← Chapters

အခန်း ၄၂၃

Vol. 43 Ch. 423

အခန်း ၄၂၃

Vol. 43 Ch. 423

အခန်း (၄၂၃) - ယွမ်ဂိုဏ်းကို တိုက်ခိုက်ခြင်း(၂)

မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်က ကောင်းကင်သို့ ဟိန်းဟောက်လိုက်ရာ သူ၏ ဆံပင်များပင် ဖရိုဖရဲဖြစ်နေပြီး ယခင်ကဲ့သို့ သူ၏ တည်ငြိမ်မှုများ လုံးဝ မရှိတော့ပေ။

“ငါ့ကို သတ်ချင်ရင်တော့ မင်းလည်း တန်ဖိုးတစ်ခု ပေးဆပ်ရလိမ့်မယ်”

မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်က ပြင်းပြင်းထန်ထန် ခုခံလေသည်။ သူ၏ ဧရာမ ခရမ်းရွှေရောင် မိစ္ဆာ အတောင်ပံများက သူ၏ နောက်ကျောတွင် ဖြန့်ကျက်သွားပြီး သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်ထားသော ကမ္ဘာသစ်ပင်၏ အမြစ်များမှာ သူ၏ မိစ္ဆာ စွမ်းအင်များကြောင့် ပြင်းထန်စွာ တိုက်စားခံရကာ တစ်စစီ ကြေမွသွားလေသည်။ ပြန်လည်ဖြည့်တင်းသည့် အရှိန်မှာ သူ၏ ဖျက်ဆီးမှု အရှိန်ကို အမီမလိုက်နိုင်ပေ။

သူ လွတ်မြောက်တော့မှာလား။

ကောင်းကင်ယံတွင် ကောင်းကင်ပိတ်လှောင် အစီအရင် မြေပုံက ဧရာမ အမည်းရောင် ပိုက်ကွန်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျဆင်းလာ၏။

ဝူယွမ်၏ နောက်တွင် ချင်းကျီ၊ မိုလော့နှင့် လင်းတုန်တို့က အချိန်မရွေး တိုက်ခိုက်ရန် အသင့်ရှိနေကြသည်။

မီးတောက် ဘိုးဘေးအဆောင်၊ မိုးကြိုးဘိုးဘေးအဆောင်နှင့် ဝါးမျိုခြင်းဘိုးဘေးအဆောင်တို့ကို ဆင့်ခေါ်ထားပြီး ဖြစ်သည်။

မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်က အသည်းအသန် တန်ပြန်တိုက်ခိုက်လိုက်သည်။ သူ၏ ရွှေရောင် မိစ္ဆာ အတောင်ပံများက အကျဉ်းထောင် လေဟာနယ် တစ်ခုလုံးကို ပြည့်နှက်သွားပြီးနောက် ရွှေရောင် သွေးတစ်ပွက်ကို ပန်းထုတ်၏။

“ငရဲ တိမ်တိုက် အလွှာဆယ်ထပ်”

မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်က ကောင်းကင်သို့ ဟိန်းဟောက်လိုက်ရာ ရွှေရောင် သွေးများ ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး အလွန်တရာ ရက်စက်သော မိစ္ဆာ စွမ်းအင်တစ်ခုလည်း ပြန့်ကျဲထွက်ပေါ်လာသည်။ အကျဉ်းထောင် လေဟာနယ်မှာ ကြေမွလုနီးပါး ဖြစ်သွားပီး နားကွဲမတတ် ပေါက်ကွဲသံများနှင့်အတူ အမည်းရောင် ငရဲ တံခါး ဆယ်ခုက မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်၏ ရှေ့တွင် တစ်ခုပြီး တစ်ခု ရုတ်တရက် ပေါ်လာသည်။

အစိမ်းရောင် အလင်းတန်းက ၎င်း၏ အရှိန်ကို ထိန်းသိမ်းထားပြီး တည့်မတ်စွာ ထွက်သွားလေသည်။ အစိမ်းရောင် အလင်းတန်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် ရက်စက်သော ငရဲ တံခါးများ တစ်ခုပြီး တစ်ခု ပေါက်ကွဲသွားကြသည်။

ဆူပွက်နေသော မိစ္ဆာ စွမ်းအင်များကြားတွင် ကျောက်စိမ်းအရည်နှင့်တူသော အစိမ်းရောင် အလင်းတန်းက ၎င်းကို ထိုးဖောက်သွားပြီး မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်၏ ထိတ်လန့်နေသော မျက်လုံးများရှေ့တွင် ဖြတ်သန်းလာရာ နောက်ဆုံးတွင် သူ၏ ရင်ဘတ်ကို ထိုးဖောက်သွားလေသည်။

အစိမ်းရောင် အလင်းတန်းက မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်၏ ရင်ဘတ်အတွင်းသို့ ထိုးဖောက်သွားပီးနောက် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သိပ်သည်းသော မိစ္ဆာ စွမ်းအင် အများစုမှာ အစိမ်းရောင် အလင်းတန်းကြောင့် သန့်စင်ခံလိုက်ရ၏။

မကြာမီ အစိမ်းရောင် အလင်းတန်းက မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်၏ ခန္ဓာကိုယ်အတွင်း၌ ပျောက်ကွယ်သွားလေသည်။

မည်သို့ပင်ဆိုစေ ၎င်းသည် စစ်မှန်သော ဘိုးဘေးအဆောင်တစ်ခုက ထုတ်လွှတ်လိုက်သော တိုက်ခိုက်မှုတစ်ခု မဟုတ်ပေ။ ဝူယွမ်၏ ဘိုးဘေးအဆောင်များမှာ စစ်မှန်သော ဘိုးဘေးအဆောင်များ၏ စွမ်းအား တစ်ဝက်ကိုသာ ပိုင်ဆိုင်ထားသည်။ သူသည် ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်းကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့သော်လည်း ၎င်း၏ စွမ်းအားမှာလည်း မူလဘိုးဘေးအဆောင်၏စွမ်းအား တစ်ဝက်သာ ရှိသည်။

၎င်းက မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေရုံသာ ရှိသည်။

ဤတိုက်ခိုက်မှုအပြီးတွင် မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်၏ အရှိန်အဝါမှာ ချောက်ကမ်းပါးတစ်ခုလို ထိုးကျသွားပြီး ဟွမ်ယွမ် ထိန်းချုပ်ထားသော ကမ္ဘာသစ်ပင်၏ အမြစ်များဖြင့် ဖြူကောင်တစ်ကောင်ပမာ ထိုးဖောက်ခံလိုက်ရသည်။

“မင်း ငါ့ကို မယုံသေးဘူးဆိုရင် ငါ မင်းကို နောက်ထပ် တစ်ချက် ထပ်ရိုက်လို့ ရတယ်” ဝူယွမ်က မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်ကို ပြောလိုက်သည်။

“အခု ငါတို့ ကောင်းကောင်း စကားပြောလို့ ရပြီလား”

“သတ်ရမယ်ဆိုရင်လည်း သတ်လိုက်၊ ဒီဘုရင်က မင်းတို့လို အောက်တန်းကျတဲ့ သတ္တဝါတွေနဲ့ စကားပြောဖို့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချမှာ မဟုတ်ဘူး၊ သန့်ရှင်းသော မျိုးနွယ်စုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဒီဘုရင်ရဲ့ ပါးစပ်ကနေ ထုတ်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး”

မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်က ပြတ်သားစွာ ပြောလိုက်သည်။ သူ၏ မျက်လုံးများတွင် ထျန်းရွှမ်တိုက်ကြီးရှိ သက်ရှိများအားလုံးမှာ အောက်တန်းကျပြီး နှိမ့်ကျသော အင်းဆက်ပိုးမွှားများ ဖြစ်ကြသဖြင့် သူက အညံ့ခံရန် ငြင်းဆန်ခဲ့၏။

ဤကမ္ဘာခြားနတ်ဆိုး ဘုရင်သည် သူတို့အပေါ် အလွန်တရာ မာနထောင်လွှားနေသည်။

“သူ့ဆီကနေ အသုံးဝင်တဲ့ သတင်းအချက်အလက်တွေ ရဖို့ ခက်ခဲလိမ့်မယ် ထင်တယ်” မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်၏ အံတုသော အမူအရာကို မြင်သောအခါ ချင်းကျီက သက်ပြင်းချလိုက်သည်။

ဝူယွမ်က ခေါင်းယမ်းကာ ပြောလိုက်သည်။

“ဒါဆိုရင် သူ့ကို ဖြည်းဖြည်းချင်း သေခိုင်းလိုက်တာပေါ့”

“ကမ္ဘာသစ်ပင်ကနေ စွမ်းအင်တွေကို ဖြည်းဖြည်းချင်း စုပ်ယူခံရတာ၊ ဒီလုပ်ငန်းစဉ်ကလည်း ယုံကြည်နိုင်စရာမရှိလောက်အောင် မျှော်လင့်ချက်မဲ့စေတယ်၊ ကိုယ့်ရဲ့ အသက်စွမ်းအင်တွေ ငြိမ်းသတ်သွားတာကို ရှင်းရှင်းလင်းလင်း မြင်နေရပီး

နာကျင်စွာနဲ့ သေဆုံးရလိမ့်မယ်”

“မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်၊ ဒါက ငါတို့ ကမ္ဘာကို ကျူးကျော်ဝင်ရောက်လာတဲ့အတွက် တန်ဖိုးပဲ၊ ကျူးကျော်သူတွေက ဘယ်တော့မှ ကောင်းမွန်တဲ့ အဆုံးသတ်မျိုး မရှိဘူး”

ဝူယွမ်၏ နှုတ်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ကမ္ဘာခြားနတ်ဆိုးများအပေါ် မည်သည့် သနားညှာတာမှုမျှ မရှိပေ။

သူတို့၏ ရည်ရွယ်ချက်မှာ ထျန်းရွှမ်တိုက်ကြီးကို ရယူရန်၊ ဤနယ်ပယ်ရှိ သက်ရှိများကို ဖျက်ဆီးရန်၊ နယ်ပယ်၏ သန္ဓေသားများကို သိမ်းပိုက်ရန်နှင့် သူတို့၏ ကမ္ဘာခြားနတ်ဆိုးများ ရှင်သန်နိုင်ရန် သင့်တော်သော ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲရန် ဖြစ်သည်။

ဝူယွမ်သည် ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်းကို သိမ်းဆည်းလိုက်ပြီး အလင်းအရိပ် ဘိုးဘေးအဆောင် လေးခုကို သူ၏ နီဝမ်နယ်ပယ်အတွင်းသို့ ပြန်လည်ရယူလိုက်သည်။

“ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်းရဲ့ စွမ်းအားက ထပ်ပြီး အားနည်းသွားပြီ၊ ဒီနတ်ဘုရားရတနာက ရှေးဟောင်း ကောင်းကင်နဲ့ မြေကြီး စစ်ပွဲအတွင်းမှာလည်း ပြင်းပြင်းထန်ထန် ပျက်စီးခဲ့တယ်၊ အခု ပြန်သုံးလို့ ရဖို့အတွက် အချိန်အနည်းငယ်လိုအပ်တယ်” ချင်းကျီက အနည်းငယ် မှေးမှိန်နေသော အစိမ်းရောင် ကျောက်စိမ်းပြားကို

တစ်ချက်ကြည့်လိုက်သည်။ “မင်းရဲ့ အလင်းအရိပ် ဘိုးဘေးအဆောင်တွေက စစ်မှန်တဲ့ ဘိုးဘေးအဆောင်တွေလောက် မစွမ်းထက်တာ ကောင်းတယ်၊ အဲဒီလိုမှမဟုတ်ရင် ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်းရဲ့ စွမ်းအင် ယိုယွင်းမှုက ပိုပြီး ဆိုးရွားသွားလိမ့်မယ်”

“သူ့ရဲ့ စွမ်းအားကအနည်းငယ် အားလျော့နေပေမယ့် ကမ္ဘာခြားနတ်ဆိုး ဘုရင်တစ်ကောင်ကို ဒဏ်ရာရစေနိုင်သေးတယ်၊ ပြီးတော့ ဘုရင်သုတ်သင်‌ကောင်းကင်စက်ဝိုင်းကို နောက်ထပ်တစ်ကြိမ် သုံးလို့ရသေးတယ်”

“အဆင်ပြေပါတယ်၊ သူ့ကို အလျှင်အမြန် ပြန်အသုံးပြုနိုင်စေမယ့် နည်းလမ်း ငါ့မှာ ရှိတယ်၊ ပြီးတော့ အနာဂတ်မှာလည်း အဲဒါကို သုံးစရာ အခွင့်အရေးတွေ အများကြီး ရှိဦးမှာပါ” ဝူယွမ်က ပြုံးလိုက်၏။

ကမ္ဘာသစ်ပင် ရှိနေသဖြင့် ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်းသည်လည်း ဘိုးဘေးကျောက်လက်ဖွဲ့နှင့် မဟာရှေးဟောင်း ကျောက်တိုင်ကဲ့သို့ပင် ပြန်လည်သက်သာလာနိုင်သည်။

“တခြား နတ်ဆိုးဗိုလ်ချုပ်တွေကို သွားစစ်ကြည့်ရအောင်၊ သူတို့ဆီကနေ သတင်းအချက်အလက် တချို့ ရကောင်းရနိုင်တယ်”

ဝူယွမ်က လူတိုင်းကို အခြား ကမ္ဘာခြားနတ်ဆိုးများ အကျဉ်းချထားသော အကျဉ်းထောင်များဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ယနေ ထိုကမ္ဘာခြားနတ်ဆိုးများ အားလုံးကို သူ ရိုက်နှက်မည်ဖြစ်ပြီး သူတို့အားလုံးကို မသန်မစွမ်း ဖြစ်အောင် လုပ်ကာ သူတို့၏ ခုခံမှုကို လျှော့ချစေကာ ကမ္ဘာသစ်ပင်၏ စုပ်ယူမှုအတွက် အသုံးချမည်ဖြစ်၏။

သူတို့သည် အကျဉ်းထောင် လေဟာနယ်များကို တစ်ခုပြီး တစ်ခု ဖြတ်သန်းသွားကြသည်။

နတ်ဆိုးဗိုလ်ချုပ် ခြောက်ကောင်စလုံးကို ဝူယွမ်က မသန်မစွမ်း ဖြစ်အောင် လုပ်ခဲ့သော်လည်း မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်ကဲ့သို့ပင် သူတို့ထံမှ မည်သည့် အသုံးဝင်သော သတင်းအချက်အလက်ကိုမျှ မရရှိခဲ့ပေ။

သူ တိယွမ်ဇီကို ရက်စက်စွာ ရိုက်နှက်ပြီးမှသာ လျှို့ဝှက်ချက်အချို့ ထုတ်ဖော်နိုင်ခဲ့၏။ ချင်းကျီက ဝိညာဉ်ရှာဖွေခြင်းမှတစ်ဆင့် တိယွမ်ဇီ၏ မှတ်ဉာဏ်အချို့ကိုလည်း စစ်ဆေးခဲ့သေးသည်။

ယွမ်ဂိုဏ်းသည် အမှန်တကယ်ပင် ကမ္ဘာခြားနတ်ဆိုးများ၏ အမာခံစခန်းများထဲမှ တစ်ခုဖြစ်၏။ သူတို့သည် ကမ္ဘာခြားနတ်ဆိုး စွမ်းအား အများအပြားကို အသုံးပြုပီး အလွန် အစွမ်းထက်သော ကမ္ဘာခြားနတ်ဆိုးဘုရင် သတ္တဝါတစ်ကောင်ကို

ဆင့်ခေါ်နေပုံရသည်။

ချင်းကျီ ရရှိခဲ့သော အချက်အလက်များမှာ များများစားစား မရှိဘဲ သတင်းအစအနများသာ ဖြစ်သော်လည်း ယွမ်ဂိုဏ်း၏ စွမ်းအားမှာ မကြီးမားကြောင်းနှင့် သူတို့ ကိုင်တွယ်ဖြေရှင်းနိုင်သည့် အတိုင်းအတာအတွင်း၌ ရှိနေဆဲဖြစ်ကြောင်း ရှင်းလင်းလှသည်။

“ယွမ်ဂိုဏ်းကို အရင် သွားပြီး ဖျက်ဆီးပစ်ကြရင် ဘယ်လိုလဲ”

မိုလော့က အကြံပြုလိုက်သည်။

“ငါတို့ တိုက်ခိုက်မယ်ဆိုရင် ပြိုင်ဘက်ကို အငိုက်မိအောင် တိုက်ခိုက်သင့်တယ်”

“အမြဲတမ်း ကမ္ဘာခြားနတ်ဆိုးတွေကပဲ ငါတို့ကိုအရင် တိုက်ခိုက်နေပြီး ငါတို့က ခံစစ်အနေအထားနဲ့ပဲ တုံ့ပြန်နေလို့ မဖြစ်ဘူး၊ အခု ယွမ်ဂိုဏ်းက လွှတ်လိုက်တဲ့ တိယွမ်ဇီကို ငါတို့ သုတ်သင်လိုက်ပြီဆိုတော့ ဒီသတင်းက ယွမ်ဂိုဏ်းဆီကို မကြာခင် ရောက်သွားလိမ့်မယ်”

“အကယ်၍ ဒီစစ်ဆင်ရေး ကျရှုံးသွားတယ်ဆိုတာကို သူတို့ သိရင် သူတို့က သေချာပေါက် ကြိုတင် ပြင်ဆင်ထားလိမ့်မယ်၊ ပြီးတော့ တခြား မိစ္ဆာ အကျဉ်းထောင်တွေလို ပြန်ပုန်းသွားနိုင်တယ်”

“အဲဒီလိုဆိုရင် သူတို့ကို ပြန်ရှာတွေ့ဖို့ ငါတို့အတွက် ခက်ခဲသွားလိမ့်မယ်”

မိုလော့၏ အကြံပြုချက်ကို ကြားသောအခါ လူတိုင်း လှုပ်ရှားရန် စိတ်အားထက်သန်နေကြ၏။ မိုလော့သည် ကမ္ဘာခြားနတ်ဆိုးများကို တိုက်ခိုက်ရာတွင် ပြတ်သားပြီး မည်သည့် အခွင့်အရေးကိုမျှ လက်လွှတ်ခံမည် မဟုတ်ပေ။

“ဖြစ်နိုင်ချေ ရှိတယ်လို့ ငါ ထင်တယ်၊ အရင်တုန်းက ငါတို့ရဲ့ စွမ်းအားက မလုံလောက်လို့ အရှေ့ဘက်ရွှမ်ဒေသကနေ ယာယီ ထွက်ပြေးခဲ့ရတယ်၊ အခု စီနီယာ ချင်းကျီနဲ့ မီးနတ်ဘုရားနန်းတော်ရဲ့ စွမ်းအားနဲ့ဆိုရင် ယွမ်ဂိုဏ်းကို အောင်နိုင်ဖို့က မဖြစ်နိုင်တာ မဟုတ်ဘူး”

“ဒီတစ်ခါ ဘုရင် နှစ်ပါးနဲ့ ဗိုလ်ချုပ် ခြောက်ကောင်ကို ရင်ဆိုင်ခဲ့ရတာကို ငါတို့ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တယ်၊ ယွမ်ဂိုဏ်းက ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဒီအင်အားစုထက်တော့ ကျော်လွန်မှာ မဟုတ်ဘူး”

“ထပ်ပြောရရင် သူတို့က တိယွမ်ဇီ တစ်ယောက်ကို ဆုံးရှုံးထားပြီးသားပဲ”

ဝူယွမ်က ချက်ချင်း သဘောတူလိုက်သည်။

သူ ယွမ်ဂိုဏ်း၏ စွမ်းအားကို ယေဘုယျအားဖြင့် သိရှိထားသည်။

ထို့ကြောင့် ယွမ်ဂိုဏ်းသို့ သွားရန် သူ့တွင် ယုံကြည်မှု အချို့ ရှိနေသည်။

“ငါလည်း အဘိုးကြီး အနည်းငယ်ကို ထပ်ခေါ်လို့ ရတယ်၊ ပြီးတော့ မိုလော့ကလည်း ကစဉ်ကလျားမိစ္ဆာပင်လယ်က အစွမ်းထက်ပုဂ္ဂိုလ် အနည်းငယ်ကို ထပ်ပြီး စုဆောင်းလို့ ရတယ်၊ ယွမ်ဂိုဏ်းမှာ ကမ္ဘာခြားနတ်ဆိုး ဘုရင် သုံးကောင် ရှိနေရင်တောင် ငါတို့ ကြောက်‌ဖို့ မလိုဘူး ”

ချင်းကျီ၏ မျက်လုံးများ တောက်ပသွားပြီး သူ၏ တိုက်ခိုက်လိုစိတ်ကလည်း မြင့်မားလာ၏။ “ဒီနှစ်တွေအတွင်းမှာ ဒီကမ္ဘာခြားနတ်ဆိုးတွေကို ငါတို့က အနိုင်မတိုက်နိုင်လို့ မဟုတ်ပဲ သူတို့ကို ရှာမတွေ့နိုင်လို့ပဲ”

“အခု ယွမ်ဂိုဏ်းမှာ ကမ္ဘာခြားနတ်ဆိုး အများအပြား ပုန်းအောင်းနေတယ်ဆိုတာ အတည်ပြုနိုင်ပြီဆိုတော့ သူတို့ကို အရင် ဖျက်ဆီးပစ်ပြီး မိစ္ဆာ အကျဉ်းထောင်ကို စစ်ကြေညာလိုက်ကြစို့”

All Chapters