← Chapters

အရိပ်ပိုးကောင်မီးခိုးငွေ့

Vol. 63 Ch. 875

အရိပ်ပိုးကောင်မီးခိုးငွေ့

Vol. 63 Ch. 875

အနက်ရောင်မြူခိုးများက ကောင်းကင်ယံကို ဖုံးလွှမ်းသွားပြီး လီလော့နှင့် ကျန်သူများကို ဝါးမြိုသွားလေသည်။ လီလော့သည် မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ ၎င်းကို လွင့်စင်သွားစေရန် စွမ်းအင်များကို ထုတ်ယူလိုက်သော်လည်း၊ ပေါင်းစည်းစွမ်းအင်မှ ပဲ့တင်သံစွမ်းအင် အထောက်အပံ့ ရရှိထားသည့်တိုင်အောင် လုံးဝ အသုံးမဝင်ဖြစ်နေခဲ့သည်။ စွမ်းအင်လှိုင်းများက အဆုံးအစမရှိသော အနက်ရောင်မြူခိုးပင်လယ်ကြီး၏ ဝါးမြိုခြင်းကို ခံလိုက်ရပုံရသည်။ အနီးကပ် ကြည့်လိုက်သောအခါမှသာ သူတို့ နောက်ဆုံးတွင် သတိထားမိလိုက်သည်။ အမှန်တကယ်တော့ ထိုအနက်ရောင်မြူခိုးများထဲတွင် ရေတွက်၍မရနိုင်သော အရာငယ်လေးများ တွန့်လိမ်လှုပ်ရှားနေပြီး၊ ယင်းက လူတစ်ယောက်၏ ဦးရေပြားကိုပင် ကြက်သီးထသွားစေရန် လုံလောက်ပေသည်။ မြူခိုးများသည် ဖုန်မှုန့်များကဲ့သို့ သေးငယ်လှသော ဤမရေမတွက်နိုင်သည့် အနက်ရောင်ပိုးကောင်ငယ်လေးများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပုံရသည်။ ၎င်းတို့ အစုလိုက်အပြုံလိုက် စုဝေးနေခြင်း မဟုတ်ပါက သာမန်မျက်စိဖြင့် သူတို့ကို မြင်တွေ့နိုင်ရန် အလွန်ခဲယဉ်းပေလိမ့်မည်။ ဤအခိုက်အတန့်တွင်၊ လီလော့က လီဖုန်းယီနှင့် ကျန်သူများဘက်သို့ လှည့်ကြည့်လိုက်သည်။ သို့သော်လည်း၊ သူတို့ သူ့အနီးတွင် မရှိတော့ကြောင်း သတိပြုမိလိုက်သည်။ သူတို့ကို ခွဲထုတ်ရန် မတူညီသော နေရာလွတ်များ ဖြစ်ပေါ်လာသလိုထင်ရသည်။ အမှန်တကယ်ပင်၊ ဤအနက်ရောင်မြူခိုးများက အလွန်တရာ ထူးဆန်းလှသည်။ လီလော့၏မျက်နှာထား လေးနက်သွားချေပြီ။ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးသည် သူ ယခုအထိ ကြုံတွေ့ခဲ့ဖူးသော ပထမအဆင့် အစစ်အမှန်နတ်ဆိုးများထက် များစွာ သာလွန်နေသည်။ ထို့အပြင်၊ ၎င်းကို အတူတကွ ပူးပေါင်းမတိုက်ခိုက်နိုင်စေရန် သူတို့ကို ခွဲထုတ်ပစ်နိုင်လောက်သည်အထိ ဉာဏ်ရည် အလွန်မြင့်မားသည်။ "ဒါက တော်တော်လေး ပြဿနာတက်တော့မှာပဲ" ဟု ရွှေကျောက်စိမ်း ဆင်နက်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း လီလော့ တိုးတိုးလေး ရေရွတ်လိုက်သည်။ ခန့်မှန်းချက်အရ၊ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးသည် ဒုတိယအဆင့် အစစ်အမှန်နတ်ဆိုးထက် သေချာပေါက် ကျော်လွန်နေသည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်ကို ရင်ဆိုင်ရာတွင်၊ သူသည် အစိမ်းရောင်နယ်သာတံခွန်အဖွဲ့၏ ပေါင်းစည်းစွမ်းအင် အကူအညီဖြင့်ပင် အားနည်းနေဆဲပင်။ သို့သော်လည်း၊ လက်တစ်ကမ်းတွင် ဖုံးကွယ်ထားသော လှည့်ကွက်အချို့ ရှိနေသေးသည်။ သူသည် အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ၏ စွမ်းအားကို ငှားရမ်းသုံးစွဲနိုင်သည်။ သို့သော်လည်း၊ ဝံပုလွေသည် ပထမအဆင့် မြို့စားတစ်ယောက်ခန့်သာ စွမ်းအားရှိသဖြင့်၊ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးထက် အနည်းငယ် အားနည်းနေနိုင်သေးသည်။ ထိုအခြေအနေမျိုးအတွက်၊ သူ့ထံတွင် နောက်ထပ် ဝှက်ဖဲတစ်ခု ရှိနေသေးသည်။၎င်းမှာ ဆင်နက်ဓားထဲတွင် ဖုံးကွယ်ထားသော ဘုရင်အမှတ်အသားပင်။ဖြစ်သည်။ ယင်းကို ကျောင်းအုပ်ကြီးဖန်က ချန်ထားရစ်ခဲ့ခြင်းဖြစ်ပြီး၊ စွမ်းအင်များ လုံးဝ ကုန်ခမ်းသွားခြင်း မရှိသေးနိုင်ပေ။ အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ၏ စွမ်းအားနှင့် ဘုရင်အမှတ်အသား နှစ်ခုစလုံးကို အသုံးပြုမည်ဆိုပါက၊ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးကို ခြိမ်းခြောက်နိုင်ရန် လုံလောက်ပေလိမ့်မည်။ သတိပြုရမည့်အချက်မှာ ဤအရာကို သူ တစ်ကြိမ်သာ အသုံးပြုနိုင်ခြင်းဖြစ်သည်။ အစစ်အမှန်နတ်ဆိုးကို ပြင်းထန်စွာ ဒဏ်ရာရစေရန် (သို့မဟုတ်) သတ်ဖြတ်ပစ်နိုင်ရန် အခွင့်အရေးတစ်ခုကို သူ ရှာဖွေရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက၊ ယနေ့ သူ တကယ်ပဲ အသက်ဆုံးရှုံးသွားနိုင်သည်။ တိုက်ခိုက်ရန် ပြင်ဆင်နေသော တောရိုင်းသားရဲတစ်ကောင်ကဲ့သို့ ခန္ဓာကိုယ် တင်းမာသွားစဉ် လီလော့၏ နှလုံးသားသည် အန္တရာယ်ရှိသော ခံစားချက်များဖြင့် ပြည့်နှက်သွားသည်။ ဝန်းရံထားသော အနက်ရောင်မြူခိုးများကို စူးစိုက်ကြည့်နေခဲ့ရင်း ထူးဆန်းသော အရာတစ်ခု ဖြစ်ပျက်နေသည်ကို သူ ခံစားလိုက်ရသည်။ သူ့အရှေ့ရှိ အနက်ရောင်မြူခိုးများက တဖြည်းဖြည်း လမ်းကြောင်းတစ်ခု ဖွင့်ပေးလိုက်ပြီး၊ လီလင်းကျင်း ပေါ်လာခဲ့သည်။ ထုံးစံအတိုင်းပင်၊ သူမက သူ့ကို တောက်ပစွာ ပြုံးပြနေသည်။ သို့သော်၊ သူမ၏အပြုံးတွင် မည်သည့် ပျော်ရွှင်မှုမျှ ပါဝင်မနေကြောင်း လီလော့ သိမြင်နိုင်သည်။ ယင်းအစား၊ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းပြီး အေးစိမ့်သော အပြုံးတစ်ခု ဖြစ်နေသည်။ သူသည် ဝိညာဉ်စား အစစ်အမှန်နတ်ဆိုး၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း လီလော့ ချက်ချင်း နားလည်လိုက်သည်။ လီလင်းကျင်းက တဖြည်းဖြည်း လျှောက်လာပြီး သူနှင့် ဆယ်မီတာခန့် အကွာတွင် ရပ်တန့်လိုက်သည်။ သူ့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေစဉ် သူမ၏ မျက်လုံးများ လင်းလက်သွားသည်။ထို့နောက် သူမက အရက်မူးနေသလို အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူသွင်းလိုက်သည်။ "တကယ်ကို မွှေးပျံ့တဲ့ အနံ့လေးပဲ” သို့သော်၊ လီလော့က မည်သို့မျှ ပြန်မပြောဘဲ သူမကို အေးစက်စွာ စိုက်ကြည့်နေရုံသာ ကြည့်နေသည်။ "မင်းက တကယ်ကို အရသာရှိမှာပဲ။" လီလင်းကျင်းက သူမ၏ နူးညံ့ပြီး ပန်းရောင်သန်းနေသော လျှာလေးကို ထုတ်ကာ သူမ၏ နှုတ်ခမ်းနီနီလေးများကို ဆွဲဆောင်မှုရှိသော ဟန်ပန်ဖြင့် လျှာသပ်လိုက်သည်။ ဤအရာက လီလော့၏ ကျောရိုးတစ်လျှောက် ကြက်သီးထသွားစေသည်။ "ကျောက်ကျင်းယွီကလည်း တော်တော်လေး ပါရမီရှိတာပဲ…သူ့ကို အမြည်းအနေနဲ့ အရင် မြည်းစမ်းကြည့်လို့ ရပါတယ်" ဟု လီလော့က အကြံပြုလိုက်သည်။ ထိုအကြံပြုချက်ကို ကြားသောအခါ လီလင်းကျင်းက မျက်မှောင်ကြုတ်လိုက်ပြီး…. "သူက အတော်အသင့်ပါပဲ။ မင်းသာ မရှိဘူးဆိုရင် သူ့ကို ငါ စားမိကောင်း စားမိလိမ့်မယ်။ ဒါပေမယ့် အခုတော့... သူ့ကို ငါ စိတ်မဝင်စားတော့ဘူး။ ငါက အစားအသောက်နဲ့ ပတ်သက်ရင် အရမ်း ဂျီးများတယ်ဆိုတာ မင်း နားလည်ရမယ်…နှစ်တွေတစ်လျှောက်လုံး၊ ငါ့ကို ကျေနပ်မှုပေးနိုင်ခဲ့တဲ့ တစ်ဦးတည်းသောလူက ဒီခန္ဓာကိုယ်လေးပဲ။" သူမက သူမ၏ ကိုယ်ပိုင်ခန္ဓာကိုယ်ကို လက်ညှိုးထိုးပြလိုက်ပြီး မှေးမှိန်သော အပြုံးတစ်ခုဖြင့် ဆက်ပြောပြန်သည်။ "ဒါပေမယ့် မင်းက သူမထက်တောင် ပိုကောင်းနေတယ်ဆိုတာကို ငါ ခံစားလို့ရတယ်…" ဤအခိုက်အတန့်တွင်၊ လီလော့၏ မျက်လုံးများ အနည်းငယ် တဖျပ်ဖျပ် လှုပ်ရှားသွားသည်။ သူမ ရည်ညွှန်းနေသည်မှာ လီလင်းကျင်းကို ဖြစ်ရမည်ဟု သူ နားလည်လိုက်သည်။ ဤသို့ အသိအမှတ်ပြုခံရခြင်းကို လီလော့ လုံးဝ သဘောမကျပေ။ ယင်းအစား၊ သူ့ကို စိတ်ထဲရှိသည့်အတိုင်း ဆဲဆိုပစ်လိုက်ချင်စိတ်သာ ရှိသည်။ လီလော့က အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး… "ငါ နည်းနည်းတော့ စကားမပြောနိုင်လောက်အောင် ဖြစ်သွားပြီ။ မင်းရဲ့ ရွေးချယ်မှုကို ကျောက်ကျင်းယွီဆီ ပြောင်းဖို့ တကယ်ပဲ မစဉ်းစားတော့ဘူးလား?" "ဘယ်လိုမှ မဖြစ်နိုင်ဘူး" ဟု လီလင်းကျင်းက မဲ့အပြုံးဖြင့် ပြန်ဖြေသည်။ ထို့နောက်၊ သူမက နှုတ်ခမ်းနီနီလေးများကို ဟလိုက်ရာ၊ ထူထပ်သော အနက်ရောင်မီးခိုးများ လွင့်ပျံထွက်လာသည်။ ထိုမီးခိုးများက တဖြည်းဖြည်း တိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ ၎င်း၏အတွင်း၌ ဖုန်မှုန့်များကဲ့သို့ သေးငယ်သော ရေတွက်၍မရနိုင်သည့် အနက်ရောင်ပိုးကောင်လေးများ တွားသွားနေကြသည်။ မီးခိုးငွေ့များက ရေဘဝဲလက်တံတစ်ခုကဲ့သို့ လီလော့ထံသို့ ဆန့်ထွက်လာနေပြီ။ "မင်း ပြန်မခုခံဘူးဆိုရင် အများကြီး ပိုကောင်းလိမ့်မယ်" ဟု သူမက ကြင်နာစွာ သတိပေးလိုက်သည်။ သေချာသည်ကတော့၊ လီလော့က သူမစကားကို ဒီအတိုင်း နားထောင်မည် မဟုတ်ပေ။ အရိပ်ပိုးကောင်မီးခိုးငွေ့များ လွင့်မျောလာသည်ကို မြင်သောအခါ၊ လီလော့၏ ကိုယ်ပိုင် စွမ်းအင်များ ထွက်ပေါ်လာပြီး နည်းစနစ် တစ်ခုကို ချက်ချင်း အသက်သွင်းလိုက်သည်။ "ကောင်းကင်နဂါး ပဲ့တင်သံအလင်းတန်း!" ထိုအခါ ဧရာမ နဂါးပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး လီလော့ကို ရစ်ပတ်သွားလေသည်။ ၎င်းထံမှ ထူးဆန်းသော နဂါးအရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး အရိပ်ပိုးကောင်မီးခိုးငွေ့များ၏ အရှိန်ကို ချက်ချင်း နှေးကွေးသွားစေသည်။ တားဆီးခံလိုက်ရသည့်နှယ် မီးခိုးငွေ့များက ထပ်မံ၍ နီးကပ်လာရန် မရဲတော့ပေ။ "ဟီးဟီး" ထိုအချင်းအရာကို မြင်သောအခါ၊ လီလင်းကျင်းက သူမ၏ ကိုယ်ပိုင်လျှာဖျားကို ကိုက်လိုက်ရာ မည်းမှောင်နေသော သွေးများ ပန်းထွက်လာသည်။ သွေးစီးကြောင်းလေးတိုင်းတွင် နာကျင်စွာ အော်ဟစ်နေကြသော လူများ၏ ထိတ်လန့်ဖွယ် မျက်နှာများဖြင့် ပြည့်နှက်နေသလိုထင်ရသည်။ ထို့နောက် သွေးစက်များက အနက်ရောင်မီးခိုးများပေါ်သို့ ကျဆင်းသွားခဲ့သည်။ နောက်တစ်ခဏတွင်၊ ဖုန်မှုန့်များကဲ့သို့ သေးငယ်သော ထူးဆန်းသည့် ပိုးကောင်ငယ်လေးများက လတ်ဆတ်သောသွေးများကို အရိုင်းအစိုင်းဆန်စွာ စားသုံးရင်း လှုပ်ရှားလာကြသည်။ မကြာမီမှာပင်၊ သူတို့၏ သေးငယ်သော ခန္ဓာကိုယ်လေးများက အနီရင့်ရောင်အလင်းဖြင့် စတင် တောက်ပလာကြသည်။ နောက်တစ်ကြိမ်တွင်၊ အရိပ်ပိုးကောင်မီးခိုးငွေ့များက ကောင်းကင်နဂါး ပဲ့တင်သံအလင်းမှ နဂါးခြိမ်းခြောက်မှုကို မကြောက်ရွံ့တော့ဘဲ လီလော့ထံသို့ တိုက်ရိုက် ပြေးဝင်လာတော့သည်။ ၎င်းတို့နှစ်ခု ထိတွေ့သွားသောအခါ၊ နဂါးငွေ့တန်းကိုးသွယ်ပညာရပ်၏ ကြီးမားလှသော စွမ်းအင်များပင် အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့် တိုက်စားခံနေရကြောင်း လီလော့ ခံစားလိုက်ရသည်။ ထူးဆန်းသော ပိုးကောင်များက ဆွေးမြည့်ပျက်စီးစေနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည့်နှယ်…. လီလော့ မျက်မှောင်ကြုတ်မိလိုက်သည်အထိ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးကလည်း တကယ်ကို ကြောက်စရာကောင်းလှသည်။ ကောင်းကင်နဂါး ပဲ့တင်သံအလင်းကပင် ၎င်းကို မကာကွယ်နိုင်ပေ။ ဤနှုန်းအတိုင်းဆိုလျှင်၊ သူ့ ကာကွယ်မှုများ ခဏအတွင်းမှာပင် လုံးဝ ပျောက်ကွယ်သွားပေလိမ့်မည်။ ထိုအခါ ဖော်ပြ၍မရနိုင်သော အကြပ်အတည်း ခံစားချက်တစ်ခုက သူ့ နှလုံးသားထဲတွင် ပေါ်ပေါက်လာသည်။ ပေါင်းစည်းစွမ်းအင်မှ သူ ခံစားရသော စွမ်းအင်များသည်လည်း အနက်ရောင် မီးခိုးများ၏ တိုက်စားမှုကို ခံနေရသကဲ့သို့ တဖြည်းဖြည်း အားနည်းလာသည်။ ပေါင်းစည်းစွမ်းအင်၏ ကန့်သတ်ချက်များကို လီလော့ နောက်တစ်ကြိမ် ခံစားလိုက်ရသည်။ တံခွန်အဖွဲ့နှင့် ဆက်သွယ်မှု ပြတ်တောက်သွားသောအခါ၊ သူပိုင်ဆိုင်ထားသော စွမ်းအင်များသည်လည်း ကန့်သတ်ခံရမည်ဖြစ်သည်။ ထိုစဉ် လီလော့၏ မျက်လုံးများ လင်းလက်သွားပြီး၊ လက်ကောက်ဝတ်ရှိ အနီရင့်ရောင် လက်ကောက်ကို ဖွဖွလေး ပုတ်လိုက်သည်။ ပေါင်းစည်းစွမ်းအင်မှ စွမ်းအင်များ သိသိသာသာ အားနည်းသွားသည်နှင့်၊ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးကို ပြင်းထန်သော တိုက်ခိုက်မှုတစ်ခု ပေးနိုင်ရန် အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ နှင့် ဘုရင်အမှတ်အသားတို့၏ စွမ်းအားကို သူ ငှားရမ်းသုံးစွဲရန် လိုအပ်လိမ့်မည်။ ထိုသို့ပြုလုပ်ရန် သူ့၌ အခွင့်အရေး တစ်ကြိမ်သာ ရှိမည်ဖြစ်သည်။ ထို့ကြောင့်၊ အကောင်းဆုံးသော အခွင့်အရေးကို ရှာဖွေရန် လိုအပ်သည်။ ပေါင်းစည်းစွမ်းအင် စွမ်းအားများ သိသိသာသာ အားနည်းသွားသည့်အချိန်မှသာ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးက ၎င်း၏ သတိထားစောင့်ကြည့်မှုကို လျှော့ချပေလိမ့်မည်။ ယင်းက သူ့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်လာမည်ဖြစ်သည်။ လီလော့ လက်ကောက်ကို ထိလိုက်သောအခါ၊ နှလုံးသားထဲတွင် နက်ရှိုင်းပြီး တိုးညှင်းသော ဟိန်းဟောက်သံတစ်ခုကို ကြားလိုက်ရသည်။ ရက်စက်ကြမ်းကြုတ်သော ဟိန်းဟောက်သံကို ကြားရသောအခါ၊ လီလော့၏ နှလုံးသားထဲတွင် ထူးဆန်းသော စိတ်ချယုံကြည်မှုတစ်ခုကို ခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေ၊ ပြင်းထန်ပြီး တောရိုင်းဆန်သော အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေသည် ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးထက် သူ့အတွက် များစွာ ပို၍ ရင်းနှီးပေသည်။ "ရှောင်စန်း အားလုံးက မင်းအပေါ်မှာပဲ မူတည်တော့တယ်။ ဒါကို ငါတို့ အသက်ရှင်လျက် ဖြတ်ကျော်နိုင်ခဲ့ရင်၊ နောင်ကျရင် မင်းအပေါ် ငါ ဆိုးဆိုးရွားရွား မဆက်ဆံတော့ပါဘူး" ဟု လီလော့က စိတ်ထဲတွင် တွေးလိုက်သည်။ ဤအချိန်တိုလေးအတွင်းမှာပင်၊ ကောင်းကင်နဂါးပဲ့တင်သံအလင်းက အနက်ရောင်မီးခိုးများ၏ ချိုးဖျက်မှုကို လုံးဝ ခံလိုက်ရပြီဖြစ်သည်။ နောက်တစ်ခဏတွင်၊မီးခိုး၏ အငွေ့အသက်များသည် ရေဘဝဲလက်တံများကဲ့သို့ လီလော့ထံသို့ ဆန့်ထွက်လာကြသည်။ တစ်ချိန်တည်းမှာပင်၊ သူ့ပတ်လည်တွင် စီးဆင်းနေသော ပေါင်းစည်းစွမ်းအင်များ ဆက်လက်၍ အားနည်းလာသည်။ အချိန်အတော်ကြာပြီးနောက်၊ ပေါင်းစည်းစွမ်းအင်မှ စွမ်းအင်များက နောက်ဆုံးတွင် ၎င်းတို့၏ ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီး ပျောက်ကွယ်သွားတော့သည်။ ထိုအဖြစ်ကို မြင်သောအခါ၊ ဟန်ဆောင်ထားသော လီလင်းကျင်းက သူမ၏ သွယ်လျသော ခြေတံရှည်များဖြင့် ရှေ့သို့ လှမ်းလာပြီး၊ သူမ၏ ဖြူစင်လှပသော မျက်နှာလေးပေါ်တွင် တောက်ပပြီး ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုဖြင့် သူ့ထံသို့ စတင် လျှောက်လာလေတော့သည်။ အခန်း (၈၇၆) - မျှော်လင့်ချက်မဲ့ တန်ပြန်တိုက်ခိုက်ခြင်း လီလင်းကျင်း သူ့ထံသို့ ခြေတစ်လှမ်းတိုးလာတိုင်း ခန္ဓာကိုယ် ပို၍ တင်းမာသွားသည်။ သူ့ မျက်နှာပေါ်တွင် အံ့အားသင့်ပြီး ကြောက်လန့်နေသော အမူအရာများ ဆက်လက်ပေါ်လွင်နေပြီး၊ နောက်သို့ပင် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ သူ့မျက်လုံးများတွင် အကြောက်တရားများ ပြည့်နှက်နေ၏။ ထိုအဖြစ်ကို မြင်သောအခါ၊ လီလင်းကျင်းက သူ့ကို ညင်သာသောလေသံဖြင့်…. "စိတ်မပူပါနဲ့ … ငါ မင်းကို သေသေချာချာ အရသာခံပြီး စားသုံးမှာပါ….ဘာနာကျင်မှုမှ ရှိမှာမဟုတ်ဘူး…" သူမ၏ ခြေထောက် မြေပြင်ပေါ်သို့ ကျရောက်သွားသောအခါ တစ္ဆေတစ်ကောင်ကဲ့သို့ လီလော့၏အရှေ့တည့်တည့်တွင် ပေါ်လာသည်။ လောဘနှင့် ရမ္မက်များ ပြည့်နှက်နေသော မျက်လုံးများဖြင့်၊ ငတ်မွတ်ခေါင်းပါးလွန်း၍ သေလုမြောပါးဖြစ်နေသူတစ်ဦးက ခမ်းနားလှသော စားပွဲသောက်ပွဲကြီးတစ်ခုကို ကြည့်နေသကဲ့သို့ သူမက သူ့ကို စိုက်ကြည့်နေသည်။ ပါးစပ်ကို ဟလိုက်သောအခါ၊ အတွင်းရှိ ဖြူဖွေးသောသွားများ လုံးဝ မည်းနက်သွားပြီး မိစ္ဆာတစ်ကောင်၏ ပါးစပ်သဖွယ် တကယ်ကို ထူးဆန်းလှနေပေသည်။ ရွှစ် ထိုစဉ် သူမ၏ ပါးစပ်မှ စေးကပ်သော အနက်ရောင် မြူခိုးများ ထွက်ပေါ်လာပြီး၊ လူများကို ဖျက်ဆီးနိုင်စွမ်းရှိသော တိုးညှင်းပြီး ထူးဆန်းသော တီးတိုးပြောသံများကို သယ်ဆောင်လာသည်။ လီလော့က လေဟာနယ်ကို ငေးမောကြည့်နေစဉ် ထိုအသံများကြောင့် ချက်ချင်း မှင်သက်သွားသည်။ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ရုတ်တရက် ရှုပ်ထွေးသွားခြင်းပင်… သူသည် ဤအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း၊' အစစ်အမှန်နတ်ဆိုးက သူမျှော်လင့်ထားသည်ထက် များစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်။ ကံကောင်းစွာဖြင့်၊ အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေက ထိုအချိန်မှာပင် ရက်စက်ကြမ်းကြုတ်သော အော်ဟစ်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။ထိုအော်ဟစ်သံက နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားပြီး၊ ပျက်သုန်းခြင်းစွမ်းအား၏ အကျိုးသက်ရောက်မှုများ ပျောက်ကွယ်သွားသည်။ လီလော့ သတိပြန်ဝင်လာသော်လည်း ချွေးအေးများ ထွက်လာသည်။ သူသည် အစစ်အမှန်နတ်ဆိုးကို အထင်သေးမိခဲ့သည်။ ပေါင်းစည်းစွမ်းအင် မရှိလျှင်၊ သူမကို ရင်ဆိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။ ကံကောင်းစွာဖြင့် သူ့တွင် အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ ရှိနေသည်။ လီလော့ ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်တော့ အနီရင့်ရောင် လက်ကောက် လင်းလက်လာပြီး ကြမ်းတမ်းပြီး အရိုင်းအစိုင်းဆန်သော အနီရင့်ရောင် စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး သူ့ ခန္ဓာကိုယ်အတွင်း စီးဆင်းသွားသည်။ နောက်တစ်ခဏတွင်၊ အရိုင်းအစိုင်းဆန်သော စွမ်းအင်များ ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။ လီလင်းကျင်းလည် ရုတ်တရက်ဆန်သော ဖြစ်ပေါ်ပြောင်းလဲမှုကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော်လည်း၊ စွမ်းအင်လှိုင်း၏ ပြင်းအားကို ခံစားသိရှိလိုက်ရသောအခါ ပြန်လည်သက်သောင့်သက်သာ ဖြစ်သွားသည်။ "ဆိုတော့ မင်းမှာ ဖုံးကွယ်ထားတဲ့ ဝှက်ဖဲတစ်ခု ရှိနေသေးတာပေါ့။ ကံမကောင်းတာက၊ အဲဒါက ပထမအဆင့် မြို့စား တစ်ယောက်ရဲ့ စွမ်းအားလောက်ပဲ ရှိတယ်။ ဒါက ဘာကိုမှ ပြောင်းလဲသွားစေမှာ မဟုတ်ဘူး။" သူမက အနည်းငယ်မျှပင် မကြောက်ရွံ့ဘဲ၊ အနက်ရောင်မီးခိုးများက သူမ၏ သွယ်လျသော ကျောက်စိမ်းကဲ့သို့ လက်မောင်းများကို ရစ်ပတ်သွားသည်။ ထို့နောက် သူမက လီလော့၏ မျက်နှာကို တိုက်ရိုက် ဆုပ်ကိုင်ကာ သူ့ကို မြှောက်တင်လိုက်သည်။ ထူထပ်သော အနက်ရောင်မီးခိုးများထဲတွင် တွန့်လိမ်လှုပ်ရှားနေသော ပိုးကောင်များထံမှ ရေတွက်၍မရနိုင်သော စိုးစိုးစီစီအသံများ ထွက်ပေါ်နေသည်။ လီလော့ကလည်း ဤအရာကို နားလည်ထားပြီးဖြစ်သည်။ အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ၏ စွမ်းအားတစ်ခုတည်းက ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးကို ဟန့်တားရန် မလုံလောက်ပေ။ ထို့ကြောင့်၊ ဤအခိုက်အတန့်တွင် ရွှေကျောက်စိမ်း ဆင်နက်ဓားထဲသို့ အသိစိတ်ကို နက်ရှိုင်းစွာ နှစ်မြှုပ်လိုက်သည်။ ဓားထဲတွင် ထူးဆန်းသော တောက်ပမှုနှင့် ကြောက်မက်ဖွယ်ကောင်းလောက်အောင် လွှမ်းမိုးနိုင်သော အငွေ့အသက်များရှိသည့် ဘုရင်အမှတ်အသာတစ်ခု ရှိနေသည်။ ဤအရာသည် ရွှေကျောက်စိမ်း ဆင်နက်ဓား၏ အစစ်အမှန် ရတနာဖြစ်သည်။ ၎င်းသည် ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးက သန့်စင်ရန် အချိန်နှင့် အားထုတ်မှုများစွာ အသုံးပြုခဲ့ရသော အရာဖြစ်သည်။ သို့သော်လည်း၊ ဤဘုရင်အမှတ်အသားကို အသုံးပြုတိုင်း ၎င်းထဲတွင် သိုလှောင်ထားသော ဘုရင်ဆင့်၏စွမ်းအားများ ကုန်ဆုံးစေမည်ဖြစ်သည်။ ၎င်းကုန်ခမ်းသွားသည်နှင့်၊ အမှတ်အသားသည်လည်း အလိုအလျောက် ပျောက်ကွယ်သွားမည်ဖြစ်သည်။ ရလဒ်အနေဖြင့် လီလော့က ဤဝှက်ဖဲကို ပေါ့ပေါ့ဆဆ အသုံးပြုမည်မဟုတ်ပေ။ ယခုလို သေရေးရှင်ရေး အခြေအနေမျိုးအတွက် ၎င်းကို သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။ ဘုရင်အမှတ်အသားကို အသက်သွင်းလိုက်သောအခါ၊ ထူးဆန်းသော ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး ရွှေရောင်အလင်းတန်း အမျှင်များက ရွှေကျောက်စိမ်း ဆင်နက်ဓား၏ ဓားသွားပေါ်တွင် တစ်ခုပြီးတစ်ခု ပေါ်လာသည်။ လီလော့က မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ လက်နက်ကို မြှောက်လိုက်ပြီး သူ့ကို ဆုပ်ကိုင်ရန် ရှေ့သို့တိုးလာသော ဟန်ဆောင်ထားသည့် လီလင်းကျင်းထံသို့ ပိုင်းချလိုက်သည်။ ဓားက လေဟာနယ်ကို ခုတ်ပိုင်းသွားပြီး၊ ကြမ်းတမ်းသော အနီရင့်ရောင် စွမ်းအင်က မိုးကြိုးကဲ့သို့ ဟိန်းဟောက်သွားသည်။ ဓားအလင်းတန်း ပျံသန်းသွားရာ နေရာတိုင်းမှာ ကွဲအက်ရာများပြည့်နှက်နေလေ၏။ သို့သော်လည်း၊ အကြောက်မက်ဖွယ် အကောင်းဆုံးအရာမှာ အနီရင့်ရောင် ဓားအလင်းတန်း မဟုတ်ပေ။ ၎င်းသည် ဓားအလင်းတန်းကို ရစ်ပတ်ထားသော ထူးဆန်းသည့် ရွှေရောင်အလင်းတန်း အမျှင်များဖြစ်သည်။ ရွှေရောင်အလင်းတန်းသည် ဖော်ပြ၍မရနိုင်သော စွမ်းအားတစ်ခု ပါဝင်နေပုံရသည်။ ၎င်းကို ပထမအကြိမ် မြင်လိုက်ရစဉ်က အားနည်းသည်ဟု ထင်ရသော်လည်း၊ အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေထံမှ ကြမ်းတမ်းသော စွမ်းအင်များပင်လျှင် ၎င်း ဖြတ်သန်းစီးဆင်းသွားသောအခါ လမ်းဖယ်ပေးရသည်။ အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေထံမှ စွမ်းအင်များသည် ၎င်း၏ရှေ့တွင် ရပ်တည်ရန် မရဲဝံ့သလိုဖြစ်နေရှာသည်။ အစပိုင်းတွင်၊ လီလင်းကျင်းက လီလော့၏ ဓားပိုင်းချက်ကို ဂရုမစိုက်ခဲ့ပေ။ ၎င်းတွင် ပထမအဆင့် မြို့စားတစ်ယောက်၏ စွမ်းအားသာ ပါဝင်သဖြင့် သူမအတွက် မည်သည့်ခြိမ်းခြောက်မှုမျှ ဖြစ်စေမည်မဟုတ်ပေ။ ထို့ကြောင့်တိုက်ခိုက်မှုကို မရှောင်တိမ်းဘဲ လက်ဗလာဖြင့် တွန်းလှန်ရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း၊ ၎င်းနှင့် ထိတွေ့လိုက်ရချိန်တွင် တစ်ခုခု မှားယွင်းနေကြောင်း သူမ ချက်ချင်း ခံစားသိရှိလိုက်သည်။ သူမ၏ နှလုံးသားထဲတွင် ဖော်ပြ၍မရနိုင်သော အကြောက်တရားတစ်ခုကို ဖြစ်စေသည့် ပြင်းထန်သော အန္တရာယ်ရှိသည့် ခံစားချက်တစ်ခု ရှိနေသည်။ ဤအခိုက်အတန့်တွင်၊ဓားကို ရစ်ပတ်ထားသော ရွှေရောင်အလင်းတန်းကို သူမ နောက်ဆုံးတွင် သတိပြုမိလိုက်သည်။ ၎င်းထံမှ ကြောက်မက်ဖွယ်ကောင်းလောက်အောင် လွှမ်းမိုးနိုင်သော အငွေ့အသက်များ ထွက်ပေါ်နေပြီး၊ ၎င်း၏ တည်ရှိမှုကြောင့် အာကာသနှင့် အချိန်ပင် အေးခဲသွားသည့်နှယ်။ တစ်ချိန်တည်းမှာပင် သူမ၏ အရိပ်ပိုးကောင်မီးခိုးငွေ့ထဲရှိ ရေတွက်၍မရနိုင်သော အနက်ရောင်ပိုးကောင်များ ရူးသွပ်စွာ စတင်လှုပ်ရှားလာကြသည်။ ၎င်းတို့သည် အရူးအမူး လွတ်မြောက်ရန် ကြိုးစားရင်း အရပ်မျက်နှာ အားလုံးသို့ ပြေးလွှားနေကြသည်။ "ဒါက... ဘုရင်အဆင့်စွမ်းအင်လား…" သူမက မယုံကြည်နိုင်စွာ စူးရှစွာ အော်ဟစ်လိုက်သည်။ လီလင်းကျင်း၏ အသက်မပါသော မျက်လုံးများတွင် ပထမဆုံးအကြိမ်အဖြစ် အံ့အားသင့်မှုများ ပေါ်လာခဲ့ချေပြီ။ ၎င်းမှာ သူမကိုပင် ကြောက်ရွံ့စေသော စွမ်းအားတစ်ခုဖြစ်သည်။ သို့သော်ငြားလည်း ဓားအလင်းတန်းက သူမထံ ရောက်ရှိလာသည်။ထိုအခါ ထူထပ်သော အနက်ရောင်မီးခိုးများ အရည်ပျော်သွားသော ဆီးနှင်းများသဖွယ် ပျောက်ကွယ်သွားပြီး၊ ရေတွက်၍မရနိုင်သော ပိုးကောင်ငယ်လေးများမှာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသည်။ သူမ၏ လက်မောင်းလည်း ချက်ချင်း အပိုင်းပိုင်းအစစ ပြိုကွဲသွားသည်။ "အားးး!" ဤအခိုက်အတန့်တွင် လီလင်းကျင်းက နားကွဲမတတ် အော်ဟစ်လိုက်သည်။ သူမ အလျင်စလို နောက်ဆုတ်လိုက်စဉ် ခန္ဓာကိုယ်မှ ပျက်သုန်းခြင်း အငွေ့အသက်များ မြင့်တက်လာသော မီးခိုးများကဲ့သို့ ယိုစိမ့်ထွက်လာသည်။ လီလော့က ဓားပတ်လည်တွင် ဓားအလင်းတန်းများ လှည့်ပတ်နေသည်ကို အေးစက်သော အမူအရာဖြင့် ကြည့်နေသည်။ နောက်တစ်ခဏတွင်၊ ရွှေကျောက်စိမ်း ဆင်နက်ဓားက သူ့လက်ထဲမှ ချော်ထွက်သွားပြီး အနီရင့်ရောင် မြင်းတစ်ကောင် အဖြစ် ပြောင်းလဲကာ သူမနောက်သို့ လိုက်ပါသွားသည်။ မြင်းက လေထုကို ဖြတ်သန်းပြေးလွှားသွားစဉ်၊ စေးကပ်ပြီး အေးစက်သော အနက်ရောင်မီးခိုးများ ထိတွေ့မိသည်နှင့် အငွေ့ပျံသွားသည်။ အသက်တစ်ရှိုက်စာ အချိန်တိုလေးအတွင်းမှာပင်၊ မြင်းသည် လီလင်းကျင်းကို အမီလိုက်နိုင်ခဲ့သည်။ ၎င်းက မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ သူမကို တိုက်ရိုက် ထိုးဖောက်ပြေးလွှားသွားသည်။ "အား! အားးး!" လေထဲတွင် အော်ဟစ်သံများစွာ ထွက်ပေါ်လာချေပြီ။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ကွဲအက်နေသော မြေအိုးတစ်လုံးကဲ့သို့ အက်ကြောင်းများစွာ စတင်ပေါ်လာပြီး နောက်တစ်ခဏတွင်၊ ထူထပ်သော အနက်ရောင်မီးခိုးစီးကြောင်းများ အက်ကြောင်းများထဲမှ လွတ်မြောက်ထွက်လာသည်။ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးကပင် လီလော့၏ နောက်ဆုံးဝှက်ဖဲကို ခံနိုင်ရည်မရှိပေ။ ဘန်း! သူမ၏ ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားပြီ… ကြီးမားလှသော တုန်ခါမှုလှိုင်းတစ်ခု ကွင်းပြင်တစ်လျှောက် တိုက်ခတ်သွားပြီး လီလော့လည်း ၎င်းထဲတွင် ပါဝင်သွားသည်။ ကံကောင်းစွာဖြင့် သူ့ထံ၌ အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ၏ အကာအကွယ် ရှိနေသဖြင့်၊ တုန်ခါမှုလှိုင်းကြောင့် သွေးအနည်းငယ်သာ အန်ချလိုက်ရသည်။ ဤဒဏ်ရာများကို ဂရုစိုက်နေရန် အချိန်မရှိပေ။ ယခု ပျက်စီးသွားသော လီလင်းကျင်း၏ ခန္ဓာကိုယ်ကို စူးစိုက်ကြည့်ရင်း၊ တိုက်ခိုက်မှုက ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ကြောင်း သူ သေချာသွားသည်။ သို့သော် သူမကို သတ်ပစ်ရန် လုံလောက်ပါရဲ့လား? လီလော့ သတိမလွတ်စေဘဲ ပတ်ဝန်းကျင်ကို သေချာစွာ အကဲခတ်နေသည်။ ဤအရာက နောက်ဆုံးတွင် အကျိုးရှိသွားသည်။ နောက်တစ်ခဏတွင် မြေပြင်မှ အနက်ရောင်အလင်းတန်း အမျှင်များစွာ ထွက်ပေါ်လာပြီး လျင်မြန်စွာ ပေါင်းစပ်သွားသည်ကို သတိပြုမိလိုက်သည်။ အချိန်အနည်းငယ် အကြာတွင်၊ မီတာရာပေါင်းများစွာ ရှည်လျားသော ဧရာမ အနက်ရောင် ပိုးကောင်ကြီး တစ်ကောင် လီလော့၏ ရှေ့တွင် ပေါ်လာခဲ့သည်။ ထိုပိုးကောင်မှာ တကယ်ကို ထူးဆန်းနေပြီး၊ ၎င်း၏ ခန္ဓာကိုယ်မှ ရေဘဝဲလက်တံများစွာ ထွက်ပေါ်နေသည်။ ခေါင်းပေါ်တွင် ပြောင်းလဲနေသော လူ့မျက်နှာတစ်ခု ရှိနေပြီး၊ပါးစပ်နှင့် နှာခေါင်းမှ ထူထပ်သော အနက်ရောင်မီးခိုးများ ထွက်ပေါ်နေသည်။ ဒါက ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးရဲ့ အစစ်အမှန် ခန္ဓာကိုယ် ဖြစ်ရမယ်…. ၎င်း၏ ခန္ဓာကိုယ်မှာ အက်ကြောင်းများဖြင့် ပြည့်နှက်နေပြီး အနက်ရောင်မီးခိုးများ ဆက်လက်ထွက်ပေါ်နေသည်။ ထင်ရှားသည်မှာ၊ ယခင်တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရထားခြင်းဖြစ်သည်။ “ဂါးးးးးးးးး!” ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးက မုန်းတီးမှုနှင့် ဒေါသများ ပြည့်နှက်နေသော မျက်လုံးများဖြင့် လီလော့ကို စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။ ယင်းကို မြင်သောအခါ၊ လီလော့၏ ဦးရေပြား ထုံကျင်သွားသလို ခံစားလိုက်ရသည်။ ဤအစစ်အမှန်နတ်ဆိုးက တကယ်ကို အသက်ပြင်းလှသည်။ လီလော့ထံမှ အစွမ်းကုန် တန်ပြန်တိုက်ခိုက်မှုကို ခံရပြီးသည့်တိုင် မသေသေးပေ။ “သေချာပေါက် အဆုံးသတ်ကို ရောက်နေလောက်ပြီမလား?” လီလော့ စဉ်းစားနေစဉ်မှာပင်၊ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးက သူ့ကို မတိုက်ခိုက်ပေ။ ယင်းအစား၊ လျင်မြန်စွာ စတင်နောက်ဆုတ်လေတော့သည်။ ထိုအချင်းအရာကို မြင်သောအခါ၊ လီလော့ နောက်ဆုံးတွင် နားလည်သွားသည်။ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးသည် သူ တွေးထင်ထားသည်ထက် ပို၍ ပြင်းထန်စွာ ဒဏ်ရာရထားခြင်းဖြစ်သည်။ထို့ကြောင့် ပြတ်သားသော အမူအရာဖြင့် ၎င်းနောက်သို့ လိုက်သွားခဲ့တော့သည်။ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးက အင်မတန် အန္တရာယ်များလွန်းသည်။ ယခု သူ အခွင့်အရေး ရနေချိန်တွင် အပြီးတိုင် ရှင်းလင်းပစ်ရမည်။ ထိုသို့မဟုတ်ပါက၊ ထိုနတ်ဆိုး လွတ်မြောက်သွားလျှင် အနာဂတ်တွင် ခေါင်းကိုက်စရာ ဖြစ်လာပေလိမ့်မည်။ လျှပ်တစ်ပြက်အတွင်းမှာပင်၊ လီလော့သည် ထူထပ်သော အနက်ရောင်မြူခိုးများကို ခုတ်ပိုင်းပြီး ၎င်းနောက်သို့ မဆုတ်မနစ် လိုက်ပါသွားခဲ့သည်။ ပြင်းထန်သော လိုက်လံဖမ်းဆီးမှုအတွက် တုံ့ပြန်သည့်အနေဖြင့်၊ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက ရုတ်တရက် လက်မအရွယ်အစားသို့ ကျုံ့သွားသည်။ အမြီးကို လွှဲလိုက်သောအခါ လေဟာနယ်တွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်သွားပြီး လီလော့၏ အရှေ့တည့်တည့်တွင် ချက်ချင်း ပေါ်လာသည်။ တကယ်ကို ကောက်ကျစ်တဲ့ကောင်ပဲ! တန်ပြန်တိုက်ခိုက်ဖို့ စီစဉ်နေတာ… ပိုးကောင်၏ ပါးစပ် ဟသွားပြီး ထက်မြက်သော သွားများစွာ ပေါ်လာကာ လီလော့ကို တိုက်ရိုက် စားသုံးရန် စီစဉ်နေပြန်သည်။ ဤအခိုက်အတန့်တွင် လီလော့၏ ခန္ဓာကိုယ်မှာ အေးစိမ့်သွားသည်။ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးက တကယ်ကို ရက်စက်ကြမ်းကြုတ်လှသည်။ ၎င်းမှာ သူ့ကို ဝါးမြိုရန် နောက်ဆုံး မျှော်လင့်ချက်မဲ့ ကြိုးစားမှုတစ်ခု ဖြစ်သည်မှာ ထင်ရှားသည်။ လီလော့က တန်ပြန်တိုက်ခိုက်ရန် အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ၏ စွမ်းအားကို အသုံးပြုရန် ပြင်ဆင်နေချိန်မှာပင်၊ သူ့လက်ကောက်ဝတ်ရှိ အိတ်ဆောင် စက်လုံး စတင်တုန်ခါလာသည်။ နောက်တစ်ခဏတွင် ၎င်းထဲမှ အလင်းတန်းတစ်ခု ပျံထွက်လာသည်။ ဤရုတ်တရက်ဆန်သော အပြောင်းအလဲကြောင့် လီလော့ အငိုက်မိသွားခဲ့သည်။ သူ သေချာကြည့်တော့မှ အလင်းတန်းမှာ ကျောက်စိမ်းအဆင်တန်ဆာ တစ်ခုဖြစ်ကြောင်း သူ သတိပြုမိလိုက်သည်။ ၎င်းသည် အလွန်ရင်းနှီးသော ကျောက်စိမ်းအဆင်တန်ဆာတစ်ခုဖြစ်သည်။ သူ ထိုအကြောင်း စဉ်းစားပြီးနောက် မျက်လုံးများ ပြူးကျယ်သွားသည်။ အခုမှ ပြန်သတိရသွားတယ်… အနောက်ဘက်မြို့တော်မှာတုန်းက လီလင်းကျင်း ဒီပစ္စည်း ပေးခဲ့တာပဲ… ဒါပေမယ့် အဲဒါက ဘာလို့ ရုတ်တရက် အသက်ဝင်လာရတာလဲ? လီလော့ မေးခွန်းများစွာဖြင့် ပြည့်နှက်နေစဉ်မှာပင်၊ ကျောက်စိမ်းအဆင်တန်ဆာက ပျံထွက်သွားပြီး ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးနှင့် တိုက်ရိုက် ဝင်တိုက်သွားသည်။ ဘန်း! အဆင်တန်ဆာ အပိုင်းပိုင်းအစစ ကွဲကြေသွားသည့် ထိုအချိန်မှာပင်၊ ၎င်းထဲမှ ပုံသဏ္ဌာန်မဲ့သော စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်ကို လီလော့ ခံစားလိုက်ရသည်။ ၎င်းသည် ကိုယ်ပိုင် အသိစိတ် ရှိနေပုံရပြီး၊ စွမ်းအင်စီးကြောင်းက ဝိညာဉ်စား အစစ်အမှန်နတ်ဆိုး၏ ရက်စက်ကြမ်းကြုတ်သော ပါးစပ်ထဲသို့ တည့်တည့် ဝင်ရောက်သွားလေတော့သည်

All Chapters