← Chapters

အခန်း (၂၁၃-၂၁၄)

Vol. 13 Ch. 213-214

အခန်း (၂၁၃-၂၁၄)

Vol. 13 Ch. 213-214

အပိုင်း (၂၁၃) ပိုက်ဆံတွေ လာပို့တာပါ။

ဖန်ကျန်းရီသည် နားမလည်နိုင်မှုများစွာဖြင့် ထွက်ခွာသွားခဲ့၏။

လျိုရွှန်းဟူသော အဘိုးကြီးမှာ ယုတ်မာသော အပြုံးဖြင့် သူ့အား ကြည့်နေသောကြောင့် သူမှာ ဘာမှန်းမသိအောင် ဖြစ်သွားရသည်။

သူနဲ့ အိမ်ရှေ့စံကြားမှာ လျှို့ဝှက်ချက် ရှိတယ် ဟုတ်လား။

ဘာလျှို့ဝှက်ချက် ရှိလို့လဲ။ မထွက်ခွာခင်က အိမ်ရှေ့စံကို သတိပေးခဲ့တာကလွဲပြီး တခြား ဘာလျှို့ဝှက်ချက်များ ရှိသေးလို့လဲ။

သို့သော်ငြား ဖန်ကျန်းရီသည် ဆက်လက်၍ မမေးရဲတော့ဘဲ ခေါင်းငုံ့ကာ စိုးရိမ်စိတ်ဖြင့် ရယ်မောလိုက်ရုံသာ တတ်နိုင်ခဲ့၏။

အိမ်သို့ ပြန်ရောက်ပြီး သိပ်မကြာမီမှာပင် ဝေ့ရှန်းသည် အိမ်သို့ အလည်အပတ် ရောက်ရှိလာခဲ့သည်။

ဝေ့ရှန်းသည် ဖန်ကျန်းရီကို မြင်သည်နှင့် ချက်ချင်း ဖားယားသော အပြုံးဖြင့် ပြောလိုက်၏။ "မြို့ဝန်ဖန် …. မြို့ဝန်လျိုက ခင်ဗျား အစားအသောက် ကြိုက်မှန်း သိလို့ ကျုပ်ကို အစားအသောက်တွေ လာပို့ခိုင်းလိုက်တာပါ။"

ဖန်ကျန်းရီက ခေါင်းညိတ်ကာ သဘောတူလိုက်ရာ ဝေ့ရှန်းသည် ချက်ချင်းပင် တံခါးအပြင်ဘက်သို့ လှမ်းအော်လိုက်သည်။ "လာကြ … ပစ္စည်းတွေ အကုန်လုံး သယ်လာခဲ့ကြ။"

စကားအဆုံးမှာပဲ လူသန်ကြီးနှစ်ဦးသည် အနီရောင် သစ်သားသေတ္တာကြီး တစ်လုံးကို ထမ်းကာ မောကြီးပန်းကြီးဖြင့် ဝင်ရောက်လာခဲ့ကြ၏။

သေတ္တာကြီးကို ဧည့်ခန်းမထဲသို့ တိုက်ရိုက် သယ်ဆောင်လာခဲ့ကြသည်။

ချထားပြီးနောက် ဝေ့ရှန်းသည် ရင်ဘတ်ထဲမှ အနီရောင် ကတ်ပြားတစ်ခုကို ထုတ်ယူလိုက်၏။ "ဒါက ဟင်းလျာစာရင်းပါ။ သခင်လေး ကြည့်ရှုစစ်ဆေးပေးပါ။"

ဖန်ကျန်းရီသည် အနီရောင်ကတ်ပြားကို ယူကာ ဖြန့်၍ သေသေချာချာ ဖတ်ကြည့်လိုက်သည်။ ဤသေတ္တာထဲတွင် ရွှေ၊ ငွေ၊ ပုလဲ၊ ကျောက်စိမ်း လက်ဝတ်ရတနာများနှင့် တန်ဖိုးကြီး ကြွေထည်များ အပါအဝင် ကောင်းမွန်သော ပစ္စည်းများစွာ ပါဝင်နေ၏။ စုစုပေါင်း တန်ဖိုးမှာ ငွေတစ်သောင်းခန့် ရှိသည်။

ဖန်ကျန်းရီ၏ စိတ်ထဲတွင် အနည်းငယ် အထင်သေးသွားမိ၏။

စားနပ်ရိက္ခာ ရှားပါးမှု မရှိဘဲ ဈေးနှုန်း တည်ငြိမ်နေချိန်တွင် ငွေတစ်တေလ်းလျှင် စားနပ်ရိက္ခာ ခုနစ်တင်း၊ ရှစ်တင်းခန့် ဝယ်ယူနိုင်သော်လည်း ယခု ဈေးကွက်ထဲရှိ ဈေးနှုန်းမှာ နှစ်ဆယ့်ငါးဆခန့် မြင့်တက်နေခဲ့ပြီ ဖြစ်သည်။

အရပ်လေးမျက်နှာမှ အကူအညီများနှင့် ပြည်သူများထံမှ ကောက်ခံရရှိသော စားနပ်ရိက္ခာများသည် အရင်းအနှီး လုံးဝမလိုသောကြောင့် မည်မျှ အမြတ်အစွန်း ရရှိနေမည်ကို မသိနိုင်ပေ။ သို့သော်ငြား ဤငွေလေး အနည်းငယ်ဖြင့် ဖန်ကျန်းရီအား လာရောက် လာဘ်ထိုးခြင်းသည် သူ့ကို လုံးဝ အထင်မကြီးခြင်းပင် ဖြစ်၏။

အနီရောင်ကတ်ပြားကို ပိတ်လိုက်ပြီးနောက် ဖန်ကျန်းရီသည် မျက်နှာသေဖြင့် ဝေ့ရှန်းထံသို့ ပြန်ပေးလိုက်သည်။

သူက ပြောလိုက်၏။ "ပြန်ယူသွားလိုက်တော့။ ဒီလောက် ပစ္စည်းလေးက ကျုပ်ရဲ့ သွားကြားညှပ်ဖို့တောင် မလောက်ဘူး။"

ဝေ့ရှန်းမှာ ဆွံ့အသွားခဲ့သည်။ အခြေအနေများက ထင်ထားသည်ထက် လွဲချော်နေခဲ့ပြီ ဖြစ်သည်။

ငွေတစ်သောင်းနဲ့တောင် ခင်ဗျားကို မသိမ်းသွင်းနိုင်ဘူးလား။

သို့သော်ငြား နောက်တစ်ဖန် ပြန်လည် စဉ်းစားကြည့်လိုက်ရာ မှန်ကန်ပေသည်။ ဤသခင်လေးသည် ထမင်းတစ်နပ် စားရန်အတွက်ပင် ငွေမည်မျှ ကုန်ကျမည်ကို မသိနိုင်လောက်အောင် သုံးဖြုန်းသူပင်။

ထို့နောက် သူက ရယ်ကျဲကျဲဖြင့် ပြောလိုက်၏။ "မြို့ဝန်ဖန် …. အကယ်၍ သခင်လေး မလောက်ဘူးဆိုရင်... ကျုပ် မြို့ဝန်လျိုကို သွားပြီး ထပ်ပြောပေးပါ့မယ်။"

ဖန်ကျန်းရီက မတတ်သာသည့်ဟန်ဖြင့် ပြောလိုက်သည်။ "ထားလိုက်ပါတော့ .. မြို့ဝန်လျိုရဲ့ စေတနာဆိုတော့လည်း ကျုပ်က ဒီအတိုင်း ပြန်ပို့လိုက်ဖို့ အားနာစရာ ကောင်းပါတယ်။"

သူက ဆက်ပြောလိုက်၏။ "ပြီးတော့ ဝေ့ရှန်း … ကျုပ်တို့ အားလုံးက ကိုယ့်လူတွေချည်းပဲလေ။ ဖုံးကွယ်နေစရာ မလိုပါဘူး။ သေတ္တာကို ဖွင့်လိုက်ပါ။"

ဝေ့ရှန်းသည် ဝမ်းသာအားရဖြင့် သေတ္တာကို ဖွင့်လိုက်ပြီး မျက်ခုံးပင့်ကာ ရှင်းပြလိုက်သည်။ "မြို့ဝန်ဖန် ကြည့်လိုက်ပါ။ ဒီရွှေ၊ ငွေ၊ ပုလဲတွေကတော့ ပြောစရာတောင် မလိုပါဘူး။ အဲဒီအထဲမှာ အဖိုးတန် ရတနာတွေ အများကြီး ပါဝင်ပြီး ဈေးကွက်မှာတောင် ဝယ်လို့မရနိုင်ပါဘူး။ ဟင်းလျာစာရင်းမှာ ပြထားတဲ့ ဈေးနှုန်းထက်ကို အများကြီး ပိုများပါတယ်။"

သူက ဆက်ပြောလိုက်သည်။ "မြို့ဝန်လျိုက သခင်လေးအပေါ်မှာ တကယ့်ကို စေတနာ အပြည့်ပါပဲ။"

ဝေ့ရှန်းက ဆက်ပြောလိုက်၏။ "နဂါးအရိပ် ဖန်ခွက်အစုံ၊ အနက်ရောင် သလင်းကျောက် ငွေဆံထိုး၊ မဟူရာ အစိမ်းရောင် ကျောက်ဆွဲကြိုး၊ သားဆုပန် ကျောက်စိမ်းကွမ်ယင်... ဒီအဖိုးတန် ပစ္စည်းတွေက ငွေရာဂဏန်းလောက်နဲ့ ဝယ်လို့မရနိုင်ပါဘူး။"

သူက ဆက်ပြောလိုက်သည်။ "ဒီအထဲမှာ အဖိုးတန်ဆုံးနဲ့ ဈေးကွက်မှာ ဝယ်လို့မရနိုင်တဲ့ ရတနာကတော့ ကတ်ပြားထဲမှာတောင် မရေးထားပါဘူး။ မြို့ဝန်လျိုက သခင်လေးကို အံ့သြသွားအောင် လုပ်ချင်နေတာပါ။"

ဝေ့ရှန်းသည် ပြောရင်းဆိုရင်း အတွင်းမှ ကြီးမားလှသော အပြာရောင် ကျောက်မျက်ရတနာ တစ်ခုကို ထုတ်ယူလိုက်၏။

သူက လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။ "ဒီပစ္စည်းရဲ့ နာမည်က သမုဒ္ဒရာနှလုံးသားတဲ့။ အရမ်းကို အဖိုးတန်ပြီး အိမ်ရှေ့စံရဲ့ အဖိုးတန် ရတနာလို့တောင် ကောလာဟလတွေ ထွက်နေတာ... အိုး။ ကျုပ်က ကိုယ့်ဘာသာ ကြွားလုံးထုတ်နေမိတာပဲ။ သခင်လေးက အိမ်ရှေ့စံရဲ့ ဘေးနားမှာ ရှိနေတာဆိုတော့ ဒီရတနာရဲ့ တန်ဖိုးကို သေချာပေါက် သိမှာပါ။"

ဝေ့ရှန်းက ဆက်ပြောလိုက်၏။ "ဒီတစ်ခုတည်းနဲ့တင် ငွေထောင်ချီ တန်ပါတယ်။ မြို့ဝန်လျိုက ဒါကို အဖိုးတန် ရတနာတစ်ခုလို အမြဲတမ်း သဘောထားခဲ့တာပါ။ သခင်လေးကို ပေးနိုင်တယ်ဆိုတာ သခင်လေးအပေါ်ကို တကယ် စေတနာထားလို့ပါ။"

"..."

လူလိမ်က သူ့အပေါ် လာလိမ်နေကြောင်း မြင်လိုက်ရသဖြင့် ဖန်ကျန်းရီမှာ စကားပင် မပြောချင်တော့ပေ။

ဤအပြာရောင် ဖန်ပြားကို ယခင်က ပန်းရှန်းရပ်ကွက် စျေးပြိုင်လေလံပွဲတွင် လေလံတင်ရောင်းချခဲ့ရာ ငွေထောင်ချီ ရရှိခဲ့သည်မှာ မှန်ကန်သော်လည်း သူသည် တိတ်တဆိတ် နောက်ထပ် ငါးလုံး၊ ခြောက်လုံးခန့် ရောင်းချခဲ့သေးသည်။ ကျန်းကျန်မြို့ဆီသို့ ရောက်ရှိလာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ဖန်ကျန်းရီသည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး အပြုံးတစ်ခုကို ဖော်ပြလိုက်၏။ "မဆိုးဘူး…. ဒီပစ္စည်းက တကယ်ပဲ အိမ်ရှေ့စံရဲ့ အဖိုးတန် ရတနာပဲ။ တန်ဖိုးကတော့ မှန်းဆလို့တောင် မရနိုင်ဘူး။"

သူက ဆက်ပြောလိုက်သည်။ "ဒါပေမဲ့ ကျုပ်ဆီမှာ ထားဖို့တော့ မသင့်တော်ဘူး။ ပြီးတော့ ဒါက မြို့ဝန်လျိုရဲ့ အနှစ်သက်ဆုံး ပစ္စည်းဆိုတော့ ပြန်ယူသွားလိုက်တာပဲ ကောင်းပါတယ်။ ကျုပ်အတွက် ရွှေ၊ ငွေတွေနဲ့ပဲ လဲပေးလိုက်ပါ။"

ဖန်ကျန်းရီက ဆက်ပြောလိုက်၏။ "ကျန်တဲ့ လက်ဝတ်ရတနာတွေ ဘာညာကိုတော့ မပို့ပါနဲ့တော့။ ကျုပ်က သာမန် အဝါရောင်၊ အဖြူရောင် ပစ္စည်းတွေကိုပဲ သဘောကျတာပါ။"

ဝေ့ရှန်းသည် ခေါင်းငုံ့ကာ နှုတ်ခမ်းမဲ့လိုက်သည်။ ပြီးနောက် ခေါင်းမော့ကာ ပြုံး၍ ပြောလိုက်သည်။ "ကောင်းပါပြီ … ကျုပ် အခုပဲ ပြန်သွားပြီး မြို့ဝန်လျိုကို ပြောပြလိုက်ပါ့မယ်။"

"အင်း… သွားတော့။ သွားတော့။"

ဝေ့ရှန်း အိမ်ထဲမှ ထွက်ခွာသွားသည်ကို မြင်လိုက်ရချိန်တွင် ဖန်ကျန်းရီသည် အစေခံမလေး နှစ်ဦးကို ခေါ်လိုက်၏။

ဟုန်ယောင်နှင့် လွီလျိုတို့သည် ဧည့်ခန်းမထဲသို့ ပြေးဝင်လာကြပြီး လက်ဝတ်ရတနာများကို တိတ်တဆိတ် တစ်ချက်ကြည့်လိုက်ပြီးနောက် ဖန်ကျန်းရီအား ချွဲနွဲ့ကာ မေးလိုက်ကြသည်။ "သခင်လေး … ဘာများ ခိုင်းစရာ ရှိလို့ပါလဲ။"

"လာ .. ဒီသေတ္တာကြီးကို ကျုပ်ရဲ့ အိပ်ခန်းထဲကို သယ်သွားပေးကြ။"

"အာ... ဒါက..."

မိန်းကလေးနှစ်ဦးသည် အချင်းချင်း ကြည့်လိုက်ကြပြီး ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလိုက်ကြ၏။ "ကျွန်မတို့ မသယ်နိုင်ဘူး... ကျိုးတာဟိုင်ကိုပဲ ခေါ်လိုက်ပါလား။"

"ဘာ။"

ဖန်ကျန်းရီက အသံကို မြှင့်လိုက်သည်။ "တာဟိုင်က ဒီလို ကြမ်းတမ်းတဲ့ အလုပ်တွေကို လုပ်နိုင်ပါ့မလား။ မင်းတို့ ကောင်မစုတ်လေး နှစ်ယောက် အရိုက်ခံချင်နေတာလား။ မြန်မြန် သယ်စမ်း။ စကားများမနေနဲ့။"

စကားအဆုံးတွင် သူသည် အိပ်ခန်းထဲသို့ သူ့ဘာသာသူ ပြန်ဝင်သွားခဲ့၏။

အိပ်ခန်းထဲတွင်တော့ ကျိုးတာဟိုင်မှာ ထူးဆန်းသော ပုံစံဖြင့် တုပ်နှောင်ခံထားရပြီး ကုတင်ပေါ်သို့ တင်ခံထားရသည်။

ဤကောင်လေးမှာ အရပ်ရှည်ပြီး ကိုယ်လုံးကိုယ်ပေါက် ကြီးမားသောကြောင့် ဖန်ကျန်းရီအနေဖြင့် သူ ဒေါသထွက်ကာ ပြန်လည် တိုက်ခိုက်လာမည်ကို စိုးရိမ်မိ၏။ မယှဉ်နိုင်ပါက မိမိမှာ ဒုက္ခရောက်သွား ပေလိမ့်မည်။

ထို့ကြောင့် နေ့စဉ်နေ့တိုင်း ကြိုးဖြင့် တုပ်နှောင်ထားပြီး တစ်ခါတစ်ရံမှသာ ခဏမျှ ဖြေပေးသည်။ ညဘက်တွင်တော့ ထင်းရုံထဲသို့ ပစ်ထည့်ထားလေ့ရှိသည်။

ကျိုးတာဟိုင်မှာလည်း စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ နှစ်ရပ်လုံးတွင် အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခဲ့ပြီ ဖြစ်၏။

တစ်ခါတစ်ရံတွင် သူ တွေးမိသည်။ ဖင်ပဲ ပေးလိုက်ရမည်လား။

ဤဒုက္ခတွေကို တကယ် မခံစားနိုင်တော့ပေ။ သို့သော်ငြား အမှန်တကယ် လက်တွေ့ကြုံလာရမည်ကို တွေးမိတိုင်း သူ၏ စိတ်ထဲတွင် ကြောက်လန့်နေမိသည်။

ဤရောဂါသည်ကောင် နောက်ထပ် ဘယ်လို ပုံစံမျိုးတွေ လုပ်ဦးမလဲဆိုတာ မသိနိုင်ပေ။

ကျိုးတာဟိုင်သည် ဖန်ကျန်းရီ အခန်းထဲသို့ ဝင်လာသည်ကို မြင်လိုက်ရချိန်တွင် အဆက်မပြတ် ပြောလိုက်သည်။ "သခင်လေး …. ကျေးဇူးပြုပြီး ကျုပ်ကို လွှတ်ပေးပါ။ ကျုပ် တကယ်ကို မခံနိုင်တော့ပါဘူး။"

ဖန်ကျန်းရီသည် လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်ပြီး တစ်ငုံသောက်ကာ မျက်စောင်းထိုး၍ ကြည့်လိုက်၏။

သူက ပြောလိုက်သည်။ "ရှောင်ဟိုင် …. သခင်လေး ကျုပ်က ကစားလို့ မဝသေးဘူးလေ။ ဘာလဲ။ ခင်ဗျား စဉ်းစားလို့ ပြီးသွားပြီလား။"

ကျိုးတာဟိုင်က ဗလုံးဗထွေးဖြင့် ပြောလိုက်၏။ "ကျုပ်... ကျုပ် အိမ်သာသွားချင်လို့ပါ။ မရတော့ဘူး။ ကျုပ် မအောင့်နိုင်တော့ဘူး။ သခင်လေးရဲ့ ကုတင် ညစ်ပတ်သွားမှာ စိုးလို့ပါ။ ကျေးဇူးပြုပြီး ကျုပ်ကို မြန်မြန် လွှတ်ပေးပါ။"

"အိမ်သာသွားချင်တာလား။ ကုတင်ပေါ်မှာပဲ သွားလိုက်လေ။"

ကျိုးတာဟိုင်မှာ မျှော်လင့်ချက်မဲ့စွာဖြင့် မျက်ရည်များ ကျဆင်းလာခဲ့၏။ အရမ်းကို ညစ်ပတ်လွန်းလှသည်။ ချီးနှင့်ကစားဖို့ပင် ရည်ရွယ်ထားလေသည်လား။

"ဒီကုတင်ကို သခင်လေး ကျုပ် မယူတော့ဘူး။"

ဖန်ကျန်းရီသည် တိတ်ဆိတ်စွာ ထိုင်နေပြီး ဟုန်ယောင်နှင့် လွီလျိုတို့ သေတ္တာကို သယ်ဆောင်လာမည့် အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် နှစ်ဦးအနေဖြင့် ဤမျှ လေးလံသော သေတ္တာကြီးကို သယ်ဆောင်ရန် မလွယ်လှပေ။

နာရီဝက်ခန့် စောင့်ဆိုင်းပြီးနောက်မှသာ ဖန်ကျန်းရီသည် လေးလံသော အရာဝတ္ထုတစ်ခု မြေပြင်နှင့် ပွတ်တိုက်သွားသော အသံကို ကြားလိုက်ရ၏။

ဟုန်ယောင်နှင့် လွီလျိုတို့၏ ပါးစပ်မှ အော်ဟစ်နေကြသည်။ "တစ်.. နှစ် ..သုံး … အား …..။"

"ကျီ" ဆိုသော အသံနှင့်အတူ သေတ္တာမှာ ရှေ့သို့ တစ်စက္ကန့်ခန့် ရွေ့လျားသွားခဲ့၏။

ထို့နောက် နောက်ထပ် တစ်၊ နှစ်၊ သုံး ဆိုသောအသံကို ထပ်မံ ကြားလိုက်ရသဖြင့် ဖန်ကျန်းရီသည် ရယ်ချင်စိတ် ဖြစ်ပေါ်လာကာ အခန်းအပြင်သို့ ထွက်လာခဲ့သည်။

ချွေးသီးချွေးပေါက်များ ကျနေသော အစေခံမလေး နှစ်ဦးကို ကြည့်ကာ သူက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။ "မင်းတို့ ဘာလို့ ဒီလောက် အသုံးမကျရတာလဲ။ သေတ္တာတစ်လုံး သယ်တာကို ဒီလောက် အချိန်အကြာကြီး ယူနေရလား။"

သူက ဆက်ပြောလိုက်သည်။ "ဘယ်သူက မင်းတို့ကို တွန်းခိုင်းနေလို့လဲ။ မ,လိုက်စမ်း။ ဒီလောက် ကောင်းတဲ့ သေတ္တာကြီး ပွန်းပဲ့ကုန်တော့မှာပဲ။"

ဟုန်ယောင်နှင့် လွီလျိုတို့သည် အံကြိတ်ကာ ခေါင်းငုံ့ထားပြီး ဖန်ကျန်းရီအား တိတ်တဆိတ် ဆဲရေးလိုက်ကြ၏။

ထို့နောက် ခေါင်းမော့ကာ မောကြီးပန်းကြီးဖြင့် ပြောလိုက်ကြသည်။ "ဟုတ်ကဲ့။ ကျွန်မတို့ အခုပဲ မပါ့မယ်။"

မိန်းကလေးနှစ်ဦးသည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး သေတ္တာကို မရန် ခါးညွှတ်လိုက်ကြရာ ဖန်ကျန်းရီသည် အခန်းထဲသို့ ပြန်ဝင်ကာ လက်ဖက်ရည် ဆက်သောက်နေခဲ့သည်။

သေတ္တာမှာ တံခါးဝသို့ ရောက်ရှိလာခဲ့ပြီး တံခါးခုံနှင့် တိုက်မိသွားသဖြင့် မိန်းကလေးနှစ်ဦးမှာ ကြက်သေ, သေသွားကြ၏။

မိန်းကလေးနှစ်ဦးမှာ သွေးအန်မတတ် ပင်ပန်းနေကြပြီး အတော်ကြာအောင် လုံးပန်းပြီးနောက်မှသာ သေတ္တာကို အခန်းထဲသို့ သယ်ဆောင်လာနိုင်ခဲ့ကြသည်။

သူတို့နှစ်ဦးသည် အသက်မပါသော မျက်လုံးများဖြင့် ဖန်ကျန်းရီအား ကြည့်ကာ ပြောလိုက်ကြ၏။ "သခင်လေး .. သယ်လို့ ပြီးပါပြီ။"

"အင်း … ကောင်းတယ်။" ပြောပြောဆိုဆိုဖြင့် ဖန်ကျန်းရီသည် ကုတင်အနီးသို့ လျှောက်သွားကာ အားကုန် တွန်းလိုက်ပြီး ကျိုးတာဟိုင်ကို ကုတင်ပေါ်မှ ပစ်ချလိုက်သည်။

ယခုအချိန်တွင် သူ၏ လက်နှင့် ခြေထောက်များမှာ အတူတကွ တုပ်နှောင်ခံထားရပြီး ကွေးကွေးလေး ဖြစ်နေ၏။ ဖန်ကျန်းရီက ဤသို့ အားကုန် တွန်းချလိုက်သောကြောင့် မြေပြင်ပေါ်သို့ ကျဆင်းသွားကာ နံရံထောင့်သို့ လိမ့်သွားခဲ့၏။

ဖန်ကျန်းရီသည် ကုတင်ပေါ်တွင် မှောက်လျက် အနေအထားဖြင့် ပြောလိုက်သည်။ "မင်းတို့ကို ထိုင်စောင့်နေတာ အတော် ကြာနေပြီ။ လာ … အပေါ်တက်ခဲ့။ သခင်လေး ကျုပ်ကို ကျောကုန်း လာနင်းပေးပြီး ပခုံး လာနှိပ်ပေးစမ်း။"

"...ဟုတ်ကဲ့။"

ယခုအချိန်တွင် ဟုန်ယောင်နှင့် လွီလျိုတို့၏ စိတ်ထဲတွင် ဝမ်းနည်းပူဆွေးမှုများကိုသာ ခံစားနေရပြီး တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသော်ငြား ဖန်ကျန်းရီ၏ ခိုင်းစေမှုကို လိုက်လုပ်ရုံမှလွဲ၍ တခြား မတတ်နိုင်တော့ပေ။

နံရံထောင့်တွင် ရှိနေသော ကျိုးတာဟိုင်မှာတော့ ပို၍ပင် ဆိုးရွားနေခဲ့၏။ စောစောက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် အရှိန်ကြောင့် ဆီးအိမ်ကို ပြင်းထန်စွာ ထိခိုက်မိသွားပြီး ဆည်ကျိုးပေါက်သွား သကဲ့သို့ ဖြစ်သွားကာ အောက်ပိုင်းတစ်ခုလုံး စိုရွှဲသွားခဲ့သည်။

သူ၏ မျက်နှာမှာ နံရံထောင့်ကို မျက်နှာမူထားပြီး တစ်ကိုယ်လုံး လုံးဝ မလှုပ်ရှားနိုင်တော့ပေ...။

အပိုင်း (၂၁၄) ပုံစံသစ် ပြည့်တန်ဆာရုံ။

နင်းနယ်လိုက်၊ နှိပ်နယ်လိုက်ဖြင့် နာရီဝက်ခန့်ကြာပြီးဟုန်ယောင် ကုတင်ပေါ်သို့ လဲကျသွားမှသာ ပြီးဆုံးသွားခဲ့၏။

ထို့အပြင် ဤအခန်းထဲတွင်လည်း အနံ့အသက်များ ပို၍ ဆိုးရွားလာခဲ့သည်။

ဖန်ကျန်းရီသည် အဝတ်အစားများကို သေသေချာချာ ဝတ်ဆင်လိုက်ပြီး အကြောအခြင်များကို လျှော့ချကာ ပြောလိုက်၏။ "ကဲ ရပြီ။ မင်းတို့နှစ်ယောက် အခန်းထဲ ပြန်ပြီး အနားယူကြတော့။"

မိန်းကလေးနှစ်ဦးမှာ အချုပ်အနှောင်မှ လွတ်မြောက်သွားသကဲ့သို့ ချက်ချင်း ယိုင်နဲ့နဲ့ဖြင့် မတ်တပ်ရပ်ကာ အခန်းထဲမှ ဖြည်းညင်းစွာ ထွက်သွားကြတော့သည်။

ဖန်ကျန်းရီသည် နံရံထောင့်တွင် ကွေးကွေးလေး ဖြစ်နေသော ကျိုးတာဟိုင်ကို ရွံရှာသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီး မတတ်သာဘဲ ခေါင်းခါလိုက်၏။

ဒီအခန်းက လူနေလို့ မရတော့ဘူး။ မနက်ဖြန်ကျရင် အခန်း ပြောင်းရမယ်။

ထို့နောက် သူသည် လက်နောက်ပစ်ကာ တစ်ယောက်တည်း အေးအေးလူလူဖြင့် အိမ်တော်အပြင်သို့ ထွက်လာခဲ့သည်။

အိမ်တော်အပြင်သို့ ရောက်ရှိချိန်တွင် ဖန်ကျန်းရီသည် ကောင်းကင်ဆီသို့ လက်ဟန်ပြလိုက်ရာ ပိုင်ရွေ့သည် မည်သည့်နေရာမှန်း မသိသော နေရာမှ ခုန်ထွက်လာခဲ့၏။

"သခင်လေး …. ဘာကိစ္စများ ရှိလို့ပါလဲ။"

"သွား … တခြားလူတွေကိုပါ ခေါ်လိုက်။ လှေပေါ်မှာ အစည်းအဝေး လုပ်ရအောင်။"

စကားအဆုံးတွင် သူသည် မြင်းကို တစ်ယောက်တည်း စီးနင်းကာ ချန်ဟူရေကန်ရှိ လှေဆီသို့ ထွက်ခွာလာခဲ့သည်။

လှေမှာ သာမန်အားဖြင့် ကမ်းစပ်တွင် အမြဲတမ်း ဆိုက်ကပ်ထားလေ့ရှိပြီး ဆွေးနွေးစရာ ကိစ္စများ ရှိမှသာ ရေကန် အလယ်သို့ မောင်းနှင်သွားလေ့ရှိ၏။

လှေထဲသို့ ဝင်ရောက်သွားချိန်တွင် လူအများအပြား ရှိနေကြပြီး ဖန်ကျန်းရီကို မြင်သည်နှင့် ချက်ချင်း နှုတ်ဆက်ကြသည်။

ရှဲ့ရှန်းက ရှေ့သို့ တိုးလာကာ မေးလိုက်၏။ "သခင်လေး … ဘာလို့ ရောက်လာတာလဲ။"

"အင်း … မှာစရာ ကိစ္စရှိလို့။ လှေပေါ်က လူတွေအကုန်လုံးကို လာခဲ့ခိုင်းလိုက်။ နောက်ကျတဲ့သူတွေ ကိုတော့ မစောင့်တော့ဘူး။ အစည်းအဝေးပြီးမှ ခင်ဗျား သူတို့ကို ပြန်ပြောပြလိုက်တော့။"

ရှဲ့ရှန်းက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

မကြာမီမှာပင် လှေပေါ်ရှိ လူများ အားလုံး စုရုံးရောက်ရှိလာကြ၏။

လူတစ်ဝက်ကျော်ခန့်သာ ရှိသော်လည်း ဖန်ကျန်းရီသည် လူစုံပြီဟု ယူဆကာ မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ "ဒီနေ့ ဒီကို လာတာက ခင်ဗျားတို့ အားလုံးကို အသိပေးချင်လို့ပဲ။"

သူက ဆက်ပြောလိုက်၏။ "ကျန်းကျန်မြို့ထဲက အခြေအနေတွေကို ကျုပ် အကြမ်းဖျင်း စုံစမ်းပြီးသွားပြီ။ အချိန်ကျရောက်လာရင် အစိုးရရုံးတော်ကိုသွားပြီး လူဖမ်းဖို့ ခင်ဗျားတို့ကို လာ အကြောင်းကြား ခိုင်းလိုက်မယ်။"

သူက ဆက်ပြောလိုက်သည်။ "ဆီဖန်း၊ ထုံတ၊ ကွမ်လိုင် ဆိုတဲ့ ဆန်ဆိုင် သုံးဆိုင်က မြို့ထဲမှာ ဘယ်မိသားစုပိုင်တယ်ဆိုတာကို ခင်ဗျားတို့ သိကြလား။"

ရှဲ့ရှန်းသည် မှတ်စုစာအုပ်ငယ်ကို လှန်လှောကြည့်လိုက်ပြီး ပြောလိုက်၏။ "ဒီဆန်ဆိုင် သုံးဆိုင်က ဒေသခံ သူဌေးကြီးတွေဖြစ်တဲ့ စွန်းမိသားစုနဲ့ ဝမ်မိသားစုပိုင်တဲ့ လုပ်ငန်းတွေပါ။"

သူက ဆက်ပြောလိုက်သည်။ "သခင်လေး … မြေအောက်လှိုဏ်ခေါင်းက သူတို့ရဲ့ စပါးကျီအနီးကို ရောက်နေပါပြီ။ အခုချက်ချင်း စားနပ်ရိက္ခာတွေကို သယ်ထုတ်ဖို့ လိုအပ်လား။"

ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်၏။ "သယ်ထုတ်ရမှာပေါ့။ စလုပ်ကြတော့။ အကုန်လုံးက ပြည်သူတွေရဲ့ သွေးချွေးတွေချည်းပဲ။ အားနာနေစရာ မလိုဘူး။"

သူက ဆက်ပြောလိုက်သည်။ "အကယ်၍ ဒီလူစုက ပါးနပ်ပြီး စားနပ်ရိက္ခာတွေကို ရွှေ့ပြောင်းသွားရင် အလဟဿ ဆုံးရှုံးသွားမှာပေါ့။

ဒါပေမဲ့ ခင်ဗျားတို့ရဲ့ လှုပ်ရှားမှုတွေကို တတ်နိုင်သမျှ သေးငယ်အောင် လုပ်ကြ။ ကိစ္စတွေ အားလုံး ပြီးပြတ်သွားတဲ့ အချိန်ကျရင် သူတို့ရဲ့ အိမ်ကို တိုက်ရိုက် ဝင်စီးကြတာပေါ့။"

ရှဲ့ရှန်းသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် တွေဝေစွာဖြင့် ပြောလိုက်သည်။ "သခင်လေး … အကယ်၍ ကျုပ်တို့က အစိုးရရုံးတော်ကို သွားပြီး လူဖမ်းမယ်ဆိုရင် မြို့တော်စောင့်တပ်က..."

ဖန်ကျန်းရီသည် ခဏမျှ တိတ်ဆိတ်သွားခဲ့၏။ "မှန်တယ်။ မြို့တော်စောင့်တပ်က ပြဿနာပဲ။ ကျုပ်တို့ ရုတ်တရက် ဝင်သွားရင် သူပုန်တွေလို့ ထင်ပြီး အတိုက်ခိုက်ခံရနိုင်တယ်။"

သူက ဆက်ပြောလိုက်သည်။ "ဒါကြောင့် ဒီဘက်က တပ်မှူးနဲ့ မြို့ဝန်တို့ကြားက ဆက်ဆံရေး ဘယ်လိုရှိလဲဆိုတာကို ကျုပ် အသေအချာ အတည်ပြုပြီးမှသာ လှုပ်ရှားလို့ရမယ်။ခင်ဗျားတို့ ကြိုတင် ပြင်ဆင်ထားကြ။"

သူက ဆက်ပြောလိုက်၏။ "ဒီရက်ပိုင်းအတွင်း ခင်ဗျားတို့ဘက်မှာ ဘာအခြေအနေတွေ ထူးခြားသေးလဲ။"

ရှဲ့ရှန်းသည် စာအုပ်ကို ထပ်မံ လှန်လှောကြည့်လိုက်ပြန်၏။ "ရှိပါတယ်။ ရှန်ကျောက်ရွှမ်ဘက်မှာတော့ အမှားအယွင်း နည်းနည်း ဖြစ်သွားတယ်။ အခု မြို့လုံးကျွတ်မှာ ဂိုဏ်းနှစ်ခုပဲ ကျန်တော့တယ်။ ကျုပ်တို့ ဂိုဏ်းအပြင် သံအင်္ကျီဂိုဏ်း ဆိုတဲ့ ဂိုဏ်းတစ်ခုပဲ ရှိတော့တယ်။"

သူက ဆက်ပြောလိုက်သည်။ "ဂိုဏ်းချုပ်နာမည်က ချန်တာ့ရှန်းတဲ့။ သူတို့ဆီမှာ လူအင်အား အတော်များတယ်။ ရှန်ကျောက်ရွှမ် ပြောတာတော့ လူရှစ်ထောင်လောက် ရှိမယ်တဲ့။ ဂိုဏ်းထဲကိုလည်း လူတွေ အဆက်မပြတ် စုဆောင်းနေတုန်းပဲ။"

သူက ဆက်ပြောလိုက်၏။ "ဒီရက်ပိုင်းအတွင်း ပဋိပက္ခတွေ ပြင်းထန်နေတယ်။ ရှန်ကျောက်ရွှမ် ဘက်ကလည်း ရုတ်တရက်ကြီး ဖျက်သိမ်းလိုက်ဖို့ မရဲဘူးဖြစ်နေတယ်။ သခင်လေး ဆုံးဖြတ်ပေးဖို့ကို စောင့်နေကြတာ။"

ဖန်ကျန်းရီသည် နှုတ်ခမ်းမဲ့လိုက်သည်။ "သံအင်္ကျီဂိုဏ်း ဟုတ်လား။ ဘာနာမည်စုတ်ကြီးလဲ။ ကျန်းပြောင်ကိုလွှတ်ပြီး အဲဒီ ချန်တာ့ရှန်းဆိုတဲ့ ကောင်ကို သွားရိုက်သတ်ခိုင်းလိုက်ရင် ရပြီ မဟုတ်ဘူးလား။"

ရှဲ့ရှန်းက ရယ်ကျဲကျဲဖြင့် ပြောလိုက်၏။ "သခင်လေး … ရှောင်ထောင်နဲ့ သခင်လေး ဒီမှာ မရှိရင် တခြားလူတွေ သူ့ကို ခိုင်းလို့မရဘူးလေ... "

ဖန်ကျန်းရီက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ "ဒါဆိုရင် ကျိုးထျဲ့ကို လွှတ်လိုက်ရင်ကော မရဘူးလား။ လမ်းဘေး လူလိမ်တစ်ယောက်ကို ရှင်းရတာ ဒီလောက်တောင် ခက်နေသလား။"

"ကျိုးထျဲ့က ပြီးခဲ့တဲ့ တစ်ခေါက်က ကျန်းပြောင် ရိုက်လိုက်တာ ခုထိ ကုတင်ပေါ်က မဆင်းနိုင်သေးဘူး။"

"....."

ဖန်ကျန်းရီက ဘာမှမပြောသည်ကို မြင်လိုက်ရသဖြင့် ရှဲ့ရှန်းက ဆက်ပြောလိုက်၏။ "သခင်လေး … အဲဒီ ချန်တာ့ရှန်းက သာမန် လမ်းဘေး လူလိမ် မဟုတ်ဘူး။ နှစ်ဖက် ပဋိပက္ခ အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးတယ်။ ချန်တာ့ရှန်းရဲ့ သိုင်းပညာက အတော်လေး ကျွမ်းကျင်တယ်။ ဓားခုတ် လှံထိုး မတိုးဘူး။ တစ်ယောက်တည်း နဲ့ လူဆယ်ယောက်ကို ယှဉ်နိုင်တယ်။"

သူက ဆက်ပြောလိုက်သည်။ "ပြီးတော့... ကိစ္စရပ်တွေက ထူးဆန်းနေတယ်လို့ ကျုပ် ထင်တယ်။ နှစ်ဖက်စလုံးက အမြဲတမ်း အေးအေးချမ်းချမ်း ရှိနေခဲ့တာ။ ဒီရက်ပိုင်းမှ ပဋိပက္ခတွေ ပိုများလာတာ။"

သူက ဆက်ပြောလိုက်၏။ "ရှန်ကျောက်ရွှမ်ဘက်က လူတွေကို အစိုးရရုံးတော်က စားနပ်ရိက္ခာတွေ ထောက်ပံ့ပြီး မွေးမြူထားတာ။ ချန်တာ့ရှန်းဘက်က လူတွေကိုတော့..."

ဖန်ကျန်းရီသည် ချက်ချင်း သတိထားမိသွားပြီး ခဏမျှ စဉ်းစားလိုက်သည်။ "ကောင်းပြီ။ ဒီကိစ္စကို ကျုပ် သိပြီ။ ရှန်ကျောက်ရွှမ်ကို အဆောတလျင် မလှုပ်ရှားဖို့ ပြောထားလိုက်။ တစ်ဖက်က ရန်စလာရင်တောင် တတ်နိုင်သမျှ ရှောင်ရှားဖို့ ပြောလိုက်။"

သူက မေးလိုက်၏။ "အစီရင်ခံစရာ … တခြား အခြေအနေတွေ ရှိသေးလား။"

လောင်ချီသည် တိတ်ဆိတ်စွာ ရှေ့သို့ လျှောက်လာခဲ့ပြီး သူ၏ လက်ထဲတွင် သေတ္တာငယ် တစ်လုံးကို ကိုင်ဆောင်ထားကာ ဖန်ကျန်းရီ၏ ရှေ့တွင် ချထားလိုက်သည်။

"သခင်လေး .. သခင်လေး လိုချင်တဲ့ပစ္စည်း လုပ်ပြီးသွားပါပြီ။ ငွေပြားကိုလည်း အထဲမှာ ထည့်ပေးထားပါတယ်။"

သူက ဆက်ပြောလိုက်၏။ "ဒါပေမဲ့... အာနိသင်က သိပ်မကောင်းဘူး။ သုံးဖို့လောက်တော့ သေချာပေါက် လုံလောက်ပါတယ်။"

ဖန်ကျန်းရီသည် သေတ္တာကိုယူ၍ ဖွင့်ကြည့်လိုက်ရာ အတွင်းတွင် အသံဖမ်းစက် အသေးစားလေး တစ်ခုကို တွေ့လိုက်ရသည်။

အရွယ်အစားမှာ ခရိုင်ရုံးတော်တွင် ရှိသော အသံဖမ်းစက်ထက် တစ်ဝက်ကျော်ခန့် သေးငယ်ပြီး လက်ထဲတွင် ကိုင်ထားပါက စာအုပ်တစ်အုပ် အရွယ်အစားခန့်သာ ရှိ၏။

ဖန်ကျန်းရီသည် သေတ္တာကို ပိတ်လိုက်ပြီး ပြုံးကာ မေးလိုက်သည်။ "မဆိုးဘူး။ အိမ်ဆောက်တာကော ဘယ်လိုနေပြီလဲ။"

"ဆောက်ပြီးသွားပြီ။ အခု အလှဆင်နေပါတယ်။"

ဖန်ကျန်းရီသည် လောင်ချီအား အံ့သြစွာဖြင့် ကြည့်လိုက်၏။

သူ စတင်ရောက်ရှိလာချိန်က လောင်ချီအား မြို့ထဲရှိ သူဌေးများကို ဆွဲဆောင်ရန် ဇိမ်ခံ ပြည့်တန်ဆာရုံ တစ်ခုကို တစ်လအတွင်း အပြီးဆောက်လုပ်ရန် ခိုင်းစေခဲ့ရာ ယခု ရက်ပိုင်းအတွင်းမှာပင် ပြီးစီးသွားပြီလား။

တစ်လဆိုသည်မှာ သူ အနည်းဆုံး ပြောထားခဲ့ခြင်းသာ ဖြစ်သည်။ အလုပ်ပြီးမြောက်မှု မြန်ဆန်စေရန် အတွက်သာ ထိုသို့ပြောခဲ့ခြင်း ဖြစ်ပြီး သာမန်အားဖြင့် သုံးထပ်တိုက် အဆောက်အအုံ တစ်ခုကို ဆောက်လုပ်ရန် လအနည်းငယ် ကြာတတ်သည်မှာ ပုံမှန်ပင် ဖြစ်သည်။

ပြည့်တန်ဆာရုံ တစ်ခုကို ဒီရက်ပိုင်းလေးအတွင်းမှာပဲ ဆောက်ပြီးသွားပြီလား။

ဖန်ကျန်းရီ၏ သံသယဝင်နေသော အကြည့်များကို မြင်လိုက်ရသဖြင့် လောင်ချီက ရိုးသားစွာ ပြုံးလိုက်သည်။

"အသစ် ဆောက်ဖို့က အချိန်မမီတော့ဘူးလေ။ ဒါကြောင့် ပြည့်တန်ဆာရုံ တစ်ခုကို ဝယ်လိုက်တာ။ ဘေးနားက စားသောက်ဆိုင်ကိုပါ တစ်ပါတည်း ဝယ်လိုက်တယ်။"

သူက ဆက်ပြောလိုက်၏။ "အပြင်ဘက်ကို ရိုးရိုးရှင်းရှင်းလေး အလှဆင်လိုက်ရင် ရပြီ။ ကျုပ်တို့ဆီမှာ အလုပ်သမားတွေ အများကြီး ရှိတော့ အလုပ်ပြီးတာ အရမ်း မြန်ပါတယ်။အတွင်းပိုင်းကိုတော့ သခင်လေး ပြောတဲ့ ပုံစံအတိုင်း ပြန်လည် မွမ်းမံပြီး ချိတ်ဆက်နေပါတယ်။"

ဖန်ကျန်းရီ၏ မျက်ခုံးများ သူ၏ ပေါ့ဆမှုကြောင့်ပင်။ ဝယ်ယူရေး ကိစ္စကို မေ့နေခဲ့မိသည်။

ထို့နောက် သူက စကားလမ်းကြောင်း လွှဲလိုက်သည်။ "လောင်ချီ … ခင်ဗျား ရက်ကန်းစင် လုပ်တတ်တယ်လို့ ကျုပ် မှတ်မိတယ်။ အားတဲ့အချိန်ကျရင် ရက်ကန်းစင် နည်းနည်းလောက် လုပ်ပေးပါ။ ပြီးတော့ တပည့် နည်းနည်းလောက်ကိုလည်း သင်ပေးထားလိုက်။"

လောင်ချီမှာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့၏။ "လုပ်ပေးလို့တော့ ရပါတယ်။ ဒါပေမဲ့ ပြင်ပလူတွေကို သင်ပေးတာ ကောင်းပါ့မလား။"

"ဘာမကောင်းစရာ ရှိလို့လဲ။ နောက်ဆုံးပေါ် နည်းပညာကို မလုပ်နဲ့ပေါ့။ ခေတ်ဟောင်း နည်းပညာကို သုံးလိုက်။ နည်းပညာကို ဖြန့်ဝေပေးလိုက်တော့ ပြင်ပလူတွေက ဈေးကွက်ကို ဖန်တီးပေးလိမ့်မယ်။ ကျုပ်တို့က အမြတ်ကို ခွဲဝေယူကြတာပေါ့။"

သူက ဆက်ပြောလိုက်သည်။ "ဒီကြွက်အိုကြီးတွေကို ရှင်းလင်းပြီးသွားရင် လူအများကြီး ခေါ်ပြီး ကျန်းကျန်မြို့မှာ အထည်ချုပ်စက်ရုံတွေ တည်ထောင်မယ်။ ထုတ်ကုန်တွေကို ပြင်ပကို တင်ပို့ ရောင်းချမယ်။"

လောင်ချီသည် ခဏမျှ စဉ်းစားလိုက်ပြီး အဓိပ္ပာယ်ရှိသည်ဟု ယူဆကာ ခေါင်းညိတ်ပြီးနောက် တိတ်ဆိတ်စွာ နောက်ဆုတ်သွားခဲ့၏။

ထို့နောက် ဖန်ကျန်းရီသည် ဝူရှန်းအား ကြည့်ကာ ပြောလိုက်သည်။ "ဆရာဝူ… ပြည့်တန်ဆာရုံ မဆောက်ပြီးသေးခင် မြို့လုံးကျွတ်မှာ အလှလေးတွေ တစ်သုတ်လောက် လိုက်ရှာပေးပါ။ နောက်ပိုင်း စီးပွားရေး လုပ်ငန်းတွေက ခင်ဗျားအပေါ်မှာ မူတည်နေပြီ။"

သူက ဆက်ပြောလိုက်၏။ "ခေါ်လာတဲ့ လူတွေက ကိုယ့်သဘောနဲ့ကိုယ် လာတဲ့သူတွေ ဖြစ်ရမယ်။ တခြား ပြည့်တန်ဆာရုံတွေဆီကနေ သွားဝယ်လို့လည်း ရတယ်။ ပိုက်ဆံ ကုန်မှာကို မကြောက်နဲ့။ ခင်ဗျား သဘောအတိုင်းပဲ ဆုံးဖြတ်လိုက်။"

ဝူရှန်းက ပြုံးကာ ခေါင်းညိတ် သဘောတူလိုက်သည်။

သူ၏ ကျွမ်းကျင်မှု အဆင့်အတန်းကို သခင်ဖြစ်သူက တရားဝင် အသိအမှတ်ပြုပြီး တာဝန်ကြီး ပေးအပ်ခြင်း ခံလိုက်ရပြီ ဖြစ်၏။

ထို့နောက် သူက လှည့်ကာ မေးလိုက်သည်။ "သခင်လေး... ကျုပ်တို့ရဲ့ ပြည့်တန်ဆာရုံ အလှဆင်တဲ့ ပုံစံကို ကျုပ် နားမလည်ဘူး။ နောက်ဆုံးကျရင် တကယ်တော့ ဘယ်လို ပုံစံမျိုး လုပ်ရမှာလဲ။"

ဤအကြောင်းအရာကို ရောက်သွားချိန်တွင် ဖန်ကျန်းရီမှာ စိတ်အားထက်သန်လာခဲ့၏။

အချိန်ခရီးသွားလာခဲ့ပြီးကတည်းက ပြည့်တန်ဆာရုံ ဖွင့်လှစ်ခြင်းသည် သူ၏ အတက်ကြွဆုံး ကိစ္စတစ်ခု ဖြစ်ခဲ့သည်။

လူတိုင်း၏ သိချင်စိတ် ပြင်းပြနေသော အကြည့်များကို မြင်လိုက်ရချိန်တွင် ဖန်ကျန်းရီက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။ "ဒီပြည့်တန်ဆာရုံမှာ အတွင်းဘက်ကို အခန်းကြီး ဆယ်ခန်းလောက် ခွဲထားတယ်။"

သူက ဆက်ပြောလိုက်သည်။ "သခင်လေး ကျုပ်က ဒါကို အပြင်အဆင်အခန်း လို့ နာမည်ပေးထားတယ်။ ဧည့်သည်တစ်ယောက်က အခန်းတစ်ခန်းထဲကို ဝင်သွားတဲ့အခါ အဲဒီမိန်းကလေးက စကတ်တိုတိုလေး ဝတ်ထားပြီး ကြောင်နားရွက်လေး တပ်ထားမယ်။"

ကြောင်နားရွက် ဟုတ်လား။ ဘာပစ္စည်းကြီးလဲ။

လူတိုင်း၏ မျက်လုံးများထဲတွင် မေးခွန်းထုတ်စရာများဖြင့် ပြည့်နှက်နေကြ၏... သို့သော်ငြား ဝူရှန်းသည် ခေါင်းစောင်းကာ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီး လိုက်သည်။ "အိုး။ ဒီလုပ်ရပ်က အရမ်းကို ကောင်းမွန်တာပဲ။ သခင်လေးက တကယ့်ကို ဉာဏ်ကြီးရှင်ပဲ။ ဝူရှန်း ကျုပ်ကတော့ သခင်လေးကို လုံးဝ မမီပါဘူး။"

ဖန်ကျန်းရီသည် ဝူရှန်းအား နားမလည်နိုင်စွာဖြင့် ကြည့်လိုက်၏။ "ကျုပ် ပြောလို့တောင် မပြီးသေးဘူးလေ။ ခင်ဗျား ဘာတွေ တွေးနေတာလဲ။"

ဝူရှန်းသည် မုတ်ဆိတ်မွေးများကို သပ်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ "ဒါက နှင်းလမင်း စံအိမ်က ရေကြီးတဲ့ကိစ္စနဲ့ အတူတူပဲ မဟုတ်လား။ ကြောင်နားရွက်လေး တပ်ထားတာက ဧည့်သည်တွေကို ဆန်းသစ်တဲ့ အတွေ့အကြုံသစ်ကို ပေးနိုင်တယ်။ ကျုပ် အမြင်အရဆိုရင် ကြောင်ခြေထောက် နှစ်ဖက်၊ ကြောင်လက်သည်း လက်အိတ်နဲ့ ကြောင်အမြီးပါ တစ်ပါတည်း တပ်ဆင်ပေးလိုက်ရင် ပိုကောင်းမယ်။"

သူက ဆက်ပြောလိုက်၏။ "ဧည့်သည်တွေကို လက်ဖက်ရည် ကမ်းပေးတဲ့အခါမှာ ဒီလိုမျိုး ဝတ်ဆင်ထားမယ်ဆိုရင် သေချာပေါက် လူတွေကို မျက်စိပွင့်သွားစေမှာပဲ။ နောက်ပြီး ဇာတ်လမ်းလေး နည်းနည်းပါ ထည့်ပေးလိုက်မယ်ဆိုရင် ဒါက နတ်ဆိုးပုံပြင်တွေထဲက ကြောင်သရဲမလေးနဲ့ တူသွားပြီ မဟုတ်လား။"

သူက ဆက်ပြောလိုက်သည်။ "ဒီအပြင်အဆင်ကို ကြောင်အစေခံမလေး လက်ဖက်ရည်ဆိုင်လို့ နာမည်ပေးလိုက်ရင် အတော်လေး ကောင်းမယ်လို့ ထင်တယ်။"

ဖန်ကျန်းရီမှာ ဆွံ့အသွားခဲ့၏။ "…..."

သောက်ကျိုးနည်း ပါရမီရှင်ပါလား။

All Chapters