုက်ပြီး ပြောလိုက်လေသည်။

"ခေါင်းမာနေတုန်းပဲလား...။ မင်းလုပ်နေတာက အများပြည်သူ ဘေးကင်းလုံခြုံရေးကို အန္တရာယ်ပြုနေ တာ နားလည်လား...။ ဒီသံမှိုတွေကို ဘယ်လောက်ပဲ ရှင်းလင်းပါစေ အကုန်လုံးကို ရှာတွေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူး...။ စီမံကိန်းက ကားတော်တော်များများက ကုန်တင်ကားကြီးတွေချည်းပဲ...။ မင်းရဲ့ သံမှို တွေကြောင့် တောင်ပေါ်လမ်းမှာ တစ်ခုခုဖြစ်သွားရင် မင်းတော့ ဒုက္ခကြီးကြီး ရောက်သွားလိမ့်မယ်...။"

ချန်တက်ဝေက နောက်သို့ဆုတ်သွားကာ ပြောလိုက်လေ၏။

"ငါ တစ်ခုခု မှားလုပ်ခဲ့ရင်တောင်မှ တရားဥပဒေစိုးမိုးရေး စခန်းကနေ ငါ့ကို ဖမ်းဆီး အပြစ်ပေးသင့် တယ်...။ မင်းတို့ အာဏာအလွဲသုံးစားလုပ်တာက တရားမဝင်ဘူး...။ ငါ မင်းတို့ကို တရားစွဲမယ်...။"

ရွှီပေါ်အန်းသည် အငြိုးဟောင်း အငြိုးသစ်များ ပြန်လည် ထကြွလာသဖြင့် ချန်တက်ဝေကို ကန်လိုက် ပြီး ပြောလိုက်လေသည်။

"ကောင်းပြီလေ...၊ သွားပြီး တရားစွဲလိုက်...။ တရားဥပဒေစိုးမိုးရေး စခန်းက လူတွေနဲ့ မင်း ဘယ်လို ပြောမလဲ...။ တရားသူကြီးနဲ့ ဘယ်လို ငြင်းခုံမလဲဆိုတာ ငါ ကြည့်ချင်သေးတယ်...။ ချန်တက်ဝေ...၊ ငါ မင်းကို အထင်မသေးစေနဲ့...။ မင်းငါ့ကို တရားမစွဲရင် မင်းက သတ္တိကြောင်တဲ့ကောင်ပဲ...။"

ရွှီပေါ်အန်း၏ သဘောထားကို မြင်သောအခါ ချန်တက်ဝေမှာ ချက်ချင်းပင် ညှိုးကျသွားလေ၏။

သူသည် သရော်လှောင်ပြောင်နေခြင်းသာ ဖြစ်ပေသည်။

ထိုကဲ့သို့သော ကိစ္စမျိုးအတွက် အရိုက်ခံရခြင်းမှာ စိုးရိမ်စရာ အနည်းဆုံးပင် ဖြစ်လေသည်။

အကယ်၍ ရဲခေါ်လိုက်ပါက သူ ပြင်းပြင်းထန်ထန် ဒုက္ခရောက်သွားပေမည်။ သူ မည်မျှပင် ငြင်းဆန်ရန် ကြိုးစားပါစေ ထောင်ထဲတွင် အချိန်အတန်ကြာ နေရမည်မှာ သေချာလှပေ၏။

ထို့ပြင် ချန်တက်ဝေသည် ဆယ်စုနှစ်များစွာကြာအောင် သုံးဖြုန်းတတ်သူ တစ်ဦးဖြစ်ခဲ့ပြီး ဇိမ်ကျကျနှင့် ခမ်းနားထည်ဝါသော ဘဝတွင် နေသားကျနေသူ ဖြစ်လေသည်။

အကယ်၍ ၎င်းတို့က သူ့ကို ရက်အနည်းငယ်ကြာအောင် တကယ် အချုပ်ချထားမည်ဆိုလျှင် ဘုရား ရေ... စဉ်းစားကြည့်ရုံဖြင့်ပင် သူ့ကို ထိတ်လန့်သွားစေခဲ့လေ၏။

"အထွေထွေမန်နေဂျာရွှီ...၊ အစ်ကိုရွှီ...၊ ကျွန်တော် မှားမှန်း သိပါပြီ...။ ဒီကိစ္စက ကျွန်တော့်အပြစ် မဟုတ်ပါဘူး...။ ချီရှောင်ရွှယ်ရဲ့ အပြစ်တွေချည်းပါပဲ...။ သူမက ကျွန်တော့်ကို လုပ်ခိုင်းတာပါ...။"

ရွှီပေါ်အန်းသည် ချက်ချင်း မျက်မှောင်ကြုတ်သွားကာ ရုံးခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး အေးစက်စွာ ပြောလိုက်လေသည်။

"အထဲဝင်ခဲ့...၊ ရှောင်ဟူ...၊ ဒီညီအစ်ကိုတွေကို ဘေးခန်းမှာ ခဏသွားနားခိုင်းလိုက်...။"

ရွှီပေါ်အန်းသည် ဤကဲ့သို့သော ညစ်ပတ်သည့် ကိစ္စမျိုးကို အခြားသူများ သိသွားမည်ကို သဘာဝကျ ကျပင် အလိုမရှိခဲ့ချေ။

သူသည် ချီရှောင်ရွှယ်နှင့် ကွာရှင်းပြီးဖြစ်သော်လည်း အခြားသူများရှေ့တွင် ဤအကြောင်း ပြောရသည် မှာ အလွန်ပင် ရှက်စရာကောင်းလှပေသည်။

အော်ဟစ်အပြီးတွင် ရွှီပေါ်အန်းသည် ရုံးခန်းထဲသို့ အရင်ဝင်သွားကာ ဖုန်းကို ထုတ်၍ ပေါ့ပေါ့ပါးပါး ကလိလိုက်ပြီး စားပွဲပေါ်သို့ ပစ်ချလိုက်လေ၏။

ချန်တက်ဝေသည် ရွှီပေါ်အန်း၏နောက်မှ ရုံးခန်းထဲသို့ ဝင်လာပြီး မျက်နှာပေါ်ရှိ နှပ်များကို သုတ်လိုက် ရာ သူ၏မျက်လုံးများထဲတွင် အမုန်းတရား အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့လေသည်။ ထို့ နောက် သူက ပြောလိုက်လေ၏။

"ခင်ဗျားရဲ့ အိမ်ကို ဖြိုဖျက်တော့မယ်ဆိုတာနဲ့ ယွမ်ဆယ်သန်းကျော် ရလိမ့်မယ်ဆိုတာ ချီရှောင်ရွှယ် တစ်နေရာရာကနေ ကြားလာခဲ့တယ်...။ သူမက ရှေ့နေတစ်ယောက်ကို မေးပြီး အကျိုးအမြတ် တစ်ချို့ တစ်ဝက် ရနိုင်မလား၊ သူမအတွက် တစ်ချို့တစ်ဝက် ခွဲဝေယူလို့ရမလားဆိုတာ မေးခိုင်းခဲ့တယ်...။"

"သူမရဲ့ ရှေ့နေက အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြီးတဲ့နောက် တရားဝင်အားဖြင့် သူမအနေနဲ့ တစ်ပြား တစ်ချပ်မှ ရမှာမဟုတ်ဘူးဆိုတာ သိသွားခဲ့တယ်...။ သူမက အရမ်းကို ဒေါသထွက်သွားပြီး ဆောက် လုပ်ရေးလုပ်ငန်းခွင်မှာ ပြဿနာရှာဖို့ တွေးခဲ့တယ်လေ...။ ဒါမှ မန်နေဂျာတစ်ယောက်အနေနဲ့ ခင်ဗျား တာဝန်ယူမှုကနေ လွတ်ကင်းမှာ မဟုတ်ဘူးလေ...။"

အဆိပ်ပြင်းဆုံးသော နှလုံးသားသည် မိန်းမတို့၏ နှလုံးသားပင် ဖြစ်သည် ဟူသော ရှေးလူကြီးများ၏ စကားမှာ အမှန်ပင် ဖြစ်လေတော့သည်။

ချီရှောင်ရွှယ်သည် အမှန်တကယ်ပင် ရက်စက်လွန်းလှပေ၏။

ရွှီပေါ်အန်းက ချန်တက်ဝေအား အေးစက်စွာ စိုက်ကြည့်ကာ ပြောလိုက်လေသည်။

"မင်းက တော်တော် ထူးခြားတာပဲ...။ ချီရှောင်ရွှယ်က မင်းနဲ့ နှစ်ပေါင်းများစွာ အတူရှိနေခဲ့တာကို မင်းက ဒီလိုမျိုး သူမကို သစ္စာဖောက်လိုက်တာလား...။"

ချန်တက်ဝေ၏ မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်တစ်ခု ပေါ်လာပြီး သူက ပြော လိုက်လေသည်။

"သူမက ငါ့ပိုက်ဆံကိုပဲ မက်မောနေတာပါ...။ သူမအပေါ် စွဲလမ်းနေတဲ့ ဒီစိတ်လေးသာ မရှိခဲ့ရင်၊ ငါတို့ တကယ် လက်ထပ်ဖြစ်ခဲ့ရင်၊ ရင်းနှီးမြှုပ်နှံထားတဲ့ ဒီပိုက်ဆံတွေအကုန်လုံးနဲ့ဆိုရင် သူမထက် ပိုကောင်း တဲ့ မကြာသေးခင်ကမှ ဘွဲ့ရထားတဲ့ ကောလိပ်ကျောင်းသူ တချို့ကိုတောင် ငါ ရှာလို့ရနေပြီ...။"

ရွှီပေါ်အန်းမှာ ချီရှောင်ရွှယ်အတွက် မချိတင်ကဲ ဖြစ်မသွားဘဲ မနေနိုင်ခဲ့ချေ။ ချီရှောင်ရွှယ်သည် အချစ် စစ်ကို ရှာတွေ့ပြီဟု အကြောင်းပြကာ သူ့ထံမှ ဝေးကွာသွားစေရန် အစွမ်းကုန် ကြိုးပမ်းခဲ့သော်လည်း အဆုံးတွင်မူ အနှစ်သာရမရှိသော ပူဖောင်းများသာ ဖြစ်နေခဲ့လေသည်။

"ဒါပေမဲ့ မင်းက သူမအတွက် အိမ်ဝယ်ပေးဖို့ ပိုက်ဆံအများကြီး သုံးခဲ့တယ်ဆိုတာ ငါ ကြားပြီးပြီလေ... ။ ချန်တက်ဝေ...၊ မင်း တကယ်ကို ငွေမနှမြောဘူးပဲ...။" ဟု ရွှီပေါ်အန်းက မေးလိုက်လေ၏။

ချန်တက်ဝေသည် ခေတ္တမျှ မျက်နှာချိုသွေးကာ ပြုံးလိုက်ပြီး ရှင်းပြလေသည်။

"အိမ်တွေ ဝယ်တယ်ဆိုတာက ဗျူဟာတစ်ခုပါပဲ...။ ငါက လူတော်တော်များများအတွက် အိမ်တွေ ဝယ်ပေးဖူးတယ်...။ ဒီအိမ်အများစုက မရောင်းရသေးဘဲ ကျန်နေတဲ့ အခန်းတွေ ဖြစ်နေလို့ပါ...။"

"အိမ်ခြံမြေ အရောင်းမြှင့်တင်ဖို့ အရောင်းရုံးနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ လူတချို့ကို ငှားရမ်းပြီးတော့ သူတို့ကိုယ်သူတို့ ထက်မြက်ပြီး ဆန်းသစ်လှပတဲ့ မြို့ပြအမျိုးသမီးတွေလို့ ကြွေးကြော်နေကြတဲ့ လူတွေကို ထူးဆန်းတဲ့ အကြောင်းပြချက် အမျိုးမျိုးနဲ့ ရောင်းချနိုင်တယ်...။"

"ငါက ယွမ်သောင်းဂဏန်းလောက်ပဲ စရန်ငွေ ပေးထားပြီး ပိုင်ဆိုင်မှုစာချုပ်မှာ သူမနာမည်ကို ထည့်ပေး လိုက်တယ်...။ အမျိုးသမီး ဆယ်ယောက်မှာ ကိုးယောက်က ဒီအစီအစဉ် တစ်ခုလုံးကြောင့် လုံးဝကို ခေါင်းမူးသွားတတ်ကြတယ်...။ ဆောက်လုပ်ရေးကုမ္ပဏီရဲ့ ပြန်အမ်းငွေအရ ငါ အမှန်တကယ် အကျိုး အမြတ် ရနိုင်တယ်ဆိုတာကို သူတို့ မသိကြဘူးလေ...။"

"ဘာ...၊ ဒါက ဘယ်လို လုပ်ဆောင်မှုမျိုးလဲ...။ ဒီလိုနည်းနဲ့ ပိုက်ဆံရှာတယ်ဆိုတာ အရင်က တစ်ခါမှ မကြားဖူးဘူး...။" ဟု ရွှီပေါ်အန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်လေ၏။

ချန်တက်ဝေက ရယ်မောကာ ပြောလိုက်လေသည်။

"ဟဲဟဲ...၊ ခင်ဗျားလို အောင်မြင်တဲ့ လူတစ်ယောက်အနေနဲ့ ဒီလှည့်ကွက်တွေကို လေ့လာဖို့ အချိန်ကုန် ခံမှာ မဟုတ်တာ သဘာဝကျပါတယ် အထွေထွေမန်နေဂျာရွှီ...။ တကယ်တော့ လူနေရပ်ကွက် တော် တော်များများမှာ ရောင်းရခက်ပြီး မရောင်းရသေးတဲ့ အခန်းတချို့ ရှိနေတယ်...။ ကျွန်တော်တို့က သူတို့ ကို ချေးငွေနဲ့ ရောင်းနိုင်အောင် ကူညီပေးမယ်ဆိုရင် သူတို့က ဘဏ်ကနေ ပိုက်ဆံရနိုင်ပြီး လုပ်ငန်းလည် ပတ်ငွေလည်း တိုးလာမှာမို့ သဘာဝကျကျပဲ သူတို့က ပြန်အမ်းငွေ ပေးချင်ကြမှာပေါ့...။"

ရွှီပေါ်အန်းက မျက်ခုံးပင့်လိုက်ပြီး အံ့အားသင့်စွာ ပြောလိုက်လေ၏။

"အို... မင်းက တော်တော်လေး ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်တာပဲ...။ မင်း ဒီလိုမျိုး ပူးပေါင်းဆောင် ရွက်နေတော့ ဒီအကြောင်းတွေ အကုန်လုံး ချီရှောင်ရွှယ်ကို ငါ သွားပြောပြမှာ မကြောက်ဘူးလား...။"

ချန်တက်ဝေက လှောင်ပြောင်လိုက်လေသည်။

"ဟက်...၊ ခင်ဗျားက သူမကို အရမ်းမုန်းနေတော့ သူမ ဒုက္ခရောက်တာကိုပဲ မြင်ချင်နေတာ မဟုတ် လား...။ ဒါ့အပြင် ခင်ဗျား တကယ် သွားပြောရင်တောင် နှစ်ပေါင်းများစွာ အိမ်ထောင်သက်တမ်း တစ်လျှောက် သူမ ဘယ်လိုလူမျိုးလဲဆိုတာ ခင်ဗျား မသိဘူးလား...။ သူမက ခင်ဗျားကို ယုံမယ်ထင် နေလား...။"

ရွှီပေါ်အန်းသည် ခေတ္တမျှ တိတ်ဆိတ်သွားလေ၏။ မှန်ပေသည်၊ သူသည် ချီရှောင်ရွှယ်ကို မုန်းတီးခဲ့ သော်လည်း သူမကရော သူ့ကို ဘယ်လိုလုပ် မမုန်းဘဲ နေမည်နည်း။ သူမအနေဖြင့် သူ၏စကားများကို ယုံကြည်ရန် ဆိုသည်မှာ လုံးဝ မဖြစ်နိုင်သောအရာပင် ဖြစ်ပေသည်။

ထို့ပြင် ချီရှောင်ရွှယ်သည် အပြင်လူများက ရှင်းပြရာတွင် ပိုမိုတော်သည်ဟု အမြဲတမ်း တွေးထင်ထား ပြီး အခြားသူများပြောသည်မှာ အမှန်ဟု အမြဲ ယုံကြည်တတ်လေသည်။ သူမသည် ရွှီပေါ်အန်းကို အမြဲတမ်း အထင်အမြင် သေးတတ်လေ၏။

ဤသည်မှာ "တဖက်သတ် အချစ်ရူးများတွင် အခွင့်အရေး မရှိ" ဟု သူတို့ခေါ်ကြသည့် အရာပင် ဖြစ် ပေသည်။ သူသည် အမှန်တကယ်ပင်... ဖော်ပြ၍ မရနိုင်လောက်အောင် ဖြစ်နေခဲ့လေ၏။

ရွှီပေါ်အန်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ ချန်တက်ဝေသည် သူက ထိရှလွယ်သော နေရာကို ထိမိသွားမှန်း သိလိုက်ပြီး မျက်နှာချိုသွေးကာ ဆက်ပြောလိုက်လေသည်။

"ဘယ်လိုလဲ အထွေထွေမန်နေဂျာရွှီ...၊ ကျွန်တော် ခင်ဗျား လက်စားချေဖို့ ကူညီပေးခဲ့တယ်လေ...။ ဒီအတွက်ကြောင့် ဒီတစ်ကြိမ်တော့ ကျွန်တော့်ကို ခွင့်လွှတ်ပေးလို့ ရမလား...။"

ဤစကားကို ကြားသောအခါ ရွှီပေါ်အန်းသည် ပျော်ရွှင်စွာ ပြုံးလိုက်လေ၏။ သူသည် ဖုန်းကို ကောက် ကိုင်၍ ခါရမ်းပြလိုက်လေသည်။ မျက်နှာပြင်မှာ လင်းနေဆဲဖြစ်ပြီး အနီရောင်အစက်လေး တစ်စက်နှင့် ဆက်တိုက်ဖြစ်နေသော လှိုင်းတွန့်မျဉ်းတစ်ကြောင်းက ဖုန်းသည် အသံဖမ်းနေကြောင်း ပြသနေလျက် ရှိပေသည်။

ချန်တက်ဝေ၏ မျက်လုံးများ ပြူးကျယ်သွားကာ ရွှီပေါ်အန်း၏ ဖုန်းကို စိုက်ကြည့်ရင်း ကြောက်လန့် တကြားဖြင့် အော်ဟစ်လိုက်လေတော့သည်။

"ခင်ဗျား... ခင်ဗျား ကျွန်တော့်ကို တကယ်ကြီး အသံဖမ်းထားတာလား...။"

ခေတ္တမျှ သူသည် ရွှီပေါ်အန်း၏ ဖုန်းကို အပြေးအလွှား သွားရောက် လုယူချင်စိတ် ပေါက်သွားခဲ့သော် လည်း ရွှီပေါ်အန်းကို ယှဉ်နိုင်မည်မဟုတ်ကြောင်း သတိရလိုက်သဖြင့် လက်လျှော့လိုက်ရလေတော့၏။

ရွှီပေါ်အန်းက ရယ်မောလိုက်လေသည်။

"မင်းလိုလူမျိုးနဲ့ အတူရှိနေတဲ့အချိန် ငါက ဘယ်လိုလုပ် လက်မရွံ့ဘဲ နေပါ့မလဲ...။"

ချန်တက်ဝေက အံကိုကြိတ်ကာ ပြောလိုက်လေ၏။

"အသံဖမ်းခံရတော့ရော ဘာဖြစ်လဲ...။ သူမ သိသွားရင်တောင် ဘာလုပ်နိုင်မှာမို့လို့လဲ...။ သူမအတွက် ငါ အိမ်ဝယ်ပေးပြီးပြီ.... စာချုပ်လည်း လက်မှတ်ထိုးပြီးပြီလေ...။ သူမ ဒီရှုပ်ထွေးမှုကနေ လွတ် မြောက်မှာ မဟုတ်ဘူး...။ သူမ လိမ္မာသရွေ့တော့ ငါ သူမရဲ့ အိမ်ချေးငွေ ဆပ်ဖို့ ကူညီပေးဦးမှာပါ...။"

ရွှီပေါ်အန်းက အသံဖမ်းနေကြောင်း သိလိုက်ရသောအခါ ချန်တက်ဝေသည် သူ၏ လစ်ဟင်းမှုများ အတွက် ပြန်လည် ကုစားရန် ကြိုးပမ်းလာခဲ့လေသည်။

ရွှီပေါ်အန်းက ရယ်မောကာ ပြောလိုက်လေ၏။

"ငါက သူမကို ကယ်တင်မယ်လို့ မင်းထင်နေတာလား...။ မင်း အိပ်မက်မက်နေတာပဲ...၊ သူမ ဒုက္ခ ရောက်တာကို ငါ သဘောကျပါတယ်...။ ဒါပေမဲ့ မင်းက မကောင်းနေဘူးလေ...။ သူမသာ ဒီအသံဖိုင်ကို ကြားလိုက်ရရင် အရမ်းဒေါသထွက်ပြီး မင်းကို လိုက်ရှာမှာလား...၊ ဒါမှမဟုတ်...၊ အပူတပြင်းနဲ့ မင်းကို သေလုမြောပါး တိုက်ခိုက်လာမလားဆိုတာ ခန့်မှန်းကြည့်လေ...။"

ချန်တက်ဝေသည် ရွှီပေါ်အန်း၏ ဖုန်းကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် ပြောလိုက်လေသည်။

"အရာအားလုံးကို ဆွေးနွေးလို့ ရပါတယ်...။ ခင်ဗျား ကျွန်တော့်ကို ဒီအကြောင်းပြောဖို့ သက်သက် ခေါ်လိုက်တာ မဟုတ်ဘူးမလား...။ အနိုင်ရသူက အားလုံးကို ယူပြီး ရှုံးနိမ့်သူကတော့ အပြစ်တင်ခံ ရမှာပဲ...။ ခင်ဗျား ကျွန်တော့်ကို ကိုင်တွယ်ဖို့ ခုလို ယုတ်ညံ့တဲ့ နည်းလမ်းတွေကို သုံးလောက်အောင် အောက်တန်းမကျဘူးလို့ ကျွန်တော် ထင်ပါတယ်...။”

“နောက်ဆုံးတော့ ဒီကိစ္စက ဒုက္ခပေးနိုင်ပေမဲ့ ပြင်းထန်တဲ့ ကိစ္စတော့ မဟုတ်သလို ကြီးမားတဲ့ ပျက်စီး ဆုံးရှုံးမှုလည်း မဖြစ်စေပါဘူး...။ အရေးအကြီးဆုံးက ဒီအရာက ခင်ဗျားအတွက်လည်း ဘာအကျိုးမှ မရှိဘူးလေ...။"

ရွှီပေါ်အန်းက ရယ်မောကာ ပြောလိုက်လေ၏။

"မင်းက တကယ်ကို ထက်မြက်တာပဲ...။ မင်းက ချီရှောင်ရွှယ်ကို အရူးလုပ်နိုင်တာ အံ့သြစရာတော့ မဟုတ်ဘူး...။. ချန်တက်ဝေ...၊ မင်းကို အခွင့်အရေး တစ်ခုပေးမယ်...ဈ ငါ့အတွက် အရာတစ်ခု လုပ်ပေးသရွေ့ မင်းရဲ့ သံမှိုကြဲတဲ့ ကိစ္စကို အတိတ်မှာ ထားခဲ့ပေးမယ်...။ ပြီးတော့ ဒီအသံဖိုင်ကိုလည်း ဖျက်ပေးမယ်...။"

ချန်တက်ဝေက ရွှီပေါ်အန်းကို သတိထား၍ ကြည့်လိုက်ပြီးနောက် ခဏအကြာတွင် အကူအညီမဲ့စွာ မေး လိုက်လေသည်။

"ဘာကိစ္စလဲ...။"

ရွှီပေါ်အန်းက အပြုံးဖြင့် ပြောလိုက်လေ၏။

"မင်းရဲ့ မိသားစုက ငါတို့ ဒုတိယဆောက်လုပ်ရေးကုမ္ပဏီက အထွေထွေမန်နေဂျာဟယ်နဲ့ အရမ်းကို ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်လို့ ကြားထားတယ်...။ တကယ်လို့ မင်းက ငါတို့ အုပ်စုရုံးချုပ်ကို သွားပြီး တော့ မင်းတို့ရဲ့ အပြန်အလှန် ဆက်သွယ်မှု အသေးစိတ်ကို ထုတ်ဖော်ဖို့ ဆန္ဒရှိမယ်ဆိုရင် ဒီနေ့ကိစ္စက ညှိနှိုင်းလို့ မရစရာ အကြောင်းမရှိဘူး...။"

လူကြီးများဖြစ်ကြသည်နှင့်အညီ ချန်တက်ဝေသည် ရွှီပေါ်အန်း၏ စကားများနောက်ကွယ်ရှိ အဓိပ္ပာယ် ကို ချက်ချင်းပင် နားလည်သွားခဲ့လေသည်။

ဤသည်မှာ ဟယ်ချန်ကို ပစ်မှတ်ထားရန် ထောင်ချောက်ဆင်ထားခြင်းပင် ဖြစ်လေ၏။

"အထွေထွေမန်နေဂျာရွှီ...၊ ဒီဆုံးဖြတ်ချက်ကို ကျွန်တော် မချနိုင်ဘူး...။ ကျွန်တော့်အဖေက...၊" ဟု ချန်တက်ဝေက အခက်တွေ့နေသော အမူအရာဖြင့် ပြောလိုက်လေသည်။

ရွှီပေါ်အန်းက ချန်တက်ဝေကို ချက်ချင်း ဖြတ်ပြောလိုက်ပြီး အေးစက်စွာ ဆိုလေ၏။

"မင်းအဖေဆီ တိုက်ရိုက်သွားပြီး သူ့သားကို ထောင်ချခံစေချင်တာလား၊ ဒါမှမဟုတ် သူ့ရဲ့ ရွေးချယ်မှုက ဘာလဲဆိုတာကို သွားကြည့်လိုက်လေ...။ ဒါပေမဲ့ ငါ့အချိန်က ကန့်သတ်ထားတယ်...။ မင်းဆီကနေ တစ်ရက်အတွင်း သတင်းကောင်း ကြားရဖို့ မျှော်လင့်တယ်...။ ထွက်သွားတော့...။"

ရွှီပေါ်အန်းသည် တစ်ခါမှ သဘောထားကြီးသူ တစ်ဦး မဖြစ်ခဲ့ဖူးချေ၊ ယခုလည်း မဟုတ်သလို၊ နောင် အနာဂတ်တွင်လည်း ဖြစ်လာလိမ့်မည် မဟုတ်ပေ။

All Chapters