အခန်း ၄၇
Vol. 5 Ch. 47
အခန်း (၄၇) ရွာသို့ပြန်ရောက်ပြီးနောက် ပထမဆုံးအဖြစ် ဂူတူးခြင်း
ယန်ချန်ယွီနှင့် ဟန်ဟိုင်တို့သည် ထျဲ့လင်ကျေးရွာသို့ သွားခဲ့ပြီးနောက် ထင်းရှူးနက်ကျေးရွာသို့ ပြန်လာကာ ရှောင်ရွေ့၏ အိမ်သို့ ရောက်ရှိလာကြ၏။
"ထျဲ့လင်ကျေးရွာက မုဆိုးတွေကို မင်းတို့ ပြောခဲ့ပြီးပြီလား..."
ထိုနှစ်ယောက် အိမ်ထဲသို့ ဝင်လာသည်ကို မြင်သောအခါ ရှောင်ရွေ့က ချက်ချင်းပင် မေးခွန်းထုတ်လိုက်သည်။
"ပြောခဲ့ပြီးပြီ... ကျောက်လင်က တောင်တွေထဲ အနက်ရှိုင်းဆုံးအထိ ဝင်သွားပြီး သားရဲတွေ အများကြီး အမဲလိုက်ပြီး ငွေတွေ အများကြီး ရှာနိုင်ခဲ့တယ်ဆိုတဲ့ သူ့ရဲ့ သတင်းအချက်အလက်တွေကို ထျဲ့လင်ကျေးရွာက မုဆိုးတွေဆီကို ငါ တမင်တကာ ဖွင့်ဟပြောပြခဲ့တယ်..."
"ထျဲ့လင်ကျေးရွာက မုဆိုးတွေ အဲ့ဒီလောက်တောင် ဒေါသထွက်သွားကြလိမ့်မယ်လို့ ငါ တကယ်ကို မထင်ထားခဲ့ဘူး..."
"ထင်းရှူးနက်ကျေးရွာက မုဆိုးတွေက အမဲလိုက်ဖို့ တောင်ပေါ်ကို မတက်ကြတော့ဘူးလေ... ပြီးတော့ ထျဲ့လင်ကျေးရွာက မုဆိုးတွေကလည်း ဒီတောင်တန်းဒေသက သားရဲတွေအားလုံးကို သူတို့ရဲ့ သီးသန့် သားကောင်တွေအဖြစ် အမြဲတမ်း သတ်မှတ်ထားကြတာ..."
"ကျောက်လင် တောင်ပေါ်တက်ပြီး အမဲလိုက်တဲ့အကြောင်း ငါတို့နှစ်ယောက် ပြောပြလိုက်တဲ့အခါ ထျဲ့လင်ကျေးရွာက မုဆိုးတွေက သဘောတူညီချက် တစ်ခု ရသွားကြတယ်... သူတို့က နောက်ဘက်တောင်တန်း ပြင်ပမှာရှိတဲ့ တောင်တန်းဒေသတွေ အားလုံးကို ပိတ်ဆို့ထားပြီး ကျောက်လင်နဲ့ တခြားသူတွေကို တောင်ပေါ်တက် အမဲမလိုက်နိုင်အောင် တားမြစ်ကြတော့မယ်တဲ့..."
"ဒါ့အပြင် ထျဲ့လင်အမဲလိုက်အဖွဲ့ရဲ့ ခေါင်းဆောင် ရှန့်ထျန်းရှုံကလည်း ဒုက္ခသည်စခန်းမှာ ကျောက်လင်နဲ့ ပဋိပက္ခ ဖြစ်ခဲ့သေးတယ်ဆိုတာကို ငါ သိလာရတယ်... ကျောက်လင်သာ တောင်ပေါ်တက်ရဲရင် သူ့ကို ချောင်းမြောင်းပစ်ခတ်မယ်လို့ ရှန့်ထျန်းရှုံက ပြောထားတယ်..."
ယန်ချန်ယွီက စိတ်လှုပ်ရှားစွာဖြင့် စကားရှည်ကြီးကို ပြောချလိုက်၏။
၎င်းကို ကြားသောအခါ ရှောင်ရွေ့က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ထိုအခိုက်တွင် သူတို့သုံးယောက်လုံး တံခါးပေါက်မှနေ၍ အပြင်သို့ လှမ်းကြည့်လိုက်ကြပြီး သုံးယောက်လုံး၏ မျက်နှာပေါ်တွင် အံ့အားသင့်သွားသော အမူအရာများ ပေါ်လာ၏။
ရွာသို့ အပြန်လမ်းတွင် ကျောက်လင်နှင့် အမျိုးသမီးနှစ်ဦးက စာမရီလှည်းပေါ်တွင် ထိုင်လိုက်လာကြပြီး သူတို့နောက်၌ အမျိုးသား ဆယ့်သုံးဦးက လိုက်ပါလာကြသည်။
"တောက်..."
"အဲ့ဒီကောင်စုတ် ငွေတွေ ထပ်ရလာပြန်ပြီပဲ... သူက ဒီနေ့ ဒုက္ခသည် ဆယ့်ငါးယောက်တောင် ဝယ်လာခဲ့တယ်..."
ယင်းကို ပထမဆုံးအကြိမ် မြင်လိုက်ရသောအခါ ရှောင်ရွေ့က ဒေါသတကြီးဖြင့် လက်သီးကို ဆုပ်လိုက်ရာ သူ၏ ဒေါသထွက်နေမှုမှာ ထင်ရှားနေ၏။
"ကျောက်လင်ကို ရက်အနည်းငယ်လောက် ဂုဏ်ဆာခွင့် ပေးထားလိုက်ဦး... ထျဲ့လင်ကျေးရွာက မုဆိုးတွေက ကျောက်လင်ကို သတ်ပစ်လိုက်တာနဲ့ တစ်ပြိုင်နက် ငါတို့က ဒီဒုက္ခသည်တွေရဲ့ စာချုပ်တွေကို သိမ်းပိုက်ပြီး သူတို့ကို ငါတို့ရဲ့ စစ်တပ်ပိုင်မြေတွေမှာ စိုက်ပျိုးခိုင်းလို့ ရသွားပြီ..."
ယန်ချန်ယွီက အေးစက်စွာ ပြောလိုက်သည်။
"အဲ့ဒီအစီအစဉ်က တကယ့်ကို အကောင်းဆုံးပဲ..."
ဟန်ဟိုင်က ထောက်ခံလိုက်၏။
သူတို့သုံးယောက်လုံးမှာ ရူးမတတ် မနာလို ဖြစ်နေကြသည်။
ထိုစဉ် ကျောက်လင်သည် စာမရီလှည်းကို မောင်းနှင်ကာ သူ၏ အိမ်ဆီသို့ ပြန်လာခဲ့၏။
“ခင်ပွန်း... ရှင် နောက်ထပ် နှစ်ယောက် ထပ်ဝယ်လာပြန်ပြီလား..."
ခြံထဲတွင် အလုပ်ရှုပ်နေသော စုယောင်က ခြံစည်းရိုးအပြင်ဘက်တွင် ဖြစ်ပျက်နေသည်ကို မြင်လိုက်ရသောအခါ အနည်းငယ် ဒေါသထွက်သွားခဲ့သည်။
မနေ့က ကျောက်လင်သည် ယဲ့လင်အာ၊ ပိုင်ဝမ်ချင်းနှင့် ထျန်ကျီလင် ဟူသော ဇနီးသုံးယောက်ကို ခေါ်လာခဲ့သည်။ စုယောင်မှာ ယင်းကို လက်ခံရန်မှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ပေ။
မနေ့ညက စုယောင်နှင့် ရှန်ချန်းရွှယ်တို့က ကျောက်လင်အား အားအင်ကုန်ခမ်းသွားစေရန်နှင့် နောက်ထပ် ဇနီးအသစ် ထပ်ယူမည့် အကြံအစည်များ မရှိတော့စေရန် သဘောတူညီချက်တစ်ခု ရယူထားခဲ့ကြ၏။
မည်သူကမျှ မသိလိုက်ခင်မှာပင် မနက်ခင်း တစ်ပိုင်းမျှ အပြင်ထွက်သွားပြီးနောက် ကျောက်လင်သည် နောက်ထပ် အမျိုးသမီးနှစ်ဦးကို ထပ်ခေါ်လာခဲ့ပြန်သည်။
ထို့အပြင် ထိုအမျိုးသမီး နှစ်ဦး၏ ခန္ဓာကိုယ် အချိုးအစားက... တော်တော်လေး တောင့်တင်း ခိုင်မာနေပုံရ၏။
သူတို့ခင်ပွန်းဖြစ်သူ ကျောက်လင်၏ အကြိုက်က ပြောင်းလဲသွားခဲ့ပြီပဲ။
ရှန်ချန်းရွှယ်၊ ယဲ့လင်အာ၊ ပိုင်ဝမ်ချင်းနှင့် ထျန်ကျီလင်တို့က စုယောင်၏ အသံကို ကြားလိုက်ရသောအခါ အိမ်ထဲမှ အတူတကွ ပြေးထွက်လာကြပြီး စာမရီလှည်းပေါ်ရှိ သန်မာတောင့်တင်းသော အမျိုးသမီး နှစ်ဦးကို မြင်လိုက်ကြရသည်။
အမျိုးသမီး လေးယောက်လုံး၏ မျက်နှာပေါ်တွင် ကြမ်းတမ်းသော အမူအရာများ ပေါ်လာ၏။
သူတို့က လူသတ်ချင်စိတ်ပေါက်နေကြပြီဖြစ်၏။
သူက ဇနီးငါးယောက် ရှိနေတာကိုတောင် မရောင့်ရဲနိုင်သေးဘူးလား။
ကျောက်လင်သည် သူ၏ ဇနီးငါးယောက်၏ မျက်လုံးများထဲမှ အကြည့်များကို သဘာဝကျကျပင် မြင်လိုက်ရသည်။ သူက လှည်းပေါ်မှ ချက်ချင်း ခုန်ဆင်းကာ ခြံထဲသို့ ပြေးဝင်သွား၏။
"ဇနီးတို့... ကျေးဇူးပြုပြီး အထင်မလွဲကြပါနဲ့..."
"ကိုယ့်ရဲ့ ဇနီးငါးယောက်စလုံး အိမ်မှုကိစ္စတွေ လုပ်ရတာ ဘယ်လောက် ပင်ပန်းနေလဲဆိုတာကို မြင်ရလို့ ဒီအမျိုးသမီး နှစ်ယောက်ကို အိမ်ခေါ်လာဖို့ ကိုယ်တကူးတက သွားဝယ်လာခဲ့တာပါ... အခုကစပြီး အိမ်မှုကိစ္စတွေကို သူတို့နှစ်ယောက်က တာဝန်ယူပါလိမ့်မယ်..."
"ကိုယ့်ရဲ့ ဇနီးသည် ငါးယောက်အတွက် ကိုယ် သေချာစဉ်းစားထားပြီးပါပြီ... မင်းတို့မှာ လုပ်စရာ ပိုအရေးကြီးတဲ့ တခြားကိစ္စတွေ ရှိသေးတယ်လေ..."
ကျောက်လင်က ရှင်းပြရန်လိုအပ်နေ၏။
မည်သို့ပင်ဆိုစေကာမူ ကျောက်လင်သည် သူ၏ ဇနီးသည်နှင့် အိပ်ရာပေါ်တွင် ကျင့်ကြံတိုင်း သူ၏ ကျင့်ကြံမှုအဆင့်ကို တစ်နှစ်စာ တိုးတက်လာစေနိုင်သည်။
သူက တစ်ညတည်းနှင့် သူ၏ ဇနီးငါးယောက်စလုံးနှင့် ကျင့်ကြံမည်ဆိုပါက ယင်းက ငါးနှစ်စာ ကျင့်ကြံမှုနှင့် ညီမျှသည်။
အကယ်၍ ဇနီးငါးယောက်က အထင်လွဲပြီး ပူးပေါင်းမပါဝင်ပါက ၎င်းမှာ ငါးနှစ်စာ ကျင့်ကြံမှုကို ဆုံးရှုံးရမည်ဟု ဆိုလိုခြင်းပင် ဖြစ်၏။
ထိုငါးနှစ်တာကာလအတွင်း ရရှိလာသော ကျင့်ကြံမှုကို 'ကျားယန်ကျင့်စဉ်'၊ 'မူလဝိညာဉ်ကျင့်စဉ်' သို့မဟုတ် 'သွေးနတ်ဘုရားဓား' တို့တွင် ပေါင်းထည့်သည်ဖြစ်စေ ယင်းက ကျောက်လင်၏ စွမ်းအားကို မြှင့်တင်ပေးမည် ဖြစ်သည်။
"အိုး... ဒါဆို အိမ်ဖော်တွေပေါ့..."
ဇနီးငါးယောက်စလုံး သက်ပြင်းချလိုက်နိုင်ကြပြီး သူတို့၏ မျက်နှာအသွင်အပြင်များမှာ သိသိသာသာ ကောင်းမွန်သွား၏။
“ခင်ပွန်း... ကျွန်မတို့ ငါးယောက်အတွက် ဘယ်လိုတာဝန်တွေ ပေးထားလို့လဲ..."
ရှန်ချန်းရွှယ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
ကျောက်လင်က သူ၏ ဇနီးငါးယောက်ကို စူးစိုက်ကြည့်လိုက်၏။
"ချန်းရွှယ်... မင်းက အရမ်း စဉ်းစားဆင်ခြင်တတ်တယ်... အခုကစပြီး ဒီအိမ်ရဲ့ ကိစ္စအဝဝ အားလုံးကို မင်းက သေချာ ဂရုစိုက်ပေးရမယ်... စစ်တပ်ပိုင်မြေတွေကို စိုက်ပျိုးတာ၊ ဒုက္ခသည်တွေကို စီမံအုပ်ချုပ်တာ၊ အိမ်မှုကိစ္စတွေကို ခွဲဝေတာ စတာတွေ အားလုံးကို မင်းကပဲ စီမံခန့်ခွဲရလိမ့်မယ်..."
"စုယောင်... မင်းမှာ အမဲလိုက်ကျွမ်းကျင်မှု ရှိတယ်... အခုကစပြီး ယဲ့လင်အာနဲ့ ပိုင်ဝမ်ချင်းတို့ကို ခေါ်ပြီး ဆေးဘက်ဝင် အပင်တွေ ခူးဆွတ်ဖို့ တောင်ပေါ်ကို သွားရမယ်... အကယ်၍ သားကောင် တစ်ကောင်ကောင်ကို အမဲလိုက်နိုင်ရင်လည်း အိမ်ကို နည်းနည်းပါးပါး ပြန်ယူလာခဲ့ပေါ့..."
ကျောက်လင်က ပြုံး၍ ပြောလိုက်၏။
သူမဘေးတွင် ရပ်နေသော ထျန်ကျီလင်မှာ ချက်ချင်း စိုးရိမ်တကြီး ဖြစ်သွားသည်။
“ခင်ပွန်း... ကျွန်မအတွက်ရော... ကျွန်မက ပန်းချီဆွဲတာ အရမ်းတော်တယ်လေ... ကျွန်မတို့ အိမ်ရဲ့ ဝင်ငွေကို ဖြည့်တင်းဖို့အတွက် ကျွန်မရဲ့ ပန်းချီကားတွေကို ရှင် ရောင်းချလို့ ရပါတယ်..."
ထျန်ကျီလင်က သူမ၏ စွမ်းရည်များကို ပေါ်လွင်စေရန် အစွမ်းကုန် ကြိုးစားပြောဆိုလိုက်၏။
ကျောက်လင်က ချက်ချင်းပင် သူ၏ လက်ကို ခါပြလိုက်ကာ ပြုံးလျက် ပြောလိုက်သည်။
"ကျီလင်... မင်းအတွက် ကိုယ်က မျှော်လင့်ချက် အကြီးမားဆုံး ထားထားတာပါ..."
"မင်းရဲ့ ပန်းချီစွမ်းရည်က အရမ်းထူးချွန်ပြီး အဲ့ဒါတွေကို အသုံးပြုပြီး ငွေရှာလို့ရတယ်ဆိုပေမဲ့ တစ်နှစ်ကို ပန်းချီကား ဘယ်နှစ်ကားတောင် ဆွဲနိုင်မှာမို့လို့လဲ..."
"မင်းပဲ လုပ်နိုင်မယ့် စီးပွားရေး လုပ်ငန်းတစ်ခုကို ကိုယ် ကြိုတွေးထားပြီးပြီ... ပြီးတော့ အဲ့ဒါက မင်းရဲ့ ပန်းချီစွမ်းရည်တွေကိုလည်း အသုံးချလို့ ရလိမ့်မယ်..."
၎င်းကို ကြားသောအခါ ထျန်ကျီလင်မှာ အံ့သြတွေဝေသွားဟန် ရှိပြီး သူမ၏ သိချင်စိတ်များ ပိုမိုတိုးပွားလာ၏။
အခြားသော ဇနီးလေးယောက်ကလည်း ထျန်ကျီလင်ကို အံ့သြတကြီး ကြည့်လိုက်ကြပြီး ထျန်ကျီလင်အနေဖြင့် ပန်းချီဆွဲခြင်းမှလွဲ၍ အခြားမည်သည့် နည်းလမ်းဖြင့် ကျောက်လင်ကို ကူညီနိုင်မည်ကို သဘောမပေါက်နိုင်ကြပေ။
ချက်ချင်းပင် ကျောက်လင်က ဒုက္ခသည် စာချုပ်စာတမ်းများ အားလုံးကို ရှန်ချန်းရွှယ်ထံသို့ လွှဲပြောင်းပေးအပ်လိုက်သည်။
"အိမ်မှာ ဆန်ကြမ်း သိပ်မကျန်တော့ဘူး... မင်း ဒီလိုလုပ်လိုက်... ယောင်းဟွိုင်တောက်နဲ့ ဝက်ဝံကြီးတို့ဆီ သွားပြီးဆန်ကြမ်း နည်းနည်းပါးပါး သွားချေးလိုက်ဦး..."
"ကိုယ့် သူငယ်ချင်းက ဆန်ကုန်သည်နဲ့ ဆက်သွယ်ထားပြီးပြီ... ဒီည သူတို့ လာပို့ပေးလိမ့်မယ်... နောက်အကျဆုံး မနက်ဖြန် မနက်လောက်ဆိုရင် ကိုယ် ဆန်ကြမ်း အမြောက်အမြား ဝယ်လို့ရလာမှာပါ..."
ကျောက်လင်က ပြုံးလိုက်၏။
ကျားရဲစစ်တပ်ကို ဖျက်သိမ်းလိုက်ပြီး ကျောက်လင်နှင့် အခြားသော နယ်ခြားစောင့်တပ်သားများက စစ်တပ်ရိက္ခာ ငါးကျင်းမျှသာ ရရှိခဲ့ကြရာ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းကပင် သူတို့ စားသောက်ပြီးသွားကြပြီ ဖြစ်သည်။
သူက စနစ်ဈေးဆိုင်မှ အစားအစာများကို မဖြစ်မနေ ဝယ်ယူရမည်ဖြစ်၏။
ယနေ့တွင် ကျောက်လင်သည် ပစ္စည်းငါးမျိုးကို ဝယ်ယူခဲ့ပြီးဖြစ်ရာ သူ၏ ဝယ်ယူနိုင်သည့် ကန့်သတ်ချက်မှာ ကုန်ဆုံးသွားပြီ ဖြစ်သည်။ သန်းခေါင်ယံအချိန် ကျော်လွန်ပြီးမှသာ သူ ဆက်လက် ဝယ်ယူနိုင်မည် ဖြစ်၏။
ထိုသို့ပြောပြီးနောက် ကျောက်လင်သည် မိသားစုကိစ္စများအတွက် စိုးရိမ်ပူပန်နေခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ စစ်တပ်ပိုင်မြေများဆီသို့ စာမရီလှည်းဖြင့် တစ်ယောက်တည်း ထွက်ခွာသွားခဲ့သည်။
ကတော့ချွန် ပုံသဏ္ဌာန် တောင်တွင် တောင်ခြေတစ်လျှောက်၌ တောင်တက်လမ်းတစ်ခု ရှိသော်လည်း ၎င်းကို ပုံမှန် ပြုပြင်ထိန်းသိမ်းလေ့ မရှိသဖြင့် ပေါင်းပင်များ ဖုံးလွှမ်းနေ၏။
စာမရီမှာ တောရိုင်းမြက်ပင်များကို ဂရုမစိုက်ဘဲ တိုက်ရိုက် နင်းခြေဖြတ်သန်းသွားကာ ကတော့ချွန်ပုံသဏ္ဌာန် တောင်၏ ဘယ်ဘက်ခြမ်းသို့ လှည်းကို သယ်ဆောင်သွားပြီး ကျောက်လင်၏ စစ်တပ်ပိုင်မြေသို့ ရောက်ရှိသွားသည်။
ကျောက်လင်က လှည်းပေါ်မှ ဆင်းကာ ငါးကန်ဆီသို့ လျင်မြန်စွာ ပြေးသွားလိုက်၏။
နှစ်ရက် ကုန်လွန်သွားခဲ့ပြီဖြစ်ပြီး စမ်းချောင်းမှ သွယ်ယူထားသောရေသည် ငါးကန်၏ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ပြည့်နေပြီဖြစ်သည်။
နောက်ထပ် တစ်ညကြာလျှင် ငါးကန်သည် ရေများဖြင့် ပြည့်လျှံသွားမည်ဖြစ်ပြီး ထို့နောက် ရေများကို စစ်တပ်ပိုင်မြေများဆီသို့ ပိုက်လိုင်းဖြင့် သွယ်တန်းပေးမည် ဖြစ်၏။
"နောက်တစ်ဆင့်အနေနဲ့... ငါတို့ မိသားစု ခုနစ်စုရဲ့ နေထိုင်ရေး ပြဿနာကို ဖြေရှင်းဖို့ ဂူတွေတူးရမယ်..."
ကျောက်လင်က အနည်းငယ် ပြုံးလိုက်သည်။
ထို့နောက် ကျောက်လင်သည် တောင်ခြေကို အကဲခတ် ကြည့်ရှုကာ နေရာတစ်နေရာကို ရွေးချယ်လိုက်၏။
သူက ညာဘက်လက်ဖြင့် မြေကြီးကို ထိလိုက်သည်။
မြေကြီးက တစ်ကုဗမီတာမှာ ပျောက်ကွယ်သွားပြီး စနစ်နေရာလွတ်ထဲသို့ ဝင်ရောက်သွား၏။
ထို့နောက် ကျောက်လင်သည် တောင်ထဲသို့ ဆက်လက်၍ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားကာ လမ်းတစ်လျှောက်ရှိ မြေကြီးများကို သိမ်းဆည်းလိုက်သည်။
အမြင့်နှစ်မီတာနှင့် အကျယ် နှစ်မီတာရှိသော ဂူတစ်ခုသည် တောင်၏ အတွင်းပိုင်းဆီသို့ ဆက်လက် ရှည်လျားသွား၏။
နာရီဝက်အတွင်း ကျောက်လင်သည် ကတော့ချွန်ပုံသဏ္ဌာန် တောင်၏ ထိပ်မှနေ၍ မီတာနှစ်ရာ ရှည်လျားသော ဥမင်လိုဏ်ခေါင်း တစ်ခုကို တူးဖော်ပြီးစီးသွားခဲ့သည်။
ဂူ၏ တစ်ဖက်တစ်ချက်စီတွင် လေးမီတာခြားတိုင်း ရှစ်စတုရန်းမီတာ ကျယ်ဝန်းသော လေးထောင့်ခန်း တစ်ခန်းကို တူးဖော်ထား၏။
စုစုပေါင်း လေးထောင့်ခန်း တစ်ရာ တူးဖော်ထားခဲ့ရာ ကျောက်လင်၊ ယောင်းဟွိုင်တောက်နှင့် အခြားခြောက်ဦး၊ သူတို့၏ မိသားစုများနှင့် သူတို့ ဝယ်ယူထားသော ဒုက္ခသည်များ နေထိုင်ရန် လုံလောက်နေသည်။
ဂူ၏ အလယ်ဗဟိုတွင် ကျောက်လင်က လေးထောင့်ခန်းတစ်ခန်းကို တူးဖော်နေစဉ် စမ်းပေါက်ရေ သဘာဝအလျောက် စီးဆင်းနေသော တောင်ကျောက်ဆောင် အက်ကွဲကြောင်းတစ်ခုကို သူ တူးဖော်တွေ့ရှိခဲ့သည်။
ရေပြဿနာမှာလည်း အလွယ်တကူ ဖြေရှင်းပြီးသားဖြစ်သွား၏။
"မီးဖိုချောင်နဲ့ ထမင်းစားခန်းကို အပြင်ဘက်မှာ ထားလိုက်မယ်... ပြီးတော့ ဒုက္ခသည်တွေကို အဲ့ဒီနေရာမှာ အမိုးအကာတစ်ခု ဆောက်ခိုင်းလိုက်မယ်ဆိုရင် အနာဂတ်မှာ အားလုံး အတူတူ ထမင်းစားလို့ ရသွားပြီ..."
ကျောက်လင်သည် ဂူထဲတွင် လမ်းလျှောက်ရင်း အတွင်းဘက်ရှိ အေးမြသော လေထုကို ခံစားကာ တည်ငြိမ်စွာ ပြောလိုက်သည်။
မိသားစုခုနစ်စုအတွက် နေထိုင်ရေးနှင့် စားသောက်ရေး ကိစ္စများ စီစဉ်ပြီးစီးသွားပြီ ဖြစ်၏။