← Chapters

အခန်း ၄၂၄

Vol. 43 Ch. 424

အခန်း ၄၂၄

Vol. 43 Ch. 424

အခန်း (၄၂၄) - စစ်ပွဲမတိုင်မီ ပြင်ဆင်မှုများ၊ သေမင်းမီးတောက် ဝိညာဉ်ကန်(၁)

ယွမ်ဂိုဏ်းကို တိုက်ခိုက်ရန် လူတိုင်းက ချက်ချင်း သဘောတူခဲ့ကြသည်။

ဤနေရာတွင် ရှိနေသူ အားလုံးသည် မည်သူမှ ယွမ်ဂိုဏ်းအပေါ် ကြည်ဖြူခြင်း မရှိကြပေ။

အထူးသဖြင့် တောင်ဂိုဏ်းမှ လူများဖြစ်ပြီး သူတို့သည် ယွမ်ဂိုဏ်းအပေါ် နက်ရှိုင်းသော အမုန်းတရား ရန်ငြိုးများရှိကြ၏။

မီးနတ်ဘုရားနန်းတော် ကိုယ်တိုင်က ကမ္ဘာခြားနတ်ဆိုးများကို ဆန့်ကျင်သော အဓိက အင်အားစု တစ်ခုဖြစ်သည်။ သူတို့သည် ကမ္ဘာခြားနတ်ဆိုးများ၏ သဲလွန်စများကို တွေ့ရှိသည်နှင့်တပြိုင်နက် မည်သည့် တန်ဖိုးပေးဆပ်ရပါစေ သူတို့ကို သုတ်သင်ရန် အစွမ်းကုန် ကြိုးပမ်းမည်ဖြစ်သည်။

ဤတစ်ကြိမ်တွင် မီးနတ်ဘုရားနန်းတော်က ကမ္ဘာခြားနတ်ဆိုးများကို မြှူဆွယ်ရန် ထောင်ချောက်တစ်ခု ဆင်ထားခဲ့ရာ ယွမ်ဂိုဏ်းမှ ဟွာချန်နှင့် တိယွမ်ဇီတို့ကဲ့သို့ ကမ္ဘာခြားနတ်ဆိုးဘုရင်နှစ်ကောင်ကို ဆွဲဆောင်နိုင်ခဲ့၏။

ထိုအရာက ယွမ်ဂိုဏ်းနှင့် ကမ္ဘာခြားနတ်ဆိုးများ ဆက်စပ်နေကြောင်းကို သက်သေပြရုံသာမက ယွမ်ဂိုဏ်းနှင့် မီးနတ်ဘုရားနန်းတော်နှင့်တိုက်ပွဲကို စတင်လိုက်ခြင်းလည်း ဖြစ်သည်။

မိုလော့က ယွမ်ဂိုဏ်းကို အမြစ်ဖြတ် တိုက်ခိုက်ရမည့် ရန်သူအဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။

“ယွမ်ဂိုဏ်းက အရှေ့ဘက်ရွှမ်ဒေသမှာ လှုပ်ရှားနေတာ နှစ်တွေ အများကြီး ရှိ‌ပြီ၊ ငါတို့ တောင်ဂိုဏ်းကလည်း သူတို့နဲ့ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရတယ်၊ ဒါပေမယ့် အစကနေ အဆုံးထိ ကမ္ဘာခြားနတ်ဆိုးတွေရဲ့ သဲလွန်စတွေကို ငါတို့ တစ်ခါမှ မတွေ့ခဲ့ရဘူး၊ သူတို့က အရမ်းကို နက်နက်ရှိုင်းရှိုင်း ပုန်းအောင်းနေတာပဲ”

“ဒါပေမယ့် ယွမ်ဂိုဏ်းက ကမ္ဘာခြားနတ်ဆိုး‌တွေကို ထုတ်ဖော် မပြဘဲနဲ့တောင် အရှေ့ဘက်ရွှမ်ဒေသရဲ့ ထိပ်တန်း ဂိုဏ်းအဖြစ် ရပ်တည်နေနိုင်တယ်၊ ဒီလောက် ကြီးမားတဲ့ အင်အားစုက ကမ္ဘာခြားနတ်ဆိုးတွေနဲ့ ပူးပေါင်းကြံစည်နေတယ်ဆိုတော့ အမှောင်ထဲမှာ ပုန်းအောင်းနေတဲ့ စွမ်းအားက ပိုပြီး ကြောက်ဖို့ကောင်းနေမယ်ထင်တယ်”

“ကမ္ဘာခြားနတ်ဆိုး စစ်တပ်တစ်ခုကို သူတို့ လျှို့ဝှက်စွာ ပြုစုပျိုးထောင်ထားတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး”

ယင်းရွှမ်ဇီက သူ၏ ခန့်မှန်းချက်များနှင့် စိုးရိမ်ပူပန်မှုများကို ချက်ချင်း ထုတ်ဖော်ပြောလိုက်၏။

သူက ယွမ်ဂိုဏ်း၏ စွမ်းအား မည်မျှ ကြီးမားကြောင်းကို သိရှိထားပြီး ဤနေရာတွင် ယွမ်ဂိုဏ်းအကြောင်း အသိဆုံးသူဟု ဆိုနိုင်၏။ယွမ်ဂိုဏ်းသည် ကမ္ဘာခြားနတ်ဆိုး ဆက်သွယ်မှုများကို ဖယ်ထားလျှင်ပင် မီးနတ်ဘုရားနန်းတော်ထက် အားနည်းမည် မဟုတ်ပေ။

ယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး သုံးဦးစလုံးမှာ ဝင်စားခြင်းအဆင့်တွင် ရှိကြပြီး မီးနတ်ဘုရားနန်းတော်တွင် ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ် နှစ်ဦးသာ ရှိသည်။ မီးနတ်ဘုရားနန်းတော်၏ ဂုဏ်သတင်းကြော်ကြားမှု အဓိက အကြောင်းရင်းမှာ မီးတောက် ဘိုးဘေးအဆောင်ကြောင့် ဖြစ်သည်။

ယင်းရွှမ်ဇီက ပြောလိုက်သည်

“ဒါကြောင့် ယွမ်ဂိုဏ်းကို ကိုင်တွယ်ဖြေရှင်းမယ်ဆိုရင် ငါတို့ ဇွတ်တိုးဝင်သွားလို့ မဖြစ်ဘူး၊ ငါတို့ အစီအစဉ်ဆွဲပြီး ‌ သေချာပြင်ဆင်ဖို့ လိုတယ်”

ဝူယွမ်က ခဏစဉ်းစားပြီးနောက် အကြံပြုလိုက်သည်။

“တကယ်ပဲ သေချာ ပြင်ဆင်ဖို့ လိုတယ်၊ ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ၊ ငါတို့ တစ်လ တိတိအချိန်ယူ ပြင်ဆင်ကြမယ်၊ စီနီယာ ချင်းကျီက အစွမ်းထက်ပုဂ္ဂိုလ်တွေ ပိုများများ စုဆောင်းဖို့ ကြိုးစားပြီး စီနီယာ မိုလော့က ကစဉ်ကလျားမိစ္ဆာပင်လယ်က အင်အားစုတွေနဲ့ မဟာမိတ်ဖွဲ့ဖို့ ကြိုးစားရမယ်၊ တစ်လကြာရင် မီးတောက်မြို့တော်မှာ ပြန်လည်ဆုံစည်းကြမယ်၊ အဲဒီအချိန်ကျရင် လူတိုင်း ငါ့ရဲ့ ရှေးဟောင်းကျောက်တိုင် လေဟာနယ်ထဲကို တစ်ခါတည်း ဝင်လာခဲ့ပြီး ငါတို့ အားလုံး အရှေ့ဘက်ရွှမ်ဒေသဆီကို အတူတူ သွားကြမယ်”

ယွမ်ဂိုဏ်း၏ လျှို့ဝှက်နည်းလမ်းများမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို သူ သိ၏။

မူရင်းဝတ္ထုတွင် ယွမ်ဂိုဏ်း ပျက်စီးသွားခြင်းမှာ လင်းတုန်နှင့် အခြား နှစ်ဦးတို့ သံသရာအဆင့်သို့ ရောက်ရှိပြီး အစွမ်းထက်ပုဂ္ဂိုလ် အများအပြားကို ခေါ်ဆောင်ကာ အရှေ့ဘက်ရွှမ်ဒေသ၏ ထိပ်တန်း အင်အားစုများ အားလုံးနှင့် မဟာမိတ်ဖွဲ့ပြီးမှသာ ဖြစ်မြောက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ရှောင်တျောင်းနှင့် ရှောင်ယန်တို့သည် နတ်ဆိုး နယ်မြေသို့ သွားရောက်ခဲ့ကြပြီး ဝူယွမ်နှင့် လင်းတုန်တို့မှာ ဆန်းကြယ်သေခြင်းအဆင့်တွင်သာ ရှိသေးကာ သံသရာအဆင့်သို့ မချိုးဖောက်ရသေးပေ။ သူတို့သည် သံသရာအဆင့်၏ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားပြီးဖြစ်သော်လည်း သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကို တစ်ယောက်တည်း ရင်ဆိုင်ရခြင်းမှာ အနည်းငယ် ခက်ခဲနေဆဲပင် ဖြစ်သည်။

ထို့ကြောင့် ဝူယွမ်သည် ပြင်ဆင်ရန် အချိန်အနည်းငယ် လိုအပ်၏။

တစ်ခုမှာ သူတို့၏ ကျင့်ကြံမှုအဆင့်ကို ချိုးဖျက်ကာအဆင့်တက်နိုင်ရန် အစွမ်းကုန်ကြိုးစားရန် ဖြစ်ပြီး နောက်တစ်ခုမှာ သူတို့အဖွဲ့၏ စွမ်းအားကို စုစည်းရန်ဖြစ်သည်။

ယွမ်ဂိုဏ်းမှာ ကြီးမားလွန်းပြီး အတွင်းနှင့် အပြင် တပည့် သန်းပေါင်းများစွာ ရှိသည်။ ယွမ်ဂိုဏ်းကို အပြတ်အသတ် သုတ်သင်ရန် အထွတ်အထိပ် အစွမ်းထက်ပုဂ္ဂိုလ်များသာမက မီးနတ်ဘုရား အစောင့်အရှောက်များကဲ့သို့ အစွမ်းထက်သော စစ်သည်အများအပြားလည်း လိုအပ်၏။

ဝူယွမ်၏ အကြံပြုချက်ကို လူတိုင်းက အလွယ်တကူ သဘောတူခဲ့ကြသည်။

တစ်လဆိုသည်မှာ အချိန်အကြာကြီး မဟုတ်ပေ။

ကစဉ်ကလျားမိစ္ဆာပင်လယ်မှ အရှေ့ဘက်ရွှမ်ဒေသသို့ သွားလျှင်ပင် ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးအတွက် နှစ်ဝက်ခန့် ကြာမြင့်မည်ဖြစ်သည်။

ယွမ်ဂိုဏ်းက သတင်းများကို လျင်မြန်စွာ မရရှိနိုင်သလို ရရှိခဲ့လျှင်လည်း သူတို့က ချက်ချင်း မရှောင်ရှားနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အရှေ့ဘက်ရွှမ်ဒေသကို သိမ်းပိုက်ရန် ရည်ရွယ်ချက်ဖြင့် နှစ်ပေါင်းများစွာအတွင်း အင်အားများ များပြားလာအောင် ပြုလုပ်ခဲ့ခြင်း‌ကြောင့် ဖြစ်သည်။

ထို့အပြင် ယွမ်ဂိုဏ်း၏ အခြေခံအုတ်မြစ်ဖြင့် အခြား အင်အားစုများက သူတို့ကို စိန်ခေါ်လာမည်ကို သူတို့ မကြောက်ရွံ့ပေ။

ထို့ကြောင့် ဝူယွမ်နှင့် အခြားသူများ လုံလောက်စွာ ပြင်ဆင်နိုင်၏။

သတ်မှတ်ချက်အချိန်ကို သဘောတူပြီးနောက် လူတိုင်း လှုပ်ရှားရန် ခွဲထွက်သွားကြသည်။

ဝူယွမ်သည် ဝူရွှမ်ကို ယခင်က မာယာမိစ္ဆာဂိုဏ်းနှင့် ချန်ခွန်း လျှို့ဝှက်ဂူတို့မှ သူ ပြန်ပေးဆွဲလာခဲ့သော လူများကို ပြန်ခေါ်သွားစေကာ သူတို့၏ အသက်ကို ချမ်းသာပေးလိုက်ပြီး မိုလော့ကို ထိုအင်အားစု နှစ်ခုနှင့် မဟာမိတ်ဖွဲ့ရန် တောင်းဆိုလိုက်သည်။

လက်ရှိ အခြေအနေတွင် မဟာမိတ်များ ပိုရှာနိုင်လေ အကျိုးရှိလေပင် ဖြစ်သည်။

ယွမ်ဂိုဏ်းနဲ့တိုက်ခိုက်ရာတွင် စွမ်းအားသာလွန်မှသာလျှင် ရန်သူကို ထိန်းချုပ်နိုင်မည်ဖြစ်ပြီး မိမိတို့ဘက်မှ အသေအပျောက်များကိုလည်း လျှော့ချနိုင်မည်ဖြစ်သည်။

မူလက ဝူယွမ်၏ အစီအစဉ်မှာ တိတ်တဆိတ် ဖွံ့ဖြိုးတိုးတက်ရန်နှင့် ယွမ်ဂိုဏ်းကို ချေမှုန်းရန် လုံလောက်သော စွမ်းအား ရရှိလာမှသာ အရှေ့ဘက်ရွှမ်ဒေသကို တန်ပြန်တိုက်ခိုက်ရန် စီစဉ်ထားခြင်းဖြစ်သည်။

သို့သော်လည်း သူ၏ ဝင်စားခြင်းဘဝကြောင့် ဖြစ်ပေါ်လာသော လိပ်ပြာ အကျိုးသက်ရောက်မှုများကြောင့် အချို့သော အဖြစ်အပျက်များသည် သူ သိထားသော ဇာတ်လမ်းနှင့် ပိုမို သွေဖည်လာခဲ့သည်။

ယခုတစ်ကြိမ်တွင် မီးနတ်ဘုရားနန်းတော်က ဆွဲဆောင်ခဲ့သော ကမ္ဘာခြားနတ်ဆိုးများမှာ ဘုရင် နှစ်ကောင်နှင့် ဗိုလ်ချုပ် ခြောက်ကောင် ပါလာခဲ့သော်လည်း မူရင်းဝတ္ထုတွင် ဘုရင် တစ်ကောင်နှင့် ဗိုလ်ချုပ် သုံးကောင်သာ လာရောက်ခဲ့သည်။

ထို့အပြင် ယွမ်ဂိုဏ်းသည်လည်း ဤအချိန်တွင် လှုပ်ရှားမှုများ စတင်ပြုလုပ်လာခဲ့ပြီး အရှေ့ဘက်ရွှမ်ဒေသရှိ အခြား အထူးအစွမ်းထက် အင်အားစုများကို ဖျက်ဆီးကာ တစ်ဦးတည်း ကြီးစိုးရန် အစီအစဉ်တစ်ခုကို စတင်ခဲ့သည်။

ဝူယွမ်သည် ယွမ်ဂိုဏ်း တိုးချဲ့လာသည်ကို မမြင်ချင်သကဲ့သို့ အရှေ့ဘက်ရွှမ်ဒေသ ဒုက္ခရောက်သည်ကိုလည်း မမြင်ချင်ပေ။

ထို့အပြင် ယခု ချင်းကျီ၊ မိုလော့၊အခြားသူများနှင့် မဟာမိတ်ဖွဲ့ကာ သူတို့၏ အင်အားများကို စုစည်းကာ ယွမ်ဂိုဏ်းကို တိုက်ခိုက်နိုင်ခြင်းမှာလည်း အခွင့်အရေးကောင်းတစ်ခု ဖြစ်သည်။

အရာအားလုံးကို ထည့်သွင်းစဉ်းစားလိုက်လျှင် ယွမ်ဂိုဏ်းသည် ကမ္ဘာခြားနတ်ဆိုး အင်အားစုများကြားတွင် ထိုမျှလောက် မစွမ်းထက်လှပေ။ သူတို့တွင် သုံးဆင့် သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ မရှိဘဲ မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်ကဲ့သို့ ပထမအဆင့် သံသရာအဆင့် ကမ္ဘာခြားနတ်ဆိုး ဘုရင်များသာ အများဆုံး ရှိပေလိမ့်မည်။

အခြားတစ်ဖက်တွင် ဝူယွမ်နှင့် လင်းတုန်တို့သည် သူတို့၏ နယ်ပယ်အဆင့်များကို ချိုးဖျက် ဝင်ရောက်ရန် အပြည့်အဝ အာရုံစိုက်နေကြ၏။

သူတို့သည် ဆန်းကြယ်သေခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ တစ်လအတွင်း ဆန်းကြယ်သေခြင်းအဆင့် ပြီးပြည့်စုံခြင်းသို့ ကျင့်ကြံရန်မှာ သူတို့အတွက် ခက်ခဲမည် မဟုတ်ပေ။

မိုလော့သည် မီးနတ်ဘုရားနန်းတော်တွင် ကျန်ရစ်ခဲ့ပြီး အခြား အင်အားစုများနှင့် မဟာမိတ်ဖွဲ့ရန် တာဝန်ကို အကြီးအကဲ ချီယွမ်ထံ လွှဲအပ်ခဲ့သည်။

သူက ဝူယွမ်နှင့် လင်းတုန်တို့ကို သွားတွေ့လိုက်ပီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“မင်းတို့ နှစ်ယောက်က အရမ်း အစွမ်းထက်တာကို ဘာလို့ မင်းတို့ရဲ့ နယ်ပယ်က ဒီလောက် နိမ့်နေရတာလဲ၊ မင်းတို့ရဲ့ နက်နဲတဲ့ အခြေခံအုတ်မြစ်တွေကို ကြည့်ရတာ အရမ်း လွယ်လွယ်ကူကူ ချိုးဖောက်ဝင်ရောက်နိုင်သင့်တယ် မဟုတ်ဘူးလား”

ဝူယွမ်နှင့် လင်းတုန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခါးသီးစွာဖြင့် ပြုံးလိုက်ကြ၏။ အဓိက အကြောင်းရင်းမှာ နတ်စင်ဖိနှိပ်ခြင်း အကျဉ်းထောင် စွမ်းအားနှင့် ခန္ဓာကိုယ်သန့်စင်ခြင်းကျမ်းတို့ကို ကျင့်ကြံခြင်းကြောင့်ဖြစ်ပြီး သူတို့၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မှာ အကန့်သတ်မဲ့သည် အထိ ချဲ့ထွင်ခံထားရသောကြောင့်ဖြစ်သည်။

အခြားသူများ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မှာ ကန့်သတ်ချက်ရှိသော အိုး သို့မဟုတ် မီးဖိုတစ်ခုနှင့် တူညီပီး သူတို့ နှစ်ယောက်၏ ခန္ဓာကိုယ်များမှာ အဆုံးအစမရှိသော သမုဒ္ဒရာကြီးနှင့် တူပေလိမ့်မည်။

ဝူယွမ်က ပြောလိုက်သည်

“အစွမ်းထက်တဲ့ ကျင့်စဉ် တစ်ခုကို ကျင့်ကြံနေတာကြောင့် ကျတော်တို့က ချိုးဖောက်ဝင်ရောက်ဖို့အတွက် အဆင့်တူ လူတွေထက် စွမ်းအား အဆတစ်ထောင် ပိုပြီး စုပ်ယူဖို့ လိုအပ်တယ်”

၎င်းကို ကြားသောအခါ မိုလော့မှာ စကားမပြောနိုင်ဖြစ်သွားသည်။ အဆင့်တူ ကျင့်ကြံသူများထက် စွမ်းအား အဆတစ်ထောင် ပိုလိုအပ်သော ကျင့်စဉ်မျိုးက မည်မျှပင် ကြောက်မက်ဖွယ်ကောင်းသည့် အစွမ်းမျိုး ရှိနေမည်နည်း။

ဒါပေမယ့်လည်း ထိုနှစ်ဦး၏ ပုံမှန်မဟုတ်သော စွမ်းအား၊ အံ့သြဖွယ်ကောင်းသော ကမ္ဘာသစ်ပင်နှင့် လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်းကျောက်တိုင် လေဟာနယ်တို့ကို တွေးမိသောအခါ သူသည် မည်သည့်အရာကိုမျှ ဆက်လက် မမေးမြန်းတော့ပေ။

သူ၏ မျက်လုံးများ တောက်ပသွားပြီး မေးလိုက်သည်။

“ဆိုလိုတာက မင်းတို့ကို သေမင်း စွမ်းအင် အလုံအလောက် ထောက်ပံ့ပေးနိုင်ရင် ဆန်းကြယ်သေခြင်းအဆင့် ပြီးပြည့်စုံခြင်းကို အောင်မြင်စွာ ကျင့်ကြံနိုင်တယ်ဆိုတဲ့ သဘောလား”

“အဲဒီ သဘောပါပဲ ဒါပေမယ့် သေမင်း စွမ်းအင်က ရှာဖို့ အရမ်း ခက်တယ်၊ ကျတော်တို့လည်း ဒီပြဿနာကြောင့် အဆင့်မတက်နိုင်‌နေတာပါ ”

ဝူယွမ်က သက်ပြင်းချလိုက်သည်။

သေမင်း စွမ်းအင်မှာ အသက်စွမ်းအင်လောက် ရှာရမလွယ်ကူပေ။ လက်ရှိတွင် ဝူယွမ်နှင့် အခြားသူများ ပိုင်ဆိုင်ထားသော ဆန်းကြယ်သေခြင်းအဆင့် အရင်းအမြစ်များမှာ မိစ္ဆာအလောင်းကောင်များထံမှ ရရှိထားသော သေမင်းတိတ်ဆိတ် ဆေးလုံးများနှင့် ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဘိုးဘေးအဆောင်မှ ပြောင်းလဲထားသော စွမ်းအားများ ဖြစ်ကြသည်။

All Chapters