← Chapters

လီလင်းကျင်း၏ နောက်ဆုံးခုခံမှု

Vol. 63 Ch. 877

လီလင်းကျင်း၏ နောက်ဆုံးခုခံမှု

Vol. 63 Ch. 877

ဤရုတ်တရက် ဖြစ်ပေါ်လာသောအလှည့်အပြောင်းများက တကယ်ကို အံ့အားသင့်စရာပင်။ တစ်ခဏတာမျှ ဘာတွေဖြစ်နေမှန်း လီလော့ မသိတော့ပေ။ သူက အလိုအလျောက် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ကာကွယ်မှုအတွက် အမြီးသုံးချောင်း ကောင်းကင်ဝံပုလွေ၏ စွမ်းအားများကို ထုတ်ယူလိုက်သည်။

သူ ထိုသတ္တဝါနားသို့ ပေါ့ပေါ့ဆဆ ချဉ်းကပ်ရန် မရဲပေ။ ဤကဲ့သို့ ပဟေဠိဆန်သော ဖြစ်ပေါ်ပြောင်းလဲမှုများကြောင့် သတိရှိရှိ နေထိုင်ခြင်းက အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်ပေမည်။

သူ နောက်ဆုတ်သွားစဉ် ရှေ့သို့သာ စူးစိုက်နေခဲ့သည်။ ကျောက်စိမ်းအဆင်တန်ဆာမှ ပုံသဏ္ဌာန်မဲ့သော စွမ်းအင်များ ပါးစပ်ထဲသို့ ဝင်ရောက်သွားသောအခါ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးမှာ ကြီးမားသော ဖိအားအောက်သို့ ရောက်ရှိသွားကြောင်း သိလိုက်ရသည်။ ၎င်း၏ ရေဘဝဲလက်တံများ လေထဲတွင် အရိုင်းအစိုင်းဆန်စွာ လှုပ်ရမ်းနေပြီး၊ ရူးသွပ်စွာ ရုန်းကန်နေသဖြင့် ပတ်ဝန်းကျင်တွင် ငလျင်များ အကြိမ်ကြိမ် လှုပ်ခတ်နေသည်။

တစ်ချိန်တည်းမှာပင်၊ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အက်ကြောင်းများမှ မိစ္ဆာအော်ဟစ်သံများ ပြည့်နှက်နေသော ထူးဆန်းသည့် အနက်ရောင်မြူခိုးများ ဆက်လက် ယိုစိမ့်ထွက်နေသည်။

လီလော့က မသေချာသော်လည်း၊ ရွှေကျောက်စိမ်း ဆင်နက်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ ယခုအခါ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးအတွက် အတော်လေး ဆိုးရွားသော အခြေအနေ ဖြစ်နေပုံရသည်။ အခွင့်အရေးသာ ပေါ်လာပါက၊ ၎င်းကို အသေအလဲ တိုက်ခိုက်မှုတစ်ခု ပေးရန် သူ ဝန်လေးနေမည် မဟုတ်ပေ။

ဝိညာဉ်စား အစစ်အမှန်နတ်ဆိုး ဆက်လက် ရုန်းကန်နေစဉ်၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ အမြဲပြောင်းလဲနေသော မျက်နှာများ တစ်ခုပြီးတစ်ခု စတင်ပျောက်ကွယ်လာကြောင်း လီလော့ သတိပြုမိလိုက်သည်။

မျက်နှာတစ်ခု ပျောက်ကွယ်သွားသည်နှင့်အမျှ၊ အနက်ရောင် မြူခိုးများသည်လည်း ဝိညာဉ်စား အစစ်အမှန်နတ်ဆိုး၏ ခန္ဓာကိုယ်မှ ထွက်ခွာသွားကြသည်။

တဖြည်းဖြည်းနှင့် မျက်နှာများ ပို၍ ပို၍ ပျောက်ကွယ်သွားသည့်အခါ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုး၏ အငွေ့အသက်များလည်း ပိုပိုပြီး အားနည်းလာသည်။

နောက်ဆုံးတွင်၊ မျက်နှာတစ်ခုသာ ကျန်ရစ်ခဲ့ပြီး၊၎င်းမှာ လီလော့ အလွန်ရင်းနှီးသော မျက်နှာတစ်ခုဖြစ်သည်။ ၎င်းသည် လီလင်းကျင်း၏ မျက်နှာပင်ဖြစ်သည်။

သူ မြင်နေရသည်မှာ အမှန်ဟုတ်မဟုတ် မသေချာပေ။ အကြောင်းပြချက်တစ်ခုခုကြောင့်၊ ဤတစ်ကြိမ်တွင် သူမ၏မျက်နှာမှာ လုံးဝ အသက်မပါတာမျိုး မဟုတ်ဘဲ တကယ်ကို လူသားတစ်ယောက်နှင့် ပိုတူသည်ဟု သူ ခံစားလိုက်ရသည်။

ဒါက တကယ်ကို ထူးဆန်းတာပဲ….

မည်သို့ပင်ဆိုစေ အနက်ရောင်ပိုးကောင်၏ ရေဘဝဲလက်တံက သူမ၏ မျက်နှာကို ဖိကပ်ထားဆဲပင်ဖြစ်သည်။ထိုမျက်နှာ မည်မျှပင် လှပနေစေကာမူ လီလော့တော့ ဆွဲဆောင်မှုရှိသည်ဟု လုံးဝ မခံစားရပေ။ထိုအစား တကယ်ကို ထူးဆန်းသည်ဟုသာ ထင်မိသည်။

မည်သို့ပင်ဆိုစေ၊ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုး၏ အငွေ့အသက်များ အားနည်းနေသဖြင့် ဤအရာက တိုက်ခိုက်ရန် အကောင်းဆုံး အခွင့်အရေးပင်ဖြစ်သည်။

သူ့ မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီးနောက် ရွှေကျောက်စိမ်း ဆင်နက်ဓားကို ကိုင်ဆောင်ကာ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ဓားကို မြှောက်လိုက်ကာ သတ်ဖြတ်ရန် ပြင်ဆင်လိုက်သည်။

ဤအခိုက်အတန့်တွင်၊ အနက်ရောင်ပိုးကောင်၏ ခေါင်းက တဖက်လှည့်လာပြီး လီလင်းကျင်း၏ ပါးစပ်မှ အသံတစ်ခု ထွက်ပေါ်လာသည်။

"ဝမ်းကွဲမောင်လေး လီလော့၊ ခဏလောက် စောင့်ပါဦး။"

ထိုအသံကို ကြားသောအခါ လီလော့ အံ့အားသင့်သွားသည်။ ဤအသံသည် အစောပိုင်းက အသံနှင့် လုံးဝ ကွာခြားနေသည်။ ၎င်းသည် ခံစားချက်နှင့် ဝိညာဉ်သက်ဝင်မှုတို့ဖြင့် ပြည့်နှက်နေပြီး၊ အနောက်ဘက်မြို့တော်သို့ ပြန်ရောက်သွားကာ အစစ်အမှန် လီလင်းကျင်းနှင့် စကားပြောနေရသကဲ့သို့ပင်။

သတိကြီးစွာထားရင် လီလော့က မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်၊

"မင်းက ဘယ်သူလဲ?"

"ငါက အစစ်အမှန် လီလင်းကျင်းပါ။ အတိတ်က ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးက ငါ့ရဲ့ ဝိညာဉ်တစ်ဝက်ကို မျိုချသွားခဲ့တယ်။ ငါက ငါ့ရဲ့ ကျန်တဲ့ဝိညာဉ်တစ်ဝက်ကို မင်းကို ပေးခဲ့တဲ့ ကျောက်စိမ်းအဆင်တန်ဆာထဲမှာ လျှို့ဝှက်စွာ ဖုံးကွယ်ထားခဲ့တယ်။ အစောပိုင်းက အစစ်အမှန်နတ်ဆိုး ပြင်းပြင်းထန်ထန် အားနည်းသွားချိန်မှာ၊ ဖုံးကွယ်ထားတဲ့ ငါ့ရဲ့ဝိညာဉ်တစ်ဝက်က အခွင့်အရေးယူပြီး ကျန်တဲ့တစ်ဝက်နဲ့ ပြန်ပေါင်းစပ်သွားခဲ့တယ်။ အဲဒီလုပ်ငန်းစဉ်မှာ၊ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ နေထိုင်နေတဲ့ အခြားဝိညာဉ်အားလုံးကိုလည်း ငါ ရှင်းလင်းပစ်ခဲ့တယ်။ ငါ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးကို အောင်မြင်စွာ ဖျက်ဆီးပစ်လိုက်ပြီလို့ ပြောလို့ရပါတယ်" ဟု လီလင်းကျင်းက ပြောလိုက်သည်။

လီလော့ ဇဝေဇဝါ ဖြစ်သွားချေပြီ။

ဆိုတော့ လီလင်းကျင်းက ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးကို ထိန်းချုပ်လိုက်ပြီပေါ့? ဒါက စိတ်ရှုပ်စရာပဲ…ဘာပဲဖြစ်ဖြစ်၊ လီလင်းကျင်းနဲ့ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးတို့ကြားမှာ ကြီးမားတဲ့ စွမ်းအားကွာဟချက်တစ်ခု ရှိနေတယ်…ဒါက ကလေးငယ်တစ်ဦးက တောရိုင်းသားရဲတစ်ကောင်နဲ့ တိုက်ခိုက်နေရသလိုပဲ …ဒီလိုဆို ဘယ်လိုလုပ်ပြီး ဒီလောက်လွယ်လွယ်ကူကူ အောင်မြင်နိုင်မှာလဲ?

ခဏအကြာတွင် လီလော့က တဖြည်းဖြည်း ခေါင်းယမ်းကာ မေးလိုက်ပြန်သည်။

"ဒီလိုစကားတွေကို ငါ ယုံနိုင်မယ်လို့ မင်း ထင်နေလား?"

လီလင်းကျင်းက ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ ….

"ဝမ်းကွဲမောင်လေး လီလော့၊ လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ငါ့ရဲ့ ဝိညာဉ်တစ်ဝက်ကို ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးက မျိုချသွားခဲ့တယ်… ဒါက ငါ့ရဲ့ အခြေခံအုတ်မြစ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့ပြီး၊ ငါ့ရဲ့ အနာဂတ်တိုးတက်မှု အလားအလာတွေကို လုံးဝ ဖျက်ဆီးပစ်ခဲ့တယ်…. ဒါပေမယ့်၊ ငါ လုံးဝ လက်မလျော့ခဲ့ပါဘူး…. ဘာလို့လဲဆိုတော့ ငါ့ရဲ့ ကျန်တဲ့ ဝိညာဉ်တစ်ဝက်က ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေသေးလို့ပဲ…အဲဒါက လုံးဝ ဖျက်ဆီးခံလိုက်ရတာ မဟုတ်ဘဲ အကြိမ်ကြိမ် တိုက်စားခြင်းကို ခံနေရတာပါ… ငါ ကြုံတွေ့ခဲ့ရတဲ့ နာကျင်မှုတွေက မင်း စိတ်ကူးနိုင်တာထက် ကျော်လွန်နေခဲ့တယ်... ဒါပေမယ့် ငါ လက်မလျော့ခဲ့ပါဘူး…”

ထိုစကားများကို ကြားသောအခါ လီလော့ မျက်လုံးများ အနည်းငယ် မှေးကျဉ်းလိုက်သည်။ သူမ၏ စကားများသာ မှန်ကန်ပါက သူမ၏ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက တကယ်ကို အထင်ကြီးစရာပင်။ မည်သို့ပင်ဆိုစေ၊ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုး၏ တိုက်စားမှုကို ခံနိုင်ရည်ရှိရန်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။ သူမသာ အားနည်းသည့် လက္ခဏာ တစ်စုံတစ်ရာ ပြသခဲ့ပါက ချက်ချင်းပင် ၎င်း၏ အစားအစာ ဖြစ်သွားပေလိမ့်မည်။

"ငါ့ရဲ့ ဝိညာဉ်တစ်ဝက်ကို ကျောက်စိမ်းအဆင်တန်ဆာထဲမှာ ထည့်ထားတုန်းက ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးကို သေတဲ့အထိ တိုက်ခိုက်ဖို့ ငါ စီစဉ်ထားခဲ့တာ…ငါ ရှုံးသွားရင်.. ကျန်နေတဲ့ တစ်ဝက်ကိုပါ ဆုံးရှုံးရုံပဲ ငါသာ နိုင်ခဲ့မယ်ဆိုရင်၊ ငါ့ရဲ့ အခြေခံအုတ်မြစ်ကို ပြန်ရနိုင်ချေ ရှိတယ်….ဒါပေမယ့်၊ အောင်မြင်နိုင်ခြေက သိပ်မများဘူးဆိုတာ ငါ သိပါတယ်။ ငါတို့ရဲ့ စွမ်းအားကွာဟချက်က အရမ်းကြီးမားလွန်းတော့၊ ထိပ်တိုက်ရင်ဆိုင်မှုမှာ ငါ ရှုံးနိုင်ချေ အများဆုံးပဲ.. ဒါကြောင့် ဒီတစ်ကြိမ်မှာ ငါက သေဖို့ ပြင်ဆင်ပြီး ဒီကို လာခဲ့တာ… ဘာပဲဖြစ်ဖြစ်၊ သေချာမှုမရှိတဲ့ အခြေအနေမှာ ဆက်ပြီး အသက်ရှင်နေရတာထက် သေတဲ့အထိ တိုက်ခိုက်တာက ငါ့အတွက် ပိုကောင်းပါတယ်…. ငါ ကျရှုံးသွားရင်တောင်၊ အဲဒါက ငါ့အတွက် သက်သာရာရမှု တစ်မျိုး ဖြစ်သွားမှာပါ …ဒါပေမယ့်၊ အခု ကြည့်ရတာတော့ ငါ့ကံက တော်တော်လေး ကောင်းခဲ့ပုံရတယ်…. ဒါကို အောင်ပွဲတစ်ခုအဖြစ် သတ်မှတ်လို့ရပါတယ်... အဲဒါက ငါနဲ့ သိပ်မသက်ဆိုင်ပေမယ့်ပေါ့… အားလုံးက မင်း သူ့အပေါ် ပြင်းထန်တဲ့ ထိခိုက်မှုတွေ ပေးနိုင်ခဲ့တဲ့ ကျေးဇူးပါပဲ ဝမ်းကွဲမောင်လေး လီလော့…. အဲဒါက ငါ သူ့အပေါ် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ပြီး ပြန်လည်ထိန်းချုပ်နိုင်ဖို့ အခွင့်အရေး ရသွားစေခဲ့တာပါ…”

လီလော့က သူမကို မသေချာမရေရာသော မျက်နှာဖြင့် ပြန်စိုက်ကြည့်နေသည်။ ဤစကားများကို ယုံကြည်ရမည်လား၊ မယုံကြည်ရဘူးလား ဆိုသည်ကို သူ မသိပေ။

ဒါပေမယ့်...

လီလော့….

"အဲဒါကို ခဏထားလိုက်ကြစို့။ ပိုအရေးကြီးတာက မင်းရဲ့ ဝိညာဉ်တစ်ဝက်ကို ကျောက်စိမ်းအဆင်တန်ဆာထဲမှာ ဖုံးကွယ်ထားတယ်ဆိုတာ မင်း ငါ့ကို တစ်ခါမှ မပြောခဲ့ဘူး… ဒါက မင်းရဲ့ အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုလို့ ငါ ထင်တယ်…"

ထိုအချိန်က လီလင်းကျင်းသည် ဤကျောက်စိမ်းအဆင်တန်ဆာကို လီရုန်ယွင့်ထံ ပေးရန်သာ သူ့ကို ပြောခဲ့သည်။ အခြားမည်သည့်ကိစ္စကိုမျှ ပြောဆိုခဲ့ခြင်း မရှိပေ။

လီလင်းကျင်းက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ….

"ဒါ ငါ့အမှားပါ…ငါ့ရဲ့ ဝိညာဉ်တစ်ဝက်က ကျောက်စိမ်းအဆင်တန်ဆာထဲမှာ ရှိနေတော့၊ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးက မင်းရဲ့ တည်နေရာကို သဘာဝကျကျ အာရုံခံနိုင်မှာပဲ…မင်းကလည်း အံ့မခန်း ပါရမီရှင်တစ်ယောက်ဖြစ်နေတယ်ဆိုတဲ့ အချက်ကို ပေါင်းထည့်လိုက်ရင်၊ အမှောင်နယ်မြေထဲကို မင်း ခြေချလိုက်တာနဲ့ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးက မင်းကို သေချာပေါက် ပစ်မှတ်ထားတော့မှာပဲ..”

လီလော့က နှာခေါင်းရှုံ့လိုက်ပြီး…

"ဆိုတော့ လမ်းတစ်လျှောက် ကြုံတွေ့ရတဲ့ ပြဿနာအားလုံးက အများအားဖြင့် မင်းကြောင့် ဖြစ်ရတာပေါ့….."

သူ ဒီထက်ပိုပြီး ပွင့်ပွင့်လင်းလင်း မရှိနိုင်ဘူးလား? ထိုသို့မဟုတ်လျှင် အမှောင်နယ်မြေထဲ ခြေချလိုက်သည်နှင့် ဤပြဿနာအားလုံးကို တစ်စုံတစ်ယောက်က မည်သို့ ကြုံတွေ့နိုင်မည်နည်း? ၎င်းမှာ ယုတ္တိမတန်လှပေ။

"ငါသာ ကြိုတင်ပြီး အားလုံးပြောပြခဲ့ရင် မင်း ငါ့ကို ခေါ်သွားဖို့ ဆန္ဒရှိမှာမဟုတ်ဘူး… ငါ ကြောက်ခဲ့တာပါ…. ဒါက ငါ့ရဲ့ ဝိညာဉ်ကို ပြန်ရဖို့ နောက်ဆုံး အခွင့်အရေးပဲလေ.. ငါ ဒီထက်ပိုပြီး အချိန်ဆွဲနေမယ်ဆိုရင်၊ ငါ့ခန္ဓာကိုယ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားပြီး ဘယ်တော့မှ ပြန်နိုးလာတော့မှာ မဟုတ်ဘူး။ ဒါပေမယ့်၊ ငါလုပ်ခဲ့တာက မှန်ကန်မှုမရှိဘူးဆိုတာ ဝန်ခံပါတယ်… ဒီအတွက် မင်းကို ငါ ကြီးမားတဲ့ ကျေးဇူးတစ်ခုကြွေးတခု တင်သွားပါပြီ…"

"ဒီလို ကျေးဇူးတင်ခံရဖို့ ငါနဲ့ မထိုက်တန်ပါဘူး"

လီလင်းကျင်းသည် တကယ်ကို ကောက်ကျစ်ပြီး ခိုင်မာသော စိတ်ဆန္ဒ ရှိသူဖြစ်သည်။ ထိုဖြစ်ရပ်သာ မရှိခဲ့ပါက၊ သူမသည် ကောင်းကင်မူလနတ်ဘုရားတိုက်ကြီးတွင် သေချာပေါက် ဂန္ထဝင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် လီလော့အနေနှင့် သူမအပေါ်တွင် ချုပ်တည်းထားရသော အကြောက်တရား အနည်းငယ် ရှိနေဆဲဖြစ်သည်။ လီလင်းကျင်းကလည်း လီလော့ထံမှ မကျေနပ်မှုကို ခံစားသိရှိနိုင်သော်လည်း သူမက တိတ်ဆိတ်နေခဲ့သည်။

အချိန်အနည်းငယ် ကြာမြင့်ပြီးနောက် လီလော့က နောက်တစ်ကြိမ် စကားပြောလိုက်သည်။

"ငါ အဒေါ်ယွင့်ကို ကျေးဇူးဆပ်ဖို့ ရှိသေးတယ်။ မင်းသာ ငါ့ကို ရိုးရိုးသားသား ရှင်းပြခဲ့ရင်၊ မင်းကို ငါ သေချာပေါက် ငြင်းပယ်ခဲ့မှာ မဟုတ်ဘူး.. "

လီလင်းကျင်းက အနေခက်စွာ ပြုံးလိုက်ပြီး…

"ငါ့အမှားပါ…ငါ့ဘက်က မလိုအပ်တဲ့ လှုပ်ရှားမှုတစ်ခု ဖြစ်သွားတယ်။"

ထိုအချိန်တွင် လီလော့က သူမကို ထပ်မေးလိုက်သည်၊

"မင်းကိုယ်မင်း ကယ်တင်ဖို့ ဒီလိုနည်းလမ်းရှိတယ်ဆိုရင်၊ ဘာလို့ မင်းမိသားစုထဲက အင်အားကြီးတဲ့ မြို့စားအဆင့်တွေကို ကူညီဖို့ မတောင်းဆိုခဲ့တာလဲ?"

"ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးက အလွန် ပဟေဠိဆန်ပြီး ထူးဆန်းတယ်…သူတို့အားလုံး သူ့ကို ရှာဖွေဖို့ ကြိုးစားခဲ့ကြပေမယ့်၊ မျှော်လင့်ချက် မရှိခဲ့ဘူး။ မင်းလို ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ပဲ သူ့ကို မြှူဆွယ်ခေါ်ထုတ်နိုင်မှာ..” ဟု လီလင်းကျင်းက ရိုးသားစွာ ဖြေကြားလိုက်သည်။

"ဒါက ငါ ဂုဏ်ယူသင့်တဲ့ အရာတစ်ခုလို့ ထင်ပါတယ်" ဟုဆိုကာ လီလော့က ရယ်မောလိုက်သည်။

ဤအချိန်တွင်၊ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲသွားသော လီလင်းကျင်းကို ထပ်မံကြည့်ရှုလိုက်ပြီး….

"အခု မင်းရဲ့ ပုံပန်းသဏ္ဌာန်နဲ့ဆိုရင်၊ လူတွေက မင်းကို သာမန် ကမ္ဘာခြားသက်ရှိလို့ ထင်ပြီး တွေ့တာနဲ့ တိုက်ခိုက်ကြလိမ့်မယ်…."

"ဒါကြောင့်မလို့ ငါ့ကို အနောက်ဘက်မြို့တော်ကို ပြန်ခေါ်သွားပေးဖို့ မင်းကို ဒုက္ခပေးရဦးမှာပါ…. အဲဒီရောက်ရင်၊ ငါ့ဝိညာဉ်က ငါ့ရဲ့ မူလခန္ဓာကိုယ်ဆီ ပြန်သွားနိုင်လိမ့်မယ်" ဟု လီလင်းကျင်းက တောင်းဆိုလိုက်သည်။

"မင်းမှာ တောင်းဆိုချက်တွေ အရမ်းများတယ်။ ပြီးတော့၊ မင်းက အစစ်အမှန် လီလင်းကျင်း ဟုတ်မဟုတ် ဆိုတာကိုတောင် ငါ မသေချာဘူး။ ဖြစ်နိုင်တာက မင်းက ပဟေဠိဆန်တဲ့ ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးက သူ့ကိုယ်သူ ကယ်တင်ဖို့ နောက်ဆုံးကြိုးစားတဲ့ မျှော်လင့်ချက်မဲ့ လှုပ်ရှားမှုတစ်ခုပဲ ဖြစ်နေမလား"

"ငါ ချိတ်ပိတ်ခံရဖို့ဆန္ဒရှိပါတယ်။ နဂါးစွယ်ကလန်ဆီက ဘယ်လို မေးခွန်းထုတ်မှုနဲ့ စစ်ဆေးမေးမြန်းမှုမျိုးကိုမဆို ငါ လက်ခံမှာပါ။ အရာရာကို ဒီလိုမျိုး အဆုံးမသတ်စေချင်ခဲ့လို့၊နောက်ဆုံး ရှင်သန်ခွင့် အခွင့်အရေးအတွက် ငါ့မှာရှိသမျှ အရာအားလုံးကို ရင်းနှီးခဲ့ရတာပါ"

ထိုစကားများနောက်ကွယ်ရှိ ခိုင်မာပြီး ဇွဲရှိသော စိတ်ဆန္ဒကို ခံစားလိုက်ရပြီးနောက် လီလော့ ခေတ္တမျှ တိတ်ဆိတ်သွားသည်။ အသက်ရှင်သန်ရန် သူမ၏ မျှော်လင့်ချက်မဲ့ ကြိုးစားအားထုတ်မှုက လီလော့ကို ဗလာနန်းတော်များသာ ပိုင်ဆိုင်ခဲ့စဉ်က သူ့ကိုယ်သူ ပြန်အမှတ်ရစေသည်။ ထိုအချိန်က သူလည်း လက်မလျော့ခဲ့ဘဲ အကြပ်အတည်းမှ ထွက်ပေါက်တစ်ခု ရှာဖွေရန် အတတ်နိုင်ဆုံး ကြိုးစားဖူးခဲ့သည်။

လီလော့ တိတ်ဆိတ်စွာ စဉ်းစားနေစဉ်၊ လီလင်းကျင်း၏ မျက်လုံးများ အနည်းငယ် လှုပ်ရှားသွားပြီး၊ အနက်ရောင် မြူခိုးများထဲမှ အလင်းတန်း သေးသေးလေးတစ်ခု ပျံထွက်လာပြီး သူ့အရှေ့တည့်တည့်တွင် ရပ်တန့်သွားသည်။

လီလော့က သူ့အရှေ့တွင် လွင့်မျောနေသော အိတ်ဆောင်စက်လုံး တစ်ခုကို မြင်လိုက်ရသည်။

၎င်းက အလွန်ရင်းနှီးနေပုံရသည်။

အဲဒါက အစောပိုင်းက လက်မောင်းနဲ့အတူ ပြုတ်ကျသွားတဲ့ ကျောက်ကျင်းယွီရဲ့ အိတ်ဆောင်စက်လုံး မဟုတ်ဘူးလား...?

စက်လုံးထဲတွင် နဂါးစွယ် ငါးချောင်း ရှိနေသည်။

"ဒါက ဘာလဲ? မင်းက ငါ့ကို လာဘ်ထိုးဖို့ ကြိုးစားနေတာလား?"

"ပြဿနာအားလုံးအတွက် ငါ မင်းကို ပြန်လည်ပေးဆပ်ချင်ရုံ သက်သက်ပါ….ပြီးတော့၊ ခန္ဓာကိုယ် လွှဲပြောင်းရယူပြီးနောက် ဝိညာဉ်စား အစစ်အမှန်နတ်ဆိုးရဲ့ မှတ်ဉာဏ်တချို့ကို ငါ ရထားတယ် ဒီနေရာမှာရှိတဲ့ မှည့်နေတဲ့ သန္ဓေသား သစ်သီးအပြင်၊ မင်းကို ကူညီနိုင်မယ့် နောက်ထပ် အဖိုးတန် အခွင့်အရေးတစ်ခု ဒီနေရာမှာ ရှိနိုင်ပါတယ်" ဟု လီလင်းကျင်းက ရှင်းပြလိုက်သည်။

"ဘာအခွင့်အရေးလဲ?"

လီလော့ အနည်းငယ် စိတ်ဝင်စားသွားသည်။

ခေတ္တမျှ စဉ်းစားပြီးနောက် လီလင်းကျင်းက…."အဲဒါက ပြည့်စုံတဲ့ ဖန်သားနတ်ဆိုးအဆင့်ကို ရောက်ဖို့ မင်းကို ကူညီပေးနိုင်လောက်တယ်။"

ထိုစကားကို ကြားသောအခါ လီလော့ အံ့အားသင့်သွားသည်။

ပြည့်စုံတဲ့ ဖန်သားနတ်ဆိုးအဆင့်...

သူ့စိတ်ထဲတွင် လီကျင်းဇယ်၏ တောင်းဆိုချက်ကို ရုတ်တရက် ပြန်သတိရသွားသည်။

သုံးရောင်ခြယ် ဖန်သားနတ်ဆိုးအဆင့်….ဖန်သားနတ်ဆိုးအဆင့်၏ အစစ်အမှန် အထွတ်အထိပ်…

All Chapters