← Chapters

အခန်း (၄၄၀-၄၄၁)

Vol. 41 Ch. 440-441

အခန်း (၄၄၀-၄၄၁)

Vol. 41 Ch. 440-441

အခန်း ၄၄၀ - ဘယ်က ဝိညာဉ်တစ်သောင်းတံခွန်လဲ၊ ဒါက ငါ့ရဲ့ လူသားဧကရာဇ်တံခွန်ပဲ

ခရမ်းရောင်ကံကြမ္မာ ဘိုးဘေး ထွက်သွားပြီးနောက် ကျိယွမ်သည် ဂူဗိမာန်အတွင်း တစ်ယောက်တည်း ကျန်ရစ်ခဲ့လေသည်။

သူသည် သူ၏ပတ်ဝန်းကျင်ရှိ အစီအရင်များအားလုံးကို ပြန်လည် အသက်သွင်းလိုက်၏။

မည်သို့ပင်ဖြစ်စေ အဘိုးကြီးတစ်ယောက်က သူ့ကို အချိန်ပြည့် စောင့်ကြည့်နေသည်ကို သူ အလိုမရှိပါ။

"ဒါဆို ငါက တိုက်ခိုက်ရေးအမျိုးအစား ဖန်ဆင်းရှင်ရတနာ တစ်ခု ဖော်စပ်ဖို့ လိုနေတာလား။ ပြီးတော့ အမြင့်ဆုံးမူလသဘောတရား ကိုလည်း နားလည်သဘောပေါက်ရမယ်ပေါ့။"

"ဒါ့အပြင် ထိုက်ဟွမ်နန်းတော် က တစ်ယောက်နဲ့ ယှဉ်ချင်ရင် ငါ့ရဲ့ ဘိုးဘေးသွေးကျင့်စဉ်ကိုလည်း အဆုံးထိ ကျင့်ရမယ်၊ ဒါမှမဟုတ် လက်ရှိ ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံမှု ကနေ မဟာမူလသဘောတရားနယ်ပယ် ကို ရောက်အောင် လုပ်ရမယ်ပေါ့။"

ကျိယွမ်သည် တွေးရင်းတွေးရင်းမှ သက်ပြင်းချလိုက်မိ၏။

ဤတာဝန်များထဲမှ တစ်ခုမျှ မလွယ်ကူပါ။

"ငါက အားနည်းနေသေးတယ်။ နောက်ထပ် မဟူရာနတ်ဆိုးဘိုးဘေးသွေးတွေသာ ထပ်မရရင် ဘိုးဘေးသွေးကျင့်စဉ် အဆုံးထိရောက်ဖို့ အနည်းဆုံး နောက်ထပ် နှစ်ပေါင်း ခုနစ်ဆယ်လောက် ကြာဦးမှာပဲ။"

ကျိယွမ်သည် မိမိကိုယ်ကို အပြစ်တင်သလို ခံစားနေရ၏။ ကမ္ဘာမြေ ပေါ်မှာဆိုလျှင် နောက်ထပ် နှစ်ပေါင်း ခုနစ်ဆယ်ဆိုလျှင် သူသည် ပင်စင်လစာ ထုတ်ယူနေရမည့် အရွယ် ဖြစ်နေပေလိမ့်မည်။

"ပြီးတော့ တိုက်ခိုက်ရေးအမျိုးအစား ဖန်ဆင်းရှင်ရတနာ ဆိုတာကရော.."

ကျိယွမ်က ထိုအကြောင်းကို စဉ်းစားလိုက်သည်။

"တစ္ဆေစိုးမိုးကောင်းကင်ဘုံ က ဝိညာဉ်တစ်သောင်းတံခွန် က သတ်ဖြတ်လိုစိတ်တွေ အရမ်းများလွန်းတယ်။ အဲဒါကို သန့်စင်ဖို့ လိုအပ်တယ်.. ဆိုရှယ်လစ် အသွင်ကူးပြောင်းမှုလေး နည်းနည်း လုပ်ပေးရမယ်ထင်တယ်။"

"ဆာဒါကိုတောင်မှ ပြည်သူ့ဆာဒါကို ဖြစ်လာနိုင်ရင် ဝိညာဉ်တစ်သောင်းတံခွန်က ဘာလို့ ငါ့ရဲ့ လူသားဧကရာဇ်တံခွန် မဖြစ်လာနိုင်ရမှာလဲ။"

"အဲဒါက လူတစ်ယောက်ဆိုရင်တော့ ပြုပြင်ပြောင်းလဲဖို့ ငါ ပျင်းနေမိမှာပဲ၊ သူတို့ရဲ့ လွတ်လပ်ခွင့်ကို လေးစားရဦးမယ်လေ။ ဒါပေမဲ့ ဒါက စိတ်ဝိညာဉ်မရှိတဲ့ ဖန်ဆင်းရှင်ရတနာတစ်ခုပဲဆိုတော့ အဲဒီလို စိုးရိမ်စရာ မလိုဘူး။"

ကျိယွမ်၏ ဦးနှောက်ထဲ၌ အကြံဉာဏ်များ စတင်ပေါ်ထွက်လာလေသည်။

သူက ဝိညာဥ်တစ်သောင်းအလံအား ထုတ်ယူလိုက်၏။

"ငါ့ရဲ့ သနားစရာ လူသားဧကရာဇ်တံခွန်လေး၊ မင်း ဒုက္ခရောက်ခဲ့ရပြီ။ အားလုံးက ငါ အားနည်းလွန်းလို့ မင်းကို မီးတောက်တွေထဲကနေ စောစောစီးစီး မကယ်ထုတ်နိုင်ခဲ့တာ။ ခဏလေး စောင့်ပါဦး၊ ငါ မင်းကို ကယ်တင်ပေးမယ်"

ယခုအခါ ကျိယွမ်၌ ပိုမိုသန်မာလာရန် အခြားသော အကြောင်းပြချက်တစ်ခု ထပ်တိုးလာခဲ့ပြီ ဖြစ်၏။

"စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်မြင့်မားတဲ့ လူတစ်ယောက်အနေနဲ့ ငါ့ရဲ့ လူသားဧကရာဇ်တံခွန်နဲ့ အရင်ဆုံး ရင်းနှီးအောင် လုပ်ရမယ်။"

လက်ရှိ စွမ်းအားနှင့်ဆိုလျှင် တစ္ဆေစိုးမိုးကောင်းကင်ဘုံသို့ အလွတ်ဝင်ရောက်ကာ ဝိညာဉ်တစ်သောင်းတံခွန်ကို လုယူရန် မဖြစ်နိုင်ကြောင်း ကျိယွမ် သိလေသည်။

သို့သော် သူ့ထံ၌ မိုနာ ထံမှ ရထားသော ဝိညာဉ်တစ်သောင်းတံခွန်အတု ရှိနေသဖြင့် ၎င်းက သူ့အား အသိအမြင်အချို့ ပေးနိုင်ပေလိမ့်မည်။

ဝိညာဉ်တစ်သောင်းတံခွန်ကို ကျိယွမ်က သေချာစွာ စစ်ဆေးလိုက်၏။

[ဝိညာဉ်တစ်သောင်းတံခွန် - ဝိညာဉ်အစေခံများ ဖန်တီးရန် သက်ရှိအားလုံး၏ ဝိညာဉ်များကို ဝါးမြိုသည်။ ချို့ယွင်းချက်အချို့ ရှိနေ၏။ အကယ်၍ ဝိညာဉ်အစေခံများကို နတ်ဘုရားဝိညာဉ်များနှင့် အစားထိုးလိုက်ပါက ၎င်း၏ စွမ်းအားကို အဆပေါင်း ရာကျော်အထိ မြှင့်တင်နိုင်သည်။ သက်ရှိများကို သတ်ဖြတ်သည့်အခါ သူတို့၏ အလိုဆန္ဒနှင့် စိတ်ခံစားမှုများကို လှုံ့ဆော်ပေးခြင်းကလည်း စွမ်းအားကို မြှင့်တင်ပေးနိုင်သည်။ သတ်ဖြတ်လော့...]

"တော်တော့...ငါက လူကောင်းပဲ။ တွေ့လေရာ သတ်စရာလား"

ကျိယွမ်သည် ချက်ချင်းပင် သန့်စင်ခြင်း အစီအရင်တစ်ခုကို ဖန်တီးကာ သူ၏ မျက်လုံးများကို ရေဆေးချလိုက်လေသည်။ သူ မြင်လိုက်ရသည့် အရာများကို မေ့သွားရန်အတွက် သူ၏ ဦးနှောက်ကိုပင် ဆေးကြောပစ်ရန် စဉ်းစားမိ၏။

သို့သော် ဦးနှောက်ထဲ ရေဝင်သွားပါက သူ၏ ပါရမီကို ထိခိုက်မည် စိုးသောကြောင့် မလုပ်ဖြစ်တော့ပေ။

ကျိယွမ်သည် သူကိုယ်တိုင်မှာ ကမ္ဘာမြေမှ လာသော ရိုးသားပြီး ကြိုးစားသည့် လူငယ်တစ်ဦးဖြစ်ကာ သူ၏ လူမျိုးစု၏ နှစ်ပေါင်း ငါးထောင် သမိုင်းကြောင်းမှ ကောင်းမွန်သော ရိုးရာဓလေ့များကို ဆက်ခံထားသူဖြစ်ကြောင်း အမြဲ သိထားလေသည်။

သူသည် ဆွဲဆောင်မှုများကို မတွန်းလှန်နိုင်ဘဲ လမ်းမှားသို့ ရောက်သွားကာ ဝိညာဉ်တစ်သောင်းတံခွန်၏ ပိုမိုဆိုးဝါးသော ဗားရှင်းကို ဖော်စပ်မိမည်ကို စိုးရိမ်မိ၏။ ထို့ကြောင့် မျက်လုံးဆေးကာ အရာအားလုံးကို မေ့ပစ်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

"နောင်ဆိုရင် ဝိညာဉ်တစ်သောင်းတံခွန်နဲ့ မိုလိုရေတွင်း ကို နေ့တိုင်း တစ်ချက်ကြည့်ပြီး အချက်အလက်တွေကို အသစ်ပြန်ဖြစ်အောင် လုပ်ရမယ်။"

သူ၏ မျက်လုံးများ မြင်နိုင်သော လျှို့ဝှက်ချက်များမှာ နေ့စဉ်နှင့်အမျှ ပြောင်းလဲနေမည် ဖြစ်၏။

သူသည် အချိန်စီးဆင်းမှု ပိုမြန်သော ကမ္ဘာတစ်ခုသို့ သွားကာ အချိန်မြန်မြန်ကုန်ခြင်းကို အသုံးချနိုင်သော်လည်း လက်ရှိအခြေအနေက ထိုမျှအလောတကြီးလုပ်ရန် မလိုအပ်သေးဟု ထင်မြင်မိလေသည်။

ဤသို့ဖြင့် တစ်လတာ အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွား၏။

ဤတစ်လအတွင်း မဟူရာနတ်ဆိုးဘိုးဘေးသွေးရရှိရန်မှာ အလွန်နှေးကွေးနေပြီး သူ စုံစမ်းခဲ့သော နေရာအချို့တွင်လည်း သွေးများမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ဘိုးဘေးသွေးကျင့်စဉ် မှာလည်း ရပ်တန့်နေခဲ့၏။

တစ်ခုတည်းသော သတင်းကောင်းမှာ ဤတစ်လအတွင်း ကျိယွမ်သည် ဖန်ဆင်းရှင်ရတနာများအကြောင်းကို ပိုမိုနက်ရှိုင်းစွာ နားလည်လာခဲ့ခြင်း ဖြစ်သည်။

ဝိညာဉ်တစ်သောင်းတံခွန်ကို လူသားဧကရာဇ်တံခွန်အဖြစ် မည်သို့ ပြုပြင်ရမည်ကို ယခုအခါ သူ အကြံရနေပြီ ဖြစ်၏။

ဝိညာဉ်တစ်သောင်းတံခွန်အတွင်း၌ မရေမတွက်နိုင်သော ရန်ငြိုးဖွဲ့နေသော ဝိညာဉ်များ ရှိနေလေသည်။ အကယ်၍ သူသည် ကြီးမားသော စွမ်းအားကို သုံးကာ ၎င်းတို့ကို သန့်စင်ပေးနိုင်လျှင် လူသားဧကရာဇ်တံခွန်အဖြစ် ပြောင်းလဲရန် ဖြစ်နိုင်ပေလိမ့်မည်။

"ဒါဆို လူသားဧကရာဇ်တံခွန်ကို ဖော်စပ်ပြီးလို့ ရန်သူတစ်ယောက်ကို အနိုင်ရတဲ့အခါ.. မဟာမေ့လျော့ခြင်းစိတ်ကျမ်း ကို သုံးပြီး သူတို့ရဲ့ ဝိညာဉ်တွေကို ပညာပေး ပြုပြင်ပြောင်းလဲရမယ်။"

ပြုပြင်ပြောင်းလဲပြီးနောက် သူတို့အား ဆရာဝန်နှင့် ပြသပေးရမည်ဖြစ်ကာ ထိုသူများမှာ တံတွေးတစိုစိုဖြင့် ဘာမှမသိသော အခြေအနေသို့ ရောက်သွားပေလိမ့်မည်။

"ဒီအထက်ကမ္ဘာက ကျင့်ကြံသူတွေက... တကယ်ကို အံ့သြစရာ ကောင်းတာပဲ။"

"သူတို့ရဲ့ ကြေမွသွားတဲ့ ဝိညာဉ်တွေက ငါ့ရဲ့ လူသားဧကရာဇ်တံခွန်အတွက် အမှုထမ်းပေးကြလိမ့်မယ်။"

"သူတို့ရဲ့ ခန္ဓာကိုယ်တွေကတော့ မြေအောက်ကမ္ဘာမှာ မြေဩဇာ ဖြစ်သွားလိမ့်မယ်။"

"ပြီးတော့ သူတို့ရဲ့ သိုလှောင်လက်စွပ်တွေနဲ့ နတ်ဘုရားကျောက်တုံးတွေကတော့ ငါ သုံးဖို့ ဖြစ်လာလိမ့်မယ်"

"အားလုံးက တကယ်ကို ချွေတာတတ်ကြတာပဲ.. ငါနဲ့ အတူတူပဲ။"

ကျိယွမ်သည် ဤသို့ တွေးတောနေမိ၏။

ထို့နောက် သူက ကျင်းလီ ထံသို့ မက်ဆေ့ခ်ျ ပို့လိုက်လေသည်။

"မင်း မူလသဘောတရား ဆွေးနွေးပွဲညီလာခံ ကို သွားမှာလား။"

ညီလာခံမှာ စတင်တော့မည်ဖြစ်သဖြင့် ကျိယွမ်သည် ထွက်ခွာရန် ပြင်ဆင်နေခြင်း ဖြစ်၏။ မကြာသေးမီက သူသည် ခရမ်းရောင်ကံကြမ္မာ ဘိုးဘေး၏ အကူအညီဖြင့် ဖန်ဆင်းရှင်ရတနာတစ်ခုမှတစ်ဆင့် ကျင်းလီနှင့် ဆက်သွယ်နိုင်ခဲ့လေသည်။

"ကျွန်မက နတ်ဆိုးချောက်ကမ်းပါး မှာ ပိတ်မိနေတာဆိုတော့ မသွားနိုင်ဘူး။"

ကျင်းလီ၏ လေသံတွင် စိတ်ပျက်မှု အရိပ်အယောင်လေး ပါဝင်နေ၏။

"မင်းတို့ရဲ့ လရောင်ကောင်းကင်ဘုံအရှင်ကရော သွားမှာလား။"

ကျိယွမ်က မေးလိုက်သည်။

ပြီးခဲ့သည့် တစ်ခေါက်က လနတ်ဘုရားနန်းတော် မှ လနတ်ဘုရားသခင် က လရောင် ကောင်းကင်ဘုံအရှင်မှာ ညီလာခံသို့ တက်ရောက်မည်ဟု ကျိယွမ်အား ပြောခဲ့ဖူးလေသည်။

သူ၏ ဆရာသခင် ရွမ်ယူချမ်း ချန်ထားခဲ့သော လမင်းအမှတ်အသား မှာ ယခင် လနတ်ဘုရား မူလဘိုးဘေး နှင့် ဆက်စပ်နေလေသည်။ သူ၏ ဆရာသခင်ရှိရာကို သိရှိနိုင်ရန် ကျိယွမ်အနေဖြင့် လရောင် ကောင်းကင်ဘုံအရှင် သို့မဟုတ် လနတ်ဘုရား မူလဘိုးဘေးကို မေးမြန်းရပေလိမ့်မည်။

"အင်း.. သူ ထွက်သွားပြီ။"

ကျင်းလီက ပြန်ဖြေလိုက်ပြီးနောက် သတိထပ်ပေး၏။

"ဒါပေမဲ့ ရှင်...ရှင့်ရဲ့ မူလပုံစံကိုတော့ မဖော်ပြနဲ့ဦးနော်။"

သူမက သူ၏ နေဆယ်စင်းကောင်းကင်ဘုံအရှင်ဟူသောဘွဲ့ကို ဆိုလိုခြင်း ဖြစ်သည်။

"စိတ်မပူပါနဲ့၊ ငါ မလုပ်ပါဘူး"

စကားအနည်းငယ်ဆက်ပြောပြီးနောက် ကျိယွမ်သည် သူ၏ ဂိမ်းကျောက်စိမ်းပြား ဆီသို့ အာရုံစိုက်လိုက်လေသည်။

"မျှော်လင့်ထားသလိုပဲ.. ငါ ပိုပြီး သန်မာလာလေလေ ဂိမ်းအသစ်တစ်ခု တက်လာဖို့ ပိုပြီး အချိန်ကြာလေလေပဲ။"

သို့သော် ကံကောင်းထောက်မစွာဖြင့် ဂိမ်းမှာ ထက်ဝက်ကျော် တက်နေပြီ ဖြစ်၏။

မကြာခင်မှာပင် သူ ဂိမ်းထဲသို့ ဝင်နိုင်ပေတော့မည်။

ကျိယွမ်သည် ဂိမ်းအသစ်အတွက် စိတ်လှုပ်ရှားနေမိ၏။

ပြီးတော့... တိတ်ဆိတ်သော အသံဖြင့် စကားပြောနိုင်သည့် ထိုထူးဆန်းသော သတ္တဝါလေးကိုလည်း သူ သတိရနေလေသည်။

ထိုအရာက... မျက်မမြင် ဖြစ်နေတာလား။ ဒါမှမဟုတ် ဘာလို့ လူအတစ်ယောက်လို့ ပြုမူနေရတာလဲ။

ကျိယွမ် တွေးနေစဉ်မှာပင် ထိုတိတ်ဆိတ်သော အသံကို သူ ထပ်မံ ကြားလိုက်ရပြန်၏။ ထိုအသံအတွင်း၌ ပျော်ရွှင်မှု ခံစားချက်ကို သူ ခံစားလိုက်ရလေသည်။

"ဟေး.. ငါ့မှာ မင်းအတွက် သတင်းကောင်းရှိတယ်.. ခဏနေရင် ငါ မင်းတို့ရဲ့ ဂိမ်းထဲကို လာခဲ့မယ်။ ငါ ရောက်တဲ့အခါ ဧကရာဇ် ရှုဟော် ဆီကနေ မင်းရဲ့ စွမ်းရည်တွေကို မြှင့်တင်ပေးဖို့ နည်းလမ်းတစ်ခုခု တောင်းပေးမယ်။"

ပြောပြီးသည်နှင့် ကျိယွမ်က နောင်တရသွား၏။ ၎င်းမှာ အနည်းငယ် နိမိတ်မကောင်းသလို ဖြစ်နေလေသည်။

မည်သို့ပင်ဖြစ်စေ စိတ်ကို ဖွင့်ပေးလိုက်ခြင်းက တစ်ခါတစ်ရံတွင် ရှုပ်ထွေးမှုများကိုသာ ဖြစ်ပေါ်စေတတ်သည် မဟုတ်ပါလား။

"ထားလိုက်ပါတော့.. ငါ ပြောတာကို မေ့လိုက်တော့..ဘိုင်ဘိုင်။"

သူသည် ပစ္စည်းများ သိမ်းဆည်းကာ မူလသဘောတရား ဆွေးနွေးပွဲညီလာခံ တက်ရောက်ရန် မဟူရာချောက်ကမ်းပါး သို့ ထွက်ခွာရမည့် အချိန် ရောက်ပြီ ဖြစ်သည်။

........

မဟူရာချောက်ကမ်းပါးရှိ ခန်းမကြီးအတွင်း၌ ဖြစ်၏။

အပြင်ဘက်နှင့် အတွင်းဘက် ဧရိယာများကို သေချာစွာ ခွဲခြားထားလေသည်။

အပြင်ဘက်ခန်းမတွင် တပည့်ဆယ့်ငါးဦးသာ စုဝေးနေကြ၏။ ဤ ဆယ့်ငါးဦးမှာ မဟူရာချောက်ကမ်းပါး၏ ပါရမီအရှိဆုံး တပည့်များ ဖြစ်ကြသည်။

ပြာလွင်သော ဝတ်စုံကို ဝတ်ဆင်ထားသည့် နှင်းခဲဓား က အတွင်းဘက်ခန်းမဆီသို့ လှမ်းကြည့်လိုက်ရင်း သူ၏ မျက်လုံးများမှာ တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။

"နောက်တစ်ကြိမ်မှာတော့ ငါ အပြင်ဘက်ခန်းမမှာ မဟုတ်ဘဲ အတွင်းဘက်ခန်းမမှာ ထိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။"

အတွင်းဘက်ခန်းမတွင်မူ ပါရမီရှင် ဓားနက် အပါအဝင် ကောင်းကင်ဘုံနေရာယူ ယန်နတ်ဘုရား များ အားလုံး ထိုင်နေကြလေသည်။

"ညီလာခံက နောက်ထပ် နည်းနည်းလောက် နောက်ကျမှ စရင်တော့ ငါလည်း အဲဒီထဲမှာ ထိုင်နေနိုင်မှာပဲ။"

ခရမ်းရောင်ကံကြမ္မာတာ့ရွှယ်ကလည်း အားကျမခံ ပြောလိုက်၏။

တပည့်ဆယ့်ငါးဦးထဲတွင် ခရမ်းရောင်ကံကြမ္မာကောင်းကင်မှ ကျိယွမ်နှင့် ခရမ်းရောင်ကံကြမ္မာတာ့ရွှယ် (နွားချိုမမ) နှစ်ဦးသာ ပါဝင်လေသည်။

"အားလုံးက အတူတူပါပဲ နွားချိုမမရာ.. မင်း ထိုင်ချင်ရင် အထဲဝင်ထိုင်လိုက်လေ။ ဘယ်မှာ ထိုင်မလဲဆိုတာ မင်းရဲ့ ကိုယ်ပိုင်အခွင့်အရေးပဲကို။"

ကျိယွမ်က မနေနိုင်စွာ နောက်လိုက်၏။

"ငါ့ရဲ့ တင်ပါးကြီးနဲ့ နင့်ခေါင်းပေါ်မှာ ထိုင်ချင်တာ၊ ရမလား။"

နွားချိုမမ၏ စကားမှာ အမြဲတမ်းပင် ပြတ်သားပြီး ရိုင်းစိုင်းလှ၏။

ကျိယွမ်က သူမ၏ လှပသော တင်ပါးကို တစ်ချက်ကြည့်လိုက်ကာ ဘာမှ ပြန်မပြောတော့ဘဲ သူမ၏ စကားကို နောက်မှ ပြန်ပြောရန် မှတ်ထားလိုက်လေသည်။

"ပြီးတော့ ငါ့ကို နွားချိုမမ လို့ မခေါ်နဲ့တော့"

"ဘာလို့လဲ။"

"ငါ နာမည်ပြောင်းလိုက်ပြီ။ ငါ့ကိုယ်ငါ သွေးဝတ်စုံ ဒါမှမဟုတ် ဓားနက် လို့ ခေါ်ရင် ကောင်းမလားလို့ စဉ်းစားနေတာ။ ဘယ်ဟာက ပိုနားထောင်ကောင်းလဲ။"

"ဟမ်"

ကျိယွမ်မှာ အနည်းငယ် ကြောင်သွားပြီး သူမ၏ ထူးဆန်းသော အတွေးကို လိုက်မမှီဖြစ်သွား၏။

"နင် ကြည့်လေ.. မဟူရာချောက်ကမ်းပါးမှာ ဓားနက် နဲ့ သွေးဝတ်စုံ ဆိုတဲ့ ပါရမီရှင် နှစ်ယောက် ရှိတယ်၊ ပြီးတော့ ကြားညှပ်နေတဲ့ နှင်းခဲဓား ရှိသေးတယ်။ နင် တစ်ခုခု သတိထားမိလား။"

နွားချိုမမက မေးလိုက်သည်။

သိပ်မဝေးသော နေရာမှ နှင်းခဲဓားက သူမကို လှမ်းကြည့်လိုက်သော်လည်း ဘာမှမဖြစ်သလိုပင် ဟန်ဆောင်ကာ တိတ်တိတ်ဆိတ်ဆိတ် နေလိုက်၏။

နွားချိုမမ သို့မဟုတ် သွေးဝတ်စုံတို့နှင့် ပတ်သက်ရန်မှာ မထိုက်တန်ပေ။ သူတို့နှစ်ဦးလုံးမှာ အခြားသူများကို အရှက်ရစေသည့် နေရာတွင် နာမည်ကြီးလေသည်။

"တစ်ခုခု ရှိတာလား"

ကျိယွမ်သည် သူနှင့် ဓားနက်အကြား ဆက်စပ်မှုကို မသိသေးပါ။

"အနက်ရောင်နဲ့ အနီရောင်က အရောင်တွေလေ။ ဓားနဲ့ ဝတ်စုံကတော့ အသုံးအဆောင်တွေပေါ့။ နင်တို့ရဲ့ ပါရမီတွေက ဒီလောက် မြင့်မားနေတာ နာမည်တွေနဲ့ ဆက်စပ်နေလို့လား မသိဘူးလေ။"

ထို့ကြောင့် နွားချိုမမက သူမ၏ အမည်ကို ပြောင်းလဲရန် စဉ်းစားနေခြင်း ဖြစ်၏။

"..."

ကျိယွမ်က သူမကို လျစ်လျူရှုထားလိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူမက အတော်လေးကို စိတ်ကူးယဉ်ဆန်လွန်းလှ၏။

သို့သော် နွားချိုမမက စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောနေပြန်သည်။

"သွေးဝတ်စုံ.. နင်က မူလသဘောတရား ဆွေးနွေးပွဲညီလာခံ တက်ဖို့ ဘယ်လို အရည်အချင်း ပြည့်မီသွားတာလဲ။ နောက်ပေါက်ကနေ ဝင်လာတာလား။"

နွားချိုမမ၏ အသံမှာ ကျယ်လောင်ပြီး အခြားသော ပါရမီရှင်များ၏ အာရုံစိုက်မှုကို ရရှိသွားလေသည်။

သွေးဝတ်စုံသည် မဟူရာချောက်ကမ်းပါးသို့ မကြာသေးမီကမှ ရောက်လာသူဖြစ်ရာ ဤညီလာခံကို တက်ရောက်ခွင့် ရရန်မှာ မဖြစ်နိုင်သလောက်ပင်။ သွေးဝတ်စုံက နေရာတစ်ခု ရရှိသွားကြောင်း သိရသောအခါ အန်ရွှန်းလု ပင်လျှင် အိပ်မပျော်နိုင်အောင် ဖြစ်ခဲ့ရလေသည်။

"နင်က မစ်ရှင်တွေကို ကြိုးကြိုးစားစား လုပ်နေပေမဲ့ ဒါက ညီလာခံတက်ဖို့ မလုံလောက်ဘူး ထင်တယ်နော်။"

နွားချိုမမက သိချင်စိတ်ဖြင့် ထပ်မေးလိုက်၏။

သူမ၏ မေးခွန်းမှာ ရိုးသားလှသည်။

အကယ်၍ အခြားသူတစ်ယောက်က ဤသို့ မေးခဲ့လျှင် ကျိယွမ်အနေဖြင့် သူ့အား အခက်တွေ့အောင် လုပ်နေသည်ဟု ထင်မိပေလိမ့်မည်။ သို့သော် ဤသူမှာ နွားချိုမမ ဖြစ်နေသဖြင့် အဓိပ္ပာယ်ရှိနေလေသည်။

သူမက စကားပရိယာယ်တွေကို နားမလည်ပေ ။ သိချင်လျှင်မေးမည် လိုချင်လျှင်ယူမည် ၊ ဟိိုဟိိုမာယာများနေခြင်းက သူမ၏စတိုင်လ်မဟုတ်ပေ။

"ဘာလို့လဲဆိုတော့ ငါ့ရဲ့ ဘိုးဘေးသွေးကျင့်စဉ် က အဆင့်မြင့်နေလို့ပဲ။"

ကျိယွမ်က ရိုးသားစွာ ပြန်ဖြေလိုက်၏။

"ဘိုးဘေးသွေးကျင့်စဉ် တစ်ခုတည်းနဲ့လား။ အဲဒါဆိုရင် အဆင့် ခြောက် ဒါမှမဟုတ် ခုနစ်လောက်ပဲ ရှိဦးမှာပေါ့။ သွေးဝတ်စုံ စီနီယာက ခရမ်းရောင်ကံကြမ္မာကောင်းကင်ကို အခုမှ ရောက်တာလေ.. အခုကတည်းက အဆင့် ခြောက် ဒါမှမဟုတ် ခုနစ်အထိ ရောက်နေပြီလို့ ပြောချင်တာလား။"

အခြားသော ကျင့်ကြံသူတစ်ဦးက မနေနိုင်စွာ ဝင်မေးလိုက်သည်။

မည်သို့ပင်ဖြစ်စေ သွေးဝတ်စုံက ခရမ်းရောင်ကံကြမ္မာကောင်းကင်သို့ ရောက်ရှိသည်မှာ တစ်နှစ်ခန့်သာ ရှိသေးလေသည်။ ပါရမီရှင် ဓားနက်ပင်လျှင် အဆင့် လေး သို့ ရောက်ရန် လေးနှစ် အချိန်ယူခဲ့ရခြင်း ဖြစ်၏။ ၎င်းမှာ ဖြစ်နိုင်စရာ အကြောင်းမရှိပေ။

ကျိယွမ်က ထိုလူငယ်အား ဒေါသထွက်စွာ ကြည့်လိုက်၏။

"အဆင့် ခြောက် ဒါမှမဟုတ် ခုနစ်လား။ မင်း ငါ့ကို အထင်သေးလွန်းရာ ကျနေပြီ။ ငါက အခု အဆင့်ဆယ့်တစ် ကို ရောက်နေပြီ။"

လူအုပ်ကြီးတစ်ခုလုံး တိတ်ဆိတ်သွားကြပြီး အားလုံးက ကျိယွမ်ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေသည်။

အဆင့်ဆယ့်တစ် ဟုတ်လား။

သူက တကယ်ပြောနေတာလား။

မူလသဘောတရားအဆင့်ကိုပါ ရောက်နေပြီလို့သာ ပြောလိုက်ပါတော့လား။

မဟူရာချောက်ကမ်းပါး တစ်ခုလုံး၌ ဘိုးဘေးသွေးကျင့်စဉ် အဆင့် တစ်ဆယ့်တစ် သို့ ရောက်ရှိသူ နှစ်ဆယ်အောက်သာ ရှိပေလိမ့်မည်။ ထိုသူတိုင်းမှာ အနည်းဆုံး မူလသဘောတရားအဆင့် ပညာရှင်များ ဖြစ်ကြလေသည်။

ကျိယွမ် ပြောသည်ကို မည်သူမျှ မယုံကြဘဲ ဟာသတစ်ခုအဖြစ်သာ မှတ်ယူလိုက်ကြ၏။

"နင်ကတော့လေ..."

နွားချိုမမက ပြုံးလိုက်သည်။

"မြန်မြန်လေး အဆင့်ဆယ့်ငါး အထိ ရောက်အောင် လုပ်လိုက်ဦး။ အဲဒီကျရင် နင် ငါ့ကို စောင့်ရှောက်ပေးလို့ ရပြီ။ ငါလည်း နေ့တိုင်း တင်ပါးဆေးပြီး နင့်ရဲ့ မယားငယ်ဖြစ်ဖို့ စောင့်နေမယ်။"

"ဒီရိုင်းစိုင်းတဲ့ မိန်းမ.. ငါ့နာမည်ကို ညှိုးနွမ်းအောင် မလုပ်နဲ့တော့"

ကျိယွမ်မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားလေသည်။

နွားချိုမမကဲ့သို့သော သူမျိုးနှင့်ဆိုလျှင် သူပင် ဘာလုပ်ရမှန်း မသိတော့ပေ။

ထိုအချိန်မှာပင် အေးစက်ပြီး လေးနက်သော အသံတစ်ခု ထွက်ပေါ်လာ၏။

"ဒီတစ်ကြိမ် မူလသဘောတရား ဆွေးနွေးပွဲညီလာခံအတွက် ငါ ကုရုံ က အဓိက ကြီးကြပ်သူအဖြစ် တာဝန်ယူမယ်၊ ဓားနက်က ငါ့ကို ကူညီလိမ့်မယ်။"

"အားလုံး ရောက်နေပြီဆိုရင်တော့.. သွားကြရအောင်။"

ခါးကုန်းကုန်းနှင့် အဘိုးကြီးတစ်ဦး လျှောက်လာ၏။ သူ၏ အရှိန်အဝါမှာ ပင်လယ်ကြီးကဲ့သို့ ကျယ်ပြောလှလေသည်။

"အဲဒီအဘိုးကြီးက ကြွားရတာ အရမ်း ဝါသနာပါတာ။ ကောင်းကင်ဘုံအရှင် တစ်ယောက် ဖြစ်နေတာတောင် ခါးကုန်းချင်ယောင် ဆောင်နေသေးတယ်။"

နွားချိုမမက ကျိယွမ်အား လှမ်းပြောလိုက်၏။

"သူ့ရဲ့ ခါးက အတော်လေး ခိုင်ခံ့ပုံရပါတယ်။ မင်းရဲ့ တင်ပါးကြီးနဲ့ ထိုင်ဖို့ နေရာလိုတယ် ဆိုရင်တော့ သူ့ခါးပေါ်မှာ သွားထိုင်လိုက်ပါလား။"

ကျိယွမ်က အလေးအနက် ပြန်ပြောလိုက်သည်။

ကုရုံကောင်းကင်ဘုံအရှင်သည် ခရမ်းရောင်ကံကြမ္မာကောင်းကင်မှ မဟုတ်ဘဲ ဝိညာဉ်ကောင်းကင်မှ ဖြစ်ပြီး ခရမ်းရောင်ကံကြမ္မာကောင်းကင်နှင့် ဆက်ဆံရေး သိပ်မကောင်းသော အဖွဲ့အစည်းတစ်ခုလည်း ဖြစ်၏။

ဝိညာဉ်ကောင်းကင်သည် ထိုက်ဟွမ်နန်းတော်နှင့်လည်း မဟာမိတ် ဖြစ်ကာ လနတ်ဘုရားနန်းတော်နှင့် မကြာခဏ ပဋိပက္ခ ဖြစ်လေ့ရှိလေသည်။

"သွားစမ်းပါ.. နင်ပဲ သွားထိုင်လိုက်။"

နွားချိုမမက ကျိယွမ်ကို မျက်စောင်းထိုးလိုက်၏။

"ငါက လူကြီးတွေကို ရိုသေတတ်တယ်လေ။"

ကျိယွမ်က အတည်ပေါက်ပြန်ပြောလိုက်သည်။

"နင်ကလား..ရိုသေတယ်ပေါ့..ဒါက ဒီနေ့ ငါကြားဖူးသမျှထဲမှာ ရယ်ရဆုံး ဟာသပဲ။"

နွားချိုမမက တဟားဟားအော်ရယ်လ်ုက်လေ၏။

သူတို့ စကားများနေစဉ်မှာပင် ကောင်းကင်ဘုံနေရာယူ ယန်နတ်ဘုရား ဆယ်ဦးကျော်နှင့် ပါရမီရှင် တစ်ဒါဇင်ခန့်မှာ အကာအကွယ် အစီအရင်တစ်ခုအတွင်းသို့ ဝင်ရောက်လိုက်ကြ၏။

ထိုအစီအရင်မှာ ခုခံခြင်း၊ ရွေ့လျားခြင်းနှင့် တိုက်ခိုက်ခြင်းတို့ကို ပေါင်းစပ်ထားပြီး တယ်လီပို့ အစီအရင်များအတွင်းသို့ပင် ဝင်ရောက်နိုင်လေသည်။

မဟူရာချောက်ကမ်းပါးသည် ခရီးသွားလာရန်အတွက် ထိုကဲ့သို့သော အစီအရင်များကို အမြဲ အသုံးပြုလေ့ရှိသည်။

ထိုအချိန်တွင် ယန်နတ်ဘုရားများမှာ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် မျက်စိမှိတ် ထိုင်နေကြပြီး လူငယ်ပါရမီရှင်များနှင့် သီးခြားစီ နေထိုင်ကြလေသည်။

မည်သို့ပင်ဖြစ်စေ သူတို့ ငယ်စဉ်ကလည်း အားလုံးမှာ ပါရမီရှင်များ ဖြစ်ခဲ့ကြသည် မဟုတ်ပါလား။

ပါရမီရှင် ဓားနက် တစ်ဦးတည်းသာလျှင် လူငယ်များနှင့် စကားပြောကာ သူတို့၏ မေးခွန်းများကို ဖြေကြားပေးနေလေသည်။

"မူလသဘောတရား ဆွေးနွေးပွဲညီလာခံ မှာ မူလသဘောတရား ဆွေးနွေးမှုတွေသာမက ယန်နတ်ဘုရား နဲ့ ယင်နတ်ဘုရား အဆင့် ဆွေးနွေးမှုတွေလည်း ပါဝင်တယ်။ အဲဒါတွေက မူလသဘောတရား ဆွေးနွေးမှုတွေ မတိုင်ခင် လုပ်လိမ့်မယ်။"

"တကယ်လို့ မင်းတို့ စိတ်ဝင်စားတယ်ဆိုရင် အဲဒီအဆင့်တွေမှာ အရင်သွားပြီး အကြံဉာဏ်တွေ ဖလှယ်လို့ ရတယ်။"

ဓားနက်၏ တည်ငြိမ်သော အသံမှာ နွေဦးလေညင်းကဲ့သို့ နွေးထွေးမှုကို ပေးစွမ်းလေသည်။

ဒါကို ကြားသောအခါ ကျိယွမ်၏ မျက်လုံးများ တောက်ပသွား၏။

သူသည် လက်ရှိတွင် ခရမ်းရောင်နန်းတော်အဆင့်၌ ရှိနေပြီး ယင်နတ်ဘုရား အဖြစ်သို့ မည်သို့ တက်လှမ်းရမည်ကို မဆုံးဖြတ်ရသေးပေ။ ၎င်းမှာ ယင်နတ်ဘုရား ဆွေးနွေးပွဲညီလာခံသို့ တက်ရောက်ရန်နှင့် အသိဉာဏ်ရှိသူများနှင့် တွေ့ဆုံရန် အကောင်းဆုံး အခွင့်အရေး ဖြစ်လေသည်။

ထို့အပြင် သူ့၌ အစီအစဉ်တစ်ခု ရှိပြီးသား ဖြစ်၏။

ယင်နတ်ဘုရား ဆွေးနွေးပွဲသို့ တက်ရောက်ကာ ယင်နတ်ဘုရား လမ်းစဉ်ကို နားလည်အောင် လုပ်ပြီးနောက် မဟာမူလသဘောတရားနယ်ပယ် ကို ဆင်ခြင်ရန်အတွက် မူလသဘောတရားနံရံ သို့ သွားမည် ဖြစ်သည်။

သူ၏အချိန်ဇယားမှာ အပြည့်ဖြစ်နေ၏။

ငါအတွင်းရေးမှူးလှလှလေး တစ်ယောက်တော့ လိုပြီထင်တယ် ။

"ဓားနက် စီနီယာ.. ကျွန်တော်တို့ မဟူရာချောက်ကမ်းပါးက လူတွေက သွေးမျိုးဆက်တွေ သန်မာကြပေမဲ့ နားလည်သဘောပေါက်နိုင်စွမ်းကတော့ သာမန်ပဲ ဖြစ်နေတတ်တယ်။ တကယ်လို့ တစ်နေ့မှာ ကျွန်တော်တို့ မူလသဘောတရားနံရံ ကို ရောက်သွားပြီး အနိမ့်ဆုံးအဆင့် မူလသဘောတရားကိုပဲ ရခဲ့ရင် ဘယ်လိုလုပ်မလဲ။"

ဉာဏ်ရည် သိပ်မမြင့်သော ပါရမီရှင်တစ်ဦးက မေးလိုက်၏။

"အဲဒီလို ဖြစ်လာခဲ့ရင် မဟာမူလသဘောတရားနယ်ပယ် ကို ရောက်အောင် ကြိုးစားရမယ်။ အဲဒီအဆင့်ကို ရောက်သွားရင် အမြင့်ဆုံးမူလသဘောတရား ကလွဲလို့ မင်းတို့ရဲ့ မူလသဘောတရား အဆင့်အတန်းက တိုက်ခိုက်ရေးစွမ်းအားအပေါ်မှာ သိပ်ပြီး သက်ရောက်မှု မရှိတော့ဘူး။"

ဓားနက်က တည်ငြိမ်စွာ ပြန်ဖြေ၏။

"မဟာမူလသဘောတရားအဆင့်မှာဆိုရင် အဆင့်မြင့် မူလသဘောတရားနဲ့ အနိမ့်ဆုံးအဆင့်အကြား ကွာခြားချက်က မပြောပလောက်တော့ဘူး။"

အမြင့်ဆုံးမူလသဘောတရား၏ အောက်တွင် အားလုံးမှာ တန်းတူပင် ဖြစ်၏။

မူလသဘောတရားအဆင့်တွင်မူ မူလသဘောတရား၏ အဆင့်များမှာ တိုက်ခိုက်ရေးစွမ်းအားအပေါ် သက်ရောက်မှု ရှိနေသေးသော်လည်း မဟာမူလသဘောတရားနယ်ပယ်သို့ ရောက်သောအခါ ထိုကွာခြားချက်မှာ မရှိသလောက် ဖြစ်သွားလေသည်။

တစ်ဦးကိုတစ်ဦး သတ်ရန် မဖြစ်နိုင်သလို တိုက်ခိုက်ရေးအမျိုးအစား ဖန်ဆင်းရှင်ရတနာ မရှိဘဲ တစ်ဦးကိုတစ်ဦး ဒဏ်ရာရအောင်ပင် မလုပ်နိုင်ကြပေ။

"စီနီယာဓားနက်.. စီနီယာရဲ့ ထူးခြားတဲ့ ပါရမီနဲ့ဆိုရင် အမြင့်ဆုံးမူလသဘောတရား ကို နားလည်အောင် လုပ်ဖို့ ရည်ရွယ်ထားမှာပဲ။ ဘယ်လမ်းစဉ်ကို ရွေးချယ်ဖို့ စဉ်းစားထားလဲ။"

ကျင့်ကြံသူ လူငယ်တစ်ဦးက သိချင်စိတ်ဖြင့် မေးလိုက်၏။

အခြားသော ပါရမီရှင်များကလည်း မနာလိုစိတ်များဖြင့် ကြည့်နေကြလေသည်။

နှင်းခဲဓား ပင်လျှင် ဓားနက်ကို အားကျသော မျက်လုံးများဖြင့် ကြည့်နေ၏။

မည်သို့ပင်ဖြစ်စေ ဓားနက်သည် မဟူရာချောက်ကမ်းပါး၌ အမြင့်ဆုံးမူလသဘောတရားကို နားလည်နိုင်စွမ်းရှိသော တစ်ဦးတည်းသောသူ ဖြစ်လေသည်။ သူတို့၏ အမြင်တွင် သွေးဝတ်စုံ၏ အလားအလာမှာ မဟာမူလသဘောတရားအဆင့်၌သာ ကုန်ဆုံးသွားမည်ဖြစ်ပြီး အမြင့်ဆုံးမူလသဘောတရားကို ရနိုင်လိမ့်မည် မဟုတ်ပေ။

"ထာဝရတည်မြဲခြင်းလမ်းစဉ် - မပြောင်းလဲသော၊ ထာဝရတည်မြဲသော ဥပဒေသ။"

"တစ်ခုတည်းသောပေါင်းစည်းခြင်းလမ်းစဉ်- အရာအားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းခြင်း၊ အထွတ်အထိပ်နှင့် အနှိုင်းမဲ့ခြင်း။"

"သံသရာလည်ခြင်းလမ်းစဉ် - အဆုံးမရှိ လည်ပတ်နေခြင်း၊ ဖန်တီးခြင်းနှင့် ဖျက်ဆီးခြင်းတို့၏ ထာဝရ သံသရာ။"

"မူလပင်ကိုယ်လမ်းစဉ် - အရာအားလုံး၏ မြစ်ဖျားခံရာ၊ မူလပင်ကိုယ် အနှစ်သာရ။"

"မူလပင်ကိုယ်လမ်းစဉ် က သွေးမျိုးဆက်အပေါ်မှာ အရမ်း အာရုံစိုက်လွန်းတယ်။ ငါ့ရဲ့ သွေးမျိုးဆက်က အဲဒါနဲ့ မသက်ဆိုင်တဲ့အတွက် အဲဒီလမ်းစဉ်နဲ့ ငါ ရေစက်မပါဘူး ထင်တယ်။ သံသရာလည်ခြင်းလမ်းစဉ် ကတော့ လျှို့ဝှက်ဆန်းကြယ်ပြီး အန္တရာယ်များလွန်းတယ်.. အကယ်၍ ငါ အဲဒါကို တည်ဆောက်တဲ့နေရာမှာ ရှုံးနိမ့်သွားရင် ငါ သေသွားရုံတင်မကဘဲ ငါ့ရဲ့ တည်ရှိမှုပါ ပျောက်ကွယ်သွားလိမ့်မယ်။ အခုထိ ကောင်းကင်ဘုံ ခြောက်ခုလုံးမှာ အဲဒီလမ်းစဉ်ကို လျှောက်လှမ်းတဲ့သူ မရှိသေးတဲ့အတွက် အတုယူစရာ မရှိဘူး။ အဲဒီတော့ တစ်ခုတည်းသောပေါင်းစည်းခြင်းလမ်းစဉ် နဲ့ ထာဝရတည်မြဲခြင်းလမ်းစဉ် ပဲ ကျန်တော့တယ်။ အဲဒီနှစ်ခုလုံးက စစ်မှန်တဲ့ လမ်းစဉ်တွေပဲ။ ငါ အဲဒီထဲက တစ်ခုကို ရွေးချယ်မယ်။"

ဓားနက်၏ အဖြေမှာ ပွင့်လင်းလှ၏။

ကောင်းကင်ဘုံ ခြောက်ခုရှိ အမြင့်ဆုံးမူလသဘောတရားကို ကျွမ်းကျင်သော ပညာရှင် အများစုမှာ ထိုလမ်းစဉ် နှစ်ခုထဲမှ တစ်ခုကို ရွေးချယ်ခဲ့ကြခြင်း ဖြစ်သည်။

ထိုက်ဟွမ်နန်းတော် မှ မဟာမူလသဘောတရား ပညာရှင်သည် တစ်ခုတည်းသော နေမင်းလမ်းစဉ်ကို ရွေးချယ်ခဲ့၏။ လနတ်ဘုရား မူလဘိုးဘေး မှာမူ ရှားပါးသော မူလပင်ကိုယ် လမင်းလမ်းစဉ်ကို ရွေးချယ်ခဲ့လေသည်။

၄င်းကို ကြားသောအခါ ကျိယွမ်၌ ရုတ်တရက် ထူးဆန်းသော အတွေးတစ်ခု ပေါ်လာ၏။

"လမ်းစဉ် လေးခုလုံးကို နားလည်သွားတဲ့သူ ရှိလား။"

ထိုစကားကြောင့် တက်ကြွနေသော လူအုပ်ကြီးမှာ တိတ်ဆိတ်သွားပြီး ကျိယွမ်အား ငတုံးတစ်ဦးကဲ့သို့ စိုက်ကြည့်နေကြလေသည်။

ဒါက ဘယ်လို မေးခွန်းလဲ။

ကောင်းကင်ဘုံခြောက်ခုရှိ မရေမတွက်နိုင်သော သတ္တဝါများထဲတွင် အမြင့်ဆုံးမူလသဘောတရားကို ကျွမ်းကျင်သူမှာ လက်ချိုးရေတွက်၍ပင် ရလေသည်။

ကျိယွမ်၏ မေးခွန်းမှာ အလယ်တန်းကျောင်းသားတစ်ဦးက NBA ချန်ပီယံဆု၊ ကမ္ဘာဖလား ရွှေတံဆိပ်ဆု၊ နိုဗယ်ဆု နှင့် ကမ္ဘာ့အဆင့် ကစားပွဲ ချန်ပီယံဆု အားလုံးကို တစ်ပြိုင်နက်တည်း ရနိုင်မလားဟု မေးနေသကဲ့သို့ပင်။

ဓားနက်က ကျိယွမ်ကို လှမ်းကြည့်လိုက်ပြီး ခဏမျှ တွေးတောကာ အလေးအနက် ပြန်ဖြေ၏။

"သီအိုရီအရတော့... ဖြစ်နိုင်ပါတယ်။"

မှန်ပါသည်၊ သီအိုရီအရဆိုလျှင် အရာအားလုံး ဖြစ်နိုင်လေသည်။

အတိတ်မှာ ထိုကဲ့သို့ ဖြစ်ရပ်မျိုး မရှိခဲ့သော်လည်း အနာဂတ်မှာ မဖြစ်နိုင်ဟု မဆိုလိုပေ။

"အင်း...သီအိုရီအရ ဖြစ်နိုင်တယ်ဆိုရင်တော့ ရနိုင်တာပေါ့။ အား.. ဒါက ခက်ခဲလိုက်တာ။ ဒီတစ်ခါ ငါ ဘယ်နှစ်ခုလောက် နားလည်အောင် လုပ်ရမလဲ။ ဆုံးဖြတ်ရတာ အရမ်း ခက်တာပဲ။ ငါ့ရဲ့ ပါရမီရှိတဲ့ ဦးနှောက်ကတော့ ဒုက္ခပြန်ရောက်ဦးမှာပဲ"

ကျိယွမ်က သက်ပြင်းချလိုက်၏။

"ဒီညတော့ အစားကို ပိုစားထားမှ ဖြစ်မယ်။ အာဟာရဖြစ်အောင် ကြက်ဥတစ်လုံးလောက် ထပ်စားသင့်တယ် ထင်တယ်။"

"..."

လူအုပ်ကြီးမှာ ဘာမှ ပြန်မပြောနိုင်ဘဲ စိတ်ပျက်လက်ပျက် ဖြစ်သွားကြလေသည်။

ငါတို့ ချောက်ကမ်းပါးကို ဘယ်လိုကောင်ကြီး ရောက်လာတာလဲ။

အားလုံးကို အရှက်ခွဲနေတာပဲ။

"နှင်းခဲဓား ကို ကြက်ဥတစ်လုံးလောက် အုခိုင်းလိုက်ပါလား။ သူ့မှာ နှင်းခဲဖီးနစ် သွေးမျိုးဆက် ရှိတာဆိုတော့ သူအုတဲ့ ဥက ပိုပြီး အာဟာရဖြစ်မှာ သေချာတယ်။"

နွားချိုမမကလည်း ကျိယွမ်နှင့်သိပ်မကွာလှပေ။

ကျိယွမ်က ဥပါဒါန်သွေးမျိုးဆက်ရှိခြင်းကြောင့် ထိုသို့ဖြစ်နေခြင်းမှာ သဘာဝကျသော်လည်း သူမကတော့ အဘယ့်ကြောင့် ထိုသို့ဖြစ်နေမှန်း မသိပေ။

"မင်းက ပညာ မရှိလိုက်တာ။ ခုနကတင် သူ့ကို အစ်ကိုနှင်းခဲဓားလို့ ခေါ်ပြီးတော့ အစ်ကိုက ဘယ်လိုလုပ် ဥအုနိုင်မှာလဲ။"

ကျိယွမ်က သူ နိုင်သွားပြီဟု ထင်လိုက်သည်။ နွားချိုမမက ပညာမရှိမှန်း သိသာ၏။

အထီးများမှာ ဥမအုနိုင်ကြပေ။ အမများသာ အုနိုင်ခြင်း ဖြစ်၏။

"အဲဒါက လွယ်ပါတယ်။ ယောက်ျားတွေကို ဥအုအောင် လုပ်နိုင်တဲ့ အစီအရင်တစ်ခု ငါ သိတယ်"

နွားချိုမမက အရှုံးမပေးစတမ်း ပြန်ပြောလိုက်လေသည်။

နှင်းခဲဓားမှာ စကားမဲ့သွားတော့သည်။

"..."

သူသည် ဤနှစ်ယောက်နှင့် ဝေးဝေးနေရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း... ယခုအခါ အားလုံးက နှင်းခဲဓားကို သနားစရာကောင်းသလို ဟာသတစ်ခုလိုပါ ကြည့်နေကြလေတော့သည်။

ငါပြောတယ် ဒီနှစ်ကောင်နဲ့ ဝေးဝေးနေပါဆို....။

-----------

အခန်း ၄၄၁ - မိတ်ဟောင်းဆွေဟောင်းတစ်ယောက်လား..

သူတို့နှစ်ဦး၏ ပေါက်ကရစကားဝိုင်းကြောင့် နှင်းခဲဓား၏ မျက်နှာမှာ စိမ်းလာလိုက် နီရဲလာလိုက် ဖြစ်သွားသည်။

ပတ်ဝန်းကျင်ရှိ ပါရမီရှင် လူငယ်များကလည်း ထိန်းထားသည့်ကြားမှ စပ်ဖြီးဖြီးများ ဖြစ်နေကြသည်။

သန်မာထွားကြိုင်းသော လူတစ်ယောက်က မနေနိုင်စွာ ထပြောမိလေ၏။

" စီနီယာအစ်ကို နှင်းခဲဓား. သူတို့က အစ်ကို့ကို ဒီလိုမျိုး အတင်းပြောနေတာကို အစ်ကိုက သည်းခံနေတာလား. ရှစ်လွှာမြောက် ဘိုးဘေးသွေးအတတ်ပညာကို သုံးပြီးတော့ ၁၁ လွှာရောက်နေပြီလို့ လေကျယ်နေတဲ့ သွေးဝတ်စုံကို စိန်ခေါ်လိုက်ပါလား"

ထိုလူမှာ တမင်သပ်သပ်ပြဿနာတက်အောင် မီးထိုးပေးနေခြင်းဖြစ်ပြီး သူ၏ လေသံမှာလည်း လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေ၏။.

အခြားသော ပါရမီရှင်များကလည်း နှင်းခဲဓားကို မျှော်လင့်တကြီး ကြည့်နေကြသည်။

ခရမ်းရောင်ကံကြမ္မာ ဘိုးဘေးကိုယ်တိုင် အလေးပေးထားသည့် ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံ၏ အတော်ဆုံးပါရမီရှင် သွေးဝတ်စုံ၏ အရည်အချင်းကို သူတို့ကိုယ်တိုင် မြင်တွေ့လိုကြသည်ကတော့ အမှန်ပင်။

ဒီကောင်က ဘာမို့လို့ ဘိုးဘေးတစ်ယောက်က အလိုလ်ုက်ထားရတာလဲ။.

" ဟမ့်. ငါက ငါ့ထက် အဆင့်မြင့်တဲ့သူတွေကို စိန်ခေါ်ရတာကို မကြိုက်ဘူး. ဒါပေမဲ့ ငါ့ထက် အားနည်းတဲ့သူတွေကို နှိပ်စက်ရတာကိုတော့ သဘောကျတယ်. ငါက ၅ လွှာပဲရှိတဲ့ မင်းကို စိန်ခေါ်စေချင်တာလား. "

နှင်းခဲဓားက ထိုသူ၏ မြှောက်ထိုးပင့်ကော်စကားထဲကို မဝင်ပါ ။

သူ့အတွက်မူ သွေးဝတ်စုံနှင့် ဝေးဝေးနေခြင်းကသာ အကောင်းဆုံးဖြစ်သည်. သို့မဟုတ်ပါက ကံဆိုးမှုများနှင့် ကြုံတွေ့ရပေလိမ့်မည်။

သွေးဝတ်စုံ၏ အင်အားကို သိချင်သော်လည်း သွေးဝတ်စုံက မိုနာကို သတ်နိုင်ခဲ့၏။. အင်အားအရ ပြောရလျှင် သူသည် နှင်းခဲဓားထက် အနည်းဆုံး တစ်ဆင့်မက သာလွန်ပေလိမ့်မည်.။

ဘယ်လောက်အထိ ပိုသန်မာသလဲဆိုသည်ကိုတော့ အတိအကျမသေချာသေးပေ။

သူသည် သွေးဝတ်စုံနှင့် ဓားနက်တို့ကြားက ကွာဟချက်ကိုလည်း သိချင်နေသည်။

ရန်တိုက်ပေးသူမှာ တိတ်ဆိတ်သွားလေ၏။

၎င်းမှာ သေးငယ်သော ဟာသအဖြစ်အပျက်တစ်ခုသာ ဖြစ်သည်။. သူတို့တစ်ဦးချင်းစီတွင် ကိုယ်ပိုင်အတွေးများ ရှိကြပြီး မူလသဘောတရား ဆွေးနွေးပွဲသို့ မျှော်လင့်ချက်ကိုယ်စီဖြင့် ဦးတည်သွားကြလေသည်.

မူလသဘောတရား ဆွေးနွေးပွဲသည် ဆဋ္ဌမမြောက် ကောင်းကင်ဘုံတွင် အကြီးကျယ်ဆုံးသော အခမ်းအနား ဖြစ်၏။

.

၎င်းသည် သူတို့၏ ဘဝတစ်လျှောက်တွင် ယန်နတ်ဘုရား အမြောက်အမြားကို တစ်နေရာတည်း၌ မြင်တွေ့နိုင်မည့် တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်သည်။.

ဆဋ္ဌမမြောက် ကောင်းကင်ဘုံရှိ မြင်မြတ်နယ်မြေတစ်ခုတွင်ဖြစ်သည်။

ကောင်းကင်ယံတွင် တောက်ပသော အလင်းတန်းများ လင်းလက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက ငြိမ်သက်နေရာမှ ဒီရေကဲ့သို့ တက်လိုက်ကျလိုက် ဖြစ်နေသည်။

အဖြူအမည်း ဝတ်စုံဝတ်ထားသော လူတစ်ယောက်သည် ထိုနေရာတွင် ရပ်နေပြီး သူ၏ အကြည့်များမှာ နေမင်းကဲ့သို့ ပူပြင်းလှ၏။

သာမန် ယန်နတ်ဘုရားများမှာ သူ၏မျက်လုံးများကို တစ်ချက်ပင်မော့မကြည့်ဝံ့ကြပေ။

"နေဆယ်စင်း ကောင်းကင်ဘုံအရှင်ရဲ့ သတင်းက ခုထိ မရသေးဘူးလား."

ထိုက်စီကောင်းကင်ဘုံအရှင်က အေးစက်စွာမေးလိုက်သည် ။သူ၏ အသံမှာ အေးစက်နေသော်လည်း ကြားရသူများအတွက် ပူလောင်သည့် ခံစားချက်ကို ဖြစ်ပေါ်စေသည်။

ထိုက်စီ ကောင်းကင်ဘုံအရှင်သည် ထိုက်ဟွမ်နန်းတော်မှ မူလသဘောတရား နယ်ပယ် ယန်နတ်ဘုရား တစ်ဦးပင်။

သူသည် ထိုက်ဟွမ်နန်းတော်အတွင်း၌ မဟာ မူလသဘောတရားနယ်ပယ်သို့ တက်လှမ်းရန် အလားအလာ အရှိဆုံးသူလည်း ဖြစ်၏။

လွန်ခဲ့သော အချိန်အတန်ကြာက နေဆယ်စင်းယန်နတ်ဘုရားသည် ထိုက်ဟွမ်နန်းတော်ကို စစ်ကြေညာခဲ့သည်.။

ဤအဖြစ်အပျက်က ဆဋ္ဌမမြောက် ကောင်းကင်ဘုံ တစ်ခုလုံးကို တုန်လှုပ်စေခဲ့ပြီး ထိုက်ဟွမ်နန်းတော်ကိုလည်း အမျက်ထွက်စေခဲ့သည်။.

နေဆယ်စင်း ကောင်းကင်ဘုံအရှင်ကို ရှာဖွေပြီး ဖမ်းဆီးရန် သို့မဟုတ် သတ်ရန်မှာ ထိုက်စီ ကောင်းကင်ဘုံအရှင်၏ တာဝန် ဖြစ်လာသည်။.

" ကောင်းကင်ဘုံအရှင်ကို တင်ပြပါတယ်. နေဆယ်စင်း ကောင်းကင်ဘုံအရှင်ရဲ့ ဇစ်မြစ်က နက်နဲနေဆဲဖြစ်ပြီး ဘာသတင်းမှ မရသေးပါဘူး"

ယန်နတ်ဘုရား တစ်ဦးက စိုးရွံ့စွာ ပြန်ဖြေ၏။

" သူက အောက်ပိုင်းနယ်မြေတွေက ဖြစ်နိုင်တယ်. ပထမမြောက် ကောင်းကင်ဘုံမှာ ပုန်းနေတာလည်း ဖြစ်နိုင်ပါတယ်."

"ပထမမြောက် ကောင်းကင်ဘုံက အတိုင်းအဆမရှိ ကျယ်ပြောလှတယ်. ငါတို့တစ်ဘဝလုံး ရှာရင်တောင် အနှံ့အပြား ရှာနိုင်မှာ မဟုတ်ဘူး."

အခြား ယန်နတ်ဘုရား တစ်ဦးက ခက်ခဲသော မျက်နှာထားဖြင့် တင်ပြလေသည်.။

ထိုက်ဟွမ်နန်းတော်သည် အောက်ပိုင်းနယ်မြေများသို့ ဆင်းသက်သွားသော ကမ္ဘာပေါင်းသုံးထောင်ထဲမှ တစ်ခုနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်. ထိုအထဲတွင် နေဆယ်စင်း ပါဝင်ပတ်သက်နေသည်ဟု သူတို့က သံသယရှိနေကြ၏။

.

အထူးသဖြင့် ယန်နတ်ဘုရား တစ်ဦး ထွက်ပေါ်ခဲ့ဖူးသော ကန်းလန်ကမ္ဘာ ဖြစ်သည်.။

အကြောင်းမှာ ကန်းလန်ကမ္ဘာတွင် တာဝန်ပေးထားသော အစောင့်အရှောက်မှာ ပျောက်ကွယ်သွားသောကြောင့် ဖြစ်သည်။

" သူက အောက်ပိုင်းနယ်မြေက ဖြစ်တာ သေချာတယ်. သူက ယန်နတ်ဘုရား ဖြစ်ဖို့ တခြားနည်းလမ်းကို သုံးနေပုံရပြီး မူလသဘောတရား နယ်ပယ်ကို မရောက်သေးဘူး."

"သူက ဒီ မူလသဘောတရား ဆွေးနွေးပွဲကို လာနိုင်တယ်."

"ဒီတော့ ထူးဆန်းတဲ့ ဒါမှမဟုတ် အမည်မသိတဲ့ဇစ်မြစ်ရှိတဲ့ ယန်နတ်ဘုရားတွေကို သေချာ စောင့်ကြည့်ထားကြ."

ထိုက်စီ ကောင်းကင်ဘုံအရှင်က တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။.

" ဟုတ်ကဲ့ . ကောင်းကင်ဘုံအရှင်. ကျွန်တော်တို့ မိုလိုမျိုးနွယ်စုကိုလည်း သတင်းပို့ပြီး အကူအညီ တောင်းထားပါ့မယ်."

အခြား ယန်နတ်ဘုရား တစ်ဦးက တငိပြ၏။

" ကောင်းပြီ."

ထိုက်စီ ကောင်းကင်ဘုံအရှင်က ခေါင်းငြိမ့်ပြလိုက်ပြီး သူ၏မျက်ဝန်းထဲ၌ အတွေးနက်နေသလို ဖြစ်သွားသည်။

တစ်စုံတစ်ယောက် ကျင့်ကြံရာမှ မထွက်လာခင် သူသည် ဤတာဝန်ကို ပြီးမြောက်အောင် လုပ်ရမည်ဖြစ်၏။

သူ အောင်မြင်ခဲ့လျှင် ဆုလာဘ်များ ရရှိနိုင်ပြီး မဟာ မူလသဘောတရားနယ်ပယ်သို့ တက်လှမ်းရန် အခွင့်အလမ်းများ ပိုများလာပေလိမ့်မည်.။

လက်ရှိ၌ ထိုက်ဟွမ်နန်းတော်၌ မဟာ မူလသဘောတရားနယ်ပယ် အဆင့် နှစ်ဦးသာ ရှိသည်.။

ယခု လင်းယာအသွင်ပြောင်းလဲခြင်း အချိန် နီးကပ်လာသည်ဖြစ်ရာ ဤအရာသည် သူ၏ အခွင့်အရေးပင်။.

" ဒါနဲ့ မကြာသေးခင်က မိုလိုမျိုးနွယ်စုက ထူးထူးခြားခြား ဖြစ်နေတယ်လို့ ငါကြားမိတယ်."

ထိုက်စီ ကောင်းကင်ဘုံအရှင်က တစ်ခုခုကို သတိရဟန်ဖြင့် မေးလိုက်သည်."

အကြီးမားဆုံးသော ထူးခြားချက်မှာ မိုလိုမျိုးနွယ်စုသည် မဟူရာချောက်ကမ်းပါးသို့ ဆက်ကြေး ပေးသွင်းခြင်းကို ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်.။

မိုလိုမျိုးနွယ်စုသည် ဆဋ္ဌမမြောက် ကောင်းကင်ဘုံသို့ အမြဲတမ်း ပြန်လာချင်ခဲ့၏။. ထို့ကြောင့် မဟူရာချောက်ကမ်းပါး၏ မျက်နှာသာပေးမှုကို ရရှိရန်မှာ အရေးကြီးသည်.။

ယခုအခါ သူတို့က ရုတ်တရက် ရပ်ဆိုင်းလိုက်ခြင်းမှာ အလွန်ထူးဆန်းနေပြီး. ထိုက်ဟွမ်နန်းတော်နှင့် ပူးပေါင်းဆောင်ရွက်မှုမှာလည်း သိသိသာသာ လျော့နည်းသွားခဲ့သည်။.

"တကယ်ပဲ ထူးခြားမှုတချို့ ရှိနေပါတယ်."

"ဘာအကြောင်းကြောင့်လို့ မင်းထင်လဲ. ဒါက မိုလိုမျိုးနွယ်စုရဲ့ ပုံစံမဟုတ်ဘူး"

"မိုလိုမျိုးနွယ်စုထဲမှာ မဟာ မူလသဘောတရားနယ်ပယ်အထိ ဖြစ်လာနိုင်တဲ့ ပါရမီရှင်တစ်ယောက် ပေါ်လာတာများလား. "

ယန်နတ်ဘုရား တစ်ဦးက မရေမရာ ခန့်မှန်းပြောလိုက်သည်.။

ထိုကဲ့သို့သော ပါရမီရှင်တစ်ဦး ထွက်ပေါ်လာမှသာ မိုလိုမျိုးနွယ်စု၏ ဆုံးဖြတ်ချက်က ခိုင်မာနိုင်မည် ဖြစ်သည်.။

အဆုံးတွင်မူ သူတို့ထံ၌ မဟာ မူလသဘောတရားနယ်ပယ်အဆင့်တစ်ဦး ရှိလာလျှင် ဆဋ္ဌမမြောက် ကောင်းကင်ဘုံသို့ ပြန်လာရန် မဟူရာချောက်ကမ်းပါးကို ဖားနေစရာ မလိုတော့ပေ.။

" ဖြစ်နိုင်တာပဲ."

ထိုက်စီ ကောင်းကင်ဘုံအရှင်က လျစ်လျူရှုသော အကြည့်ဖြင့် မှတ်ချက်ချသည်.။

မဟာ မူလသဘောတရားနယ်ပယ် ဖြစ်လာနိုင်ခြေလေး ရှိရုံမျှဖြင့် သူသည် စိတ်မလှုပ်ရှားပေ.။

လင်းယာ အသွင်ပြောင်းလဲခြင်း အချိန် နီးကပ်လာသည်နှင့်အမျှ ထိုက်ဟွမ်နန်းတော်ကသာ အစစ်အမှန် အုပ်ချုပ်သူဖြစ်ပြီး အခြားသော ယန်နတ်ဘုရားများမှာ နယ်ရုပ်များသာ ။.

........

တစ်ဖက်တွင်မူ အစီရင်ခံစာတစ်ခုကို ဖတ်နေရင်း ကျိယွမ်က သူ၏နှုတ်ခမ်းကို တွန့်လိုက်သည်.။

အရှက်မရှိတဲ့ ထိုက်ဟွမ်နန်းတော်. ငါ့ကို ရှာဖို့အတွက် မူလသဘောတရား ဆွေးနွေးပွဲမှာ ထောင်ချောက်ဆင်ထားတယ်ပေါ့.။

လွန်ခဲ့သော ခဏက ကျိယွမ်သည် သူ၏ စိတ်ဝိညာဉ်ထံမှ သတင်းကို ရရှိခဲ့သည်.။

ဤတစ်ကြိမ်တွင် ထိုက်ဟွမ်နန်းတော်မှ ယန်နတ်ဘုရားများသည် နေဆယ်စင်း ကောင်းကင်ဘုံအရှင်ကို ရှာဖွေရန် ချောင်းမြောင်းစောင့်ဆိုင်းနေကြပေလိမ့်မည်. ။သူတို့က မိုလိုမျိုးနွယ်စုကိုတောင် ကူညီရှာပေးဖို့ တောင်းဆိုထားကြသည်ဆို၏။

ဒါက ဘာကို ဆိုလိုတာလဲ.

သူတို့က ငါ့ကို... ငါ့ကိုယ်ငါ ပြန်ရှာခိုင်းနေတာလား.​။

ဆုလာဘ်များက အလွန်ဆွဲဆောင်မှုရှိလွန်းသဖြင့် ကျိယွမ်သည် မိမိကိုယ်ကို သွားရောက်အပ်နှံပြီး ဆုလာဘ်များကို ယူချင်စိတ်ပင် ပေါက်သွားသည်။.

" ဟားဟား. နင်ကတော့ စိတ်ကူးယဉ်နေပြန်ပြီပေါ့. "

ခရမ်းရောင်ကံကြမ္မာ တာ့ရွှယ်က ကျိယွမ်ကို ရွံရှာသော အကြည့်ဖြင့် လှောင်ပြောင်လိုက်သည်။

" နင်နဲ့ ထိုက်ဟွမ်နန်းတော်ကြားက အချစ်နဲ့အမုန်းက တကယ်ကို ထူးဆန်းတာပဲ. သူတို့က နင့်ကို ဖမ်းဖို့ ဒီလောက်ထိ ထောင်ချောက်တွေ ဆင်ထားတာဆိုတော့... နင်က သူတို့ဆီက ထွက်ပြေးလာတဲ့ ချစ်သူလေးများလား."

"ပါးစပ်ပိတ်ထားစမ်း. "

ကျိယွမ်က ခရမ်းရောင်ကံကြမ္မာ တာ့ရွှယ်ကို စိုက်ကြည့်လိုက်သည်။

" ငါ ယန်နတ်ဘုရားအဆင့်ကို ရောက်တဲ့နေ့ကျရင် နင့်ကို ငါ့ခြေဖဝါးအောက်မှာ ဝပ်တွားစေရမယ်. "

ခရမ်းရောင်ကံကြမ္မာ တာ့ရွှယ်က သူမ၏ ဦးချိုများကို ထောင်ပြီး ဂုဏ်ယူစွာ ကြေညာလိုက်သည်."

ဒီမိန်းမကတော့..။

ကျိယွမ်က တာ့ရွှယ်ကို ပြန်မပြောတော့ပေ.။

သူမက အတော်လေးကို ရယ်စရာကောင်းလွန်း၏။

မဟူရာချောက်ကမ်းပါးမှ မူလသဘောတရားအဖွဲ့ချုပ်နယ်မြေသို့ ခရီးစဉ်ကို တယ်လီပို့ အစီအရင်များမှတစ်ဆင့် သွားရောက်ခဲ့ကြသည်​။

သို့တိုင်အောင် သူတို့ရောက်ရှိရန် တစ်လနီးပါး ကြာမြင့်ခဲ့၏။.

တယ်လီပို့ စင်မြင့်ပေါ်မှ ဆင်းလိုက်သည်နှင့် ပါရမီရှင်များသည် အလွန်သိပ်သည်းသော ဝိညာဉ်စွမ်းအင်များထဲသို့ ရောက်ရှိသွားကြသည်.။

ဤစွမ်းအင်တွင် ကျင့်ကြံသူတိုင်းကို လန်းဆန်းသွားစေသည့် ထူးဆန်းသော ဂုဏ်သတ္တိများ ပါရှိနေ၏။.

" ကုရုံ ကောင်းကင်ဘုံအရှင်. မတွေ့တာ ကြာပြီနော်. နေကောင်းရဲ့လား."

ထိုအချိန်တွင် မူလသဘောတရား နယ်ပယ် ယန်နတ်ဘုရား တစ်ဦးက နွေးထွေးသော အပြုံးဖြင့် ချဉ်းကပ်လာသည်။

. ဤသူမှာ မူလသဘောတရားအဖွဲ့အစည်းမှ ယန်နတ်ဘုရား တစ်ဦးဖြစ်သည့် ရွှမ်ကျီးနတ်ဘုရားအရှင် ဖြစ်ပြီး ဧည့်သည်များကို ကြိုဆိုရန် တာဝန်ယူထားသူ ဖြစ်သည်.။

ကုရုံ ကောင်းကင်ဘုံအရှင်၏ အပြုံးများကတော့ ပါးစပ်ဖျားတင်ပေါ်လာပြီး မျက်လုံးများအထိ မရောက်ပေ။

" မင်းတို့ မူလသဘောတရားအဖွဲ့အစည်းလိုမျိုး မူလသဘောတရား နံရံရဲ့ အလင်းတန်းအောက်မှာ ကျင့်ကြံမှုတွေ အမြန်တိုးတက်နေတာမျိုး မဟုတ်ပေမဲ့ အဆင်ပြေပါတယ်."

" ကျင့်ကြံမှုတွေ အမြန်တိုးတက်လည်း ဘာထူးမှာလဲ. ငါ နားလည်သဘောပေါက်တာက မြေကမ္ဘာအဆင့် မူလသဘောတရား တစ်ခုပဲလေ. မဟာ မူလသဘောတရားနယ်ပယ်ကို တက်လှမ်းဖို့က ငါ့အတွက် မျှော်လင့်ချက် နည်းပါတယ်. "

ရွှမ်ကျီး နတ်ဘုရားအရှင်က ဝမ်းနည်းသော လေသံဖြင့် ညည်းတွားလိုက်သည်.။ ထို့နောက် သူ၏ အကြည့်က ဓားနက်ပေါ်သို့ ရောက်သွားပြီး အသိအမှတ်ပြုသော အမူအရာဖြင့် မျက်လုံးများ တောက်ပသွားသည်။

" ဒါက မဟူရာချောက်ကမ်းပါးရဲ့ အတော်ဆုံးပါရမီရှင် ဓားနက် ဖြစ်ရမယ်."

" သတင်းတွေအတိုင်းပဲ မင်းက တကယ်ကို ကောင်းကင်နဲ့မြေကြီးရဲ့ အနှစ်သာရတွေကို ရရှိထားတာပဲ.

ဓားနက် ကောင်းကင်ဘုံအရှင်က တစ်နေ့မှာ အနှိုင်းမဲ့ မူလသဘောတရားကို နားလည်သဘောပေါက်လိမ့်မယ်လို့ အကြီးအကဲက တစ်ခါက ပြောဖူးတယ်. အဲဒါက တကယ်ကို မြင်တွေ့ရခဲတဲ့ မြင်ကွင်းတစ်ခု ဖြစ်မှာပါ."

ရွှမ်ကျီး နတ်ဘုရားအရှင်၏ မျက်နှာမှာ အားကျမှုများဖြင့် ပြည့်နှက်နေသည်။

အဆုံးတွင်မူ အနှိုင်းမဲ့ မူလသဘောတရား ဆိုသည်မှာ ဆဋ္ဌမမြောက် ကောင်းကင်ဘုံ တစ်ခုလုံးရှိ ယန်နတ်ဘုရား အနည်းငယ်သာ ပိုင်ဆိုင်ထားသော အရာဖြစ်၏။

လူတိုင်း၏ အကြည့်များမှာ ဓားနက်ဆီသို့ ရောက်ရှိသွားပြီး အားကျမှု. မနာလိုမှုနှင့် လေးစားမှုများဖြင့် ပြည့်နှက်နေသည်.။

သူသည် ကောင်းကင်ဘုံနေရာယူအဆင့် ယန်နတ်ဘုရား တစ်ဦးသာ ဖြစ်သော်လည်း လူတိုင်း၏ အာရုံစိုက်မှုကို ရရှိနေသူပင်။.

" ကျွန်တော် ဘာမူလသဘောတရားကိုမှ နားမလည်သေးပါဘူး. ဒါကြောင့် ဒီလိုမျိုး ပြောတာကို လက်မခံဝံ့ပါဘူး."

ဓားနက်က နှိမ့်ချစွာ ပြောလိုက်သည်။.

ရွှမ်ကျီး နတ်ဘုရားအရှင်က ရယ်မောလိုက်ပြီး ခေါင်းခါ၏။

"ငါတို့အကြီးအကဲ ပြောတာက ဘယ်မှားပါ့မလဲ "

မူလသဘောတရားအဖွဲ့အစည်းတွင် အကြီးအကဲဟု ခေါ်ဝေါ်ခြင်း ခံရသူတိုင်းမှာ မဟာ မူလသဘောတရားနယ်ပယ်မှ အစွမ်းထက်သူများ ဖြစ်ကြသည်.။

" မကြာသေးခင်က မဟူရာချောက်ကမ်းပါးမှာ တစ္ဆေစိုးမိုးကောင်းကင်ဘုံက မိုနာကို သတ်ခဲ့တဲ့ နောက်ထပ် ပါရမီရှင်တစ်ယောက် ထွက်ပေါ်ခဲ့တယ်လို့လည်း ငါကြားမိတယ်. အဲဒါ ဘယ်သူများလဲ. "

ရွှမ်ကျီး နတ်ဘုရားအရှင်က ခရမ်းရောင်ကံကြမ္မာ တာ့ရွှယ်တို့အုပ်စုဘက်ကို ကြည့်ရင်း မေးလိုက်သည်။.

" သူပဲလေ."

ခရမ်းရောင်ကံကြမ္မာ တာ့ရွှယ်က ကျိယွမ်ကို လက်ညှိုးထိုးပြလိုက်၏။.

ရွှမ်ကျီး နတ်ဘုရားအရှင်က ကျိယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

" မဆိုးပါဘူး "

၎င်းမှာ အလွန်ယဉ်ကျေးသော မှတ်ချက်တစ်ခုသာ ဖြစ်ပြီး နောက်ထပ် ဘာစကားမှ ဆက်မပြောတော့ပေ.။

၄င်းက ပုံမှန်တုန့်ပြန်မှုသာဖြစ်၏။

သူလိုလူများအတွက် ယန်နတ်ဘုရားအရှင်ဖြစ်သည့် ဓားနက် တစ်ဦးတည်းကိုသာ ဖားရန် ထိုက်တန်လေသည်။.

ဓားနက်နှင့် အခြားသော ပါရမီရှင် လူငယ်များကြားတွင် ကြီးမားသော ကွာဟချက် ရှိနေသည်.မဟုတ်ပါလား။

ရွှမ်ကျီး နတ်ဘုရားအရှင်သည် ကုရုံ ကောင်းကင်ဘုံအရှင်၏ ဘေးတွင် ရပ်နေပြီး ဓားနက်က သူတို့နောက်တွင် ရှိနေ၏။

. အခြားသော ယန်နတ်ဘုရားများက နောက်မှ ကပ်လိုက်လာကြပြီး သူတို့နောက်တွင်မူ မဟူရာချောက်ကမ်းပါးမှ ပါရမီရှင် လူငယ်များ ရှိနေကြသည်။.

" ငါတို့လည်း အစ်ကိုဓားနက်လိုမျိုး လူတိုင်းရဲ့ အာရုံစိုက်မှုကို ရမယ့်နေ့က ဘယ်တော့များမှ ဖြစ်မလဲ မသိဘူး."

သန်မာထွားကြိုင်းသော ပါရမီရှင်တစ်ဦးက အားကျစွာဖြင့် သက်ပြင်းချလိုက်သည်.။

" လူတိုင်းရဲ့ အာရုံစိုက်မှုကို မရရင်တောင် အရေးကြီးတဲ့ တစ်ယောက်ယောက်က ငါတို့ကို ထည့်ပြောတာမျိုးတော့ ရှိသင့်တာပေါ့. "

ထိုပါရမီရှင်က ကျိယွမ်ကို ကြည့်ရင်း ပြောလိုက်သည်.

အဆုံးတွင်မူ ရွှမ်ကျီး နတ်ဘုရားအရှင်က သူတို့ကို တစ်ခွန်းတောင် ထည့်မပြောခဲ့ပေ.။

ကွာဟချက်မှာ အလွန် သိသာလှ၏။

သို့သော် ၎င်းမှာ လုံးဝ ပုံမှန်သာ ဖြစ်သည်.။

၎င်းသည် ပြည်နယ်အုပ်ချုပ်ရေးမှူးက သင်တို့​၏ ကျောင်းကို လာလည်ပြီး သင့်ဘေးက သူငယ်ချင်းရဲ့ နာမည်ကို ခေါ်လိုက်သလိုမျိုး ဖြစ်၏။

သဘာဝကျစွာပင် သင်က အားကျမိပေလိမ့်မည်.။

" လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံရတာက ထင်သလောက် မကောင်းပါဘူး. ငါက လူမှုဆက်ဆံရေးမှာ အားနည်းတယ်.၊ အေးအေးဆေးဆေး နေတာက ပိုကောင်းပါတယ်."

" ဟုတ်တယ်. အေးအေးဆေးဆေး နေတာက ပိုကောင်းတယ်. "

ခရမ်းရောင်ကံကြမ္မာ တာ့ရွှယ်ကလည်း ကျိယွမ်ကို ပထမဆုံးအကြိမ် ထောက်ခံလိုက်သည်။

နှင်းခဲဓားက သူတို့နှစ်ဦးကို ဘေးတိုက်တစ်ချက် ကြည့်၏။

နင်တို့နှစ်ယောက်က အေးအေးဆေးဆေး နေချင်တယ်လို့ ပြောဖို့တောင် မျက်နှာရှိသေးတယ်ပေါ့။.

တစ်နာရီကြာပြီးနောက် သူတို့သည် မူလသဘောတရားနယ်မြေ၏ ဗဟိုမြို့တော်သို့ ရောက်ရှိလာကြသည်။.

မရေမတွက်နိုင်သော လူရိပ်များက လူ့လောကသို့ ဆင်းသက်လာသော နတ်ဘုရားများကဲ့သို့ ကောင်းကင်ယံမှ ဆင်းသက်လာ၏။

မူလသဘောတရား ဆွေးနွေးပွဲက တရားဝင် စတင်ခဲ့ပြီ ဖြစ်သည်.။

ကောင်းကင်ဘုံ အရပ်ရပ်မှ ယန်နတ်ဘုရားများနှင့် ပါရမီရှင်များက စုဝေးလာကြသည်။

မြို့တော်အတွင်းရှိ လူဦးရေမှာ စိတ်ကူးမယဉ်နိုင်လောက်အောင် တိုးပွားလာခဲ့၏။

မူလသဘောတရား ဆွေးနွေးပွဲသည် နတ်ဘုရားနယ်ပယ်တွင် အရေးအပါဆုံးသော အခမ်းအနား မဟုတ်ပါလား။

လူအုပ်ကြီးထဲတွင်ရှိနေသော ဒဏ္ဍာရီလာအဆင့် လူတစ်ယောက်က သူ၏အဖော်ကို မေးလိုက်သည်.။

" ယွီမုန်ရှန်း. နင် ဘာတွေ တွေးနေတာလဲ. နင့်ပုံစံက တစ်ခုခု ပျောက်ဆုံးနေသလိုပဲ"

ထိုဒဏ္ဍာရီလာအဆင့် လူမှာ ဒုတိယမြောက် ကောင်းကင်ဘုံမှ ဖြစ်ပြီး ယွီမုန်ရှန်းနှင့် ဂိုဏ်းတူသူ ဖြစ်သည်။.

သူတို့ဂိုဏ်းမှ ယန်နတ်ဘုရားအရှင်သည် မူလသဘောတရားအဖွဲ့အစည်းသို့ ကုသိုလ်လာယူခြင်းဖြစ်၏။

သူက မူလသဘောတရား ခန်းမ တည်ဆောက်ရာတွင် အခမဲ့ ကူညီပေးနေသည်။.

" ဘာမှမဟုတ်ပါဘူး... ငါသိတဲ့လူတစ်ယောက်ကို မြင်လိုက်ရသလို ထင်လို့ပါ. မှားတာလည်း ဖြစ်နိုင်ပါတယ်."

ယွီမုန်ရှန်းက သူမ မှားသွားခြင်းဖြစ်မည်ဟု တွေးကာ ခေါင်းခါလိုက်သည်။

သူမသည် ကောင်းကင်ဘုံအရှင် တစ်ဦးကို ရှာဖွေနေခြင်း ဖြစ်သည်.။

ထိုကောင်းကင်ဘုံအရှင်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး တစ်စုံတစ်ယောက်က သူမကို ထိုသူထံ တစ်ခုခု ပေးခိုင်းထားခဲ့၏။

" မိတ်ဟောင်းတစ်ယောက်လား."

ဒဏ္ဍာရီလာအဆင့် လူက စဉ်းစားဟန်ဖြင့် သူမအားကြည့်သည်။

" . နင်ကြည့်နေတဲ့ ဘက်ကို ကြည့်ရရင် အဲဒါက မဟူရာချောက်ကမ်းပါးက လူတစ်ယောက် ဖြစ်ရမယ်. အေးလေ. နင် မှားတာ နေမှာပါ."

အဆုံးတွင်မူ မဟူရာချောက်ကမ်းပါးသည် ဆဋ္ဌမမြောက် ကောင်းကင်ဘုံ၏ အင်အားစု တစ်ခု ဖြစ်သည်။

သူတို့အတွက်မူ မဟူရာချောက်ကမ်းပါးသည် အချုပ်အခြာအာဏာပိုင် အုပ်ချုပ်သူနှင့် တူ၏။

ထိုနေရာမှ ယန်နတ်ဘုရား တစ်ဦးတည်းနှင့်ပင် သူတို့ဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည်။

ယွီမုန်ရှန်းသည် အောက်ပိုင်းနယ်မြေမှ တက်လာသူ ဖြစ်ပြီး. သူမက ဆဋ္ဌမမြောက် ကောင်းကင်ဘုံမှ ထိုကဲ့သို့ သြဇာရှိသော ပုဂ္ဂိုလ်များကို မည်သို့ သိနိုင်မည်နည်း.။

" အား... ငါတို့ကိုယ်ငါတို့ သူတို့နဲ့ နှိုင်းယှဉ်ရတာက တကယ်ကို ဒေါသထွက်စရာပဲ. သူတို့က မူလသဘောတရား ဆွေးနွေးပွဲကို တက်ရပေမယ့် ငါတို့ကတော့... ဒီမှာ အခမဲ့အလုပ်လုပ်ပေးရင်း အနိုင်ကျင့်ခံနေရတယ်."

ဒဏ္ဍာရီလာအဆင့် လူက သက်ပြင်းချလိုက်သည်.။

" ဒီလွန်ခဲ့တဲ့ တစ်နှစ်အတွင်းမှာ ငါ့တစ်ဘဝလုံးထက်စာရင် ပိုပြီး အရှက်ခွဲခံခဲ့ရတယ်."

၎င်းမှာ အမှန်ပင် ။ ဒုတိယမြောက် ကောင်းကင်ဘုံတွင် သူသည် လေးစားခံရသော ဒဏ္ဍာရီလာအဆင့် ပညာရှင်တစ်ဦး ဖြစ်ခဲ့သည်။

သူ့ကို မြင်သော ကျင့်ကြံသူတိုင်းက ရိုသေစွာ ဦးညွှတ်ကြပြီး ဘိုးဘေး သို့မဟုတ် စီနီယာ ဟု ခေါ်ဝေါ်ကြသည်။

သို့သော် ဆဋ္ဌမမြောက် ကောင်းကင်ဘုံသို့ ရောက်ကတည်းက သူသည် အမြဲတမ်း အရှက်ခွဲခံနေရ၏။.

ယန်နတ်ဘုရားအရှင်များထံမှသာမက အင်အားကြီးအဖွဲ့အစည်းများမှ အသစ်တက်လာသော ပါရမီရှင်များကပင် သူ့ကို မထီမဲ့မြင် ပြုကြသည်။

ယွီမုန်ရှန်းကလည်း ခါးသီးစွာ ပြုံးလိုက်၏။

" ငါတို့ရဲ့ ကောင်းကင်ဘုံအရှင်တောင် အခမဲ့ အလုပ်လုပ်ပေးနေရတာပဲ. ငါတို့က ဘာမျှော်လင့်လို့ ရမှာလဲ. ငါတို့ တစ်ခုခုကို လိုချင်ရင် အရင်ဆုံး တစ်ခုခု ပေးဆပ်ရမှာပဲလေ."

" ဒီမူလသဘောတရား ဆွေးနွေးပွဲ အမြန်ပြီးပါစေလို့ပဲ ဆုတောင်းရမှာပဲ."

ဒဏ္ဍာရီလာအဆင့် လူက ညည်းတွားလိုက်သည်။

သူသည် မူလသဘောတရားနယ်ပယ်မှ ထွက်ခွာချင်လှလေပြီ။

ထိုအချိန်တွင် ယွီမုန်ရှန်း၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

" ဘာဖြစ်လို့လဲ."

ဒဏ္ဍာရီလာအဆင့် လူက မေးလိုက်သည်။

" ချီယီ... သူမ ဒုက္ခရောက်နေပြီ. "

ယွီမုန်ရှန်းက ထိုမျှသာပြောကာ အမြန် ပြေးထွက်သွားတော့သည်.။

တစ်မိနစ်မပြည့်မီတွင် ယွီမုန်ရှန်းနှင့် ဒဏ္ဍာရီလာအဆင့် လူတို့မှာ တည်းခိုခန်းတစ်ခု၏ အပြင်ဘက်သို့ ရောက်ရှိလာကြ၏။

လှပသော ကိုယ်လုံးကိုယ်ပေါက်နှင့် ကျပ်ထုတ်သော ဝတ်စုံကို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ဦးမှာ ဒေါသထွက်နေသော မျက်နှာထားဖြင့် ရပ်နေသော်လည်း ဘာမှ မလုပ်နိုင်ဘဲ ဖြစ်နေသည်။

သူမ၏ ဘေးတွင် သန်မာထွားကြိုင်းသော အမျိုးသမီး တစ်ဦးက ဝိညာဉ်အိတ်ကို ကိုင်ထားပြီး ထိုမိန်းကလေး၏ ဘေးရှိ ဝိညာဉ်ကို ကြည့်လိုက်သည်။

" . ဒီ နတ်ဘုရားကျောက်တုံးတွေက သူမကို ဝယ်ဖို့ လုံလောက်တယ် မဟုတ်လား."

သန်မာထွားကြိုင်းသော အမျိုးသမီးမှာ စတုတ္ထမြောက် ကောင်းကင်ဘုံမှ ဖြစ်ပြီး ထော့ပါးလင်းယွီ ဟု အမည်ရ၏။

သူမသည် သွေးနှော မြင့်မြတ်နယ်မြေ ဟု ခေါ်သော ဂိုဏ်းမှ ဖြစ်သည်။

ထိုမြင့်မြတ်နယ်မြေမှာ မဟူရာချောက်ကမ်းပါးနှင့် ဆင်တူပြီး သွေးမျိုးဆက်ကို အလေးထားသည်.။ သွေးမျိုးဆက် ပိုသန်မာလေ အလားအလာ ပိုရှိလေ ဖြစ်သည်.။

သို့သော် မဟူရာချောက်ကမ်းပါးနှင့် မတူသည်မှာ သွေးနှော မြင့်မြတ်နယ်မြေသည် သွေးမျိုးဆက်များကို ထုတ်ယူပြီး သန့်စင်ခြင်း. အမြဲတမ်း တိုးတက်အောင် ပြုလုပ်ခြင်းတို့ကို အဓိကထား၏။

ထို့ကြောင့် ထိုဂိုဏ်းသည် သန်မာသော သွေးမျိုးဆက် ရှိသူများကို ဖမ်းဆီးပြီး ၎င်းတို့ကို စုပ်ယူပေါင်းစပ်လေ့ရှိသည်။.

မူလသဘောတရားနယ်မြေသို့ ရောက်ရှိလာစဉ် ထော့ပါးလင်းယွီသည် ထိုမိန်းကလေးကို မြင်လိုက်ရပြီး သူမ၏ သွေးမျိုးဆက်က ထူးခြားနေသည်ကို ချက်ချင်း ခံစားမိလိုက်သည်။

ထိုမိန်းကလေးမှာ သာမန်နောက်ခံမှ ဖြစ်သည်ကို မြင်သောအခါ ထော့ပါးလင်းယွီသည် နတ်ဘုရားကျောက်တုံး အချို့ကို ထုတ်ယူပြီး သူမကို ဝယ်ယူရန် ဗြောင်ကျကျပင် ကြိုးစားတော့သည်.။

" ဒါက လွန်လွန်းမနေဘူးလား. ချီယီက ကျွန်မရဲ့ တပည့်ပါ. ရောင်းဖို့ ပစ္စည်းမဟုတ်ဘူး. "

ယွီမုန်ရှန်းက အချိန်မီ ရောက်လာပြီး ပြတ်သားစွာ ငြင်းဆိုလိုက်သည်။

" အို. နင်က ဘယ်ကောင်းကင်ဘုံနဲ့ ဘယ်ဂိုဏ်းကလဲ. "

ထော့ပါးလင်းယွီက ယွီမုန်ရှန်းကို အထင်သေးစွာ ဘေးတိုက် တစ်ချက် ကြည့်လိုက်သည်။

" ဒုတိယမြောက် ကောင်းကင်ဘုံ... ဖုန်းလင်မြင့်မြတ်နယ်မြေ..."

ယွီမုန်ရှန်းက အမှန်အတိုင်း ဖြေလိုက်၏။

" ဟားဟားဟား . ဖုန်းလင်အဖိုးကြီးရဲ့ ဂိုဏ်းကပေါ့. ငါက ဘယ်သူ့ကိုမှ အတင်းအကျပ် မလုပ်ပါဘူး. သူ့ဆီကို စာတစ်စောင် ရေးလိုက်ပါ. ပြီးတော့ ဒီမိန်းကလေးကို ငါ့ကို လက်ဆောင်အဖြစ် ပေးခိုင်းလိုက်."

" ဟီးဟီး. ဒါနဲ့ ငါက သွေးနှောဂိုဏ်းက ထော့ပါးလင်းယွီ ပါ."

သန်မာထွားကြိုင်းသော အမျိုးသမီးက ရယ်မောရင်း လက်ကို ဝေ့ယမ်းကာ စာတစ်စောင် ထုတ်ပေးလိုက်သည်။.

ထိုအမျိုးသမီးက သွေးနှောဂိုဏ်းမှ ဖြစ်ကြောင်း ကြားလိုက်ရသောအခါ ယွီမုန်ရှန်း၏ မျက်နှာမှာ ဖြူဖျော့သွားတော့သည်။

သွေးနှောဂိုဏ်းမှာ နာမည်ဆိုးဖြင့် ကျော်ကြား၏။

သူတို့သည် သန်မာသော သွေးမျိုးဆက် ရှိသူများကို ဖမ်းဆီးပြီး သန့်စင်တတ်ကြသောကြောင့် သူတို့၏ လုပ်ရပ်များမှာ အလွန် ယုတ်မာလှသည်.။

" ကျွန်မရဲ့ ကောင်းကင်ဘုံအရှင်ကို ဒီအကြောင်း တင်ပြပါ့မယ်. "

ယွီမုန်ရှန်းက မျက်နှာဖြူဖျော့စွာဖြင့် ပြောပြီး ချီယီကို ဆွဲကာ အမြန်ထွက်ခွာသွားသည်။

" မှတ်ထားပါ. နင်တို့မှာ ပြန်ဖြေဖို့ ဆယ်ရက်ပဲ အချိန်ရှိတယ်. မဟုတ်ရင်တော့..."

ထော့ပါးလင်းယွီက စကားကို အဆုံးမသတ်ခဲ့သော်လည်း ခြိမ်းခြောက်မှုက သိသာလှသည်.။

သူမသည် ချီယီ၏ သွေးမျိုးဆက်ကို အလွန် စိတ်ဝင်စားနေ၏။

အဝေးမှကြည့်ရုံနှင့်ပင် ၎င်းမှာ ရှားပါးပြီး သန်မာသည်ကို သူမ ပြောနိုင်သည်။.

အမှန်စင်စစ် သူမ အလိုချင်ဆုံးမှာ ဆဋ္ဌမမြောက် ကောင်းကင်ဘုံရှိ မဟူရာချောက်ကမ်းပါးမှ သွေးမျိုးဆက်တစ်ခုကို ရရှိရန် ဖြစ်သည်။

သို့သော် ကံမကောင်းစွာပင် မဟူရာချောက်ကမ်းပါးသည် သွေးနှောဂိုဏ်းက ရန်စရန်အတွက် အလွန် အင်အားကြီးလွန်းနေ၏။

အခြားတစ်ဖက်တွင်မူ ဒုတိယမြောက် ကောင်းကင်ဘုံမှ ဖုန်းလင်မြင့်မြတ်နယ်မြေ ကဲ့သို့သော ဂိုဏ်းငယ်လေးမှာမူ လွယ်ကူသော ပစ်မှတ်တစ်ခုပင်။

အခြားတစ်ဖက်တွင် ယွီမုန်ရှန်းက ချီယီကို အမြန်ခေါ်ဆောင်သွားပြီး သူမ၏ မျက်နှာမှာ တင်းမာနေသည်.။

" သွေးနှောဂိုဏ်းက သူတို့ရဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေကြောင့် နာမည်ကြီးတယ်. ချီယီ..."

ဘေးရှိ ဒဏ္ဍာရီလာအဆင့် လူက ဆက်ပြောသည်. ။

" ငါတို့ရဲ့ ကောင်းကင်ဘုံအရှင်က.. ချီယီကို ကာကွယ်ပေးနိုင်ပါစေလို့ပဲ ဆုတောင်းရမှာပဲ."

၎င်းကို ကြားလိုက်ရသောအခါ ယွီမုန်ရှန်း၏ ဆုံးဖြတ်ချက်က ခိုင်မာသွားသည်။

သူမသည် ချီယီ၏ ဘေးကင်းရေးအတွက် သူမ၏ ကောင်းကင်ဘုံမူလကျောက်တုံးကို ပေးအပ်ရန် ဆုံးဖြတ်လိုက်သည်.။

အဆုံးတွင်မူ ချီယီသည် သူမ၏ တပည့်ဖြစ်ပြီး သူမကို ကာကွယ်ရန်မှာ သူမ၏ တာဝန်မဟုတ်ပါလား။

---------

All Chapters