← Chapters

အခန်း ၁၄၉

Vol. 15 Ch. 149

အခန်း ၁၄၉

Vol. 15 Ch. 149

အခန်း (၁၄၉)

ဒုက္ခသည်များ

ရွှီပေါ်အန်း၏ ဘွန်ဆိုင်းသည် သိပ်မကြီးမားလှပေ။

သို့သော်လည်း တောင်စောင့်နတ်မင်း တစ်ပါးအနေဖြင့် ဤနယ်မြေသည် ရွှီပေါ်အန်း၏ မျက်လုံးထဲတွင် အဆမတန် ကြီးမားနေသယောင် ထင်ရလေ၏။

သူ အာရုံစိုက်လိုက်သော မည်သည့် နေရာမဆို ရွှီပေါ်အန်း၏ အမြင်အာရုံထဲတွင် ဆံပင်တစ်မျှင်စာ အထိ အလွန်အမင်း ရှင်းလင်းပြတ်သားသွားကာ အာရုံစူးစိုက်မှု အပြည့်ရှိသော ခံစားချက်မျိုးကို ဖြစ် ပေါ်စေခဲ့လေသည်။

ထို့ကြောင့် လူအုပ်ထဲသို့ တစ်ချက်ဝေ့ကြည့်လိုက်ရုံမျှဖြင့် ရွှီပေါ်အန်းသည် လူဟောင်းတစ်ဦးကို တွေ့လိုက်ရလေ၏။ သတ္တုတွင်းလုပ်သား ကျင်းတာ့ကျန့်ပင် ဖြစ်လေသည်။

ယခင်က နျူရှီအာသည် သူ၏ဖခင်နှင့် ဒဏ်ရာရနေသော လုပ်ဖော်ကိုင်ဖက် တစ်စုကို ဟုန်ယာရွာရှိ တောင်စောင့်နတ်မင်းနှင့် မြေစောင့်နတ် နတ်ကွန်းဆီသို့ ဆေးကုသရန် ခေါ်ဆောင်သွားခဲ့စဉ်က ကျင်းတာ့ကျန့်သည်လည်း ထိုအထဲတွင် တစ်ဦးအပါအဝင် ဖြစ်ခဲ့လေသည်။

ကျင်းတာ့ကျန့်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားသောကြောင့် ရွှီပေါ်အန်းသည် အမွှေးတိုင် ပူဇော်မှု စွမ်းအား တစ်စက်ကို အသုံးပြုကာ လမ်းညွှန်ပြသပေးခဲ့ရပြီး တောင်စောင့်နတ်မင်း နတ်ကွန်းမှ အမွှေးတိုင်ပြာဖြင့် ကျင်းတာ့ကျန့်ကို ကယ်တင်ပေးခဲ့ရလေ၏။

ဤအရာက သတ္တုတွင်းလုပ်သားများကို တောင်စောင့်နတ်မင်း၏ စွမ်းအားအပေါ် ပိုမို ကြည်ညို ယုံကြည်သွားစေခဲ့ပြီး ရွှီပေါ်အန်း၏ အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားထဲသို့ နောက်ထပ် စွမ်းအားနှစ်ခုကို တိုက်ရိုက် ပေါင်းထည့်ပေးခဲ့လေသည်။

သို့ရာတွင် ယခုအချိန်၌ ကျင်းတာ့ကျန့်သည် သူ၏ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ မရှိနေခဲ့ပေ။

ထို့အစား သူသည် အဘွားအိုတစ်ဦးကို တွဲကူပေးရင်း လူအုပ်ကြီးနှင့်အတူ ဘွန်ဆိုင်းဥယျာဉ်အတွင်းရှိ မြို့ရိုးအပြင်ဘက်သို့ ဖြည်းညင်းစွာ လိုက်ပါလာခဲ့ကာ မြို့ရိုးပေါ်ရှိ မြင့်မားသော စင်မြင့်ဆီသို့ မော့ကြည့်နေခဲ့လသည်။

သူ၏အနောက်တွင် အမျိုးသမီးတစ်ဦးက ကလေးနှစ်ယောက်၏ လက်ကို တစ်ဖက်တစ်ချက်စီ ဆွဲကိုင် လျက် လိုက်ပါလာခဲ့လေသည်။

ထိုလူများ၏ အဝတ်အစားများမှာ စုတ်ပြဲဟောင်းနွမ်းနေသဖြင့် သူတို့၏ မိသားစုများမှာ ပြည့်စုံလုံ လောက်မှု မရှိကြောင်း ထင်ရှားစွာ ပြသနေလေသည်။

ဤအခြေအနေမျိုးတွင် ကလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ရန်မှာ လွယ်ကူသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။

မြို့ရိုးပေါ်တွင်ကား ဓားပြအားလုံးနီးပါး ထူးထူးခြားခြား စုရုံးရောက်ရှိနေကြသော်လည်း သူတို့သည် အလွန်အမင်း အလေးအနက်ထားသည့် ပုံမပေါ်ဘဲ ပွဲကြည့်နေသည့်အလား အပြင်ဘက်သို့ လှမ်းကြည့် နေကြလေသည်။

ဓားပြတစ်ယောက် ပီပီ မတ်တတ်ရပ်ခြင်း သို့မဟုတ် ထိုင်ခြင်းများတွင် မည်သည့် အမူအကျင့်ကောင်း မှ မရှိကြဘဲ ရှန်းယန်မှ အမျိုးသားများနှင့် ယှဉ်နိုင်စွမ်း မရှိကြချေ။

မြို့ရိုးပေါ်တွင် ထိုလူများသာ ရှိနေခြင်း မဟုတ်ပေ။ ရွှီပေါ်အန်းက စပ်စုလိုစိတ်ဖြင့် သေချာစွာ လေ့လာ ကြည့်လိုက်သောအခါ လီခန့်ရှန်းနှင့် လီလောင်ဆန်းတို့သည်လည်း မြို့ရိုးပေါ်မှ အပြင်ဘက်သို့ လှမ်း ကြည့်နေကြသည်ကို တွေ့လိုက်ရလေသည်။

လီချင်းကျန်း၊ ရွှမ်ကျုးနှင့် အခြား လူငယ်အချို့သည်လည်း ဘေးဘက်တွင် ရပ်နေကြလေ၏။

မြို့ရိုးအတွင်းရှိ လူများအားလုံးမှာ ခေါင်ရှန်းရွာမှ ရွာသားများ ဖြစ်ကြပြီး ဤလူများသည် ပွဲကြည့်ရန် သက်သက် လက်ဗလာဖြင့် လာခဲ့ကြခြင်း မဟုတ်ပေ။

ရွှီပေါ်အန်းသည် လူအများအပြား ကိရိယာတန်ဆာပလာ အမျိုးမျိုးကို ကိုင်ဆောင်ထားကြသည်ကို သတိပြုမိလိုက်လေသည်။

*ပေါက်ပြား၊ စွတ်ဖား၊ ဂေါ်ပြား၊ သစ်ကိုင်း၊ ဒလှိမ့်တုံးနှင့်...၊ ဘုရားရေ...၊ နောက်ချေးခပ်သည့် ခွက်ကို ကိုင်ဆောင်လာခြင်းကတော့ တကယ်ကို လွန်လွန်းသွားပြီ….။*

ရရှိနိုင်သော ကြီးမားသည့် သံချောင်းကြီး အနည်းငယ်မှာ လီချင်းကျန်း၊ ရွှမ်ကျုးနှင့် အခြား လူငယ် အချို့၏ လက်ထဲတွင် ရှိနေလေသည်။

ဤလူများမှာ လွန်ခဲ့သော ရက်အနည်းငယ်က မိဘအိမ်သို့ ပြန်သွားကြသော အမျိုးသမီးများမှ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်လေသည်။

မည်သို့ပင်ဖြစ်စေ အိမ်တွင် နေထိုင်မှုအဆင့်အတန်းများ တိုးတက်လာပြီး စားစရာနှင့် နေစရာများ ပေါများလာချိန်တွင် မည်သူက အပြင်ဘက်၌ လှည့်လည်သွားလာချင်မည်နည်း၊ သို့မဟုတ် သူတစ်ပါး ၏ အမိုးအောက်တွင် နေထိုင်ချင်မည်နည်း။

ဤရှားပါးသော မြင်ကွင်းကို တွေ့မြင်လိုက်ရသောအခါ ရွှီပေါ်အန်းသည် မြို့ရိုးပေါ်သို့ အာရုံစိုက်ရန် မနေနိုင်အောင် ဖြစ်သွားခဲ့လေ၏။

ထို့နောက် လီခန့်ရှန်းနှင့် အခြားသူများ၏ စကားပြောဆိုသံကို သူ ကြားလိုက်ရလေသည်။

လီခန့်ရှန်းက လေးနက်သော မျက်နှာအမူအရာဖြင့် ဓားပြခေါင်းဆောင်ကြီးအား ပြောလိုက်လေသည်။

"ခေါင်းဆောင်ကြီး...၊ ဒုတိယခေါင်းဆောင်...၊ ဒုက္ခသည် အရေအတွက်က တိုးလာနေတုန်းပဲ...၊ ဒီအတိုင်း ဆက်သွားရင် ကျွန်တော်တို့ တောင့်ခံထားနိုင်မှာ မဟုတ်ဘူး...၊ ကျွန်တော်တို့ အောက်ဆင်းပြီး သူတို့နဲ့ သွားမပြောကြည့်သင့်ဘူးလား...။"

ယွီတောက်ချွမ် စကားမပြောနိုင်မီမှာပင် ဓားပြခေါင်းဆောင်က သရော်သည့်လေသံဖြင့် ပြောလိုက်လေ ၏။

"နားထောင်လို့တော့ ကောင်းပါတယ်...၊ ဒါပေမဲ့ ဘယ်သူက အောက်ဆင်းသွားမှာလဲ...၊ ခင်ဗျားဘာသာ အောက်ဆင်းသွားပါလား...။"

ဤအခြေအနေတွင် အမည်မသိ ဒုက္ခသည်များကို ရင်ဆိုင်ရခြင်းမှာ အလွန်တရာ အန္တရာယ်များလှ ကြောင်းကို အရူးတစ်ယောက်ပင်လျှင် သိနိုင်ပေသည်။

မူလက လူများသည် မြို့ရိုးအထက်နှင့် အောက်မှ အော်ဟစ်ကာ အချင်းချင်း ကြားနိုင်ပြီး ဆက်သွယ် ၍ပင် ရနိုင်သေးသည်။

သို့သော်လည်း ယခုအချိန်တွင် အောက်ဘက်ရှိ အခြေအနေမှာ အလွန် ဆူညံနေပြီး ဦးဆောင်ရန် သို့မဟုတ် စည်းရုံးရန် မည်သူမျှ မရှိသဖြင့် မြို့ရိုးပေါ်နှင့် အောက်ရှိ လူများအကြား အော်ဟစ်သံများကို လုံးဝ မကြားရချေ။

သူတို့သည် အတန်ကြာ ကြိုးစားခဲ့သော်လည်း ဆက်သွယ်ရန် နည်းလမ်းမရှိသေးသဖြင့် အောက်သို့ ဆင်းကာ စကားပြောရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ကြောင်း ဆုံးဖြတ်လိုက်ကြလေသည်။

လီခန့်ရှန်းက ခေါင်းအနည်းငယ် ညိတ်ကာ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရွှမ်ကျုးက ဖြတ်ပြော လိုက်လေ၏။

"ခင်ဗျား ကျွန်တော့်ကို နောက်နေတာလား...၊ ကျွန်တော်တို့ရဲ့ ရွာလူကြီးက အရမ်းအိုမင်းနေပြီ...၊ သူ့ကို အောက်ဆင်းပြီး စကားပြောခိုင်းချင်တယ်ပေါ့...၊ ခင်ဗျားက ဒီလိုပြောထွက်ဖို့ တကယ်ကို သတ္တိရှိတာ ပဲ...။ ခင်ဗျားဘာသာ ခင်ဗျား အောက်ဆင်းသွားပါလား...။"

ဓားပြခေါင်းဆောင်က ပြင်းထန်စွာ အော်ဟစ်လိုက်လေသည်။

"ငါတို့ ညီအစ်ကိုတွေက ဒီလူတွေ မင်းတို့ကို ဒုက္ခပေးမှာ စိုးရိမ်လို့ သူတို့ကို အထဲမဝင်အောင် တားထား ပေးတာလေ...၊ မင်းက ဘာလို့ ဒီကိစ္စကို ငါ့ခေါင်းပေါ် ပုံချဖို့ ကြိုးစားနေရတာလဲ...။"

ထိုသို့ပြောဆိုရင်း သူက ဘေးရှိ လီခန့်ရှန်းနှင့် လီလောင်ဆန်းတို့အား မထီမဲ့မြင် အမူအရာဖြင့် စိုက် ကြည့်ကာ ပြောလိုက်လေ၏။

"ဒါတွေအားလုံးက ခင်ဗျားတို့နှစ်ယောက် သဘောကောင်းလွန်းပြီး ထိုဒုက္ခသည်တွေကို အစာကျွေးဖို့ အတင်းအကြပ် လုပ်ခဲ့လို့ ဖြစ်ရတာ...။ အခု ခင်ဗျားတို့ လုပ်ခဲ့တာတွေကို ကြည့်လိုက်ပါဦး...၊ မဟာ အလှူရှင်ကြီးတွေအဖြစ် ခင်ဗျားတို့ရဲ့ နာမည်ဂုဏ်သတင်းက ကြီးမားသွားပြီ...၊ ပြီးတော့ ဒီနေရာမှာ စားစရာရှိတယ်ဆိုတာကို လူတိုင်းက သိသွားကြလို့ အခုတော့ အားလုံးက ကျွန်တော်တို့ကို လာရှာ နေကြပြီလေ...၊၊”

“ဒါပေမဲ့ ခင်ဗျားတို့က ဒီလောက်များပြားတဲ့ လူတွေကို ထောက်ပံ့ဖို့ တတ်နိုင်လို့လား...၊ ခင်ဗျားတို့ တတ်နိုင်တယ်ဆိုရင်တောင် သူတို့ထဲမှာ မကောင်းတဲ့ ရည်ရွယ်ချက်ရှိသူတွေ ပါမပါ သိနိုင်လို့လား...၊ ခင်ဗျားတို့ဘာသာ ပြဿနာကို ဖိတ်ခေါ်ခဲ့တာပဲ...။"

လီချင်းကျန်းက အေးစက်စွာ ပြောလိုက်လေသည်။

"ကျွန်တော်တို့အားလုံးက အိမ်နီးချင်းတွေပဲ...၊ ဒါကြောင့် ခုလို သရော်တဲ့ စကားတွေ ပြောနေဖို့ မလိုအပ်ပါဘူး...။"

ခေါင်းဆောင်ကြီးက ထပ်မံ စကားဆိုရန် ပြင်လိုက်စဉ် ယွီတောက်ချွမ်က သူ့ကို အနောက်သို့ ဆွဲယူ လိုက်ပြီး ရိုသေလေးစားမှုကို ပြသသည့်အနေဖြင့် လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်လေ၏။

"လူကြီးမင်းတို့...၊ ကျွန်တော့်ရဲ့ အစ်ကိုကြီးက လူတိုင်းရဲ့ ဘေးကင်းရေးအတွက် စိုးရိမ်နေရုံသက်သက် ပါ...။ သူက နည်းနည်းတော့ ပွင့်လင်းလွန်းသွားတယ်...၊ ဒါပေမဲ့ သူ့စကားတွေက ကြမ်းတမ်းနေပေမယ့် အကြောင်းပြချက်ကတော့ ခိုင်လုံတယ်ဆိုတာ ခင်ဗျားတို့ အားလုံး သိပါတယ်...။ ဒီဒုက္ခသည်တွေက ခင်ဗျားတို့ရဲ့ ပစ္စည်းကောင်းတွေကို မြင်တဲ့အခါ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားမှာကို ကျွန်တော် စိုးရိမ်မိ တယ်..."

လီခန့်ရှန်းက ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

"ဒုတိယခေါင်းဆောင် ပြောတာ အဓိပ္ပာယ်ရှိပါတယ်...။ ကောင်းပြီလေ...၊ ကျွန်တော် အခု အောက်ဆင်း သွားပါ့မယ်...၊ ကိစ္စမရှိပါဘူး...။ ကျွန်တော်တို့အားလုံးက ဆင်းရဲသားတွေဖြစ်ပြီး အချင်းချင်း နားလည် ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်...၊ အနည်းဆုံးတော့ သူတို့ ကျွန်တော့်ကို ချက်ချင်းကြီး ဒုက္ခပေးမှာ မဟုတ်ပါဘူး...။"

"ရွာလူကြီး...၊ ဒီလိုလုပ်လို့ မဖြစ်ဘူးလေ...။ ဒီလူတွေက ဘယ်လောက်တောင် ငတ်မွတ်နေကြလဲဆို တာ မသိနိုင်ဘူး...။ သူတို့ ဆာလောင်နေတဲ့အချိန် ဘာတွေလုပ်မလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ...။"

ရွှမ်ကျုးက စိုးရိမ်တကြီး မျက်နှာအမူအရာဖြင့် ပြောလိုက်လေ၏။

ဤနေရာရှိ လူတိုင်းသည် ဆင်းရဲဒုက္ခများမှ လာခဲ့ကြပြီး ငတ်မွတ်ခြင်းကို ကြုံတွေ့ခဲ့ဖူးသဖြင့် ရွှမ်ကျုး၏ စိုးရိမ်ပူပန်မှုများကို မည်သူကမျှ မေးခွန်းမထုတ်ခဲ့ကြပေ။

လီချင်းကျန်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

"ဟုတ်ပါတယ်...၊ ပြီးတော့ ဒီလူတွေက စည်းကမ်းမဲ့ပြီး စည်းရုံးမှုမရှိကြဘူး...၊ သူတို့ထဲက အများစုဟာ လူကောင်းတွေ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့ လူဆိုးအနည်းငယ် ဒါမှမ ဟုတ် စိတ်လွတ်နေတဲ့ လူတွေ ပါလာခဲ့ရင် အကျိုးဆက်က ခန့်မှန်းလို့ရနိုင်မှာ မဟုတ်ဘူး...။"

ယွီတောက်ချွမ်က သက်ပြင်းချကာ ပြောလိုက်လေ၏။

"ကျွန်တော် သွားပါ့မယ်...၊ အဟွတ်... အဟွတ်... အဟွတ်...၊ ဘာအစီအစဉ်မှ မဆွဲခင် ဒီလူတွေရဲ့ အခြေအနေကို အရင်လေ့လာဖို့ နောက်မကျသေးပါဘူး...။"

ထိုသို့ပြောလိုက်သည်နှင့် တုံ့ဆိုင်းနေဆဲဖြစ်သော လီခန့်ရှန်းမှာ အားနာသွားပြီး ချက်ချင်းပင် ပြောလိုက်လေသည်။

"မဟုတ်ပါဘူး...၊ ကျွန်တော် သွားတာ ပိုကောင်းပါလိမ့်မယ်...။ ခေါင်းဆောင်ကြီး ပြောတာ မှန်ပါ တယ်...၊ ဒီကိစ္စမှာ ခင်ဗျားတို့က ကျွန်တော်တို့ကို ကာကွယ်ပေးနေတဲ့သူတွေပါ...၊ ရွာလူကြီးတစ် ယောက်အနေနဲ့ ကျွန်တော် ဝင်မပါရင် တကယ်ကို မသင့်တော်ပါဘူး...။"

ယွီတောက်ချွမ်က ခါးသီးစွာ ပြုံးလိုက်ပြီး ပြောလိုက်လေ၏။

"ကောင်းပြီလေ...၊ ဒါဆိုရင် အတူတူ အောက်ဆင်းသွားကြတာပေါ့...။ တစ်ခုခုဖြစ်ခဲ့ရင် ကျွန်တော်တို့ အချင်းချင်း ကူညီပေးလို့ရတာပေါ့...။"

သူ စကားပြောဆိုအပြီးတွင် မြို့ရိုးအောက်ဘက်ရှိ နေရာသည် ရုတ်တရက် တိတ်ဆိတ်သွားပြီးနောက် အက်ကွဲနေသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

"အပေါ်က အစ်ကိုတို့...၊ ကျွန်တော်တို့က စွန်းမိသားစု ငွေပန်းထိမ်ဆိုင်ကပါ...၊ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အထဲဝင်ခွင့်ပေးပါ...။"

စွန်းမိသားစု ငွေပန်းထိမ်ဆိုင်ပင်တည်း။

အောက်ဘက်မှ အော်ဟစ်သံများကို ကြားလိုက်ရသောအခါ မြို့ရိုးပေါ်ရှိ လူများ၏ မျက်နှာအမူအရာ များ ပြောင်းလဲသွားပြီး အားလုံးက တစ်ချိန်တည်းမှာပင် အောက်သို့ ငုံ့ကြည့်လိုက်ကြလေ၏။

အထူးသဖြင့် ထိုဓားပြအနည်းငယ်၏ မျက်နှာများမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေခဲ့လေသည်။

သူတို့အားလုံးမှာ ကျိုးရှန်းရှန်း၏ လူများဖြစ်ကြပြီး မည်သို့ပင်ဖြစ်စေ ကျိုးရှန်းရှန်းသည်လည်း ခေါင်ရှန်းရွာတွင် ခေတ္တမျှ နေထိုင်ခဲ့ဖူးလေသည်။

သို့သော်လည်း ဤလူများသည် စွန်းမိသားစု ငွေပန်းထိမ်ဆိုင်မှ ဖြစ်ကြောင်းကို သူတို့ တကယ်ပင် မသိခဲ့ကြချေ။

ပြစ်မှုကျူးလွန်ခြင်းမှ အတင်းအကြပ် အနားယူခိုင်းခြင်း မခံရမီ သူတို့၏ နောက်ဆုံး အလုပ်မှာ စွန်းမိသားစု ငွေပန်းထိမ်ဆိုင်ကို ဓားပြတိုက်ခြင်း ဖြစ်ကြောင်းကို သိထားသင့်ပေသည်။

မကြာသေးမီကပင် သူတို့သည် တစ်စုံတစ်ရာကို ပို့ဆောင်ပေးရန်အတွက် တစ်စုံတစ်ဦးကို အကူအညီ တောင်းခံခဲ့သေးလေ၏။

ဤသူများသည် သူတို့ ယခင်က ဓားပြတိုက်ခဲ့ဖူးသူများ ဖြစ်နေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ ထင်မှတ် မထားခဲ့ချေ။

ဤအရာကို တွေးမိသောအခါ ဓားပြခေါင်းဆောင် မျက်လုံးတစ်ဖက်လပ်နဂါးနှင့် ဒုတိယခေါင်းဆောင် ယွီတောက်ချွမ်တို့သည် မယုံကြည်နိုင်သော အမူအရာများဖြင့် အချင်းချင်း အပြန်အလှန် ကြည့်လိုက်မိ ကြလေသည်။

ထို့နောက် အောက်ဘက်တွင် မြင်းလှည်းအချို့ ရောက်ရှိနေသည်ကို ရွှီပေါ်အန်း သတိပြုမိလိုက်လေ၏။ ၎င်းတို့မှာ အမိုးပါသော အမျိုးအစားများ မဟုတ်ဘဲ မြင်းများ ဆွဲယူရသည့် သာမန် လှည်းပြားများသာ ဖြစ်လေသည်။

လှည်းအချို့ပေါ်တွင် အိပ်ရာလိပ်များနှင့် အထုပ်အပိုး အမျိုးမျိုးကို မြင့်မားစွာ ပုံတင်ထားလေ၏။

ဦးဆောင်လာသူမှာ အခြားသူမဟုတ်ဘဲ စွန်းမိသားစု ငွေပန်းထိမ်ဆိုင်မှ ပြည့်တန်ဆာအိမ်များ၏ သခင် ကျိုးရှန်းရှန်းပင် ဖြစ်လေသည်။

သူနှင့်အတူ လိုက်ပါလာသော သူ၏ တပည့်များသည် အောက်ဘက်တွင် စည်းကမ်းတကျရှိစေရန် ထိန်းသိမ်းရင်း တိတ်တိတ်နေကြရန် အော်ဟစ်နေကြလေ၏။

အဆုံးတွင် ဤဒုက္ခသည် အများစုမှာ ရိုးသားပြီး ကြောက်ရွံ့တတ်သော သာမန်လူများသာ ဖြစ်ကြပြီး အခြေအနေကို ထိန်းချုပ်လိုက်သည်နှင့် လျင်မြန်စွာပင် တည်ငြိမ်သွားခဲ့လေသည်။

သို့ရာတွင် ယခုကဲ့သို့သော အခြေအနေမျိုးကို အမျိုးသားများစွာ ပူးပေါင်းလုပ်ဆောင်ခြင်း မရှိဘဲ ထိန်းချုပ်ရန်မှာ ခက်ခဲလှပေမည်။

မြို့ရိုးပေါ်ရှိ လူများမှာ ဆက်လက်၍ မအောင့်အည်းနိုင်တော့ချေ။ လီခန့်ရှန်းက ကမန်းကတန်း မေးလိုက်လေသည်။

"ဆရာကျိုး...၊ အဟွတ်... အဟွတ်... အဟွတ်...။"

သူ စကားမဆုံးမီမှာပင် ပြင်းထန်သော ချောင်းဆိုးသံက ဖြတ်တောက်သွားခဲ့လေ၏။

ထို့နောက် သူက မှုန်ကုပ်နေသော မျက်နှာအမူအရာဖြင့် ရွှမ်ကျုးအား ပြောလိုက်လေသည်။

"ငါ အိုမင်းနေပြီ...၊ ဘာအတွက်မှ အသုံးမဝင်တော့ဘူး...။ ကျယ်ကျယ်လောင်လောင်တောင် မအော် နိုင်တော့ဘူး...။ ရွှမ်ကျုး...၊ ငါ့ကိုယ်စား သူတို့ကို မေးပေးနိုင်မလား...။"

ရွှမ်ကျုးက ခေါင်းညိတ်ကာ ပြောလိုက်လေ၏။

"ဟုတ်ကဲ့ပါ...၊ ရွာလူကြီး...။"

ထို့နောက် သူသည် ခေါင်းလှည့်ကာ သူ၏ လက်များကို ပါးစပ်တွင်တေ့၍ အော်ဟစ်လိုက်လေသည်။

"အောက်က လူတွေ နားထောင်ကြ...။"

ထို့နောက် သူ အေးခဲသွားပြီးနောက် ရိုးသားဖြူစင်သော အမူအရာဖြင့် လှည့်ကာ မေးလိုက်လေ၏။

"ကျွန်တော် ဘာမေးရမလဲ...၊ ရွာလူကြီး...။"

လီလောင်ဆန်းက ကူကယ်ရာမဲ့စွာ ခေါင်းယမ်းလိုက်ပြီး ပြောလိုက်လေသည်။

"သူတို့ ဘယ်ကလာလဲဆိုတာနဲ့ ဘာလို့ လူအများကြီး ရုတ်တရက် ရောက်လာတာလဲဆိုတာကိုပဲ မေးလိုက်ပါ...။"

ရွှမ်ကျုးက ရယ်မောလိုက်ပြီး ထပ်မံ အော်ဟစ်လိုက်ပြန်လေ၏။

"ဟေး...၊ အောက်ကလူတွေ...၊ ခင်ဗျားတို့ အားလုံး ဘယ်ကလာကြတာလဲ...၊ ဘာလို့ ခင်ဗျားတို့ အားလုံး ဒီနေရာကို ရုတ်တရက်ကြီး ရောက်လာကြတာလဲ...။"

ကျိုးရှန်းရှန်းက သူ၏ တပည့်တစ်ဦး၏ ပခုံးကို ပုတ်ကာ ညွှန်ကြားချက်အချို့ ပေးလိုက်လေသည်။ ထို့နောက် တပည့်ဖြစ်သူက အော်ဟစ်လိုက်လေ၏။

"ကျွန်တော်တို့ အနီးအနားကို မေးကြည့်ပြီးပြီ...၊ ရွာသားအများစုက ရှန်းယန်ခရိုင်ကပါ...၊ မြို့ထဲက သူပုန်တွေ ဆုတ်ခွာသွားပေမယ့် လမ်းတစ်လျှောက် လူတွေကို ဆက်လက် ဒုက္ခပေးနေကြတယ်...၊ ရွာအတော်များများ သတ်ဖြတ်ခံလိုက်ရတယ်လို့ ကြားရပြီး သူပုန်တွေ ပြန်လာမလာဆိုတာကိုတော့ ဘယ်သူမှ သေချာ မပြောနိုင်ကြဘူး...။၊ ရွာသားတွေအားလုံးက ဘေးအန္တရာယ်ကနေ ရှောင်တိမ်းဖို့ တောင်ပေါ်ကို တက်ချင်ကြတယ်...၊ ပြီးတော့ ဒီလမ်းက တောင်ပေါ်တက်ဖို့ တစ်ခုတည်းသော လမ်း ပဲ...။"

လီခန့်ရှန်းနှင့် လီလောင်ဆန်းတို့ အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြပြီး မေးလိုက်လေသည်။

"လောင်ဆန်း...၊ ဒါဆိုရင် သူတို့အားလုံးက ဘဝခက်ခဲကြမ်းတမ်းခဲ့တဲ့ ဆင်းရဲသားတွေလို့ မင်းဆိုလို တာလား...။"

လီလောင်ဆန်းက ခါးသီးစွာ ပြုံးရင်း ပြောလိုက်လေ၏။

"သေချာတာပေါ့...၊ မဟုတ်ရင် ဘယ်သူက သူတို့ရဲ့ ဇာတိရွာကို စွန့်ခွာချင်မှာလဲ...၊ ငါ စိုးရိမ်တာက...၊ ဟူး...။"

လီလောင်ဆန်းက သက်ပြင်းချလိုက်ပြီး ဆက်မပြောတော့ချေ။

လူတိုင်းက ဤအရာကို နားလည်ထားကြပြီး မည်သူကမျှ လူဆိုး မဖြစ်ချင်ကြပေ။ သို့သော်လည်း လုပ် နိုင်သည့်အရာ ဘာမှမရှိချေ။ မသေချာမရေရာမှုများ အလွန်များပြားနေလေသည်။ ခေါင်ရှန်းရွာရှိ ထို အရာများကို မြင်ပြီးနောက် မည်သူက မကောင်းသော ရည်ရွယ်ချက်များ ရှိလာမည်ကို မည်သူက သိနိုင်မည်နည်း။

ဆင်းရဲမွဲတေမှုက မာနကို ပေါက်ဖွားစေပြီး လူဆိုးများမှာ အန္တရာယ်များသော နေရာများမှ မွေးဖွားလာ ကြသည်ဟု ဆိုစမှတ်ပြုကြလေသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် လူတစ်ယောက်သည် မိမိ၏ ဝမ်းဗိုက်ကိုပင် မဖြည့်ဆည်းနိုင်ပါက မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်စွမ်း ရှိကြပေသည်။

"ခေါင်းဆောင်ကြီး...၊ ဒုတိယခေါင်းဆောင်...၊ ခင်ဗျားတို့ ဘယ်လိုထင်လဲ...။"

လီခန့်ရှန်းက ခေါင်းဆောင်နှစ်ဦးကို ထပ်မံ၍ မေးလိုက်လေ၏။

တစ်စုံတစ်ဦးက သူတို့၏ အမည်များကို ခေါ်လိုက်သည်ကို ကြားသောအခါ သူတို့နှစ်ဦးစလုံး လန့်သွား ကြပြီး ခေတ္တမျှ အတွေးလွန်နေခဲ့သည်မှာ ထင်ရှားလှပေသည်။

ယွီတောက်ချွမ်က ပထမဆုံး တုံ့ပြန်လိုက်သူဖြစ်ပြီး အနေခက်စွာ ပြုံးရင်း ပြောလိုက်လေသည်။

"ရွာလူကြီးလီ...၊ ခင်ဗျား ဆုံးဖြတ်ချက် ချနိုင်ပါတယ်...။ ကျွန်တော်တို့ အပြည့်အဝ ပူးပေါင်းပါဝင်ပါ့ မယ်...။"

လီခန့်ရှန်းက ခေါင်းညိတ်ကာ ပြောလိုက်လေ၏။

"ကောင်းပြီလေ...၊ ဒါဆိုရင် သူတို့ကို ဝင်ခွင့်ပြုလိုက်ပါ...။ ဒါပေမဲ့ တစ်ကြိမ်ကို တစ်သုတ်ပဲ ဝင်ခွင့်ပြု မယ်...။ ပြီးတော့ သူတို့က ရွာထဲက အိမ်တွေကို ရှောင်ရှားသွားရမယ်...။"

ခေါင်ရှန်းရွာရှိ အရာများစွာကို တူလို မြေနံရံအိမ်ရာများ အတွင်း၌ ဖုံးကွယ်ထားသော်လည်း အကဲခတ် ကောင်းသူ တစ်ဦးသည် အနည်းငယ် လေ့လာကြည့်ရုံဖြင့် ရွာ၏ ချမ်းသာကြွယ်ဝမှုကို ရှာဖွေတွေ့ရှိ နိုင်ဆဲပင် ဖြစ်လေသည်။

လူတို့သည် ဆင်းရဲမွဲတေမှုအတွက် မစိုးရိမ်ကြသော်လည်း မညီမျှမှုများအတွက် စိုးရိမ်ကြပေသည်။ အကယ်၍ တစ်စုံတစ်ဦးက မကောင်းသော ရည်ရွယ်ချက်များကို မွေးမြူကာ အသံထွက်လာပါက တုံ့ပြန်မည့်သူများ မလွဲမသွေ ရှိလာပေလိမ့်မည်။

All Chapters