← Chapters

အံ့ဖွယ်စွမ်းအား

Vol. 57 Ch. 995

အံ့ဖွယ်စွမ်းအား

Vol. 57 Ch. 995

ထိုခဏ၌ လူတိုင်း၏ စိတ်နှလုံးတွင် ဖိအားနှင့် ထိတ်လန့်မှုများက အတိုင်းအဆမရှိကြီးစိုးနေသည်။ ကံကောင်းထောက်မစွာဖြင့် ရိုင်ယန်ကဲ့သို့ စိတ်ဝိညာဉ်တုန်ခါမှုလှိုင်းတန်ဖိုး ၁၀,၀၀၀ ကျော်ရှိသည့် အထူးတပ်ဖွဲ့ဝင်များမှာမူ အကျပ်အတည်းကြားတွင် တည်ငြိမ်မှုကို ထိန်းထားနိုင်ကြဆဲပင်။ လင်းရှန်၏ စကားကိုကြားသည်နှင့် ရိုင်ယန်နှင့် အက်ဇ်လန်တို့က ချက်ချင်း တုံ့ပြန်လိုက်ကြသည်။

“ကောင်းပြီ”

“အက်ဇ်လန်”

“နားလည်ပြီ”

အက်ဇ်လန်သည် အချိန်ဆွဲမနေဘဲ သူ၏ အမြောက်နှစ်လက်ကို ကောင်းကင်သို့ မြှောက်လိုက်သည်။ ဂေဒီနှင့် ဗန်နက်ဆာတို့ကလည်း အမြောက်၏ ပြန်ကန်အားကို ထိန်းနိုင်ရန် သူ၏ ခြေထောက်များကို သေချာအားပြုထောက်ကန်ပေးလိုက်ကြသည်။

ဘွန်းး

အမှောင်စွမ်းအင်များကို စုစည်းပြီးနောက် ကြီးမားသော အနက်ရောင် အလင်းတန်းအမြောက်ကြီးမှာ ပင်လယ်ပြင်အထက်တွင် ပေါ်ထွက်လာပြီး အပေါ်ယံမှ မှောင်မိုက်နေသော တိမ်တိုက်များကို ဖောက်ထွက်သွားသည်။ ထိုအနက်ရောင်အလင်း၏ ပြင်းအားကြောင့် ပတ်ဝန်းကျင်ဟင်းလင်းပြင်မှာ သိသာစွာမှေးမှိန်သွားခဲ့သည်။ အမြောက်ဆန်မှာ ကောင်းကင်ကို ခွဲထွက်သွားပြီး နိမ့်ဆင်းနေသော မုန်တိုင်းတိမ်တိုက်များကို အပေါက်ကြီးဖြစ်အောင် ဖောက်ထုတ်ပစ်လိုက်ရာ တိမ်လွှာများ တဖြည်းဖြည်း လွင့်စင်သွားပြီး နောက်ထပ် ငါးလိပ်ကျောက်ကြီးတစ်ကောင်ကို မြင်ကွင်းထဲတွင် တွေ့လိုက်ရသည်။

၎င်းကို မြင်လိုက်ရချိန်တွင် လင်းရှန်၏ မျက်လုံးများက ထက်ရှသွားပြီး သူသည် ကောင်းကင်သို့ ပျံတက်ရင်း အော်ပြောလိုက်သည်။

“အခုပဲ”

သူ့အသံကို ကြားသည်နှင့် ရိုင်ယန်နှင့် ကီကီတို့က လှုပ်ရှားလိုက်ကြသည်။ ကီကီက သူမ၏ လက်များကို မြှောက်လိုက်ရာ ပြင်းထန်သော စိတ်စွမ်းအားကြောင့် ပင်လယ်ရေမျက်နှာပြင်မှ ပေ ၁၀၀ခန့် မြင့်သော လှိုင်းလုံးကြီး ပေါ်ထွက်လာပြီး စုပြုံနေသော သန္ဓေပြောင်းမွန်းစတားများကို ရိုက်ချလိုက်သည်။ တပြိုင်နက်တည်းမှာပင် ရိုင်ယန်သည် သူ၏ မျက်မှန်ကို ချွတ်လိုက်ပြီး ဟိန်းဟောက်လိုက်ရာ သူ၏ မျက်လုံးများမှာ အပြာရောင်တောက်ပလာပြီး ကြောက်မက်ဖွယ်ကောင်းသော အအေးလှိုင်းများကို အရပ်မျက်နှာအနှံ့ ထုတ်လွှတ်လိုက်သည်။

ရေလှိုင်းကြီးများမှာ ခဏချင်းအတွင်း ခိုင်မာသော ရေခဲပြင်ကြီးများအဖြစ် ပြောင်းလဲသွားပြီး သတ္တဝါများကို အတွင်း၌ ပိတ်လှောင်လိုက်သည့် အသံကို လူတိုင်း ကြားလိုက်ရသည်။ ထို့နောက် ကီကီက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ထိုရေခဲတံတိုင်းကြီးများမှာ အဆင့်ဆင့်ကွဲအက်သွားပြီး အောက်ဘက်ရှိ တွင်းနက်ပါးစပ်ကြီးထဲသို့ ပြိုကျသွားကာ ကြောက်မက်ဖွယ်စုပ်ယူမှုနှင့် ထူထပ်လှသော လက်တံများကို ပိတ်ဆို့ပစ်လိုက်သည်။

ထိုအခိုက်၌ လင်းရှန်မှာ ကောင်းကင်ထက်သို့ မြင့်တက်သွားပြီး သူ၏ ကျောဘက်တွင် စူပါစထရင်းနူဓာတ်ပြုအဆင့် သက်တန့်ကွင်းသုံးခုမှာ ဓမ္မစက်ဝန်းများပမာ လင်းလက်လာသည်။

သက်တန့်ကွင်းများပေါ်လာသည်နှင့်အမျှ လင်းရှန်၏ စိတ်ဝိညာဉ်တုန်ခါမှုလှိုင်းတန်ဖိုးမှာလည်း အရှိန်ဟုန်ဖြင့် မြင့်တက်လာသည်။

ပထမကွင်း - စိတ်ဝိညာဉ်တုန်ခါလှိုင်းတန်ဖိုး ၁၈,၀၀၀။ဆ

ဒုတိယကွင်း - စိတ်ဝိညာဉ်တုန်ခါလှိုင်းတန်ဖိုး ၂၄,၀၀၀။

တတိယကွင်း - စိတ်ဝိညာဉ်တုန်ခါလှိုင်းတန်ဖိုး ၃၀,၀၀၀ အထိ။

၎င်းသည် သာလွန်အဆင့်ပင်။

လူတိုင်း၏ နားလည်နိုင်စွမ်းကို ကျော်လွန်နေသော ဤစွမ်းအားမြင့်တက်မှုကို ခံစားလိုက်ရချိန်တွင် ရိုင်ယန်၏ အဖွဲ့သားများ မျက်နှာပျက်သွားကြသည်။ အဲရစ်ကာနှင့် အခြားသူများ မော့ကြည့်လိုက်ရာ လင်းရှန်က ကြီးမားသော ငါးလိပ်ကျောက်ကြီးရှိရာသို့ လက်ညှိုးညွှန်လိုက်သည်ကို တွေ့လိုက်ရသည်။

ဝူးး

မြည်ဟီးသံတစ်ခုထွက်ပေါ်လာပြီး ပင်လယ်ပြင်ရှိ အသံအားလုံးရပ်တန့်သွားကာ တိတ်ဆိတ်ငြိမ်သက်သွားသလို ခံစားလိုက်ကြရသည်။

ချက်ချင်းပင် ကောင်းကင်ထက်ရှိ မှေးမှိန်နေသော အလင်းရောင်မှာ ပို၍ မှောင်ကျသွားသည်။ ကြီးမားသော ငါးလိပ်ကျောက်ကြီး၏ အထက်တွင် ပုံပျက်နေသော ဟင်းလင်းပြင်တစ်ခုဖြစ်ပေါ်လာပြီး ကောင်းကင်ယံရှိ ရေနက်ဝဲဂယက်ကြီးနှင့် တူနေသည်။ ငါးလိပ်ကျောက်ကြီး၏ မျက်လုံးများမှ ထွက်ပေါ်နေသော အနီရောင်အလင်းတန်းများပင် ကွေးညွတ်သွားသည်။

ရိုင်ယန်အဖွဲ့၏ မျက်လုံးထဲတွင်မူ ရုတ်တရက်ပေါ်လာသော တွင်းနက်ကြီးတစ်ခုအလား မြင်နေရသည်။ လင်းရှန်၏ စိတ်ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာသည်နှင့်အမျှ ထိုတွင်းနက်ကြီးမှာ မီတာဒါဇင်အနည်းငယ်မှ ၃၀၀ ခန့်အထိ ချက်ချင်းပင် ကျယ်ပြန့်လာသည်။ ထိုပုံပျက်နေသော အမှောင်နယ်မြေသည် အနီရောင်အလင်းများနှင့် ငါးလိပ်ကျောက်ကြီး၏ ခန္ဓာကိုယ်အစိတ်အပိုင်းအတော်များများကို ဝါးမျိုပစ်လိုက်သည်။ တပြိုင်နက်တည်းမှာပင် တိမ်တိုက်များကြား၌ တောက်ပသော နေမင်းကြီး ပေါ်ထွက်လာသကဲ့သို့ ဖြစ်သွားသည်။

လင်းရှန်၏ ဆွဲငင်အားမှန်ဘီလူးက ထိုအချိန်တွင် ကောင်းကင်ယံမှ မီးမောင်းအသေးစားလေးတစ်ခုအဖြစ်ပြောင်းလဲသွားပြီး ကျယ်ပြောလှသော ပင်လယ်ပြင်တစ်ခုလုံးကို လင်းထိန်သွားစေတော့သည်။

“ကီကီ”

“နားလည်ပြီ”

လင်းရှန်၏ စကားကို ကြားသည်နှင့် ကီကီက ချက်ချင်း လှုပ်ရှားလိုက်ပြီး လူတိုင်းကို စိတ်စွမ်းအားဖြင့် ဖမ်းဆုပ်ကာ ကမ်းခြေရှိရာသို့ အမြန်ပျံသန်းခေါ်ဆောင်သွားသည်။

ထိုအခိုက်၌ ကောင်းကင်တိုင်ကြီးအလား ပူပြင်းလှသော အလင်းတန်းကြီးမှာ အောက်ဘက်သို့ ထိုးဆင်းသွားပြီး တွင်းနက်ပါးစပ်ကြီးထဲသို့ တိုက်ရိုက်ထိုးဖောက်သွားတော့သည်။

တပြိုင်နက်တည်းမှာပင် လင်းရှန်သည် ဝန်းရံထားသော သန္ဓေပြောင်းသတ္တဝါများကို ကြည့်ကာ ဆွဲငင်အားမှန်ဘီလူးကို ထိန်းချုပ်ရင်း သူ၏ ညာလက်ကို ကောင်းကင်သို့ မြှောက်လိုက်သည်။

သူ၏ ညာလက်တွင် ယန္တရားထိန်းချုပ်ကိရိယာ၏ ပုံရိပ်ယောင်တစ်ခု ပေါ်လာပြီး လက်ကောက်ဝတ်တွင် လျင်မြန်စွာ ပြောင်းလဲသွားကာ အခြေခံပုံကြမ်းထုတ်လုပ်ရေးကိရိယာတစ်ခုနှင့် ဆင်တူသော တစ်ပိုင်းတစ်စထင်ရှားသည့် ကိရိယာတစ်ခုဖြစ်ပေါ်လာသည်။ ခဏချင်းအတွင်းမှာပင် ပတ်ဝန်းကျင်ရှိ မိုးရေမြူများကို အငွေ့ပျံသွားစေသည့် အပူလှိုင်းကြီးပေါက်ကွဲထွက်လာသည်။ လင်းရှန်သည် သူ၏ ညာလက်ထဲတွင် စွမ်းအားများ ထိုးတက်လာပြီး ပြင်းထန်သော လျှပ်စစ်စွမ်းအင်များ ဝါးမျိုခံနေရသည်ကို ခံစားလိုက်ရသည်။ သူ၏ နောက်ကွယ်မှ သက်တန့်ကွင်းများမှာလည်း စွမ်းအားထိုးတက်ခြင်းကြောင့် မြည်ဟီးသံများ ထွက်ပေါ်နေသဖြင့် သူသည် သွားကို တင်းတင်းကြိတ်ထားလိုက်သည်။

“အားဖြည့်”

ဘစ်ဇ်

သက်တန့်ကွင်းများနှင့် ယန္တရားနှလုံးသားတို့မှာ အရူးအမူးလည်ပတ်နေကြပြီး လင်းရှန်က အော်ဟစ်လိုက်သည်။

“ပိုင်းဖြတ်”

နောက်တစ်စက္ကန့်တွင် လင်းရှန်၏ ညာလက်ရှိ ကိရိယာမှ ရွှေနီရောင်တုန်ခါဓားအလင်းတန်းကြီးမှာ အာကာသအခြေစိုက်လက်နက်တစ်ခုကဲ့သို့ မီတာရာနှင့်ချီ၍ ပေါက်ကွဲထွက်သွားသည်။ ထိုတောက်ပလှသော ဓားသွားမှာ လေထုကို လောင်မြိုက်စေပြီး ကောင်းကင်နှင့် မြေကြီးကို လင်းထိန်သွားစေသည်။ လင်းရှန်သည် သူ၏ ဘယ်လက်ဖြင့် ဆွဲငင်အားမှန်ဘီလူးအလင်းတန်းကို အောက်သို့ ချိန်ရွယ်လိုက်ပြီး ညာလက်ဖြင့် ပထမဆုံးအကြိမ်အဖြစ် စူပါအလင်းယိုင်ဓားစွမ်းအားပါဝင်သော လှုပ်ရှားမှုကို ထုတ်ဖော်ကာ အရပ်မျက်နှာအနှံ့မှ ဝိုင်းရံလာသည့် သန္ဓေပြောင်းသတ္တဝါများကို စက်ဝိုင်းပုံစံ ပိုင်းချလိုက်တော့သည်။

ဘွန်းးး

ပြင်းထန်လှသော စွမ်းအင်ကြောင့် ကောင်းကင်နှင့် ပင်လယ်၏ အရောင်ပင် ပြောင်းလဲသွားသည်။ ပင်လယ်ပြင်ကို ကီလိုမီတာပေါင်းများစွာ ဖြတ်ကျော်သွားသည့် ကြီးမားလှသော ဓားအလင်းတန်းကြီးမှာ ကြယ်စင်ပေါက်ကွဲမှုတစ်ခုအလား ဝှေ့ယမ်းသွားသည်။ ၎င်းသည် ကီလိုမီတာ အတော်များများ ကျယ်ဝန်းသော ရေလှိုင်းကြီးများကို ဖြစ်ပေါ်စေသည်။ ဤမျှ ပြင်းထန်သော စွမ်းအင်ပေါက်ကွဲမှုကြားတွင် ဇီဝစွမ်းအင်ဒိုင်းများမှာ မခံနိုင်တော့ဘဲ သန္ဓေပြောင်းမွန်းစတားအုပ်ကြီးများမှာ ထိုနေရာမှာတင် အငွေ့ပျံပျောက်ကွယ်ကုန်ကြတော့သည်။

တောက်လောင်နေသော နေမင်းက ပင်လယ်ကို ဖြတ်သန်းသွားပြီး နတ်ဘုရားဓား‌သွားက ကောင်းကင်ကို ဝှေ့ယမ်းလိုက်သည်။

ကြီးမားသောစွမ်းရည်နှစ်ခုကို တပြိုင်နက်တည်း အသုံးပြုခြင်းမှာ လင်းရှန်အတွက် အဆုံးစွန်သော ကန့်သတ်ချက်ပင်ဖြစ်သည်။ သို့သော်လည်း ထွက်ပေါ်လာသည့် ဖျက်ဆီးအားမှာ သူ့အတွက်ပင် ကြောက်မက်ဖွယ်ကောင်းနေသည်။

ဂျိန်း ဂျိန်း၊၊

ထိုအခိုက်၌ ပင်လယ်ရေများ လှုပ်ရှားသွားပြီး လှိုင်းကြီးများငြိမ်သက်သွားသည်။ တွင်းနက်ပါးစပ်ကြီးမှာ နေရောင်ခြည်အလင်းတန်းကြောင့် ဖောက်ထွက်လောင်ကျွမ်းသွားပြီး မွန်းစတားအုပ်လိုက်ကြီးလည်း လင်းရှန်၏ ဓားချက်အောက်တွင် စက္ကန့်ပိုင်းအတွင်းမှာပင် အကုန်အစင်သုတ်သင်ခံလိုက်ရသည်၊၊

ရှဲ ရှဲ

ပင်လယ်ရေများ အငွေ့ပျံနေသည့် အသံမှာ ဆက်တိုက်ထွက်ပေါ်နေပြီး သန္ဓေပြောင်းမွန်းစတားများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် အနက်ရောင်မြူများ ပင်လယ်ပြင်တွင် ဆူပွက်နေသည်မှာ ငရဲခန်းတစ်ခုအလားပင်။

အဝေးတွင် ကီကီ၏ အကူညီဖြင့် ဘေးလွတ်ရာသို့ ရောက်နေကြသော ရိုင်ယန်နှင့် အခြားသူများမှာ ထိုမြင်ကွင်းကို ထိတ်လန့်တကြားကြည့်နေကြပြီး သူတို့အပေါ်မှ အမှောင်အမှတ်အသားမှာ လုံးဝပျောက်ကွယ်သွားပြီဖြစ်ကြောင်း လူတိုင်းသတိပြုမိလိုက်ကြသည်။ အဲရစ်ကာ၊ ဗန်နက်ဆာ၊ ဂေဒီနှင့် အက်ဇ်လန်တို့သည် လင်းရှန်က တွင်းနက်ကြီး၊ နေမင်းနှင့် နတ်ဘုရားဓားတို့ကို ဆင့်ခေါ်လိုက်သည့် ပင်လယ်ပြင်ကို ကြည့်ကာ မယုံနိုင်အောင်ဖြစ်နေကြသည်။ ဆူညံနေသော ဆက်သွယ်ရေးလိုင်းမှာလည်း ခဏချင်းအတွင်း လုံးဝတိတ်ဆိတ်သွားတော့သည်။

လူသားတစ်ဦး၏ စွမ်းအားဖြင့် ကောင်းကင်ကိုပင် ရှင်းလင်းပစ်လိုက်သည့် ဤရင်သပ်ရှုမောဖွယ်မြင်ကွင်းကို ကြည့်ပြီး မတုန်လှုပ်သူမရှိပေ။ ကီကီပင်လျှင် အံ့အားသင့်နေမိသည်၊၊ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော လင်းရှန်၏ စွမ်းရည်ကို သူမ ပထမဆုံးအကြိမ်မြင်ဖူးခြင်းကြောင့် ဖြစ်သည်။

“ဒီလူကတော့... နောက်ထပ် အထင်ကြီးစရာကောင်းတဲ့ စွမ်းရည်တစ်ခုကို ထပ်ပြီး ရသွားပြန်ပြီ”

ကီကီက တိုးတိုးလေး ရေရွတ်လိုက်သည်။

“လင်း... ရှင်က တကယ့်ကို အံ့သြဖို့ကောင်းတာပဲ”

လူအုပ်ကြားထဲမှ ရှီဇီကလည်း လေးစားအားကျသည့် မျက်နှာလေးဖြင့် အော်ပြောလိုက်သည်။

ရိုင်ယန်၏ မျက်နှာက ရှုပ်ထွေးနေသည်။ သူသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် ဘေးနားရှိ အဲရစ်ကာကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“အခု မင်းသိပြီလား... ဓားကိုင်ဆောင်သူက ဘာလဲဆိုတာကို”

All Chapters