← Chapters

အစီအစဉ်

Vol. 57 Ch. 994

အစီအစဉ်

Vol. 57 Ch. 994

ဝုန်း၊၊

အက်ဇ်လန်က နောက်ထပ်အမြောက်ကြီးတစ်ချက် ပစ်ခတ်လိုက်ပြီး ချက်ချင်းပင် ကျိန်ဆဲလိုက်သည်။

“သောက်ကျိုးနည်း… ဒီအတိုင်းဆက်သွားရင် S-Class အဆင့်တွေ ဒါမှမဟုတ် အဲဒီ ယူနီဂါ-၁ သာပေါ်လာရင်တော့ ငါတို့ အကုန်သေကုန်ကြမှာပဲ”

“ပင်လယ်ကျောက်ဆောင်ကျွန်းပတ်ပတ်လည်မှာ သတ္တဝါတွေ အမြစ်တွယ်နေတာ အရမ်းများလွန်းတယ်၊၊ ခဏလေးအတွင်းမှာ ဒီပင်လယ်ပြင်ကို ရှင်းပစ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး”

ကောင်းကင်ယံတွင် အဲရစ်ကာနှင့်အတူ ရန်သူကို ပူးပေါင်းတိုက်ခိုက်နေသော ဗန်နက်ဆာက အကြံပြုလိုက်သည်။

“ရိုင်ယန်၊ ကပ္ပတိန်လင်း… ငါတို့ ဒီပင်လယ်ပြင်ကနေ အရင်ဆုတ်ခွာသင့်တယ်လို့ ထင်တယ်”

“ဆုတ်ခွာမယ် ဟုတ်လား”

“သူဆိုလိုတာက ဒီမုန်တိုင်းဧရိယာကနေ အရင်ထွက်သွားဖို့ပဲ၊၊ အခုက နေ့ဘက်ဖြစ်နေသေးတော့ အဆင့် ၁ အမှတ်အသားရှိနေတုန်း ဒီပင်လယ်ပြင်ကနေ ထွက်သွားနိုင်မယ်ဆိုရင် ငါတို့ အသက်ရှူချောင်သွားနိုင်တယ်”

ဂေဒီကလည်း ထပ်ပြောလိုက်သည်။

“ဆုတ်ခွာပြီးရင် ငါတို့ ပင်လယ်ကျောက်ဆောင်မြို့ထဲကို သွားလို့ရတယ်၊၊ အဲဒီမှာ အဆင့်နိမ့်တဲ့ သန္ဓေပြောင်းမွန်းစတားတွေကို အမဲလိုက်ပြီး ငါတို့ပေါ်က အမှတ်အသားကို ဖယ်ရှားလို့ရတာပေါ့”

“အကြံကောင်းပဲ”

ရိုင်ယန်က ချက်ချင်းပင် တုံ့ပြန်လိုက်ပြီး လင်းရှန်ရှိရာဘက်သို့ လှမ်းအော်ပြောလိုက်သည်။

“ကပ္ပတိန်လင်း။ စွမ်းအင်ထုတ်လွှတ်မယ့် အစီအစဉ်ကို ခဏဆိုင်းထားမယ်။ ပိုကြီးတဲ့ မွန်းစတားတွေ ရောက်မလာခင် ငါတို့ ဒီကနေအမြန်ဆုတ်ခွာတာ ပိုကောင်းလိမ့်မယ်”

“ဒီတိုင်းလုပ်တာကောင်းမယ်ထင်တယ်”

ကီကီကလည်း ခေါင်းညိတ်သဘောတူလိုက်သော်လည်း သူမ၏ အကြည့်များက ဘေးနားရှိ လင်းရှန်ထံသို့ ရောက်ရှိသွားသည်။

“လင်းရှန်။ ရှင်ရော ဘယ်လိုထင်လဲ”

“အဆင်မပြေနိုင်ဘူး”

ထိုအစီအစဉ်ကို ကြားလျှင်ပင် လင်းရှန်က ပြတ်သားစွာ ငြင်းဆန်လိုက်သည်။

“အဆင့် ၁ အမှတ်အသားဆိုတာကလည်း အမှတ်အသားပဲ။ ဒီနယ်မြေထဲမှာ ငါတို့က သန္ဓေပြောင်းမွန်းစတားတွေအတွက် ပစ်မှတ်အဖြစ် ထင်ရှားနေတုန်းပဲ။ အခု ကျွန်းပတ်ပတ်လည်မှာ သန္ဓေပြောင်းမွန်းစတားမျိုးစုံက ဝိုင်းနေပြီ။ ကျွန်းက အရှေ့တောင်ဘက်အစွန်ဆုံးမှာရှိနေလို့သာ သတ္တဝါတွေ အနည်းဆုံးဖြစ်နေတာ။ အကယ်၍ ငါတို့က အဆင့် ၁ အမှတ်အသားကြီးနဲ့ ကျွန်းမကြီးဘက်ကိုဖြစ်ဖြစ်၊ တခြားဘက်ကိုဖြစ်ဖြစ် ဦးတည်လိုက်မယ်ဆိုရင် ကျွန်းတစ်ခုလုံး ပရမ်းပတာဖြစ်သွားလိမ့်မယ်။ ဒါက တကယ့်ကို ညံ့ဖျင်းတဲ့ ဗျူဟာပဲ”

အမှောင်ထုနှင့် အချိန်အတော်ကြာ တိုက်ပွဲဝင်ခဲ့သည့် လင်းရှန်သည် မူတစ်ခုကို နားလည်ထားပြီးဖြစ်သည်။ အကျပ်အတည်းနှင့် ရင်ဆိုင်ရချိန်တွင် အမှတ်မထင်ကံကောင်းမှုကို ဘယ်တော့မှ မမျှော်လင့်သင့်ပေ။ အထူးသဖြင့် ဤအမှောင်အမှတ်အသားရှိနေသည့် အခြေအနေမျိုးတွင် ပိုဆိုးသည်။ အခြားနေရာသို့ ထွက်ပြေးလိုက်ရုံနှင့် သတ္တဝါများက လိုက်မလာတော့ဟု တွေးခြင်းမှာ ဖြစ်နိုင်ခြေရှိပုံရသော်လည်း လက်ရှိနေရာမှာ ပတ်ဝန်းကျင်ပင်လယ်ပြင်ရှိ သတ္တဝါအားလုံးအတွက် ပါတီပွဲကျင်းပရာနေရာ ဖြစ်နေပြီဖြစ်သည်။ ဤနေရာတွင် လျှောက်သွားနေခြင်းမှာ ပျားအုံထဲသို့ ပျားရည်အိုးကိုင်ပြီး ခုန်ဝင်သကဲ့သို့ပင်။

လင်းရှန်၏ စကားကို ကြားသောအခါ ရိုင်ယန်လည်း မျက်မှောင်ကြုတ်သွားသည်။ နယ်မြေခံအဖွဲ့ခေါင်းဆောင်တစ်ဦးအနေဖြင့် လင်းရှန်၏ ဆန်းစစ်ချက်မှာ လုံးဝယုတ္တိရှိကြောင်း သူနားလည်သည်။ သို့သော် လက်ရှိအခြေအနေမှာ တောင်ပြိုသည့်အလား အရေးကြီးနေပြီး အခြားထွက်ပေါက်လည်း မရှိသလောက်ပင်။

“အဆင်မပြေဘူး ဟုတ်လား။ ဒါဆို မင်းက ဘာလုပ်သင့်တယ်လို့ထင်လဲ”

ဗန်နက်ဆာ၏ အကြံပြုချက်ကို လင်းရှန် ပယ်ချလိုက်သည်ကို ကြားသောအခါ အဲရစ်ကာက ချက်ချင်းပင် ပြန်ပြောလိုက်သည်။

“ကပ္ပတိန်လင်းမှာ ဒါထက်ကောင်းတဲ့ အဖြေရှိလို့လား”

သူတို့အဖွဲ့ဝင်များအတွက်မူ အမှတ်အသားကို ဖျက်ဆီးရန်မှာ လက်ရှိတွင် မဖြစ်နိုင်သော အခြေအနေပင်။ ဗန်နက်ဆာ၏ အကြံပြုချက်မှာ စွန့်စားရသော်လည်း မျှော်လင့်ချက်အလင်းရောင် အနည်းငယ်ရှိနေသေးသည်။ ထို့ကြောင့် ဖီးနစ်မှ ဤ ဓားကိုင်ဆောင်သူက မည်သည့်အဖြေမျိုးပေးနိုင်မည်ကို လူတိုင်းသိချင်နေကြသည်။

“ရှိတယ်”

အဲရစ်ကာ မေးပြီးသည်နှင့် လင်းရှန်၏အသံမှာ လူတိုင်း၏ ဆက်သွယ်ရေးစနစ်ထဲတွင် ချက်ချင်းထွက်ပေါ်လာသည်။

“အဖြေကတော့။ ပိုကြီးတဲ့ မွန်းစတားတွေ ရောက်မလာခင် သူတို့အားလုံးကို တစ်ခါတည်း ရှင်းပစ်ဖို့ပဲ”

ထိုအချိန်တွင် လင်းရှန်မှာ လေထဲ၌ လွင့်မျောနေသည်၊၊ သူက အဝေးရှိ မုန်တိုင်းကြားမှ ပင်လယ်ပြင်၏ အံ့ဖွယ်အရာတစ်ခုကဲ့သို့ ချဉ်းကပ်လာနေသော အလွန်ကြီးမားသည့် အမည်းရောင်ကျွန်းကို စိုက်ကြည့်နေသည်။ ကမ်းပါးနက်ကြီးများအောက်တွင် ကြီးမားသော ဝဲဂယက်ကြီးမှာ အဆက်မပြတ်မြင့်တက်လာနေသော်လည်း သူ၏ စိတ်ထဲတွင် အစီအစဉ်တစ်ခုကို ပုံဖော်လိုက်ပြီဖြစ်သည်။

“နင်...”

“အဲရစ်ကာ”

ရိုင်ယန်က အယ်ရီကာ၏ စကားကို ဖြတ်ပြောလိုက်သည်။ သူသည် လင်းရှန်ရှိရာသို့ ကြည့်ကာ လှမ်းအော်လိုက်သည်။

“ကပ္ပတိန်လင်း… မင်း ဘယ်လိုလုပ်ဖို့ စီစဉ်ထားတာလဲ”

ဘန်းး

ထိုအခိုက်၌ လင်းရှန်၏ စွမ်းအားဝတ်စုံမှ တွန်းကန်အားပေးသည့် ကိရိယာအားလုံး အစွမ်းကုန်ပွင့်ထွက်သွားပြီး အသံထက်မြန်သော အရှိန်ဖြင့် ကောင်းကင်ယံသို့ ပျံတက်သွားသည်။ တပြိုင်နက်တည်းမှာပင် လင်းရှန်၏အသံက ဆက်သွယ်ရေးစနစ်ထဲတွင် ဟိန်းထွက်လာသည်။

“အမှတ်အသားရှိတဲ့သူတွေအားလုံး… ငါနဲ့အတူ ပင်လယ်ဝဲဂယက်ရဲ့ အပေါ်မှာ လာစုကြ”

ဒါကို ကြားလိုက်ရချိန်တွင် ရိုင်ယန်၏ မျက်နှာတွင် ရှုပ်ထွေးသော အရိပ်အယောင်များပေါ်လာသည်။ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တွန့်ဆုတ်မနေဘဲ ပြတ်သားစွာ အမိန့်ပေးလိုက်သည်။

“အားလုံးပဲ… ကပ္ပတိန်လင်းနောက်ကို လိုက်ကြ… ငါနဲ့အတူ သွားမယ်”

ချက်ချင်းပင် အမှတ်အသားပါသော ရိုင်ယန်၏ အဖွဲ့ဝင်ဒါဇင်ပေါင်းများစွာသည် စွမ်းအားဝတ်စုံများကို အသုံးပြုကာ လေထဲသို့ ပျံတက်လိုက်ကြသည်။ သူတို့သည် အင်းဆက်ဒီရေလှိုင်းများကို ဖောက်ထွက်ကာ အဝေးမှ ဝဲဂယက်ပင်လယ်ပြင်အထက်တွင် စုရုံးလိုက်ကြသည်။ ထိုအခိုက်၌ အရပ်မျက်နှာအနှံ့မှ စုပြုံတိုးဝှေ့လာကြသော သန္ဓေပြောင်းမွန်းစတားများကလည်း အမှောင်အမှတ်အသားနောက်သို့ လိုက်ပါလာကြရာ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြီးဖြစ်ပေါ်လာတော့သည်။

ဗန်နက်ဆာ၊ ဂေဒီ၊ အဲရစ်ကာနှင့် အက်ဇ်လန်တို့လည်း အစွမ်းကုန်တိုက်ခိုက်ရင်း နောက်မှ လိုက်ပါလာကြသည်။

“သူ ဘာလုပ်မလို့လဲ”

“ငါလည်း မသိဘူး” အက်ဇ်လန်က ပြန်ဖြေသည်။

“ဘာမှ မမေးနဲ့တော့။ သူ့ကိုပဲ ယုံလိုက်ကြရအောင်”

ဗန်နက်ဆာက လှမ်းအော်လိုက်သည်။

ခဏချင်းအတွင်းမှာပင် စွမ်းအားဝတ်စုံဒါဇင်ပေါင်းများစွာသည် မည်းမှောင်နေသော ကောင်းကင်ယံကို ဖြတ်သန်းကာ သည်းထန်စွာ ရွာသွန်းနေသော မိုးနှင့် မုန်တိုင်းကြားရှိ ကျွန်း၏ အရှေ့တောင်ဘက် ပင်လယ်ပြင်တွင် ပျံဝဲနေကြသည်။ အောက်ဘက်တွင်မူ ပင်လယ်ရေမှာ ပြင်းထန်စွာ ဆူပွက်နေပြီး လှိုင်းတံပိုးများမှာ အနက်ရောင်တောင်တန်းများပမာ ထပ်ဆင့်၍ မြင့်တက်နေသည်။ ရိုင်ယန်၏ လင်းယုန်အဖွဲ့ဝင်များနှင့် လင်းရှန်၏ အဖွဲ့တို့မှာ မုန်တိုင်းကြားမှ ပိုးစုန်းကြူးများအလားဖြစ်နေပြီး ဝတ်စုံနောက်မှ အပြာရောင်အချက်ပြမီးများမှာ အမှောင်ထုထဲတွင် လင်းလက်နေကြသည်။

အရပ်မျက်နှာအနှံ့မှ ဝေလငါးအော်သံကဲ့သို့သော ငိုညည်းသံများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော သတ္တဝါများမှာ ကောင်းကင်ယံကို ဖုံးလွှမ်းမတတ် စုပြုံရောက်ရှိလာကြသည်။ လူတိုင်းသည် အစွမ်းကုန် ပြန်လည်ပစ်ခတ်နေကြသည်။

ထိုအခိုက်၌ အောက်ဘက်ရှိ ပင်လယ်ပြင်မှာ ရုတ်တရက် နိမ့်ဆင်းသွားပြီး မီတာရာနှင့်ချီ ကျယ်ဝန်းသော ဝဲဂယက်ကြီးတစ်ခု အလိုအလျောက်ဖြစ်ပေါ်လာသည်။ ဝဲဂယက်၏ အနားသတ်များမှာ သေမင်းတမျှ ကြောက်မက်ဖွယ်ကောင်းသော အဖြူရောင်အစွယ်များပမာ ဖြစ်နေပြီး ၎င်း၏ အနက်ရှိုင်းဆုံးနေရာတွင် စက်ဝိုင်းပုံစံ ပါးစပ်ကြီးတစ်ခု ပွင့်လာသည်။ ၎င်းမှာ သံမဏိကြိုးများကဲ့သို့ ရှုပ်ထွေးနေသော လက်တံထောင်ပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည့် ကြီးမားသော ကြိတ်စက်ပါးစပ်ကြီးဖြစ်ပြီး အတွင်းဘက်နံရံများတွင် အရည်ပျော်နေသော ရွှေရောင် မျက်လုံးများစွာ စီတန်းနေသည်။ အလယ်ဗဟိုတည့်တည့်တွင်မူ ဒုတိယမြောက် ပါးစပ်ကြီး ထပ်မံပွင့်လာပြီး ရေဆင်နှာမောင်းကဲ့သို့ အားပြင်းသောစုပ်ယူမှုကို ဖန်တီးကာ လူတိုင်းကို ဝါးမျိုရန် ကြိုးစားလိုက်သည်။

“ဒါ…ဒါ ကမ်းပါးအောက်မှာရှိတဲ့ ကောင်းကင်ဓာတ်ပုံထဲက ဝဲဂယက်သတ္တဝါကြီးပဲ”

“ဖွဲ့စည်းပုံမပျက်စေနဲ့”

“ကပ္ပတိန်လင်း။ မင်း ဘာလုပ်ဖို့ ကြံနေတာလဲ”

သူတို့ကို ဝိုင်းရံလာသည့် သတ္တဝါများနှင့် အောက်ဘက်မှ စုပ်ယူနေသော ဝဲဂယက်ကြီးကို ကြည့်ကာ ရိုင်ယန်က မေးလိုက်သည်။ စွမ်းအားဝတ်စုံများ၏ တွန်းကန်အားကို အစွမ်းကုန်မြှင့်တင်ကာ စုပ်ယူမှုကို ခုခံနေရသော်လည်း သေခြင်းအငွေ့သက်က လူတိုင်းကို စတင်စိုးရိမ်လာစေသည်။

ထိုအချိန်တွင် လင်းရှန်သည် ကောင်းကင်မှ အနည်းငယ်နိမ့်ဆင်းလာပြီး အေးစက်စွာ အမိန့်ပေးလိုက်သည်။

“အက်ဇ်လန်… မင်းရဲ့ အမြောက်ကိုသုံးပြီး အပေါ်က တိမ်တွေကို ရှင်းပစ်ပါ… ရိုင်ယန်နဲ့ ကီကီ… မင်းတို့ နှစ်ယောက် ပူးပေါင်းလှုပ်ရှားကြ… တခြားအထူးအဆင့်သတ္တဝါကြီးတွေ နီးလာတဲ့အခါ ပင်လယ်ရေနဲ့အတူ သူတို့ကို အေးခဲပစ်ပြီး ဟိုသတ္တဝါကြီးရဲ့ ပါးစပ်ထဲကို ပစ်ထည့်လိုက်… ရှီဇီက အားလုံးရဲ့ စိတ်ဝိညဥ်ဒိုင်းကာနဲ့ ကာကွယ်ထားပေး။ ကီကီ… ငါ အချက်ပြတာနဲ့ ဝဲဂယက်ဗဟိုမှာရှိတဲ့ လူတိုင်းကို စိတ်စွမ်းအားနဲ့ ဆွဲထုတ်ပြီး ရေထုတ်လွှတ်တဲ့လမ်းကြောင်းဆီပို့ပေးပါ”

“နားလည်ပြီ”

ကီကီက ချက်ချင်း ပြန်ပြောလိုက်သည်။ သူမသည် လင်းရှန်၏ အစီအစဉ်ကို အသေးစိတ်မမေးတော့ပေ။ လင်းရှန် စီစဉ်ထားသရွေ့ သူမက ချက်ချင်းပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေသည်။

All Chapters