← Chapters

တစ္ဆေငါးလိပ်ကျောက်ကြီး (၂)

Vol. 57 Ch. 992

တစ္ဆေငါးလိပ်ကျောက်ကြီး (၂)

Vol. 57 Ch. 992

အဲရစ်ကာက ချက်ချင်းပင် အော်ပြောလိုက်သည်။

“ဗန်နက်ဆာ… အလယ်ကနေ ဖြတ်လိုက်”

“အကြံကောင်းပဲ”

တောင်တစ်လုံးနီးပါး ကြီးမားသော ဤအထူးအဆင့်သတ္တဝါကြီးကို ရင်ဆိုင်ရာတွင် ထိုအမျိုးသမီးနှစ်ဦးမှာ ကြောက်ရွံ့ခြင်းအလျှင်းမရှိပေ။ တစ်ဦးက စွမ်းအားအပြည့်ဖြင့် လေဆာတန်းများကို အလင်းဒိုင်းကာသုံး၍ ထိပ်တိုက်ရင်ဆိုင်ပျံသန်းသွားပြီး နောက်တစ်ဦးကမူ ဓားရှည်ကိုမြှောက်ကာ ငါးလိပ်ကျောက်ကြီး၏ ကျောပေါ်သို့ ခုန်တက်၍ တိုက်ခိုက်ရန် ပြင်လိုက်သည်။

ဘွန်းးး

ထိုခဏတွင် ငါးလိပ်ကျောက်ကြီး၏ လေဆာမျက်လုံးအားလုံးမှာ စွမ်းအားများထုတ်လွှတ်လိုက်သော်လည်း ၎င်းမှာ အဲရစ်ကာ အကွက်ဆင်ထားသည့်အတိုင်းဖြစ်သွားသည်။ သူမ၏ စွမ်းအားမှာ ထိုကဲ့သို့ စွမ်းအင်ဖြင့် တိုက်ခိုက်တတ်သော ထူးဆန်းသည့် သတ္တဝါများကို တုံ့ပြန်ရန် အသင့်တော်ဆုံးဖြစ်သည်။ သူမသည် လေဆာတန်းများကြားမှ အားနည်းချက်အချို့ကို ချက်ချင်းရှာဖွေတွေ့ရှိသွားပြီး စွမ်းအားအလင်းဒိုင်းကို အစွမ်းကုန်အသုံးပြုကာ ငါးလိပ်ကျောက်ကြီး၏ ကျောဘက်သို့ ထိုလေဆာတန်းများ ပြန်လည်ရောက်ရှိသွားအောင် လမ်းကြောင်းလွှဲလိုက်သည်။ ထို့နောက် မီတာရာနှင့်ချီသော ဧရာမဒဏ်ရာကြီးတစ်ခု ချက်ချင်းပေါ်ထွက်လာပြီး လောင်ကျွမ်းပေါက်ကွဲထွက်လာသော ဇီဝတစ်ရှူးများမှာ မီးတောင်ပေါက်ကွဲသကဲ့သို့ ပန်းထွက်လာတော့သည်။

ဤနေရာတွင် ဗန်နက်ဆာသည် အဲရစ်ကာက ငါးလိပ်ကျောက်ကြီး၏ ဇီဝစွမ်းအင်ဒိုင်းကို ဖောက်ထွင်းပေးလိုက်သည့် အခွင့်အရေးကိုအရယူကာ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားသည်။ သူမ၏ မီကာဝတ်စုံနှင့် စွမ်းအားများ အထွတ်အထိပ်သို့ ရောက်ရှိနေစဉ် ထိုသတ္တဝါ၏ ဧရာမဒဏ်ရာကြီးကို ယန္တရားဓားဖြင့် တိုက်ရိုက်ခုတ်ပိုင်းလိုက်လေသည်။

ရွှပပ်၊၊

စက္ကန့်ဝက်ပင်မကြာလိုက်ဘဲ တိမ်တိုက်များကြားတွင် ပုန်းနေသော ငါးလိပ်ကျောက်ကြီး၏ အရှေ့ဘက်ကိုယ်ထည်သုံးပုံတစ်ပုံခန့် ပြတ်ထွက်သွားသည်။ ပေါင်းစပ်မျက်လုံးများမှာ သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားပြီး စွမ်းအင်အမည်းရောင်မြူများ လွင့်စင်သွားကာ အသံပင်မထွက်နိုင်တော့ဘဲ အောက်သို့ပြုတ်ကျလာသည်၊၊

“အဲရစ်ကာ၊၊ နင့်ရဲ့စွမ်းအားက အတော်တိုးတက်လာတာပဲ။ ဒီလောက်အထိ ပြင်းထန်တဲ့ လေဆာစွမ်းအင်တွေကိုတောင် အပြည့်အဝပြန်လှည့်ထုတ်နိုင်နေပြီပဲ”

ဗန်နက်ဆာက လေထဲတွင် ပျံနေရင်း ပြုတ်ကျသွားသော ငါးလိပ်ကျောက်ကြီးကိုကြည့်ကာ ကျေနပ်စွာ ပြောလိုက်သည်။

အဲရစ်ကာမှာမူ အေးစက်တည်ငြိမ်နေဆဲဖြစ်ပြီး သူမ၏ အကြည့်မှာ လင်းရှန်ရှိရာဘက်သို့ ခဏတာရောက်သွားကာ တိုးညှင်းစွာ ပြောလိုက်သည်။

“ဂေဒီပြောတာတော့ ဒီဓားကိုင်ဆောင်သူအဖွဲ့ရဲ့ စွမ်းအားက အများဆုံး ၁၂၀၀၀ ပဲ ရှိတယ်ဆို”

“သူတို့က သလင်းကျောက်ဆင့်ကဲပြောင်းလဲမှု မဖြစ်သေးဘူးလေ၊၊ ဒါပေမဲ့ စွမ်းအားသက်သက်ကိုပဲ ကြည့်မယ်ဆိုရင် သူတို့က တော်တော်လေး အားကောင်းနေပြီသားပါ”

ဗန်နက်ဆာက ပြန်ဖြေသည်။

အဲရစ်ကာက တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။

“အလားအလာလား… ငါ အဲဒါကို သိပ်စိတ်မဝင်စားဘူး။ ငါစဉ်းစားနေတာက ဒီလောက်စွမ်းအားနဲ့ အာရုဏ်ဦးမြို့တော်ကို ကာကွယ်ဖို့တောင် မလွယ်ဘူး၊၊ ငါတို့ ပင်လယ်လင်းယုန်အုပ်စုကို ကယ်ဖို့ဆိုတာကတော့ ဝေးသေးတယ်”

ဗန်နက်ဆာက လင်းရှန်ရှိရာဘက်သို့ ရှုပ်ထွေးသောအကြည့်ဖြင့် လှမ်းကြည့်လိုက်ပြီး ဘာမှပြန်မပြောဘဲ နေလိုက်သည်။

…

အဝေးတစ်နေရာတွင် အထူးအဆင့်သတ္တဝါကြီးကို ရိုင်ယန်နှင့် သူ၏ အဓိကအဖွဲ့ဝင်များက အတွဲအဖက်မိစွာဖြင့် အလျင်အမြန် နှိမ်နင်းလိုက်သည့် မြင်ကွင်းကြောင့် လင်းရှန်ဘေးရှိ ကီကီလည်း မအောင့်နိုင်ဘဲ ရေရွတ်လိုက်သည်။

“ဝါး... အံ့သြစရာပဲ၊၊ အထူးအဆင့်သတ္တဝါကို တစ်မိနစ်တောင်မပြည့်ခင် ရှင်းပစ်လိုက်တာလား”

လင်းရှန်သည် အနီရောင်အလင်းဖြာထွက်နေသော အဆင့် ၄ အမှောင်အမှတ်အသား ပျောက်သွားသည်ကို ကြည့်နေသည်။ သူက ရှေ့တန်းစစ်မြေပြင်ကို အကဲခတ်ရင်း ပြောလိုက်သည်။

“သူတို့က သလင်းကျောက်ဆင့်ကဲပြောင်းလဲမှုပြီးမြောက်ထားတဲ့သူတွေ ဖြစ်လိမ့်မယ်။ တစ်ယောက်ချင်းစီရဲ့ စွမ်းအားက အနည်းဆုံး ၁၄၀၀၀ အထက်မှာ ရှိတယ်။ ဒီလိုအခြေအနေမျိုးမှာ တုံ့ဆိုင်းနေလို့ မရဘူး။ အားလုံးက တစ်ချက်တည်းနဲ့ အပြတ်ရှင်းနိုင်ဖို့ အစွမ်းကုန်ကြိုးစားကြရမှာပဲ၊၊ မဟုတ်ရင်...”

သို့သော် သူ စကားမဆုံးခင်မှာပင် ရှီဇီက ရုတ်တရက် ပြောလိုက်သည်။

“လင်းရှန်၊၊ နောက်ထပ်လာနေသေးတယ်”

ဝူးးးးး

ထိုခဏတွင် ငြိမ်းသွားသော အမှတ်အသားအလင်းမှာ ပြန်လည်လင်းလက်လာပြန်သည်။ ငါးလိပ်ကျောက်ကြီး၏ အကြွင်းအကျန်များမှာ အမည်းရောင်မြူများနှင့် သွေးစိမ်းရှင်ရှင်များအကြား ပင်လယ်ထဲသို့ ပြုတ်ကျသွားသည်။ ၎င်း၏ ကိုယ်ထည်နစ်မြုပ်သွားမှုကြောင့် ဖြစ်ပေါ်လာသော ဝဲဂယက်မှာပင် မငြိမ်သေးမီ ပင်လယ်နက်ပိုင်း အောက်ခြေမှ ရုတ်တရက် ဖောင်းတက်လာသည်။ ရေလှိုင်းများကြားမှ အချင်း မီတာငါးဆယ်ကျော်ရှိသော စက်ဝိုင်းပုံ ပါးစပ်ကြီး ထွက်ပေါ်လာပြီး အရိုးများကဲ့သို့ လက်တံရာနှင့်ချီက အသားကြိတ်စက်အလား လည်ပတ်နေကာ ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ဧရာမလှိုင်းလုံးကြီးများ ဖြစ်ပေါ်စေလိုက်တော့သည်။

ပင်လယ်ထဲမှ ဘယ်လိုမွန်းစတားကြီး ထွက်လာလဲဆိုတာကို အဖွဲ့သားများပင် သေချာမခွဲခြားနိုင်သေးမီမှာပင် ဂဲဂယက်ထဲမှ ဝေလငါး‌အော်သံကဲ့သို့သော အသံနက်ကြီးထွက်ပေါ်လာသည်။ ထိုပါးစပ်ကြီး၏ အလယ်ဗဟိုမှ ပြွန်ချောင်းမှာ လျင်မြန်စွာ ကျုံ့သွားပြီး အဖြူရောင်အရာများကို အမြောက်အမြားမှုတ်ထုတ်လိုက်သည်။ သေချာကြည့်လိုက်သောအခါ ၎င်းတို့မှာ အရေခွံဆုတ်ထားသော ကင်းခြေများ များနှင့်တူသည့် ဖြူဖျော့ဖျော့ပင်လယ်အင်းဆက်များဖြစ်နေသည်ကို တွေ့ရသည်။ ၎င်းတို့မှာ မြွေဟောက်တစ်ကောင်နီးပါး ကြီးမားကြပြီး တစ်ကောင်ချင်းစီတွင် ဆူးချွန်ပါသောအမြီးများ ရှိကြသည်။ ထိုအင်းစက်အုပ်ကြီးမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ၎င်း၏အရိပ်က လင်းရှန်နှင့် ရိုင်ယန်တို့အဖွဲ့ကို ချက်ချင်း ပျောက်ကွယ်သွားစေသည်၊၊

“အဲရစ်ကာ… ဒိုင်းကာမြှောက်လိုက်။ သံလက်သီး… ငါ့အတွက် လမ်းဖောက်ပေး.. ဒီကောင်ကို ငါ ကိုင်တွယ်မယ်”

တဟုန်ထိုးတက်လာသော အင်းဆက်ဒီရေလှိုင်းများကြားတွင် ရိုင်ယန်၏ အသံမှာ ဆက်သွယ်ရေးစက်အတွင်း ချက်ချင်း ပဲ့တင်ထပ်သွားသည်။ လင်းရှန်က ကီကီဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။

“ကီကီ”

“နားလည်ပြီ”

ကီကီနှင့် လင်းရှန်တို့မှာ စကားအများကြီးပြောစရာမလိုဘဲ တစ်ဦး၏ အတွေးကို တစ်ဦးက သိနေကြသူများ ဖြစ်သည်။

အဲရစ်ကာက အလင်းဒိုင်းကာကို လွှတ်လိုက်ပြီး သံလက်သီးက အမည်းရောင်ကောင်းကင်အမြောက်ကို အသုံးပြုရန် ပြင်နေစဉ်မှာပင် ပျံသန်းလာသော အင်းဆက်အုပ်ကြီး၏ လမ်းကြောင်းမှာ လေထဲတွင် ရပ်တန့်သွားသကဲ့သို့ဖြစ်သွားသည်ကို အားလုံး သတိပြုမိလိုက်ကြသည်။ အဲရစ်ကာနှင့် အက်ဇ်လန်တို့ နောက်လှည့်ကြည့်လိုက်ရာ ကီကီသည် သူတို့ထံသို့ နတ်ဘုရားမတစ်ပါးအလား ပျံသန်းလာပြီး သူမ၏ လက်နှစ်ဖက်ကို မြှောက်ကာ ဘေးသို့ ခွဲထုတ်လိုက်သည်ကို တွေ့လိုက်ရသည်။ လှိုင်းလုံးကြီးကဲ့သို့ လာနေသော အင်းဆက်အုပ်ကြီးသည် ချက်ချင်းပင် နှစ်ခြမ်းကွဲသွားလေသည်။

ထိုစဉ် လင်းရှန်က တိုက်ခိုက်ရန်ပြင်ဆင်နေပြီး ဧရာမ ပင်လယ်မွန်းစတားကြီးက ရေအောက်သို့ ပြန်လည် ငုပ်လျှိုးတော့မည့်ပုံကို မြင်သောအခါ ကီကီကို ချက်ချင်း ပြောလိုက်သည်။

“သူ့ကို အပေါ်မှာပဲ ဆွဲထားပေး”

“ငါ ကူညီမယ်”

ပြောလိုက်သူမှာ ရိုင်ယန်ဖြစ်သည်။ သူသည် အရှေ့သို့ လှမ်းတက်လိုက်ပြီး လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ဆူပွက်နေသော ပင်လယ်ရေမျက်နှာပြင်မှာ ရုတ်တရက် အေးစက်သော လေထုနှင့် ဖုံးလွှမ်းသွားပြီး ရေမျက်နှာပြင်မှာ အေးခဲသွားသည်။ ထိုအေးခဲသွားသော ရေပြင်ကြောင့် ငုပ်လျှိုးတော့မည့် ပင်လယ်မွန်းစတားကြီး၏ လှုပ်ရှားမှုမှာ ခဏတာရပ်တန့်သွားပြီး ရေခဲပြင်မှ နားကွဲမတတ် အက်ကွဲသံများ ထွက်ပေါ်လာသည်။

အေးခဲစွမ်းအားလား၊၊

ဒါက အသစ်ပဲ။

လင်းရှန်၏ စိတ်ထဲတွင် အတွေးတစ်ချက်ဖြတ်ပြေးသွားသော်လည်း သူ တုံ့ဆိုင်းမနေတော့ပေ။ ကီကီနှင့် ရိုင်ယန်တို့၏ ပူးပေါင်းမှုဖြင့် သူသည် ချက်ချင်း လက်မြှောက်ကာ ကြယ်နက်ပန်းပဲဖိုကို ဆင့်ခေါ်လိုက်သည်။

တစ်ခဏအတွင်းမှာပင် ကောင်းကင်ထက်၌ အနက်ရောင်ယန္တရားတံခါးကြီးတစ်ခု ဝုန်းကနဲ ပွင့်လာပြီး ၎င်းအတွင်းမှ ဗာမီလီယံ၏ ပလာစမာစွမ်းအင်ဖြာထွက်ဓားကို ကိုင်ဆောင်ထားသော ဧရာမ ယန္တရားလက်ကြီး ထွက်ပေါ်လာသည်။ ထိုယန္တရားလက်ပေါ်တွင် အင်ဂျင်ပေါင်းရာနှင့်ချီ၍ ဟိန်းဟောက်နေပြီး တံတောင်ဆစ်ရှိ ဂျက်အင်ဂျင်များမှ အရှိန်ပြင်းသော လေလှိုင်းကွင်းများ ထွက်ပေါ်လာကာ ထိုလေးလံသော ယန္တရားလက်ကြီးကို ပေါက်ကွဲအားဖြင့် အရှိန်မြှင့်ပေးလိုက်သည်။ အဆင့်မြှင့်တင်ထားသော ရွှမ်းဝူ၏ ယန္တရားညာလက်ပြတ်သည် အနီရောင်စွမ်းအင်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး လေထုနှင့် ပွတ်တိုက်မှုကြောင့် အရှိန်ပြင်းစွာဖြင့် နီရဲလာကာ ပင်လယ်မွန်းစတားကြီးထံသို့ အားအပြည့်နှင့် ခုတ်ပိုင်းချလိုက်သည်။

ဝူးးးးး

လေထုမှာ ပေါက်ကွဲသံများနှင့်အတူ တုန်ခါသွားပြီး ပလာစမာစွမ်းအင်ဓား၏ ဖျက်ဆီးအားမှာ မည်သည့်အရာကိုမျှ အလျှော့မပေးခဲ့ပေ။ ပင်လယ်မွန်းစတားကြီး၏ ဇီဝစွမ်းအင်ဒိုင်းသည် တောင့်မခံနိုင်တော့ဘဲ လင်းရှန်၏ ခုတ်ချက်ကြောင့် ခါးလယ်မှ တိတိရိရိပြတ်ထွက်သွားတော့သည်။

လင်းရှန်သည် ဤပင်လယ်မွန်းစတားသည် အဆင့် A လား၊ အထူးအဆင့်လားဆိုသည်ကို မသိသော်လည်း အာရုဏ်ဦးမြို့တော် ကာကွယ်ရေးတိုက်ပွဲတွင်ပင် S-Class အဆင့် လေလွင့်သူနှင့် မြေကမ္ဘာမွန်းစတားများပင် မခံနိုင်ခဲ့သော ဤခုတ်ချက်သည် ဤပင်လယ်သတ္တဝါများကို သတ်ဖြတ်နိုင်မည်ကို သူအတပ်သိနေသည်။

ထိုမြင်ကွင်းကြောင့် ရိုင်ယန်၊ ဗန်နက်ဆာ၊ အဲရစ်ကာနှင့် ပင်လယ်လင်းယုန်အုပ်စုမှ အင်ဂျင်နီယာများအပါအဝင် အက်ဇ်လန်တို့အားလုံး မျက်နှာပျက်သွားကြသည်။ လင်းရှန်သည် ယန္တရားစွမ်းအားရှင်တစ်ဦးဖြစ်ပြီး ဖီးနစ်မှ ဓားကိုင်ဆောင်သူတစ်ဦးဖြစ်သည်ကို သူတို့သိကြသော်လည်း ဤယန္တရားစွမ်းအားရှင်က ကောင်းကင်ထက်မှ ဧရာမ ယန္တရားဓားကြီးကို ဆင့်ခေါ်၍ ခုတ်ပိုင်းနိုင်လိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။ ဤမြင်ကွင်းမှာ အလွန်ပင် စိတ်လှုပ်ရှားဖွယ်ကောင်းနေပြီး သူတို့ကို အကြီးအကျယ်အံ့အားသင့်သွားစေခဲ့သည်။

All Chapters