← Chapters

အခန်း (၄၄၂-၄၄၃)

Vol. 41 Ch. 442-443

အခန်း (၄၄၂-၄၄၃)

Vol. 41 Ch. 442-443

အခန်း ၄၄၂ - ကျိယွမ် အဆဲခံရခြင်း

ဂူအပြင်ဘက်တွင် ယွီမုန်ရှန်းသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေသော မျက်နှာထားဖြင့် စိုးရိမ်တကြီး ရပ်နေသည်.။

သွေးနှောဂိုဏ်းမှာ အလွန်ဗိုလ်ကျစိုးမိုးလွန်းပြီး လူတစ်ယောက်ကို ဝယ်ယူရန် နတ်ဘုရားကျောက်တုံးများဖြင့် ပေါ့ပေါ့ပါးပါး ကမ်းလှမ်းခဲ့၏။

နာရီဝက်ခန့်အကြာတွင် ဂူအတွင်းမှ အသံတစ်သံ ထွက်ပေါ်လာသည်။

" ငါက တပည့်တစ်ယောက်ရဲ့ ရတနာကို ဘယ်လိုလုပ် ယူသုံးနိုင်မှာလဲ. ။ ကောင်းကင်ဘုံမူလကျောက်တုံးကို ပြန်ယူသွားပါ ။သွေးနှောဂိုဏ်းဆီကို ငါကိုယ်တိုင် သွားလိုက်မယ်."

ဖုန်းလင် ကောင်းကင်ဘုံအရှင်၏ အသံတွင် သက်ပြင်းချသံနှင့် မတတ်သာမှုများ ရောပြွမ်းနေ၏။

ယန်နတ်ဘုရား တစ်ဦး ဖြစ်လာသည့်တိုင်အောင် သူသည် လုံးဝလွတ်လပ်မှု သို့မဟုတ် ငြိမ်းချမ်းမှုကို မရရှိနိုင်သေးပါ။

သို့သော်လည်း အခြားသော ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင်မူ ယန်နတ်ဘုရားများသည် အလွန် သက်သောင့်သက်သာရှိစွာ နေထိုင်ကြရသည်ကတော့ အမှန်ပင်။

၎င်းကို ကြားလိုက်ရသောအခါ ယွီမုန်ရှန်းသည် ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်သွားသည်။.

သို့သော်လည်း ဖုန်းလင် ကောင်းကင်ဘုံအရှင်၏ နောက်ထပ်စကားများမှာ သူမ၏နှလုံးသားပေါ်သို့ ရေအေးဖြင့် အလောင်းခံလိုက်ရသလို ဖြစ်သွားစေခဲ့၏။

" သွေးနှောဂိုဏ်းက အမြဲတမ်း မောက်မာပြီး ဗိုလ်ကျတတ်တယ်.။ ပြီးတော့ ထော့ပါးလင်းယွီက သွေးနှောဂိုဏ်း ဘိုးဘေးရဲ့ အချစ်ဆုံး မြေးမလေးပဲ. ။ ငါတောင်... ဒါကို တားနိုင်ပါ့မလား မသိဘူး."

စကားဆုံးသည်နှင့် ဖုန်းလင် ကောင်းကင်ဘုံအရှင်၏ ပုံရိပ်မှာ ဝေဝါးသွားပြီး ပျောက်ကွယ်သွားလေသည်။.

၎င်း၏ အဓိပ္ပာယ်မှာ ရှင်းလင်းပါသည်။

သူသည် ထော့ပါးလင်းယွီကို တားဆီးနိုင်မည် မဟုတ်ပါ။ ယွီမုန်ရှန်းအနေဖြင့် ချီယီကို ခေါ်ပြီး ထွက်သွားသင့်ကြောင်း သွယ်ဝိုက်၍ အကြံပေးလိုက်ခြင်းပင်။

အခြားတစ်ဖက်တွင် ရပ်နေသော ချီယီမှာ သူတို့၏စကားများကြောင့် ညှိုးငယ်စွာ ပြောလိုက်သည်။

." ဆရာ... ဒါတွေအားလုံးက ကျွန်မအပြစ်တွေပါ."

သူမသာ မရှိခဲ့လျှင် သူမ၏ဆရာမှာ ဤကဲ့သို့ အရှက်ခွဲခံရမှုကို ခံစားရမည် မဟုတ်ပေ။

" ဒါက နင့်အပြစ်မဟုတ်ပါဘူး.။ တစ်ယောက်ယောက်ကို အပြစ်တင်ရမယ်ဆိုရင် အဲဒီ ထော့ပါးလင်းယွီကိုပဲ တင်ရမှာ."

ယွီမုန်ရှန်း၏ စိတ်ခံစားချက်များရှုပ်ထွေးနေသည်။

ကောင်းကင်ဘုံအရှင်ပေးသော အရိပ်အယောင်မှာ ထင်ရှားနေလေပြီ။. ချီယီကို ခေါ်ပြီး ထွက်သွားရန် ဖြစ်၏။ သူသည် ကောင်းကင်ဘုံအရှင် တစ်ဦး ဖြစ်သော်လည်း မူလသဘောတရားကောင်းကင်ဘုံနယ်မြေတွင် သူ မထိန်းချုပ်နိုင်သော အရာများစွာ ရှိနေသည်။

သွေးနှောဂိုဏ်းဆီသို့ သွားရန် စီစဉ်ခြင်းမှာ သူမအား ချီယီနှင့်အတူ ထွက်ပြေးရန် အချိန်ဆွဲပေးခြင်းသာ ဖြစ်၏။

ဒါပေမဲ့... ဘယ်ကို ပြေးမှာလဲ.။

သွေးနှောဂိုဏ်း၏ ပစ်မှတ်ထားခြင်းကို ခံရပြီးနောက် သူတို့ ဘယ်လို ပြေးနိုင်မည်နည်း။

အောက်ပိုင်း ကောင်းကင်ဘုံသုံးခုရှိ ကျင့်ကြံသူတိုင်းမှာ သွေးနှောဂိုဏ်း၏ အရှက်မရှိမှုကို သိကြသည်။ သူတို့သည် သွေးမျိုးဆက်များအတွက် လူများကို စိတ်ကြိုက် ဖမ်းဆီးတတ်ကြ၏။ သူတို့. တစ်ကြိမ်ပစ်မှတ်ထားခံရလျှင် လွတ်မြောက်ရန် လမ်းစ မရှိသလောက်ပင်။

ထွက်ခွာရန် ကြိုးစားခြင်းကပင် သွေးနှောဂိုဏ်း အလိုရှိနေသည့်အရာ ဖြစ်နေမည်လားဟု ယွီမုန်ရှန်း သံသယဝင်မိသည်။

၎င်းမှာ ထောင်ချောက်တစ်ခု ဖြစ်နိုင်၏။

" ဆရာ... သွေးနှောဂိုဏ်းက ကျွန်မနောက်ကို လိုက်နေတာ။. ဆရာ့ကို ဒုက္ခမပေးချင်ပါဘူး. "

ချီယီက ခဏမျှ စဉ်းစားပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။

သူမသာ ဆရာ၏ အကာအကွယ်ကို ဆက်လက် ရယူနေမည်ဆိုပါက ၎င်းမှာ ဆရာ့ကို သေမင်းထံ တွန်းပို့နေသလို ဖြစ်ပေလိမ့်မည်။

ယခုအချိန်တွင် ချီယီသည် ကျင့်ကြံခြင်းလောက၏ ရက်စက်လှသော အမှန်တရားများကို ပိုမို ရှင်းလင်းစွာ နားလည်လာသည်။

ကုံရှင်းဂြိုဟ်တွင် ရှိစဉ်က အချို့သော မှူးမတ်မျိုးနွယ်များမှာ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားများကို ထိန်းသိမ်းထားကြဆဲ ဖြစ်သည်.။ သို့သော် ကျင့်ကြံခြင်းလောကတွင်မူ ထိုအရာများမှာ အဓိပ္ပာယ် မရှိပေ။

မိစ္ဆာကျင့်ကြံသူများသည် သူတို့၏ သဘာဝကို ကြေညာရန် သူတို့၏ နဖူးပေါ်တွင် မိစ္ဆာ ဟု စာလုံးထွင်းထားကြသည့်နှယ် ဆောင်ရွက်တတ်ကြ၏။

ဆဋ္ဌမမြောက် ကောင်းကင်ဘုံတွင် တစ္ဆေစိုးမိုးကောင်းကင်ဘုံသည် ဝိညာဥ်အလံများ သန့်စင်ရန်အတွက် မရေမတွက်နိုင်သော ဝိညာဉ်များကို ပေါ့ပေါ့ပါးပါးပင် သတ်ဖြတ်ကာ နယ်မြေတစ်ခုပြီးတစ်ခုသို့ သွားရောက် အနိုင်ကျင့်နေကြသည်။

၎င်းကို တားဆီးသည့် အင်အားကြီးအဖွဲ့အစည်း ရှိသလား.။

မရှိပါ။

ဆဋ္ဌမမြောက် ကောင်းကင်ဘုံတွင် အင်အားသည်သာ အရာအားလုံး ဖြစ်လေ၏။

ယွီမုန်ရှန်းသည် ချီယီကို ကြည့်နေစဉ် ထိုကောင်းကင်ဘုံအရှင်တစ်ပါး၏ ပုံရိပ်မှာ သူမ၏စိတ်ထဲတွင် လင်းလက်သွားသည်.။

သူမထံ၌သာ ထိုကောင်းကင်ဘုံအရှင်၏ အင်အားမျိုး ရှိခဲ့လျှင် ချီယီမှာ ဤကဲ့သို့ ခံစားရပါ့မလား.။

ယခင်အချိန်က ထိုကောင်းကင်ဘုံအရှင်မှာ အစအနမရှိ ပျောက်ကွယ်သွားခဲ့ပြီး စက်ရုပ်ဇီးရိုးဝမ်းက ယွီမုန်ရှန်းကို ရှာဖွေကာ ကျိယွမ်ထံ တစ်ခုခု ပေးခိုင်းခဲ့သည်.။

ထို့နောက်တွင် သူမသည် ချီယီကို ခေါ်ပြီး ကုံရှင်းဂြိုဟ်မှ ထွက်ခွာခဲ့၏။. သူမ နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ကုံရှင်းဂြိုဟ်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

" ကုံရှင်းဂြိုဟ်သာ ရှိနေသေးရင်...။ ငါတို့ မှာ အဲဒီကို ပြန်သွားနိုင်မယ့် လမ်းရှိရင် သွေးနှောဂိုဏ်းက ငါတို့ကို ရှာနိုင်မှာ မဟုတ်ဘူး."

ယွီမုန်ရှန်းက တမ်းတတစွာဖြင့် သက်ပြင်းချလိုက်သည်။

၄င်းမှာ စိတ်ကူးယဉ်မှုတစ်ခုသာ ဖြစ်၏။

မီးဝိညာဉ်နယ်မြေ၏ အဝင်ဝမှာ ဤနေရာမှ အလွန်ဝေးကွာလှသဖြင့် သူတို့ ထိုနေရာသို့ မရောက်ခင်မှာပင် သွေးနှောဂိုဏ်း၏ ကြားဖြတ်ဖမ်းဆီးခြင်းကို ခံရမှာ သေချာ၏။

ရုတ်တရက် ယွီမုန်ရှန်းက တစ်ခုခုကို သတိရသွားပြီး မမေးဘဲ မနေနိုင် ဖြစ်သွားသည်။

" နင့်မောင်လေးက... မဟူရာချောက်ကမ်းပါးနဲ့ ပတ်သက်မှုများ ရှိလား"

သူမ မဟူရာချောက်ကမ်းပါးတွင် မြင်ခဲ့သော ပုံရိပ်ကို ပြန်လည် အမှတ်ရလိုက်သည်။

ချီယီမှာ ဇဝေဇဝါ ဖြစ်သွားပြီးနောက် ခေါင်းခါလိုက်၏။

" မရှိပါဘူး. ။ရှိမယ် မထင်ဘူး."

ကုံရှင်းဂြိုဟ်ပေါ်ရှိ သူမ၏ဆရာမှာ ကျိယွမ်၏ မိခင်ဖြစ်သည် ။

သူမ၏ မောင်လေးအပေါ် ထားရှိသော ခံစားချက်မှာ ရှုပ်ထွေးသည်။ သူမသည် သူ့ကို သာမန်ဘဝဖြင့်သာ နေထိုင်စေလိုပြီး လောက၏ မုန်တိုင်းများနှင့် ဝေးရာတွင်သာ ရှိနေစေချင်ခဲ့သည်။

သို့သော် သူက ရုတ်တရက်ကြီး ယန်နတ်ဘုရား ကောင်းကင်ဘုံအရှင် တစ်ဦး ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။.

" ဒါပေမဲ့... သူ ဖြစ်နိုင်ခြေတော့ ရှိပါတယ်. "

ချီယီက စဉ်းစားဟန်ဖြင့် ထပ်ပြောသည်။.

အဆုံးတွင်မူ သူမသည် သူမ၏မောင်အကြောင်းကို များများစားစား မသိပါ။.

ယွီမုန်ရှန်းက မျက်မှောင်ကြုတ်လိုက်၏။

" . မူလသဘောတရား ဆွေးနွေးပွဲကို တက်ရောက်နေတဲ့ မဟူရာချောက်ကမ်းပါးရဲ့ ပါရမီရှင်တွေထဲမှာ သူ့ကို တွေ့လိုက်ရသလိုပဲ."

သူမလည်း ဇဝေဇဝါ ဖြစ်နေသည်။

အကယ်၍ ၎င်းမှာ တကယ်ပင် ကျိယွမ် ဖြစ်ခဲ့လျှင် သူက ဘာကြောင့် ထိုပါရမီရှင်များထဲတွင် ရပ်နေရသနည်း.။

ထိုပါရမီရှင်များမှာ ယင်နတ်ဘုရားများသာရှိကြသေး၏။

" ဟင်."

ချီယီမှာ အံ့အားသင့်သွားသည်။

" ကံမကောင်းတာက ငါတို့ရဲ့ အဆင့်အတန်းက နိမ့်လွန်းတော့ မဟူရာချောက်ကမ်းပါးက လူတွေကို တွေ့ခွင့်တောင် မရနိုင်ဘူး. "

ယွီမုန်ရှန်းက စိတ်ပျက်စွာ ညည်းတွားလိုက်၏။.

သွေးနှောဂိုဏ်းမှ ထော့ပါးလင်းယွီ ကဲ့သို့သော သူပင်လျှင် မဟူရာချောက်ကမ်းပါး ပါရမီရှင်တစ်ဦးထံ သတင်းစကား ပါးနိုင်ရန် အချိန်အကြာကြီး စောင့်ရပေလိမ့်မည်။

ထိုကဲ့သို့သော ပါရမီရှင်များကို တွေ့ဆုံရန် ကြိုးစားနေသူများမှာ မရေမတွက်နိုင်ပေ ။

သင်က အရေးမပါဘူးဆိုလျှင် သင်၏ သတင်းစကားမှာ သူတို့ထံ ဘယ်တော့မှ ရောက်ရှိသွားမည် မဟုတ်ပါ။

" ငါ အစောပိုင်းက လူလွှတ်ပြီး စုံစမ်းခိုင်းထားတာ သတင်းပြန်ရလာပြီ.။ ငါမြင်ခဲ့တဲ့လူက သွေးဝတ်စုံ လို့ ခေါ်တယ်.။ သူက မဟူရာချောက်ကမ်းပါးရဲ့ ဒုတိယမြောက် အတော်ဆုံးပါရမီရှင်ပဲ"

"သူက မူလသဘောတရား နယ်ပယ် ယန်နတ်ဘုရား ဖြစ်လာနိုင်တယ်လို့ သတင်းထွက်နေတာတဲ့. ။ဒါကြောင့် သူက... ကျိယွမ် မဟုတ်လောက်ဘူး"

ယွီမုန်ရှန်းက ဖုန်းလင် ကောင်းကင်ဘုံအရှင်ထံ သွားရောက်စဉ်က စုံစမ်းခိုင်းထားသည့်အကြောင်းကို ပြောလိုက်သည်။

ကျောက်ယုထံမှ သတင်းပြန်တက်လာခြင်း ဖြစ်၏။

သို့သော် သူမ အနည်းငယ်တော့ စိတ်ပျက်သွားမိသည်။

လူချင်း မတွေ့ရဘဲနှင့် ထိုသူမှာ ကျိယွမ် ဟုတ်မဟုတ် ဆိုသည်ကို သူမ သေချာ မသိနိုင်သေးပါ။

ထိုအချိန်တွင် ချီယီက တစ်ခုခုကို စဉ်းစားရင်း မျက်မှောင်ကြုတ်လိုက်၏။

ရုတ်တရက် သူမက ပြောလိုက်သည်။

" အဲဒါ သူ ဟုတ်မဟုတ် သိချင်ရင်... သူ့ကို လူပုံအလယ်မှာ ဆဲကြည့်ပါလား."

ယန်နတ်ဘုရား ကောင်းကင်ဘုံအရှင်များအတွက် တစ်ကမ္ဘာတည်းတွင် ရှိနေသော တစ်စုံတစ်ယောက်က သူတို့အကြောင်းကို ဆွေးနွေးလျှင် သို့မဟုတ် ကျိန်ဆဲလျှင် သူတို့မှာ ခံစားသိရှိနိုင်လေ့ ရှိ၏။.

၎င်းကို ကြားလိုက်ရသောအခါ ယွီမုန်ရှန်း၏ မျက်နှာအမူအရာမှာ ထူးဆန်းသွားသည်။

" နင်ပြောတာလည်း ဟုတ်တာပဲ."

အကယ်၍ ၎င်းမှာ တကယ်ပင် ကျိယွမ် ဖြစ်နေခဲ့လျှင်ကော.။

မဟုတ်ခဲ့လျှင်လည်း ဆဲတာလေး တစ်ခွန်းလောက်က သူ့ကို ထိခိုက်စေမည် မဟုတ်ပါ။

အကယ်၍ သူသာ ဖြစ်နေခဲ့လျှင်တော့ အကောင်းဆုံးပဲပေါ့.။

တစ်ခါတစ်ရံတွင် ယန်နတ်ဘုရားတစ်ဦး၏ အာရုံစိုက်မှုကို ရရှိရန်မှာ သူတို့ကို ဆဲဆိုခြင်းက ပို၍ လွယ်ကူ၏။.

" ကျွန်မ လုပ်ပါ့မယ်."

ချီယီက ချက်ချင်းပင် လက်တွေ့လုပ်ဆောင်တော့သည်။

သူမသည် ကျိယွမ်၏ မျက်နှာကို စိတ်ထဲတွင် ပုံဖော်လိုက်ပြီး နှုတ်ခမ်းများ တုန်ရီလာကာ ပါးပြင်များလည်း နီမြန်းလာသည်။

" ကျိယွမ်. နင်က နှလုံးသားမရှိတဲ့ လူယုတ်မာပဲ.။ တာဝန်မယူတတ်တဲ့ အမှိုက်ကောင်."

" နင် ငါ့ခံစားချက်တွေကို ကစားခဲ့ပြီး ငါနဲ့ အတူအိပ်ပြီးမှ ထွက်ပြေးသွားတယ်..."

ချီယီသည် စတင်ပြီး အကြီးအကျယ် ဆဲဆိုတော့သည်။.

စားသောက်ပွဲတစ်ခုတွင် လူများမှာ တစ်ဦးကိုတစ်ဦး ဂုဏ်ပြုစကားများပြောကာ ပျော်ရွှင်စွာ သောက်စားနေကြ၏။

ထောင့်တစ်နေရာတွင် ခရမ်းရောင်ကံကြမ္မာ တာ့ရွှယ်က သွေးဝတ်စုံကို ကြည့်ကာ မျက်ခုံးပင့်လိုက်သည်.။

" ခုနက မိန်းကလေးကို ဘယ်လိုမြင်လဲ. ။သူရဲ့ အလှအပက အန်ရွှန်းသမင်နဲ့ ယှဉ်နိုင်တယ်. ။ပြီးတော့ သူမရဲ့ တင်ပါးကလည်း တော်တော်လေးကို အချိုးကျတယ်. ။သူမရဲ့ စိတ်နေစိတ်ထားက ခရမ်းရောင်ကံကြမ္မာ ရှောင်လု လိုမျိုး ရှက်တတ်ပေမဲ့ ငါ့အတွေ့အကြုံအရဆိုရင် အဲဒီလို မိန်းကလေးမျိုးတွေက..."

" လျှို့ဝှက်ချက်တွေ ရှိတတ်တယ်လား".

" အတိအကျပဲ.။ နင်က ဒီနေ့ စကားပြောတာ တော်တော်သွက်နေတာပဲ. "

တာ့ရွှယ်က ကျိယွမ်အား ခနဲ့သလိုကြည့်လိုက်သည်။

" မြှောက်ပင့်တာက ငါ့အပေါ်မှာ အလုပ်မဖြစ်ဘူး."

" နင်က မိန်းမတစ်ယောက် ဖြစ်နေပြီးတော့ တခြားမိန်းမတွေကို ဘယ်လိုမျိုး သတ်မှတ်ရဲတာလဲ.။ နင့်မှာ မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပဲ ရှိတာ ၊ နှလုံးသားက အဆင်မပြေဘူးပဲ. "

ကျိယွမ်က တာ့ရွှယ်၏ မိန်းမသားဆန်မှုကို တိုက်ခိုက်ရန် ပြင်လိုက်သည်။

" ဟားဟား. ငါက မိန်းမတွေကို ပုတ်ခတ်တယ်ပေါ့.။ အခု နင်ကလည်း ငါ့ကို ပြန်ပုတ်ခတ်နေတာ မဟုတ်ဘူးလား."

" လူတိုင်းက တန်းတူညီမျှ မရှိရဘူးလား. ။ဘာလို့ မိန်းမတွေကို ပုတ်ခတ်လို့ မရဘဲ ။ငါ့ကိုကျတော့ ပုတ်ခတ်တ်လို့ ရရမှာလဲ. "

တာ့ရွှယ်က ပျင်းရိစွာ ပြန်ချေပလိုက်သည်။

ကျိယွမ်မှာ စကားမပြန်နိုင်ဘဲ မျက်နှာနီရဲသွားရပြန်သည်။

" တွေ့လား....။ နင့်ရဲ့ ပြဿနာက နင်က အရမ်းကို တင်းကြပ်လွန်းနေတာပဲ.။ အဲဒီမိန်းကလေးသာ ငါ့ကို အဲဒီလိုမျိုး လာပိုးပန်းရင် ငါက ငါ့ရဲ့ အဆက်အသွယ် ပေးပြီး ညဘက် လမ်းလျှောက်ဖို့ ဖိတ်ခေါ်လိုက်မှာ. "

တာ့ရွှယ်က အားရပါးရ ရယ်မောလိုက်၏။

" စိတ်မဝင်စားဘူး."

ကျိယွမ်က ခေါင်းခါလိုက်သည်။

"ငါက အဲဒီလောက်ဖြစ်နေလို့လား "

" နင်ပဲ တန်းတူညီမျှမှုကို ယုံကြည်တယ်ဆို.။ ဘာလဲ... နင်က သူ့ကို နင့်ဇနီးအဖြစ် တင်မြှောက်မှာလား."

တာ့ရွှယ်က လှောင်ပြောင်ကာ ဆက်ပြော၏။

" ယောက်ျားတွေက ပြည့်တန်ဆာရုံကနေ မိန်းမတစ်ယောက်ကို ခေါ်ထုတ်လာပြီး သူမက သူတို့ရဲ့ ပထမဆုံး သူငယ်ချင်းပါလို့ ပြောတတ်တာက သဘာဝပဲ မဟုတ်ဘူးလား."

ကျိယွမ်က ခရမ်းရောင်ကံကြမ္မာ တာ့ရွှယ်ကို စိတိပျက်စွာတစ်ချက်ကြည့်ကာ လျစ်လျူရှုရန် ဆုံးဖြတ်လိုက်သည်။

သူက အဓိပ္ပာယ်မရှိတာတွေချည်း ပြောတတ်တာလား။

ပြဿနာမှာ သူက စကားပြောမတော်ခြင်းပင်။ထို့ကြောင့် နွားချိုမမအား ချေပရန် ခက်နေ၏။

ထိုအခိုက် ကျိယွမ်၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သောအခါ တာ့ရွှယ်၏ မျက်နှာမှာလည်း တည်ကြည်သွားသည်.။

သူမက တိုးတိုးလေး မေးလိုက်၏။

" ဘာဖြစ်လို့လဲ."

" ငါ့ရဲ့ ကမ္ဘာ့ရန်သူက မူလသဘောတရားကောင်းကင်ဘုံနယ်မြေကို ရောက်လာပြီ. "

ကျိယွမ်က တည်ကြည်စွာ ပြန်ဖြေသည်။.

" နင့်ရန်သူလား. ။အဲဒါ ဘယ်သူလဲ. "

တာ့ရွှယ်၏ အမူအရာက တင်းမာသွားသည်။

" ငါ ဆဋ္ဌမမြောက် ကောင်းကင်ဘုံကို ရောက်လာတာတောင် သူမက ဘာလို့ ငါ့နောက်ကို လိုက်နေသေးတာလဲ. "

ကျိယွမ်က သက်ပြင်းချလိုက်မိလေသည်။

" မိန်းမတွေက အရမ်းချစ်တတ်ကြတယ်လို့ ပြောကြပေမဲ့..။ ငါက သူမကို သုံးသိန်းပဲ အကြွေးလေးကျန်တာပါ... ။ငါက ပြန်မဆပ်ဘူးလို့လည်း မပြောပါဘူး. "

"ဒါပေမဲ့ သူက ဆဋ္ဌမမြောက် ကောင်းကင်ဘုံအထိ ငါ့နောက်ကို လိုက်လာပြီး ငါက တာဝန်မယူတတ်တဲ့ လူယုတ်မာပါလို့ ကောလာဟလတွေ လွှင့်နေတယ်."

၎င်းကို ကြားလိုက်ရသောအခါ တာ့ရွှယ်မှာ စိတ်လျှော့လိုက်ပြီး ပါးစပ်ကို ပိတ်ကာ ရယ်မောလိုက်သည်။

" လက်စသတ်တော့..အကြွေးရှင်ကိုး. ။နင်က ငါ့ကို အလကား လန့်အောင် လုပ်နေတာပဲ. ။နင်က ဘယ်လောက်တောင် ကြွေးကျန်နေလို့လဲ"

" အများကြီး မဟုတ်ပါဘူး... သုံးသိန်းလောက်ပါပဲ... အား..."

ကျိယွမ်က ဒေါသထွက်သလို အော်ဟစ်လိုက်ပြီ ဆက်ပြော၏။

" မိန်းမတစ်ယောက်က နင့်ကို ထာဝရ မှတ်မိနေစေချင်ရင် သူမအပေါ်မှာ ကောင်းကောင်းနေပြဖို့ မလိုဘူး ၊ သူမဆီကနေ ပိုက်ဆံပဲ ချေးထားလိုက်.တစ်သက်လုံး နင့်ကိုမမေ့တော့ဘူး "

" နတ်ဘုရားကျောက်တုံး သုံးသိန်းလား. ။ ဟားဟား. နင်သာ ငါ့ကို အဲဒီလောက် ကြွေးကျန်ရင် ငါက နင့်ကုတင်ပေါ်မှာ ညတိုင်း လာအိပ်မှာ. "

တာ့ရွှယ်ကတော့ တာ့ရွှယ်ပင်။

နတ်ဘုရားကျောက်တုံး သုံးသိန်းဆိုသည်မှာ ခရမ်းရောင်ကံကြမ္မာ တာ့ရွှယ်အတွက်ပင် ကြီးမားသော ပမာဏဖြစ်၏။

" နေဦး. သူ ငါ့ကို တိုင်တာတောတာတွေမလုပ်ခင် ငါ သွားရှာလိုက်တာ ပိုကောင်းမယ် ။ သူက ငါ့ကို နာမည်ပျက်စာရင်း သွင်းလိုက်ရင် ငါက အကြွေးမဆပ်တဲ့ လူလို့ အမည်တပ်ခံရလိမ့်မယ်."

" ငါက လေကြောင်းလိုင်းတွေ သုံးစရာ မလိုပေမဲ့ အကြွေးမဆပ်တဲ့လူလို့ အခေါ်ခံရတာက ငါ့ရဲ့ ပုံရိပ်နဲ့ မလိုက်ဖက်ဘူး."

စကားဆုံးသည်နှင့် ကျိယွမ်၏ ပုံရိပ်မှာ ပျောက်ကွယ်သွားလေသည်။

" ပျင်းစရာကောင်းတဲ့ နေ့တစ်နေ့ပဲ."

ခရမ်းရောင်ကံကြမ္မာ တာ့ရွှယ်က ညည်းတွားရင်း သူမ၏ သောက်စရာခွက်ကို ပျင်းရီစွာ ယူလိုက်၏။

တစ်ဖက်တွင်မူ ချီယီသည် သူမ၏ ခါးကို ထောက်ကာ ကောင်းကင်ယံသို့ အော်ဟစ်နေသည်။

ယွီမုန်ရှန်းမှာ အနည်းငယ် အရှက်ရနေသော်လည်း သူမကို မတားဆီးခဲ့ပေ။

ကလေးဆန်သည်ဟု ထင်ရသော်လည်း ၎င်းမှာ တကယ်ပင် အလုပ်ဖြစ်နိုင်၏။

ထိုအချိန်တွင် လေထုထဲမှ မတတ်သာသော အသံတစ်သံ ထွက်ပေါ်လာသည်.

" ဟေ့ ကောင်မလေး... ။ငါက နင့်ကို သုံးသိန်းပဲ ကြွေးကျန်တာပါ ၊ ဘာလို့ ငါ့အကြောင်း မဟုတ်မမှန်တာတွေ လျှောက်ပြောနေရတာလဲ."

ထိုရင်းနှီးသော အသံကို ကြားလိုက်ရသောအခါ ယွီမုန်ရှန်း၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး ချီယီ၏ နီမြန်းနေသော မျက်နှာမှာ ပို၍ပင် နီရဲသွားတော့သည်။

သူတို့ရှေ့တွင် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ကျိယွမ်က မြင့်မားစွာဖြင့် ခန့်ညားစွာရပ်နေ၏။.

" ကျိ... ကျိယွမ်. "

ချီယီမှာ ဆဲဆိုခြင်းက သူ့ကို တကယ်ပဲ ခေါ်ယူနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပါ။

သူမက လုပ်မိလုပ်ရာ လုပ်လိုက်ခြင်းပင်။

" စီနီယာကို ဂါရဝပြုပါတယ်. "

ယွီမုန်ရှန်းသည် အိမ်မက်မက်နေသလို ခံစားရပြီး အမြန်ပင် ဦးညွှတ်လိုက်သည်။

" နင်က ငါ့ကို စီနီယာလို့ ခေါ်ပေမဲ့ ငါ့ကို အသရေဖျက်ပြီး ငါ့ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်ခဲ့တယ် ၊ ငါ နင့်ကို နှစ်သိန်း ကိုးသောင်း ကိုးထောင် ကိုးရာ ကိုးဆယ်ပဲ ပြန်ဆပ်မယ်.၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် ဆယ်ပြား လျှော့လိုက်မယ်."

ကျိယွမ်က အခွင့်အရေးရခိုက် အနည်းငယ် လျှော့ပေးရန် ဆုံးဖြတ်လိုက်သည်။.

သို့သော် သူသည် အကြွေးကို အများကြီးတော့ လျှော့မဆပ်ဝံ့ပေ။ အကြွေးမဆပ်မှုကြောင့် လူသတ်မှုများစွာ ရှိခဲ့ဖူးသည် မဟုတ်ပါလား.။

လှပသောကိုယ်ကျပ်ဝတ်စုံကို ဝတ်ထားဆဲဖြစ်သည့် ချီယီ၏ မျက်နှာမှာ ပို၍ပင် နီရဲလာကာ အမြန် ရှင်းပြတော့သည်. ။

"ငါက နင့်ကို ဆဲချင်လို့ မဟုတ်ပါဘူး. ငါ.."

" အို... နင်က ပိုက်ဆံအတွက် လာတာ မဟုတ်ဘူးလား."

ကျိယွမ်က သက်ပြင်းချရင်း စိတ်အေးသွားသည်။

ပြောရလျှင် သူ၏ လက်ထဲတွင် အခုလောလောဆယ် ပိုက်ဆံ မရှိပါ။

အကယ်၍ ချီယီက အကြွေးတောင်းရန် လာခြင်းဖြစ်လျှင် ၎င်းမှာ အလွန် အရှက်ရစရာ ဖြစ်ပေလိမ့်မည်။.

" စီနီယာ... "

ယွီမုန်ရှန်းက တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် လှောင်ပြောင်သော အသံတစ်သံက ကြားဖြတ်ဝင်လာ၏။

" အို... ကြည့်ရတာ နင်တို့ရဲ့ ကောင်းကင်ဘုံအရှင်က နင့်ကို တော်တော်လေး ဂရုစိုက်ပုံရတယ်။ ငါ့အဘိုးဆီကို ကိုယ်တိုင် လာရောက် ညှိနှိုင်းနေတယ်လေ."

" ဒါပေမဲ့ အခု သူတို့က စစ်တုရင် ကစားနေကြတာဆိုတော့ သူ ပြန်လာနိုင်ဖို့ အချိန်အကြာကြီး လိုဦးမှာ."

အသံပျောက်ကွယ်သွားသည်နှင့် လူ ၇ ယောက် ၈ ယောက်ခန့် ဘွားခနဲလထွက်ပေါ်လာသည်။.

ဦးဆောင်လာသူမှာ အခြားသူမဟုတ်ဘဲ မောက်မာလှသော ထော့ပါးလင်းယွီပင်။

သူမသည် ချီယီကို ကုန်ပစ္စည်းတစ်ခုကဲ့သို့ စစ်ဆေးရင်း ကြည့်လိုက်သည်။

သို့သော် မကြာမီမှာပင် သူမ၏ အကြည့်များမှာ ချီယီထံမှ ကျိယွမ်ထံသို့ ပြောင်းလဲသွား၏။

" နင့်ရဲ့ သွေးမျိုးဆက်က... "

သူမက ဝမ်းသာအားရဖြင့် မျက်လုံးများ ပြူးသွားပြီး အသက်ကို ပြင်းပြင်းရှုလိုက်သည်. ။

" တကယ်ကို မွှေးပျံ့တဲ့ ရနံ့ပဲ."

သူမ၏ အမူအရာမှာ တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ခုကို တွေ့ရှိလိုက်ရသကဲ့သို့ စွဲလန်းနှစ်သက်မှုများဖြင့် ပြည့်နှက်နေသည်။

ကျိယွမ်၏ မျက်လုံးများမှာ မယုံကြည်နိုင်လောက်အောင် ပြူးသွားသည်.။

" ဘယ်လိုအပြုအမူလဲ ၊ နင် ငါ့ကို ကာမဆိုင်ရာ နှောင့်ယှက်နေတာလား."

သူသည် နူးညံ့ပြီး ယဉ်ကျေးသော မိန်းကလေးများကိုသာ ပို၍ သဘောကျလေ၏။

နွားချိုမမ နှင့် ဤထူးဆန်းသော မိန်းမတို့မှာ သူ ဝေးဝေးနေချင်သော သူများ ဖြစ်ကြသည်။

" ဖုန်းလင် မြင့်မြတ်နယ်မြေမှာ ရတနာ တစ်ခုပဲ ရှိတယ်လို့ ငါထင်ထားတာ. တကယ်တော့ နှစ်ခု ရှိနေတာပဲ. "

ထော့ပါးလင်းယွီက ကျိယွမ်ကို ပြင်းပြသော အကြည့်ဖြင့် ကြည့်လိုက်သည်။

ကျိယွမ်မှာ အလွန်ပင် စိတ်ကသိကအောက် ဖြစ်သွား၏။

တစ်စုံတစ်ယောက်က သူ့ကို တွေ့တွေ့ချင်း ရတနာ ဟု ခေါ်သည်မှာ ပထမဆုံးအကြိမ်ပင်။

နောက်ဆိုရင် သူက ငါ့ ခြေထောက်တွေကို ကြည့်ဖို့ တောင်းဆိုဦးမှာလား.။

၎င်းကို မြင်သောအခါ ယွီမုန်ရှန်းက ကျိယွမ်ထံသို့ အမြန် သတင်းပို့လိုက်သည်။

" စီနီယာ... ဒီမိန်းမက သွေးနှောဂိုဏ်းကပါ..."

သူမက အခြေအနေကို ကျိယွမ်အား ရှင်းပြလိုက်သည်။

၎င်းကို ကြားပြီးသော်လည်း ကျိယွမ်၏ အမူအရာမှာ တည်ငြိမ်နေဆဲပင်။.

ဤမိန်းမမှာ ထူးဆန်းရုံတင်မကဘဲ လူကုန်ကူးမှုတွင်လည်း ပါဝင်ပတ်သက်နေ၏။

သူမကို သူက ပို၍ပင် ရွံရှာသွားသည်။

" ဒါက ငါ့ရဲ့ အစ်မပါ. ဒါကြောင့် ဒီကိစ္စကို လက်လျှော့ပေးဖို့ ငါ တောင်းဆိုချင်ပါတယ်."

ကျိယွမ်က မူလသဘောတရားကို နားလည်သဘောပေါက်ရန် ပြင်ဆင်နေသည်ဖြစ်ရာ အေးအေးဆေးဆေး နေချင်၏။. သူသည် လူအများ၏ အာရုံစိုက်မှုကို မခံယူလိုဘဲ ထိုက်ဟွမ်နန်းတော်၏ ရှာဖွေခြင်းကို မခံရရန် ကြိုးစားနေရသည်။

" နင့်ကို မျက်နှာသာ ပေးရမယ် ဟုတ်လား. "

ထော့ပါးလင်းယွီက လှောင်ပြောင်လိုက်ပြီး နှုတ်ခမ်းကို တွန့်ကွေးလိာက်၏။

" ဒုတိယမြောက် ကောင်းကင်ဘုံက ယင်နတ်ဘုရားလေး တစ်ယောက်က ဘယ်လိုမျိုး မျက်နှာသာ ရထိုက်လို့လဲ."

"နင်... "

ကျိယွမ်သည် သူ၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ပြောချင်သွားသည်။

သို့သော် ပြန်စဉ်းစားကြည့်သောအခါ သူက အောက်ပိုင်းနယ်မြေက ဖြစ်ပြီး ခရမ်းရောင်နန်းတော် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်နေသေးသဖြင့် ငြိမ်ငြိမ်နေတာက ပိုကောင်းမည်ဟုတွေးကာ ငြိမ်သွား၏။

ထော့ပါးလင်းယွီက ယွီမုန်ရှန်းကို ကြည့်လိုက်သည်။

" ဒီနှစ်ယောက်ကို ငါ ခေါ်သွားမယ်. နင်သာ ကြားဝင်နှောင့်ယှက်ရင်... ဖုန်းလင် မြင့်မြတ်နယ်မြေရဲ့ အနာဂတ်က တောက်ပြောင်မှာ မဟုတ်တော့ဘူး."

ထော့ပါးလင်းယွီ၏ နောက်ကွယ်မှ ဒဏ္ဍာရီလာနယ်ပယ် ကျင့်ကြံသူများသည် ကျိယွမ်တို့အုပ်စုကို ရန်လိုသော အကြည့်များဖြင့် စိုက်ကြည့်နေကြ၏။.

"နေဦးလေ... နတ်ဘုရားကျောက်တုံး တစ်ခုတည်းနဲ့ ငါ့ကို ဝယ်ဖို့တော့ မလုံလောက်ဘူး ၊ ပြီးတော့ နင်က ငါ့ကို ရတနာလို့ ခေါ်ခဲ့တယ် မဟုတ်လား. ရတနာတွေက တန်ဖိုးမဖြတ်နိုင်ဘူးလေ. "

ကျိယွမ်က အခြေအနေကို ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကြိုးစားလိုက်သည်။

ယနေ့သူ သင်ခန်းစာတစ်ခု ရလိုက်၏။

သူ၏ စကားပြောစွမ်းရည်ကို မြှင့်တင်ရန် လိုအပ်နေလေပြီ။

သူသည် နွားချိုမမကိုပင် အမြဲတမ်း စကားနိုင် မလုနိုင် ဖြစ်နေရသည် မဟုတ်ပါလား။

" နတ်ဘုရားကျောက်တုံး တစ်ခု...၊ ဒါက စော်ကားတာလေ ၊ . နင် နားမလည်ဘူးလား. ဒါမှမဟုတ် နင်ကပဲ အူကြောင်ကြောင် ဖြစ်နေတာလား."

ထော့ပါးလင်းယွီက ကျိယွမ်ကို အရူးတစ်ယောက်လို ကြည့်လိုက်သည်။

သူမအတွက်မူ ကျိယွမ်နှင့် စကားပြောနေရခြင်းမှာပင် မထိုက်တန်သော အာရုံစိုက်မှုကို ပေးနေရခြင်းပင်။.

အဆုံးတွင်မူ သူတို့ကဲ့သို့သော လူများမှာ သွေးထုတ်ယူခံရမည့် တိရစ္ဆာန်များသာ ဖြစ်၏။

" နင်... "

ကျိယွမ်သည် ဒေါသထွက်သွားသည်။

ဒီလောကမှာ ဒီလောက်အထိ ယုတ်မာတဲ့လူ ရှိနိုင်ပါ့မလား.။

ဘယ်လိုလုပ်ပြီး တစ်စုံတစ်ယောက်က ဒီလောက်အထိ အဆိပ်ပြင်းတဲ့ စကားတွေကို ပြောနိုင်ရတာလဲ. ။

သူ ထိခိုက်သွားခြင်း မဟုတ်သော်လည်း အလွန် စိတ်အနှောင့်အယှက် ဖြစ်သွားသည်။

ထိုအခိုက်....။

" ဒီလောက်အထိ ပေါ်လွင်တာတွေကို ဝတ်ထားပြီးတော့... ရင်သား သုံးခုကို ပြနေတာက ဘာအဓိပ္ပာယ်လဲ.။

ကိုယ်ကျင့်တရားတွေက ပျက်ပြားနေပြီပဲ ၊ နင်က ငါ့မျက်စိကို စော်ကားနေတာ ၊ နင် သေသင့်တယ်."

ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာပြီး ယန်နတ်ဘုရားတစ်ဦး ရုတ်တရက်ထွက်ပေါ်လာ၏။

သူက ထော့ပါးလင်းယွီကို ရွံရှာသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး လက်ဝါးတစ်ချက်ဖြင့် သူမကို ချကိချင်းရိုက်သတ်လိုက်သည်။.

သူမ၏ ဘေးရှိ ဒဏ္ဍာရီလာနယ်ပယ် ကျင့်ကြံသူများမှာလည်း တုံ့ပြန်ရန် အချိန်ပင် မရလိုက်ဘဲ ထိုလက်ဝါးချက်ဖြင့်ပင် အသတ်ခံလိုက်ရလေ၏။

၎င်းမှာ အလွန် လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်းပင်။

သူတို့ စကားများနေကြစဉ်မှာပင် ယန်နတ်ဘုရားတစ်ပါး ရုတ်တရက် ပေါ်လာပြီး ထော့ပါးလင်းယွီကို ချက်ချင်းရိုက်သတ်လိုက်သည် ။

ယန်နတ်ဘုရားတစ်ပါး၏ အင်အားမှာ ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။

ဒဏ္ဍာရီလာနယ်ပယ် ကျင့်ကြံသူများမှာ သူတို့အတွက် ပုရွက်ဆိတ်များသာ ။

သူတို့ကို သတ်ဖြတ်ခြင်းမှာ အားစိုက်စရာပင် မလိုပေ။

ထိုယန်နတ်ဘုရားက ကျိယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး လျစ်လျူရှုသော အမူအရာဖြင့် ပြောလိုက်၏။

" ငါက ဒီနားက ဖြတ်သွားတာပါ. နင့်ကို ကူညီနေတာ မဟုတ်ဘူး."

ထိုအချိန်တွင် ကောင်းကင်ယံမှ ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။

" ပြောစမ်း..ငါ့မြေးမလေးကို ဘယ်သူ သတ်ရဲတာလဲ."

ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုသည် မူလသဘောတရားကောင်းကင်ဘုံနယ်မြေတွင် ပေါ်လာပြီး ကောင်းကင်ယံတစ်ခုလုံးကို သွေးဆာနေသော အရှိန်အဝါများဖြင့် ပြည့်နှက်သွားစေသည်။

ကမ္ဘာတစ်ခုလုံးမှာ သွေးများနှင့် စိုရွှဲနေသလို ခံစားလိုက်ရ၏။

ထိုကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်၏ အကြည့်မှာ ကျိယွမ်တို့အုပ်စုပေါ်သို့ ကျရောက်လာတော့သည်။

ဤသူမှာ အခြားသူမဟုတ်ဘဲ သွေးနှောဂိုဏ်း၏ ဘိုးဘေး ရှန်ရွှေ ကောင်းကင်ဘုံအရှင် ဖြစ်သည်။

သူ့ကို မြင်လိုက်ရသောအခါ ကျိယွမ်၏ မျက်နှာမှာ တင်းမာသွားပြီး အမြန်ပြန်ပြောလိုက်၏။

" ကျွန်တော် မဟုတ်ပါဘူး. ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး. ဟိုဘက်က ယန်နတ်ဘုရား လုပ်တာပါ ။ ကျွန်တော် သူ့ကို မသိပါဘူး.။ သူက မိစ္ဆာမျက်လုံး လို့ ခေါ်တယ်ဆိုတာကိုလည်း ကျွန်တော် လုံးဝ မသိပါဘူး "

------

အခန်း ၄၄၃ - ဇီးရိုးဝမ်း၏ သတင်းစကား..

"မိစ္ဆာမျက်လုံးလား"

(မိစ္ဆာမျက်လုံးဆိုသည်မှာ မော့ထုံ၏ သိုင်းလောကအမည်ဖြစ်သည်)

ကောင်းကင်ယံတွင်ရပ်နေသော သွေးနှောဂိုဏ်း၏ဘိုးဘေး ရှန်ရွှေ ကောင်းကင်ဘုံအရှင်သည် မိစ္ဆာမျက်လုံး ကောင်းကင်ဘုံအရှင်ကို ဒေါသတကြီး စိုက်ကြည့်နေ၏။

ဒေါသကြောင့် သူ၏ အရှိန်အဝါမှာ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေလေသည်။

မိစ္ဆာမျက်လုံး ကောင်းကင်ဘုံအရှင်မှာ မိုလိုမျိုးနွယ်စုမှ မူလသဘောတရားနယ်ပယ် ယန်နတ်ဘုရား တစ်ဦး ဖြစ်သည်။

ရှန်ရွှေ ကောင်းကင်ဘုံအရှင်သည်လည်း မူလသဘောတရားနယ်ပယ် ယန်နတ်ဘုရား တစ်ဦး ဖြစ်၏ ။ယခင်ကဆိုလျှင် မိစ္ဆာမျက်လုံးကို အလွန် သတိထားနေရသော်လည်း ယခုအခါမှာတော့ သူက နောက်မဆုတ်ခဲ့ပေ။

"ငါ့ကို ရှင်းပြချက် ပေးရမယ်. ဘာအကြောင်းပြချက်မှ မရှိဘဲ ငါ့မြေးမလေးကို ဘာလို့ သတ်လိုက်ရတာလဲ"

ရှန်ရွှေ ကောင်းကင်ဘုံအရှင်က သတ်ဖြတ်လိုသော အရှိန်အဝါကို မရုပ်သိမ်းခဲ့ပေ။

မူလသဘောတရားနယ်ပယ် ယန်နတ်ဘုရား တစ်ဦး ဖြစ်သည်နှင့်အညီ သူ၌ လည်း ကိုယ်ပိုင်ဂုဏ်သိက္ခာ ရှိသည်။ . ထို့ကြောင့် ဤကိစ္စအတွက် ရှင်းပြချက်တစ်ခု သူ လိုအပ်၏။

"ဘာလို့ အကြောင်းပြချက် မရှိရမှာလဲ. မင်းရဲ့မြေးမလေးက မျက်စိစပါးမွှေးစူးစရာ ကောင်းနေလို့လေ ၊ ငါ စိတ်မကြည်တာနဲ့ သတ်လိုက်တာပဲ"

မိစ္ဆာမျက်လုံး ကောင်းကင်ဘုံအရှင်၏ လေသံမှာ တည်ငြိမ်နေသော်လည်း အရှက်မရှိနိုင်လှသည်။

အခြားသော ယန်နတ်ဘုရားများနှင့် ဒဏ္ဍာရီလာနယ်ပယ် ကျင့်ကြံသူ အများအပြားမှာ ယခုနေရာမှ လှုပ်ခတ်မှုကို သတိထားမိသွားကြပုံရ၏။

သူတို့သည် မသိမသာဖြင့် အနီးအနားသို့ ရောက်လာကြာကာ ပုန်းကွယ်ကာ ဤပွဲကို စိတ်ဝင်တစား စောင့်ကြည့်နေကြလေသည်။

"မင်း..."

ရှန်ရွှေကောင်းကင်ဘုံအရှင်မှာ ဒေါသများ အလိပ်လိုက် ထွက်ပေါ်လာသည်။

သူသည်လည်း မူလသဘောတရားနယ်ပယ်ယန်နတ်ဘုရား တစ်ဦး ဖြစ်ရာ မိစ္ဆာမျက်လုံးကို အလွယ်တကူ ကြောက်ရွံ့သွားမည် မဟုတ်ပေ။

မိုလိုမျိုးနွယ်စုမှ မိစ္ဆာမျက်လုံးက ဖြေရှင်းချက်ပေး၏။

"ငါ့မှာ မျက်လုံးတွေ အများကြီး ရှိတယ်ဆိုတာ မင်းမသိဘူးလား.။ မင်းမြေးမလေးက တခြားလူတွေကို သိပ်ပြီး အနှောင့်အယှက် မပေးဘူး ဆိုရင်တောင် တခြားလူတွေမှာ မျက်လုံး နှစ်လုံးပဲ ရှိတာလေ.။ ငါ့မှာတော့ မျက်လုံးပေါင်း ဘီလီယံ တစ်ရာ ရှိတယ်.။ တခြားလူတွေအတွက် သေးငယ်တဲ့ အနှောင့်အယှက်က ငါ့အတွက်တော့ အကြီးကြီး ဖြစ်သွားပြီ"

ရှန်ရွှေ ကောင်းကင်ဘုံအရှင်မှာ ဒေါသကြောင့် တုန်ရီသွားလေသည်။

." မင်း ငါ့ကို သေချာ မရှင်းပြရင် ဒီကိစ္စက ငါတို့နဲ့ မိုလိုမျိုးနွယ်စုကြားမှာ ဒီအတိုင်း ပြီးသွားမှာ မဟုတ်ဘူး"

"ရှင်းပြချက်လား. ခုနကပဲ ငါ ပေးပြီးပြီလေ"

မိစ္ဆာမျက်လုံး ကောင်းကင်ဘုံအရှင်ကတော့ မထူးဆန်းသလိုပင်။

အနီးအနားရှိ ကျိယွမ်မှာ အနည်းငယ် အားကျသွားရသည်.။

သူ၏ စကားပြောစွမ်းရည်မှာ သူ့စိတ်ဝိညာဥ်၏ တစ်ဝက်ကိုပင် မမီပေ။

ရှန်ရွှေ ကောင်းကင်ဘုံအရှင်၏ အကြည့်များတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ လင်းလက်သွား၏။

"မူလသဘောတရား ဆွေးနွေးပွဲ ပြီးတာနဲ့ ကောင်းကင်အလွန် ကောင်းကင်ဘုံမှာ မင်းနဲ့ ငါ စိန်ခေါ်တိုက်ခိုက်မယ်"

ရှန်ရွှေ ကောင်းကင်ဘုံအရှင်က တိုက်ရိုက် စိန်ခေါ်လိုက်သည်.

၎င်းကို ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ ယန်နတ်ဘုရားများနှင့် ဒဏ္ဍာရီလာနယ်ပယ် ကျင့်ကြံသူများမှာ သိသိသာသာ တုန်လှုပ်သွားကြသည်။

"သူ တကယ်ပဲ စိန်ခေါ်လိုက်တာလား"

"ရှန်ရွှေ ကောင်းကင်ဘုံအရှင်ကတော့ တကယ်ပဲ ဒေါသထွက်သွားပြီ"

"ဒါကတော့ တကယ် စိတ်ဝင်စားဖို့ ကောင်းတော့မှာပဲ"

"ရှန်ရွှေ ကောင်းကင်ဘုံအရှင်က သတ္တိရှိသားပဲ"

"သူတို့ နှစ်ယောက်လုံးက မူလသဘောတရားနယ်ပယ်တွေလေ.။ တကယ်လို့ ရှန်ရွှေက အခု နောက်ဆုတ်လိုက်ရင် သူ ဘယ်လို လုပ်ပြီး ဂုဏ်သိက္ခာ ထိန်းနိုင်တော့မှာလဲ"

"ရှုံးသွားရင်တောင် အရှက်ကွဲရုံပဲ ရှိမှာပါ.။ မိုလိုမျိုးနွယ်စုက ဝိုင်းပြီး သတ်ပစ်မှာမှ မဟုတ်တာ"

မိုလိုမျိုးနွယ်စုသည် အင်အားကြီးမားသော အဖွဲ့အစည်း ဖြစ်ကြောင်း အားလုံး သိကြသည်။

သွေးနှောဂိုဏ်းနှင့် နှိုင်းယှဉ်လျှင် မိုလိုမျိုးနွယ်စုမှာ အများကြီး ပိုသန်မာပြီး ဖန်ဆင်းရှင်ရတနာ တစ်ခုပင် ပိုင်ဆိုင်ထား၏။

သို့သော်လည်း ရှန်ရွှေ ကောင်းကင်ဘုံအရှင်၏ စိန်ခေါ်မှုက လူအများကို စိတ်ဝင်စားသွားစေသည်။

ယခု နောက်ဆုတ်လိုက်လျှင် လှောင်ပြောင်ခံရပေလိမ့်မည်။ ရှုံးနိမ့်ခြင်းကမူ ဂုဏ်သိက္ခာ အနည်းငယ် ကျဆင်းရုံသာ ရှိမည် ဖြစ်သည်။ . မိုလိုမျိုးနွယ်စုသည် ရှန်ရွှေ၏ အသက်ကိုတော့ မခြိမ်းခြောက်နိုင်ပါ။

မိစ္ဆာမျက်လုံး ကောင်းကင်ဘုံအရှင်က စိန်ခေါ်စကားကိုကြားသော်လည်း တည်ငြိမ်နေဆဲပင်ရှိကာ ပေါ့ပေါ့ပါးပါးပင် ပြန်ပြောလိုက်သည်။

"ကောင်းပြီလေ..ချမယ်ဆိုတော့လည်း ချတာပေါ့ "

ကောင်းကင်အလွန် ကောင်းကင်ဘုံသည် တိုက်ခိုက်မှုများအတွက် အထူးနေရာတစ်ခု ဖြစ်သည်။

ယန်နတ်ဘုရားများ၏ တိုက်ပွဲများမှာ ထိုနေရာတွင် ခဏခဏ ဖြစ်ပွားလေ့ ရှိ၏။

အခြားသော ယန်နတ်ဘုရားများမှာမူ စိတ်လှုပ်ရှားနေကြသည်။

သူတို့အနေဖြင့် ကြီးမားသော ဖျော်ဖြေမှုတစ်ခုကို ကြည့်ရတော့မည် မဟုတ်ပါလား.။

ကောင်းကင်အလွန် ကောင်းကင်ဘုံမှ တိုက်ပွဲများမှာ ဖြစ်ခဲလှသည်.။

ယန်နတ်ဘုရား တစ်ဦး နောက်ဆုံးအကြိမ် ကျဆုံးခဲ့သည်မှာ မဟူရာချောက်နက်မှ မူလသဘောတရားနယ်ပယ် ယန်နတ်ဘုရား တစ်ဦးက တစ္ဆေစိုးမိုးကောင်းကင်ဘုံမှ တစ်ဦးကို သတ်ဖြတ်ခဲ့စဉ်က ဖြစ်သည်။

ကံမကောင်းစွာပင် ထိုတိုက်ပွဲမှာ မြန်လွန်းလှသဖြင့် လူအများ မတွေ့လိုက်ရပေ.။

ယခုအခါ မူလသဘောတရားနယ်ပယ် ပညာရှင်နှစ်ဦး တိုက်ခိုက်တော့မည် ဖြစ်ရာ မည်သူမှ လက်မလွှတ်ချင်ကြပေ။

ရှန်ရွှေ ကောင်းကင်ဘုံအရှင်၏ မျက်နှာမှာ ပို၍ မှောင်မှောင်သွားသည်။

သူက မိစ္ဆာမျက်လုံးကို ကြည့်ပြီး ပြောလိုက်၏။

"မင်းအခု သွားလို့ရပြီ. ဒါပေမဲ့ အောက်က ပုရွက်ဆိတ်တွေကို ကာကွယ်ပေးဖို့များ စိတ်ကူးရှိနေတာလား"

သူသည် မိစ္ဆာမျက်လုံးကို မယှဉ်နိုင်သော်လည်း အောက်မှ လူများကိုမူ သူ၏ ဒေါသများ ပုံချနိုင်သည်။

ကျင့်ကြံခြင်းလောကတွင် လူသုံးမျိုးသာ ရှိသည်.။ ပုရွက်ဆိတ်များ. ၊ ကျင့်ကြံဖော်များနှင့် စီနီယာများ ဖြစ်သည်။.

ကျိယွမ်က ၎င်းကို ကြားသောအခါ ဒေါသထွက်သွားလေ၏။

"မင်းမှာ ဘာဥပဒေမှ မရှိဘူးလား. ဒါက ငါနဲ့ ဘာမှမဆိုင်ဘူးလေ. မိစ္ဆာမျက်လုံး ကောင်းကင်ဘုံအရှင်က မင်းရဲ့ မြေးမလေးကို သတ်လိုက်တာလေ. ငါ သူ့ကို သိတောင် မသိဘူး. ငါ ခေါ်လိုက်တာလည်း မဟုတ်ဘဲနဲ့ ဘာလို့ ငါ့ကို ပါအောင် ဆွဲထည့်နေရတာလဲ"

ကျိယွမ် တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်နေ၏။

.

ဤ ရှန်ရွှေ ကောင်းကင်ဘုံအရှင်မှာ ကိုယ်ကျင့်တရား ပျက်ပြားရုံတင်မကဘဲ ဥပဒေမဲ့လွန်းလှသည်။.

"သေနေတဲ့ ပုရွက်ဆိတ် အနည်းငယ်က မင်းနဲ့ ဘာဆိုင်လို့လဲ"

ကျိယွမ်လိုလူက ပြန်ပြောရဲသည်ကို ရှန်ရွှေ ကောင်းကင်ဘုံအရှင်မှာ အံ့အားသင့်သွားပြီး အေးစက်စွာ လှောင်ပြောင်လိုက်သည်။

သူက မိစ္ဆာမျက်လုံးဘက်သို့ လှည့်ကာ ထပ်ပြော၏။

"မင်း မသွားဘူးဆိုရင် ငါ သူတို့ကို အခုပဲ တိုက်ခိုက်တော့မှာ"

ရှန်ရွှေက သတိပေးလိုက်ခြင်းပင်။

အကယ်၍ မူလသဘောတရားနယ်ပယ် ယန်နတ်ဘုရား နှစ်ဦး တိုက်ခိုက်ကြလျှင် မိစ္ဆာမျက်လုံးမှာ အောက်မှ လူများကို ကာကွယ်ပေးရန် ခက်ခဲပေလိမ့်မည်။

"မင်းက အကျိုးအကြောင်းမဲ့လှချည်လား ၊ . ငါတို့ ဒါကို ဆင်ခြင်တုံတရားနဲ့ ရှင်းသင့်တယ်လေ"

ကျိယွမ်မှာ ပို၍ မကျေမနပ် ဖြစ်လာသည်.။

ဆင်ခြင်တုံတရားနှင့် အကျိုးအကြောင်းမှာ သူ၏ စိတ်ထဲတွင် အမြင့်ဆုံးသော မူဝါဒ ဖြစ်၏။

"ဆင်ခြင်တုံတရား ဟုတ်လား. ဟားဟား. တကယ် ရယ်ရတယ်"

ရှန်ရွှေ ကောင်းကင်ဘုံအရှင်၏ လေသံမှာ မထီမဲ့မြင် ပြုမှုများဖြင့် ပြည့်နှက်နေသည်။

ထို့နောက် သူ၏ ကြောက်မက်ဖွယ် အရှိန်အဝါများက ကျိယွမ်ကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင် ကျိယွမ်၏ စိတ်ထဲ၌ လှုပ်ခတ်သွား၏။

ဘာကြောင့်မှန်းမသိ ရှန်ရွှေ ကောင်းကင်ဘုံအရှင်နှင့် ရင်ဆိုင်ရသည်မှာ နွားချိုမမနှင့် ရင်ဆိုင်ရသလိုမျိုး ဖြစ်နေပြီး သူ့ကိုယ်သူ လုံးဝ မတတ်သာသလို ခံစားရစေသည်။

အကယ်၍ သူသာ အခုအချိန်မှာ ချီယီ ဖြစ်နေခဲ့လျှင် ဆင်ခြင်တုံတရားနှင့် ဥပဒေက သူမကို ကာကွယ်ပေးနိုင်ပါဦးမလား.။

သူ အများကြီး တွေးနေမိသဖြင့် ခေါင်းပင် ကိုက်လာရသည်။

ထိုအချိန်တွင် ရယ်မောသံတစ်ခု ထွက်ပေါ်လာပြန်၏။

"ရှန်ရွှေ. မင်း ဒီတစ်ယောက်ကိုတော့ သတ်လို့ မရဘူး"

ပုံရိပ်အသစ်တစ်ခု ထွက်ပေါ်လာသည်။

သူသည်လည်း နောက်ထပ် မူလသဘောတရားနယ်ပယ် ယန်နတ်ဘုရား တစ်ဦး ဖြစ်ပြီး ယဉ်ကျေးသိမ်မွေ့သော ပုံစံနှင့် မျက်နှာတွင် အပြုံးတစ်ခု ရှိနေသည်.။

ရှန်ရွှေ ကောင်းကင်ဘုံအရှင်က ထိုလူသစ်ကို စိုးရိမ်တကြီး ကြည့်လိုက်၏။

.

"ဗုဒ္ဓတိုင်းပြည်က လူဖြစ်ပြီးတော့ ဘာလို့ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေရတာလဲ. မင်းတို့က မိုလိုမျိုးနွယ်စုနဲ့ ရန်သူတွေ မဟုတ်ဘူးလား"

ထိုလူသစ်မှာ ဗုဒ္ဓတိုင်းပြည်မှ မူလသဘောတရားနယ်ပယ် ယန်နတ်ဘုရား တစ်ဦး ဖြစ်သည်။.

သို့သော် သူသည် ကျိယွမ်ကို သိဟန်တူ၏။

"ဒါက ဗုဒ္ဓတိုင်းပြည်နဲ့ ဘာမှမဆိုင်ဘူး. မင်းရှေ့က လူက မဟူရာချောက်နက်က ပါရမီရှင်တစ်ယောက် ဖြစ်တယ်ဆိုတာကို ငါက သတိပေးရုံတင်ပါ"

"မဟူရာချောက်နက်လား"

ရှန်ရွှေ ကောင်းကင်ဘုံအရှင်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားသည်.

၎င်းမှာ မိုလိုမျိုးနွယ်စု တစ်ခုတည်းသာ ဖြစ်လျှင် သူ တိုက်ခိုက်ချင် တိုက်ခိုက်ပေလိမ့်မည်.။

သို့သော် မဟူရာချောက်နက် ဆိုလျှင်မူ...

သူ စတင် စိုးရိမ်လာသည်။

အဆုံးတွင်မူ မဟူရာချောက်နက်မှ မူလသဘောတရားနယ်ပယ် ပညာရှင် တစ်ဦးမှာပင် သူ့ကို အလွယ်တကူ သတ်ပစ်နိုင်သည် မဟုတ်ပါလား။

"မဟူရာချောက်နက် ဖြစ်တော့ ဘာဖြစ်လဲ. ငါ့မြေးမလေး သေရတာက အလကား ဖြစ်သွားရမှာလား"

ရှန်ရွှေ ကောင်းကင်ဘုံအရှင်က ကျိယွမ်ကို စိုက်ကြည့်လိုက်သည်။

"သူ့ကို ငါ့ရဲ့ သွေးနှောဂိုဏ်းကို ခေါ်သွားမယ်. မဟူရာချောက်နက်က ငါ့ကို သေချာ ရှင်းပြချက် မပေးရင် သူ့ကို ပြန်ရမှာ မဟုတ်ဘူး"

သူက ပြင်းပြင်းထန်ထန် ပြောနေသော်လည်း သူ၏ စကားများထဲတွင် နောက်ဆုတ်လိုသော အရိပ်အယောင်များ ပါရှိနေသည်.။

သူက ဘယ်သူ့ကိုမှ မသတ်တော့ဘဲ မဟူရာချောက်နက်ဘက်မှ ဤကိစ္စကို ဖြေရှင်းပေးရန်သာ တောင်းဆိုတော့သည်။

"မင်းရှေ့က လူက အခြားသူမဟုတ်ဘူး. ခရမ်းရောင်ကံကြမ္မာ ကောင်းကင်ဘုံက အချစ်တောိပါရမီရှင် သွေးဝတ်စုံ ပဲ. သူ့ကို ခေါ်သွားဖို့ တကယ်ပဲ သေချာရဲ့လား"

ဗုဒ္ဓတိုင်းပြည်မှ ဘုန်းတော်ကြီး၏ အပြုံးမှာ လှောင်ပြောင်မှုများ ပါဝင်နေ၏။

ရှန်ရွှေ ကောင်းကင်ဘုံအရှင်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်.။

"သူက သွေးဝတ်စုံလား"

သူ၏ မျက်နှာမှာ မှောင်ကျသွားပြီး စိတ်အခြေအနေမှာလည်း မတည်မငြိမ် ဖြစ်လာသည်.။

၎င်းမှာ မဟူရာချောက်နက်မှ အခြားသော ပါရမီရှင်တစ်ဦးသာ ဖြစ်လျှင် သူ ခေါ်သွားဝံ့ပေလိမ့်မည်.။

သို့သော် သွေးဝတ်စုံ ဆိုလျှင်မူ...

မကြာသေးခင်က သွေးဝတ်စုံသည် တစ္ဆေစိုးမိုးကောင်းကင်ဘုံမှ ပါရမီရှင်တစ်ဦးကို သတ်ခဲ့၏။

တစ္ဆေစိုးမိုးကောင်းကင်ဘုံမှ ယန်နတ်ဘုရား တစ်ဦးက မဟူရာချောက်နက်သို့ သွားရောက်ပြီး လျော်ကြေးတောင်းသောအခါ ကံကြမ္မာကောင်းကင်ဘုံမှ မူလသဘောတရားနယ်ပယ် ပညာရှင်က ထိုသူကို ချက်ချင်း သတ်ပစ်ခဲ့သည်.။

ထိုအဖြစ်အပျက်က ဆဋ္ဌမမြောက် ကောင်းကင်ဘုံ တစ်ခုလုံးကို တုန်လှုပ်စေခဲ့၏။

ရှန်ရွှေ ကောင်းကင်ဘုံအရှင် ကိုယ်တိုင်ပင်လျှင် ကြယ်တာရာ ကောင်းကင်ယံမှ ထိုမြင်ကွင်းကို မြင်တွေ့ခဲ့ရပြီး အလွန် ထိတ်လန့်ခဲ့ရသည် မဟုတ်ပါလား။

နတ်ဆိုးဘိုးဘေးအရှင်က သွေးဝတ်စုံအတွက်နှင့် ဒေါသထွက်ကာ ယန်နတ်ဘုရား တစ်ဦးကို သတ်ပစ်ခဲ့ခြင်းပင်။

အခု သူ့ရှေ့ကကောင်လေးက အဲဒီ သွေးဝတ်စုံလား.။

ရှန်ရွှေ ကောင်းကင်ဘုံအရှင်မှာ ရုတ်တရက် ခက်ခဲသော အခြေအနေသို့ ရောက်ရှိသွားသည်.။

၎င်းမှာ မဟူရာချောက်နက်မှ အခြား ပါရမီရှင်တစ်ဦးသာ ဖြစ်လျှင် သူ ခေါ်သွားပေလိမ့်မည်.။

သို့သော် ဒါက...

သူ သွေးဝတ်စုံကိုတော့ မထိဝံ့ပါ။.

သူ သွေးဝတ်စုံကို ခေါ်သွားလျှင် ခဏအကြာမှာပင် နတ်ဆိုးဘိုးဘေးအရှင် ရောက်လာပြီး သူ့ကို သတ်ပစ်မည်ကို သူ ကြောက်နေ၏။

သူသည် မိုလိုမျိုးနွယ်စုကို မကြောက်သော်လည်း မူလသဘောတရားနယ်ပယ်ပညာရှင်များကိုမူ အလွန် ကြောက်ရွံ့သည်။

သူတို့က သူ့ကို အလွယ်တကူ သတ်နိုင်သည် မဟုတ်ပါလား.။

ရှန်ရွှေမှာ တွန့်ဆုတ်နေပြီး စိတ်ထဲတွင် ရှုပ်ထွေးနေ၏။.

သူ သွေးဝတ်စုံကို တကယ်ပဲ မခေါ်သွားဝံ့ပါ။.

"ငါ သွေးဝတ်စုံ ဟုတ်မဟုတ်က အရေးမကြီးပါဘူး.။ အရေးကြီးတာက မင်းမြေးမလေး သေတာက ငါနဲ့ ဘာမှမဆိုင်ဘူးဆိုတာပဲ."

"ပြီးတော့ ငါ မိစ္ဆာမျက်လုံးကို မသိဘူး. ။ ပြီးတော့ ငါ သူ့ကို သတ်ဖို့လည်း မပြောခဲ့ဘူး. ။ငါက အပြစ်မရှိဘူး. နားလည်လား"

ကျိယွမ်က ရှန်ရွှေကို အော်ပြောလိုက်သည်။

ရှန်ရွှေ၏ နှုတ်ခမ်းများမှာ တွန့်သွားပြီး သူ၏ မျက်နှာမှာလည်း စိတ်ပျက်မှုများကြောင့် ရှုံ့မဲ့သွားသည်။

အကယ်၍ ၎င်းမှာ သွေးဝတ်စုံ ဖြစ်ကြောင်း သူ မသိခဲ့လျှင် ဤစကားကို သူ ယုံကြည်ပေလိမ့်မည်။

သို့သော် မိုလိုမျိုးနွယ်စုမှာ မဟူရာချောက်နက်၏ လက်ပါးစေ ဖြစ်ကြောင်း ဘယ်သူ မသိဘဲ နေမှာလဲ။

အကယ်၍ သွေးဝတ်စုံကသာ မိုလိုမျိုးနွယ်စုမှ မူလသဘောတရားနယ်ပယ် ပညာရှင်ကို အကူအညီ တောင်းခဲ့လျှင် ထိုပညာရှင်က ငြင်းဆိုဝံ့ပါ့မလား.။

"ဖြစ်နိုင်တာက... ငါ မှားသွားတာလည်း ဖြစ်မှာပါ"

ရှန်ရွှေ ကောင်းကင်ဘုံအရှင်မှာ စိတ်ပျက်လက်ပျက်နှင့် အတင်းပြုံးလိုက်ရသည်။

"မင်း မှားတာ သေချာတာပေါ့.။ ငါ မိစ္ဆာမျက်လုံး ကောင်းကင်ဘုံအရှင်ကို မြင်တောင်မမြင်ဖူးဘူး. ဒီနေ့မှ ပထမဆုံး တွေ့ဖူးတာ"

ကျိယွမ်က တည်ကြည်စွာ ဆက်ပြော၏။

ရှန်ရွှေ၏ မျက်နှာမှာ တစ်လှည့်စီ ပြောင်းလဲနေသည်။

သူ ရောက်လာစဉ်က သွေးဝတ်စုံသည် မိစ္ဆာမျက်လုံးကို မသိဘူးဟု ပြောသော်လည်း နာမည်ကိုပါ ခေါ်နေသည်ကို သူ ပြန်ထောက်ပြချင်နေ၏။

"ဒါကြောင့် ဒီကိစ္စက ငါနဲ့ ဘာမှမဆိုင်ဘူး. ။မင်းမြေးမလေးက ငါ့ကို ဖမ်းပြီး သွေးနှောဂိုဏ်းကို ခေါ်သွားမယ် ဟ. ပြီးတော့ ငါ့သွေးတွေကို ထုတ်မယ်လို့ ခြိမ်းခြောက်ခဲ့တာ မှန်ပေမဲ့ ငါကတော့ ဆင်ခြင်တုံတရား ရှိရှိနဲ့ သူမအပေါ်မှာ ဘာသတ်ဖြတ်လိုစိတ်မှ မထားခဲ့ပါဘူး. ။ သူမ သေတာက ငါနဲ့ လုံးဝ မဆိုင်ဘူး"

ကျိယွမ်က တည်ကြည်သော လေသံဖြင့် ပြောလိုက်ပြီး သူ၏ အမူအရာမှာ ဖြူစင်သော ကြာပန်းလေး တစ်ပွင့်နှယ်ပင်.။

ရှန်ရွှေ ကောင်းကင်ဘုံအရှင်၏ မျက်နှာမှာ အရောင်မျိုးစုံ ပြောင်းလဲနေ၏။

သူသည် မနည်း ထိန်းချုပ်ကာ ပြန်ပြောလိုက်ရသည်။

"ငါ့အမှားပါ"

ပတ်ဝန်းကျင်ရှိ ယန်နတ်ဘုရားများမှာ ဤမြင့်ကွင်းကို ကြည့်ပြီး မရယ်ဘဲ မနေနိုင်ကြပေ။

အကယ်၍ သွေးဝတ်စုံသာ ရှင်းပြမနေလျှင် ရှန်ရွှေမှာ ဂုဏ်သိက္ခာ အနည်းငယ် ထိန်းနိုင်ဦးမည် ဖြစ်သည်။. သို့သော် ရှင်းပြချက်တိုင်းမှာ ရှန်ရွှေ၏ မျက်နှာကို ဖြတ်ရိုက်နေသလိုမျိုး ခံစားရစေ၏။

"အခု ဒါက နားလည်မှုလွဲတာလို့ မင်းသိပြီဆိုတော့ မင်း တောင်းပန်ပြီး လျော်ကြေးပေးသင့်တယ် မဟုတ်လား. "

"တကယ်တော့ မင်းမြေးမလေးက ငါ့ကို ပြန်ပေးဆွဲပြီး သွေးထုတ်ဖို့ ကြိုးစားခဲ့တာလေ.။ သူမ မအောင်မြင်ခဲ့ဘူး ဆိုရင်တောင် ဒါက ပြန်ပေးဆွဲဖို့ ကြိုးစားမှုပဲ"

ကျိယွမ်က လျော်ကြေးကို မျှော်လင့်သလိုမျိုး သူ၏ လက်ကို ဆန့်ထုတ်လိုက်သည်။

ရှန်ရွှေ ကောင်းကင်ဘုံအရှင်၏ မျက်နှာမှာ ဝမ်းနည်းခြင်းထက် ပိုဆိုးသော အမူအရာမျိုး ဖြစ်သွား၏။

သူသည် ကျိယွမ်ကို စိုက်ကြည့်လိုက်ပြီးနောက် သွားများကို ကြိတ်ကာ သိုလှောင်အိတ်တစ်ခုကို ကျိယွမ်၏ လက်ထဲသို့ ပစ်ထည့်ပေးလိုက်သည်။

"ဒါက မင်းအတွက် လျော်ကြေးပဲ"

ပြောပြီးနောက် ရှန်ရွှေသည် နောက်ပြန်မကြည့်ဘဲ လှည့်ထွက်သွားတော့သည်. ။ ထိုနေရာတွင် ဆက်ရှိနေလျှင် ပို၍အရှက်ရရုံသာရှိ၏။

ပတ်ဝန်းကျင်ရှိ ယန်နတ်ဘုရားများမှာလည်း ရယ်မောသူက ရယ်မော. သက်ပြင်းချသူက ချနှင့် ဖြစ်နေကြသည်။

ရှန်ရွှေ ကောင်းကင်ဘုံအရှင်မှာ မူလသဘောတရားနယ်ပယ် ယန်နတ်ဘုရား တစ်ဦး ဖြစ်ပြီး ဆဋ္ဌမမြောက် ကောင်းကင်ဘုံတွင် အင်အားကြီးသူ တစ်ဦး ဖြစ်သည်.။ သူသည် သူ၏မြေးမလေးအတွက် မိစ္ဆာမျက်လုံး ကောင်းကင်ဘုံအရှင်ကိုပင် စိန်ခေါ်ခဲ့၏။

သို့သော်လည်း ယင်နတ်ဘုရား ဖြစ်သည့် သွေးဝတ်စုံကိုမူ လက်ဖျားနှင့်တောင် မထိဝံ့ပေ။. ၎င်းမှာ စိတ်ပျက်ဖွယ် အမှန်တရားပင် ။

မူလသဘောတရားနယ်ပယ် ယန်နတ်ဘုရား ဖြစ်သည့်တိုင်အောင် ရှန်ရွှေမှာ သူ၏ ဂုဏ်သိက္ခာကို မြိုသိပ်လိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပါ။

မိစ္ဆာမျက်လုံး ကောင်းကင်ဘုံအရှင်၏ ပုံရိပ်မှာ ဝေဝါးပျောက်ကွယ်သွားပြီး အခြားသော ယန်နတ်ဘုရားများလည်း ပျောက်ကွယ်သွားကြသည်.။

ဖုန်းလင်ကောင်းကင်ဘုံအရှင်မှာ ဆင်းသက်လာပြီး ကျိယွမ်ကို ညင်သာစွာ ဦးညွှတ်လိုက်၏။

"ကျင့်ကြံဖော်ကို နှုတ်ဆက်ပါတယ်"

ယန်နတ်ဘုရား တစ်ဦး ဖြစ်သော်လည်း သူသည် ဂျူနီယာ ဖြစ်သည့် သွေးဝတ်စုံကို အလွန် လေးစားစွာ ဆက်ဆံနေသည်။

ဤအဖြစ်အပျက်က မဟူရာချောက်နက်မှ နာမည်ကျော် ပါရမီရှင်ကို ဆွဲဆောင်နိုင်လိမ့်မည်ဟု ဖုန်းလင်မထင်ထားခဲ့ပေ.။

သွေးဝတ်စုံနှင့် ရင်ဆိုင်ရသောအခါ သူသည် မလေးမစား မလုပ်ဝံ့ပါ။

ကျိယွမ်က ဖုန်းလင်ကောင်းကင်ဘုံအရှင်ကို ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။

"ဒါက ငါ့ရဲ့ အစ်မပါ. ငါ သူနဲ့ ယွီမုန်ရှန်းတို့နဲ့ တချို့ကိစ္စတွေ ဆွေးနွေးချင်တယ်. ရမလား"

ဖုန်းလင်ကောင်းကင်ဘုံအရှင်၏ မျက်လုံးများ ပြူးသွားသည်.။

သူက သာမန်လူဟု ထင်ထားခဲ့သော ချီယီမှာ ဤမျှ အင်အားကြီးသော ပတ်သက်မှု ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ.။

"ရတာပေါ့"

ဖုန်းလင်က ပါးနပ်စွာ ပြန်ဖြေပြီး ကျိယွမ် ၊ ချီယီနှင့် ယွီမုန်ရှန်းတို့ကို နေရာပေးရန်အတွက် အမြန် ထွက်ခွာသွားသည်.။

လေဝိညာဉ် ကောင်းကင်ဘုံအရှင် ထွက်သွားပြီးနောက် ကျိယွမ်က အမျိုးသမီး နှစ်ဦးဘက်သို့ လှည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။

"အခု ငါက မဟူရာချောက်နက်က သွေးဝတ်စုံ ဖြစ်နေပြီဆိုတော့ ငါ့ရဲ့ အစစ်အမှန်ကို ဘယ်သူ့ကိုမှ မပြောပါနဲ့"

"နားလည်ပါပြီ"

ယွီမုန်ရှန်းက အမြန် ခေါင်းငြိမ့်လိုက်သည်။

ချီယီကလည်း ခေါင်းငြိမ့်လိုက်သော်လည်း သူတို့ နှစ်ယောက်လုံးမှာ ဤရုတ်တရက် အပြောင်းအလဲကြောင့် ဇဝေဇဝါ ဖြစ်နေ၏။.

"ကောင်းပြီ. အရာအားလုံး အဆင်ပြေသွားပြီ"

ကျိယွမ်က သူ၏ လက်များကို ဆန့်လိုက်ရင်း. ရုတ်တရက် သူ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြီး မေးလိုက်သည်.။

"ဒါနဲ့ ကုံရှင်းဂြိုဟ်ကို ဘယ်လို ပြန်ရမလဲဆိုတာ နင်တို့ သိလား.။ ငါ မီးပိတ်ခဲ့သလား မသိဘူး. ။ လျှပ်စစ်ခတွေ အများကြီး ကုန်သွားမှာ စိုးလို့"

ယွီမုန်ရှန်းမှာ ခဏမျှ မှင်တက်သွားပြီမှ ပြန်ဖြေ၏.။

"ကုံရှင်းဂြိုဟ်ဆီ သွားတဲ့လမ်းက... မရှိတော့ဘူး.။ ကျွန်မ ထွက်လာကတည်းက ကုံရှင်းဂြိုဟ်ကို ပြန်သွားလို့ မရတော့ပါဘူး"

"မရှိတော့ဘူးလား"

ကျိယွမ်မှာ သိသိသာသာ စိတ်ပျက်သွားသည်။

ကုံရှင်းဂြိုဟ်က ဘယ်လိုလုပ်ပြီး ပျောက်သွားနိုင်ရတာလဲ.။

"ပျောက်သွားတာပါ. ဟာလာဟင်းလင်းပြင်ကြီးပဲ ကျန်ခဲ့တာ"

ယွီမုန်ရှန်းကလည်း ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် အတည်ပြုလိုက်သည်။.

"ကျွန်မ ကုံရှင်းဂြိုဟ်မှာ ရှိနေတုန်းက ဇီးရိုးဝမ်းက ရှင်ကို ပေးဖို့ ငါ့ကို တစ်ခုခု ပေးခဲ့ပါတယ်"

ယွီမုန်ရှန်းက ပြောရင်းနှင့် ဒေတာချစ်ပ်တစ်ခုနှင့် တူသော အရာတစ်ခုကို ထုတ်ယူလိုက်သည်။.

"ဇီးရိုးဝမ်း ဆီကလား"

ကျိယွမ်၏ မျက်လုံးများ တောက်ပသွားပြီး ချစ်ပ်ကို ယူလိုက်၏။

သူ၏ အသိစိတ်က ၎င်းနှင့် ချိတ်ဆက်လိုက်သည်နှင့် ရင်းနှီးသော စက်ရုပ်အသံတစ်ခုက သူ၏ စိတ်ထဲတွင် ပဲ့တင်ထပ်လာသည်.။

"သခင်... အကယ်၍ ဒီသတင်းစကားကို သခင် ကြားနေရပြီဆိုရင် ကျွန်မ ဇီးရိုးဝမ်းဟာ အခု ဘယ်မှာ ရှိနေသလဲ.။ ဒါမှမဟုတ် ကျွန်မတို့ ဘယ်တော့ ပြန်တွေ့ကြမလဲဆိုတာကို မသိပါဘူး.။"

" သခင့်မှာ ကုံရှင်းဂြိုဟ်နဲ့ ပတ်သက်ပြီး အဖြေမရသေးတဲ့ မေးခွန်းတွေ ရှိနေဦးမယ်လို့ ထင်ပါတယ်.။ကုံရှင်းဂြိုဟ် ဆိုတာ... အိမ်မက်တစ်ခုပဲ. ။ အမြင်အာရုံ လှည့်စားမှုတစ်ခု.။ စိတ်ကူးယဉ်မှုသက်သက်ပဲ.။ အဲဒါဟာ အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အတွေးတွေကနေ ထွက်ပေါ်လာတဲ့ ပုံရိပ်ယောင်တစ်ခုပါ"

၎င်းကို ကြားလိုက်ရသော်လည်း ကျိယွမ်၏ အမူအရာမှာ မပြောင်းလဲခဲ့ပါ။ သို့သော် သူ၏ အတွေးများမှာမူ မြန်ဆန်နေသည်။

သူသည် ပင်လယ်နက်ထဲတွင် ထိုအမျိုးသမီးကို မြင်ခဲ့ရသည်ကို ပြန်လည် အမှတ်ရလိုက်၏။

အကယ်၍ ကုံရှင်းဂြိုဟ်သည် ထိုအမျိုးသမီး၏ အတွေးများမှ ထွက်ပေါ်လာခြင်း ဖြစ်လျှင် ၎င်းမှာ အဓိပ္ပာယ် ရှိပါသည်.။

သို့သော် ဤအချက်က ထိုအမျိုးသမီး၏ ကြီးမားလှသော အင်အားကို ကျိယွမ် ပိုမို နားလည်သွားစေ၏။

တစ်ချိန်တည်းမှာပင် ၎င်းမှာ မူလသဘောတရားနယ်ပယ်ထက် သာလွန်သော... စိတ်ကူးယဉ်ရုံနှင့်ပင် မမီနိုင်သော အဆင့်တစ်ခု ရှိနေကြောင်း အရိပ်အမြွက် ပြနေသလိုပင်။

"လောကမှာ ရှိတဲ့ အရာအားလုံးက လှည့်စားမှုတွေပဲ.။ကုံရှင်းဂြိုဟ်ပေါ်မှာတော့ လမ်းစဉ်အသွယ်သွယ်ဟာ ဇီးရိုးဝမ်း မှာပဲ လာဆုံးတယ်. ။ အနှိုင်းမဲ့နိယာမသဘောတရားဆိုတာ တကယ်တော့... ရှင်သန်ခြင်း ပဲ.။ ရှင်သန်ခြင်း ဆိုတာ ပုံရိပ်ယောင်ကို လက်တွေ့အဖြစ် ပြောင်းလဲပစ်တာပဲ"

ဇီးရိုးဝမ်း၏ အသံမှာ ရုတ်တရက် ပြတ်တောက်သွားသည်.။

ကျိယွမ်သည် ထိုနေရာတွင် ရပ်နေပြီး ထိုစကားများကို နက်နက်ရှိုင်းရှိုင်း စဉ်းစားနေမိ၏။.

လမ်းစဉ်အသွယ်သွယ်က ဇီးရိုးဝမ်း မှာ ဆုံးတယ် ။ . အနှိုင်းမဲ့နိယာမသဘောတရားက ရှင်သန်ခြင်း.. ဟုတ်လား.။

ကုံရှင်းဂြိုဟ်ဆိုတာ အစွမ်းထက် ပုဂ္ဂိုလ်တစ်ယောက်အတွက် မူလသဘောတရားနယ်ပယ်ကနေ ယန်နတ်ဘုရားရဲ့ တတိယအလွှာကို တက်လှမ်းဖို့ နေရာတစ်ခု သက်သက်ပဲလား.။

ရှင်သန်ခြင်းလား. မျိုးဆက်ပြန့်ပွားခြင်းလား.။

သက်ရှိတိုင်းဟာ ဘယ်လောက်ပဲ သက်တမ်းတိုတို ရှင်သန်ခြင်းကို ရှာဖွေကြပြီး သူတို့ တည်ရှိခဲ့ကြောင်း သက်သေပြဖို့ မျိုးဆက်တွေကို ချန်ထားခဲ့ကြတာပဲ မဟုတ်လား.။

ကျင့်ကြံခြင်း ဆိုတာကလည်း ရှင်သန်ခြင်း.၊ လွတ်လပ်ခြင်း သို့မဟုတ် ထာဝရရှင်သန်ခြင်းကို ရှာဖွေတာ မဟုတ်ဘူးလား.။

ကျိယွမ်က ၎င်းကို စဉ်းစားနေစဉ် သူ၏ အတွေးများမှာ ပင်ပန်းလာပြီး သွေးဆေးလုံးတစ်လုံးကို ထုတ်စားချင်စိတ်ပင် ပေါက်လာသည်။

ဖြစ်နိုင်တာက ဤအယူအဆများကို သူ ပိုပြီး စဉ်းစားလိုက်လျှင် ၎င်းတို့ဆီမှ မူလသဘောတရားတစ်ခုကို သူ နားလည်သွားနိုင်လောက်၏။

အဆုံးတွင်မူ ဇီးရိုးဝမ်းသည် စက်ရုပ်တစ်ရုပ် ဖြစ်ပြီး သူထက်စာလျှင် ဗဟုသုတ ပိုများကာ အချက်အလက်များကို ပိုပြီး မြန်မြန် ဆောင်ရွက်နိုင်သည် မဟုတ်ပါလား.။

သို့သော်လည်း ကျိယွမ်က ထိုအတွေးများကို ချက်ချင်းပင် ဖျောက်ဖျက်ပစ်လိုက်သည်။

.

အခုလောလောဆယ်မှာ ဤကိစ္စများကို သူ အများကြီး စဉ်းစားမနေနိုင်ပေ.

မူလသဘောတရားနံရံဖွင့်မည့် အချိန်က နီးကပ်လာပြီ ဖြစ်ရာ သူ၏ စိတ်စွမ်းအင်များကို အခုကတည်းက သုံးပစ်လိုက်လျှင် အချိန်တန်သောအခါ ဘာဖြစ်သွားမလဲ.။

"အား... ဘာမှမသိဘဲနေရတဲ့ဘဝက ပိုပြီး ကောင်းတယ်"

ကျိယွမ်က သက်ပြင်းချလိုက်ပြီး နက်နဲသော အတွေးများကို စွန့်လွှတ်လိုက်သည်.

...........

သုံးရက်အကြာ.....

သွေးနှောဂိုဏ်းသို့ မမျှော်လင့်ထားသော ဧည့်သည်တစ်ဦး ရောက်ရှိလာသည်။

ရှန်ရွှေ ကောင်းကင်ဘုံအရှင်သည် သူ၏ရှေ့မှ ယန်နတ်ဘုရားကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်.

"ဒါက တကယ်ပဲလား"

"တကယ်ပါ"

တာလဲ့ ကောင်းကင်ဘုံအရှင်က ပြုံးရယ်ရင်း ပြန်ဖြေသည်။

"မင်း ကလဲ့စားကို ချေဖို့ စိတ်ဝင်စားလား"

ဤတစ်ကြိမ်တွင် တံခွန်သခင်က ယန်နတ်ဘုရား အင်အားစုများကို ပိုမို စုဆောင်းရန် အမိန့်ထုတ်ထား၏။.

"ဒါပေမဲ့... ဆဋ္ဌမမြောက် ကောင်းကင်ဘုံမှာ ယန်နတ်ဘုရား အများကြီး စုဝေးဖို့ဆိုတာ မဖြစ်နိုင်ဘူး မဟုတ်လား"

ရှန်ရွှေ ကောင်းကင်ဘုံအရှင်မှာ ဇဝေဇဝါ ဖြစ်နေသည်။

ဧည့်သည်မှာ သွေးဝတ်စုံကို သတ်ရန် အကူအညီပေးမည်ဟု ကမ်းလှမ်းလာပြီး သွေးနှောဂိုဏ်းအနေဖြင့် တစ္ဆေစိုးမိုးကောင်းကင်ဘုံသို့ ဝင်ရောက်ရန် အကြံပြုလာခြင်းပင်။

ရှန်ရွှေ စိတ်ဝင်စားသွားသည်။.

ယခုအချိန်အထိ ဆဋ္ဌမမြောက် ကောင်းကင်ဘုံ၏ အဓိက အင်အားစုများထဲသို့ ဝင်ရောက်ရန် သူ့မှာ နည်းလမ်း မရှိခဲ့ပေ။

"တံခွန်သခင်က မင်းကို လိမ်မယ်လို့ ထင်နေတာလား"

တာလဲ့ ကောင်းကင်ဘုံအရှင်က သိပ်စိတ်မရှည်သလို ပြောလိုက်၏။

၎င်းကို ကြားသောအခါ ရှန်ရွှေ ကောင်းကင်ဘုံအရှင်မှာ အကြာကြီး တွန့်ဆုတ်နေပြီးနောက် နောက်ဆုံးတွင် ခေါင်းငြိမ့်လိုက်သည်.။

"ကောင်းပြီလေ"

ဧည့်သည်က အရာအားလုံးကို ရှင်းပြပြီးသား ဖြစ်သဖြင့် သူက ငြင်းဆိုလိုက်လျှင် တစ္ဆေစိုးမိုးကောင်းကင်ဘုံကို ရန်စမိသလို ဖြစ်သွားပေလိမ့်မည်.။

ဆဋ္ဌမမြောက်ကောင်းကင်ဘုံ၏ အင်အားကြီးအဖွဲ့အစည်းတစ်ခုသို့ ဝင်ရောက်လိုက်ခြင်းက သူ့ကို ပိုပြီး ဘေးကင်းသလို ခံစားရစေ၏။

ဘာကြောင့်မှန်းမသိ ဆဋ္ဌမမြောက် ကောင်းကင်ဘုံတွင် ဖုံးကွယ်ထားသော အန္တရာယ်များနှင့် ပြည့်နှက်နေပြီး ကြီးမားသော အရာတစ်ခု ဖြစ်ပျက်တော့မည့်နှယ် သူ ခံစားနေရသည်။

အားကိုးတစ်ခုတော့ ရှိထားမှရမယ်..။

..............

All Chapters