← Chapters

တစ္ဆေငါးလိပ်ကျောက်ကြီး (၁)

Vol. 57 Ch. 991

တစ္ဆေငါးလိပ်ကျောက်ကြီး (၁)

Vol. 57 Ch. 991

“လင်းရှန်… အပေါ်မှာ”

ပင်လယ်ကမ်းပါးအောက်ခြေရှိ ကြောက်မက်ဖွယ်ရာ ဝဲဂယက်ကြီးကို လင်းရှန် အာရုံရောက်နေစဉ် ရှီဇီက အန္တရာယ်အငွေ့အသက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရသည်။ သူမ မသိစိတ်ဖြင့် ခေါင်းမော့ကြည့်လိုက်ရာ ထိုအပြုအမူကြောင့် ကီကီပါ ပုံမှန်မဟုတ်သောအခြေအနေကို သတိပြုမိသွားပြီး ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

ကီကီ၏ အော်သံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ရှီဇီ၏ စွမ်းအားမှာလည်း လျင်မြန်စွာ ပွင့်ထွက်လာပြီး လင်းရှန်လည်း အပေါ်မှ ကြီးမားသောဖိအားတစ်ခုသက်ရောက်လာသည်ကို ခံစားလိုက်ရသည်။ သူ တုံ့ဆိုင်းမနေဘဲ စွမ်းအားဝတ်စုံ၏ တွန်းကန်အားစနစ်ကို အရှိန်ကုန်မြှင့်လိုက်တော့သည်။

ဘွန်းး၊၊

အသံထက်မြန်သော ပေါက်ကွဲသံကြီးထွက်ပေါ်လာပြီး လေထုလှိုင်းများမှာလည်း လွင့်စင်သွားသည်။ သူတို့သုံးဦး ထိုနေရာမှ လွတ်မြောက်သွားသည့် စက္ကန့်ပိုင်းအတွင်းမှာပင် အချင်းနှစ်မီတာခန့်ရှိသော အလွန်ကြီးမားသည့် လေဆာတန်းကြီးမှာ ကြောက်မက်ဖွယ်အပူလှိုင်းနှင့်အတူ အပေါ်မှ ထိုးဆင်းလာတော့သည်။ ပြင်းထန်သော စွမ်းအင်တန်းကြီးမှာ ပင်လယ်ရေပြင်ကို ဖြတ်သန်းသွားရာ မီတာတစ်ရာခန့်မြင့်သော ဒီရေလှိုင်းကြီး ချက်ချင်းဖြစ်ပေါ်လာပြီး ရေနံရံကြီးတစ်ခုအလားဖြစ်သွားသည်။

ဝုန်းဝုန်း၊၊

အရှိန်အလွန်ပြင်းသော ပျံသန်းမှုအတွင်း လင်းရှန် ဘေးသို့စောင်းငဲ့ကြည့်လိုက်ရာ ထိုလေဆာတန်းမှာ ရိုင်ယန်တို့အဖွဲ့ ရှိနေသည့်နေရာကိုပါ အဖျားခတ်သွားပြီး သေးငယ်သော ပျံသန်းရေးယာဥ်တစ်ခုကို အစအနမကျန် ဖျက်ဆီးပစ်လိုက်သည်ကို တွေ့လိုက်ရသည်။ သူ မော့ကြည့်လိုက်သောအခါ ကျွန်း၏ အထက် တစ်ကီလိုမီတာခန့်တွင် အလွန်နိမ့်စွာ မျောနေသော မည်းမှောင်နေသည့် မုန်တိုင်းတိမ်တိုက်ထဲမှ ထိုကြောက်မက်ဖွယ် အနီရောင်ဖျော့ဖျော့လေဆာတန်း ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

“မိုးပျံသတ္တဝါလား”

“တိမ်တွေထဲမှာ ပုန်းနေတာ”

ကီကီက အော်ပြောလိုက်သည်။

မည်းမှောင်နေသော တိမ်တိုက်ကြီးမှာ ကောင်းကင်တစ်ခုလုံးကို မှောင်ကျသွားစေပြီး နေရောင်ခြည်ကို ပိတ်ဆို့ထားသည်။ လင်းရှန်က သူ၏ စကင်ဖတ်စနစ်ဖြင့် ကြည့်လိုက်ရာ တိမ်တိုက်များအတွင်း၌ အတောင်ပံများပါသော အလွန်ကြီးမားသည့် သတ္တဝါကြီးတစ်ကောင်၏ ပုံရိပ်ကို ချက်ချင်း ဖမ်းယူမိလိုက်သည်။ တိမ်ထုများ လွင့်စင်သွားသည့်ခဏတွင် ငါးလိပ်ကျောက်၏ အတောင်ပံအစွန်းများကဲ့သို့ အဖြူအမဲစပ် အတောင်ပံများကို သူ မြင်လိုက်ရသဖြင့် မျက်လုံးများပြူးသွားသည်။

“လင်းရှန်”

“အနည်းဆုံးတော့ အထူးအဆင့်ပဲ”

လင်းရှန်က ဝိညာဉ်တုန်ခါမှုလှိုင်းတိုင်းတာစက်ကို ကြည့်လိုက်သည်၊၊

“ငါတို့အားလုံး အဆင့် ၄ အဖြစ် အမှတ်အသား အလုပ်ခံလိုက်ရပြီ”

“ဘာလုပ်ကြမလဲ”

“အပြတ်ရှင်းရမယ်”

အမှတ်အသားအလုပ်ခံရသည့် တစ်ခဏမှာပင် ပင်လယ်ပြင်တစ်ခုလုံး စတင်တုန်ခါလာသည်ကို လင်းရှန် ခံစားလိုက်ရပြီး ထိုတုန်ခါမှုမှာ တဖြည်းဖြည်း ပိုမိုပြင်းထန်လာသည်။

“အများကြီးပဲ လာနေကြပြီ”

ရှီဇီက ပင်လယ်ပြင်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ အောက်ဘက်ရှိ ဝဲဂယက်ကြီးမှာလည်း လှုပ်ရှားလာပုံရသည်။

လင်းရှန်နှင့် ကီကီတို့က အဝေးသို့ လှမ်းကြည့်လိုက်ရာ ပင်လယ်ရေမှာ ဆူပွက်နေသကဲ့သို့ဖြစ်နေပြီး ရွှံ့စေးရောင် ပူဖောင်းများမှာ ရေမျက်နှာပြင်ပေါ်သို့ လျင်မြန်စွာ တက်လာနေသည်။ ကျွန်းပေါ်ရှိ ငလျင်များကလည်း အဆက်မပြတ်လှုပ်ခတ်ကာ ပိုမိုပြင်းထန်လာပြီး တောင်တန်းများမှာ မြေပြိုမှုများ စတင်ဖြစ်ပေါ်လာတော့သည်။

ထိုမြင်ကွင်းကြောင့် လင်းရှန် စိတ်ပူသွားပြီး အပေါ်ယံမှ မုန်တိုင်းတိမ်တိုက်ကို ကြည့်ကာ ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။

“ဒါ ဘာပဲဖြစ်ဖြစ်… အခုချက်ချင်း အပြတ်ရှင်းရမယ်”

သို့သော် လင်းရှန်နှင့် ကီကီတို့ လှုပ်ရှားတော့မည့်အချိန်မှာပင် ရိုင်ယန်၏ တည်ငြိမ်သော အသံက နားကြပ်မှတစ်ဆင့် ထွက်ပေါ်လာသည်။

“ကပ္ပတိန်လင်း… ဒါကို ငါတို့ဆီ လွှဲလိုက်ပါ၊၊ မင်းတို့ ပင်လယ်ပြင်ကနေ အရင်ထွက်သွားလိုက်”

ကမ်းခြေတွင် ရိုင်ယန်၏ အဖွဲ့မှာ အက်ကွဲနေသော သဲသောင်ပြင်ပေါ်မှ လျင်မြန်စွာ လူစုခွဲလိုက်ကြသည်။ အထီးကျန်ဝံပုလွေစွမ်းအားဝတ်စုံကို ဝတ်ဆင်ထားသော ရိုင်ယန်သည် ကမ်းခြေတွင် ရပ်နေပြီး အပေါ်ယံမှ မုန်တိုင်းတိမ်တိုက်ကို အေးစက်သော မျက်လုံးများဖြင့် ကြည့်ကာ အမိန့်ပေးလိုက်သည်။

“ဗန်နက်ဆာ၊ အဲရစ်ကာ… မင်းတို့ အလှည့်ပဲ။ သံလက်သီး… သူတို့ကို ကာကွယ်ပေးလိုက်။ ဂေဒီ… မင်းတို့က ပင်လယ်အခြေအနေကို စောင့်ကြည့်ပါ။ စက္ကန့် ၃၀ အတွင်း အပြတ်ရှင်း”

“နားလည်ပါပြီ”

တိကျသော အမိန့်သံ ထွက်ပေါ်လာပြီးနောက် လင်းယုန်အုပ်စုသည် တိုက်ပွဲဝင်စနစ်ကို ချက်ချင်းအသက်သွင်းလိုက်ကြသည်။ အသံထက်မြန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာပြီး လေဆာတန်းကြောင့် ထွက်ပေါ်လာသော ဖုန်မှုန့်များကြားမှ လူရိပ်အချို့မှာ ကောင်းကင်ထက်သို့ ကြယ်တံခွန်များအလား ထိုးတက်သွားကြတော့သည်။

“အက်ဇ်လန် ငါ့အတွက် လမ်းဖွင့်ပေး”

ဗန်နက်ဆာ၏ အသံမှာ တည်ငြိမ်ကြည်လင်နေပြီး ဝတ်စုံအတွင်းရှိ ဆက်သွယ်ရေးစက်မှတစ်ဆင့် ချက်ချင်း ထွက်ပေါ်လာသည်။ သူမ၏ တစ်ကိုယ်လုံးတွင် အမှောင်စွမ်းအင်များ စီးဆင်းလာပြီး အသံထက်မြန်သော အရှိန်ဖြင့် အပေါ်သို့ တဟုန်ထိုးတက်သွားသည်။

“လာပြီ”

အောက်ဘက်တွင် အလွန်ကြီးမားသော ကိုယ်ထည်ရှိသည့် သံလက်သီး အက်ဇ်လန်သည် ကမ်းခြေကိုပတ်၍လာကာ ယခုအချိန်တွင် စွမ်းအားဝတ်စုံကို အသက်သွင်းလိုက်ပြီဖြစ်သည်။ သူ၏ မျက်လုံးများတွင် စွမ်းအားမြင့်တက်ခြင်းကြောင့် အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏ သံလက်သီးနှစ်ဖက်ကို အိုးကြီးများအလား မြှောက်လိုက်သည်။ ယန္တရားလက်မောင်းသည် ပုံစံပြောင်းလဲသွားပြီး ပိတ်သွားရာ အမြောက်ဝမှ အမည်းရောင်အလင်းတန်းများ စုစည်းလာပြီး ပြင်းထန်သော စွမ်းအင်များကြောင့် ဘေးပတ်ဝန်းကျင်ရှိ သဲမှုန်များမှာ လေထဲသို့ လွင့်တက်လာသည်။ နောက်တစ်စက္ကန့်တွင် ပြင်းထန်သော အသံနှင့်အတူ မီးခိုးရောင်စွမ်းအင်လှိုင်းကြီးမှာ ကောင်းကင်ထက်သို့ ဒေါသတကြီး ထိုးတက်သွားရာ အက်ဇ်လန်၏ အောက်ရှိ မြေပြင်မှာပင် ပြင်းထန်သော တုံ့ပြန်မှုကြောင့် ပြိုကျသွားပြီး စက်ဝိုင်းပုံကျင်းကြီးဖြစ်သွားသည်။

အုန်းး၊၊

ထိုလေလှိုင်းမှာ ယန္တရားအမြောက်နှင့် စွမ်းအားပေါင်းစပ်ထားသော စွမ်းအင်လှိုင်းတစ်ခုအလား အပေါ်သို့ ထိုးဖောက်သွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုလှိုင်းမှာ ပိုမိုကျယ်ပြန့်သွားပြီး မုန်တိုင်းတိမ်တိုက်ကြီးကို အရှိန်နှင့် ထိုးခွဲကာ လေဟာနယ်ဇုန်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ ပြင်းထန်သော လေလှိုင်းမှာ မုန်တိုင်းတိမ်တိုက်ကို အစိတ်စိတ်အမွှာမွှာဖြစ်စေလိုက်ပြီး ထိုအချိန်မှာပင် တိမ်များကြား၌ ပုန်းအောင်းနေသော မိုးပျံသတ္တဝါကြီး၏ ပုံသဏ္ဌာန်က ပေါ်ထွက်လာတော့သည်။ တိမ်တိုက်များမှာ ပြင်းထန်သော လေလှိုင်းကြောင့် ပွင့်ထွက်သွားပြီး မီတာရာနှင့်ချီသော အတောင်ပံများပါသည့် ဧရာမ အရိပ်ကြီးတစ်ခု ပေါ်လာသည်။ ၎င်း၏ ပုံသဏ္ဌာန်မှာ ပင်လယ်နက်ပိုင်းရှိ ငါးလိပ်ကျောက်ကြီီးနှင့် တူသော်လည်း အတောင်ပံအစွန်းများတွင် အဖြူအမဲကွက်များပါရှိနေခြင်းက လင်းရှန် ထင်ထားသည့်အတိုင်းပင် ဤသတ္တဝါမှာ မီတာရာနှင့်ချီ၍ ကြီးမားသော ကောင်းကင်တစ္ဆေငါးလိပ်ကျောက်ကြီးဖြစ်နေသည်ကို သက်သေပြနေတော့သည်။

ငါးလိပ်ကျောက်ကြီး၏ ဧရာမအတောင်ပံများမှာ ကောင်းကင်တွင် ဝဲနေသည်။ အတောင်ပံအစွန်းရှိ အဖြူနှင့် အမည်း အစပ်နေရာများတွင် တိမ်တိုက်များကို ဖြတ်တောက်နေပြီး လေထုလှုပ်ခတ်မှုများ ဖြစ်ပေါ်နေစေသည်။ ၎င်း၏ နောက်ပိုင်းတွင် သံမဏိကြိုးများကဲ့သို့သော အမြီးများပါရှိပြီး ၎င်း၏ ဗိုက်အောက်တည့်တည့်တွင်မူ နတ်ဆိုးမျက်နှာနှင့်တူသော ကြီးမားသည့် ပါးစပ်ကြီးပါရှိသည်။ ဦးခေါင်းအရှေ့ဘက်တွင် သွေးကဲ့သို့ နီမြန်းသော တစ္ဆေမျက်လုံးနှစ်လုံးရှိနေပြီး စွမ်းအင်များ တိုးထွက်လာပုံအရ စောစောက လေဆာတန်းမှာ ထိုမျက်လုံးများမှ ထွက်ပေါ်လာခြင်း ဖြစ်ပုံရသည်။

သံလက်သီးက လေဟာနယ်လှိုင်းဖြင့် တိမ်တိုက်များကို ခွဲပစ်လိုက်ပြီးနောက် ငါးလိပ်ကျောက်ကြီးက ရိုင်ယန်တို့အဖွဲ့ထံမှ အမှောင်စွမ်းအင်လှုပ်ရှားမှုများကို ခံစားမိသွားပုံရသည်။ ၎င်း၏ ဗိုက်အောက်ရှိ သွေးရောင်တစ္ဆေမျက်လုံးများမှာ ချက်ချင်းပင် တောက်ပလာပြီး ဗန်နက်ဆာနှင့် အဲရစ်ကာတို့ဆီသို့ အနီရောင်ဖျော့ဖျော့လေဆာတန်းနှစ်ခုဖြင့် ပစ်ခတ်လိုက်တော့သည်။

“သတိထား”

ထိုအချိန်တွင် အဆင့်မြှင့်တင်ထားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အဲရစ်ကာသည် ရုတ်တရက် အရှိန်မြှင့်လိုက်ရာ သူမ၏ မျက်လုံးများမှာ တောက်ပလာသည်။ ဘတ်စကတ်ဘောကွင်းတစ်ဝက်ခန့်ရှိသော စိန်ပုံသဏ္ဌာန် အလင်းဒိုင်းကာကြီးတစ်ခုမှာ အရှေ့တွင် ပေါ်လာပြီး လေဆာတန်းကို တိုက်ရိုက်ခုခံလိုက်သည်။

ဒိုင်းကာမျက်နှာပြင်မှာ မြင့်မားသောကြိမ်နှုန်းဖြင့် တုန်ခါနေစဉ် လေဆာစွမ်းအင်များမှာ ကွဲအက်သွားသော ဖန်စများအလား ဘေးသို့ လွင့်စင်သွားသည်။ အဲရစ်ကာ၏ ထိန်းချုပ်မှုအောက်တွင် ထိုလွင့်စင်သွားသော လေဆာစွမ်းအင်များမှာ ကြာဖူးတစ်ခုသကဲ့သို့ ပြန်လည်စုစည်းသွားပြီး ငါးလိပ်ကျောက်ကြီးထံသို့ တိုက်ရိုက်ပြန်ပစ်ခတ်လိုက်လေသည်။ ချက်ချင်းဆိုသလိုပင် ထိုသတ္တဝါကြီး၏ အစိမ်းရောင် ဇီဝစွမ်းအင်ဒိုင်းက ၎င်း၏ ကိုယ်ပိုင်လေဆာတန်းကြောင့်ပင် လျင်မြန်စွာ ကုန်ခမ်းသွားရသည်။ ဗန်နက်ဆာနှင့် အဲရစ်ကာတို့ အပေါ်သို့တက်လာသည့် စက္ကန့်ပိုင်းအတွင်းမှာပင် ထိုဒိုင်းမှာ တစ်ဝက်ခန့် ပြိုကွဲသွားပြီး ၎င်း၏ ဧရာမအတောင်ပံများမှာလည်း လေဆာတန်းကြောင့် အတော်များများပြတ်ရှသွားခဲ့သည်။

ထိုစဉ် ဗန်နက်ဆာ၏ စွမ်းအားဝတ်စုံသည် သူမ၏ အမှောင်စွမ်းအင်လှုပ်ရှားမှုများကို အသုံးပြု၍ လွင့်စင်နေသော လေဆာတန်းများကြားမှ တိုးထွက်သွားသည်။ သူမ၏ ယန္တရားဓားရှည်ကြီးသည် အာကာသကိုပင် ပုံပျက်သွားစေနိုင်သည့် ခရမ်းနက်ရောင်နောက်မြီးတန်းကြီးကို ချန်ရစ်ကာ နောက်ကျောဘက်မှ တိုက်ခိုက်လိုက်သည်။ သူမက ပြတ်သားစွာ အမိန့်ပေးလိုက်ပြီး ဓားရှည်ကို အလျားလိုက်ဝှေ့ယမ်းလိုက်ရာ အမှောင်စွမ်းအင်တန်းကြီးထွက်ပေါ်လာပြီး အရှေ့သို့ ပြေးဝင်လာသော သံမဏိကြိုးကဲ့သို့ အမြီးဆူးချွန်သုံးခုကို တိကျစွာဖြတ်တောက်လိုက်တော့သည်။

စခရီးးး၊၊

ကောင်းကင်ထက်တွင် ငါးလိပ်ကျောက်ကြီးက စူးစူးဝါးဝါးအော်ဟစ်လိုက်ပြီး ၎င်း၏ ဧရာမအတောင်ပံများကို ရူးသွပ်စွာ ခတ်ထုတ်ကာ အမြီးဆူးချွန်အားလုံးကို အမျိုးသမီးနှစ်ဦးထံသို့ ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ၎င်း၏ မျက်လုံးများမှ လေဆာစွမ်းအင်များ လျင်မြန်စွာ ထိုးတက်စုစည်းလာပြီး အနီရောင်အလင်းတန်းများ စတင်ဖြာထွက်လာသည်။

All Chapters