ရဲများ၏ ရှာဖွေမှု ၊ လွတ်မြောက်ဖို့ တန်ကြေးက မြင့်လွန်းတယ်
Vol. 29 Ch. 284
“ အရက်မူးပြီး မတော်တဆ လူသတ်မိတာကလည်း ရည်ရွယ်ချက် ရှိရှိ လူသတ်မိတာနဲ့ ထူးမခြားနားဘဲ … ဥပေဒေရဲ့ အပြစ်ပေးမှုကို ရှောင်လွှဲဖို့ … ဒါမှမဟုတ် ဥပေဒရဲ့ အပြစ်ပေးမှုကို သက်ညှာပေးဖို့ဆိုတာ အတော်လေး ခဲယဉ်းတယ် … ကျူးလွန်သူရဲ့ လူသတ်တဲ့ အချိန်တုန်းက လူသတ်လောက်စရာ ရည်ရွယ်ချက်မျိုး၊ အခြေအနေမျိုး ရှိလားဆိုတာ အသေးစိတ်ကြည့်ဖို့ လိုသေးတယ် ….”
“ ကျူးလွန်သူကို လွတ်မြောက်အောင် ကူညီပေးတဲ့လူတွေ၊ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်း အနေနဲ့ ပါဝင်ခဲ့တဲ့လူတွေလည်း ထောင်ဒဏ် သုံးနှစ်ထက်မနည်း ကျခံရနိုင်ချေ၊ ဒါမှမဟုတ် စောင့်ကြည့်ခံရတာမျိုးတွေ ဖြစ်နိုင်တယ် … တကယ်လို့ အခြေအနေက ပြင်းထန်တယ်ဆိုရင် သုံးနှစ်အောက်မလျှော့ ၊ ဆယ်နှစ်ထက်မပိုတဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ကို ကျခံရလိမ့်မယ် ….”
ရှေ့နေ လော့ကပဲ နောက်တစ်ကြိမ်ထပ်ပြီး ကွန်းမန့်အတွဲလိုက်ကို ပေးပို့လာခဲ့သည်။
“ မဟုတ်ဘူး … မဟုတ်ဘူး … ငါ့မိဘတွေက ငါ့ကို မဖုံးကွယ်ထားပေးခဲ့ဘူး … သူတို့ တကယ်မလုပ်ခဲ့ဘူး ….”
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် သူ့မိဘများက သူ့ကို ဘယ်တုန်းကမျှ မကာကွယ်ပေးခဲ့ဖူးကြောင်း ကျိန်ဆိုလိုက်သည်။
သူ အိမ်သို့ ပြေးသွားခဲ့ပြီးနောက် မိဘများထံ သူ လူသတ်ခဲ့မိကြောင်း ပြောပြ၏။ မိဘများက သူ့ကို ကူပြီး ဖုံးကွယ်ပေးဖို့ မလုပ်ခဲ့သလို သူ ထွက်ပြေးလွတ်မြောက်ဖို့အတွက်လည်း မကူညီပေးခဲ့ကြချေ။
ထိုအစား သူတို့ကပင် သူ့ကို ရဲစခန်း ဆွဲခေါ်သွား၍ ကိုယ့်ကိုယ်ကို ဝန်ခံဖို့ ပြုလုပ်ခဲ့ကြသည်။
“ ငါ ကြမ်းပြင်ပေါ်မှာ ဒူးထောက်ပြီး နောက်တစ်နေ့ကျရင် ရဲစခန်းသွားပြီး ကိုယ့်ကိုယ်ကို ဝန်ခံပါမယ်လို့ မိဘတွေကို တောင်းပန်ခဲ့တယ် ….”
“ ငါ လူတစ်ယောက်ကို သတ်မိခဲ့တယ် … ကိုယ့်ကိုယ်ကို သွားဝန်ခံလိုက်ရရင် သေဒဏ်ပေးခံရမှာ ကျိန်းသေပေါက်ပဲ … အိမ်မျာ တစ်ညလောက် ပိုနေပြီး မိဘတွေကို နောက်ဆုံးအကြိမ်အနေနဲ့ တွေ့ချင်မိခဲ့ရုံပါပဲ ….”
“ အဲ့ဒီ တစ်ညလုံးလည်း ငါ အိပ်လို့ မပျော်ခဲ့ဘူး … အကြိမ်တိုင်း ငါ သတ်ခဲ့တဲ့ လူမိုက်က ငါ့ခေါင်းထဲ ရောက်ရောက်လာတယ် ….”
စစချင်းတွင်တော့ မိဘများ ဖြစ်စေချင်သည့်အတိုင်း ရဲစခန်းသို့ သွားရောက်၍ မိမိ ကျူးလွန်ခဲ့သည့် အမှုကို ဝန်ခံဖို့ စဉ်းစားထားပြီး သက်ညှာမှု ရရှိရန်အတွက် ကြိုးစားဖို့ စီစဉ်ထားခဲ့၏။
သို့သော် ညသန်းခေါင် အချိန်ရောက်တော့ သူ့အတွေးများက စတင်ပြောင်းလဲလာသည်။
သူက အသက် ၁၈ ပဲ ရှိသေး၏။ ဤသို့သော ပုံစံမျိုးဖြင့် သေမသွားချင်ပေ။
အကယ်၍ သူ့ဘက်က သေဒဏ်ပေးမခံရလျှင်ပင် တစ်သက်တစ်ကျွန်းကျသွားဖို့ သေချာသလောက်ရှိသည်။
ဘဝ၏ လက်ကျန်သက်တမ်း ဆယ်စုနှစ်ပေါင်းများစွာကို ထောင်ထဲ၌မှာပဲ အချိန်ကုန်ဆုံးရတော့မည်။
“ ငါ မနက် ငါးနာရီရောက်တဲ့အထိ နိုးနိုးကြားကြားနေပြီး ပိုက်ဆံနည်းနည်းခိုးရင်း အိမ်ကနေ ထွက်ပြေးသွားဖို့ စီစဉ်ထားခဲ့တာ … ဒါပေမယ် ငါ့မိဘတွေလည်း တစ်ညလုံး မအိပ်ဘဲ နေရင်း ဧည့်ခန်းထဲ စောင့်ကြပ်နေမယ်လို့ ဘယ်သူကရော ထင်ထားခဲ့မှာ … သူတို့က ငါ ထွက်ပြေးသွားမှာကို ကြောက်နေကြတယ်လေ ….”
“ မနက်မိုးလင်းတာနဲ့ ငါ့ကို ရဲစခန်းပို့ဖို့ လုပ်ထားကြမှန်း သိသာတယ် ….”
“ငါ အိပ်ခန်းထဲ ပြန်သွားပြီး ပြတင်းပေါက်ကို ဖွင့်လိုက်တယ် … အဲကွန်းပေါ်ကနေတစ်ဆင့် ဒုတိယထပ်ကို ဆင်းတယ် ….”
“ အရင် ဆယ်နှစ်ကျော်လောက်တုန်းက နာမည်အရင်းနဲ့ လက်မှတ်ဝယ်ရတဲ့ စနစ်တွေ မထွန်းကားသေးဘူး … အဲ့တာကြောင့်လည်း ရထားပေါ်ကို အလွယ်လေး ခိုးစီးနိုင်လိုက်တယ် ….”
“ ငါ့ရဲ့ အစီအစဉ်က ရထားစီးပြီး နယ်စပ်နားလေးမှာ ပုန်းနေဖို့ပဲ … တကယ်လို့ အခွင့်အရေးရှိရင်တော့ နိုင်ငံထဲက ထွက်ပြေးမယ် ….”
“ ဒါပေမယ့် ပြဿနာက ငါ့မှာ ပိုက်ဆံ မရှိတာပဲ … တကယ်လို့ လက်မှတ်စစ်နဲ့ တိုးရင် အပြင်ကို မောင်းထုတ်ခံလိုက်ရမှာ ကျိန်းသေတယ် ….”
“ အဲ့မှာ ငယ်ငယ်တုန်းက ကြည့်ခဲ့တဲ့ ဇာတ်ကားတစ်ကားကို သွားပြီး အမှတ်ရမိတယ် … ထွက်ပြေးလာခဲ့တဲ့ ဒုက္ခသည်တစ်ယောက်အကြောင်းကို ရိုက်ထားတဲ့ ဇာတ်ကား … “
“ ဒုက္ခသည်က မြို့ကနေ မီးသွေးထရပ်ကားကို စီးပြီး ထွက်ပြေးလာခဲ့တယ် … တိုက်ဆိုင်ချင်တော့ ငါ စီးမိတဲ့ ရထားဘူတာက ဘူတာ အသးစားလေး … ပုံမှန် ဘက်စ်ကားတွေအပြင် ထရပ်ကားတွေလည်း ရှိတယ် ….”
“ သစ်သားတွေ တင်ပို့မယ့် ရထားတွဲထဲ ခိုးဝင်ရင်း အိမ်နဲ့ ကီလိုမီတာ ၂,၀၀၀ လောက်ဝေးတဲ့ မြို့ငယ်လေး တစ်မြို့ကို ရောက်လာတယ် ….”
“ အိမ်နဲ့ ၂,၀၀၀ ကီလိုမီတာဆိုတာ အတော်လေး ဝေးပြီ ထင်တာနဲ့ အဲ့မှာပဲ ပုန်းနေဖို့ ဆုံးဖြတ်လိုက်တယ် ….”
“ ဒါပေမယ့် အဲ့ဒီအထိ ထွက်ပြေးလာခဲ့ပြီးတာတောင် အဖမ်းခံရတဲ့ ကံကြမ္မာကနေ မလွတ်မြောက်နိုင်ဘဲ ရှိနေဦးမယ်လို့တော့ ထင်မထားခဲ့ဘူး ….”
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]က ခါးသီးသည့် အမူအရာဖြင့် ရှင်းပြလိုက်သည်။
စစချင်းတုန်းကတော့ သူ ရထားပေါ် တက်ပြီး ဤနည်းလမ်းကတစ်ဆင့် နယ်စပ်ဖြတ်ကျော်ဖို့ပင်။
ကံမကောင်းစွာဖြင့် မြို့၏ ဘူတာဌာနက ထောက်ပို့တင်ပို့မှုအတွက် အရေးပါသည့် နေရာတစ်ခု ဖြစ်လို့နေလေသည်။
သူ အကြိမ်ရေ အနည်းငယ်ခန့် ကြိုးပမ်းခဲ့သော်လည်း မောင်းထုတ်ခံလိုက်ရသည်။
ဤအတောအတွင်း နေ့စဉ်နေ့တိုင်း အမှိုက်လိုက်ကောက်ရင်းဖြင့် အသက်ရှင်သန် နေထိုင်ခဲ့ရ၏။
လဝက်ခန့်ကြာပြီးနောက်တွင် အရာအားလုံးက အဆင်ပြေသယောင် ရှိနေသည်ကို သတိစပြုမိလာသည်။
ရဲများက သူ့ရှေ့ ဖြတ်သန်းသွားလျှင်ပင် သူ့အပေါ် များများစားစား အာရုံမထားကြချေ။
ရဲဘက်က သူ့အပေါ် ဝရမ်း ထုတ်ထားခြင်း မရှိဟု ခံစားရ၏။
မဟုတ်လည်း ထိုလူမိုက်က မကောင်းမှု များစွာကို ကျူးလွန်ခဲ့သည့်အတွက် ရဲဘက်က ကျူးလွန်သူကို ဂရုမစိုက်သည်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ … သူ ဘေးကင်းလုံခြုံသည်ဟု ခံစားခဲ့ရသည်။
“ မင်းတို့ ငါ့ကို ရယ်မှာ ငါ မကြောက်ဘူး … ငါ လုံခြုံတယ်လို့ ခံစားရပေမယ့် ယုံကြည်ချက်တော့ မရှိတော့ဘူး … ဘယ်လိုပဲ ပြောပြော … ငါက လူတစ်ယောက်ကို သတ်မိခဲ့တဲ့လူလေ ….”
“ အဲ့လိုနဲ့ ငါစဉ်းစားကြည့်လိုက်တယ် … ငါ့ရဲ့ မှတ်ပုံတင် နံပါတ်ကို သုံးပြီး ဆင်းကတ်တစ်ခု လုပ်မယ် ….”
“ တကယ်လို့ ရဲတွေ အနီးနားတစ်ဝိုက် ပေါ်လာပြီဆိုရင် ဆိုလိုတာက သူ ဖော်ထုတ်ခံလိုက်ရပြီပဲ ….”
ရက်အတန်ကြာအောင် စောင့်ကြည့်ပြီးသည့်တိုင် ရဲများ၏ အရိပ်အယောင်ကိုပင် သူ မမြင်တွေ့ခဲ့ရပေ။
သူ့ သတ္တိက တစ်ဖြည်းဖြည်ချင်း ကြီးထွားလာသည်။
မြို့ထဲရှိ သစ်စက်ရုံတွင် အလုပ်တစ်ခု သွားလျှောက်ခဲ့၏။
သို့သော်လည်းပဲ ရဲများ ရောက်လာလိမ့်မည်လို့တော့ သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ပါချေ။
သူ အလုပ်ရပြီး နောက်တစ်နေ့မှာပဲ အာဏာပိုင်များက သူ အလုပ်လုပ်နေသည့် စက်ရုံကို ဝန်းရံလာကြသည်။
စက်ရုံ ဝင်ပေါက်ဝများတွင် ရဲအရာရှိများဖြင့် ပြည့်နှက်လို့နေသည်။
ကောင်းကင်ထက်တွင်လည်း ဟယ်လီကော်ပတာ တစ်စင်းက ပျံသန်းနေလျက် ရှိ၏။
ဤမြင်ကွင်းကို မြင်တော့ [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် သေမတတ် ထိတ်လန့်သွားခဲ့သည်။
သူ့ကိုယ်သူ သေအောင် ရိုက်သတ်ချင်မိသွား၏။
အကယ်၍ သူသာ ပုန်းနေခဲ့မည်ဆိုပါက ရဲများ ရှာတွေ့နိုင်မှာ မဟုတ်ချေ။
သူ့နာမည်အရင်းကို အသုံးပြုပြီး ဆင်းကတ်တစ်ကတ် ဖွင့်ခဲ့သည်က ဉာဏ်အတော်ကောင်းလွန်းလှပြီဟု တွေးထင်နေခဲ့သော်လည်း ယင်းလုပ်ရပ်က ရဲအရာရှိ အများအပြားကို ဆွဲဆောင်သွားခဲ့လေသည်။
ရဲရဟတ်ယာဉ်တစ်စင်းပင် သူ့အတွက် ရောက်ရှိလို့လာခဲ့၏။
စက်ရုံတွင် လုပ်သား ရာနှင့်ချီရှိပြီး သူတို့တွေ အကုန်လုံး တစ်သုတ်ပြီး တစ်သုတ် စစ်ဆေးခံရသည်။
သူ့အလှည့် ရောက်လာခါနီးသည်ကို မြင်တော့ [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည်လည်း လောင်းကြေးထပ်ဖို့ရာ ဆုံးဖြတ်လိုက်သည်။
သစ်ဖြတ်သည့် စက်နားသို့ သွား၍ လက်မောင်းကို သွေးထွက်သည်အထိ ဖြတ်တောက်လိုက်၏။
သွေးထွက်နေသည့် လက်မောင်းကို မြင်တော့ စက်ရုံမန်နေဂျာက ချက်ချင်းပဲ ရဲအရာရှိနှင့် စကားပြောလိုက်သည်။
သူတို့တွေ အလုပ်သမား တစ်ယောက်ကို စေခိုင်းပြီး ကောင်တီ ဆေးရုံသို့ လိုက်ပို့ခိုင်းလိုက်၏။
ကောင်တီထဲ ရောက်ဖို့ရာအတွက် တောင်တန်းထူထပ်သည့် တစ်နေရာကို သူတို့တွေ ဖြတ်သန်းဖို့လိုသည်။ ဒရိုင်ဘာ သတိလက်လွတ်ဖြစ်နေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူပြီး [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]က နောက်တွဲယာဉ်ပေါ်မှ ခုန်ဆင်းပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
တောင်တန်းများထဲ သူ နှစ်လခန့် ပုန်းနေခဲ့သည်။
ထိုနှစ်လအတွင်း လူသားနှင့် တောရိုင်းဟူသည့် တကယ့်လက်တွေ့ ဗားရှင်းက မျက်စိရှေ့တွင် အစစ်အမှန် ထွက်ပေါ်လာသည်။
ရေဆာသည့် အချိန်တွင် စမ်းချောင်းက ရေကို သောက်ပြီး ဆာလောင်လာသည့် အချိန်၌ သစ်သီးရိုင်းများကို စားသောက်ခဲ့သည်။ အစားအစာအတွက်လည်း တောတွင်းရှိ ဟင်းရောရာများကို လိုက်လံစုစည်းခဲ့၏။
“ ရဲတွေ ငါ့ကို လိုက်ရှာတာ တစ်လကျော်ကြာတယ် … ဒုတိယလရောက်တော့ သူတို့ ပြန်ထွက်သွားကြတယ် …”
ဤအကြောင်း ပြောပြနေစဉ်တွင် [ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]မှာ အနည်းငယ် ကြောက်ရွံ့နေဟန်ရသည်။
ဒဏ်ရာတန်းလန်းနှင့် တောထဲသို့ ပြေးသွားခဲ့ပြီး လက်မောင်းရှိ ဒဏ်ရာက ပိုပိုပြီး ဆိုးရွးလာသည်။
ပုန်းအောင်းပြီး တစ်ပတ်အကြာတွင် အနာထဲ ပိုးဝင်လာခဲ့ပြီး အဖျားလည်း တက်လာခဲ့သည်။
သူ ဘယ်လိုမှ ဆက်ပြီး မတောင့်ခံနိုင်တော့ချေ။
သူ့ဖုန်းက တစ်ဆင့် ရှာဖွေကြည့်ပြီး သူ့အနာကို ကုသနိုင်မည့် ဆေးတစ်ခုကို ရှာတွေ့သွားခဲ့သည်။
အဆုးတွင် သူ့ကိုယ်သူ အားတင်းပြီး တောင်အောက်သို့ ဆင်းကာ ဆေးခန်းတစ်ခုသို့သွား၍ ဆေးသွားခိုး၏။
ဆေးခိုးနေစဉ်အတောအတွင်း ဖြတ်သွားဖြတ်လာ နှစ်ယောက်က တစ်ဆင့် ရဲအများအပြား မြို့ထဲသို့ ရောက်ရှိနေကြောင်းကို နားစွန်နားဖျား ကြားလိုက်ရလေသည်။
သူတို့ကြည့်ရသည်မှာ တစ်စုံတစ်ယောက်ကို ရှာဖွေနေဟန်ရသည်။
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် ချက်ချင်းပဲ ရဲအရာရှိများက သူ့ကို ဖမ်းဖို့ ရှာဖွေနေခြင်း ဖြစ်မည်ဟု ယူဆလိုက်၏။
မည်သို့ပင်ဆိုစေ စက်ရုံမှ ထွက်ပြေးလိုက်ခြင်းက သူ၏ အထောက်အထားကို ဖော်ထုတ်လိုက်သည်နှင့် မခြားပေ။
“ အသက်လုပြေးနေရတဲ့ ဘဝက တကယ်ပဲ ခက်ခဲကြမ်းတမ်းလွန်းတယ် ….”
[ဟုတ်တယ်၊ ငါက အဲ့လောက်ကြီးမြတ်တယ်]သည် ဝမ်းနည်းစို့နင့်စွာ ငိုကြေးလိုက်ပြီး “ ငါက ယုတ်မာတဲ့ မျိုးမစစ်ကောင်ပဲ … ဒီလိုဖြစ်အောင်လည်း ငါ့ဒုက္ခငါ ရှာခဲ့တာ …..”
“ တကယ်လို့ မင်းတို့တွေ နောင်ကျ တစ်ခုခု မှားယွင်းတာမျိုး လုပ်ခဲ့မိရင် ထွက်ပြေးဖို့ မစဉ်းစားကြနဲ့ ….”
“ ထွက်ပြေးတာက ယာယီ အချိန်တိုလေးလောက်တော့ လွတ်လပ်မှု ရနိုင်ပေမယ့် အဲ့ဒီ လွတ်လပ်မှုအတွက် ပေးဆပ်ရမယ့် တန်ကြေးက သိပ်ကြီးမားလွန်းတယ် …..”
“ မင်းတို့ ငါ့ကိုပဲ ကြည့်လိုက် … အခု ငါ လူလည်း မဟုတ်၊ တစ္ဆေလည်း မဟုတ်တဲ့ ဘဝမျိုး ရောက်နေပြီ …. ဒါက ထွက်ပြေးလို့ ပေးရတဲ့ တန်ကြေးပဲ ….”
“ ထွက်ပြေးမယ့် လမ်းကြောင်းပေါ် ခြေချလိုက်တဲ့ အချိန်ကစပြီး ငါ လုံးဝ လူမဟုတ်တော့ဘူး ….”
“ ဘာပဲလုပ်လုပ် အရာရာ သတိထားရတယ် … မဟုတ်ရင် တရားမျှတမှုဆိုတဲ့ ပိုက်ကွန်ထဲ ရောက်သွားလိမ့်မယ် ….”
“ ဒီနှစ်တွေ တစ်လျှောက်လုံး ဟိုဟိုဒီဒီ ပုန်းအောင်းရင်း ဘဝကြီးက ရေပုပ်မြောင်းတွေထဲက ကြွက်စုတ်တစ်ကောင်လိုပဲ … ကလေးကစားစရာ အရုပ်ရဲ့ အချက်ပြမြည်သံကတောင် ငါ့ကို တစ်ကိုယ်လုံး တုန်ယင်သွားစေတဲ့အထိ ကြောက်လန့်စေတယ် ….”
“ ရဲတွေ ငါ့ကို နှစ်ချီလောက် လိုက်ရှာခဲ့ပြီးတဲ့နောက်မှာ ငါ့ရဲ့ အိုင်ဒီကို ဆက်ပြီး မသုံးရဲတော့ဘူး ….”
“ ရဲတွေ ထွက်သွားပြီးတဲ့နောက်မှာ သူတို့ သတ်တာကို မခံရဖို့အတွက် နေရာကနေ ချက်ချင်း ထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ် ….”
“ ငါ ထွက်မသွားခင် အိုင်ဒီကတ်နဲ့ ဖုန်းကိုလည်း လွှင့်ပစ်လိုက်ပြီး ခြေကျင်လျှောက်ဖို့ လုပ်တယ် …”
“ တစ်နေ့လုံးလည်း ဘာမှမစားရသေးတော့ ရထားသံလမ်းပေါ်မှာ လမ်းလျှောက်ရင်း လူက သတိမေ့သွားခဲ့တယ် …”
“ ငါ ပြန်နိုးလာတော့ အခန်းကျဉ်းလေးတစ်ခုထဲ ခြေကျင်းခတ်ခံထားရတယ် ….”
“ ငါ့ကိုယ်ငါ ထင်နေခဲ့တာ ငါတော့ ဖမ်းခံလိုက်ရပြီပေါ့ … အဲ့မှာ ငါ စိတ်ပေါ့ပါးသွားခဲ့တယ် ….”
“ နောက်ပိုင်း သိလိုက်ရတာက ငါ့ကို ဖမ်းခဲ့တာ ရဲတွေ မဟုတ်ဘူးဆိုတာပဲ … ဒါပေမယ့် အခြေအနေအကြောင်း ပြောပြရရင် သူတို့ဖမ်းတာ ခံမယ့်အစား ငါ ရဲတွေဖမ်းတာပဲ ခံလိုက်ချင်တယ် ….”
ကြည့်ရှုသူများက စိတ်ဝင်စားမှုအပြည့်ဖြင့် နားထောင်နေခဲ့ကြသည်။
သူ့ကို ဒီလိုစကားမျိုး ပြောထွက်ရလောက်အောင် တကယ်ပဲ ဘာတွေ ဖြစ်ခဲ့လို့ပါလိမ့် …