← Chapters

ရာဇဝတ်မှု၏ အကြောင်းတရားခံ ၊ မူးပြီး လူသတ်မှု

Vol. 29 Ch. 283

ရာဇဝတ်မှု၏ အကြောင်းတရားခံ ၊ မူးပြီး လူသတ်မှု

Vol. 29 Ch. 283

[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် ကင်ဆာကို ထိထိရောက်ရောက်နှင့် ကုသနိုင်သည့် ဆေးခန်းတစ်ခု ရှိသည်ဆိုသည့် စကားကြားတော့ သူ၏ ဦးနှောက်က နေရာမှာတင် ကြေမွသွားသည့်နှယ် ခံစားလိုက်ရသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် နှစ်များ၌ သူသည် လူမြင်ကွင်းတွင် ထွက်ပေါ်လာခြင်းကို ရှောင်တိမ်းခဲ့သည်။ သို့သော်လည်းပဲ လူတွေက ဖျားနာတတ်ကြပြီး တစ်ခါတစ်ရံ ဖျားနားသည့်အချိန်၌ ဆေးကုသရန်အတွက် စွန့်စားပြီး ဆေးခန်းပြလေ့ရှိ၏။

ဆေးခန်းကိုလည်း သုံးလေးကြိမ် ရောက်ခဲ့ဖူးသည်။ ထို့ကြောင့် ဆေးခန်းအကြောင်း နောကြေနေသည်ဟု မဆိုဝံ့သော်လည်း နားလည်ထားသင့်သလောက်ကတော့ နားလည်သည်။

ဆေးခန်းဆိုသည်မှာ ခွဲစိတ်မှု ပြုလုပ်ရန်အတွက်ပင် အရည်အချင်း မပြည့်မီပင်။ သူ့အဖေ၏ ကင်ဆာကို မည်သို့ ကုသပေးနိုင်လိမ့်မည်နည်း။

“ ဒေါက်တာချန် … မင်းပြောချင်နေတာ တိုင်းရင်းဆေးခန်းကိုမလား ….”

“ ငါကြားမိတာတော့ တိုင်းရင်းဆေးခန်းတွေက အပ်စိုက်တာ ၊ နှိပ်နှယ်ပေးတာ ၊ ဆေးဖက်ဝင်အပင်တွေကို ကြိုသောက်တာန့ ကုသပေးနိုင်တယ်လို့ ကြားမိတာပဲ ….”

“ အနောက်တိုင်းဆေးဝါးတွေက ရောဂါလက္ခဏာကို ကုသပေးတယ် … တိုင်ရင်းဆေးကတော့ အမြစ်ကို ကုသပေးတယ် ….”

“ တိုင်းရင်းဆေးတွေ စွမ်းတာကိုတော့ ဝန်ခံပါတယ် .. ဒါပေမယ့် ကင်ဆာကို ကုပေးနိုင်မယ်လို့တော့ မယုံဘူး … ဒါကြီးက ရယ်ချင်စရာ ကောင်းသွားပြီ ….”

ဓာတုကုထုံးနှင့် ဆေးကုဖူးသည့် ကင်ဆာဝေဒနာရှင်တစ်ဦးမှ သူ၏ စိတ်အနှောင့်အယှက်ဖြစ်မှုကို ဖော်ပြလိုက်သည်။

“ ကျစ် .. တိုင်းရင်းဆေးအကြောင်း မသိတဲ့ကောင်တွေ အတော်များသားကွ …. ကင်ဆာကို ကုသဖို့ဆိုတာ ခန္ဓာကိုယ်နဲ့ ဆိုင်တယ် … ငါတို့ တိုင်ရင်းဆေးတွေက ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းစေဖို့အတွက် ထိရောက်တယ် …. အဲ့မှာ ခန္ဓာကိုယ်က ကင်ဆာဆဲလ်တွေကို ပြန်တိုက်ထုတ်နိုင်မယ် … အစာလည်းဆေး ၊ ဆေးလည်းအစာဆိုတဲ့ တိုင်းရင်းဆေးအခြေခံ သဘောတရားကို မင်းတို့တွေ နားမလည်ဘူးမလား ….”

ကြည့်ရှုသူများ၏ စိတ်ကူးယဉ်ဆန်မှုမှာ အထွတ်အထိပ်သို့ ရောက်ရှိနေလျက် ရှိ၏။

များပြားလှသည့် ကြည့်ရှုသူတို့က [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]၏ ဖခင်သည် တိုင်ရင်းဆေးဆရာဝန်တစ်ဦးဦး၏ အစွမ်းဖြင့် ကင်ဆာရောဂါ ပျောက်သွားလိမ့်မည်ဟု ယုံကြည်နေကြသည်။

တိုင်းရင်းဆေးက ထိုမျှအထိကို စွမ်း၏။

ကိုယ်ပိုင် ဆေးခန်းများတွင် ပုန်းလျှိုးကွယ်လျှိုး နေတတ်သည့် တိုင်းရင်းဆေးဆရာဝန် တော်တော်များများရှိလေသည်။ ၎င်းတို့က သာမန်မျှသာ ထင်ရသော်လည်းပဲ ပညာအစွမ်းကိုတော့ သွားပြီး အထင်သေးလိုက်၍ မရပေ။

“ ဆိုတော့ အဲ့လိုကိုး …..”

[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် ကွန်းမန့်များကို ဖတ်ရှုရင်း ထိုသို့ ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်တော့သည်။

သူ့မိဘများက မကောင်းသည့်အရာ ဘာမျှ မလုပ်ဖူးသဖြင့် မိုးနတ်မင်းကြီးက ကောင်းချီးပေးခြင်း ဖြစ်ရမည်။

မိုးနတ်မင်းကြီးက ကူညီပေးပြီး သူ့ဖခင်အတွက် နတ်သမားတော် တစ်ပါးကို ရှာဖွေပေးခဲ့၏။

တိုင်ရင်းဆေးဆရာဝန်၏ နတ်ဘုရားဆန်သည့် လက်ဖြင့် သူ့ဖခင်၏ ကင်ဆာကို ပျောက်ကင်းအောင် ကုသပေးလိုက်ခြင်း ဖြစ်ရမည်။

ဤအကြောင်း တွေးတောမိတော့ [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]၏ မျက်နှာထက်တွင် ပျော်ရွှင်သည့် အမူအရာက ထွက်ပေါ်လာသည်။

ဤသည်ကို မြင်တော့ ကြည့်ရှုသူများက သက်ပြင်းချလိုက်ကြ၏။

ဤလူက ခွင့်လွှတ်၍ မရနိုင်သည့် လူသတ်သမားတစ်ဦး ဆိုသော်ငြားလည်း အခြားရှုထောင့်တစ်ခုမှ ကြည့်မည်ဆိုလျှင်တော့ မိဘအပေါ် သိတတ်သည့် သားတစ်ဦး ဖြစ်၏။

သေခါနီး အချိန်၌ပင် မိသားစု အပေါ် ဂရုစိုက်နေဆဲပင်။ ယခုလေးတင် ပြုမူသွားသည့် သူ၏ အမူအရာကို ကြည့်ခြင်းအားဖြင့် [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]၏ ဂရုစိုက်မှုက စစ်မှန်ကြောင်း အတည်ပြုနိုင်သည်။

ထိုသို့ စိုးရိမ်ပြီး မိမိကိုယ်ကို မချိတင်ကဲ အပြစ်တင်သည့် ခံစားချက်မျိုးကို အတုအယောင် ဟန်ဆောင်၍ မရပေ။

အကယ်၍များ ယင်းက သရုပ်ဆောင်မှု တစ်ခု ဖြစ်ခဲ့မည်ဆိုလျှင်တော့ … [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် အင်မတန် ထူးချွန်သည့် သရုပ်ဆောင် အရည်အချင်းဖြင့် မွေးဖွားလာသူဟု ပြောရပေမည်။

“ ငါ ဒီနှစ်တွေတစ်လျှောက်လုံး အိပ်မက်ဆိုးတွေ ဆက်တိုက်မက်ခဲ့တယ် ….” [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် သူ၏ မျက်လုံးကို ပွတ်သပ်ရင်း အပြစ်ရှိသည့် အမူအရာဖြင့် “ ငါသတ်ခဲ့တဲ့ အဲ့ဒီ ဦးလေးအတွက် စိတ်မကောင်း ဖြစ်မိတယ် … သူ့ရဲ့ မိသားစုဝင်တွေကိုလည်း တောင်းပန်တယ် ….”

“ အားနာမိဆုံးကတော့ ငါ့ကို မွေးပေးပြီး ကြီးပြင်းအောင် ပျိုးထောင်ပေးခဲ့တဲ့ ငါ့မိဘတွေကိုပဲ …”

“ အားသွန်ခွန်စိုက်နဲ့ ငါ့အပေါ် ပျိုးထောင်ပေးခဲ့တယ်ဆိုပေမယ့် ငါကတော့ သူတို့ကို လူတွေရဲ့ တံထွေးခွက်ထဲ ပက်လက်မြောစေခဲ့တယ် ….”

“ ဒီရဲ့ ဆယ့်နှစ်နှစ်လုံးလုံး သားဖြစ်သူ လူသတ်သမားရဲ့ မိဘတွေ ဖြစ်ရတာ သူတို့အတွက်လည်း မလွယ်ကူလောက်ဘူး ….”

ဤစကားကြားတော့ ထူးဆန်းသည့် အမူအရာတစ်ခုက ချန်ယွီ့၏ မျက်နှာထက်တွင် ထွက်ပေါ်လာခဲ့၏။

[နဂါးမြွှာတောင်၏ အစ်ကိုလုံ] အမည်နှင့် ကြည့်ရှုသူတစ်ဦးက မေးမြန်းလာခဲ့၏။

နစ်နာသူက ယောက်ျားလား၊ မိန်းမလား …

အဲ့တုန်းက သူ့အသက် ဘယ်အရွယ်လဲ ..

လူသတ်ဖို့ သုံးခဲ့တဲ့ လက်နက်ကရော ဘာလဲ …

လူသတ်ပြီးတဲ့နောက်မှာ တစ်ခြားသူတွေရဲ့ အကူအညီကို ယူပြီး ထွက်ပြေးခဲ့တာလား ….

တစ်ဖက်သူ မေးမြန်းလာသည့် မေးခွန်းအတန်းလိုက်ကို ကြည့်ရင်း [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် ခေါင်းကို ငုံ့ထားလိုက်၏။

ထိုစဉ်အချိန်က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြောပြသင့်လားဆိုတာကို ချီတုံချတုံ ဖြစ်နေမိသည်။

“ ဘရို … မင်းက ရဲနဲ့ ဒေါက်တာချန်ဆီ လက်မြှောက်ဖို့ ရွေးချယ်ပြီးနေမှတော့ မင်းဘာလုပ်ခဲ့တယ်ဆိုတာကို ပြောပြသင့်တယ် … အဲ့တာမှပဲ ငါတို့က မင်းအတွက် သက်ညှာပေးလို့ရအောင် ကြိုးစားပေးလို့ရမှာလေ ….”

“ ဟုတ်တယ် ဟုတ်တယ် … ကိုယ့်အသိနဲ့ကိုယ် အပြစ်ဝန်ခံတဲ့လူတွေက ပြစ်ဒဏ်လျှော့ပေါ့ပေးခံရတယ်ဆိုတာ သိသင့်တယ် … ခုခံနေတဲ့လူတွေပဲ ပြင်းပြင်းထန်ထန် အပြစ်ပေးခံရတာ ….”

“ မင်း ကျူးလွန်ခဲ့တဲ့ ပြစ်မှုက မင်းရဲ့ ရင်ဘက်ကို ဖိနှိပ်ထားတာ အချိန်အတော်ကြာနေပြီ … စိတ်ပိုင်းဆိုင်ရာ ဖိအားတောင် အတော်များနေလောက်ပြီ … အခု ထုတ်ပြောလိုက်ရင် လူလည်း အများကြီး ပိုပေါ့သွားတာပေါ့ ….”

ဒါဇင်နှင့်ချီသည့် အထူးကွန်းမန့်များက စခရင်ထက်တွင် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့၏။

သူတို့အားလုံးက [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]ကို ထိုစဉ်အချိန်က ဖြစ်ပျက်ခဲ့သည့် အမှန်တရားများကို ထုတ်ပြောပြသင့်သည်ဟု ဖျောင်းဖျနေခဲ့ကြသည်။

ဤသို့မှပဲ အာဏာပိုင်များက ကိုယ့်ကို ပိုပြီး သက်ညှာစွာ ဆက်ဆံပေးမှာ ဖြစ်သည်။

အကယ်၍ သူက ကိုယ်ကိုယ်ကို ပြောင်းလဲဖို့ ရွေးချယ်လိုက်လျှင် အမှန်အတိုင်းလည်း ဝန်ခံသင့်၏။

အမှု၏ ဖြစ်ရင်း အစစ်အမှန်ကို ကွယ်ဝှက်ထားသည်က အသိစိတ်ဖြင့် လက်မြှောက်အရှုံးပေးမှုကြောင့် ရရှိလာမည့် သက်ညှာမှုကိုပင် ပျောက်ကွယ်သွားစေနိုင်သည်။

တစ်ချိန်တည်းမှာပဲ နောက်ထပ် ကွန်းမန့်တစ်သုတ်က ထွက်ပေါ်လာခဲ့သည်။

သူက လူသတ်ခဲ့သော်လည်း အခြေအနေ မတူညီမှုဆိုတာ ရှိ၏။ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုနှင့် မတော်တဆ လူသတ်မှုဟူသည့် အခြေအနေနှစ်ခုတွင် အသေးစိတ် ကွာဟချက်များရှိ၏။

အနှီ အသေးစိတ်များကို သုံးသပ်ပြီး တရားရုံးက သေဒဏ်ပေးသင့်လော ၊ မပေးသင့်လောဆိုတာကို စီရင်ဆုံးဖြတ်လိမ့်မည်။ လူသတ်သမားများအားလုံးက သေဒဏ်ပေးခံရမည်ဟူသည် မရှိပေ။

အကယ်၍ သူ၏ အမှုက မတော်တဆ လူသတ်မှု ကျူးလွန်ခဲ့မိခြင်း ဖြစ်မည်ဆိုပါက သေဒဏ်ပေးခံရစရာ အကြောင်းမရှိပေ။

ပြင်းထန်သည့် ပြစ်ဒဏ်ကို ခံယူပြီးနောက်တွင် မိသားစုနှင့် ပြန်လည်ပေါင်းထုပ်နိုင်မည့် အခွင့်အရေးတစ်ချို့ ရှိနေသေးဆဲဖြစ်၏။

“ ဒေါက်တာချန် ….” [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]က ခေါင်းမော့ပြီး မေးလိုက်သည်။ “ ငါ့မှာ မိဘတွေနဲ့ ပြန်ဆုံစည်းနိုင်မယ့် အခွင့်အရေး ရှိသေးလား …..”

ချန်ယွီ့ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။

အဆိုပါ သေးငယ်သည့် လှုပ်ရှားမှုလေးက [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]အတွက်တော့ ကျယ်ပြောလှသည့် သမုဒ္ဒရာကြီးထဲ အသက်ကယ်ရာ ကောက်ရိုးလေးတစ်မျှင်နှင့် မခြားပေ။

သူ ချက်ချင်းပဲ အလွန်အမင်း စိတ်လှုပ်ရှားလာသည်။

“ ငါပြောပြမယ် .. ငါ အကုန်လုံး ပြောပြမယ် ….”

“ ငါ သူ့ကို သတ်ဖို့ မရည်ရွယ်ခဲ့ဘူး … ဒီတိုင်း မတော်တဆ ဖြစ်သွားခဲ့တာ ….”

“ ငါ့အခြေအနေက ကျောင်းတက်ဖို့ မွေးဖွားလာတာ မဟုတ်ဘူး … ဒါပေမယ့် ငါ့မိဘတွေက ငါ တက္ကသိုလ်တက်တာကို လိုချင်တယ် ….”

“ ငါ့အသက်က ဆယ့်ရှစ်နှစ်ရှိပြီ ဆိုပေမယ့် ကျောင်းထွက်ပြီး အပြင်မှာ အလုပ်ထွက်လုပ်မှာကို သူတို့တွေ ခွင့်မပြုကြဘူး …”

“ အဲ့ဒီနှစ် …. ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို နှစ်ကြိမ်မြောက် ကျခဲ့တဲ့ အ့ဒီနှစ် … ၊ ငါ့မိဘတွေကတော့ နောက်တစ်နှစ် ပြန်ပြီးတက်ဖို့ အားပေးကြတယ် ….”

“ ကျောင်းပြန်တက်ရမယ်ဆိုတဲ့ စကားကြားတော့ ငါ့ စိတ်အခြေအနေက အောက်ဆုံးထိကို ထိုးကျသွားပြီး မိဘတွေနဲ့ အကြီးအကျယ် ရန်ဖြစ်ခဲ့တယ် …”

“ အိမ်က ထွက်လာပြီးတဲ့နောက်မှာ အပြင်လောကက သူငယ်ချင်းတစ်ချို့နဲ့ ဆုံတယ် …”

“ သူတို့တွေကလည်း ငါ့စိတ်အခြေအနေ မကောင်းတာကို မြင်တော့ အရက်သောက်ဖို့ ခေါ်ကြတယ် …”

“ ငါ တကယ်ကို နောင်တရမိတယ် ….”

ထိုစကားပြောရင်း မျက်ရည်များက မရပ်တမ်း စီးကျလာလေတော့သည်။ အရက်တစ်ခွက်က သူ့ဘဝတစ်ခုလုံးနှင့် မိသားစု နှစ်ခုကို ပျက်စီးစေခဲ့သည်။

ထိုသူများက သူ့ အလယ်တန်းကျောင်းသားဘဝတုန်းက သူငယ်ချင်းများပင်။ ၎င်းတို့က အလယ်တန်းပြီးသည့်နောက် ကျောင်းထွက်ပြီး လူ့အဖွဲ့အစည်းထဲ ဝင်ရောက်ကာ အချင်းချင်းလည်း အဆက်အသွယ်မပြတ်ကြပေ။ အတူတူရန်ဖြစ်၊ အတူတူသောက်၊ အတူတူ ကြွားလုံးထုတ်ကြသည်။

သူတို့ချင်း ဆက်ဆံရေးက ကောင်းမွန်လှ၏။

တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရလဒ်ကြေညာချက် ထွက်ပြီး နောက်တစ်နေ့ ဖြစ်နေတော့ မြို့ထဲရှိ စားသောက်ဆိုင်တွေ အကုန်လုံးက ပြည့်နှက်လို့နေသည်။

သူတို့ သူငယ်ချင်းတွေ ညသန်းခေါင်ရောက်တဲ့အထိ အရက်တွေ သောက်နေကြရင်း အကုန်လုံးက ရီဝေဝေတွေ ဖြစ်နေခဲ့ကြသည်။

ထိုအချိန်မှာပဲ ကားတစ်စင်းက သူတို့ဘေးတွင် ထိုးရပ်လာခဲ့၏။

ကားပေါ်ကနေ သက်လတ်ပိုင်း အမျိုးသား သုံးဦး ဆင်းလာသည်။

တစ်ယောက်က နယ်ခံ လူမိုက်တစ်ဦး ဖြစ်၏။

[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]နဲ့ သူငယ်ချင်းတွေက အမှန်အတိုင်းပြောမလား၊ ခိုင်းတာလုပ်မလား (truth or dare) ဂိမ်းကို အရက်မူးမူးနှင့် ကစားနေကြသည်။ ခိုင်းတာလုပ်မယ်ကို ရွေးချယ်လိုက်တော့ သူငယ်ချင်းတစ်ယောက်က သူ့ကို နယ်ခံလူမိုက်၏ ခေါင်းပေါ်သို့ အရက်သွားလောင်းချဖို့ ပြော၏။ ထိုသို့ ပြုလုပ်ပြီး နာမည်ကြီးအောင် ၊ မိမိနာမည်တစ်လုံး ဖန်တီး၍ရသည်။ မည်သည့် သာမန်လူမဆို ယင်းက စနောက်နေခြင်းဖြစ်ကြောင်း ပြောဖို့ မခက်ခဲပေ။

သို့သော်လည်းပဲ [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]ကတော့ အမှန်တကယ် ထိုသို့ ပြုလုပ်ခဲ့၏။

သူက ဘေးဝိုင်းသို့ သွားပြီး ဘီယာပုလင်းကို တစ်ဝိုင်းလုံးအနှံ သွန်လိုက်၏။

လူမိုက်၏ အမူအရာမှာ မပျော်မရွှင် ဖြစ်သွားခဲ့ပြီး သူ့ဘေးရှိ လူနှစ်ယောက်က ထရပ်ပြီး လက်ညှိုးထိုး ကျိန်ဆဲကြတော့သည်။

ထိုအချိန်မှာပဲ [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် မည်သည်ကိုမျှ စဉ်းစားမနေဘဲ လူမိုက်၏ ခေါင်းသို့ မလွှတ်ချရသေးသည့် ဘီယာပုလင်းနှင့် ရိုက်ခွဲပစ်လိုက်သည်။

သွေးများက လူမိုက်၏ ဦးခေါင်းထက်ကနေ စီးကျလာသည်။

နှစ်ဖက်မှာ ချက်ချင်းပဲ စကားများ ရန်ဖြစ်ကြပြီး မြင်ကွင်းမှာ အတော်လေး ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာခဲ့သည်။

ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်က လူသတ်ခံလိုက်ရပြီဟု ရုတ်ချည်း ထအော်လာသည်။

ထိုအခါမှပဲ သူတို့အကုန်လုံးလည်း ရန်ဖြစ်ထိုးကြိတ်နေကြသည်ကို ရပ်တန့်လိုက်ကြသည်။

ရိုက်ခံလိုက်ရသည့် လူမိုက်ကတော့ မြေပေါ်တွင် မလှုပ်မယှက် ငြိမ်သက်လို့နေသည်။

ခေါင်းက သွေးထွက်ပြီး မြေပေါ် မလှုပ်မယှက် လှဲနေသည့် လူမိုက်ကို မြင်တော့ [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် အမူးပြေသွားခဲ့၏။ တစ်ဖက်သူ၏ နှာသီးဝသို့ လက်ထားကြည့်လိုက်သောအခါ အသက်မရှူတော့ကြောင်းကို သတိပြုမိသွားခဲ့သည်။

မကြာမီမှာပဲ ရဲကား အချက်ပြသံများ ဆူညံလာသည်။

[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် မသိစိတ်အလျောက် အိမ်သို့ ထွက်ပြေးသွားခဲ့၏။

ပြီးသည့်နောက် .. သူမိဘများကို သူ လူသတ်ခဲ့မိကြောင်း ပြောသည်။

All Chapters