← Chapters

စွမ်းအင်ထုတ်လွှတ်ခြင်း (၁)

Vol. 57 Ch. 988

စွမ်းအင်ထုတ်လွှတ်ခြင်း (၁)

Vol. 57 Ch. 988

“ဒါကြောင့်လည်း မင်းတို့ ဒီလောက်အထိစွန့်စားနေတာကိုး”

လင်းရှန်က ရိုင်ယန်ကို စိုက်ကြည့်ရင်း “မင်း အရင်က အဲဒီအခြေစိုက်စခန်းမှာ အလုပ်လုပ်ခဲ့တာဆိုတော့ ဒီတားမြစ်ပစ္စည်းကို သုံးပြီး ကံစမ်းဖို့ ကြံနေတာပေါ့”

ရိုင်ယန်က နာကျင်နေသော မျက်နှာအမူယာဖြင့် “... အစကတော့ အဲဒီလိုအစီအစဉ် ရှိခဲ့တယ်။ သလင်းကျောက်ဆင့်ကဲပြောင်းလဲမှုအတွက် အဆင့် ၄ သွေးပဲစေ့က စွန့်စားရကျိုးနပ်ပါတယ်။ ဒါပေမဲ့ Neptune ရဲ့ အခြေအနေရယ်၊ ဂါလန်မီးတောင်ရယ်၊ ပြီးတော့ မြင့်မြတ်မြို့တော်က လူတွေရယ်... ဒါတွေက ကံဆိုးတာလို့ပဲ ပြောရမှာပေါ့”

“ကံဆိုးတာ ဟုတ်လို့လား။ မင်း တကယ်တော့ တော်တော်ကံကောင်းတာပါ”

လင်းရှန်နှင့် ကီကီတို့သည် တစ်ဦးကိုတစ်ဦးကြည့်ကာ ရိုင်ယန်ကို မယုံနိုင်သကဲ့သို့ ကြည့်လိုက်ကြသည်။

“မင်းက သမုဒ္ဒရာနတ်ဘုရားကြီးရဲ့ ပါးစပ်ထဲကနေ သွေးပဲစေ့ကို သွားလုမလို့လား”

“အဲဒီလောက်ကြီးတော့ မဟုတ်ပါဘူး”

ရိုင်ယန်က ကူကယ်ရာမဲ့စွာ ပြောသည်။

“ဖောင်ဒေးရှင်းက စောင့်ကြည့်နေတဲ့ ယူနီဂါ-၁ ဆိုတာ ဒီလောက်အထိ ကြောက်စရာကောင်းတဲ့ အရာကြီးမှန်း ငါလည်း မသိခဲ့ဘူးလေ”

ရိုင်ယန်က ရူးသွပ်နေခြင်းသာဖြစ်သည်။

လင်းရှန်သည် ဤတည်ငြိမ်နေသော လူကို ကြည့်ကာ သူသည် ပါရမီရှင်လား သို့မဟုတ် အရူးလားဆိုသည်ကို မဝေခွဲနိုင်တော့ပေ။ ဤမျှ အစွမ်းထက်သော တားမြစ်ပစ္စည်းကို ကိုင်ဆောင်ထားပြီး ကမ္ဘာ့အဆင့် မွန်းစတားကြီး၏ ပါးစပ်ထဲမှ အစာကို လုယူရန် ကြံစည်နေခြင်းမှာ လူသားတစ်ယောက်အနေဖြင့် ဘယ်လိုများတွေးနိုင်တာလဲ…၊၊

“ကပ္ပတိန်လင်း...”

ရိုင်ယန်လည်း လင်းရှန်ကို အကဲခတ်ကြည့်နေမိသည်။ လင်းရှန်သည် ဓားကိုင်ဆောင်သူတစ်ဦးအနေဖြင့် ရေငုပ်သင်္ဘောအခြေစိုက်စခန်းရှိ မြင့်မြတ်မြို့တော်မှလူများကို ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့သည်ဆိုလျှင် သူ၏စကားများကို အလေးအနက်ထား စဉ်းစားရမည်မှန်း ရိုင်ယန် သိလိုက်သည်။

“မြင့်မြတ်မြို့တော်က ဘာတွေသိခဲ့ရလဲ”

လင်းရှန်က ပြန်မေးလိုက်သည်။

“ငါကပဲ မင်းကို ပြန်မေးချင်တာ။ ဂါလန်မီးတောင် အခြေအနေကို မင်းဘယ်လိုသိတာလဲ”

ရိုင်ယန်က ပုခုံးတွန့်ပြကာ “အရင်က ယူနီဂါ-၁ ကို စောင့်ကြည့်နေတုန်းမှာ အဲဒီမွန်းစတားကြီးက အမဲလိုက်ဖို့အတွက် ရေအောက်မီးတောင်အစုအဝေးဆီ ချဉ်းကပ်တတ်တာကို သတိထားမိခဲ့တယ်။ စုံစမ်းကြည့်တော့မှ အဲဒီမွန်းစတားကြီးရဲ့ လှုပ်ရှားမှုတွေက ဂါလန်မီးတောင်ရဲ့ လှုပ်ရှားမှုကို အံ့သြစရာကောင်းလောက်အောင် ပိုမြန်ဆန်လာစေတာကို တွေ့ရတယ်။ ဒါကြောင့် အခြေစိုက်စခန်းကလူတွေက မွန်းစတားကြီးက မြေအောက်စွမ်းအင်တွေကို စားသုံးဖို့ လာတာလို့ ယူဆခဲ့ကြတာပဲ”

“မီးတောင်ကို ထိန်းချုပ်နိုင်တဲ့ တားမြစ်ပစ္စည်းအကြောင်းကရော”

ကီကီက ကြားဖြတ်မေးလိုက်သည်။

“သူပြောတာက ကမ္ဘာ့အူတိုင်အပူလှုံ့ဆော်စက်အကြောင်းပါ”

လင်းရှန်က ရှင်းပြလိုက်သည်။

“ဒါက တကယ်တော့ ယူနီဂါ-၁ အတွက် အဆင့်မြင့်သန္ဓေပြောင်းမွန်းစတားတွေကို ဆွဲဆောင်ပေးတဲ့ ငါးစာပဲ။ ဖောင်ဒေးရှင်းရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့အဆင့် မွန်းစတားကြီးတွေကို လေ့လာဖို့ ဖြစ်နိုင်တယ်၊၊ ဒါကြောင့် အဲဒီစက်ကြီး ရပ်သွားမယ်ဆိုရင်...”

“ဒါဆိုရင် သမုဒ္ဒရာနတ်ဘုရားကြီးက လှုပ်ရှားလာပြီး ဂါလန်မီးတောင်ကို တိုက်ခိုက်တော့မှာပေါ့”

နန်ကျင်းက ကောက်ချက်ချလိုက်သည်။

“မှန်တယ်”

ရိုင်ယန်က ပြန်ပြောသည်။

“ဖောင်ဒေးရှင်းရဲ့ အတွေ့အကြုံအရတော့ ဒီပင်လယ်ပြင်မှာ အဆင့်မြင့်သန္ဓေပြောင်းမွန်းစတားတွေ စုဝေးမှုများလာပြီဆိုရင် အဲဒီမွန်းစတားကြီးပေါ်လာတတ်တယ်။ အခု ဖောင်ဒေးရှင်းကလည်း ဆုတ်ခွာသွားပြီ၊၊ မြင့်မြတ်မြို့တော်ကလူတွေပဲ ရှိတော့တာဆိုတော့ ငါ့အတွက်တော့ ဒါက အခွင့်အရေးကောင်းလို့ ထင်ခဲ့တာပဲ”

လင်းရှန် သဘောပေါက်သွားသည်။

“ဒါပေမဲ့ မြင့်မြတ်မြို့တော်ရဲ့ သွေးဆောင်ဖြားယောင်းဆေးရည်ကြောင့် မွန်းစတားကြီးက အချိန်စောပြီး ပေါ်လာခဲ့တယ်။ ကျွန်းနဲ့ မီးတောင်တွေနဲ့ ဝေးတဲ့ အနောက်ဘက်ကမ်းခြေမှာ ပေါ်လာပြီး မင်းတို့ကိုပါ ဘာမှမရဘဲ ထိခိုက်စေခဲ့တာပေါ့”

ရိုင်ယန်က ကူကယ်ရာမဲ့စွာ ပြောသည်၊၊

“မနေ့က မင်းတို့နဲ့ မြင့်မြတ်မြို့တော်ကလူတွေ တိုက်မယ်လို့ ငါထင်ထားတာ။ ငါတို့ ပင်လယ်လင်းယုန်အုပ်စုကလည်း ကူညီဖို့ အသင့်ပြင်ထားခဲ့တယ်။ ကျွန်းပေါ်က မြင့်မြတ်မြို့တော်စခန်းကိုသာ အမြစ်ပြတ်တိုက်ထုတ်နိုင်ခဲ့ရင် ငါတို့ အစီအစဉ်က အဆင်ပြေသွားနိုင်တယ်”

“ရေငုပ်သင်္ဘောအခြေစိုက်စခန်းထဲမှာ ပုန်းနေပြီး သမုဒ္ဒရာနတ်ဘုရားကြီး အမဲလိုက်တာကို စောင့်မယ်… ပြီးရင် အမြတ်အစွန်းတွေ ရယူပြီးမှ ထွက်ခွာမယ်ပေါ့”

လင်းရှန်က ခေါင်းငြိမ့်ရင်း “ဒီလို ပြောတော့လည်း အဓိပ္ပာယ်ရှိသားပဲ”

“သတ္တိရှိတာကတော့ တစ်ပိုင်းပေါ့”

ကီကီက လက်ပိုက်လိုက်သည်။

“အခု အဲဒီ မွန်းစတားကြီးက သမုဒ္ဒရာနတ်ဘုရားကြီးမှန်းသိသွားပြီဆိုတော့ကော မင်း ဒီအစီအစဉ်အတိုင်း ဆက်လုပ်ဦးမှာလား”

ရိုင်ယန်က နဖူးကို ပွတ်ကာ ခါးသီးစွာ ပြုံးလိုက်သည်။

“ဖောင်ဒေးရှင်းရဲ့ လျှို့ဝှက်ချက်က အရမ်းများလွန်းတယ်။ ငါက S-Class လောက်ပဲ ထင်ထားခဲ့တာ”

လင်းရှန်သည် ရိုင်ယန်၏ သတင်းအချက်အလက်များကို ကြားပြီးနောက် သူ၏ ခန့်မှန်းချက်များကို အတည်ပြုနိုင်ခဲ့သော်လည်း ထိုစက်ပစ္စည်းက ဤမျှအထိ ဆက်စပ်တုံ့ပြန်မှုများ ဖြစ်စေမည်ကိုမူ မထင်ထားခဲ့ပေ။

“ကပ္ပတိန်လင်း”

ရိုင်ယန်သည် လင်းရှန် မျက်မှောင်ကြုတ်နေသည်ကို မြင်သဖြင့် ဆက်မေးလိုက်သည်။

“မင်း ခုနက ပြောတဲ့ ၂၄ နာရီ မပြည့်တော့ဘူးဆိုတာ ဘာကိုဆိုလိုတာလဲ”

“မြေအောက်အပူတွင်းရဲ့ တည်ငြိမ်မှုက အန္တရာယ်ရှိတဲ့ အခြေအနေကို ရောက်နေပြီ။ စောင့်ကြည့်ရေးစင်တာက မှတ်တမ်းတွေကို ငါ စစ်ဆေးခဲ့တယ်။ သူတို့ရဲ့ နည်းပညာစံနှုန်းအရ ၂၄ နာရီအတွင်း စက်ကို မရပ်လိုက်ဘူးဆိုရင် စွမ်းအားလွန်ကဲမှုဖြစ်လာပြီး ရေငုပ်သင်္ဘောအခြေစိုက်စခန်းတစ်ခုလုံးမခံနိုင်တော့တဲ့ အခြေအနေဖြစ်သွားလိမ့်မယ်”

လင်းရှန် ပြောပြီးနောက် ထွက်ခွာရန် ပြင်လိုက်သည်။ သူ ပင်လယ်ကျောက်ဆောင်ကျွန်းနှင့် ဂါလန်မီးတောင်အခြေအနေများကို သိရှိသွားပြီ ဖြစ်ရာ အခုပန်းတိုင်က ဗိုင်အိုလာကို ရှာရန်၊ ဂြိုဟ်ပတ်လမ်းလမ်းကြောင်းကို ရှာရန်နှင့် အနန္တရထားကို သုံးကာ ဤနေရာမှ ထွက်ခွာရန် ဖြစ်သည်။

ထိုအတောအတွင်း အဖွဲ့ဝင်များကို အခြေစိုက်စခန်းရှိ ပစ္စည်းများအား ရှာဖွေခိုင်းမည် ဖြစ်ပြီး နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကိုလည်း ဝါးမျိုမှုအတွက် အသုံးပြုရန် စိတ်ကူးထားသည်။

Neptune နှင့် ပတ်သက်၍မူ လင်းရှန်တွင် အခြားသူများ၏ သင်္ဘောကို ပြင်ပေးရန် အချိန်မရှိပေ။ စွမ်းအားစနစ်ပြဿနာဆိုလျှင် အနည်းဆုံး တစ်ရက်ခွဲခန့် အချိန်ယူရမည်ဖြစ်ရာ မလိုအပ်ဘဲ စွန့်စားရန် မသင့်ပေ။

ရိုင်ယန်က သူ၏ နေကာမျက်မှန်ကို ပင့်တင်လိုက်ရင်း ထအော်လိုက်သည်။

“ဘာ...”

“မဖြစ်နိုင်တာ”

အဲရစ်ကာလည်း အကြီးအကျယ် မျက်နှာပျက်ယွင်းသွားသည်။

“အခြေစိုက်စခန်းရဲ့ ထိန်းချုပ်ရေးလိုင်းတွေကနေ ငါတို့ရခဲ့တဲ့ သတင်းအရဆိုရင် ဒီစက်က အအေးခံစနစ်ရောက်ဖို့ အနည်းဆုံး ၃ ရက် လိုသေးတယ်လေ”

ဂေဒီက ဝင်ပြောသည်။

“မနေ့က ဖြစ်ရပ်တွေကြောင့်များလား”

“ဖြစ်နိုင်တယ်”

ဗန်နက်ဆာက မျက်မှောင်ကြုတ်လိုက်ကာ “မြေအောက်အပူစွမ်းအင်လှုပ်ရှားမှုတွေက မြန်ဆန်လာတာပဲ...”

“ဘုရားရေ... ဒါဆို ငါတို့ သေရတော့မှာလား”

လူထွားကြီး အက်ဇလန်ကလည်း အံ့အားသင့်စွာ ရေရွတ်သည်။

သူတို့၏ တုံ့ပြန်မှုများကို မြင်သောအခါ လင်းရှန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“မင်းတို့ ၂၄ နာရီအတွင်း ဒီပင်လယ်ပြင်ကနေ မထွက်ခွာနိုင်ဘူးလား”

ရိုင်ယန်က လင်းရှန်ကို ကြည့်ကာ လေသံပြောင်းသွားသည်။

“ကပ္ပတိန်လင်း... မင်း မသိသေးတာဖြစ်နိုင်ပါတယ်။ ယူနီဂါ-၁ သာ လှုပ်ရှားလာပြီဆိုရင် ဒီပင်လယ်ပြင် ကီလိုမီတာရာဂဏန်းအတွင်းမှာရှိသမျှအရာအားလုံးက အန္တရာယ်ရှိသွားပြီ။ ရေငုပ်သင်္ဘောအခြေစိုက်စခန်းထဲမှာ ပုန်းနေရင်တောင် အသံတိတ်နေမှ ရမယ်။ ဒီအချိန်အတွင်းမှာ ဒီပင်လယ်ပြင်ကနေ ထွက်ပြေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မိုးပျံမြို့ကြီးတွေတောင်မှ ဒီကို ရောက်လာမယ့် လေထုထဲက သတ္တဝါတွေရဲ့ တိုက်ခိုက်မှုကို ခံရနိုင်တယ်။ ဒီအချိန်မှာ ဘယ်လူသားမှ အသက်ရှင်လျက် ထွက်မပြေးနိုင်ဘူး။ အကောင်းဆုံးနည်းလမ်းကတော့ ပင်လယ်ကျောက်ဆောင်ကျွန်းမှာ ပုန်းပြီး မုန်တိုင်းပြီးတဲ့အထိ စောင့်ဖို့ပဲ”

ထိုစကားကို ကြားသောအခါ ကီကီက ချက်ချင်းပင် ပြန်ပြောသည်။

“ဒါပေမဲ့ ဂါလန်မီးတောင်က ပေါက်ကွဲတော့မှာလေ။ ပင်လယ်ကျောက်ဆောင်ကျွန်းတစ်ခုလုံးက ရေအောက်ရောက်သွားနိုင်တာကို ဘယ်လိုလုပ်ပုန်းလို့ရမှာလဲ”

“ငါတို့ရဲ့ မူလအစီအစဉ်က ယူနီဂါ-၁ အမဲလိုက်လို့ပြီးမှ ထွက်သွားဖို့ပဲ”

ဂေဒီက လက်ပိုက်လျက် မည်းမှောင်သော မျက်နှာအမူယာဖြင့် ပြောသည်။

“အဲဒီစက်က ယူနီဂါ-၁ အမဲလိုက်လို့မပြီးမချင်း မခံနိုင်ဘူးဆိုရင်တော့ အခက်တွေ့ပြီ”

“မှန်တယ်”

ရိုင်ယန်က လေးနက်စွာ ပြောသည်။

“အဲဒီစက်ကို ပိတ်လိုက်တာနဲ့ ပင်လယ်မွန်းစတားတွေက ချက်ချင်း သောင်းကျန်းပြီး ထွက်ပြေးကြလိမ့်မယ်။ အဲဒီအခါ ယူနီဂါ-၁ ကလည်း လှုပ်ရှားလာပြီး ဂါလန်မီးတောင်ကို အချိန်စောပြီး ပေါက်ကွဲစေလိမ့်မယ်။ ဒီပင်လယ်ပြင်ကြီးက ငရဲခန်းဖြစ်သွားပြီး ဖြစ်ပေါ်လာတဲ့ ဆူနာမီက အာရှ-ပစိဖိတ် ကမ်းရိုးတန်းတွေကိုတောင် နစ်မြုပ်စေနိုင်တယ်”

“မင်းပြောပုံအရဆိုရင် ငါတို့က ရှေ့တိုးလည်းခက်၊ နောက်ဆုတ်လည်းခက်ဖြစ်နေတာပေါ့”

လုရှင်းချန်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

ထိုစဉ် နန်ကျင်းက သုံးသပ်ပြသည်။

“မနေ့က သမုဒ္ဒရာနတ်ဘုရားကြီးပေါ်လာခဲ့တယ်ဆိုရင် သူက ပင်လယ်ကျောက်ဆောင်ကျွန်းပတ်ဝန်းကျင် ပင်လယ်ထဲမှာ အမဲလိုက်ဖို့ ပုန်းအောင်းနေတာဖြစ်ဖို့ များတယ်”

All Chapters