← Chapters

အခန်း (၅၂-၅၃)

Vol. 5 Ch. 52-53

အခန်း (၅၂-၅၃)

Vol. 5 Ch. 52-53

အခန်း ၅၂ - သတ်ဖြတ်ခြင်း

"မကြောက်နဲ့ ၊ ဖြည်းဖြည်းချင်းပြောပါ"

ဝမ်ထောင်သည် တင်ယွီချင်ကို အပြင်ဘက်သို့ တွဲခေါ်လာခဲ့လေသည် ။

ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေသော လူရိပ်ကို မြင်သောအခါ တင်ယွီချင်သည် ဝမ်ထောင်၏ ခါးကို မသိစိတ်ဖြင့် တင်းတင်းကြပ်ကြပ် ဖက်ထားမိ၏ ။

"သူ... သူက ရူးနေတာ ။ ငါတို့ကိုပါ အတူတူ သတ်သေဖို့ ခေါ်နေတာ ။ ပြီးတော့..."

တင်ယွီချင်သည် တုန်တုန်ရင်ရင်ဖြင့် ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာအားလုံးကို အစမှအဆုံး ပြန်ပြောပြလေသည် ။

ဝမ်ထောင် ထွက်ခွာသွားပြီး နောက်တစ်နေ့တွင် အခန်း ၄၀၁ မှ မျက်မှန်နှင့်လူသည် အပြင်သို့ ထွက်လာခဲ့သည် ။ ထို့နောက် အောက်ထပ်မှ ထိပ်ပြောင်ဦးလေးနှင့် တင်ယွီချင်တို့ကို သူ၏အိမ်သို့ ဧည့်သည်အဖြစ် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်၏ ။

ဧည့်ခံပွဲဟု ဆိုသော်လည်း တကယ်တမ်းတွင် ကျွေးမွေးစရာ မည်သည့်အရာမှ မရှိပေ ။ နောက်နောင်တွင် အားလုံး မည်သို့ ဆက်လက်ရှင်သန်ကြမည်ကို ဆွေးနွေးရန်သာ ဖြစ်သည်ဟု သူက ဆိုလေသည် ။

တင်ယွီချင်သည် အစပိုင်းတွင် အပြင်သို့ မထွက်ချင်ခဲ့သော်လည်း ဝမ်ထောင်က သူမကို စွန့်ပစ်ကာ တစ်ယောက်တည်း ထွက်သွားပြီဟု ထင်မှတ်နေခဲ့သည် ။ ထို့ကြောင့် ရှင်သန်ရန်မှာ မိမိကိုယ်ကိုယ် ကယ်တင်ရန်သာ ရှိတော့သည်ဟု တွေးတောကာ သူမ အပြင်သို့ ထွက်လာခဲ့မိ၏ ။

ထိပ်ပြောင်ဦးလေးလည်း ပါလာခဲ့လေသည် ။

မျက်မှန်နှင့်လူမှာ သာမန်အတိုင်းပင် ပြုမူနေသဖြင့် သူမရော ထိပ်ပြောင်ဦးလေးပါ ထိုသူသည် အားလုံး စုပေါင်း၍ အသက်ဘေးမှ လွတ်မြောက်ရန် ကြိုးပမ်းလိုသည်ဟု အမှန်တကယ် ယုံကြည်ခဲ့ကြ၏ ။

သို့သော်လည်း မထင်မှတ်ဘဲ အားလုံးကို အပြင်သို့ ဖိတ်ခေါ်ပြီးနောက် မျက်မှန်နှင့်လူသည် မည်သူမျှ သတိမထားမိခင် အခွင့်အရေးကို အရယူကာ တိုက်ခန်းအဝင်တံခါးကို ဖွင့်လိုက်လေသည် ။

သူသည် ဇွန်ဘီများကို အထဲသို့ ပေးဝင်ခဲ့ခြင်းဖြစ်၏ ။

သူ၏အိမ်တွင် ခဲယမ်းမီးကျောက်နှင့် အစားအစာများမှာ ကြာမြင့်စွာကပင် ပြတ်လပ်နေခဲ့ပြီဖြစ်သည် ။ ထို့အပြင် လျှပ်စစ်မီး ၊ ရေ နှင့် အင်တာနက်တို့ပါ ပြတ်တောက်သွားခြင်းက ကမ္ဘာပျက်ကပ်ကြီးအတွင်း သူ့ကို ရူးသွပ်သွားစေရန် တွန်းပို့လိုက်သလို ဖြစ်သွားပုံရ၏။

စိတ်မနှံ့တော့သော မျက်မှန်နှင့်လူသည် အားလုံးကို သူနှင့်အတူ သေတွင်းထဲသို့ ဆွဲခေါ်သွားချင်နေခဲ့သည် ။

မျက်မှန်နှင့်လူသည် အစပိုင်းတွင် သေရခြင်းမှာ ဘာမှမဟုတ်ဟု ထင်မှတ်ထားသော်လည်း ဇွန်ဘီများ၏ ရက်စက်ကြမ်းကြုတ်မှုကို မြင်လိုက်ရသောအခါတွင်မူ ရုတ်တရက် ကြောက်ရွံ့သွားလေသည် ။

သူ၏ လုပ်ရပ်ကြောင့် ဒုက္ခရောက်ခဲ့ရသော တင်ယွီချင်နှင့် ထိပ်ပြောင်ဦးလေးတို့မှာလည်း အိမ်သို့ ပြန်ရန် အချိန်မရတော့သဖြင့် မျက်မှန်နှင့်လူ၏ အိမ်အတွင်း၌သာ မရမကပုန်းအောင်းခဲ့ရတော့၏ ။

ထိုသူ၏ အိမ်သို့ ရောက်သောအခါ ထိပ်ပြောင်ဦးလေးသည် မျက်မှန်နှင့်လူကို မလွဲမသွေ စာရင်းရှင်းလိုခဲ့သော်လည်း မျက်မှန်နှင့်လူက သူသည် စုန်းပူးသကဲ့သို့ ဖြစ်သွားခြင်း သို့မဟုတ် ကယောင်ခြောက်ခြားဖြစ်သွားမိခြင်းဖြစ်ကြောင်း ငိုယိုကာ ပြောဆိုသဖြင့် သဘောကောင်းသော ထိပ်ပြောင်ဦးလေးကို တစ်ဖန် ပြန်လည် လှည့်ဖြားနိုင်ခဲ့ပြန်သည် ။

တင်ယွီချင်သည် မျက်မှန်နှင့်လူကို မယုံကြည်တော့သော်လည်း သူမမှာ အားနည်းသော မိန်းမတစ်ယောက်ဖြစ်ကာ ဇွန်ဘီများ ရောက်လာပါက ထိုအမျိုးသား နှစ်ယောက်လုံး၏ အကာအကွယ်ကို လိုအပ်သဖြင့် ဘာမှမပြောဘဲ မျက်မှန်နှင့်လူကိုသာ စောင့်ကြည့်နေခဲ့လေသည် ။

ဤသို့ဖြင့် ထိုလူစုမှာ အခန်း ၄၀၁ အတွင်း၌ နှစ်ရက်ကြာ နေထိုင်ခဲ့ကြသော်လည်း ထိုအိမ်တွင် အစားအစာ မရှိသလို ရေလည်း အနည်းငယ်သာ ရှိလေသည် ။ သူတို့ သုံးယောက်လုံးမှာ အကန့်အသတ်သို့ စတင် ရောက်ရှိလာခဲ့ကြပြီဖြစ်၏ ။

ထိုအချိန်တွင် လူသွားလမ်းရှိ ဇွန်ဘီအများစုမှာ ထွက်ခွာသွားကြပြီဖြစ်ကာ အပေါ်ထပ်တွင် ဇွန်ဘီတစ်ကောင်သာ ကျန်တော့သည် ။

ထို့ကြောင့် ထိပ်ပြောင်ဦးလေးက အောက်ထပ်ရှိ သူ၏အိမ်သို့သွားကာ ဝမ်ထောင် ပေးထားခဲ့သော အစားအစာအချို့ကို သွားယူရန် အကြံပြုခဲ့လေသည် ။

သို့သော်လည်း မျက်မှန်နှင့်လူက တင်ယွီချင်ကို ဒုက္ခပေးမည်ကို စိုးရိမ်သဖြင့် မျက်မှန်နှင့်လူကိုပါ ခေါ်သွားရန် ဆုံးဖြတ်ခဲ့၏ ။ တင်ယွီချင်ကိုမူ အိမ်ကို စောင့်ကြည့်ရန် ထားခဲ့လေသည် ။

အစားအစာ ရှိသည်ဟူသော စကားကို ကြားလိုက်ရသည်နှင့် မျက်မှန်နှင့်လူ၏ မျက်နှာမှာ ချက်ချင်းပင် ဝင်းပသွားတော့သည် ။ သူသည် လွယ်လွယ်ကူကူပင် သဘောတူလိုက်ပြီး ထိပ်ပြောင်ဦးလေးနှင့်အတူ တိတ်တဆိတ် ထွက်သွားခဲ့လေသည် ။

သို့သော်လည်း သူတို့နှစ်ယောက် အပြင်သို့ ထွက်သွားပြီးနောက် အောက်ထပ်တွင် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့သဖြင့် ဇွန်ဘီတစ်ကောင်ကို ဆွဲဆောင်လိုက်သကဲ့သို့ ဖြစ်သွားကာ သူတို့နှစ်ယောက်လုံး အပေါ်သို့ ပြန်ပြေးလာခဲ့ကြ၏ ။

တင်ယွီချင် တံခါးဖွင့်ပေးလိုက်သောအခါ မျက်မှန်နှင့်လူသည် သူမကို ချက်ချင်း အပြင်သို့ ဆွဲထုတ်ကာ တံခါးကို ဝုန်းခနဲ ဖွင့်ချလိုက်လေသည် ။ သူသည် အားလုံးကို သေတွင်းသို့ တစ်ဖန်ပြန်၍ ဆွဲခေါ်ရန် ကြံစည်ပြန်လေသည် ။

ယခုအချိန်တွင် သူသည် စိတ်ဓာတ် ပုံမှန်ရှိသူတစ်ယောက် မဟုတ်တော့ပေ ။

တင်ယွီချင်မှာ ဇွန်ဘီအကိုက် ခံရတော့မည့် အခြေအနေတွင် ထိပ်ပြောင်ဦးလေးသည် မျက်မှန်နှင့်လူကို အတင်းအကျပ် တွန်းထုတ်ကာ တင်ယွီချင်ကို အထဲသို့ ပြန်ဆွဲသွင်းခဲ့သော်လည်း သူကိုယ်တိုင်မှာမူ ဇွန်ဘီ အကိုက်ခံလိုက်ရလေသည် ။

နောက်ဆုံး အခိုက်အတန့်တွင် ထိပ်ပြောင်ဦးလေးသည် အခန်း ၄၀၁ ၏ တံခါးကို အားကုန်သုံးကာ ပိတ်ချလိုက်၏ ။ ထိုသို့ ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ်အတွင်း မျက်မှန်နှင့်လူသည်လည်း သူ၏သော့ကို ပျောက်ဆုံးသွားခဲ့လေသည် ။

ထိပ်ပြောင်ဦးလေးသည်လည်း ထိုဇွန်ဘီကို အတင်းအကျပ် ဖက်တွယ်ကာ လှေကားပေါ်မှ အတူတူ လိမ့်ဆင်းသွားခဲ့သည် ။

တင်ယွီချင်သည်လည်း အိပ်ခန်းအတွင်းသို့ အသည်းအသန် ပြေးဝင်ကာ အတွင်းမှနေ၍ သော့ခတ် ပုန်းအောင်းနေခဲ့ရ၏ ။

မျက်မှန်နှင့်လူတွင် သော့မရှိသလို အစာလည်း မစားရသေးသဖြင့် အိပ်ခန်းတံခါးကို ချိုးဖျက်ရန် အင်အား မရှိခဲ့ပေ ။

ဤသို့ဖြင့် သူတို့နှစ်ယောက်၏ ထိပ်တိုက်ရင်ဆိုင်မှုမှာ မနေ့ကတည်းက ယနေ့အထိ ကြာမြင့်ခဲ့ခြင်းဖြစ်သည် ။

သို့သော်လည်း မျက်မှန်နှင့်လူသည် စောစောက ထိပ်ပြောင်ဦးလေးနှင့်အတူ ဆင်းသွားစဉ်က ထိပ်ပြောင်ဦးလေး၏ အိမ်မှ အစားအစာများကို ရရှိခဲ့လေသည် ။ ထို့ကြောင့် သူ အင်အား ပြန်ပြည့်လာသည်နှင့်တစ်ပြိုင်နက် အိပ်ခန်းတံခါးကို ချိုးဖျက်နိုင်မည်ဖြစ်၏ ။

ထိုသို့ဖြစ်လာပါက တင်ယွီချင်မှာ သေချာပေါက် သေဆုံးရပေမည် ။

အမှန်စင်စစ် တင်ယွီချင်၏ ခန္ဓာကိုယ်မှာ မျက်မှန်နှင့်လူထက် သဘာဝအရ ပို၍ အားနည်းသလို ရက်ပေါင်းများစွာ အစာမစားရသဖြင့် သူမ လုံးဝ ခုခံနိုင်မည် မဟုတ်ပေ ။

တင်ယွီချင် အလွန်အမင်း မျှော်လင့်ချက် ကင်းမဲ့နေသော အချိန်မှာပင် ဝမ်ထောင်သည် နတ်မင်းကြီးတစ်ပါးကဲ့သို့ သူမရှေ့သို့ ဆင်းသက်လာခဲ့ခြင်းဖြစ်လေသည် ။

.တင်ယွီချင်၏ အကြမ်းဖျင်း ရှင်းပြချက်ကို နားထောင်ပြီးနောက် ဝမ်ထောင်သည် မျက်မှန်နှင့်လူကို သေပြီးသား လူတစ်ယောက်ကဲ့သို့ ကြည့်လိုက်၏ ။

"မရီး ... ကျွန်တော် အခန်းထဲမှာပဲ ပုန်းနေပါလို့ ပြောထားတယ် မဟုတ်လား ။ ဘာလို့ အပြင်ထွက်လာတာလဲ"

"ငါ..ငါ... နောက်တစ်ခါ မလုပ်တော့ပါဘူး..."

တင်ယွီချင်သည် ဝမ်ထောင်၏ မျက်လုံးများကို မကြည့်ရဲဘဲ ခေါင်းကို အသာအယာ ငုံ့ထားမိသည် ။

ဝမ်ထောင်သည် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး မေးလိုက်၏ ။

"ကျွန်တော် မရီးကို စွန့်ပစ်ပြီး တစ်ယောက်တည်း ထွက်သွားတယ်လို့ ထင်ခဲ့တာလား"

သူသည် လေထီးဖြင့်ချပေးသောပစ္စည်း နောက်သို့ လိုက်စဉ်က ကားမောင်းသွားခဲ့ခြင်းဖြစ်သည် ။ အကယ်၍ တင်ယွီချင်သာ ပြတင်းပေါက်နားတွင် ရှိနေခဲ့ပါက သူမ သူ့ကို မြင်တွေ့ခဲ့မှာ အသေအချာပင် ။

ထိုအခြေအနေကို မြင်တွေ့ရသော လူအများစုမှာ ဝမ်ထောင်တစ်ယောက်တည်း ထွက်သွားပြီဟုသာ ယူဆကြလိမ့်မည် ။

"..."

တင်ယွီချင်သည် ဟုတ်ပါတယ်ဟု ပြောချင်နေသော်လည်း မပြောရဲပေ ။

သူမသည် ဝမ်ထောင်အပေါ် မယုံကြည်ခဲ့ခြင်းကြောင့် သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်နေသည် ။ ဝမ်ထောင်ကို ဆုံးရှုံးလိုက်ရပြီးမှသာ သူမသည် သူ့ကို မည်မျှအထိ လိုအပ်သည်ကို သိရှိသွားခဲ့ခြင်းဖြစ်၏ ။

ဝမ်ထောင် မရှိသည့် ရက်များအတွင်း သူမသည် ကမ္ဘာပျက်ကပ်ကြီး၏ အစစ်အမှန်ကို ကောင်းကောင်းကြီး ကြုံတွေ့ခဲ့ရလေသည် ။

ဝမ်ထောင်သည် တင်ယွီချင်၏ တိတ်ဆိတ်မှုကို ကြည့်ကာ ဘာဖြစ်ခဲ့သည်ကို ကောင်းကောင်း သိလိုက်သည် ။

"မိုက်မဲတဲ့ မိန်းမပဲ ။ တကယ်လို့ ကျွန်တော် ထွက်သွားခဲ့ရင်တောင် ထိပ်ပြောင်ဦးလေးကို ကျွန်တော့်အခန်း သော့ဖွင့်ခိုင်းလို့ ရတာပဲ ။ အိမ်မှာ အစားအစာတွေ ရှိတာ မရီး သိသားပဲ ။ ဒါပေမဲ့ မရီးက သူစိမ်းတစ်ယောက်ကို ယုံဖို့ ရွေးချယ်ခဲ့တယ်ပေါ့ ။ တကယ်ပဲ -"

ဝမ်ထောင်သည် စိတ်ပျက်လက်ပျက်ဖြင့် ဆူပူလိုက်မိ၏ ။

ထိပ်ပြောင်ဦးလေး၏ သေဆုံးမှုမှာ သူ့ကို အလွန် စိတ်မကောင်း ဖြစ်စေသည် ။ သူတို့မှာ ယခင်က သူစိမ်းများ ဖြစ်ခဲ့ကြသော်လည်း ထိုလူသည် သူ့ကို သော့ဖွင့်နည်း နည်းပညာအစုံအလင်ကို သင်ကြားပေးခဲ့သူဖြစ်ကာ စိတ်ထားမှာလည်း အလွန်ပင် ကောင်းမွန်လှသည် ။ သူသည် လောဘလည်း မကြီးသလို ဝမ်ထောင်ကလည်း သူ့ကို အမှန်တကယ် သဘောကျခဲ့၏ ။

သူက သူ့မိသားစုနဲ့တောင် တွေ့ခွင့်မရသွားရရှာဘူး။

ထိုကဲ့သို့သော လူတစ်ယောက်သည် ဤကဲ့သို့ သေဆုံးသွားခဲ့ရလေသည် ။

.. "တောင်းပန်ပါတယ်...ငါ..ငါ . အီး အင့် အင့်..."

ဝမ်ထောင်သည် တင်ယွီချင်အပေါ် ဤမျှအထိ ပြင်းပြင်းထန်ထန် ပထမဆုံးအကြိမ် ပြောဆိုခြင်းဖြစ်ရာ သူမ ချက်ချင်း ထိတ်လန့်သွားတော့သည် ။ သူမသည် အဝတ်စွန်းကို ဆုပ်ကိုင်ကာ ငိုယိုရင်း တောင်းပန်နေမိ၏ ။

"ဟူး... ထားတော့ ၊ ရပြီ ... ဒါ မရီး တစ်ယောက်တည်း အမှားလည်း မဟုတ်ပါဘူး ..."

တင်ယွီချင်၏ ယခုကဲ့သို့ နွမ်းလျပြီး ထိတ်လန့်နေသော ပုံစံကို မြင်ရသောအခါ ဝမ်ထောင်သည် ထပ်မပြောရက်တော့ပေ ။

အမှန်စင်စစ် သူမတွင် သွေးပမာဏ ၁၀ မှတ်သာ ကျန်တော့သည် ။ အကယ်၍ သူသာ ဆက်၍ ဆူပူနေပါက သူမ လဲကျသွားမည်ကို သူ အမှန်တကယ် စိုးရိမ်နေမိ၏ ။

ဝမ်ထောင်သည် တင်ယွီချင်ကို ကုလားထိုင်ပေါ်တွင် ထိုင်ရန် ကူညီပေးလိုက်ပြီးနောက် အိတ်ကပ်ထဲမှ ချောကလက် တစ်တုံးကို ထုတ်ကာ ခွါပြီး သူမထံ ပေးလိုက်လေသည် ။

တင်ယွီချင်သည် တံတွေး မျိုချလိုက်သော်လည်း ယူရန် တွန့်ဆုတ်နေမိ၏ ။

"..."

ဝမ်ထောင်သည် တင်ယွီချင်၏ ဖရိုဖရဲ ဖြစ်နေသော ဆံပင်များကို အသာအယာ သပ်တင်ပေးလိုက်ပြီးနောက် အနက်ရောင် ချောကလက်ကို သူမ၏ ပါးစပ်ထဲသို့ အနည်းငယ် ကြမ်းကြမ်းတမ်းတမ်းပင် တိုက်ရိုက် ထည့်ပေးလိုက်လေသည် ။

"စားလိုက်"

"အွန်း..."

တင်ယွီချင် စားနိုင်သည်ကို မြင်မှသာ ဝမ်ထောင်သည် ကြမ်းပြင်ပေါ်ရှိ မျက်မှန်နှင့်လူထံသို့ အကြည့်ကို လွှဲလိုက်သည် ။

မျက်မှန်နှင့်လူတွင် [ ၅/၁၀၀ ] သွေးပမာဏသာ ကျန်တော့သည် ။

သူ၏ သွေးပမာဏမှာ အစကတည်းက များများစားစား မရှိသလို ဝမ်ထောင်၏ ပြင်းထန်သော ရိုက်နှက်မှုကို ခံလိုက်ရပြီးနောက် ယခုအခါ အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်၏ ။

ဝမ်ထောင်သည် လျှောက်သွားကာ မျက်မှန်နှင့်လူ၏ ကော်လာကို ဆွဲ၍ မြေပြင်မှ မလိုက်လေသည် ။

"အ... အသက်ချမ်းသာပေးပါ..."

မျက်မှန်နှင့်လူသည် တုန်တုန်ရင်ရင်ဖြင့် စကားကို ပြတ်တောင်းပြတ်တောင်း ပြောလိုက်၏ ။

ဝမ်ထောင်သည် စကားအရှည်ကြီး မပြောတော့ပေ ။ သူသည် ထိုသူ၏ လည်ပင်းကို ချက်ချင်း ဆုပ်ကိုင်ကာ အားကုန် ညှစ်လိုက်လေသည် ။

ဂျွတ် ....

[ -၅ ]

[ ၀/၁၀၀ ]

"အု..."

မျက်မှန်နှင့်လူ၏ မျက်လုံးများ ပြူးထွက်သွားပြီး သူ၏ သူငယ်အိမ်များမှာ တဖြည်းဖြည်း အလင်းကွယ်သွားတော့သည် ။

ခေါင်းငုံ့ကာ ချောကလက် စားနေသော တင်ယွီချင်မှာ တစ်ချက် တုန်လှုပ်သွား၏ ။

ဝမ်ထောင်သည် သူမကို လှည့်ကြည့်လိုက်သည် ။

"မရီး ... ဒီမှာပဲ ခဏနေဦး ။ ကျွန်တော် အခုပဲ ပြန်လာခဲ့မယ် ။ ဘယ်မှ ထပ်မသွားနဲ့တော့"

"ဟု... ဟုတ်ကဲ့ပါ..."

တင်ယွီချင်ခမျာ အလွန်လိမ်မာနေရှာ၏။

-----------

အခန်း ၅၃ - အားနည်းစေသောဆေးရည်

ယဉ်ကျေးသော လူ့အဖွဲ့အစည်းသည် တဖြည်းဖြည်း ရိုင်းစိုင်းကြမ်းကြုတ်မှုများဖြင့် အစားထိုးခံနေရသော ဤကမ္ဘာပျက်ကပ်ကြီးအတွင်း၌ မျက်မှန်နှင့်လူသည် ထိပ်ပြောင်ဦးလေးကို သေစေခဲ့ရုံသာမက တင်ယွီချင်ကိုပင် သတ်ရန် ကြံစည်ခဲ့သဖြင့် သူ၏ ကံကြမ္မာသည် နဂိုကတည်းက ဆုံးဖြတ်ပြီးသား ဖြစ်လေ၏ ။

ဝမ်ထောင်သည် သူ့ထံမှ အသေးစိတ် အချက်အလက်များ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာခံစားချက်များကို ထပ်မံ သိရှိလိုစိတ် မရှိတော့ပေ ။

သူသည် မျက်မှန်နှင့်လူကို သတ်ပစ်ချင်စိတ်ရှိ၏ ။

ဝမ်ထောင်သည် တစ်စုံတစ်ဦးကို ကိုယ်တိုင် သတ်ဖြတ်ခြင်းက သူ့အား မသက်မသာဖြစ်ခြင်း သို့မဟုတ် ရွံရှာခြင်းတို့ကို ခံစားရစေလိမ့်မည်ဟု နဂိုက ထင်မှတ်ထားခဲ့သည် ။

သို့သော် သူသည် ဇွန်ဘီ အမြောက်အမြားကို သတ်ဖြတ်ခဲ့ဖူးသောကြောင့် ဖြစ်နိုင်သည် ၊ မျက်မှန်နှင့်လူကို သတ်ပြီးနောက် သူ၏ စိတ်ထဲ၌ မည်သည့် ခံစားချက်မျှ မရှိသည်ကို တွေ့လိုက်ရလေသည် ။

ထိုလူသည် ဇွန်ဘီ တစ်ကောင်လောက်ပင် တန်ဖိုးမရှိပေ ၊ ဇွန်ဘီများသည် မျက်မှန်နှင့်လူလောက်ပင် ရွံစရာမကောင်းသလို ခံစားရ၏။

ဝမ်ထောင်သည် မျက်မှန်နှင့်လူ၏ အလောင်းကို ထိပ်ပြောင်ဦးလေး၏ နေအိမ်ဖြစ်သော အခန်း ၂၀၂ သို့ ဆွဲသွားလေသည် ။ ထို့နောက် သူသည် အလောင်းကို ပြတင်းပေါက်မှ အပြင်သို့ ပစ်ချလိုက်သည်။

ဘုန်း...

မျက်မှန်နှင့်လူ၏ အလောင်း မြေပြင်ပေါ်သို့ ကျသွားသည်နှင့် အပြင်ဘက်ရှိ ဇွန်ဘီ အုပ်စုသည် ချက်ချင်း ဝိုင်းအုံလာကြလေသည် ။

ဝမ်ထောင်သည် ထိုရွံစရာကောင်းသော မြင်ကွင်းကို မကြည့်တော့ဘဲ ခုနက မျက်မှန်နှင့်လူကို သတ်လိုက်စဉ် ကျလာခဲ့သော ပစ္စည်းများကိုသာ ကြည့်လိုက်၏ ။

လူသတ်ခြင်းကလည်း ပစ္စည်းများ ကျလာစေနိုင်သည်မှာ သေချာသွားလေပြီ ။

သို့သော် လူသတ်ခြင်းသည် သွေးဘားတန်၏အမှတ် ကန့်သတ်ချက်ကို တိုးမပေးသလို ကြံ့ခိုင်မှု တိုးတက်လာသည့် ခံစားချက်မျိုးလည်း မရှိပေ ။

[ ရရှိသည် ။ အားနည်းစေသောဆေးရည် (အသေး) ၂ ]

[ အားနည်းစေသောဆေးရည် (အသေး) ။ အားနည်းစေသောဆေးရည်နှင့် ထိတွေ့မိသော သက်ရှိများသည် ၁၀ မိနစ်ကြာအောင် အရည်အသွေး အားလုံး ၁ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ (ပမာဏပေါ် မူတည်၍) လျော့ကျသွားမည် ဖြစ်သည် ၊ ပစ်မှတ်အတွက် ပြန်လည် အသုံးပြုနိုင်မည့် အချိန်မှာ ၁၂ မိနစ် ဖြစ်သည် ။ ]

" . . . "

သာမန် အိမ်တွင်းပုန်း တစ်ယောက်ကို သတ်လိုက်ရုံဖြင့် အားနည်းစေသောဆေးရည် နှစ်ပုလင်း ကျလာသည်မှာ ဟုတ်မှဟုတ်ပါ့မလား ။

ဤဆေးရည်ပုလင်းသည် ယခင် ဆေးရည်များနှင့် မတူပေ ၊ ၎င်းသည် ထိုးဆေး မဟုတ်ဘဲ ဖန်ပုလင်း ပုံစံမျိုး ဖြစ်လေသည် ။

စဉ်းစားကြည့်လျှင် မည်သူက မိမိကိုယ်ကိုယ် အားနည်းစေသောဆေးရည် ထိုးပါမည်နည်း ၊

ဤအရာကို အသုံးပြုရန် အမှန်ကန်ဆုံး နည်းလမ်းမှာ ပစ်ပေါက်ခြင်း သို့မဟုတ် အဆိပ်ခတ်ခြင်း ဖြစ်ရမည်ဟု ဝမ်ထောင် ခံစားရ၏ ၊

လောလောဆယ်တွင် အသုံးမပြုနိုင်သေးသော်လည်း တစ်နေ့နေ့တွင် အသုံးဝင်လာနိုင်သည် ။

ဖော်ပြချက်တွင် ဆေးရည်နှင့် ထိတွေ့မိသော သက်ရှိများသည် အားနည်းသွားမည်ဟု ဆိုထားသဖြင့် ဇွန်ဘီများကိုလည်း သက်ရှိများဟု သတ်မှတ်နိုင်သည် မဟုတ်ပါလား ။

ပစ္စည်းများကို သူ၏ ဟင်းလင်းပြင်ကျောပိုးအိတ်ထဲသို့ ပြန်ထည့်ပြီးနောက် ဝမ်ထောင်သည် အခန်း ၂၀၁ တံခါးအပြင်ဘက်သို့ ရောက်လာကာ အတွင်းဘက်မှ ဇွန်ဘီများ၏ ဟိန်းဟောက်သံများကို နားထောင်လိုက်သည် ။

အနည်းငယ် အကဲခတ်ပြီးနောက် သူသည် အသက်ကို ပြင်းပြင်းရှုလိုက်ပြီး တံခါးကို ဖွင့်ရန် သော့ကို အသုံးပြုလိုက်၏ ။

ဘုန်း..

တံခါးကို ဖွင့်လိုက်သည့် ခဏ၌ပင် ဝမ်ထောင်သည် ကန်ချက်တစ်ချက် ပေးလိုက်လေသည် ။

သူသည် ဇွန်ဘီ ဖြစ်နေသော ထိပ်ပြောင်ဦးလေးကို တည့်တည့် ကန်ထုတ်လိုက်ခြင်း ဖြစ်၏ ။

ထို့နောက် သူသည် လက်သည်းတူဖြင့် လျင်မြန်စွာ ပြေးသွားကာ ထိပ်ပြောင်ဦးလေး ဇွန်ဘီကို အဆက်မပြတ် ထုနှက်လေတော့သည် ။

မကြာမီ ထိပ်ပြောင်ဦးလေး ဇွန်ဘီ၌ ကျန်းမာရေး အမှတ် အနည်းငယ်သာ ကျန်တော့၏ ။ရင်းနှီးနေသော်လည်း အရုပ်ဆိုးလှသော မျက်နှာကို ကြည့်ကာ ဝမ်ထောင် မသက်မသာ သက်ပြင်းချလိုက်လေသည် ။

" ဟင်း . . "

ထိပ်ပြောင်ဦးလေးသည် ဗိုင်းရပ်စ် ကူးစက်မှုကို ရှောင်ရှားနိုင်ခဲ့သည် ၊ ဇွန်ဘီများရန်မှ လွတ်မြောက်ခဲ့သည် ၊ စားနပ်ရိက္ခာ အကျပ်အတည်းကိုလည်း ကျော်လွှားနိုင်ခဲ့သည် ၊ သို့သော် အဆုံးသတ်၌ သူသည် မိမိ၏ လူသားမျိုးနွယ်ဝင် တစ်ဦးလက်မှ မလွတ်မြောက်ခဲ့ပေ ။

အကယ်၍ သူသာ မနေ့က ပြန်လာနိုင်ခဲ့ပါက ဦးလေးကို ကယ်တင်နိုင်ကောင်း ကယ်တင်နိုင်လိမ့်မည် ။

သို့သော် အခုတော့ နောက်ကျသွားလေပြီ . . .

တောင်းပန်ပါတယ် ဦးလေးရေ..။

ဒုတ်..။

[ -၅၄ ]

[ ၀/၅၀၀ ]

[ ရရှိသည် ။ ကြိုး - ၁ ]

[ ကြိုး ။ ထုတ်လုပ်ရေးပစ္စည်း ]

သူ၏ သွေးဘားတန်းကလည်း ၅ မှတ် ထပ်တိုးသွားကာ [ ၆၉/၃၈၅ ] သို့ ရောက်ရှိသွားလေသည် ။

ဝမ်ထောင်သည် ထိပ်ပြောင်ဦးလေး၏ ကိုယ်ပေါ်တွင် ခဏကြာ ရှာဖွေလိုက်ရာ သွေးစွန်းနေသော ဓာတ်ပုံတစ်ပုံကို တွေ့လိုက်ရ၏ ။

၎င်းမှာ ယခင်က ဝမ်ထောင်ကို သူ ပြခဲ့ဖူးသော မိသားစုဓာတ်ပုံလေးပင် ။

ဤဓာတ်ပုံထဲမှ မိသားစုသုံးယောက်၏ တောက်ပသော အပြုံးများကို ကြည့်ကာ ဝမ်ထောင်သည် ဓာတ်ပုံကို ဂရုတစိုက် သိမ်းဆည်းလိုက်၏ ။

" တကယ်လို့ နောင်တစ်ချိန်မှာ ဦးလေးရဲ့ ဇနီးနဲ့ ကလေးကို တွေ့ခွင့်ရခဲ့ရင် ၊ ကျွန်တော့်လည်း တတ်နိုင်တယ်ဆိုရင် သူတို့ကို ကူညီ စောင့်ရှောက်ပေးပါ့မယ် "

မည်သို့ပင်ဖြစ်စေ တစ်ဖက်လူသည် သူ့အား သော့ဖွင့်နည်း သင်ပေးခဲ့သည် ၊ ထို့ပြင် ထိုသူကူးစက်ခံရမှုမှာလည်း တင်ယွီချင်ကို ကာကွယ်ပေးရာမှ ဖြစ်ခဲ့ခြင်း ဖြစ်၏ ။

အကယ်၍ ဝမ်ထောင်၌ စွမ်းရည် ရှိနေပါက ဦးလေး၏ မိသားစုကို ကူညီရန် သူ ငြင်းမည် မဟုတ်ပေ ၊ သို့သော် . .မြို့.အပြင်ဘက်တွင် သူ မြင်ခဲ့ရသော သွေးအား တစ်သောင်းရှိသည့် ထိတ်လန့်စရာ သတ္တဝါကြီးကို တွေးမိသောအခါ ဦးလေး၏ မိသားစု အသက်ရှင်နိုင်ခြေမှာ မများလှဟု ဝမ်ထောင် ခံစားရလေသည် ။

ဝမ်ထောင်သည် ထိုနေရာ၌ ခဏကြာ ထိုင်နေပြီးနောက် စီးကရက်တစ်လိပ် ထုတ်သောက်လိုက်၏ ၊ ထို့နောက် ထိပ်ပြောင်ဦးလေး ဇွန်ဘီ၏ အလောင်းကို အပြင်သို့ ပစ်ချလိုက်လေသည် ။

ထို့နောက် သူသည် ဤအခန်းထဲ၌ ရှိနေသော ဆီပုံးကို ယူကာ အပေါ်ထပ်ရှိ အခန်း ၄၀၁ တံခါးဝသို့ သွားလိုက်၏ ။

" တံခါးဖွင့် . ကျွန်တော်ပါ "

ဂျောက် ..

တင်ယွီချင်သည် တံခါးနောက်၌ အဆင်သင့် စောင့်နေခြင်း ဖြစ်လေသည် ။ ဝမ်ထောင်၏ စကားကို ကြားသည်နှင့် သူမသည် တံခါးကြည့်ပေါက်မှပင် ကြည့်မနေတော့ဘဲ တံခါးကို တိုက်ရိုက် ဖွင့်လိုက်၏ ။

" မရီး ၊ နောက်တစ်ခါ တံခါးမဖွင့်ခင် အပြင်မှာ ဘယ်သူရှိလဲဆိုတာ အရင်ကြည့်ဦးလေ ၊ ဒီလောက်ကြီး လောနေစရာ မလိုပါဘူး "

ဝမ်ထောင်သည် အနည်းငယ် စကား မဲ့သွားရလေသည် ။

ဤတင်ယွီချင်သည် အရင်က မိုက်မဲသူ မဟုတ်ပေ ။ သူ တစ်ခေါက် အပြင်ထွက်သွားပြီးနောက် သူမသည် ဘာကြောင့် ရုတ်တရက် ယခုလို တုံးအ သွားရသနည်းဟု သူ ခံစားလိုက်ရ၏ ။

" အဲ. . . အင်း "

တင်ယွီချင်သည် ခေါင်းငုံ့ထားပြီး ဘာမှ ပြန်မပြောပေ ။

အပြင်ဘက်တွင် ရှိနေသူမှာ ဝမ်ထောင် ဖြစ်နေသောကြောင့်သာ အဆင်ခြင်မဲ့လုပ်မိခြင်းပင် ၊ အကယ်၍ အခြားသူ တစ်ဦးဦးသာ ဖြစ်ပါက သူမသည် ဤမျှ ယုံကြည်မှု အပြည့်ဖြင့် တံခါးဖွင့်ပေးမည် မဟုတ်သည်မှာ သေချာလေသည် ။

" သွားကြစို့ ၊ အိမ်ပြန်ရအောင် "

ဝမ်ထောင်က ခေါ်လိုက်သဖြင့် တင်ယွီချင်သည် အမြန် လိုက်လာသည် ။

ဝမ်ထောင်၏ ဒဏ်ရာ အမာရွတ်များ ပြည့်နေသော ကျောပြင်ကို ကြည့်ကာ တင်ယွီချင်သည် ရုတ်တရက် စိတ်မကောင်း ဖြစ်သွားရ၏ ။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဝမ်ထောင်သည် အပြင်ဘက်၌ မည်ကဲ့သို့သော အရာများကို ကြုံတွေ့ခဲ့ရသနည်း။

သူလည်း အရမ်းခက်ခဲခဲ့မှာပဲ။

ဝမ်ထောင်သည် တင်ယွီချင်က သူ့နောက်မှ ခြောက်ထပ်အထိ လိုက်လာသည်ကို သိနေသော်လည်း ဘာမှ မပြောပေ ။

"ကျွန်တော် ရေချိုးလိုက်ဦးမယ် ၊ မရီးဘာသာပဲ ရေလေးဘာလေးသောက်ပြီး တစ်ခုခု ရှာစားလိုက် "

ထိုသို့ ပြောပြီးနောက် ဝမ်ထောင်သည် ရေချိုးခန်းထဲသို့ ဝင်သွားလေသည် ။

ထိုအခါမှ တင်ယွီချင်သည် မိမိ၏ အိမ်သို့ မပြန်ဘဲ ဝမ်ထောင်၏ နောက်သို့ လိုက်လာမိသည်ကို သတိပြုမိသွား၏ ။

သူမသည် ရေအနည်းငယ် သောက်လိုက်သည် ၊ထို့နောက် ဘာကိုမှ မယူဘဲ တိုက်ရိုက် ထွက်သွားလေတော့သည် ။

ဝမ်ထောင် ရေချိုးပြီးနောက် တင်ယွီချင် ထွက်သွားသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် အံ့ဩသွားသော်လည်း သူ သိပ်ပြီး ဂရုမစိုက်မိပေ ။

သူသည် ယနေ့ ကောင်းကောင်း အနားယူရန်နှင့် မီးလောင်ဗုံးအချို့ ပြုလုပ်ရန် စီစဉ်ထား၏ ။ မနက်ဖြန်တွင် တိုက်ခန်းခြံဝန်းအတွင်းရှိ ဇွန်ဘီများကို ရှင်းလင်းပြီး ကားပေါ်ရှိ ပစ္စည်းများကို ပြန်ယူရဦးမည် ဖြစ်သည် ။

ယခုအခါ တိုက်ခန်းခြံဝန်း၏ ဂိတ်တံခါးများကို ပိတ်ထားပြီး တိုက်ခန်းတံခါးများ အားလုံးကိုလည်း ပိတ်ထားလေပြီ ။ ခြံဝန်းထဲ၌ ဇွန်ဘီ အကောင် ၂၀ ခန့်သာ ရှိတော့ရာ ဤဇွန်ဘီများသည် သူ၏ မီးလောင်ဗုံးများကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ ။

သူ၏ လက်ရှိ စွမ်းရည်နှင့်ဆိုလျှင် ပို၍ပင် လွယ်ကူနေဦးမည် ဖြစ်၏ ။

သို့သော် ယနေ့အတွက်တော့ သူကမတိုက်ခိုက်ချင်တော့ပါ၊ မည်သို့ပင်ဖြစ်စေ သူ၏ သွေးဘားတန်း အမှတ်က နည်းနေသေးသည် မဟုတ်ပါလား ။

တစ်နာရီ ကြာပြီးနောက် ဝမ်ထောင် ထမင်းချက်နေစဉ် ရုတ်တရက် တံခါးခေါက်သံ ကြားလိုက်ရ၏ ။

တံခါးဖွင့်လိုက်သောအခါ ဝမ်ထောင် အနည်းငယ် အံ့ဩသွားရလေသည် ။

တင်ယွီချင်သည် အိမ်ပြန်၍ ရေချိုး အဝတ်အစား လဲခဲ့ရုံသာမက မိတ်ကပ် အနည်းငယ်ပင် လိမ်းခြယ်ထား၏ ။

သူမ၏ ဆံပင်များကို အထက်သို့ မြှင့်တင် စည်းနှောင်ထားသဖြင့် လှပသော နားရွက်လေးများနှင့် ဖြူဖွေးသွယ်လျသော လည်တိုင်ကျော့ကျော့ကို မြင်တွေ့နေရလေသည် ။

သူမသည် နက်ပြာရောင် အိပ်ယာဝင် ဝတ်စုံ တစ်စုံကို ဝတ်ဆင်ထား၏ ။ သူမ၏ ရင်ဘတ်မှာ တင်းကျပ်စွာ စည်းနှောင်ထားသော်လည်း မြင့်မားသော ရင်အစုံကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ ။

အိပ်ယာဝင် ဝတ်စုံ၏ အနားသတ်သည် သူမ၏ ဒူးအထက်တွင် ရှိနေကာ သူမ၏ ခန္ဓာကိုယ် အောက်ပိုင်း အလှကို ပေါ်လွင်စေပြီး အသားရောင် ခြေအိတ်ရှည်များ ဝတ်ဆင်ထားသော သွယ်လျသည့် ခြေတံရှည်များကိုမူ ဖုံးကွယ်မထားနိုင်ပေ ။

သူမ၏ ခြေထောက်တွင် အညိုရောင် ဒေါက်ဖိနပ် တစ်စုံကို စီးထား၏ ၊ အိပ်ယာဝင် ဝတ်စုံနှင့် ဒေါက်ဖိနပ်မှာ တစ်နည်းတစ်ဖုံအားဖြင့် လိုက်ဖက်နေသကဲ့သို့ ရှိလေသည် ။

" ဝမ်ထောင် ၊ ငါ . . . ငါ နင် ထမင်းချက်တာနဲ့ အဝတ်လျှော်တာကို ကူညီပေးမယ်လေ . . . "

တင်ယွီချင်သည် သူမ၏ နားရွက်နားမှ ဆံစလေးကို သပ်လိုက်ရင်း ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလိုက်၏ ။

" ကောင်းတာပေါ့ "

တင်ယွီချင်က ထမင်းချက်ရန် လာခဲ့သဖြင့် ဝမ်ထောင် ခဏတာ အနားယူလိုက်လေသည် ။

နေ့လယ်စာ ရိုးရိုးရှင်းရှင်း စားပြီးနောက် ဝမ်ထောင်သည် မီးလောင်ဗုံးများ ပြုလုပ်ရန် ပြင်ဆင်လိုက်၏ ။ ဓာတ်ဆီသည် လွယ်ကူစွာ မီးလောင်လွယ်သော ပစ္စည်း ဖြစ်သဖြင့် ဝမ်ထောင်သည် တင်ယွီချင်အား ကိုင်တွယ်ခိုင်းရန် စိတ်မချပေ ။

နေဝင်ချိန်သို့ ရောက်သောအခါ သူသည် မီးလောင်ဗုံး အလုံး ၃၀ စလုံးကို ပြုလုပ်ပြီးစီးသွားလေသည် ။

အမှန်စင်စစ် ပစ္စည်းများ အဆင်သင့် ရှိနေပါက မီးလောင်ဗုံး ပြုလုပ်ခြင်းသည် အလွန် မြန်ဆန်လှ၏ ။ သို့သော် တင်ယွီချင်သည် ရည်ရွယ်ချက် ရှိရှိလား သို့မဟုတ် မသိဘဲလား မသိသော်လည်း ဝမ်ထောင်၏ ရှေ့တွင် ခဏခဏ ဝဲလည်နေသဖြင့် သူ အာရုံစူးစိုက်၍ မရဘဲ အချိန်များစွာ ကုန်ဆုံးသွားခဲ့ခြင်း ဖြစ်လေသည် ။

သူ၏ ကိုယ်ပေါ်တွင် ဓာတ်ဆီနံ့များ နံနေသလို စိတ်ထဲ၌လည်း အလိုမကျမှု အချို့ ရှိနေသဖြင့် ဝမ်ထောင် နောက်တစ်ကြိမ် ရေချိုးရန် ထသွားလိုက်၏ ။

သူသည် အပေါ်ပိုင်း ဗလာကျင်းဖြင့် ထွက်လာသောအခါ တင်ယွီချင်သည် ဆိုဖာပေါ်တွင် ခြေထောက်များကို စောင်း၍ တင်ထားကာ ခြေအိတ်ရှည် ဝတ်ထားသော သူမ၏ ခြေတံရှည်များကို ညင်သာစွာ နှိပ်နယ်နေသည်ကို တွေ့လိုက်ရလေသည် ။

သူမသည် အနည်းငယ် ပူအိုက်နေပုံ ရကာ ရင်ဘတ်ရှိ အိပ်ယာဝင် ဝတ်စုံသည် အနည်းငယ် ဟဟလေး ဖြစ်နေပြီး နက်ရှိုင်းသော ရင်သားအလှကို ပေါ်လွင်နေစေ၏ ။

ဝမ်ထောင်၏ အကြည့်ကို ခံစားမိသောအခါ တင်ယွီချင်သည် ခေါင်းကို ငုံ့လိုက်ကာ အနည်းငယ် နေမထိထိုင်မသာ ဖြစ်သွားလေသည် ။

ဝမ်ထောင်သည် သူမရှိရာသို့ တည့်တည့် လျှောက်သွားလိုက်၏ ။

" မရီး ...ဒီည အိမ်မပြန်တော့ဘူးလား "

----------

All Chapters