← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

အခန်း (၄၁) တောင်ပေါ်တွင် တစ်ကိုယ်တော် အမဲလိုက်ခြင်း

ကျောက်လင်က လက်ပိုက်လျက် သူ၏အခန်းထဲသို့ ပြန်ဝင်လာခဲ့၏။

ယဲ့လင်အာက သူမ၏ ခြင်းတောင်းကို ပြင်ဆင်နေသည်။ သူမသည် စုယောင်နှင့် ပိုင်ဝမ်ချင်းတို့ ဆေးဖက်ဝင်အပင်များ ခူးဆွတ်ရန် တောင်ပေါ်သို့သွားစဉ် ကာကွယ်ပေးမည်ဟု ကျောက်လင်အား ကတိပေးထားခဲ့၏။

"ခင်ပွန်း... ခုနက ဘယ်သွားနေတာလဲ..."

ယဲ့လင်အာက ကျောက်လင် ပြန်လာသည်ကို မြင်သောအခါ ပြုံး၍ မေးလိုက်မိ၏။

ထိုအခိုက်တွင် ကျောက်လင်က ပြုံးလိုက်ပြီး ကျောဘက်မှ လက်ကို ရှေ့သို့ ယူဆောင်လာကာ တောက်ပနေသော ထန်ဓားတစ်လက်ကို သူ၏ ညာဘက်လက်တွင် ကိုင်ဆောင်ထားလေသည်။

ဤဓားသည် ကျောက်လင်က စနစ်နေရာလွတ်ထဲမှ စနစ်အမှတ် တစ်သောင်းပေး၍ ဝယ်ယူထားသော သတ္တုစပ်ထန်ဓား ဖြစ်၏။

ဤထန်ဓား၏ သတ္တုသားက ဤကမ္ဘာရှိ အခြားသော သံလက်နက်များထက် ပို၍ မာကျောပြီး ထက်မြက်နေသည်မှာ သေချာလှသည်။

“ဇနီးလေး... ဒါ မင်းအတွက် ကိုယ်ပေးတဲ့ လက်နက်ပဲ..."

"အခု မင်းရဲ့ ခွန်အားတွေ ပြန်ရလာပြီဆိုတော့ စုယောင်နဲ့ ပိုင်ဝမ်ချင်း တောင်ပေါ်တက်တဲ့အခါ ကာကွယ်ပေးရမယ်လေ... မင်းအတွက် ကိုယ်ခံပညာသုံး ဓားတစ်လက် ရှိနေတာက အကောင်းဆုံးပဲပေါ့..."

ကျောက်လင်က ပြုံး၍ ပြောလိုက်၏။

ယဲ့လင်အာ၏ မျက်လုံးများက တောက်ပသွားပြီး အံ့သြဝမ်းသာစွာဖြင့် ပြေးသွားကာ ထန်ဓားကို လုယူလိုက်သည်။

"လှလိုက်တာ…ခင်ပွန်း... ဒီဓားကို ဘယ်ကရလာတာလဲ... လက်ထဲမှာ ကိုင်ရတာ အရမ်းကောင်းတာပဲနော်..."

ယဲ့လင်အာမှာ ထန်ဓားကို နှစ်ချက်သုံးချက်မျှ ဝှေ့ယမ်းကြည့်ပြီးနောက် အလွန် ဝမ်းသာပျော်ရွှင်သွား၏။

"ကိုယ့်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်... အာ... ဘယ်သူ့ကိုမှ ပြောပြလို့မရဘူး..."

"ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဇနီးသာ လိုချင်တယ်ဆိုရင် မင်းအတွက် ဘယ်လက်နက်မျိုးမဆို ရအောင်ရှာပေးမယ်ဆိုတာ သိထားဖို့ပဲ လိုတယ်..."

ထို့နောက် ကျောက်လင်က အဓိပ္ပါယ်နှစ်ခွဖြစ်စေမည့် စကားကို ထပ်ပြောလိုက်၏။

မျှော်လင့်ထားသည့်အတိုင်း ထိုစကားကို ကြားသောအခါ ကျောက်လင်၏ သူငယ်ချင်းမှာ နာမည်ရင်းကို ထုတ်ဖော်ပြောဆို၍ မရနိုင်ကြောင်း ယဲ့လင်အာ နားလည်သွားလေသည်။

ယဲ့လင်အာက ပါးနပ်စွာဖြင့် ဆက်လက်မေးမြန်းခြင်း မပြုတော့ပေ။

တစ်ချိန်တည်းမှာပင် မီးဖိုချောင်ထဲ၌ ဇနီးနှစ်ယောက်ဖြစ်သော စုယောင်နှင့် ရှန်ချန်းရွှယ်တို့က နံနက်စာ ပြင်ဆင်ပြီးနေပြီ ဖြစ်သည်။

ကျောက်လင်က အထဲသို့ဝင်ကာ ထမင်းနှစ်လုပ်သုံးလုပ်ခန့် အမြန်စားလိုက်ပြီးနောက် အိမ်ဆောက်ရန် နေရာရှာဖွေရန် အနီးအနားရှိ တောင်များဆီသို့ တစ်ယောက်တည်း သွားမည်ဖြစ်ကြောင်း သူ၏ ဇနီးငါးယောက်ကို ပြောပြလိုက်၏။

အိမ်ဆောက်မည့် နေရာအတွက် ကျောက်လင်က ကြိုတင် ဆုံးဖြတ်ထားပြီးဖြစ်သည်၊ အတိအကျဆိုရလျှင် ကတော့ချွန် ပုံသဏ္ဍာန်တောင်ကြား၏ တစ်ဖက်တစ်ချက်စီတွင် ဖြစ်၏။

မည်သို့ပင်ဆိုစေ ဤကတော့ချွန် ပုံသဏ္ဍာန် တောင်က ကျောက်လင်၊ ယောင်းဟွိုင်တောက်နှင့် အခြားသူများ၏ စစ်တပ်ပိုင်မြေများနှင့် နီးကပ်စွာ ရှိနေသည်။ လူခုနစ်ယောက်၏ အိမ်များကို ထိုနေရာတွင် ဆောက်လုပ်ခြင်းက နောင်တစ်ချိန်တွင် သူတို့၏ စစ်တပ်ပိုင်မြေများဆီသို့ လျင်မြန်စွာ ရောက်ရှိနိုင်ရန် အလွန်အဆင်ပြေစေမည် ဖြစ်၏။

အိမ်ဆောက်ခြင်းနှင့် ပတ်သက်၍ ကျောက်လင်၏ စိတ်ထဲတွင် အကြံတစ်ခု ရှိနေသေးသည်။ ၎င်းမှာ စနစ်နေရာလွတ်၏ စွမ်းရည်များကို အသုံးပြုကာ ဂူများကို တိုက်ရိုက် တူးဖော်ရန်ပင် ဖြစ်၏။

ဤသည်က လက်ရှိတွင် အိမ်ဆောက်ရန် အမြန်ဆန်ဆုံး နည်းလမ်းဖြစ်သည်။

သူတို့က ဂူပေါင်းများစွာကို တူးဖော်ခဲ့ပြီး ၎င်းတို့သည် ကျောက်လင်၊ ယောင်းဟွိုင်တောက်၊ တျန်ဆုန့်၊ လီချန်၊ ဖန်ယွင်ရှန်၊ ကျားကျီချင်းနှင့် ရှုံ့တကျွမ်းတို့ မိသားစု ခုနစ်စုအတွက် နေထိုင်ရာ နေရာများ ဖြစ်လာခဲ့၏။

ငွေအများကြီး ရှာနိုင်သွားသည့်အခါ လှပသော အိမ်တစ်လုံးကို စတင် ဆောက်လုပ်နိုင်ပြီ ဖြစ်သည်။

ယခုအချိန်တွင် အိမ်ဆောက်ရန် နေရာသွားရွေးမည်ဟူသော ကျောက်လင်၏ စကားက ဆင်ခြေတစ်ခုသာ ဖြစ်ပြီး တကယ်တမ်းတွင် သူက တောင်ပေါ်၌ တစ်ယောက်တည်း အမဲလိုက်ချင်နေခြင်း ဖြစ်၏။

ချက်ချင်းပင် ကျောက်လင်က သူ၏ ပေါင်းစပ်လေးနှင့် ကွင်းပါ‌သောဓားကို ယူဆောင်ကာ အိမ်ထဲမှ ထွက်ခွာသွားလေသည်။

ရွာထဲရှိ ရှောင်ရွေ့၏ နေအိမ်။

"ကြည့်စမ်း... ကျောက်လင်က နောက်ဘက်တောင်ဆီ တစ်ယောက်တည်း သွားနေတယ်..."

ထိုအခိုက်တွင် တောင်ခြေရှိ နောက်ဘက်တောင်ဆီသို့ ပြေးဝင်သွားသော ကျောက်လင်ကို ယန်ချန်ယွီ မြင်သွားပြီး ချက်ချင်း အော်ပြောလိုက်၏။

ရှောင်ရွေ့က အမြင်အာရုံ ထက်မြက်သူဖြစ်ရာ ကျောက်လင်၏ လှုပ်ရှားမှုများကို သဘာဝကျစွာပင် သတိပြုမိသွားသည်။

"ငါတို့က ထင်းရှူးနက်ကျေးရွာက မူလရွာသားတွေကို ကျောက်လင်နဲ့ သူ့လူခုနစ်ယောက်ကို နှင်ထုတ်ဖို့ သွေးထိုးပေးခဲ့တယ်... ငါတို့ ကျရှုံးခဲ့ပေမဲ့ နှစ်ဖက်စလုံးရဲ့ စိတ်နှလုံးထဲမှာ အက်ကြောင်းတွေတော့ ဖန်တီးပေးနိုင်ခဲ့တာပဲ..."

"နောက်တစ်ဆင့်က ငါတို့ မီးလောင်ရာ လေပင့်ပေးပြီး မူလရွာသားတွေနဲ့ ကျောက်လင်တို့ ခုနစ်ယောက်အဖွဲ့ရဲ့ ဆက်ဆံရေးကို ဖျက်ဆီးပစ်ဖို့ပဲ..."

ရှောင်ရွေ့က ရုတ်တရက် အေးစက်စွာ ပြောလိုက်၏။

"ဒါပေမဲ့ ကျောက်လင်က အရမ်း သန်မာလွန်းတယ်... ငါတို့ သူ့ကို မဖိနှိပ်နိုင်ဘူးဆိုရင် မူလရွာသားတွေက ကျောက်လင်နဲ့ သူ့လူခုနစ်ယောက်ကို နှင်ထုတ်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်..."

ဟန်ဟိုင်၏ မျက်နှာက စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

ဟန်ဟိုင်က မူလက ကျောက်လင်နှင့်အတူ ပူးပေါင်းချင်ခဲ့သော်လည်း အကြောင်းရင်းမသိဘဲ ယန်ချန်ယွီ၊ ရှောင်ရွေ့တို့နှင့်အတူ အဆုံးသတ်သွားခဲ့ရာ ယခုတွင် သူတို့နှစ်ယောက်နှင့် ပူးပေါင်းရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

"ထင်းရှူးနက်ကျေးရွာရဲ့ ဘေးက ထျဲ့လင်ကျေးရွာမှာ မုဆိုးတွေ အများကြီးရှိတယ်ဆိုတာ ငါ စုံစမ်းပြီးသွားပြီ... သူတို့က ကိုယ်ပိုင်အမဲလိုက်အဖွဲ့ကို ဖွဲ့စည်းထားကြတာ..."

"အခု ကျောက်လင်နဲ့ သူ့လူခုနစ်ယောက် အမဲလိုက်ဖို့ တောင်ပေါ်တက်သွားပြီဆိုတော့ သူတို့ ထျဲ့လင်ကျေးရွာရဲ့ အမဲလိုက်နယ်မြေထဲကို သေချာပေါက် သွားလိမ့်မယ်..."

"ငါ့ခြေထောက်က အခု ဒဏ်ရာရနေတယ်... ယန်ချန်ယွီနဲ့ ဟန်ဟိုင်... မင်းတို့နှစ်ယောက် ထျဲ့လင်ကျေးရွာကိုသွားပြီး အဲ့ဒီက မုဆိုးတွေကို တောင်ပေါ်တက် အမဲလိုက်ဖို့ ဖျောင်းဖျလိုက်... သူတို့ ဒေါသတကြီးနဲ့ လုပ်မိလုပ်ရာ လုပ်လိုက်ရင် ကျောက်လင်ကို ဝိုင်းသတ်မိကောင်း သတ်မိနိုင်တယ်..."

ရှောင်ရွေ့က ရုတ်တရက် အေးစက်စွာ ပြောလိုက်၏။

ထိုစကားကို ကြားသောအခါ ယန်ချန်ယွီနှင့် ဟန်ဟိုင်တို့ အနည်းငယ် အံ့အားသင့်သွားသော်လည်း ထို့နောက် သူတို့နှစ်ယောက်စလုံး ခေါင်းညိတ်လိုက်ကြသည်။

သူတို့နှစ်ယောက်သည် ယခုအခါ ကျောက်လင်နှင့် သူ၏လူ ခုနစ်ယောက်တို့နှင့် သဘောထားကွဲလွဲနေကြောင်းကိုလည်း သိရှိထားကြ၏။ အကယ်၍ ကျောက်လင်ကို ပို၍ အင်အားကြီးမားလာစေရန် ခွင့်ပြုလိုက်ပါက အနာဂတ်တွင် ကျောက်လင်နှင့် သူ၏လူ ခုနစ်ယောက်ထံ အညံ့ခံရုံမှလွဲ၍ အခြားရွေးချယ်စရာ ရှိမည်မဟုတ်ဘဲ အခြေအနေကို ပြောင်းလဲနိုင်ရန် ခက်ခဲသွားလိမ့်မည် ဖြစ်သည်။

သဘာဝကျစွာပင် ကျောက်လင် အားနည်းနေချိန်ကို အခွင့်ကောင်းယူ၍ သူ့ကို ဖယ်ရှားရန် သင့်တော်သော အခွင့်အရေးကို ရှာဖွေရမည် ဖြစ်၏။

ကျောက်လင်က နောက်ဘက်တောင်ဆီသို့ ဝင်ရောက်လာပြီး အလျင်အမြန် ဖြတ်သန်းသွားလေသည်။

ယောင်းဟွိုင်တောက်နှင့် သူ၏ အပေါင်းအပါ ခြောက်ယောက်၏ ဝန်ထုပ်ဝန်ပိုး မရှိတော့သဖြင့် ကျောက်လင်သည် တောင်တန်းများနှင့် သစ်တောများထဲသို့ ဝင်ရောက်လာချိန်တွင် မည်သည့် စိုးရိမ်ပူပန်မှုမျှ မရှိတော့ဘဲ လွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်နေပြီ ဖြစ်၏။

"အဝေးကို မြင်နိုင်ပြီး သားရဲတွေရဲ့ လှုပ်ရှားမှုကို ရှာဖွေနိုင်တဲ့ လင်းယုန်မျက်လုံးတွေ ရှိနေတဲ့အပြင် ပတ်ဝန်းကျင်က အန္တရာယ်တွေကို အာရုံခံနိုင်တဲ့ စိတ်စွမ်းအား အမြုတေလည်း ရှိနေတော့ ဒီတောင်က ငါ့ရဲ့ ကိုယ်ပိုင်နယ်မြေလိုပဲ..."

"အခု ငါ့ရဲ့ ရုပ်ခန္ဓာက သံမဏိအရိုးနယ်ပယ်ရဲ့ အလယ်အလတ်အဆင့်ကို ရောက်နေပြီ... သွေးနတ်ဘုရားဓားရဲ့ စွမ်းအားနဲ့ဆိုရင် အသိဉာဏ်ရှိတဲ့ သားရဲတွေနဲ့ မတွေ့သရွေ့ ငါက သားရဲအားလုံးကို ဓားတစ်ချက်တည်းနဲ့ သတ်နိုင်တယ်..."

ကျောက်လင်က အတော်လေး ယုံကြည်မှု ရှိနေ၏။

ထို့ကြောင့် ကျောက်လင်က ယခင်က သူတို့သွားခဲ့သော တောင်ပေါ်စမ်းပေါက်ရေကန်ဆီသို့ အလျင်အမြန် သွားရောက်ကာ ခေတ္တမျှ စောင့်ကြည့်လေ့လာနေလိုက်သည်။

"အခု ဒီမှာ တိရစ္ဆာန်ခြေရာတွေ နည်းနည်း ပိုများလာတယ်..."

"မနေ့က ငါ တောဆိတ်ဆယ်ကောင်နဲ့ အနက်ရောင် ဝက်ဝံတစ်ကောင်ကို သတ်လိုက်ပေမဲ့ ဒီတောထဲက သားရဲတွေကို မရှာတွေ့သေးဘဲ ဒီတောထဲမှာပဲ ဆက်နေနေကြပုံရတယ်..."

ကျောက်လင်က ပြုံးလျက် ပြောလိုက်၏။

ချက်ချင်းပင် ကျောက်လင်က သားရဲများ ဖြတ်သန်းသွားလာတတ်သော လမ်းကြောင်းတစ်ခုကို မြင်တွေ့သွားပြီး ထိုနေရာသို့ ပြေးသွားလေသည်။

"အဲ့ဒီသစ်ပင်ပေါ်မှာ သားရဲတွေ ရှိတယ်..."

ခေတ္တအကြာတွင် ကျောက်လင်၏ လင်းယုန်မျက်လုံးများက မီတာနှစ်ရာအကွာရှိ သစ်ပင်တစ်ပင်ပေါ်တွင် နားခိုနေသော သားရဲတစ်ကောင်၏ ပုံသဏ္ဍာန်ကို မြင်တွေ့လိုက်ရသည်။

ကျောက်လင်က ချက်ချင်း ဝပ်ဆင်းလိုက်ပြီး သစ်တောကို ဖြတ်၍ သစ်ပင်နှင့် မီတာငါးဆယ်အကွာ နေရာတစ်ခုဆီသို့ သွက်လက်စွာ ချဉ်းကပ်သွား၏။

"တိမ်တိုက်ကျားသစ် တစ်ကောင်ပဲ..."

နောက်ဆုံးတွင် သစ်ပင်ပေါ်၌ အနားယူနေသော သားရဲ၏ ပုံရိပ်ကို ကျောက်လင် ရှင်းလင်းစွာ မြင်တွေ့လိုက်ရသဖြင့် သူ အလွန် ဝမ်းသာသွားသည်။

စကားတစ်ခွန်းမျှ မဆိုဘဲ ကျောက်လင်က တြိဂံမြှားတစ်စင်းကို ချက်ချင်း ထုတ်ယူကာ ပေါင်းစပ်လေးပေါ်တွင် တပ်ဆင်လိုက်ပြီး ချက်ချင်းပင် ပစ်ခတ်လိုက်လေသည်။

မြှားက တိမ်တိုက်ကျားသစ်၏ လည်ပင်းတည့်တည့်သို့ ထိမှန်သွား၏။

တိမ်တိုက်ကျားသစ်မှာ သစ်ပင်ပေါ်တွင် အနားယူနေစဉ် ၎င်း၏အသက် ထိုသို့ ဆုံးရှုံးသွားလိမ့်မည်ဟု ဘယ်သောအခါမှ တွေးထင်ထားခဲ့မည် မဟုတ်ပေ။

ကျောက်လင်က ချက်ချင်း ပြေးသွားကာ သစ်ပင်ပေါ်သို့ သွက်လက်စွာ တက်လိုက်ပြီး သစ်ပင်ပေါ်တွင် သံမှိုစွဲသလို တွယ်ကပ်နေသော တိမ်တိုက်ကျားသစ်ကို သူ၏ စနစ်နေရာလွတ်ထဲသို့ ထည့်လိုက်သည်။

သစ်ပင်ပေါ်မှ အောက်သို့ မဆင်းရသေးမီမှာပင် ကျောက်လင်က သစ်တောထဲတွင် လှုပ်ရှားမှုအချို့ကို သတိပြုမိသွား၏။

"တောဝက်အုပ်ကြီး တစ်အုပ်ပါလား..."

ကျောက်လင်က အလွန်ဝမ်းသာသွားသည်။

ပြီးခဲ့သည့်အကြိမ်က တောဝက်ခုနစ်ကောင်ကို သတ်ခဲ့ပြီး ထိုအုပ်စုသည် ဤသစ်တောထဲတွင် တစ်ခုတည်းသော တောဝက်အုပ်စု ဖြစ်မည်ဟု သူတို့ ထင်ခဲ့ကြသည်။ ယခုမူ အခြားသော တောဝက်အုပ်တစ်အုပ်ကို မြင်တွေ့လိုက်ရပြီ ဖြစ်၏။

သဘာဝကျစွာပင် ကျောက်လင်က ထိုကဲ့သို့သော ကံကောင်းမှုကို လက်လွတ်ခံမည် မဟုတ်ပေ။

ထို့ကြောင့် ကျောက်လင်က သစ်ပင်ပေါ်မှ အလျင်အမြန် ဆင်းလာကာ သစ်တောထဲတွင် ခေတ္တမျှ ပြေးလွှားပြီးနောက် နောက်ဆုံးတွင် တောဝက်အုပ်၏ အထက်ဘက်သို့ ရောက်ရှိသွားလေသည်။

ထိုအုပ်စုတွင် တောဝက်ရှစ်ကောင်ရှိပြီး အရွယ်ရောက်ပြီး လေးကောင်နှင့် ဝက်ကလေး လေးကောင်ဖြစ်သည်။ ၎င်းတို့က မြေကြီးပေါ်တွင် အမြစ်များနှင့် ပင်စည်များကို တူးဆွကာ အားရပါးရ ပျော်ရွှင်စွာ စားသောက်နေကြ၏။

ကျောက်လင်က ပုန်းအောင်းမနေဘဲ ကိုယ်ထင်ပြရန် ဦးဆောင်လှုပ်ရှားလိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ ပေါင်းစပ်လေးကို ဆွဲတင်လိုက်သည်။

ရွှီး…

တြိဂံမြှားက ပစ်လွှတ်လိုက်သည်နှင့် အရွယ်ရောက်ပြီးသော တောဝက်တစ်ကောင်၏ ခန္ဓာကိုယ်ကို ဖောက်ဝင်သွားလေသည်။

တောဝက်က နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်က မြေကြီးပေါ်တွင် ခုန်ပေါက်ကာ ရူးသွပ်စွာ လူးလှိမ့်နေတော့၏။

အခြားသော အရွယ်ရောက်ပြီး တောဝက်သုံးကောင်က ကျောက်လင်ကို မြင်တွေ့သွားပြီး သူတို့၏ အဖော် နာကျင်နေသည်ကို မြင်သောအခါ ဒေါသတကြီး ဖြစ်သွားကြသည်။

ဟမ့်…

အရွယ်ရောက်ပြီး တောဝက်သုံးကောင်က ကျောက်လင်ဆီသို့ အတူတကွ ပြေးဝင်လာကြလေသည်။

All Chapters