← Chapters

မျှော်လင့်ချက်မဲ့ တန်ပြန်တိုက်ခိုက်ခြင်

Vol. 63 Ch. 876

မျှော်လင့်ချက်မဲ့ တန်ပြန်တိုက်ခိုက်ခြင်

Vol. 63 Ch. 876

လီလင်းကျင်း သူ့ထံသို့ ခြေတစ်လှမ်းတိုးလာတိုင်း ခန္ဓာကိုယ် ပို၍ တင်းမာသွားသည်။ သူ့ မျက်နှာပေါ်တွင် အံ့အားသင့်ပြီး ကြောက်လန့်နေသော အမူအရာများ ဆက်လက်ပေါ်လွင်နေပြီး၊ နောက်သို့ပင် ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။ သူ့မျက်လုံးများတွင် အကြောက်တရားများ ပြည့်နှက်နေ၏။ ထိုအဖြစ်ကို မြင်သောအခါ၊ လီလင်းကျင်းက သူ့ကို ညင်သာသောလေသံဖြင့်…. "စိတ်မပူပါနဲ့ … ငါ မင်းကို သေသေချာချာ အရသာခံပြီး စားသုံးမှာပါ….ဘာနာကျင်မှုမှ ရှိမှာမဟုတ်ဘူး…" သူမ၏ ခြေထောက် မြေပြင်ပေါ်သို့ ကျရောက်သွားသောအခါ တစ္ဆေတစ်ကောင်ကဲ့သို့ လီလော့၏အရှေ့တည့်တည့်တွင် ပေါ်လာသည်။ လောဘနှင့် ရမ္မက်များ ပြည့်နှက်နေသော မျက်လုံးများဖြင့်၊ ငတ်မွတ်ခေါင်းပါးလွန်း၍ သေလုမြောပါးဖြစ်နေသူတစ်ဦးက ခမ်းနားလှသော စားပွဲသောက်ပွဲကြီးတစ်ခုကို ကြည့်နေသကဲ့သို့ သူမက သူ့ကို စိုက်ကြည့်နေသည်။ ပါးစပ်ကို ဟလိုက်သောအခါ၊ အတွင်းရှိ ဖြူဖွေးသောသွားများ လုံးဝ မည်းနက်သွားပြီး မိစ္ဆာတစ်ကောင်၏ ပါးစပ်သဖွယ် တကယ်ကို ထူးဆန်းလှနေပေသည်။ ရွှစ် ထိုစဉ် သူမ၏ ပါးစပ်မှ စေးကပ်သော အနက်ရောင် မြူခိုးများ ထွက်ပေါ်လာပြီး၊ လူများကို ဖျက်ဆီးနိုင်စွမ်းရှိသော တိုးညှင်းပြီး ထူးဆန်းသော တီးတိုးပြောသံများကို သယ်ဆောင်လာသည်။ လီလော့က လေဟာနယ်ကို ငေးမောကြည့်နေစဉ် ထိုအသံများကြောင့် ချက်ချင်း မှင်သက်သွားသည်။ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ရုတ်တရက် ရှုပ်ထွေးသွားခြင်းပင်… သူသည် ဤအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း၊' အစစ်အမှန်နတ်ဆိုးက သူမျှော်လင့်ထားသည်ထက် များစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းနေသည်။ ကံကောင်းစွာဖြင့်၊ အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေက ထိုအချိန်မှာပင် ရက်စက်ကြမ်းကြုတ်သော အော်ဟစ်သံတစ်ခုကို ထုတ်လွှတ်လိုက်သည်။ထိုအော်ဟစ်သံက နှလုံးသားထဲတွင် ပဲ့တင်ထပ်သွားပြီး၊ ပျက်သုန်းခြင်းစွမ်းအား၏ အကျိုးသက်ရောက်မှုများ ပျောက်ကွယ်သွားသည်။ လီလော့ သတိပြန်ဝင်လာသော်လည်း ချွေးအေးများ ထွက်လာသည်။ သူသည် အစစ်အမှန်နတ်ဆိုးကို အထင်သေးမိခဲ့သည်။ ပေါင်းစည်းစွမ်းအင် မရှိလျှင်၊ သူမကို ရင်ဆိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။ ကံကောင်းစွာဖြင့် သူ့တွင် အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ ရှိနေသည်။ လီလော့ ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်တော့ အနီရင့်ရောင် လက်ကောက် လင်းလက်လာပြီး ကြမ်းတမ်းပြီး အရိုင်းအစိုင်းဆန်သော အနီရင့်ရောင် စွမ်းအင်တစ်ခု ထွက်ပေါ်လာပြီး သူ့ ခန္ဓာကိုယ်အတွင်း စီးဆင်းသွားသည်။ နောက်တစ်ခဏတွင်၊ အရိုင်းအစိုင်းဆန်သော စွမ်းအင်များ ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။ လီလင်းကျင်းလည် ရုတ်တရက်ဆန်သော ဖြစ်ပေါ်ပြောင်းလဲမှုကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။ သို့သော်လည်း၊ စွမ်းအင်လှိုင်း၏ ပြင်းအားကို ခံစားသိရှိလိုက်ရသောအခါ ပြန်လည်သက်သောင့်သက်သာ ဖြစ်သွားသည်။ "ဆိုတော့ မင်းမှာ ဖုံးကွယ်ထားတဲ့ ဝှက်ဖဲတစ်ခု ရှိနေသေးတာပေါ့။ ကံမကောင်းတာက၊ အဲဒါက ပထမအဆင့် မြို့စား တစ်ယောက်ရဲ့ စွမ်းအားလောက်ပဲ ရှိတယ်။ ဒါက ဘာကိုမှ ပြောင်းလဲသွားစေမှာ မဟုတ်ဘူး။" သူမက အနည်းငယ်မျှပင် မကြောက်ရွံ့ဘဲ၊ အနက်ရောင်မီးခိုးများက သူမ၏ သွယ်လျသော ကျောက်စိမ်းကဲ့သို့ လက်မောင်းများကို ရစ်ပတ်သွားသည်။ ထို့နောက် သူမက လီလော့၏ မျက်နှာကို တိုက်ရိုက် ဆုပ်ကိုင်ကာ သူ့ကို မြှောက်တင်လိုက်သည်။ ထူထပ်သော အနက်ရောင်မီးခိုးများထဲတွင် တွန့်လိမ်လှုပ်ရှားနေသော ပိုးကောင်များထံမှ ရေတွက်၍မရနိုင်သော စိုးစိုးစီစီအသံများ ထွက်ပေါ်နေသည်။ လီလော့ကလည်း ဤအရာကို နားလည်ထားပြီးဖြစ်သည်။ အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ၏ စွမ်းအားတစ်ခုတည်းက ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးကို ဟန့်တားရန် မလုံလောက်ပေ။ ထို့ကြောင့်၊ ဤအခိုက်အတန့်တွင် ရွှေကျောက်စိမ်း ဆင်နက်ဓားထဲသို့ အသိစိတ်ကို နက်ရှိုင်းစွာ နှစ်မြှုပ်လိုက်သည်။ ဓားထဲတွင် ထူးဆန်းသော တောက်ပမှုနှင့် ကြောက်မက်ဖွယ်ကောင်းလောက်အောင် လွှမ်းမိုးနိုင်သော အငွေ့အသက်များရှိသည့် ဘုရင်အမှတ်အသာတစ်ခု ရှိနေသည်။ ဤအရာသည် ရွှေကျောက်စိမ်း ဆင်နက်ဓား၏ အစစ်အမှန် ရတနာဖြစ်သည်။ ၎င်းသည် ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးက သန့်စင်ရန် အချိန်နှင့် အားထုတ်မှုများစွာ အသုံးပြုခဲ့ရသော အရာဖြစ်သည်။ သို့သော်လည်း၊ ဤဘုရင်အမှတ်အသားကို အသုံးပြုတိုင်း ၎င်းထဲတွင် သိုလှောင်ထားသော ဘုရင်ဆင့်၏စွမ်းအားများ ကုန်ဆုံးစေမည်ဖြစ်သည်။ ၎င်းကုန်ခမ်းသွားသည်နှင့်၊ အမှတ်အသားသည်လည်း အလိုအလျောက် ပျောက်ကွယ်သွားမည်ဖြစ်သည်။ ရလဒ်အနေဖြင့် လီလော့က ဤဝှက်ဖဲကို ပေါ့ပေါ့ဆဆ အသုံးပြုမည်မဟုတ်ပေ။ ယခုလို သေရေးရှင်ရေး အခြေအနေမျိုးအတွက် ၎င်းကို သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။ ဘုရင်အမှတ်အသားကို အသက်သွင်းလိုက်သောအခါ၊ ထူးဆန်းသော ရွှေရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာပြီး ရွှေရောင်အလင်းတန်း အမျှင်များက ရွှေကျောက်စိမ်း ဆင်နက်ဓား၏ ဓားသွားပေါ်တွင် တစ်ခုပြီးတစ်ခု ပေါ်လာသည်။ လီလော့က မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ လက်နက်ကို မြှောက်လိုက်ပြီး သူ့ကို ဆုပ်ကိုင်ရန် ရှေ့သို့တိုးလာသော ဟန်ဆောင်ထားသည့် လီလင်းကျင်းထံသို့ ပိုင်းချလိုက်သည်။ ဓားက လေဟာနယ်ကို ခုတ်ပိုင်းသွားပြီး၊ ကြမ်းတမ်းသော အနီရင့်ရောင် စွမ်းအင်က မိုးကြိုးကဲ့သို့ ဟိန်းဟောက်သွားသည်။ ဓားအလင်းတန်း ပျံသန်းသွားရာ နေရာတိုင်းမှာ ကွဲအက်ရာများပြည့်နှက်နေလေ၏။ သို့သော်လည်း၊ အကြောက်မက်ဖွယ် အကောင်းဆုံးအရာမှာ အနီရင့်ရောင် ဓားအလင်းတန်း မဟုတ်ပေ။ ၎င်းသည် ဓားအလင်းတန်းကို ရစ်ပတ်ထားသော ထူးဆန်းသည့် ရွှေရောင်အလင်းတန်း အမျှင်များဖြစ်သည်။ ရွှေရောင်အလင်းတန်းသည် ဖော်ပြ၍မရနိုင်သော စွမ်းအားတစ်ခု ပါဝင်နေပုံရသည်။ ၎င်းကို ပထမအကြိမ် မြင်လိုက်ရစဉ်က အားနည်းသည်ဟု ထင်ရသော်လည်း၊ အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေထံမှ ကြမ်းတမ်းသော စွမ်းအင်များပင်လျှင် ၎င်း ဖြတ်သန်းစီးဆင်းသွားသောအခါ လမ်းဖယ်ပေးရသည်။ အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေထံမှ စွမ်းအင်များသည် ၎င်း၏ရှေ့တွင် ရပ်တည်ရန် မရဲဝံ့သလိုဖြစ်နေရှာသည်။ အစပိုင်းတွင်၊ လီလင်းကျင်းက လီလော့၏ ဓားပိုင်းချက်ကို ဂရုမစိုက်ခဲ့ပေ။ ၎င်းတွင် ပထမအဆင့် မြို့စားတစ်ယောက်၏ စွမ်းအားသာ ပါဝင်သဖြင့် သူမအတွက် မည်သည့်ခြိမ်းခြောက်မှုမျှ ဖြစ်စေမည်မဟုတ်ပေ။ ထို့ကြောင့်တိုက်ခိုက်မှုကို မရှောင်တိမ်းဘဲ လက်ဗလာဖြင့် တွန်းလှန်ရန် စီစဉ်ထားခဲ့သည်။ သို့သော်လည်း၊ ၎င်းနှင့် ထိတွေ့လိုက်ရချိန်တွင် တစ်ခုခု မှားယွင်းနေကြောင်း သူမ ချက်ချင်း ခံစားသိရှိလိုက်သည်။ သူမ၏ နှလုံးသားထဲတွင် ဖော်ပြ၍မရနိုင်သော အကြောက်တရားတစ်ခုကို ဖြစ်စေသည့် ပြင်းထန်သော အန္တရာယ်ရှိသည့် ခံစားချက်တစ်ခု ရှိနေသည်။ ဤအခိုက်အတန့်တွင်၊ဓားကို ရစ်ပတ်ထားသော ရွှေရောင်အလင်းတန်းကို သူမ နောက်ဆုံးတွင် သတိပြုမိလိုက်သည်။ ၎င်းထံမှ ကြောက်မက်ဖွယ်ကောင်းလောက်အောင် လွှမ်းမိုးနိုင်သော အငွေ့အသက်များ ထွက်ပေါ်နေပြီး၊ ၎င်း၏ တည်ရှိမှုကြောင့် အာကာသနှင့် အချိန်ပင် အေးခဲသွားသည့်နှယ်။ တစ်ချိန်တည်းမှာပင် သူမ၏ အရိပ်ပိုးကောင်မီးခိုးငွေ့ထဲရှိ ရေတွက်၍မရနိုင်သော အနက်ရောင်ပိုးကောင်များ ရူးသွပ်စွာ စတင်လှုပ်ရှားလာကြသည်။ ၎င်းတို့သည် အရူးအမူး လွတ်မြောက်ရန် ကြိုးစားရင်း အရပ်မျက်နှာ အားလုံးသို့ ပြေးလွှားနေကြသည်။ "ဒါက... ဘုရင်အဆင့်စွမ်းအင်လား…" သူမက မယုံကြည်နိုင်စွာ စူးရှစွာ အော်ဟစ်လိုက်သည်။ လီလင်းကျင်း၏ အသက်မပါသော မျက်လုံးများတွင် ပထမဆုံးအကြိမ်အဖြစ် အံ့အားသင့်မှုများ ပေါ်လာခဲ့ချေပြီ။ ၎င်းမှာ သူမကိုပင် ကြောက်ရွံ့စေသော စွမ်းအားတစ်ခုဖြစ်သည်။ သို့သော်ငြားလည်း ဓားအလင်းတန်းက သူမထံ ရောက်ရှိလာသည်။ထိုအခါ ထူထပ်သော အနက်ရောင်မီးခိုးများ အရည်ပျော်သွားသော ဆီးနှင်းများသဖွယ် ပျောက်ကွယ်သွားပြီး၊ ရေတွက်၍မရနိုင်သော ပိုးကောင်ငယ်လေးများမှာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသည်။ သူမ၏ လက်မောင်းလည်း ချက်ချင်း အပိုင်းပိုင်းအစစ ပြိုကွဲသွားသည်။ "အားးး!" ဤအခိုက်အတန့်တွင် လီလင်းကျင်းက နားကွဲမတတ် အော်ဟစ်လိုက်သည်။ သူမ အလျင်စလို နောက်ဆုတ်လိုက်စဉ် ခန္ဓာကိုယ်မှ ပျက်သုန်းခြင်း အငွေ့အသက်များ မြင့်တက်လာသော မီးခိုးများကဲ့သို့ ယိုစိမ့်ထွက်လာသည်။ လီလော့က ဓားပတ်လည်တွင် ဓားအလင်းတန်းများ လှည့်ပတ်နေသည်ကို အေးစက်သော အမူအရာဖြင့် ကြည့်နေသည်။ နောက်တစ်ခဏတွင်၊ ရွှေကျောက်စိမ်း ဆင်နက်ဓားက သူ့လက်ထဲမှ ချော်ထွက်သွားပြီး အနီရင့်ရောင် မြင်းတစ်ကောင် အဖြစ် ပြောင်းလဲကာ သူမနောက်သို့ လိုက်ပါသွားသည်။ မြင်းက လေထုကို ဖြတ်သန်းပြေးလွှားသွားစဉ်၊ စေးကပ်ပြီး အေးစက်သော အနက်ရောင်မီးခိုးများ ထိတွေ့မိသည်နှင့် အငွေ့ပျံသွားသည်။ အသက်တစ်ရှိုက်စာ အချိန်တိုလေးအတွင်းမှာပင်၊ မြင်းသည် လီလင်းကျင်းကို အမီလိုက်နိုင်ခဲ့သည်။ ၎င်းက မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ သူမကို တိုက်ရိုက် ထိုးဖောက်ပြေးလွှားသွားသည်။ "အား! အားးး!" လေထဲတွင် အော်ဟစ်သံများစွာ ထွက်ပေါ်လာချေပြီ။ သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ကွဲအက်နေသော မြေအိုးတစ်လုံးကဲ့သို့ အက်ကြောင်းများစွာ စတင်ပေါ်လာပြီး နောက်တစ်ခဏတွင်၊ ထူထပ်သော အနက်ရောင်မီးခိုးစီးကြောင်းများ အက်ကြောင်းများထဲမှ လွတ်မြောက်ထွက်လာသည်။ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးကပင် လီလော့၏ နောက်ဆုံးဝှက်ဖဲကို ခံနိုင်ရည်မရှိပေ။ ဘန်း! သူမ၏ ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားပြီ… ကြီးမားလှသော တုန်ခါမှုလှိုင်းတစ်ခု ကွင်းပြင်တစ်လျှောက် တိုက်ခတ်သွားပြီး လီလော့လည်း ၎င်းထဲတွင် ပါဝင်သွားသည်။ ကံကောင်းစွာဖြင့် သူ့ထံ၌ အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ၏ အကာအကွယ် ရှိနေသဖြင့်၊ တုန်ခါမှုလှိုင်းကြောင့် သွေးအနည်းငယ်သာ အန်ချလိုက်ရသည်။ ဤဒဏ်ရာများကို ဂရုစိုက်နေရန် အချိန်မရှိပေ။ ယခု ပျက်စီးသွားသော လီလင်းကျင်း၏ ခန္ဓာကိုယ်ကို စူးစိုက်ကြည့်ရင်း၊ တိုက်ခိုက်မှုက ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ကြောင်း သူ သေချာသွားသည်။ သို့သော် သူမကို သတ်ပစ်ရန် လုံလောက်ပါရဲ့လား? လီလော့ သတိမလွတ်စေဘဲ ပတ်ဝန်းကျင်ကို သေချာစွာ အကဲခတ်နေသည်။ ဤအရာက နောက်ဆုံးတွင် အကျိုးရှိသွားသည်။ နောက်တစ်ခဏတွင် မြေပြင်မှ အနက်ရောင်အလင်းတန်း အမျှင်များစွာ ထွက်ပေါ်လာပြီး လျင်မြန်စွာ ပေါင်းစပ်သွားသည်ကို သတိပြုမိလိုက်သည်။ အချိန်အနည်းငယ် အကြာတွင်၊ မီတာရာပေါင်းများစွာ ရှည်လျားသော ဧရာမ အနက်ရောင် ပိုးကောင်ကြီး တစ်ကောင် လီလော့၏ ရှေ့တွင် ပေါ်လာခဲ့သည်။ ထိုပိုးကောင်မှာ တကယ်ကို ထူးဆန်းနေပြီး၊ ၎င်း၏ ခန္ဓာကိုယ်မှ ရေဘဝဲလက်တံများစွာ ထွက်ပေါ်နေသည်။ ခေါင်းပေါ်တွင် ပြောင်းလဲနေသော လူ့မျက်နှာတစ်ခု ရှိနေပြီး၊ပါးစပ်နှင့် နှာခေါင်းမှ ထူထပ်သော အနက်ရောင်မီးခိုးများ ထွက်ပေါ်နေသည်။ ဒါက ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးရဲ့ အစစ်အမှန် ခန္ဓာကိုယ် ဖြစ်ရမယ်…. ၎င်း၏ ခန္ဓာကိုယ်မှာ အက်ကြောင်းများဖြင့် ပြည့်နှက်နေပြီး အနက်ရောင်မီးခိုးများ ဆက်လက်ထွက်ပေါ်နေသည်။ ထင်ရှားသည်မှာ၊ ယခင်တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရထားခြင်းဖြစ်သည်။ “ဂါးးးးးးးးး!” ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးက မုန်းတီးမှုနှင့် ဒေါသများ ပြည့်နှက်နေသော မျက်လုံးများဖြင့် လီလော့ကို စိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။ ယင်းကို မြင်သောအခါ၊ လီလော့၏ ဦးရေပြား ထုံကျင်သွားသလို ခံစားလိုက်ရသည်။ ဤအစစ်အမှန်နတ်ဆိုးက တကယ်ကို အသက်ပြင်းလှသည်။ လီလော့ထံမှ အစွမ်းကုန် တန်ပြန်တိုက်ခိုက်မှုကို ခံရပြီးသည့်တိုင် မသေသေးပေ။ “သေချာပေါက် အဆုံးသတ်ကို ရောက်နေလောက်ပြီမလား?” လီလော့ စဉ်းစားနေစဉ်မှာပင်၊ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးက သူ့ကို မတိုက်ခိုက်ပေ။ ယင်းအစား၊ လျင်မြန်စွာ စတင်နောက်ဆုတ်လေတော့သည်။ ထိုအချင်းအရာကို မြင်သောအခါ၊ လီလော့ နောက်ဆုံးတွင် နားလည်သွားသည်။ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးသည် သူ တွေးထင်ထားသည်ထက် ပို၍ ပြင်းထန်စွာ ဒဏ်ရာရထားခြင်းဖြစ်သည်။ထို့ကြောင့် ပြတ်သားသော အမူအရာဖြင့် ၎င်းနောက်သို့ လိုက်သွားခဲ့တော့သည်။ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးက အင်မတန် အန္တရာယ်များလွန်းသည်။ ယခု သူ အခွင့်အရေး ရနေချိန်တွင် အပြီးတိုင် ရှင်းလင်းပစ်ရမည်။ ထိုသို့မဟုတ်ပါက၊ ထိုနတ်ဆိုး လွတ်မြောက်သွားလျှင် အနာဂတ်တွင် ခေါင်းကိုက်စရာ ဖြစ်လာပေလိမ့်မည်။ လျှပ်တစ်ပြက်အတွင်းမှာပင်၊ လီလော့သည် ထူထပ်သော အနက်ရောင်မြူခိုးများကို ခုတ်ပိုင်းပြီး ၎င်းနောက်သို့ မဆုတ်မနစ် လိုက်ပါသွားခဲ့သည်။ ပြင်းထန်သော လိုက်လံဖမ်းဆီးမှုအတွက် တုံ့ပြန်သည့်အနေဖြင့်၊ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက ရုတ်တရက် လက်မအရွယ်အစားသို့ ကျုံ့သွားသည်။ အမြီးကို လွှဲလိုက်သောအခါ လေဟာနယ်တွင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်သွားပြီး လီလော့၏ အရှေ့တည့်တည့်တွင် ချက်ချင်း ပေါ်လာသည်။ တကယ်ကို ကောက်ကျစ်တဲ့ကောင်ပဲ! တန်ပြန်တိုက်ခိုက်ဖို့ စီစဉ်နေတာ… ပိုးကောင်၏ ပါးစပ် ဟသွားပြီး ထက်မြက်သော သွားများစွာ ပေါ်လာကာ လီလော့ကို တိုက်ရိုက် စားသုံးရန် စီစဉ်နေပြန်သည်။ ဤအခိုက်အတန့်တွင် လီလော့၏ ခန္ဓာကိုယ်မှာ အေးစိမ့်သွားသည်။ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးက တကယ်ကို ရက်စက်ကြမ်းကြုတ်လှသည်။ ၎င်းမှာ သူ့ကို ဝါးမြိုရန် နောက်ဆုံး မျှော်လင့်ချက်မဲ့ ကြိုးစားမှုတစ်ခု ဖြစ်သည်မှာ ထင်ရှားသည်။ လီလော့က တန်ပြန်တိုက်ခိုက်ရန် အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ၏ စွမ်းအားကို အသုံးပြုရန် ပြင်ဆင်နေချိန်မှာပင်၊ သူ့လက်ကောက်ဝတ်ရှိ အိတ်ဆောင် စက်လုံး စတင်တုန်ခါလာသည်။ နောက်တစ်ခဏတွင် ၎င်းထဲမှ အလင်းတန်းတစ်ခု ပျံထွက်လာသည်။ ဤရုတ်တရက်ဆန်သော အပြောင်းအလဲကြောင့် လီလော့ အငိုက်မိသွားခဲ့သည်။ သူ သေချာကြည့်တော့မှ အလင်းတန်းမှာ ကျောက်စိမ်းအဆင်တန်ဆာ တစ်ခုဖြစ်ကြောင်း သူ သတိပြုမိလိုက်သည်။ ၎င်းသည် အလွန်ရင်းနှီးသော ကျောက်စိမ်းအဆင်တန်ဆာတစ်ခုဖြစ်သည်။ သူ ထိုအကြောင်း စဉ်းစားပြီးနောက် မျက်လုံးများ ပြူးကျယ်သွားသည်။ အခုမှ ပြန်သတိရသွားတယ်… အနောက်ဘက်မြို့တော်မှာတုန်းက လီလင်းကျင်း ဒီပစ္စည်း ပေးခဲ့တာပဲ… ဒါပေမယ့် အဲဒါက ဘာလို့ ရုတ်တရက် အသက်ဝင်လာရတာလဲ? လီလော့ မေးခွန်းများစွာဖြင့် ပြည့်နှက်နေစဉ်မှာပင်၊ ကျောက်စိမ်းအဆင်တန်ဆာက ပျံထွက်သွားပြီး ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးနှင့် တိုက်ရိုက် ဝင်တိုက်သွားသည်။ ဘန်း! အဆင်တန်ဆာ အပိုင်းပိုင်းအစစ ကွဲကြေသွားသည့် ထိုအချိန်မှာပင်၊ ၎င်းထဲမှ ပုံသဏ္ဌာန်မဲ့သော စွမ်းအင်တစ်ခု ထွက်ပေါ်လာသည်ကို လီလော့ ခံစားလိုက်ရသည်။ ၎င်းသည် ကိုယ်ပိုင် အသိစိတ် ရှိနေပုံရပြီး၊ စွမ်းအင်စီးကြောင်းက ဝိညာဉ်စား အစစ်အမှန်နတ်ဆိုး၏ ရက်စက်ကြမ်းကြုတ်သော ပါးစပ်ထဲသို့ တည့်တည့် ဝင်ရောက်သွားလေတော့သည်။

All Chapters