← Chapters

အခန်း ၄၂၆

Vol. 43 Ch. 426

အခန်း ၄၂၆

Vol. 43 Ch. 426

အခန်း (၄၂၆) - ကမ္ဘာခြားနတ်ဆိုးရုပ်သေး(၁)

သေမင်းမီးတောက် ဝိညာဉ်ကန်ထဲတွင် ဝူယွမ်နှင့် လင်းတုန်တို့သည် များပြားလှသော သေမင်းမီးတောက် စွမ်းအားများကို အားရပါးရ စုပ်ယူနေကြသည်။

အမည်းရောင် မီးတောက် နဂါးများက ကောင်းကင်ယံသို့ ဟိန်းဟောက်နေပြီး သန့်စင်သော သေမင်း စွမ်းအင်လှိုင်းများက တောင်ကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအားတစ်ခုနှင့်အတူ တဟုန်းဟုန်းတောက်လောင်စွာထွက်ပေါ်နေ၏။

အမည်းရောင် မီးတောက်နဂါးတစ်ကောင် စုစည်းသွားသည်နှင့်တစ်ပြိုင်နက် ကောင်းကင်ထက်သို့ အရှိန်အဟုန်ဖြင့် ပျံတက်သွားလေသည်။ ၎င်း၏နောက်တွင် ရှည်လျားလှသော အမည်းရောင် မီးလျှံတန်းကြီးကိုကပ်လျက်ပါလာပီး လျှပ်စီးကဲ့သို့ အရှိန်ဖြင့် ကျဆင်းလာပီး ဂူယွမ်နှင့်လင်းတုန်တို့၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်လှသော အရှိန်အဟုန်ဖြင့် ရိုက်ခတ်သွားလေ၏။

ထိုသို့ ပြင်းထန်စွာ ရိုက်ခတ်မိသော အချိန်တွင် ဝုန်းခနဲ မြည်သံကြီးတစ်ခုက ခန်းမကြီးအတွင်း ထွက်ပေါ်လာသည်။

ကျေနပ်သော အပြုံးတစ်ခု ဝူယွမ်၏ မျက်နှာတွင် ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး အလွန်တရာ ဆူပွက်ကာ သန့်စင်နေသော သေမင်း စွမ်းအင်များက ကြမ်းတမ်းစွာဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းသို့ အတားအစီးမရှိ ဝင်ရောက်လာကာ သူ၏ ကြွက်သားများ၊ သွေးကြောများ၊ အရိုးများနှင့် အတွင်းကလီစာများကို ပြင်းပြင်းထန်ထန် ဖယ်ရှားသန့်စင်ပေးနေသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရ၏။

ထိုကဲ့သို့ ဖယ်ရှား သန့်စင်နေစဥ်အတွင်း သူ၏ ခန္ဓာကိုယ်က သေမင်း စွမ်းအင်များကို လျင်မြန်စွာ စုပ်ယူလိုက်သည်။

အမည်းရောင် မီးတောက် နဂါးများတွင် အစွမ်းထက်သော အဖျက်စွမ်းအားများ ရှိပီး ခန္ဓာကိုယ်အပေါ် ရိုက်ခတ်လာသည့်အချိန်တိုင်း အသက်စွမ်းအင်များနှင့် တုံ့ပြန်နိုင်ပြီး ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ တိုက်ခိုက်မှုနှင့် ညီမျှသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးစေ၏။

ဤနေရာတွင် ပုံမှန်အားဖြင့် ကျင့်ကြံသူများမှာ ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

သို့သော်လည်း ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ် အားလုံးက ဤကဲ့သို့သော ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိပြီး ကျင့်ကြံနိုင်သည်တော့ မဟုတ်ပေ။

မိုလော့သည် ထိုနှစ်ဦးကို ကြည့်ကာ ဘေးတွင် ရပ်နေသည်။ သေမင်းမီးတောက် ဝိညာဉ်ကန်သည် မီးနတ်ဘုရားနန်းတော်၏ အရေးကြီးသော ဝိညာဉ်ကန်တစ်ခု ဖြစ်သည်။ လူအများအပြား ဤနေရာတွင် ကျင့်ကြံခဲ့ကြပြီး အချို့မှာ အမည်းရောင် မီးတောက် နဂါးများ၏ ရိုက်ခတ်မှုကြောင့် သေဆုံးသွားခဲ့ကြသည်။

ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးပင်လျှင် ဤနေရာတွင် ကျင့်ကြံစဉ် ပေါ့ဆ၍မရနိုင်ပေ။

သို့သော်လည်း ယခုအခါ မိုလော့သည် တံတွေးတစ်ချက် မျိုချလိုက်မိသည်။ ဝူယွမ်နှင့် လင်းတုန်တို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များမှာ အရမ်းကို ကြံ့ခိုင်လွန်းပြီး သာမန်လူသားတို့၏

အကန့်အသတ်ကို ကျော်လွန်နေ၏။

သူတို့သည် အမည်းရောင် မီးတောက် နဂါးများ၏ ရိုက်ခတ်မှုကို ခုခံနိုင်ပီး ၎င်းတို့ကြောင့် လုံးဝ ထိခိုက်မှု မရှိခဲ့ပေ။

အမည်းရောင် မီးတောက် နဂါးများ၏ ရည်ရွယ်ချက်မှာ ခန္ဓာကိုယ်ကို သန့်စင်ပီး အတွင်း၌ သန့်စင်သော သေမင်း စွမ်းအင် တစ်စိတ်တစ်ပိုင်းကို ချန်ထားခဲ့ရန် ဖြစ်သည်။

အမည်းရောင် မီးတောက် နဂါးများ၏ ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိလေ စွမ်းအင် ပိုရလေ ဖြစ်သည်။ ၎င်းမှာ မူလ စွမ်းအားကို တိုးမြှင့်ရန်အတွက် အလိုအလျောက် ကျင့်ကြံပေးသည့် နည်းလမ်းတစ်ခုဖြစ်၏။

ဝူယွမ်နှင့် လင်းတုန်တို့ နှစ်ဦးစလုံးသည် ဝါးမျိုခြင်း စွမ်းအားကိုယ်စီ ပိုင်ဆိုင်ထားကြသည်။ ထိုကြောင့်ဂူယွန်နှင့်လင်းတုန် နှစ်ယောက်လုံး အမည်းရောင် မီးတောက် နဂါးများကို တိုက်ရိုက် ဝါးမျိုပစ်လိုက်ပြီး ၎င်းတို့ကို သူတို့၏ ကိုယ်ပိုင် စွမ်းအားများအဖြစ် သန့်စင်လိုက်ကြသည်။

မိုလော့က စိတ်ကူးထဲတွေ ပြောလိုက်၏။

“အတော်ကြောက်ဖို့ကောင်းတဲ့ နည်းလမ်းပဲ”

မီးတောပ်နဂါများကို တိုက်ရိုက်ဝါးမြိုသန့်စင်ခြင်းမှာ သူကိုယ်တိုင်ပင် မလုပ်နိုင်သော အရာတစ်ခု ဖြစ်သည်။

ဝူယွမ်နှင့် လင်းတုန်တို့နှစ်ဦး ရူးသွပ်စွာ သန့်စင်နေသည်နှင့်အမျှ သေမင်းမီးတောက် ဝိညာဉ်ကန်အတွင်းရှိ စွမ်းအင်များလည်း တဖြည်းဖြည်း လျော့နည်းလာခဲ့သည်။

သူတို့၏ အရှိန်အဝါများကလည်း ပိုမို အစွမ်းထက်လာပြီး ဆန်းကြယ်သေခြင်းအဆင့် ပြီးပြည့်စုံခြင်းသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။

ငါးရက်အကြာတွင် သေမင်းမီးတောက် ဝိညာဉ်ကန်အတွင်း သိုလှောင်ထားသော စွမ်းအင်များအားလုံးကို အပြည့်အဝ ဝါးမျိုသွားခဲ့ပြီဖြစ်သည်။ ဝူယွမ်နှင့် လင်းတုန်တို့ နှစ်ဦးစလုံးသည် ဆန်းကြယ်သေခြင်းအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားကြပြီး ဝင်စားခြင်းအဆင့်နှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့သည်။

“ရွှီး…..“

ဝူယွမ် မျက်လုံးများ ပွင့်လာပြီးနောက် နဂါးဟိန်းဟောက်သံတစ်ခုနှင့်အတူ အမည်းရောင် စွမ်းအင်တန်းတစ်ခုကို မှုတ်ထုတ်လိုက်သည်။

“စီနီယာ မိုလော့၊ ခင်ဗျားရဲ့ သေမင်းမီးတောက် ဝိညာဉ်ကန်အတွက် ကျေးဇူးတင်ပါတယ်၊ အဲဒါက ကျတော်တို့ရဲ့ ကျင့်ကြံချိန် အများကြီးကို သက်သာသွားစေတယ်” ဝူယွမ်က မိုလော့ကို ကျေနပ်စွာ ပြုံးကာ ပြောလိုက်၏။

“မင်းတို့ နှစ်ယောက်က တကယ့်ကို မိစ္ဆာကောင်တွေပဲ၊ ငါ့ရဲ့ သေမင်းမီးတောက် ဝိညာဉ်ကန်ထဲက စွမ်းအင်က ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ် ဆယ်ယောက်ကျော် ကျင့်ကြံဖို့ လုံလောက်ပေမယ့် မင်းတို့က အကုန်လုံးကို စုပ်ယူသွားတာပဲ၊ ကြည့်ရတာ နောက်ဆယ်နှစ်လောက် ပြန်သုံးလို့ ရတော့မှာ မဟုတ်ဘူး ထင်တယ်” မိုလော့က သက်ပြင်းချကာ နောက်ပြောင်လိုက်သည်။

ဝူယွမ်က သေမင်းမီးတောက် ဝိညာဉ်ကန်ကို အဓိပ္ပာယ်ပါပါ ကြည့်ပီး ပြောလိုက်သည်။

“ဒီနေရာက တကယ်ကို နေရာကောင်း တစ်ခုပဲ၊ သူ့ရဲ့ ပြန်လည်ကောင်းမွန်လာမှုကို အရှိန်မြှင့်လို့ ရကောင်းရနိုင်တယ်”

သေမင်း စွမ်းအင်များကို ထောက်ပံ့ပေးနိုင်သော သေမင်းမီးတောက် ဝိညာဉ်ကန်ကဲ့သို့သော အဖိုးတန် နေရာများမှာ အလွန် ရှားပါးလှသည်။ ထို့အပြင် ဤသေမင်း စွမ်းအင်မှာ အလွန် သန့်စင်ပြီး သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်းဖြစ်ရာ ယုံကြည်နိုင်စရာမရှိလောက်အောင် အဖိုးတန်လှသည်။

ဝူယွမ်က စုံစမ်းကြည့်ခဲ့ချိန်က ဤနေရာ အောက်ဘက်မှာ မီးတောင်တစ်ခုကဲ့သို့ အလွန် ထူးခြားပြီး ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး စွမ်းအင်များကို စုပ်ယူကာ ပြုစုပျိုးထောင်ပြီး သေမင်း စွမ်းအင်အဖြစ် ဖန်တီးနိုင်စွမ်း ရှိကြောင်း တွေ့ရှိခဲ့၏။

ပတ်ဝန်းကျင်ရှိ ဝိညာဉ်ရေးရာ စွမ်းအင်တွေက သိပ်သည်းပြီး မြန်ဆန်မယ်ဆိုရင် ဒီသေမင်းမီးတောက် ဝိညာဉ်ကန်ရဲ့ ပြန်လည်ကောင်းမွန်လာမှုကို အရှိန်မြှင့်ပေးနိုင်ပြီး သေမင်း စွမ်းအင်တွေ ပိုထုတ်ပေးနိုင်မယ်လို့ ငါ ဆိုလိုတာပါ။

“မင်း ဘာကို ဆိုလိုတာလဲ” မိုလော့က တွေဝေစွာ မေးလိုက်သည်။

ဝူယွမ်ကပြောလိုက်သည် “စီနီယာ မိုလော့၊ ကမ္ဘာသစ်ပင်ရဲ့ စွမ်းအားကို မင်း မြင်ဖူးတယ် မဟုတ်လား၊ သူက လေဟာနယ် တစ်ခုရဲ့ ပတ်ဝန်းကျင်ကို ပြောင်းလဲပေးနိုင်တယ်”

“ဒီသေမင်းမီးတောက် ဝိညာဉ်ကန်က သဘာဝအတိုင်း ဖြစ်ပေါ်လာပြီး မြေကြီးထဲက စွမ်းအားတွေကို ဆွဲယူကာ သန့်စင်တဲ့ မီးတောက် (သေမင်း စွမ်းအင်)တွေကို ထုတ်လုပ်ပေးနိုင်တယ်၊ အကယ်၍ သူ့ကို ကမ္ဘာသစ်ပင်နား ပြောင်းရွှေ့လိုက်မယ်ဆိုရင် ကမ္ဘာသစ်ပင်ရဲ့ စွမ်းအားက အသွင်ပြောင်းဖို့အတွက် စွမ်းအင်တွေကို ဆွဲယူရတာ ပိုလွယ်ကူသွားစေလိမ့်မယ်”

“အဲဒီအခါကျရင် သေမင်းမီးတောက် ဝိညာဉ်ကန်ကို အကြာကြီး စောင့်စရာမလိုဘဲ အကန့်အသတ်မရှိ သုံးလို့ ရသွားလိမ့်မယ်”

“ဒီလို ဆန်းကြယ်တဲ့ ကိစ္စမျိုးရှိ‌သေးတာပဲ”

မိုလော့၏ မျက်လုံးများ တောက်ပသွားသည်။ သူသည် သေမင်းမီးတောက် ဝိညာဉ်ကန်၏ အနှစ်သာရကို အပြည့်အဝ နားလည်သဘောပေါက်ထားခြင်း မရှိသကဲ့သို့ ကမ္ဘာသစ်ပင်က ဤမျှ အစွမ်းထက်ကြောင်းကိုလည်း သူ မသိခဲ့ပေ။

ဝူယွမ်က ပြန်ပြောလိုက်သည်

“ကျတော် တို့ စမ်းကြည့် ရမှာပေါ့၊ တကယ် အလုပ်ဖြစ်တယ်ဆိုရင် အချိန်တိုအတွင်းမှာ ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေကို ပိုပြီး ပြုစုပျိုးထောင်ပေးနိုင်လိမ့်မယ်”

မိုလော့က အလျှင်အမြန်ပြန်ပြောလိုက်သည်။

“ဒါဆို ငါတို့ ဘာစောင့်နေတာလဲ၊ အမြန် စမ်းကြည့်ကြတာ‌ပေါ့ ”

“အဲ့ဒါဆိုရင်တော့ သေမင်းမီးတောက် ဝိညာဉ်ကန်ကို ကျတော်ရဲ့ ရှေးဟောင်းကျောက်တိုင်ကမ္ဘာထဲကို အရင် ပြောင်းရွှေ့ရလိမ့်မယ်” ဝူယွမ်က မိုလော့ကို ကြည့်ကာ ပြောလိုက်၏။

“ပြောင်းရွှေ့လိုက်လေ၊ ငါတို့ မီးနတ်ဘုရားနန်းတော်က ဆက်သုံးလို့ရနေသရွေ့ အဆင်ပြေပါတယ်၊ အရင်တုန်းက ငါတို့က သေမင်းမီးတောက် ဝိညာဉ်ကန်ကို တစ်နှစ်မှာ တစ်ခါပဲ ဖွင့်နိုင်ခဲ့တာ၊ တကယ်လို့ မင်းပြောသလို သေမင်းမီးတောက် ဝိညာဉ်ကန်ကို မင်းကို ပေးလိုက်ပြီး တစ်နှစ်မှာ တစ်ကြိမ်ထက်မက သုံးလို့ရမယ်ဆိုရင် အရှုံးရှိမှာ မဟုတ်ပါဘူး” မိုလော့က ပြုံးကာ ပြောလိုက်သည်။ သူသည် အလွန် ပွင့်လင်းပီး စိတ်သဘောထားကြီးမာသူဖြင်၍ ထိုကိစ္စကို

အရေးတယူ တွေးမနေတော့ပေ။

သေမင်းမီးတောက် ဝိညာဉ်ကန်ကို မီးနတ်ဘုရားနန်းတော်တွင် ထားရှိခြင်းက ဆယ်နှစ်စောင့်ရမည်ဟု ဆိုလိုပြီး ဆယ်နှစ်ကြာပြီးနောက်တွင်ပင် တစ်နှစ်လျှင် တစ်ကြိမ်သာ သုံးနိုင်မည်ဖြစ်ရာ စောင့်ရမည့်အချိန်မှာ ကြာမြင့်လွန်းလှသည်။

“ပြဿနာမရှိပါဘူး၊ ဖြစ်နိုင်ရင် ကျတော်တို့ နှစ်ဖက်စလုံးက သေမင်းမီးတောက် ဝိညာဉ်ကန်ကို အတူအသုံးပြုကြတာ‌ပေါ့ ၊ အတွင်းမှာ ထုတ်လုပ်တဲ့ စွမ်းအင်တွေကို မျှဝေသုံးစွဲပြီး သုံးစွဲခွင့် နေရာတွေကိုလည်း တန်းတူ ခွဲဝေကြတာပေါ့”

ဝူယွမ်ကလည်း လွယ်လွယ်ကူကူနှင့် ရက်ရက်ရောရော သဘောတူလိုက်သည်။

“ကောင်းပြီ”

ခွင့်ပြုချက် ရရှိပြီးနောက် ဝူယွမ်သည် တုံ့ဆိုင်းမနေပေ။ သေမင်းမီးတောက် ဝိညာဉ်ကန်နှင့် ၎င်းအောက်တွင် ရှိနေသော မြေအောက် သွေးကြောများကို ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ ဟွမ်ယွမ်ကို ချက်ချင်း ပြောင်းရွှေ့ခိုင်းလိုက်ပြီး ဝိညာဉ်ရေးရာ စွမ်းအင်များ ကြွယ်ဝသော နေရာဖြစ်သည့် ကမ္ဘာသစ်ပင်နှင့် မနီးမဝေးတွင် ထားရှိလိုက်သည်။

မျှော်လင့်ထားသည့်အတိုင်း ယခင်က ငြိမ်သက်နေသော သေမင်းမီးတောက် ဝိညာဉ်ကန်သည် ချက်ချင်း တုံ့ပြန်မှု ပြသလာသည်။ အမည်းရောင် အရည်များ မြေကြီးမှ ထွက်ပေါ်လာပြီး ကန်အတွင်း ထပ်မံ စုပုံလာသည်။

“သေမင်းမီးတောက် ဝိညာဉ်ကန် ရှိတဲ့ မြေအောက် သွေးကြောထဲကို ဝိညာဉ်ရေးရာ စွမ်းအင်တွေ ထုတ်လွှတ်ပေးပြီး သူ့ရဲ့ ပြန်လည်ကောင်းမွန်လာမှုကို အရှိန်မြှင့်ဖို့ ဟွမ်ယွမ်ကို ကမ္ဘာသစ်ပင်ကနေ ထိန်းချုပ်ခိုင်းလိုက်ရင် ရက်အနည်းငယ်အတွင်း ပြန်သုံးလို့ ရသွားလိမ့်မယ်”

ဝူယွမ်က တိုးတိတ်စွာ ရေရွတ်လိုက်သည်။ ကမ္ဘာသစ်ပင်၏ အမြစ်များနှင့် အကိုင်းအခက်များက ရှေးဟောင်းကျောက်တိုင် လေဟာနယ် တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး အားလုံးက ဝိညာဉ်ရေးရာ စွမ်းအင်များကို ထုတ်လွှတ်ပေးနိုင်ကာ ၎င်း၏ အမြစ်များကလည်း သဘာဝကျစွမ်းအင်များ ထုတ်လွှတ်ပေးနိုင်၏။

“တကယ်ဆန်းကြယ်တဲ့ ကမ္ဘာသစ်ပင်ပဲ၊ ကြည့်ရတာ သေမင်းမီးတောက် ဝိညာဉ်ကန်က ဒီနေရာမှာ အသင့်တော်ဆုံးပဲနဲ့တူတယ် ” မိုလော့က အနည်းငယ် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သေမင်းမီးတောက် ဝိညာဉ်ကန်မှ စွမ်းအင်များကို အဖွဲ့အစည်း နှစ်ခုစလုံးမှ တပည့်များက မျှဝေသုံးစွဲကြမည်ဟု သူတို့ နှစ်ဦး သဘောတူညီမှု ရရှိခဲ့ကြသည်။

ထို့နောက် ဝူယွမ်သည် နောက်ဆက်တွဲ ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းရန်အတွက် ဂိုဏ်း အုပ်ချုပ်ရေးမှူး ရွှမ်စုထံ လွှဲအပ်လိုက်သည်။ ယခုအခါ သူသည် ဆန်းကြယ်သေခြင်းအဆင့် ပြီးပြည့်စုံခြင်းတွင် ရှိနေပြီး နောက်တစ်ဆင့်ဖြစ်သော ဝင်စားခြင်းအဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန် ပြင်ဆင်နေသည်။

ဝင်စားခြင်းအဆင့်သို့ ချိုးဖောက်ဝင်ရောက်ခြင်းသည် အရင်းအမြစ်များကို စုဆောင်းရုံသက်သက်ဖြင့် အောင်မြင်နိုင်သော အရာ မဟုတ်တော့ပေ။ ဤအဆင့်တွင် လိုအပ်သည်မှာ သဘာဝတရားကို နားလည်သဘောပေါက်ရန်သာ ဖြစ်၏။

ဝင်စားခြင်းအဆင့်သည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဆန်းကြယ်အဆင့်မှ သံသရာအဆင့်သို့ ကူးပြောင်းခြင်းဖြစ်ပြီး ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ပေါင်းစပ်ကာ သံသရာ၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်သဘောပေါက်ရန် လိုအပ်သည်။

ထိုကြောင့် အချိန်တိုအတွင်း ချိုးဖျက်ဝင်ရောက်နိုင်ရန် အလွန်

ခက်ခဲမည် ဖြစ်၏။

ဝူယွမ်သည် ဝင်စားခြင်းအဆင့်သို့ ချိုးဖျက်ဝင်ရောက်ရန် အာရုံစိုက်မနေတော့ဘဲ အခြား နယ်ပယ်များတွင် သူ၏ စွမ်းအားကို တိုးတက်စေရန်သာ အာရုံစိုက်လိုက်သည်။

ရှေးဟောင်းကမ္ဘာဦးစေတီအတွင်းရှိ မဟာရှေးဟောင်း စွမ်းအင်များကို ထိန်းသိမ်းထားရန် ၎င်း၏ မူလစွမ်းအင် အနည်းငယ်မျှသာ ချန်ထားခဲ့ပြီး မဟာရှေးဟောင်း ဝိညာဉ်မျိုးစေ့ကို ရှေးဟောင်းကမ္ဘာဦးစေတီမှ ထုတ်ယူလိုက်သည်။

All Chapters