အခန်း ၁၄၈
Vol. 15 Ch. 148
အခန်း (၁၄၈)
ဘွန်ဆိုင်းထဲမှ လူဦးရေ တိုးပွားလာခြင်း
ချန်တက်ဝေသည် အဆုံးတွင် ရွှီပေါ်အန်း၏ တောင်းဆိုမှုကို သဘောတူလိုက်လေ၏။
သူသည် သူ၏ဖခင်နှင့်ပင် တိုင်ပင်ခြင်းမရှိဘဲ သဘောတူလိုက်ခြင်း ဖြစ်ပေသည်။
အခြား ရွေးချယ်စရာလမ်း မရှိတော့ချေ။ ရွှီပေါ်အန်းက သူတို့ကို ဤအခြေအနေအထိ တွန်းပို့ထားခဲ့ သဖြင့် သူတို့ သဘောတူရုံမှလွဲ၍ မတတ်နိုင်ခဲ့ပေ။
သူကိုယ်တိုင်ပင် အကျပ်အတည်းများကြား ပိတ်မိနေပြီး မိမိကိုယ်ကိုပင် ကယ်တင်နိုင်ရန် ခဲယဉ်းနေချိန် ၌ ဟယ်ချန်ကို ကာကွယ်ပေးရန် မည်သို့ စိတ်ကူးနိုင်မည်နည်း။
မည်သို့ပင်ဆိုစေ မိမိသေရမည့်အစား အခြားသူကို အသေခံခိုင်းလိုက်သည်က ပိုကောင်းသည် မဟုတ် ပါလား။
ချန်တက်ဝေကို ထွက်သွားရန် ပြောပြီးနောက် ထျန်ရှောင်ဟူက သူ၏အနီးသို့ အလျင်အမြန် လျှောက် လာခဲ့လေ၏။
“အစ်ကို... ဘာသဘောလဲ...၊ အဲဒီကောင်ကို ဒီအတိုင်း လွှတ်ပေးလိုက်တော့မလို့လား...။”
ရွှီပေါ်အန်းက သူ၏မေးစေ့ကို ပွတ်သပ်ရင်း မေးလိုက်လေသည်။
“အဲဒါက အဓိက မဟုတ်ဘူး...။ အဓိကက မင်း ဒီမနက် တော်ဝင်မင်းဆက်ဟိုတယ်ကနေ ဘာကိစ္စနဲ့ ရောက်လာရတာလဲဆိုတာကို ငါ တော်တော်လေး သိချင်နေတာ...။ မင်းက လက်တောင်မထပ်ရသေး ဘဲနဲ့ ယောက္ခမအိမ်မှာ သွားနေပြီး သူ့ဆီက အခွင့်အရေးတွေ စယူနေပြီလား...။ မင်းက အရမ်း အခွင့် အရေးယူလွန်းရာ မကျဘူးလား...။”
ထျန်ရှောင်ဟူက လက်ကာပြရင်း ပြောလေ၏။
“အစ်ကို... အဲဒီအကြောင်း မပြောတာပဲ ကောင်းပါတယ်...။ အစ်ကို ပြောလိုက်မှ ကျွန်တော်တောင် ငိုချင်သွားပြီ...။ ကျွန်တော်က ဟိုတယ်ကို အပျော်အပါးသွားပြီး မိန်းမတစ်ယောက်ဆီက အခွင့်အရေး ယူနေတာ မဟုတ်ပါဘူး...။”
“မြောင်မြောင်ရဲ့အဖေက ဧည့်သည်တွေကို ဧည့်ခံဖို့ ကျွန်တော့်ကို အတင်းဆွဲခေါ်သွားတာပါ...။ ကျွန်တော် က အရက်သိပ်မသောက်နိုင်ဘူးဆိုတာ အစ်ကိုလည်း သိသားပဲ...။ ဒါပေမဲ့ ကံကောင်း ချင်တော့ မြောင်မြောင်ရဲ့အဖေကို အစ်ကိုပေးထားတဲ့ အရက်နာကျဆေးလေး ရှိနေလို့ပေါ့...။ အဲဒါက တကယ်ကို အစွမ်းထက်တာပဲ...။”
“ဟဲ...၊ အဲဒါ သတင်းကောင်းပဲလေ...။ ဥက္ကဋ္ဌလင်းက မင်းကို သဘောတူသွားပြီဆိုတော့ သူ့ရဲ့ အရိုက် အရာကို ဆက်ခံဖို့ ပြုစုပျိုးထောင်နေပြီပေါ့...။ ဂုဏ်ယူပါတယ် အနာဂတ်သူဌေးထျန်...။”
ဟု ရွှီပေါ်အန်းက ဂုဏ်ပြုစကား ပြောလိုက်လေသည်။
ထျန်ရှောင်ဟူက သူ၏လက်များကို အနေခက်စွာ ပွတ်သပ်ရင်း ပြောလေသည်။
“ဟေး အစ်ကို...၊ ကျွန်တော့်ကို မစပါနဲ့ဗျာ...။ သူတို့က သူတို့သမီးကိုပဲ မိသားစုလုပ်ငန်းကို ဆက်ခံစေ ချင်တာပါ...။ မြောင်မြောင်ရဲ့အဖေက မိသားစုလုပ်ငန်းကို ဆက်ခံဖို့ မြောင်မြောင်ကို ဖျောင်းဖျပေးပါလို့ ကျွန်တော့်ကို ပြောတယ်...။ ဒါပေမဲ့ မြောင်မြောင်က အဲဒါကို နည်းနည်းလေးမှ မကြိုက်ဘဲ လုံးဝကို သဘောမတူဘူးလေ...။ ကျွန်တော်က ကြားညပ်နေတော့ တော်တော်လေး ခက်ခဲနေတယ်...၊ ဘယ်လို လုပ်ရမလဲ...။”
ရွှီပေါ်အန်းသည် ထျန်ရှောင်ဟူကို မျက်စောင်းထိုးကြည့်လိုက်ပြီး ပြောလိုက်လေ၏။
“လူပျိုကြီးဖြစ်တဲ့ ငါ့ကို လာပြီး ဒီလိုခက်ခဲတဲ့မေးခွန်းမျိုး မေးတာ သင့်တော်တယ်လို့ မင်းထင်နေလား... ။ ငါ့မှာ ဆက်ခံစရာ မိသားစုလုပ်ငန်းမှ မရှိတာ...။ ကဲပါ...၊ မင်းနဲ့ စကားဆက်မပြောတော့ဘူး...။ ဟိုညီ အစ်ကိုတွေကို မြန်မြန်သွားခေါ်ချေ...၊ သူတို့နဲ့ ဆွေးနွေးစရာလေး ရှိလို့...။”
ထျန်ရှောင်ဟူက ပြုံးရင်း ပြောလေသည်။
“အစ်ကို...၊ အင်း... တခြားကိစ္စလေး တစ်ခုရှိသေးတယ်...။ ကျွန်တော် မြောင်မြောင်အဖေရဲ့ အရက်နာ ကျဆေးကို နည်းနည်းများများ သောက်လိုက်မိတယ်...။ အစ်ကို့ဆီမှာ နည်းနည်းလောက်များ ပိုနေသေး လားလို့ပါ...။”
ရွှီပေါ်အန်းက ထျန်ရှောင်ဟူကို စူးရဲစွာ ကြည့်လိုက်ပြီး ပြောလိုက်လေ၏။
“လူတွေက အမြဲပြောကြတယ် မိန်းကလေးတွေက အပြင်ထွက်ရင် သူစိမ်းတွေကို ပိုအလေးပေး တတ်ကြတယ်တဲ့...။ အခုကြည့်ရတာ မင်းလည်း အဲဒီအထဲက တစ်ယောက်ပဲ...။ မင်း ဒီနေ့ သူ့ကို လာဖားတာ ဒီအရက်နာကျဆေးကြောင့်ပဲ ဖြစ်ရမယ်...။ လင်းရှန်းကို စိတ်မပူနဲ့လို့ ပြောလိုက်...၊ နောက်တစ်ရက် နှစ်ရက်နေရင် သူ့ဆီကို ငါကိုယ်တိုင် လာပေးမယ်...။ ဒီပစ္စည်းက ဂေါ်ဖီထုပ်မှ မဟုတ်တာ...၊ လိုချင်သလောက် ရနိုင်ပါ့မလား...။”
ရွှီပေါ်အန်း၏ နည်းဗျူဟာကို ရှားပါးမှု ဈေးကွက်ရှာဖွေရေးပုံစံ တစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။ အကယ်၍ သူသာ ကုန်ပစ္စည်းများကို အကန့်အသတ်မရှိ ထုတ်ရောင်းလိုက်မည်ဆိုပါက ကောင်းမွန် သော ဈေးနှုန်းတစ်ခုဖြင့် ရောင်းချနိုင်တော့မည် မဟုတ်ချေ။
ထျန်ရှောင်ဟူက ခေါင်းညိတ်ကာ ပြောလေ၏။
“ဟီးဟီး... နားလည်ပါပြီ အစ်ကို...။ ဒါပေမဲ့ ကျွန်တော်သာ အစ်ကို့နေရာမှာဆိုရင် ဒီလိုရတနာမျိုး ရှိနေ မှတော့ အလုပ်ကနေ စောစောစီးစီး ထွက်ပြီး သူဌေးကြီးတစ်ယောက်အနေနဲ့ ကိုယ်ပိုင်လုပ်ငန်း စလုပ် နေလောက်ပြီ...။ အဲဒါက ပိုမကောင်းဘူးလား...။”
“ထွက်သွားစမ်း...။ မင်းက ငါ့ရဲ့ အင်ဂျင်နီယာချုပ်နေရာကို မျက်စိကျနေပြီး ငါ့ကို အလုပ်ထွက်သွား စေချင်လို့ ပြောနေတာ မဟုတ်လား...။ သွား... သူ့ကို ဒီခေါ်ခဲ့...။”
မကြာမီတွင် ထျန်ရှောင်ဟူသည် လင်ဖုန်း၏ ရဲဘော်ရဲဘက် အချို့နှင့်အတူ ရောက်ရှိလာခဲ့လေသည်။
ရွှီပေါ်အန်းက ပြုံး၍ သူတို့ကို ထိုင်ရန် ဖိတ်ခေါ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် မေးလိုက်လေ၏။
“မင်းတို့အတွက် အလုပ်တွေကို ငါ စီစဉ်ပြီးသွားပြီ...။ ရှောင်လင်ရဲ့ အလုပ်လိုမျိုးပဲ...၊ ဒါပေမဲ့ နေရာ တွေကတော့ နည်းနည်း ဝေးလံခေါင်ဖျားတယ်...။”
သူတို့ထဲမှ တစ်ယောက်က ပြုံးလျက် ပြောလေသည်။
“အထွေထွေမန်နေဂျာရွှီ...၊ ကိစ္စမရှိပါဘူး...။ ဘယ်လောက်ဝေးဝေး ကျွန်တော်တို့ ဂရုမစိုက်ပါဘူး...။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ အိမ်ပြန်လို့မှ မရတာ...။ ကျွန်တော်တို့က အခုမှ ပြန်ရောက်ခါစဆို တော့ နည်းနည်း လမ်းပျောက်နေတာပါ...။ ဘာလုပ်ရမှန်း မသိလို့ ကံစမ်းကြည့်ဖို့ အပြင်ထွက်လာပြီး ကိုယ်နဲ့ကိုက်ညီမယ့် လမ်းကြောင်းတစ်ခုကို ရှာချင်ရုံပါ...။ ပိုက်ဆံဘယ်လောက်ရရ အရေးမကြီးပါဘူး ...၊ ဝမ်းဝပြီး နွေးနွေးထွေးထွေး နေရရင်ကို ရပါပြီ...။”
ရွှီပေါ်အန်းက ပြုံးလျက် ပြောလေ၏။
“ပိုက်ဆံဘယ်လောက်ရရ တကယ်ကို အရေးမကြီးဘူးဆိုရင် ငါ့မှာ အကြံပြုချက်အသစ် တစ်ခုရှိ တယ်...။ မင်းတို့ ဘာလုပ်ချင်လဲဆိုတာ ငါ့ကို ပြောပြပြီး ရွေးချယ်ကြည့်ပါလား...။”
“ဒုက္ခခံပြီး ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အထွေထွေမန်နေဂျာရွှီ...။ ကျေးဇူးပြုပြီး ပြောပြပါဦး...။”
ရွှီပေါ်အန်းက ရယ်မောရင်း ပြောလေသည်။
“မင်းတို့လိုလူတွေက ရှေ့တန်းအလုပ်သမားတွေအဖြစ် လုပ်နေတာ တကယ်ကို နှမြောစရာကောင်း တယ်လို့ ငါထင်တယ်...။ အဲဒါက အဆင်ပြေတယ်ဆိုရင်တောင်မှပေါ့လေ...။ ရာထူးတိုးဖို့ အခွင့်အ လမ်း မရှိရုံသာမက ကျန်းမာရေးကိုလည်း အများကြီး ထိခိုက်စေတယ်...။ ငါတို့ကုမ္ပဏီက လုံခြုံရေး ဌာနတစ်ခု စတင်ဖို့ စီစဉ်နေတယ်...။ အကယ်လို့ မင်းတို့ စိတ်ဝင်စားရင် ငါတို့လုံခြုံရေးဌာနရဲ့ ပထမ ဆုံးဝန်ထမ်းတွေအဖြစ် ဝင်လုပ်ပါလား...။”
ဤစကားကို ကြားသောအခါ လူစုမှာ ခေတ္တမျှ ကြက်သေ သေသွားကြလေ၏။ သူတို့ထဲမှ တစ်ယောက် က အနည်းငယ် အနေခက်စွာဖြင့် ပြောလိုက်လေသည်။
“ဗျာ... လုံခြုံရေးအစောင့်တွေလား...။ ဒါက... တောင်းပန်ပါတယ် အထွေထွေမန်နေဂျာရွှီ... ကျွန်တော် တို့ ဒါကို သိပ်စိတ်မဝင်စားဘူးဗျ...။ ဒါ့အပြင် လုံခြုံရေးအစောင့်တစ်ယောက်အနေနဲ့ ဘာကျွမ်းကျင်မှုမှ သင်ယူဖို့ တော်တော်ခက်ခဲတယ်လေ...။ ပြီးတော့ ကျွန်တော်တို့ရဲ့ အနာဂတ်တိုးတက်မှုအတွက်လည်း သိပ်အကျိုးမရှိဘူး...။”
သူတို့၏အမြင်တွင် လုံခြုံရေးအစောင့်ဖြစ်ခြင်းသည် အကူအညီမဲ့လွန်းသော ရွေးချယ်မှုတစ်ခု ဖြစ်ပြီး ညီအစ်ကိုများကြားတွင် မကြာခဏ နောက်ပြောင်လေ့ရှိသော အကြောင်းအရာတစ်ခုလည်း ဖြစ်ပေ သည်။
ရွှီပေါ်အန်းက ပြုံးလျက် ခေါင်းခါရင်း ပြောလေ၏။
“မင်းတို့ နားလည်မှုလွဲနေပြီ...၊ သာမန် လုံခြုံရေးအစောင့်မျိုး မဟုတ်ဘူး...။ ပထမပိုင်းမှာတော့ သာမန် လုံခြုံရေးအစောင့်တွေနဲ့ ဆင်တူတဲ့ အလုပ်အချို့ ပါဝင်ကောင်း ပါဝင်နိုင်ပေမဲ့ အနာဂတ်မှာတော့ မသေချာ ဘူးလေ...။ အရေးကြီးပုဂ္ဂိုလ်တွေရဲ့ ကိုယ်ပိုင်သက်တော်စောင့်တွေအကြောင်း မင်းတို့ ကြား ဖူးမှာပေါ့...။ သူတို့ရဲ့ အလုပ်တွေက လစာနည်းနည်းလေး ရတာမဟုတ်ဘူး...။”
ရွှီပေါ်အန်းသည် ပြုံးလျက် ခမ်းနားသော ကတိကဝတ်များကို ပေးလိုက်လေသည်။
သူကိုယ်တိုင် အမှန်တကယ်တော့ ထိုမျှလောက်အထိ စဉ်းစားထားခဲ့ခြင်း မရှိချေ။
သို့သော် ရွှီပေါ်အန်းသည် လက်ရှိတွင် ကုမ္ပဏီအတွင်း အားကိုးစရာ လူမရှိသော အခြေအနေနှင့် ရင် ဆိုင်နေရခြင်း ဖြစ်သည်။ သူ၏ လုပ်ငန်းခွင်တစ်လျှောက် မိတ်ဆွေများစွာ ရှိခဲ့သော်လည်း မကြာသေး မီက အခြေအနေ နိမ့်ကျသွားပြီးနောက်တွင် ထျန်ရှောင်ဟူမှလွဲ၍ သူ ယုံကြည်ရသော အခြားလူတစ် ယောက်ကို ရှာမရနိုင်ခဲ့ပေ။
ကုမ္ပဏီ၏ သူဌေးတစ်ဦးအနေဖြင့် ဤအရာသည် အလွန်တရာ အနေခက်သော အခြေအနေပင် ဖြစ်၏။
ရွှီပေါ်အန်းသည် ဝင်မစွက်ဖက်သော မန်နေဂျာတစ်ဦးအဖြစ် နေထိုင်ကာ ဘွန်ဆိုင်းလုပ်ငန်းကို စီမံခန့် ခွဲရန်သာ အာရုံစိုက်မည်ဟု ဆုံးဖြတ်ထားသော်လည်း သူ တာဝန်ယူရမည့် ကိစ္စရပ်များစွာ ရှိနေသေး လေသည်။
ငြိမ်ငြိမ်လေးနေရန် ရွေးချယ်နိုင်သော်လည်း လုံးဝ အသိအမြင် ကင်းမဲ့နေ၍ မရပါ ဟူသော စကား တစ်ခွန်း ရှိပေသည်။ ထိုသို့မဟုတ်ပါက ဘေးအန္တရာယ် ကျရောက်လာချိန်တွင် လုံးဝ ပြင်ဆင်ထားမှု မရှိဘဲ ဖြစ်သွားနိုင်လေ၏။
ရွှီပေါ်အန်းသည် စိတ်သဘောထား ပျော့ညံ့သူ တစ်ဦး မဟုတ်ချေ။ ဟယ်ချန်ကို အရေးယူရန် ဆုံးဖြတ် ထားပြီးဖြစ်သဖြင့် ဖြစ်ပေါ်လာနိုင်သည့် တန်ပြန်သက်ရောက်မှုများအတွက် အပြည့်အဝ ပြင်ဆင်ထား ရမည် ဖြစ်ပေသည်။
မည်သို့ပင်ဆိုစေ ယခုအခါ ကုမ္ပဏီ၏ စီမံကိန်းများရှိ လူအများစုမှာ ဟယ်ချန်ခေတ်မှ သူ၏ လူယုံများ ပင် ဖြစ်နေဆဲ ဖြစ်၏။
လုပ်ငန်းခွင်သည် စစ်မြေပြင်နှင့် တူလှပေသည်။ ခြေလှမ်းတိုင်းကို သတိထားရမည် ဖြစ်လေသည်။
နည်းပညာ နောက်ခံမှ လာသော ရွှီပေါ်အန်းသည် လေလုံးမိုးလုံးဖြင့် ကတိပေးသည့်နေရာတွင် ကျွမ်းကျင်သူ တစ်ဦးတော့ မဟုတ်ချေ။
ယနေ့ခေတ်တွင် လေလုံးမိုးလုံး ကတိများက လူများကို မလှည့်စားနိုင်တော့ကြောင်း သူ မကြာမီ သိရှိသွားခဲ့လေသည်။
တစ်စုံတစ်ယောက်က ချက်ချင်းပင် မေးခွန်းထုတ်လာလေ၏။
“အထွေထွေမန်နေဂျာရွှီ...၊ ကျွန်တော် သိပ်နားမလည်ဘူး...။ ကျွန်တော်တို့ ကုမ္ပဏီက ဆောက်လုပ်ရေး လုပ်ငန်း မဟုတ်ဘူးလား...။”
ရွှီပေါ်အန်းက ခေါင်းညိတ်ကာ ပြောလေသည်။
“သေချာတာပေါ့...။ ဒါကြောင့်မလို့ ပထမပိုင်းမှာ ကုမ္ပဏီရဲ့ စီမံကိန်းတွေ လုံခြုံရေးကို ကာကွယ်ပေးတဲ့ ကင်းလှည့်တာမျိုးလို လုံခြုံရေးအစောင့်တွေနဲ့ ဆင်တူတဲ့ အလုပ်တချို့ကို လုပ်ရဦးမယ်လို့ ငါပြောခဲ့တာ ...။”
“ဒါ့အပြင် ဒီနေ့ခေတ်မှာ လုပ်ငန်းအားလုံးက အသွင်ပြောင်းမှုနဲ့ ခုန်ပျံကျော်လွှား တိုးတက်မှုကို အလေး ပေးနေကြတယ်လေ...။ မြို့ပြအင်ဂျင်နီယာလုပ်ငန်းကနေ လုံခြုံရေးလုပ်ငန်းဆီကို ခုန်ကူးတာကလည်း ငါတို့ကုမ္ပဏီရဲ့ အသွင်ပြောင်းမှုနဲ့ ခုန်ပျံကျော်လွှား တိုးတက်မှုအတွက် လမ်းကြောင်းတစ်ခုပဲ...။”
လူငယ်များ၏ မျက်နှာပေါ်ရှိ စိတ်ပျက်သွားသော အမူအရာကို မြင်သောအခါ ရွှီပေါ်အန်းသည် သူ၏ ကတိကဝတ်များက သူတို့ကို မဆွဲဆောင်နိုင်ခဲ့ကြောင်း သိလိုက်လေ၏။
ကြည့်ရသည်မှာ မိမိတို့၏ အဆုံးစွန်သော လက်နက်ကို အသုံးပြုရတော့မည့်ပုံပင်။
ရွှီပေါ်အန်းသည် အသံကို ထပ်မံမြှင့်လိုက်ပြီး ပြောလေသည်။
“ဒါပေမဲ့ စိတ်မပူပါနဲ့ ညီအစ်ကိုတို့...။ လစာနဲ့ ပတ်သက်ပြီး မင်းတို့ကို ငါ စိတ်ပျက်စေမှာ မဟုတ်ပါ ဘူး...။ ရှောင်လင်ရဲ့ လက်ရှိလစာက ရှစ်ထောင်ဝန်းကျင်ရှိတယ်...။ မင်းတို့ရဲ့ လစာကလည်း အဲဒီထက် နည်းမှာ မဟုတ်ဘူးလို့ ငါ အာမခံတယ်...။ ပြီးတော့ ထပ်တိုးပေးဖို့ အခွင့်အရေးတွေလည်း ရှိလာလိမ့် မယ်...။”
“ဒါပေမဲ့ မင်းတို့ရဲ့ လုပ်ငန်းတာဝန်တွေက ကင်းလှည့်တာနဲ့ တံခါးစောင့်ရုံသက်သက်ထက် အများကြီး ပိုတယ်နော်...။ မင်းတို့ရဲ့ တာဝန်တွေကို ထမ်းဆောင်နေရင်း စီမံကိန်းနဲ့ ပတ်သက်သမျှ အရာအားလုံးကို သေချာနားလည်သဘောပေါက်စေဖို့ တတ်နိုင်သမျှ သတင်းအချက်အလက်တွေကို စုဆောင်းရမယ်လို့ ငါ မျှော်လင့်တယ်...။”
မြေပုံကို ဖြန့်ချလိုက်သောအခါ အစစ်အမှန် အသွင်အပြင်များ ပေါ်လွင်လာလေသည်...၊ ငွေကြေး၏ စွမ်းအားပင် တည်း။
“ဒါက... သူလျှိုလုပ်တာနဲ့ နည်းနည်းဆင်နေသလိုပဲ...။”
ဟု တစ်စုံတစ်ယောက်က မေးခွန်းထုတ်လာလေ၏။
ရွှီပေါ်အန်းက ရယ်မောရင်း ပြောလေသည်။
“နောက်မနေပါနဲ့... ငါက ဒီကုမ္ပဏီရဲ့ ခေါင်းဆောင်လေ...။ ဘယ်သူက ကိုယ့်အိမ်မှာကိုယ် သူလျှို ထည့် ထားမှာလဲ...။”
အခြားတစ်ယောက်က ချက်ချင်းပင် ဖြည့်စွက်ပြောဆိုလာလေ၏။
“မဟုတ်ဘူး... တိတိကျကျ ပြောရရင် နန်းတွင်းအထူးစုံစမ်းရေးတပ်ဖွဲ့လို ပုံစံမျိုး ဖြစ်ရမယ်...။”
ရွှီပေါ်အန်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလေသည်။
“မှန်တယ်... ဒါပေမဲ့ ပထမပိုင်းမှာ ငါတို့ ညီအစ်ကိုတွေ လုပ်ရမယ့်အရာတွေက ကိုယ့်ရဲ့စွမ်းရည်ကို လေ့ကျင့်ဖို့နဲ့ အားလုံးအတွက် ရိုးရှင်းတဲ့ စမ်းသပ်မှုတစ်ခုပဲ...။ ဘာပဲဖြစ်ဖြစ် ဆောက်လုပ်ရေးလုပ်ငန်း ခွင် တစ်ခုမှာက လူနည်းနည်းနဲ့ ဧရိယာအသေးလေးပဲ ရှိတာလေ...။ ဒီလောက်သေးငယ်တဲ့ ဧရိယာ လေးထဲက ကိစ္စတွေကိုတောင် မကိုင်တွယ်နိုင်ဘူးဆိုရင် ရှေ့ဆက်ရမယ့်လမ်းက ပိုပြီး ခက်ခဲလိမ့် မယ်...။”
ရွှီပေါ်အန်းသည် သူ၏စကားများကို ပိုမိုယုံကြည်ရလောက်အောင် ပြုလုပ်ရန် ခမ်းနားသော ကတိ ကဝတ်များကို ဆက်လက်ပေးနေခဲ့လေ၏။
မည်သို့ပင်ဆိုစေ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုအတွက် နန်းတွင်းသက်တော်စောင့်တပ်ဖွဲ့၏ အခန်း ကဏ္ဍမှ ပါဝင်နေရခြင်းမှာ အသေးအဖွဲကိစ္စကို ကြီးကျယ်ခမ်းနားအောင် ပြုလုပ်နေသကဲ့သို့ ဖြစ်နေ ပေသည်။
သို့သော် ရွှီပေါ်အန်းတွင် အမှန်တကယ် ရွေးချယ်စရာ မရှိခဲ့ချေ။ သူသည် ဘွန်ဆိုင်းထဲရှိ အရာများကို အာရုံစိုက်ရန် အလုပ်များနေသော်လည်း တစ်ချိန်တည်းမှာပင် သူ၏ လက်ရှိအလုပ်ကိုလည်း စွန့်လွှတ် လိုခြင်း မရှိခဲ့ပေ။
ဤလူ့အဖွဲ့အစည်းတွင် အလုပ်အကိုင်တစ်ခု ရှိနေခြင်းသည် ပိုမိုကောင်းမွန်သော လူသိရှင်ကြား ပုံရိပ် တစ်ခုကို ဖန်တီးရန်၊ မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန်နှင့် မိမိ၏ ထူးခြားသော ဝိသေသ လက္ခဏာများကို ပိုမိုကောင်းမွန်စွာ ဖုံးကွယ်ထားနိုင်ရန်အတွက် မရှိမဖြစ် လိုအပ်လှပေသည်။
သို့သော် ရာထူးစတင်ရယူခါစ ရွှီပေါ်အန်းသည် ကုမ္ပဏီအပေါ် ခိုင်မာသော ချုပ်ကိုင်နိုင်စွမ်း မရှိသေး သဖြင့် ဤအခြေခံအကျဆုံး နည်းလမ်းကို အသုံးပြုရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိခဲ့ချေ။
သူ၏ ရည်ရွယ်ချက်မပါသော လုပ်ရပ်သည် မဟာကျင့်မင်းဆက်၏ သမိုင်းတွင် ဂန္ထဝင်မြောက် ပုံပြင် တစ်ပုဒ်ကို ဖန်တီးပေးလိမ့်မည်ဟု ရွှီပေါ်အန်း ဘယ်တုန်းကမှ မထင်မှတ်ထားခဲ့ပေ။
မကြာမီတွင် ငွေကြေး၏ အကူအညီဖြင့် ထိုလူများသည် ရွှီပေါ်အန်း၏ အဆိုပြုချက်ကို သဘောတူ ခဲ့ကြသော်လည်း လင်ဖုန်းနှင့် ပြန်လည်ဆွေးနွေးရန် လိုအပ်နေသေးလေ၏။
ရွှီပေါ်အန်းသည် လင်ဖုန်း၏ စွမ်းဆောင်ရည်များကို ယခင်က မြင်တွေ့ခဲ့ဖူးပြီး လုံခြုံရေးဌာနတစ်ခုကို တည်ထောင်နေခြင်းဖြစ်သဖြင့် လင်ဖုန်း ဟူသော ဤလူငယ်လေးကို သူ သဘာဝကျကျပင် လက်လွတ် ခံမည် မဟုတ်ချေ။
မကြာမီ ထိုလူများ ထွက်ခွာသွားကြပြီး အခန်းထဲတွင် ရွှီပေါ်အန်းနှင့် ထျန်ရှောင်ဟူတို့သာ ကျန်ရစ်ခဲ့လေ သည်။
ထိုလူများ ရှိနေစဉ်က ထျန်ရှောင်ဟူသည် စကားတစ်ခွန်းမှ မဟဘဲ သူ၏ လက်ဖက်ရည်ကိုသာ သောက်နေခဲ့၏။
ထိုလူများ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ထျန်ရှောင်ဟူက မစောင့်နိုင်တော့ဘဲ မေးလေတော့သည်။
“အစ်ကို... လုံခြုံရေးဌာနက ဘယ်လိုဖြစ်တာလဲ...။ ကျွန်တော် ဘာမှမသိရပါလား...၊ ကြားတောင် မကြားဖူးဘူး...။ ဘယ်တုန်းက ဖြစ်သွားတာလဲ...။”
ရွှီပေါ်အန်းက ခေါင်းငုံ့၍ လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီး ပြောလေ၏။
“ခုလေးတင်ပဲ...”
ထျန်ရှောင်ဟူက မျက်စောင်းထိုးလိုက်ပြီး ပြောလေသည်။
“ကောင်းပြီလေ... အစ်ကိုက သူဌေးဆိုတော့ လုပ်ချင်တာ လုပ်ပေါ့...။ တုန်းကျန်း ဒုတိယဆောက်လုပ် ရေးကုမ္ပဏီရဲ့ အဆိုအကအဖွဲ့ ဒါမှမဟုတ် တခြားတစ်ခုခုကို ထပ်စလုပ်လာမှာကို ကျွန်တော် တကယ် ကြောက်မိတယ်...။”
“ထွက်သွားစမ်း...၊ မင်းရဲ့ ယောက္ခမကို တော်ဝင်အဆိုအကအဖွဲ့ စလုပ်ဖို့ သွားပြောပါလား...။”
ဟု ရွှီပေါ်အန်းက ရယ်မောရင်း ပြောလိုက်ပြီးနောက် ထျန်ရှောင်ဟူနှင့် စကားပြောနေခြင်းကို ရပ်တန့် ကာ လေးနက်စွာ မေးလိုက်လေ၏။
“ရှောင်ဟူ... မင်း ယောက္ခမရဲ့ လုပ်ငန်းကို ကူညီပေးဖို့ တကယ် အစီအစဉ် မရှိဘူးလား...။”
ထျန်ရှောင်ဟူက စိတ်ပျက်လက်ပျက်ဖြင့် ပြောလေသည်။
“မရှိပါဘူး... မရှိပါဘူး...၊ ကျွန်တော် မသွားဘူး...။ ကျွန်တော်က အိမ်ပါယောကျ်ားမှ မဟုတ်တာ...။ ကျွန်တော့်မှာ ကိုယ်ပိုင်လုပ်ငန်း ရှိတယ်လေ...။ ပြီးတော့ ကျွန်တော် အဆင်ပြေနေတာပဲ...။ လူတွေကို သိမ်ငယ်စေတဲ့ အဲဒီလို အောက်ခြေကျတဲ့ လုပ်ငန်းကို သွားလုပ်ရအောင် ကျွန်တော်က ဘာလို့ အဲဒီ လောက်တောင် မိုက်မဲရမှာလဲ...။”
“ကျွန်တော်သာ သူတို့အပေါ် သွားမှီခိုလိုက်ရင် သူတို့အိမ်မှာ ဘယ်တော့မှ ခေါင်းမော့နိုင်တော့မှာ မဟုတ်ဘူး...။ အကယ်လို့ အခြေအနေတွေ ကောင်းနေရင် သူတို့မိသားစု ချမ်းသာလို့ဆိုပြီး ဖြစ်မှာ..၊ အဆင်မပြေရင်တော့ ကျွန်တော် အရည်အချင်းမရှိလို့ဆိုပြီး ဖြစ်မှာ...။ အဲဒီလို အခြေအနေမျိုးကို ကျွန်တော် မကိုင်တွယ်နိုင်ဘူး...။”
ရွှီပေါ်အန်းက ရယ်မောရင်း ပြောလေ၏။
“အဲဒါဆို ပိုတောင် ကောင်းသေးတယ်...။ စက်ရုံဟောင်းလမ်း စီမံကိန်းရဲ့ အဓိကအချက်က မကြာသေး ခင်က ရှေးဟောင်းသုတေသနဘက်ကို ရောက်သွားတော့ သူတို့ သိပ်အလုပ်မများကြဘူးလေ... ။ ငါ့ အတွက် လုံခြုံရေးဌာန တည်ထောင်ဖို့ကိစ္စကို စောင့်ကြည့်ပေးထား...။”
ရွှီပေါ်အန်းက သူ့ကို လိမ်ပြောနေခြင်း မဟုတ်ချေ။ သူသည် ဤစိတ်ကူးကို ရုတ်တရက် ခေါင်းထဲ ပေါ်လာ၍သာ ပြောလိုက်ခြင်း ဖြစ်ပေသည်။
ယနေ့ ချန်တက်ဝေ၏ အတွေ့အကြုံကြောင့် ရွှီပေါ်အန်းမှာ များစွာ တုန်လှုပ်သွားခဲ့ရလေ၏။ အကယ်၍ ချန်တက်ဝေသည်သာ ယုံကြည်စိတ်ချရသော လူအချို့ကို ရှာဖွေနိုင်ခဲ့ပါက ယနေ့တွင် ဤမျှ အခြေအ နေဆိုးပြီး အရှိုက်ထိခံရသော အခြေအနေမျိုးသို့ ရောက်ရှိနေမည် မဟုတ်ချေ။
ထိုစဉ်က မိမိ၌သာ ထိုကဲ့သို့သော လူစုတစ်စု ရှိနေခဲ့မည်ဆိုလျှင် လက်ပူးလက်ကြပ် ဖမ်းရန် သွားခဲ့စဉ် က ဤမျှ အရှိုက်ခံရသော အခြေအနေမျိုးသို့ ရောက်ရှိခဲ့မည် မဟုတ်ပေ။
ဤလူများသည် ကိုယ်ကာယ ကြံ့ခိုင်ရုံသာမက နိုးကြားမှု အလွန်မြင့်မားပြီး လှုပ်ရှားမှု စွမ်းရည်လည်း အထူးကောင်းမွန်ကြလေသည်။
သို့မဟုတ်ပါက ချန်တက်ဝေကို ဖမ်းဆီးရန် ဤမျှ လွယ်ကူခဲ့မည် မဟုတ်ချေ။
ရွှီပေါ်အန်းသည် ကုမ္ပဏီ၏ အမည်ခံ ခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း ကုမ္ပဏီအတွင်း၌ အရည် အချင်းရှိသူ ရှားပါးနေလေသည်။
ယခုအချိန်တွင် နောက်ကြောင်းရာဇဝင် ရှင်းလင်းသူများမှာ အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်ပေသည်။
ကုမ္ပဏီရုံးချုပ်တွင် သဘာဝကျကျပင် လုံခြုံရေးအစောင့် ထိုမျှလောက်များစွာ မလိုအပ်သော်လည်း ၎င်းတို့ကို စီမံကိန်းအသီးသီးသို့ တာဝန်ချထားပေးနိုင်လေသည်။
စီမံကိန်းတိုင်းတွင် လုံခြုံရေး လိုအပ်ချက်များ ရှိပေသည်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ပစ္စည်းများ ပျောက်ဆုံးခြင်းသည် အမြဲတမ်း ပြဿနာကြီး တစ်ရပ် ဖြစ်ခဲ့၏။ ဤလူများ ထပ်တိုးလာခြင်းဖြင့် ပစ္စည်းပျောက်ဆုံးမှုကို ထိရောက်စွာ တားဆီးနိုင်ရုံ သာမက ၎င်းတို့သည် အောက်ခြေစီမံကိန်းများရှိ မိမိတို့၏ မျက်စိနှင့် နားများအဖြစ်လည်း ဆောင်ရွက် ပေးနိုင်လေသည်။
ဤကောင်းမွန်လှသော အကြောင်းပြချက်ဖြင့် အခြားသူများကို လေးစားဖွယ်ကောင်းအောင် တင်ပြနိုင် ပြီး လူများကို စီမံကိန်းအသီးသီးသို့ သင့်လျော်မှန်ကန်စွာနှင့် တရားဝင် တာဝန်ချထားပေးကာ မိမိ၏ မဟာဗျူဟာမြောက် အစီအစဉ်ကို ပြီးမြောက်စေမည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်လေ သည်။
ကိုယ်ပိုင်လူများကို လေ့ကျင့်ပေးရန်အတွက် ကုမ္ပဏီ၏ ပလက်ဖောင်းကို အသုံးချနိုင်ခြင်းသည် အလွတ်တန်းလုပ်ငန်းလုပ်ကိုင်သူများအတွက် အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ခုပင် ဖြစ်၏။
ထို့အပြင် ရွှီပေါ်အန်းသည် ကုမ္ပဏီအတွက် အမှန်တကယ် အလုပ်လုပ်နေခြင်း ဖြစ်သဖြင့် မည်သူကမျှ သူ့ကို အပြစ်ရှာနိုင်မည် မဟုတ်ချေ။
ကိစ္စရပ်များကို ဖြေရှင်းပြီးနောက် ရွှီပေါ်အန်းသည် စိတ်အခြေအနေ အလွန်ကောင်းမွန်နေပြီး လန်းဆန်း သွားစေရန် လက်ဖက်ရည် အနည်းငယ် သောက်မည်အပြုတွင် သူ၏စိတ်ထဲရှိ ဘွန်ဆိုင်းဆီသို့ အမှတ် တမဲ့ လှမ်းကြည့်မိလိုက်လေသည်။
ရွှီပေါ်အန်းမှာ ချက်ချင်းပင် မှင်သက်သွားခဲ့လေ၏။
ဘွန်ဆိုင်းဥယျာဉ်တစ်ခုအရွယ်အစားသာရှိသော ဤမြေကွက်ငယ်လေးပေါ်သို့ လူရာပေါင်းများစွာသည် ဖြေးဖြေးမှန်မှန် ဝင်ရောက်လာနေကြလေသည်။
အပြင်ဘက်မှနေ၍ ဘွန်ဆိုင်းကို ကြည့်လိုက်လျှင် ထိုအသစ်ရောက်လာသော လူပုလေးများဖြင့် ဘွန်ဆိုင်း၏ တစ်ဝက်ခန့် ပြည့်နှက်နေသည်ကို မြင်တွေ့ရပေသည်။
*ဒါက ဘာဖြစ်နေတာလဲ...၊ ရှိရှန်းမြို့က ဈေးက ဒီကို ပြောင်းလာတာများလား...။*
*ခေါင်ရှန်းရွာမှာ ဈေးနေ့ရှိတယ်လို့ တစ်ခါမှ မကြားဖူးပါဘူး...။*
ရွှီပေါ်အန်း ဝေခွဲမရ ဖြစ်နေစဉ်မှာပင် လူအုပ်ထဲမှ ရင်းနှီးနေသော ပုံရိပ်တစ်ခုကို သူ တွေ့လိုက်ရလေ တော့သည်။