အခန်း (၄၈-၄၉)
Vol. 5 Ch. 48-49
အခန်း ၄၈ - သန့်စင်ပြီးရေကို ရှာဖွေစုဆောင်းနိုင်မည့် နည်းလမ်း
"ဒီကောင်မနဲ့ ကောင်စုတ် .. သောက်ကောင်မ .. နင့်ကို ငါ .."
ဗီဒီယိုကို ကြည့်ရင်း ဝူဖေး၏ ပါးစပ်မှ ဆဲဆိုသံများသည် စက်သေနတ်ပစ်သကဲ့သို့ တရစပ် ထွက်ပေါ်လာလေသည် ။
အကယ်၍ စကားလုံးများဖြင့် လူသတ်၍ရပါက ဤကမ္ဘာပျက်ကပ်ကြီး မရောက်လာခင်မှာပင် ဝူဖေးသည် ဤမိနစ်အနည်းငယ်အတွင်း တစ်ကမ္ဘာလုံးရှိ လူများကို အကုန်သတ်ဖြတ်ပစ်လောက်ပြီဖြစ်သည် ။
"အခုတော့ သူမက မင်းကို ဘာလို့ သတ်ချင်ရလဲဆိုတာ သိပြီလား .. သူတို့ လူသတ်ထားတဲ့ သက်သေကို မင်းတွေ့သွားတယ်လို့ ထင်နေကြတာပဲ .. တကယ်တော့ မင်းက မမြင်လိုက်ပါဘူး .. ဒါပေမဲ့ သူတို့ကတော့ မင်းမြင်သွားပြီလို့ ထင်နေကြတာ .."
ကမ္ဘာပျက်ကပ်အတွင်း စနစ်တကျရှိမှုများ ပျက်သုဉ်းသွားချိန်တွင် ကိုယ်ကျိုးအတွက် သူတစ်ပါးကို ဒုက္ခပေးခြင်းမျိုးမှာ အနှေးနှင့်အမြန် ဖြစ်လာမည်သာဖြစ်ရာ ဝမ်ထောင်သည် ဤသို့သောအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည် ။
ထိုသူနှစ်ဦးက သူတို့၏ လူသတ်မှုကို အဘယ်ကြောင့် ဤမျှ ဖုံးကွယ်ချင်နေကြသနည်းဆိုသည်မှာ အမျိုးသမီးရဲအရာရှိ ဟန်ရွှေကြောင့် ဖြစ်သည်မှာ သိသာလှပေသည် ။
ဟန်ရွှေသည် တရားမျှတမှုကို လိုလားသူဖြစ်ကြောင်း သိသာ၏ ။ အကယ်၍ သူမသာ အဖွဲ့သားချင်း သတ်ဖြတ်နေသည်ကို သိသွားပါက ထိုသူတို့အတွက် အလွန်ပြဿနာတက်သွားနိုင်သည် ။
အထူးသဖြင့် အိုရင်းရင်းသည် ပို၍ပင် ကြောက်လန့်နေ၏ ။ အကြောင်းမှာ သူမသည် ဟန်ရွှေနှင့် မည်သို့မျှ မပတ်သက်သောကြောင့်ဖြစ်သည် ။
ဟန်ရွှေက သူမကို မသတ်ဘူးဟု သူမ မအာမခံနိုင်ပေ ။
ထို့ကြောင့် ပြဿနာများကို ရှောင်လွှဲရန် ဝူဖေးကိုပါ သတ်ပစ်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည် ။
ဤမိန်းမသည် အလွန်ပင် ပြတ်သားသည်ဟု ဆိုရမည် ။
သူမ၏ စိတ်ဓာတ်ကို ခဏဖယ်ထားလျှင်ပင် ဤမျှ ရက်စက်တတ်မှုကြောင့် သူမသည် ဤကမ္ဘာပျက်ကပ်ထဲတွင် ကြာရှည်စွာ အသက်ရှင်နိုင်ခြေရှိပေသည် ။
"အစောက ဟန်ရွှေနဲ့ သူ့ယောက်ျားကို တွေ့တုန်းက အဲ့ဒီကောင်မက ဆန်းဝေကွမ်ကို ဘာလို့ ခိုးခိုးကြည့်နေလဲဆိုတာ အခုမှပဲ နားလည်တော့တယ် .."
ဝူဖေးသည် နာကျင်စွာဖြင့် သူ၏ဆံပင်များကို ဆွဲဖွနုတ်လိုက်သည် ။
အစတုန်းကမူ အိုရင်းရင်းသည် ရုပ်ဖြောင့်သော အမျိုးသားတစ်ဦးကို ကြည့်နေရုံသာဖြစ်ပြီး သူကိုယ်တိုင်လည်း အရာရှိဟန်ရွှေကို လှပသဖြင့် ကြည့်မိတတ်သကဲ့သို့ပင်ဟု ထင်မှတ်ထားခဲ့ခြင်းဖြစ်သည် ။ သူသည် သူမကို ချစ်မြတ်နိုးသဖြင့် အခြားဘာမျှမတွေးဘဲ ယုံကြည်ခဲ့မိ၏ ။
သို့သော် အိုရင်းရင်းက ထိုသူကို အစကတည်းက မျက်စိကျနေခဲ့လိမ့်မည်ဟု မည်သူက သိနိုင်မည်နည်း ။
သူသည် သူမအတွက်နှင့် ဆန်းဝေကွမ်ကိုပင် ပြန်အော်ဟစ်ကာ ကာကွယ်ပေးခဲ့မိသည်မှာ အမှန်တကယ်ပင် လူပြက်တစ်ယောက် ဖြစ်ခဲ့ရလေပြီ ။
"ကျောင်းသားလေး လီချန်းကို ဘာလို့ သတ်ချင်ရလဲဆိုတာကတော့ .. လမ်းမှာ လီချန်းက အရာရှိဟန်ရွှေအပေါ် အရမ်းဂရုစိုက်လွန်းနေလို့ ဆန်းဝေကွမ်က မနာလိုဖြစ်သွားတာလို့ ငါထင်တယ် .. အဲ့ဒီအပြင် ဆန်းဝေကွမ်က ဇွန်ဘီတွေကို အာရုံလွှဲဖို့ လူတစ်ယောက် လိုနေတာနဲ့ သူ့ကို ရွေးလိုက်တာပဲ .."
အားလုံးကို နားလည်သွားပြီးနောက် ဝူဖေး၏ မျက်လုံးတစ်ဖက်မှ ထွက်ပေါ်လာသော ဒေါသအရောင်အဝါမှာ လက်ဆုပ်လက်ကိုင်ပြ၍ ရနိုင်လုနီးပါးထိ ပြင်းထန်လာသည် ။
"အဲ့ဒီကောင်နဲ့ ကောင်မကို ငါသေချာပေါက် သေအောင်သတ်မယ် .."
"ကောင်းပြီလေ .. သူတို့ သေ၊ မသေတော့ ငါမသိဘူး .. ဒါပေမဲ့ မင်း ဒီလောက် စိတ်လှုပ်ရှားနေရင်တော့ မင်း အရင်သေသွားလိမ့်မယ် .."
ဝမ်ထောင်က ဝူဖေး၏ ခန္ဓာကိုယ်ပေါ်မှ စိတ်လှုပ်ရှားမှုကြောင့် သွေးပြန်ထွက်လာသော ဒဏ်ရာများကို လက်ညှိုးထိုးပြလိုက်သည် ။
"..."
ဝမ်ထောင်က နာရီကို တစ်ချက် ပြန်ကြည့်လိုက်၏ ။
"မင်း မေးချင်တာရှိလား .. ငါ မင်းကို ဆယ်မိနစ် အချိန်ပေးမယ် .."
"ခင်ဗျား .. အဲ့ဒီအရာက .."
ဝူဖေးသည် မြေပြင်ပေါ်ရှိ အခွံဖြစ််နေသောဗိာင်းရပ်စ်တားဆီးဆေးပုလင်းကို ညွှန်ပြလိုက်သည် ။
"ဒါက အစိုးရကနေ ပညာရှင်အများအပြားနဲ့ ထုတ်လုပ်ထားတဲ့အရာပဲ .."
ဝမ်ထောင်သည် တားဆီးဆေးအကြောင်းကို အကျဉ်းချုပ် ရှင်းပြလိုက်သည် ။
"ဒါဆို ကျွန်တော် အဲ့ဒီဆေးကို ဘယ်လိုရနိုင်မလဲ .."
ဝမ်ထောင်က နောက်ပိုင်းတွင်လည်း ဤဆေးကို လိုအပ်နိုင်သည်ဟု ပြောခဲ့သည်ကို ဝူဖေး မမေ့ပေ ။
"လောလောဆယ်တော့ လေထီးနဲ့ချပေးတဲ့ပစ္စည်းတွေထဲမှာ ဒီဆေးပါတာပဲ ငါသိတယ် .. ဒါကြောင့် မင်း အဲ့ဒါတွေကို ဂရုစိုက်ကြည့်နေပေါ့ .."
"လေထီးနဲ့ချပေးတဲ့ပစ္စည်းတွေ .."
ဝူဖေး၏ မျက်လုံးများ တောက်ပသွားသည် ။ သူသည်လည်း အစောပိုင်းက လေယာဉ်မှ ပစ္စည်းများ ချပေးသည်ကို မြင်တွေ့ခဲ့ရသည် ။
"ဒါဆို အစ်ကိုကြီးက အသက်ရှင်ကျန်ရစ်သူများစခန်းမှာ နေတာလား .. ကျွန်တော့်ကို အဲ့ဒီကို ခေါ်သွားပေးလို့ရမလား .. ကျွန်တော် ကျေးဇူးဆပ်ပါ့မယ် .."
ဝူဖေးသည် ဝမ်ထောင်ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်သည် ။
ဝမ်ထောင်က ခေါင်းခါပြလိုက်၏ ။
"ငါက အဲ့ဒီစခန်းမှာ နေတာမဟုတ်ဘူး .. ငါ့အိမ်မှာ ငါနေတာ .."
ထိုစကားကို ကြားရသောအခါ ဝူဖေး၏ မျက်နှာမှာ ချက်ချင်းပင် စိတ်ပျက်မှုများဖြင့် ပြည့်နှက်သွားသည် ။
မိမိအိမ်မှာ မိမိနေသူဖြစ်ရာ မိမိကဲ့သို့ ပြင်ပလူတစ်ဦးကို ခေါ်သွားမည်မဟုတ်သည်မှာ သိသာလှပေသည် ။
"မင်းမှာ အသက်ရှင်ကျန်ရစ်သူများစခန်းကို ကိုယ်တိုင်သွားနိုင်တဲ့ အရည်အချင်းရှိတယ်လို့ ငါထင်တယ် .."
ဝမ်ထောင်က ဝူဖေး၏ ဒဏ်ရာများကို ကြည့်ရင်း ပြောလိုက်သည် ။
တားဆီးဆေး၏ ဘေးထွက်ဆိုးကျိုးကြောင့်လား သို့မဟုတ် ဝူဖေး မျိုးဗီဇပြောင်းလဲလုနီးပါး ဖြစ်ခဲ့သောကြောင့်လားတော့ မသိသော်လည်း ဝူဖေး၏ ခန္ဓာကိုယ်မှာ ပို၍ တောင့်တင်းလာသည်ကို ဝမ်ထောင် သတိထားမိသည် ။ သူသည် အချိန်မရွေး ဇွန်ဘီဖြစ်သွားနိုင်သလို ခံစားရသော်လည်း သူ၏ ကြံ့ခိုင်မှုမှာ ပိုမိုအားကောင်းလာသည်ဟု ထင်ရ၏ ။
ဝူဖေးသာ ဒဏ်ရာပြန်သက်သာလာပါက သူ၏ အသက်ဘားတန်းက ၂၀ လျော့သွားသော်လည်း သူ၏ ခွန်အားမှာ သာမန်လူထက် ပိုကောင်းနေလိမ့်မည်ဟု ဝမ်ထောင် ခန့်မှန်းလိုက်သည် ။
ဇွန်ဘီများကို တစ်ကောင်ချင်း ရင်ဆိုင်နိုင်ပြီး လမ်းတွင်လည်း သတိထားသွားမည်ဆိုလျှင် စခန်းနှင့် မဝေးလှသဖြင့် ထိုနေရာသို့ ရောက်ရှိရန် အခွင့်အလမ်းရှိပေသည် ။ ထို့အပြင် ဇွန်ဘီများကို သတ်ခြင်းဖြင့် သူ၏ အသက်ပမာဏကို မြှင့်တင်နိုင်ရာ သတ်လေလေ အားကောင်းလာလေလေ ဖြစ်လာလိမ့်မည် ။
ဝမ်ထောင်သည် အသုံးပြုပြီးသား ဆေးသေတ္တာနှင့် စားစရာအချို့ကို ဝူဖေးအတွက် ချန်ထားပေးခဲ့ပြီးနောက် ထိုသူ၏ အကြည့်အောက်မှာပင် ကားပေါ်သို့ တက်လိုက်သည် ။
"... ဒီအစ်ကိုကြီးက တကယ်ပဲ ကားမောင်းထွက်လာတာလား .."
ဝူဖေးမှာ အံ့အားသင့်နေမိသည် ။
ကမ္ဘာပျက်နေသော မြို့အတွင်း ကားမောင်းရဲသည်မှာ အမှန်တကယ်ပင် အစွမ်းထက်သူ ဖြစ်ပေလိမ့်မည် ။
သူသည် ထိုအစ်ကိုကြီးနောက်သို့ မလိုက်ခဲ့မိသည်ကို နောင်တရသွား၏ ။ သူ၏ အမည်မှာ မည်သူဖြစ်သည် ၊ သူ၏ မျက်နှာမှာ မည်သို့ရှိသည်ကိုပင် သူ မသိလိုက်ရပေ ။
ဝမ်ထောင်သည် ပစ်ကပ်ကားကို စက်ရုံဂိတ်ပေါက်သို့ မောင်းလာရာ ထိုနေရာတွင် ဇွန်ဘီလေးကောင် ရှိနေသည် ။
ဝူဖေးကို ကယ်ခဲ့ပြီးမှတော့ အဆုံးထိ ကူညီသည့်အနေဖြင့် ဤဇွန်ဘီလေးကောင်ကိုပါ ရှင်းလင်းပေးရန် သူ ဆုံးဖြတ်လိုက်သည် ။
မိနစ်အနည်းငယ်အတွင်းမှာပင် ဇွန်ဘီအားလုံးသည် သူ၏ ဆိတ်ခွာသံတူအောက်တွင် သေဆုံးသွားလေသည် ။
[ရရှိသည် ။ ။ သန့်စင်ပြီးရေ (အသေး) ၄]
ရေပေးဝေရေးစက်ရုံအတွင်းရှိ ဇွန်ဘီများကို သတ်လျှင် သန့်စင်ပြီးရေများ ရရှိနိုင်ကြောင်း ဝမ်ထောင် တွေ့ရှိသွားသည် ။ ထိုသို့ဆိုလျှင် နောင်တစ်ချိန်တွင် ရေကုန်သွားပါက ဤစက်ရုံသို့လာ၍ ရေရှာနိုင်ပေသည် ။
ဝမ်ထောင်သည် ရေပေးဝေရေးစက်ရုံ၏ ဂိတ်တံခါးကို ပြန်လည်ပိတ်ဆို့လိုက်သည် ။
ယခုဆိုလျှင် ဝူဖေးသည် စက်ရုံအတွင်းတွင် ဘေးကင်းလုနီးပါး ဖြစ်သွားပြီဖြစ်သည် ။
ဝူး...ဝူး
ပစ်ကပ်ကား၏ စက်သံက တဝူးဝူး မြည်ကာ ရေပေးဝေရေးစက်ရုံမှ ထွက်ခွာသွားလေသည် ။
ဝူဖေးသည် အဆောက်အဦးငယ်ပေါ်မှနေ၍ ထွက်ခွာသွားသော ကားကို ကြည့်ရင်း ရေရွတ်လိုက်၏ ။
"အစ်ကိုကြီး .. ကျွန်တော်တို့ နောက်တစ်ကြိမ် ထပ်ဆုံဖို့ မျှော်လင့်ပါတယ် .. ကျွန်တော် မသေသေးဘူးဆိုရင် ကျွန်တော် ဝူဖေးက အစ်ကိုကြီးကို ကျေးဇူးဆပ်ပါ့မယ် .."
...
ပစ်ကပ်ကားကို စက်ရုံနှင့်ဝေးရာသို့ မောင်းလာပြီးနောက် ဝမ်ထောင်သည် [ကိုယ်ပျောက်ဆေးရည် (အလတ်)] ကို လက်မောင်းတွင် ချက်ချင်း ထိုးလိုက်သည် ။
ရင်းနှီးနေသော ခံစားချက်ကြီး ပြန်လည်ရောက်ရှိလာ၏ ။
ခန္ဓာကိုယ်မှာ အေးစက်လာပြီး အသက်ရှုသံမှာ နှေးကွေးသွားကာ ခြေလက်များမှာ လေးလံလာသည် ။
"ဟူး .. ဒီခံစားချက်က တကယ်ကို မကောင်းဘူး .."
ကိုယ်ပျောက်ဆေးရည် ထိုးရသည်မှာ နာကျင်ခြင်းမရှိသော်လည်း ခွန်အားများ လျော့နည်းသွားသည်ဟု ခံစားရခြင်းမှာ စိတ်အနှောင့်အယှက် ဖြစ်စရာပင် ။ ဆေးထိုးပြီးနောက် သူ၏ ခွန်အားမှာ အနည်းငယ် လျော့ကျသွား၏ ။
လျော့နည်းသွားသည့် ပမာဏမှာ မများသော်လည်း ခွန်အားရှိမှ စိတ်ချရသည်ဟု ယူဆထားသော ဝမ်ထောင်အတွက်မူ မသက်မသာ ဖြစ်နေမိသည် ။ ကမ္ဘာပျက်ကပ်ထဲတွင် ခွန်အားမရှိဘဲ စိတ်မချရပေ ။
ကိုယ်ပျောက်ဆေးရည် အာနိသင် စတင်လာသည်နှင့် ဝမ်ထောင်သည် ကားကို ဖြည်းဖြည်းသာ မောင်းလေတော့သည် ။ အနီးနားရှိ ဇွန်ဘီအချို့မှာ ကားကို သတိထားမိသော်လည်း ရူးသွပ်စွာ လိုက်မလာကြဘဲ စပ်စုသကဲ့သို့သာ ဖြည်းဖြည်းချင်း လျှောက်လာကြသည် ။ သူတို့ ရောက်လာချိန်တွင် ကားမှာ ထွက်ခွာသွားပြီဖြစ်သည် ။
ဝမ်ထောင်သည် ယခုတစ်ခေါက်တွင် မြို့ပတ်လမ်းမှ မပြန်တော့ပေ ။
ထိုလမ်းဘေးရှိ တောအုပ်ထဲတွင် အသက်ဘားတန်း ၁၀,၀၀၀ ရှိသော ဘီလူးတစ်ကောင် ရှိနေသဖြင့် သူ မစွန့်စားလိုတော့ပေ ။ ကိုယ်ပျောက်ဆေးရည်မှာ တစ်နာရီကြာ အာနိသင်ရှိသဖြင့် ဖြည်းဖြည်းမောင်းလျှင်ပင် အိမ်သို့ ပြန်ရောက်နိုင်သည် ။
သို့သော် မပြန်မီ ဝမ်ထောင် လုပ်စရာတစ်ခု ရှိသေးသည် ၊ ယင်းမှာ ဓာတ်ဆီအချို့ ရှာဖွေရန်ဖြစ်သည် ။
ယာဉ်ရပ်နားစခန်းငယ်တစ်ခုကို ဖြတ်လာစဉ် မပျက်စီးသေးသော ကားများကို တွေ့ရသဖြင့် ဝမ်ထောင် စိတ်လှုပ်ရှားသွားသည် ။
ဤနေရာတွင် ဇွန်ဘီများ မရှိသဖြင့် ဓာတ်ဆီယူရန် အကောင်းဆုံးအချိန်ပင်ဖြစ်သည် ။
သူသည် အစောပိုင်းက စားသောက်ဆိုင်ငယ်တစ်ခုမှ ဆီပုံးသုံးပုံး ယူဆောင်လာခဲ့သော်လည်း နှစ်ပုံးမှာသာ ဆီပါရှိသည် ။ ကျန်ရှိနေသော အလွတ်ပုံးကို ဓာတ်ဆီထည့်ရန် အသုံးပြုနိုင်သည် ။
ထို့အပြင် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူသည် [သန့်စင်ပြီးရေ (အသေး)] တစ်ပုလင်းကို သောက်ခဲ့ရာ ထိုပုလင်းအလွတ်ကိုလည်း ဓာတ်ဆီထည့်ရန် အသုံးပြုနိုင်၏ ။
သူသည် ကိရိယာများကို ယူကာ ဆင်းလိုက်ပြီး ခဏအကြာတွင် ၂၀ လီတာဝင် ဆီပုံးနှင့် ၅ လီတာဝင် ရေပုလင်းတို့တွင် ဓာတ်ဆီများ အပြည့် ဖြည့်လိုက်သည် ။
"ဟဲဟဲ .. အခုဆို ငါ မီးလောင်ဗုံးတွေ လုပ်လို့ရပြီ .. တူကိုင်ဇွန်ဘီနောက်တစ်ကောင်နဲ့ ဆုံဖို့တောင် မျှော်လင့်မိလာပြီ .."
...
ဟက်ပီးလူနေရပ်ကွက်တွင် ဖြစ်သည်။
ဒေါက် ဒေါက် ဒေါက်..
"ကောင်မ .. မြန်မြန် တံခါးဖွင့်စမ်း .."
အိပ်ခန်းတံခါးပြင်ပမှ ဒေါသတကြီးတံခါးခေါက်သံကို ကြားရသောအခါ ဖြူဖျော့ပြီး နွမ်းနယ်နေသော တင်ယွီချင်သည် အခန်းထောင့်တွင် ဒူးပိုက်ကာ ထိုင်နေမိသည် ။
သူမ၏ မျက်လုံးများမှာ မျှော်လင့်ချက်ကင်းမဲ့မှုများဖြင့် ပြည့်နှက်နေ၏ ။
"ဝမ်ထောင် .. နင် ငါ့ကို တကယ်ပဲ ထားခဲ့တာလား .. နင်ဘယ်မှာလဲ .. နင့်ကို ငါ မုန်းတယ် .. အီးဟီးဟီး .."
.........
အခန်း ၄၉ - ဒုတိယမြောက် တူကိုင်ဇွန်ဘီ
"တောက် .. ငါ့ပါးစပ်ကလည်း နမိတ်မရှိလိုက်တာ .."
မလှမ်းမကမ်းရှိ တူကိုင်ဇွန်ဘီကြီးကို ကြည့်ရင်း ဝမ်ထောင် အံ့အားသင့်သွားသည် ။
သူသည် တူကိုင်ဇွန်ဘီနှင့် ဆုံချင်သည်ဟု စနောက်၍ ပြောခဲ့ရုံသာရှိသေးသည် ၊ ယခုကဲ့သို့ တကယ်တမ်း ဆုံလာလိမ့်မည်ဟု မမျှော်လင့်ထားပေ ။
လမ်းလွှဲရမည်လား .. ယခုအချိန်တွင် လမ်းလွှဲလျှင်လည်း မနှောင်းသေးပေ ။
သို့သော် အမှန်အတိုင်းပြောရလျှင် ဤဇွန်ဘီကြီးကို မြင်လိုက်ရသောအခါ သူ မခွာချင်တော့ပေ ။ အကြောင်းမှာ ဤဇွန်ဘီသည် တုန်ခါလှိုင်းအမြုတေကို ထုတ်ပေးနိုင်သောကြောင့်ဖြစ်သည် ။
"ငါ ဘာလုပ်သင့်သလဲ .."
ဝမ်ထောင်သည် လမ်းလယ်ခေါင်ရှိ ဘာစာကာကို လှမ်းကြည့်လိုက်ပြီး သူ၏ အသက်သွေးကြောအောက်ရှိ ကိုယ်ပျောက်ဆေးရည်၏ ကျန်ရှိချိန်ကို စစ်ဆေးလိုက်သည် ။
"ကိုယ်ပျောက်ဆေးရည် အာနိသင်က မိနစ် ၄၀ ကျန်သေးတယ် .. အိမ်ပြန်ဖို့က မိနစ် ၂၀ လောက်ပဲ ကြာမှာဆိုတော့ ငါ့မှာ အချိန် မိနစ် ၂၀ ရှိသေးတာပဲ .."
ခဏမျှ ဝေခွဲမရဖြစ်ပြီးနောက် ဝမ်ထောင် ဆုံးဖြတ်ချက်ချလိုက်လေသည် ။
"ငါ တစ်ချက်လောက် ကြိုးစားကြည့်မယ် .. အဆင်မပြေရင်တော့ ပြန်ဆုတ်တာပေါ့ .."
ဝမ်ထောင်သည် လမ်းဘေးရှိ လမ်းကြားတစ်ခုထဲသို့ ကားကို ဖြည်းဖြည်းချင်း မောင်းဝင်ကာ ရပ်လိုက်သည် ။ ထိုလမ်းကြားမှာ တစ်ဖက်ပိတ်လမ်းဖြစ်ပြီး ပုပ်စပ်နေသော အမှိုက်များ ပြည့်နှက်နေသော်လည်း ဇွန်ဘီများ မရှိပေ ။
ကားပေါ်မှ ဆင်းပြီးနောက် ဝမ်ထောင်သည် ပတ်ဝန်းကျင်ကို သေချာစွာ အကဲခတ်ပြီး အနီးနားရှိ အိမ်တစ်လုံး၏ တံခါးဝသို့ လျှောက်သွားသည် ။
တံခါးမှာ ပွင့်နေပြီး အတွင်းပိုင်းမှာ ပရမ်းပတာ ဖြစ်နေကာ ကြမ်းပြင်နှင့် နံရံများပေါ်တွင် အနက်ရောင် သွေးကွက်များစွာ ရှိနေ၏ ။
ဝမ်ထောင်သည် သူ၏ ဆိတ်ခွာသံတူကို ကိုင်ကာ အတွင်းသို့ ဝင်သွားပြီး သတိထား၍ ရှာဖွေလိုက်သည် ။ စားစရာများမှာ မရှိတော့သော်လည်း သူ ရှာနေသည့်အရာကိုမူ တွေ့ရှိသွားသည် ။
"ဖန်ပုလင်း အလွတ် နှစ်လုံး .."
ပုလင်းများမှာ အလွတ်များဖြစ်သဖြင့် ဝမ်ထောင်အတွက် ဆေးကြောရသည့် အလုပ် သက်သာသွားစေသည် ။
သူသည် ဘေးကပ်လျက် အိမ်နှစ်လုံးတွင်လည်း ထပ်မံရှာဖွေရာ ဖန်ပုလင်း တစ်လုံးသာ ထပ်တွေ့သော်လည်း အဝတ်လျှော်မှုန့် တစ်ထုပ်ကို တွေ့ရှိခဲ့သည် ။
"ပုလင်းတွေ အများကြီး ကွဲနေတာ နှမြောစရာပဲ .. ဒါပေမဲ့ မိုလိုတော့ဗ်ကော့တေး မီးလောင်ဗုံးသုံးခုလုပ်ဖို့တော့ လောက်ပါတယ် .."
ဝမ်ထောင်သည် ကားဆီသို့ ပြန်လာကာ ဓာတ်ဆီပုံးကို ထုတ်လိုက်သည် ။ ထို့နောက် ဖန်ပုလင်း သုံးလုံးထဲသို့ ဓာတ်ဆီကို သုံးပုံနှစ်ပုံခန့်စီ လောင်းထည့်လိုက်သည် ။
ဆီကို အပြည့်မဖြည့်ရပေ ၊ သို့မဟုတ်ပါက ကောင်းမွန်စွာ မီးတောက်နိုင်မည်မဟုတ်ပါ ။
ဓာတ်ဆီထည့်ပြီးနောက် ဝမ်ထောင်သည် စားသောက်ဆိုင်မှ ရလာသော ပစ္စည်းအချို့ကို မိုလိုတော့ဗ်ကော့တေးများအတွင်း ထည့်လိုက်သည် ။
ပထမဆုံးတစ်လုံးထဲတွင် မီးလောင်ချိန် ကြာရှည်စေရန် သကြားဖြူကို ထည့်လိုက်သည် ။
ဒုတိယတစ်လုံးထဲတွင် မီးအပူချိန် ပိုမြင့်စေရန် ဂျုံမှုန့်ကို ထည့်လိုက်သည် ။
တတိယတစ်လုံးထဲတွင်မူ ကပ်ငြိမှုအားကောင်းစေရန် အဝတ်လျှော်မှုန့်ကို ထည့်လိုက်၏ ။ နောက်ဆုံးတွင် ပုလင်းဝကို အဝတ်စဖြင့် သေချာစွာ ပိတ်လိုက်သည် ။
ဤသို့ဖြင့် ရိုးရှင်းသော မီးလောင်ဗုံးသုံးလုံး အဆင်သင့်ဖြစ်သွားသည် ။
အော် .. နောက်ထပ် တစ်ခုကျန်သေးသည် ၊ ပုလင်းများကို သေချာသုတ်ရန်ပင် ။
အစောက ဓာတ်ဆီလောင်းစဉ်တွင် ပုလင်းဘေးသို့ ဆီအချို့ စင်သွားခဲ့ရာ သေချာမသုတ်လျှင် မိမိကိုယ်တိုင်ပါ မီးလောင်နိုင်သောကြောင့်ဖြစ်သည် ။
အားလုံး အဆင်သင့်ဖြစ်သောအခါ ဝမ်ထောင်သည် အသက်ကို ပြင်းပြင်းရှုကာ ပစ္စတိုအပါအဝင် ကိရိယာအားလုံးကို ယူဆောင်၍ တူကိုင်ဇွန်ဘီကြီး ရှိရာသို့ လျှောက်သွားသည် ။
ကိုယ်ပျောက်ဆေးရည်၏ အာနိသင် ရှိနေဆဲဖြစ်သဖြင့် ဇွန်ဘီနှင့် အလွန်အမင်း နီးကပ်မသွားသရွေ့ ၎င်းသည် သူ့ကို သတိထားမိမည်မဟုတ်ပေ ။
၄င်းနှင့် ၁၀ မီတာခန့်အကွာသို့ ရောက်သောအခါ ဝမ်ထောင် ရပ်လိုက်သည် ။
ဤဇွန်ဘီကြီးသည် အစောက သူတွေ့ခဲ့သော ကောင်နှင့် တူညီပြီး အရပ် ၆ ပေကျော် မြင့်မားပြီး လုပ်ငန်းခွင်ဝတ်စုံကို ဝတ်ဆင်ထားကာ သံကူကွန်ကရစ်တုံးကြီး တပ်ထားသော တူကြီးကို ကိုင်ဆောင်ထား၏ ။
သို့သော် ဤဘာစာကာမှာ ပို၍ ကြောက်မက်ဖွယ်ကောင်းပြီး အသက်ဘားတန်းမှာလည်း သိသိသာသာ ပိုများလေသည် ။
[၁၂၀၀/၁၂၀၀]
သူ၏ ခွန်အားမှာလည်း အနည်းငယ် ပိုကောင်းနိုင်သည်ဟု သူ ခန့်မှန်းလိုက်၏ ။
သို့သော် ၎င်းက မည်မျှပင် အားကောင်းပါစေ ကိစ္စမရှိပါ ။
အကြောင်းမှာ ဝမ်ထောင်သည် ယခုတစ်ခေါက်တွင် တရားမျှတစွာ ယှဉ်ပြိုင်ရန် ရည်ရွယ်ချက်မရှိသောကြောင့်ဖြစ်သည် ။
ပတ်ဝန်းကျင်ကို သေချာစွာ အကဲခတ်ပြီးနောက် ဝမ်ထောင်သည် နှစ်ထပ်တိုက်ဟောင်းတစ်လုံးကို ပစ်မှတ်ထားလိုက်သည် ။
ဤအဆောက်အဦးသည် နေရောင်ခြည် တိုက်ရိုက်ကျရောက်သော နေရာတွင် ရှိသည် ။ အကယ်၍ သူက အပေါ်မှနေ၍ တိုက်ခိုက်လျှင် တူကိုင်ဇွန်ဘီကြီးက သူ့ကို ပြန်တိုက်လိုလျှင် နေရောင်ကို မျက်နှာမူရမည်ဖြစ်သည် ။
အဆောက်အဦး၏ တံခါးမှာ ပိတ်ထား၏ ။
ပြတင်းပေါက်မှတစ်ဆင့် ကြည့်လိုက်လျှင် အတွင်းပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ဟန်ရှိပြီး သွေးကွက်များဖြင့် ပြည့်နေကာ တံခါးကိုလည်း ပရိဘောဂများဖြင့် ပိတ်ဆို့ထားသဖြင့် သော့ဖွင့်ဝင်ရန်မှာ မဖြစ်နိုင်ပေ ။
အပြင်ဘက် နံရံကို ကြည့်လိုက်သောအခါ ပြတင်းပေါက်များနှင့် အနားသတ်များ ထွက်နေသဖြင့် တွယ်တက်ရန် နေရာများစွာ ရှိနေသည် ။
ဝမ်ထောင်သည် သူ၏ ပစ္စည်းများကို ကိုင်ကာ နံရံအတိုင်း စတင်တွယ်တက်လေသည် ။
မိနစ်အနည်းငယ်အကြာတွင် ဝမ်ထောင်သည် ဒုတိယထပ်၏ ခေါင်မိုးပေါ်သို့ ရောက်ရှိသွား၏ ။
မလှမ်းမကမ်းရှိ တူကိုင်ဇွန်ဘီကြီးကို ကြည့်ရင်း ဝမ်ထောင်သည် တိုက်ခိုက်လိုစိတ် ပြင်းပြနေသော်လည်း ချက်ချင်း မတိုက်ခိုက်သေးပေ ။ ထို့အစား ကြိုးအရှည်တစ်ချောင်းကို အရင်ထုတ်လိုက်သည် ။
ဤကြိုးမှာ ပစ်ကပ်ကားထဲတွင် ပါလာသောအရာဖြစ်ပြီး အလွန် ခိုင်ခံ့သည် ။
သူသည် ကြိုးတစ်ဖက်ကို ခေါင်မိုးလက်ရန်းတွင် ချည်နှောင်ကာ ကျန်တစ်ဖက်ကို အောက်သို့ ချထားလိုက်သည် ။
အားလုံး အဆင်သင့်ဖြစ်ပြီဟု ယူဆသောအခါ ဝမ်ထောင်သည် အသက်ကို ပြင်းပြင်းရှုကာ အုတ်ခဲအချို့ကို ကောက်ယူ၍ ဇွန်ဘီကြီးထံသို့ ပစ်ပေါက်လိုက်သည် ။
ဒေါက်..ဒေါက်
သူ၏ လက်ဖြောင့်မှုမှာ သိပ်မကောင်းလှသဖြင့် ပစ်သမျှလွဲကာ နောက်ဆုံးအုတ်ခဲတစ်ခဲသာ ၄င်းကို ထိမှန်သည် ။
"ဂါး .."
အုတ်ခဲနှင့် ထိမှန်ပြီးနောက် ဇွန်ဘီကြီးကချက်ချင်း လှည့်ကြည့်သော်လည်း မည်သူပစ်သည်ကို မတွေ့ပေ ။
ကိုယ်ပျောက်ဆေးရည်၏ အာနိသင်ကြောင့် ၎င်းသည် ဝမ်ထောင်၏ အနံ့ကို မရရှိသောကြောင့်ပင် ။
ထို့ကြောင့် ဝမ်ထောင်က အုတ်ခဲများကို ထပ်မံပစ်ပေါက်ကာ အသံဖြင့် ၎င်းကို လမ်းပြလိုက်သည် ။
မှန်းဆထားသည့်အတိုင်း ဇွန်ဘီကြီးသည် တူကိုဆွဲကာ အသံလာရာသို့ လိုက်လာ၏ ။ အဆောက်အဦးအောက်သို့ ရောက်သောအခါ ၎င်းသည် ခေါင်မိုးပေါ်ရှိ ဝမ်ထောင်ကို ဝေခွဲမရစွာဖြင့် မော့ကြည့်သော်လည်း နေရောင်မှာ စူးရှလွန်းသဖြင့် မျက်လုံးကို လက်ဖြင့် ကာလိုက်ရလေသည် ။
ထိုအချိန်တွင် ဝမ်ထောင်သည် မိီးလောင်ဗုံးများ၏ အဝတ်စများကို ဓာတ်ဆီဖြင့် စိုစွတ်စေကာ မီးခြစ်ဖြင့် ညှိလိုက်၏ ။
ပုလင်းများကို မီးစွဲသွားသည်နှင့် ဝမ်ထောင်သည် ၎င်းကို ဇွန်ဘီကြီးထံသို့ ပစ်ချလိုက်လေသည် ။
ခွပ်..
ပစ်မှတ်မှာ နီးကပ်ပြီးတိကျလှသဖြင့် ပထမဆုံးတစ်လုံးမှာ ဇွန်ဘီကြီူ၏ ဦးခေါင်းကို တည့်တည့်ထိမှန်သည် ။
ဝုန်း ~
ချက်ချင်းပင် မီးလျှံကြီးများ ထွက်ပေါ်လာကာ ဇွန်ဘီကြီးကို ဝါးမြိုသွားပြီး ၎င်း၏ ဦးခေါင်းပေါ်တွင် ပျက်စီးမှု ကိန်းဂဏန်းများ တဖျတ်ဖျတ် ပေါ်လာသည် ။
[-၅၃]
[-၅၂]
[-၅၅]
ခေါင်မိုးပေါ်တွင် ရှိနေသော ဝမ်ထောင်သည်ပင် မီးရှိန်ကြောင့် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရ၏ ။
"ဂါး...ဂါး."
မီးလောင်ကျွမ်းခံရသဖြင့် ဇွန်ဘီကြီးက ဒေါသတကြီး ဟိန်းဟောက်လိုက်သည် ။
၎င်းသည် ခေါင်မိုးပေါ်ရှိ ဝမ်ထောင်ကို နောက်ဆုံးတွင် မြင်သွားလေ၏ ။
ခေါင်မိုးပေါ်ရှိ ဇွန်ဘီက မိမိကို ဘာကြောင့် တိုက်ခိုက်နေရသနည်း ၊
မီးကိုပါ မည်သို့ သုံးနိုင်သနည်းဆိုသည်ကို ၎င်း နားမလည်သော်လည်း တိုက်ခိုက်ရန်သာ ပြင်လိုက်သည် ။
မီးလျှံများကြားရှိ ဇွန်ဘီကြီးသည် သူ၏ တူကြီးကို မြှောက်ကာ အဆောက်အဦးကို လွှဲခုတ်လိုက်သည် ။
ဘုန်း...
ပြင်းထန်သော အသံကြီးနှင့်အတူ တုန်ခါလှိုင်းတစ်ခု ထွက်ပေါ်လာပြီး ဝမ်ထောင်သည် သူနေရာယူထားသောတိုက်ငယ်လေး တုန်ခါသွားသည်ကို ခံစားလိုက်ရ၏ ။
"ကြောက်စရာကောင်းချက် .."
ဇွန်ဘီ၏ တူချက်တစ်ချက်ကြောင့် အဆောက်အဦးတွင် အပေါက်ကြီးတစ်ခု ဖြစ်သွားပြီး အတွင်းမှ အုတ်နီခဲများကို မြင်ရသောအခါ ဝမ်ထောင် အံ့အားသင့်သွားသည် ။
အုတ်တိုက်ဟောင်းမှာ ပြိုင်ဘက်၏ တူဒဏ်ကို ခံနိုင်ရည်ရှိပုံမရပေ ။
ထို့ပြင် ဤမျှ ကျယ်လောင်သော အသံကြောင့် ဇွန်ဘီများစွာ ရောက်လာနိုင်သည် ။
"မဖြစ်ဘူး .. ဒါကို မြန်မြန် အဆုံးသတ်ရမယ် .."
ဝမ်ထောင်သည် အစက ကျန်ရှိသော မီးလောင်ဗုံးများဖြင့် ဖြည်းဖြည်းချင်း သတ်ရန် ရည်ရွယ်ထားသော်လည်း ယခုမူ အစီအစဉ် ပြောင်းလိုက်ရသည် ။
ပစ္စည်းများကို သိမ်းဆည်းပြီးနောက် ဝမ်ထောင်သည် ကြိုးကို ကိုင်ကာ ခေါင်မိုးပေါ်မှ လျောဆင်းလိုက်၏ ။
မီးတောက်များကြားတွင် ဒေါသကြီးနေသော ဇွန်ဘီကြီးမှာ မီးလောင်ကျွမ်းထားသဖြင့် မှတ်မိနိုင်စရာ မရှိတော့သော်လည်း နံရံကို ထုရိုက်နိုင်သည့် အင်အား ရှိနေသေးသည် ။
၎င်းသည် ဝမ်ထောင်ကို မြင်နေရဟန်ရှိပြီး မြေပြင်ကို တိုက်ရိုက် ရိုက်ချလိုက်သည် ။ တူမှာ လွဲချော်သွားသော်လည်း တုန်ခါလှိုင်းမှာ ဝမ်ထောင်ကို ထိမှန်သွား၏ ။
[-၈၂]
ဝမ်ထောင်သည် လည်ချောင်းထဲတွင် သွေးနံ့ကို ခံစားလိုက်ရသည် ။ ခန္ဓာကိုယ်မှ နာကျင်မှုကို အောင့်အီးကာ သူသည် လူးလဲထလိုက်ပြီး ပစ္စတိုနှစ်လက်ကို ဆွဲထုတ်၍ ရန်သူကြီးထံသို့ မရပ်မနား ပစ်ခတ်လိုက်လေသည် ။
ဒိန်း ဒိန်း ဒိန်း ~
သေနတ်သံများ ထွက်ပေါ်လာသည်နှင့်အမျှ လမ်းမပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများ ချက်ချင်း ထွက်ပေါ်လာသည် ။
"ဂါး.."
"ဂီး..ဂီး.."
သို့သော် ဝမ်ထောင်၏ မျက်နှာမှာ ပြောင်းလဲခြင်းမရှိဘဲ ခလုတ်ကို ဆက်တိုက် ဆွဲနေမိသည် ။
ဇွန်ဘီကြီး၏ ဦးခေါင်းပေါ်တွင် [-၃၀၀] ဟူသော ကိန်းဂဏန်းများ ဆက်တိုက် ပေါ်လာနေပြီးနောက် ၎င်းသည် ချက်ချင်းပင် လဲကျသွားလေ၏ ။
ဝမ်ထောင်သည် မီးတောက်များကို ဂရုမစိုက်ဘဲ ပြေးဝင်သွားကာ ၎င်း၏ ဦးခေါင်းခွံအတွင်းမှ နီရဲပြီး တောက်ပနေသော အမြုတေကို သူ၏ တူဖြင့် တွန်းထုတ်လိုက်သည် ။
ပစ္စည်းကို သိမ်းဆည်းပြီးသည်နှင့် သူ ချက်ချင်းပင် ထွက်ပြေးလေသည် ။
ဂါး..ဂါး...
ဝမ်ထောင် ထွက်သွားသည်နှင့် ဇွန်ဘီအုပ်ကြီး ရောက်လာကြသည် ။
ဇွန်ဘီအုပ်ကြီးသည် ဝမ်ထောင်ကို အဝေးမှ မြင်သော်လည်း လိုက်မလာကြပေ ။ သူတို့၏ မျက်လုံးထဲတွင် ဝမ်ထောင်မှာလည်း သူတို့ကဲ့သို့ ဇွန်ဘီတစ်ကောင်သာ ဖြစ်သောကြောင့်ပင် ။
"ဟူး .."
ဝမ်ထောင်သည် ပြေးလွှားရင်း သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မီးပွားများကို ပုတ်ထုတ်လိုက်၏ ။
ကားရှိရာသို့ ရောက်လာပြီး မည်သည့်ဇွန်ဘီမျှ လိုက်မလာသည်ကို မြင်ရမှ ဝမ်ထောင် အသက်ဝဝ ရှုနိုင်တော့သည် ။
သူသည် ကားကို အမြန်နှိုးလိုက်ပြီး သူ၏ အိတ်အတွင်းမှ ရလာသော ပစ္စည်းကို ကြည့်လိုက်သည် ။
[အဆင့် ၁ အမြုတေ · ရိုက်ခတ်လှိုင်း]
[အရည်အသွေး ။ ။ အထူးကောင်းမွန် (၈၀ %)]
[သန့်စင်မှု ။ ။ ၅၀ % (ဘေးထွက်ဆိုးကျိုး - မျက်လုံးများ အလင်းဒဏ်မခံနိုင်ခြင်း)]
---------