← Chapters

အခန်း (၁၈၈၁-၁၈၈၂)

Vol. 189 Ch. 1881-1882

အခန်း (၁၈၈၁-၁၈၈၂)

Vol. 189 Ch. 1881-1882

အခန်း (၁၈၈၁) - နတ်ဘုရားမျိုးနွယ်၏ သူတော်စင်မဲ့ခြင်း

ဤအတွင်းနယ်မြေ ထွက်ပေါ်လာခြင်းက အခင်းအကျင်းတစ်ခုလုံးရှိ သူတော်စင်များအားလုံးကို ရင်တုန်ပန်းတုန် ဖြစ်သွားစေသည်။

သူတော်စင်အဆင့်သို့ ရောက်ရှိပြီးကတည်းက သူတို့သည် နဂါးသူတော်စင်ကဲ့သို့သော ပုဂ္ဂိုလ်များထံမှသာ နှစ်ဦးကြားက ကွာဟချက်ကို ရံဖန်ရံခါ ခံစားရလေ့ရှိသော်လည်း ၎င်းမှာ လိုက်မမီနိုင်သော အကွာအဝေးမျိုး မဟုတ်ခဲ့ပေ။

သို့သော် ယခုပေါ်ထွက်လာသော အတွင်းနယ်မြေမှာမူ တက်ရောက်လာသမျှ သူတော်စင်အားလုံးကို ပုရွက်ဆိတ်ငယ်များအလား ခံစားရစေပြီး၊ မထင်မရှား ထွက်ပေါ်လာသော ဖိအားများကပင် အသက်ရှူရကျပ်စေသည်။

အတွင်းနယ်မြေ၏ တံခါးမကြီး ဖြည်းညှင်းစွာ ပွင့်ဟလာသောအခါ ထိုတံခါးကြားမှတစ်ဆင့် သူတော်စင်များသည် ကမ္ဘာတစ်ခုလုံးကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

ဖန့်လဲ့၏ မျက်နှာမှာ အလွန်အမင်း တည်ကြည်လေးနက်သွားပြီး ဖန့်ချန်ကို ကာကွယ်ရန်အတွက် သူ၏နောက်ကျောဘက်သို့ ဆွဲပို့ကာ ရှေ့သို့ အလိုအလျောက် တစ်ဝက်ခန့် တက်ရပ်လိုက်သည်။

"ဟင်းလင်းပြင် တမန်တော် အရှင်မင်းကြီး ကြွရောက်လာတာကိုး... ကျွန်တော်မျိုး လုံမင် က တမန်တော်မင်းကြီးကို ဂါရဝပြုပါတယ် "

နဂါးသူတော်စင်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် အဆမတန် ကြီးမားလာပြီး သာမန်လူအရွယ်အစားမှ ပေတစ်ရာခန့်အထိ မြင့်တက်သွားသည်။

ကြွက်သားများဖြင့် ကျစ်လျစ်နေသော ခန္ဓာကိုယ်ထက်တွင် စိမ်းလဲ့နေသော နဂါးအကြေးခွံကြီးများ ဖုံးလွှမ်းသွားကာ အလင်းရောင်များ တဖိတ်ဖိတ် တောက်ပနေသည်။

စောစောက မြင်တွေ့ခဲ့ရသော လူငယ်လေးအသွင်မှသည် ဝတ်ရုံပွကြီးကို ဝတ်ဆင်ထားသော လူတစ်ပိုင်း ပုတ်သင်ညိုတစ်ပိုင်း သတ္တဝါကြီးအဖြစ် ပြောင်းလဲသွားပြီး ခမ်းနားထည်ဝါသော တံခါးမကြီးဆီသို့ ဦးညွှတ်လိုက်သည်။

အနီးအနားရှိ သူတော်စင်များ၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများ ယှက်သန်းသွားကြသည်။

နေ့စဉ်မြင်တွေ့နေရသော နဂါးသူတော်စင်မှာ သူတို့အတွက် နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးသူတစ်ဦးသာ ဖြစ်ခဲ့သည်။ နဂါးသူတော်စင်၏ စွမ်းအားမှာ အလွန်ကြီးမားကြောင်း သိထားသော်လည်း အမှန်တကယ် ထိတွေ့ဆက်ဆံကြည့်သောအခါ နတ်ဘုရားနယ်မြေ၏ အသန်မာဆုံး သူတော်စင်ထက် အနည်းငယ်မျှသာ ပို၍ စွမ်းရည်မြင့်သည်ဟု ထင်မှတ်ခဲ့ကြခြင်းဖြစ်သည်။

သို့သော် ယခုအချိန်တွင်မူ နဂါးသူတော်စင်၏ မူလရုပ်သွင်ကို မြင်လိုက်ရချိန်၌ သူ၏ထံမှ တားဆီး၍မရနိုင်သော ဖျက်ဆီးခြင်း အငွေ့အသက်များကို ခံစားလိုက်ရသည်။ သူသည် ခြေထောက်တစ်ဖက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ရုံဖြင့် သူတော်စင် အုပ်စုလိုက်ကို နင်းခြေသတ်ဖြတ်နိုင်စွမ်း ရှိပုံရသည်။

"လုံမင်... မင်းရဲ့ အပြစ်ကို မင်း သိသလား"

တံခါးမကြီးအတွင်းမှ ပုံရိပ်တစ်ခုမှာ ဝေဝေဝါးဝါး ပေါ်ထွက်လာသည်။ သူ၏ ရုပ်သွင်ကို မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း တောင်ကြီးတစ်လုံးကဲ့သို့ ခန့်ညားထည်ဝါကြောင်းသာ သိနိုင်သည်။ သူသည် စကားစလိုက်သည်နှင့် နဂါးသူတော်စင်ကို အပြစ်စတင် မေးမြန်းတော့သည်။

အခင်းအကျင်းရှိ သူတော်စင်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့သည် ဒဏ္ဍာရီလာ ဟင်းလင်းပြင် တမန်တော် များအကြောင်းကို အနည်းငယ် သိရှိထားကြသော်လည်း သူတော်စင် ဖြစ်လာကတည်းက ယခုတစ်ကြိမ်သည်သာ ဟင်းလင်းပြင် တမန်တော် ဆင်းသက်လာသည်ကို အမှန်တကယ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။

ကောလာဟလများအရ ဟင်းလင်းပြင် တမန်တော်များသည် ထူးခြားသော အဆင့်အတန်း ရှိကြပြီး ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ ရှိ အကြီးကဲအချို့၏ ကိုယ်စား ဟင်းလင်းပြင်ကို လှည့်လည်စစ်ဆေးသူများ ဖြစ်ကြကာ အထွတ်အထိပ် အာဏာနှင့် တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။

သူတို့ စိတ်ကူးလိုက်ရုံဖြင့် မျိုးနွယ်စုပေါင်းသောင်းခြောက်ထောင်ကို ရှင်စေ၊ သေစေနိုင်သည်။

ယခုအခါ ဟင်းလင်းပြင် တမန်တော် တစ်ဦး ရုတ်တရက် ဆင်းသက်လာပြီး နဂါးသူတော်စင်ကို အပြစ်တင်နေခြင်းက တက်ရောက်လာသော သူတော်စင်များ၏ စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခုကို ခံစားလာရစေသည်။

နဂါးသူတော်စင်၏ မျက်နှာတွင် အမျက်ဒေါသ သို့မဟုတ် ဝမ်းသာမှု တစ်စုံတစ်ရာ မရှိဘဲ ရိုသေစွာဖြင့်သာ ဂါရဝပြုလိုက်သည်။

"ကျွန်တော်မျိုး လုံမင် ဘာအပြစ် ကျူးလွန်ခဲ့သလဲဆိုတာ မသိရလို့ ဟင်းလင်းပြင် တမန်တော်မင်းကြီးက ရှင်းလင်းစွာ မိန့်ကြားပေးပါ"

ခမ်းနားလှသော တံခါးမကြီး၏ နောက်ကွယ်ရှိ တောင်ကြီးသဖွယ် ပုံရိပ်သည် နဂါးသူတော်စင်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပုံရသည်။

ခေတ္တမျှ ကြာပြီးနောက် သူ၏အသံမှာ ခန့်ညားထည်ဝါမှုနှင့်အတူ ပြတ်သားအေးစက်မှုများ ပါဝင်ကာ တစ်ဖန် ထွက်ပေါ်လာသည်။

"ဘာအပြစ် ကျူးလွန်ခဲ့သလဲ မသိဘူး ဟုတ်လား နတ်ဘုရားနယ်မြေရဲ့ နယ်မြေအရှင် က ပုန်ကန်မှု လုပ်ခဲ့လို့ အခု ငါကိုယ်တိုင် နှိမ်နင်းထားပြီးပြီ။ မင်းက ဒီနေရာကို နှစ်ပေါင်း ရှစ်သိန်းတိုင်တိုင် စောင့်ကြပ်နေခဲ့တာတောင် ဘာသတင်းအစအနမှ မရခဲ့ဘူးလား"

နတ်ဘုရားနယ်မြေရဲ့ နယ်မြေအရှင်က ပုန်ကန်တယ် ဟုတ်လား။

နတ်ဘုရားမျိုးနွယ် သူတော်စင်မှာ အံ့ဩတုန်လှုပ်သွားသည်။ သို့သော် နောက်တစ်စက္ကန့်တွင် တံခါးအတွင်းမှ ပုံရိပ်သည် သူ့ကို ကြည့်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။

နားမလည်နိုင်သော အင်အားတစ်ခုမှာ နတ်ဘုရားမျိုးနွယ် သူတော်စင်အပေါ်သို့ ကျရောက်လာပြီး ခဲဖျက်တစ်ခုကဲ့သို့ပင် သူ့ကို ဤလောကမှ ဖြည်းညှင်းစွာ ပွတ်တိုက်ဖျက်ဆီးပစ်လိုက်ရာ မြူမှုန်မျှပင် မကျန်တော့ပေ။

လန်တောက်ချွန်းနှင့် တိုက်ချုံလုံ အစရှိသော နတ်ဘုရားမျိုးနွယ် တန်ခိုးရှင်များသည် ဤမြင်ကွင်းကို ကြည့်ကာ ကြောက်လန့်တုန်လှုပ်သွားကြသည်။ သူတို့သည် ရှေ့မှ မြင်ကွင်းကို ကြောင်ကြည့်နေမိပြီး ဦးနှောက်ထဲသို့ ရေဝင်သွားသကဲ့သို့ မည်သို့မျှ ဆက်လက် မတွေးတောနိုင်တော့ပေ။

မျိုးနွယ်စုအသီးသီးမှ သူတော်စင်များသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ကြသည်။ အပြင်ပန်းတွင် တည်ငြိမ်နေကြသော်လည်း စိတ်ထဲတွင်မူ ပြင်းထန်သော လှိုင်းတံပိုးများ ထနေကြ၏။

ခန့်ညားထည်ဝါလှသော နတ်ဘုရားမျိုးနွယ် သူတော်စင်ကြီး တစ်ဦးက... ဤကဲ့သို့ပင် အဖျက်ဆီးခံလိုက်ရတာလား။

နတ်ဘုရားမျိုးနွယ်နှင့် နှစ်ပေါင်းများစွာ လျှို့ဝှက်တိုက်ခိုက်လာခဲ့သော တောင်ပိုင်း နတ်ဘုရားမျိုးနွယ် သူတော်စင်မှာလည်း ဤအဖြစ်မှန်ကို ခေတ္တမျှ လက်မခံနိုင်ဘဲ ဖြစ်နေသည်။

ဖန့်ချန်၏ မျက်နှာမှာ အနည်းငယ် ပျက်သွားပြီး နယ်မြေကိုးခု ခေတ်ကာလက မိစ္ဆာမျိုးနွယ် တို့၏ အခြေအနေကို သတိရသွားသည်။ နတ်ဘုရားမျိုးနွယ်၏ ကျဆုံးခန်းသည် ဤအချိန်မှစ၍ စတင်ခဲ့ခြင်းများလား။

'ဟုတ်တယ်... နတ်ဘုရားမျိုးနွယ်ရဲ့ ကျဆုံးခန်းက အောက်ခြေကနေ စတာ မဖြစ်နိုင်ဘူး။ အထက်ပိုင်းကနေ စတာပဲ ဖြစ်ရမယ်။ ဒါပေမဲ့ ဘာလို့ နတ်ဘုရားမျိုးနွယ်ရဲ့ နယ်မြေအရှင်က ပုန်ကန်ခဲ့တာလဲ ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့က ဒီလောက် အင်အားကြီးနေတာကို သူက ဘာကြောင့် ဒီလို ကိုယ့်သေတွင်းကိုယ်တူးတဲ့ အလုပ်မျိုး လုပ်ခဲ့တာလဲ '

အတွေးပေါင်းစုံမှာ ဖန့်ချန်၏ ဦးနှောက်ထဲတွင် တရစပ် ပေါ်ပေါက်လာသော်လည်း သူ၏ လက်ရှိ ကျင့်စဉ်အဆင့်နှင့် အမြင်အရ ဤအရာအားလုံးကို သရုပ်ခွဲရန် မလုံလောက်သေးပေ။

"ဟင်းလင်းပြင် တမန်တော်မင်းကြီး... နတ်ဘုရားနယ်မြေရဲ့ နယ်မြေအရှင် ပုန်ကန်တယ်ဆိုတာကို ကျွန်တော်မျိုး တကယ်ပဲ တစ်စုံတစ်ရာ မကြားမိခဲ့သလို အခြေအနေ အသေးစိတ်ကိုလည်း မသိရပါဘူး"

နဂါးသူတော်စင်၏ မျက်နှာမှာ တည်ကြည်နေသည်။ နတ်ဘုရားမျိုးနွယ် သူတော်စင် သေဆုံးသွားခြင်းအပေါ် သူသည် လုံးဝ ဂရုမစိုက်သည့်အပြင် ထူးဆန်းသော အမူအရာလည်း မပြပေ။

"မင်းရဲ့ စကားကို ငါမယုံဘူး။ ဒါပေမဲ့ မင်းရဲ့ အဆင့်အတန်းက ထူးခြားနေပြီး ငါ့ရဲ့ လုပ်ပိုင်ခွင့်က မင်းကို တိုက်ရိုက် အရေးယူဖို့ မလုံလောက်သေးဘူး။ မကြာခင်မှာပဲ အထက်က အကြီးကဲတွေက မင်းကို အစီရင်ခံဖို့ ခေါ်ယူလိမ့်မယ်။ မင်းကိုယ်မင်း လွတ်မြောက်နိုင်မယ့် ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခု ကြိုစဉ်းစားထားတာ အကောင်းဆုံးပဲ။ မဟုတ်ရင် အထက်က လူတွေ အမျက်တော်ရှရင် မင်းလည်း အသက်ရှင်မှာ မဟုတ်ဘူး"

ခမ်းနားလှသော တံခါးမကြီးအတွင်းရှိ ပုံရိပ်သည် ထိုသို့ပြောပြီးနောက် အေးစက်စွာ ဆက်ပြောလိုက်သည်။

"နတ်ဘုရားမျိုးနွယ်မှာ စုစုပေါင်း သူတော်စင် ရှစ်ရာ ရှိတယ်။ ခုနက ငါ နောက်ဆုံးတစ်ယောက်ကိုပါ ဖျက်ဆီးလိုက်ပြီ။ နတ်ဘုရားမျိုးနွယ်နဲ့ ပတ်သက်တဲ့ ကိစ္စကတော့ ခေတ္တ ပြီးဆုံးသွားပြီ။

ဒါပေမဲ့ ဒီပြစ်ဒဏ်က တခြားနယ်မြေတွေကို ခြောက်လှန့်ဖို့ မလုံလောက်သေးဘူး။ ဒါကြောင့် ငါ နောက်ထပ် စည်းကမ်းတစ်ခု တိုးလိုက်မယ်။ နှစ်ပေါင်း တစ်သန်းအတွင်း နတ်ဘုရားမျိုးနွယ်ထဲက နောက်ထပ် သူတော်စင် တစ်ယောက်မှ ထွက်ပေါ်လာခွင့် မရှိစေရဘူး။ နတ်ဘုရားမျိုးနွယ်မှာ ဒီနေ့ကစပြီး အထွတ်အထိပ် အရိုး ဆိုတာ မရှိစေရဘူး"

ပြောပြီးသည်နှင့် ထိုသူသည် လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ရာ သူတော်စင်သွေး ဗောဓိ ၁၄ လုံးမှာ ခမ်းနားလှသော တံခါးမကြီးအတွင်းသို့ ဖြည်းညှင်းစွာ ပျံဝင်သွားတော့သည်။

"ဒီတစ်ကြိမ် မျှော်စင်တိုက်ပွဲမှာ နတ်ဘုရားမျိုးနွယ်အတွက် ပေးအပ်မယ့် ဆုလာဘ်အားလုံးကို သိမ်းဆည်းလိုက်ပြီ"

ခေတ္တမျှ ရပ်ပြီးနောက်

"လုံမင်... မင်း မှတ်ထားရမှာက ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့က မင်းကို ဒီနေရာမှာ စောင့်ကြပ်ဖို့ ခန့်အပ်ထားတာပဲ။ နောင်မှာ တခြားသူတွေနဲ့ ဆက်ဆံတဲ့အခါ သစ္စာဖောက်တာမျိုး၊ မရိုးသားတာမျိုး မလုပ်မိဖို့ သတိထားပါ။ မဟုတ်ရင်တော့... ဟင်း"

သူသည် ဆက်မပြောတော့ဘဲ တံခါးမကြီးကြားမှနေ၍ သူတော်စင်အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားသည်။ သူ ထွက်ခွာသွားသည်နှင့် တပြိုင်နက် ခမ်းနားလှသော တံခါးမကြီးမှာလည်း ဟင်းလင်းပြင်ထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။

အခင်းအကျင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ မည်သည့် သူတော်စင်မျှ စကားတစ်ခွန်း မဆိုရဲကြပေ။ သူတို့အားလုံးမှာ ခုနက ဟင်းလင်းပြင် တမန်တော် ပြောသွားသည့် စကားများကို ပြန်လည် စဉ်းစားနေကြပြီး နတ်ဘုရားမျိုးနွယ် သူတော်စင် ဖျက်ဆီးခံလိုက်ရသည့် မြင်ကွင်းမှာလည်း မျက်စိထဲတွင် မြင်ယောင်နေဆဲ ဖြစ်သည်။

နတ်ဘုရားမျိုးနွယ်ရဲ့ သူတော်စင် ရှစ်ရာလုံး သေကုန်ပြီဆိုရင်... ဒါဆိုရင် သူတို့က ကျွန်စစ်သည်တွေ ဖြစ်သွားတော့မှာလား။

ထိုအချိန်တွင် လန်တောက်ချွန်းနှင့် တိုက်ချုံလုံတို့မှာ မျက်နှာများ ဖြူလျော်နေပြီး ခန္ဓာကိုယ်များမှာလည်း မထိန်းချုပ်နိုင်ဘဲ တုန်ယင်နေကြသည်။ ၎င်းမှာ ကြောက်ရွံ့မှုကြောင့်လား သို့မဟုတ် ဒေါသကြောင့်လား ဆိုသည်ကို မသိနိုင်ပေ။

"နဂါး... နဂါးသူတော်စင်... ခုနက လူကြီးမင်း ပြောသွားတဲ့အတိုင်းဆိုရင်... နတ်ဘုရားမျိုးနွယ်က..."

နောက်ဆုံးတွင် သူတော်စင်တစ်ဦးက သတ္တိမွေး၍ မေးလိုက်သည်။

နဂါးသူတော်စင်၏ အငွေ့အသက်များ ပြောင်းလဲသွားပြီး နုပျိုသော လူငယ်လေးအသွင်သို့ ပြန်လည် ရောက်ရှိသွားသည်။ သူသည် တည်ငြိမ်သော မျက်နှာထားဖြင့် ဆိုလိုက်သည်။

"ဟင်းလင်းပြင် တမန်တော်တွေက ဘယ်တော့မှ နောက်ပြောင်လေ့ မရှိဘူး။ ဒါကြောင့် ဒီနေ့ကစပြီး နတ်ဘုရားနယ်မြေမှာ သူတော်စင် မရှိတော့ဘူး။ နတ်ဘုရားနယ်မြေ ရဲ့ အမည်ကိုလည်း ပြောင်းရတော့မယ်။

ခင်ဗျားတို့အတွက် အခွင့်အရေး ရောက်လာပြီ။ ဘယ်မျိုးနွယ်စုက နယ်မြေအရှင် တစ်ယောက် ထွက်ပေါ်လာမလဲဆိုတာ ကြည့်ရမှာပဲ။ အဲဒီမျိုးနွယ်စုက နတ်ဘုရားမျိုးနွယ်ရဲ့ နေရာကို အစားထိုးနိုင်လိမ့်မယ်။ ဒါပေမဲ့ ကျုပ် သတိပေးလိုက်မယ်။

အထက်လူကြီးက အောက်လူငယ်ကို မနှိပ်စက်ရဘူးဆိုတာက ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ရဲ့ တောင်းဆိုချက်ပဲ။ ခင်ဗျားတို့ အချင်းချင်း တိုက်ခိုက်ချင် တိုက်နိုင်ပေမဲ့ နတ်ဘုရားနယ်မြေက သတ္တဝါတွေ ဒုက္ခမရောက်ပါစေနဲ့။

အကယ်၍ ဒီဟန်ချက်ညီမှုကို ဖျက်ဆီးမယ်ဆိုရင် ကျုပ် ဝင်ပါရလိမ့်မယ်"

အင်အားကြီးမျိုးနွယ် ၁၂ ခုမှ သူတော်စင်များသည် သတိပြန်ဝင်လာကြပြီးနောက် စောစောက ရှိနေသော ကြောက်ရွံ့မှုများကို မေ့ပျောက်ကာ နတ်ဘုရားမျိုးနွယ် ကျဆုံးသွားပြီးနောက် သူတို့ ရရှိလာမည့် ကြီးမားသော အကျိုးအမြတ်များကို တွက်ချက်နေကြတော့သည်။

"နဂါးသူတော်စင် အရှင်မင်းကြီး... ကျွန်တော်တို့ နတ်ဘုရားမျိုးနွယ်က မတရား စွပ်စွဲခံရတာပါ "

ရုတ်တရက် နတ်ဘုရားမျိုးနွယ်မှ ကန့်သတ်ချက်ကျော်လွန်သူ အဆင့် ၃ တန်ခိုးရှင်သည် နဂါးသူတော်စင်၏ ရှေ့တွင် ဒူးထောက်ကျသွားပြီး မျက်ရည်များမှာလည်း ထိန်းမရဘဲ စီးကျလာသည်။

"ခင်ဗျားတို့ရဲ့ နတ်ဘုရားအရှင် က အဖွဲ့အမှားကို ရွေးချယ်မိပြီး ဆုံးဖြတ်ချက် မှားခဲ့တာကတော့ သိသာလှပါတယ်။ ဒါကြောင့် ဒီနေ့ အခြေအနေကို ကျုပ်တောင် ဝင်ပါလို့ မရဘူး။ ကျုပ် လုပ်ပေးနိုင်တာကတော့ ခင်ဗျားတို့ကို ပြန်ပို့ပေးဖို့ပါပဲ။ ခင်ဗျားတို့ မျိုးနွယ်စု ပြောင်းရွှေ့ဖို့အတွက် အချိန်အလုံအလောက် ရှိပါသေးတယ်"

နဂါးသူတော်စင်က ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ပြီးနောက် လက်အင်္ကျီကို တစ်ချက် ဝေ့ယမ်းလိုက်ရာ အခင်းအကျင်းရှိ နတ်ဘုရားမျိုးနွယ် တန်ခိုးရှင်များ အားလုံးမှာ တစ်ယောက်မကျန် ပျောက်ကွယ်သွားကြတော့သည်။

အခန်း (၁၈၈၂) - အတွင်းနယ်မြေ အစည်းအဝေး

နတ်ဘုရားနယ်မြေ၊ မင်ရွှီ၊ ဖန့်လဲ့၏ အတွင်းနယ်မြေ။

ဟင်းလင်းပြင်ထဲတွင် အတွင်းနယ်မြေ တံခါးပေါက် ရှစ်ခု ပေါ်ထွက်နေပြီး တံခါးများ၏ နောက်ကွယ်တွင် လူသားမျိုးနွယ် သူတော်စင် ရှစ်ဦး ရပ်တန့်နေကြသည်။

ဝမ့်ချင်သူတော်စင် မှလွဲ၍ ကျန်သူများအားလုံး ရောက်ရှိနေကြခြင်း ဖြစ်သည်။

ထိုအချိန်သည် နတ်ဘုရားမျိုးနွယ်ဝင်များ ရာထူးချခံရပြီးကတည်းက လအနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ဤအဖြစ်အပျက်ကြောင့် ဖြစ်ပေါ်လာသော ဂယက်ရိုက်ခတ်မှုများသည် မင်ရွှီကဲ့သို့သော ဝေးလံခေါင်ဖျားသည့် ထောင့်စွန်းဒေသသို့ ချက်ချင်း ရောက်ရှိမလာနိုင်သေးပေ။ ထို့ကြောင့် လူသားမျိုးနွယ်အနေဖြင့် ဤကိစ္စအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ခြင်း မရှိကြသေးပါ။

"ဝမ့်ချင်သူတော်စင် မရောက်သေးဘူးပဲ၊ သူမကို စောင့်ကြဦးမလား"

ကျန်းရန်သူတော်စင်က ရုတ်တရက် စကားစလိုက်သည်။

သူတော်စင် အများအပြား၏ အကြည့်များသည် ဝမ်တောက်သူတော်စင် ထံသို့ ကျရောက်သွားကြ၏။

ဤဝမ်တောက်သူတော်စင်နှင့် ဝမ့်ချင်သူတော်စင်တို့မှာ အလွန်ရင်းနှီးသော မိတ်ဆွေရင်းချာများ ဖြစ်ကြောင်း အားလုံးက သိထားကြသဖြင့် ဝမ့်ချင်သူတော်စင် ရောက်၊ မရောက်ကို သူက ဧကန်မုချ သိပေလိမ့်မည်။

"ဝမ့်ချင်သူတော်စင်က အဆင့်အတန်း ထူးခြားတယ်၊ သူမက လူသားမျိုးနွယ် သူတော်စင်ဖြစ်သလို ဝိညာဉ်မျိုးနွယ် ရဲ့ သူတော်စင်လည်း ဖြစ်နေတာလေ။ ဒါကြောင့် ဒီ သူတော်စင်သွေး ဗောဓိ ကို ဘယ်သူပိုင်ဆိုင်မလဲဆိုတဲ့အပေါ် သူမက သိပ်ပြီး စိတ်မဝင်စားပါဘူး။ ကျွန်တော်တို့ ကိုးယောက် ဆုံးဖြတ်လိုက်ရင် ရပါပြီ"

ဝမ်တောက်သူတော်စင်က ပြုံးလျက် ပြောဆိုသည်။

"ဝမ့်ချင်သူတော်စင်က တကယ်ကို လောကုတ္တရာ ဆန်တာပဲ၊ သာမန် သူတော်စင်သွေး ဗောဓိ တစ်လုံးကိုတောင် မျက်စိထဲ မထည့်ဘူးပေါ့။ သူမက ဒီဗောဓိသီးကို ဘယ်သူပဲ သုံးသုံး ဖြစ်တယ်လို့ သဘောထားတာလား"

ကျန်းရန်သူတော်စင်က ရယ်မောလိုက်သဖြင့် သူ၏လေသံမှာ သိသိသာသာ ပေါ့ပါးသွားသည်။ အကယ်၍ ဝမ့်ချင်သူတော်စင်သာ ဤနေရာတွင် ရှိနေပါက သူမ၏ သဘောထားကို တက်ရောက်လာသော သူတော်စင်များအားလုံး အလေးအနက် ထည့်သွင်းစဉ်းစားကြရမည် ဖြစ်သည်။

"မှန်ပါတယ်၊ တခြားမျိုးနွယ်စုတွေရဲ့ လက်ထဲကို မရောက်သွားသရွေ့ သူမမှာ ကန့်ကွက်စရာ မရှိဘူးလို့ ပြောပါတယ်"

ဝမ်တောက်သူတော်စင်က အေးဆေးစွာ ပြန်ပြောသည်။

"ဒါဆိုရင်တော့ လုပ်ရတာ လွယ်သွားပြီ"

ကျန်းရန်သူတော်စင်၏ မျက်နှာရိပ်မျက်နှာကဲ ပြောင်းလဲသွားပြီး သူ၏အကြည့်မှာ ခမ်းနားထည်ဝါသော တံခါးမကြီးကို ဖြတ်ကျော်ကာ ဖန့်လဲ့၏အနားတွင် ရှိနေသော ဖန့်ချန်ထံသို့ ကျရောက်သွားသည်။

"ကျွန်တော်တို့ သူတော်စင် ကိုးယောက်က သူတော်စင်သွေး ဗောဓိရဲ့ ပိုင်ဆိုင်ခွင့်ကို ဆွေးနွေးနေကြတာ၊ ဘာလို့ ဒီမျိုးဆက်သစ်လေးကပါ ဒီနေရာမှာ ရောက်နေရတာလဲ"

"သူက ဘာလို့ ဒီမှာ ရှိမနေရမှာလဲ၊ ဒီဗောဓိသီးကို သူကိုယ်တိုင် တိုက်ခိုက်ပြီး ယူလာပေးတာလေ"

ဖန့်လဲ့က အေးစက်စွာ ပြောလိုက်သည်

"မျှော်စင်တိုက်ပွဲမှာ နံပါတ်တစ် ရတယ်ဆိုတာမျိုးက အင်အားကြီးမျိုးနွယ် ၁၂ ခုထဲမှာတောင် နတ်ဘုရားမျိုးနွယ်ကလွဲရင် ကျန်တဲ့မျိုးနွယ်တွေ ခဏခဏ မလုပ်နိုင်တဲ့ အောင်မြင်မှုမျိုးပဲ။ နောင်တစ်ချိန် သူ သူတော်စင်အဆင့်ကို တက်လှမ်းတဲ့အခါ လူသားမျိုးနွယ်ရဲ့ နံပါတ်တစ် သူတော်စင် ဖြစ်လာမှာ အသေအချာပဲ။

အခုကတည်းက ကျုပ်တို့ သူတော်စင်တွေကြားက ဆွေးနွေးမှုနဲ့ ဆုံးဖြတ်ချက်တွေကို ကြည့်ရှုခွင့်ပေးတာ ဘာမှ မမှားပါဘူး"

"သူက နောင်တစ်ချိန် သူတော်စင်အဆင့်ကို ဧကန်မုချ တက်လှမ်းနိုင်မယ်လို့ ခင်ဗျား ထင်နေတာလား"

ကျန်းရန်သူတော်စင်က ခပ်ဟဟ ရယ်လိုက်သည်

"ကျုပ် သိသလောက်တော့ အရင်နှစ်တွေက မျှော်စင်တိုက်ပွဲမှာ တူညီတဲ့အဆင့်မှာ နံပါတ်တစ် ရခဲ့တဲ့သူတွေထဲမှာ သူတော်စင် ဖြစ်လာနိုင်သူက ဆယ်ယောက်မှာ တစ်ယောက်တောင် မရှိပါဘူး။ အဲဒါတောင် နတ်ဘုရားမျိုးနွယ်က ဆင်းသက်လာသူတွေကို ပြောတာနော်။ ခင်ဗျားကတော့ ခင်ဗျားရဲ့ ဒီမျိုးဆက်သစ်လေးအပေါ်မှာ မျှော်လင့်ချက်တွေ အရမ်း ထားလွန်းနေပြီ ထင်တယ်"

"အဲဒါ မင်းနဲ့ ဘာဆိုင်လို့လဲ "

ဖန့်လဲ့က ပြုံး၍ ခပ်ရင့်ရင့် ပြန်ပြောလိုက်သည်။

ကျန်းရန်သူတော်စင်၏ မျက်နှာမှာ မည်းမှောင်သွားပြီး သူ၏ ပတ်ဝန်းကျင်ရှိ အမျက်ဒေါသများမှာ ပြင်းထန်သော လှိုင်းတံပိုးများအဖြစ် ခဲယဉ်းသွားကာ အတွင်းနယ်မြေ တံခါးပေါက်မှပင် လျှံထွက်လာတော့မည့်အလား အားလုံးက ခံစားလိုက်ရသည်။

ခေတ္တမျှ ကြာပြီးနောက် ကျန်းရန်သူတော်စင်က အသံကို နိမ့်ချ၍ ပြောသည်။

"ဖန့်လဲ့... မျှော်စင်တိုက်ပွဲ ပြီးဆုံးသွားတာလည်း ဒီလောက် ကြာပြီ၊ လောကရဲ့ နံပါတ်တစ် အင်အားကြီး မျိုးနွယ်စုတောင် တစ်ညတည်းနဲ့ ပျက်စီးသွားခဲ့ပြီပဲ။ ခင်ဗျားလက်ထဲက သူတော်စင်သွေး ဗောဓိ ကို ဒီနေ့တော့ ဘယ်သူပိုင်မလဲဆိုတာ အပြတ်အသတ် ဆွေးနွေးသင့်ပြီ မဟုတ်လား"

သူသည် စောစောက အငြင်းအခုန်ကို ကျော်ဖြတ်ကာ ယနေ့၏ အဓိက ခေါင်းစဉ်သို့ တိုက်ရိုက် ဝင်လိုက်သည်။

"ဗောဓိသီး ပိုင်ဆိုင်ခွင့်နဲ့ ပတ်သက်ပြီး ကျုပ်မှာ အကြံပြုချက် တစ်ခုရှိတယ်"

ဖန့်လဲ့က ခေါင်းညိတ်ပြလိုက်သည်

"ဒါကို ဒီအတိုင်း သိမ်းထားဖို့ အကြံပေးချင်ပါတယ်။ အကယ်၍ နောင်တစ်ချိန် ဖန့်ချန် သူတော်စင်အဆင့်ကို တက်လှမ်းတဲ့အခါ အတားအဆီးတွေနဲ့ ကြုံလာရမှ ဒီဗောဓိသီးကို သူ့ကို ပေးသုံးသင့်တယ်"

"ခင်ဗျား... အရှက်မရှိလိုက်တာ"

ကျန်းရန်သူတော်စင်၏ မျက်နှာထား ပျက်ယွင်းသွားသည်။ ဖန့်လဲ့က ဤမျှ အရှက်မရှိသော စကားမျိုးကို တိုက်ရိုက် ပြောထွက်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။

ပုံမှန်အခြေအနေအရ ဤဗောဓိသီးကို အသုံးပြုမည့်သူမှာ လူသားမျိုးနွယ်၏ သူတော်စင်လောင်းလျာ တစ်ပိုင်းသူတော်စင် များထဲမှ ရွေးချယ်ရမည် ဖြစ်သည်။

ဥပမာအားဖြင့် ကျန်းဝူတစ်ပိုင်းသူတော်စင်၊ ဇန့်ရွှယ်တစ်ပိုင်းသူတော်စင်၊ ကျန့်လင်တစ်ပိုင်းသူတော်စင်၊ ရှီးတစ်ပိုင်းသူတော်စင်၊ ဝမ်တစ်ပိုင်းသူတော်စင်... အစရှိသဖြင့်။

လူသားမျိုးနွယ်မှာ ဤဗောဓိသီးကို ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေတဲ့ တစ်ပိုင်းသူတော်စင် အနည်းဆုံး ရာဂဏန်းလောက် ရှိနေတာပါ။

ဒါပေမဲ့ အခုတော့ ဖန့်လဲ့က စကားတစ်ခွန်းတည်းနဲ့ ဒီဗောဓိသီးကို သိမ်းထားပြီး အဆင့် ၆ တန်ခိုးရှင်လေး တစ်ယောက်ကို ပေးမယ်လို့ ပြောနေတာလား။

"ဖန့်သူတော်စင် ဒီလိုလုပ်တာက သူ့ရဲ့ စဉ်းစားချက်နဲ့သူ ရှိမှာပါ၊ ဒီဗောဓိသီးကို လောလောဆယ် သိမ်းထားတာလည်း ဘာမှ မဖြစ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ အခုအချိန်မှာ လူသားမျိုးနွယ်အတွက် သူတော်စင် တစ်ယောက် ပိုတာ၊ လိုတာက သိပ်ပြီး ထူးခြားမှာ မဟုတ်ပါဘူး။ အင်အားကြီးလှတဲ့ နတ်ဘုရားမျိုးနွယ်တောင် ဟင်းလင်းပြင် တမန်တော်ရဲ့ စကားတစ်ခွန်းတည်းနဲ့ ပြာဖြစ်သွားတာ ခင်ဗျားတို့ မမြင်လိုက်ဘူးလား"

ဝမ်တောက်သူတော်စင်က အလေးအနက် စဉ်းစားကာ ဝင်ပြောပေးသည်။

"နတ်ဘုရားမျိုးနွယ်က နတ်ဘုရားမျိုးနွယ်၊ လူသားမျိုးနွယ်က လူသားမျိုးနွယ်ပဲ။ သူတော်စင် တစ်ယောက် ပိုလာတာက နတ်ဘုရားမျိုးနွယ်အတွက် မထူးခြားဘူးဆိုတာ ကျွန်တော် နားလည်ပေးလို့ ရပါတယ်။

ဒါပေမဲ့ ကျွန်တော်တို့ လူသားမျိုးနွယ်အတွက်တော့ သူတော်စင် တစ်ယောက် ပိုလာတာက အထွတ်အထိပ် အရိုး တစ်ခု ပိုလာတာနဲ့ အတူတူပဲ။ ဝမ်တောက်သူတော်စင်... ခင်ဗျားက လူသားမျိုးနွယ်အတွက် ဘာမှ တိုးတက်မှု မရှိဘူးလို့ ပြောရဲသေးတာလား"

ကျန်းရန်သူတော်စင်က အေးစက်စွာ လှောင်ပြောင်လိုက်သည်။

"အရင်တုန်းက ဖန့်လဲ့က တစ်ပိုင်းသူတော်စင် အဆင့်မှာပဲ ရှိနေတုန်းကလည်း ခင်ဗျားက သူ့ဘက်ကနေ အမြဲတမ်း ကာကွယ်ပေးခဲ့တာပဲ။ မဟုတ်ရင် သူ့ရဲ့ အတွင်းနယ်မြေက ကျုပ်ရဲ့ တိုက်ခိုက်မှု တစ်ချက်ကိုတောင် ခံနိုင်ပါ့မလား။

အခုတော့ ဖန့်လဲ့က သူတော်စင် ဖြစ်သွားပြီဆိုတော့ အတိတ်က ကိစ္စတွေကို မပြောတော့ပါဘူး။ ဒါပေမဲ့ ဒီဗောဓိသီး ကိစ္စမှာတော့ ခင်ဗျားက လူသားမျိုးနွယ်ရဲ့ အကျိုးစီးပွားဘက်ကနေ မျှမျှတတ ဆုံးဖြတ်ပေးရမယ်။ ဖန့်လဲ့နဲ့ ပုဂ္ဂိုလ်ရေး ခင်မင်မှုကို ကြည့်ပြီး သူ့ဘက်ကနေ ဒီလောက်အထိ ဘက်မလိုက်ပါနဲ့"

"ဝမ်တောက်သူတော်စင်... ဖန့်လဲ့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်မတို့လည်း လက်မခံနိုင်ဘူး"

လော့ရွှယ်သူတော်စင်က သူမ၏ နှုတ်ခမ်းနီနီလေးကို ဟလိုက်ပြီး အေးဆေး ငြိမ်သက်လှသော အသံဖြင့် သူတော်စင်များ၏ နားထဲသို့ ရောက်ရှိလာစေသည်။

"တကယ်တော့... ဒီဗောဓိသီး ပိုင်ဆိုင်ခွင့်ကို ဒီလောက်အထိ ပေါ့ပေါ့တန်တန် ဆုံးဖြတ်လို့ မရဘူး"

ဟေးဖော်သူတော်စင် က ဖြည်းညှင်းစွာ ပြောဆိုလိုက်သည်။

"ကျွန်တော့်ရဲ့ တပည့်တစ်ယောက်ဟာ ငယ်စဉ်ကတည်းက ဉာဏ်ပညာ ကြီးမားပြီး ဗုဒ္ဓတရားတော်မှာ ကျွမ်းကျင်နှံ့စပ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ထောင်က သူဟာ တစ်ပိုင်းသူတော်စင် ဖြစ်ခဲ့ပြီး သူ့ရဲ့ အတွင်းနယ်မြေထဲမှာ ဒီနေ့အထိ တံခါးပိတ် ကျင့်ကြံနေတာ အခုထိ ပြန်မထွက်လာသေးဘူး။

သူက အောင်မြင်ခါနီး တစ်လှမ်းအလိုမှာပဲ တန့်နေတာ။ အကယ်၍ ဒီဗောဓိသီးသာ ရှိရင် သူဟာ သူတော်စင်တံခါးကို ဖွင့်နိုင်ပြီး ဗုဒ္ဓအဖြစ်ကို ချက်ချင်း ရောက်ရှိသွားနိုင်တယ်"

ဖန့်ချန်သည် ဟေးဖော်သူတော်စင်၏ အတွင်းနယ်မြေဘက်သို့ လှမ်းကြည့်လိုက်သည်။

မြူနှင်းများ ရှိနေသဖြင့် အတွင်းနယ်မြေ၏ ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း အစွန်းအထွက် အနည်းငယ်အရ မရေမတွက်နိုင်သော ဘုရားကျောင်းကန် စေတီပုထိုးများ ရှိနေကြောင်း သိသာနေသည်။

ဖန့်ချန်၏ အကြည့်ကို သတိပြုမိသွားသော ဟေးဖော်သူတော်စင်သည် ကြင်နာသော အပြုံးဖြင့် ခေါင်းကို ညင်သာစွာ ညိတ်ပြလိုက်သည်။

"တကယ်တော့... ဖန့်သူတော်စင်ရဲ့ စီစဉ်မှုက အသင့်တော်ဆုံးပဲလို့ ကျွန်တော် ထင်မိတယ်"

ချန်းရှန်းသူတော်စင် က ဖန့်ချန်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် ဆက်ပြောသည်။

"မျှော်စင်တိုက်ပွဲမှာ လူသားမျိုးနွယ်အနေနဲ့ နံပါတ်တစ် ရဖို့ဆိုတာ ဘယ်လောက် ခက်ခဲလဲဆိုတာ ခင်ဗျားတို့ သိမှာပါ။ ခင်ဗျားတို့လည်း ငယ်စဉ်က မျှော်စင်တိုက်ပွဲကို ဝင်ပြိုင်ခဲ့ဖူးကြတာပဲ၊ အကောင်းဆုံး ရလဒ်ကတောင် အဆင့် တစ်သိန်း အတွင်းဝင်ဖို့ပဲ ရှိတာ။

အဲဒါက လူသားမျိုးနွယ်ရဲ့ ပါရမီ နိမ့်လို့ မဟုတ်ဘူး၊ အခြေခံ အုတ်မြစ်က သိပ်ညံ့ဖျင်းပြီး အထွတ်အထိပ် အရိုး တွေက သိပ်နည်းလွန်းလို့ပါ။ အခုတော့ မျှော်စင်တိုက်ပွဲမှာ နံပါတ်တစ် ရနိုင်တဲ့ လူသားပါရမီရှင် တစ်ယောက် ပေါ်လာပြီဆိုတော့ ကျွန်တော်တို့က အနာဂတ်ကို အဝေးကြီး ကြည့်ရမယ်။

ဗောဓိသီး တစ်ခုတည်း မဟုတ်ဘူး၊ တခြားသော အရင်းအမြစ် တော်တော်များများကိုလည်း ဖန့်ချန်ကို ဗဟိုချက်ထားပြီး ကြိုတင် ပြင်ဆင်ထားသင့်တယ်"

"ကြိုတင်ပြင်ဆင်မယ် ဆိုရင်တောင် ဒီလောက်အထိ စောစောစီးစီး မလိုပါဘူး၊ သူက အဆင့် ၆ ပဲ ရှိပါသေးတယ်"

ကျန်းရန်သူတော်စင်က အေးစက်စွာ ပြောလိုက်သည်။

ထို့နောက် သူသည် သဘောထား မပေးရသေးသော ကျန်သူတော်စင်များဘက်သို့ လှည့်ကြည့်လိုက်သည်။

"တောက်ပေါင်သူတော်စင် ၊ တျန်းကျွင်းသူတော်စင် ၊ ပေရွှမ်သူတော်စင် ... ခင်ဗျားတို့ရော ဘယ်လို ထင်ကြလဲ"

"ဖန့်သူတော်စင် ပြောတဲ့အတိုင်းပဲ၊ ဒီဗောဓိသီးကို လောလောဆယ် သိမ်းထားလိုက်ကြတာပေါ့။ အခုက မငြိမ်မသက် ဖြစ်နေတဲ့ ကာလဆိုတော့ ကျွန်တော်တို့ လူသားမျိုးနွယ်အနေနဲ့ အခြေအနေတွေကို ငြိမ်ငြိမ်လေး စောင့်ကြည့်နေသင့်တယ်။ နတ်ဘုရားမျိုးနွယ်ရဲ့ ကိစ္စက ကျွန်တော်တို့ဆီကို ရိုက်ခတ်မလာဘူးလို့ မပြောနိုင်ဘူးလေ"

အမြဲတမ်း တိတ်ဆိတ်နေလေ့ရှိသော ပေရွှမ်သူတော်စင်က ဖြည်းညှင်းစွာ စကားဆိုလိုက်သည်။

ကျန်းရန်သူတော်စင်၏ မျက်နှာမှာ ရုတ်တရက် ပျက်ယွင်းသွားပြီး သူ၏ မျက်လုံးထဲတွင် မကျေမနပ် ဖြစ်နေသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

"ပေရွှမ်သူတော်စင်ကတောင် ဒီလိုပြောနေမှတော့ လောလောဆယ် ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ကြရအောင်"

တောက်ပေါင်သူတော်စင်က ရယ်မောလျက် ပြောလိုက်သည်။

"ကျွန်တော်ကတော့ နတ်ဘုရားမျိုးနွယ် ကိစ္စကို ပိုပြီး စိတ်ဝင်စားတယ်"

တျန်းကျွင်းသူတော်စင်က ရုတ်တရက် ဝင်ပြောသည်။

"နတ်ဘုရားမျိုးနွယ်က နတ်ဘုရားနယ်မြေကို နှစ်ပေါင်းများစွာ စိုးမိုးလာခဲ့တာ၊ သူတို့ရဲ့ အခြေခံ အုတ်မြစ်က အရမ်းခိုင်မာတယ်။ အဲဒီ နယ်မြေအရှင်ရဲ့ စွမ်းရည်ဆိုရင် ကျွန်တော်တို့ထက် အဆပေါင်းများစွာ သာလွန်တယ်။

နဂါးသူတော်စင်တောင် သူ့ကို မယှဉ်နိုင်ဘူး။ ဒါပေမဲ့ အဲဒီလို ပုဂ္ဂိုလ်မျိုးက ဘာလို့ ပုန်ကန်တာလဲ ဘာလို့ ဟင်းလင်းပြင် အဆင့်မြင့် မဟာမိတ်အဖွဲ့ကို ဓားနဲ့ ခုတ်ရတာလဲ"

All Chapters