← Chapters

အခန်း ၄၂၇

Vol. 43 Ch. 427

အခန်း ၄၂၇

Vol. 43 Ch. 427

အခန်း (၄၂၇) - ကမ္ဘာခြားနတ်ဆိုးရုပ်သေး(၂)

ထို့နောက် သူသည် ဤမဟာရှေးဟောင်း ဝိညာဉ်မျိုးစေ့ကို စတင် သန့်စင်လေ၏။

မဟာရှေးဟောင်း ဝိညာဉ်မျိုးစေ့သည် အခြား စွမ်းအင်များကို အဆက်မပြတ် စုပ်ယူပြီး မဟာရှေးဟောင်း စွမ်းအင်အဖြစ် ပြောင်းလဲပေးကာ ၎င်းမှာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် တိုးတက်မှုအတွက် များစွာသော အကျိုးကျေးဇူးများ ရှိသည်။

ဝူယွမ်သည် နတ်ဘုရားတောင်တန်း ခန္ဓာကိုယ်ကို ကျင့်ကြံပြီးနောက် သူ၏ တိုးတက်မှုမှာ နှေးကွေးနေခဲ့သည်။

ဤတစ်ကြိမ်တွင် မဟာရှေးဟောင်း ဝိညာဉ်မျိုးစေ့နှင့် ပေါင်းစပ်ခြင်းဖြင့် ဝူယွမ်သည် နတ်ဘုရားတောင်တန်း ခန္ဓာကိုယ်ကို မဟာပြည့်စုံခြင်းအဆင့်သို့ မြှင့်တင်ရန် ရည်ရွယ်ထားသည်။

ခုနကလေးတွင်မ ဖွဲ့စည်းထားသော နတ်ဘုရားတောင်တန်း ခန္ဓာကိုယ်မှာ ဝင်စားခြင်းအဆင့်နှင့် ယှဉ်နိုင်နေပြီဖြစ်သည်။

မဟာပြည့်စုံခြင်း နတ်ဘုရားတောင်တန်း ခန္ဓာကိုယ်သည် ပထမအဆင့် သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကို ယှဉ်ပြိုင်နိုင်လောက်အောင် အစွမ်းထက်သင့်၏။

မဟာရှေးဟောင်း ဝိညာဉ်မျိုးစေ့ကို မျိုချလိုက်ပြီးနောက် ဝူယွမ်က

ချက်ချင်းပင် သန့်စင်ပေါင်းစပ်ရန် ကြိုးစားလိုက်သည်။ ထို့နောက် ခန္ဓာကိုယ်သန့်စင်ခြင်းကျမ်း၏ ဟွမ် အက္ခရာက လည်ပတ်သွားပြီး များပြားသော မဟာရှေးဟောင်း စွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူကာ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်ထည့်သွင်းလိုက်သည်။

ဝုန်း ဝုန်း ဝုန်း... ဝူယွမ်၏ ခန္ဓာကိုယ်မှ မြည်ဟည်းသံများ ထွက်ပေါ်လာသည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာ မီးပြင်းဖိုတစ်ခုကဲ့သို့ အနှစ်သာရများကို အဆက်မပြတ် ထုပ်ယူသန့်စင်ပြီး သူ၏ စွမ်းအားကို မြှင့်တင်နေ၏။

မဟာရှေးဟောင်း ဝိညာဉ်မျိုးစေ့က သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် တစ်သားတည်း ပေါင်းစပ်သွားသည့်နှင့်အမျှ ဝူယွမ်၏ အသွေးအသားများ၊ အရိုးများမှာ မဟာရှေးဟောင်း စွမ်းအင်များဖြင့် ပြည့်နှက်သွားလေသည်။ ခန္ဓာကိုယ်သန့်စင်ခြင်းကျမ်း၏ ဟွမ် အက္ခရာအောက်တွင် သူ၏ ခန္ဓာကိုယ်မှာ အရည်အသွေးမှာ အဆင့်တစ်ခုကို ပြောင်းလဲတိုးတက်လာသည်။

သွေးတစ်စက်က ကျင်တစ်ထောင် အလေးချိန်ရှိသကဲ့သို့ပင်။

သူ လမ်းလျှောက်သွားသောအခါ သူ၏ ခြေလှမ်းများမှာ ယုံကြည်နိုင်စရာမရှိလောက်အောင် လေးလံနေသည်။ သူ စွမ်းအား ထုတ်ယူလိုက်သည်နှင့်တပြိုင်နက် တောင်ကြီးတစ်တောင် ဖိနှိပ်နေသကဲ့သို့ ဖြစ်သွားသည်။

“မဟာပြည့်စုံခြင်း နတ်ဘုရားတောင်တန်း ခန္ဓာကိုယ်ရဲ့ ပီးပြည့်စုံတဲ့ အဆင့်ကို ရောက်ပြီ ထင်တယ်၊ စမ်းသပ်ဖို့ ပစ်မှတ် တစ်ခု ရှာရမယ့် အချိန်ရောက်ပြီ”

အစွမ်းထက်သော ရုပ်ပိုင်းဆိုင်ရာ ခွန်အားက ဝူယွမ်ကို စိတ်လှုပ်ရှားစေခဲ့သည်။ သူသည် မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်ကို အကျဉ်းချထားသော မြေအောက် အကျဉ်းထောင် လေဟာနယ်အတွင်းသို့ ဝင်ရောက်သွားလေသည်။

ဝူယွမ်၏ ဘုရင်သုတ်သင် ကောင်းကင်စက်ဝိုင်းဖြင့် ဖျက်ဆီးခံရပြီးနောက် မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်မှာ အလွန် အားနည်းနေပြီဖြစ်ပြီး ဘုရင်သုတ်သင် အမှတ်အသားများကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာများမှာလည်း ပြန်လည်ကောင်းမွန်လာရန် ခက်ခဲလှ၏။

“မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်၊ ထွက်လာပြီး ငါနဲ့ တစ်ယောက်ချင်း လာချစမ်း”

ဝူယွမ် ရောက်ရှိလာပြီး လေထဲတွင် ရပ်ကာ မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်ကို လှမ်းခေါ်လိုက်သည်။

“မင်းမှာ သတ္တိရှိရင် ဒီဘုရင်ကို လာသတ်လိုက်”

အမည်းရောင် စွမ်းအင်များ မြေအောက်မှ ဆူပွက်လာပြီး ကမ္ဘာသစ်ပင်၏ အမြစ် သံကြိုးများနှင့်အတူ ပူးတွဲထွက်ပေါ်လာသည်။ မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင် ပေါ်လာပြီး သူ၏ မျက်လုံးများတွင် အမုန်းတရားများ ပြည့်နှက်နေကာ ဝူယွမ်ကို ဟိန်းဟောက်လိုက်သည်။

“မင်း ငါဘုရင်ကို ဒီလောက်တောင် ညှဉ်းပန်းနှိပ်စက်တယ်ပေါ့၊ ဒီဘုရင် လွတ်မြောက်သွားတဲ့အခါ အဆတစ်ရာ၊ အဆတစ်ထောင် ပြန်ခံစား‌စေရမယ် ”

ကမ္ဘာသစ်ပင်၏ စွမ်းအင် စုပ်ယူမှုက သူ့ကို တဖြည်းဖြည်း မျှော်လင့်ချက်မဲ့စေခဲ့သည်။ သူ၏ မူလစွမ်းအား ဆုံးရှုံးမှုမှာ ကြောက်မက်ဖွယ်ကောင်းပြီး အဆုံးမရှိသော သွေးထွက်ခြင်းပမာ ဖြည်းဖြည်းချင်း သေဆုံးနေသည်ကိုသာ စောင့်ကြည့်နေရသည်။

ဝူယွမ်က ပြုံးကာ ပြောလိုက်သည်။

“မင်းကလွတ်မှာ မဟုတ်ပါဘူး၊ ဒါပေမယ့် မစိုးရိမ်ပါနဲ့ မင်းကို အဖော်ပြုဖို့ တခြား ဘုရင်တွေနဲ့ မင်းရဲ့ ဧကရာဇ်ကိုပါ ငါ ဖမ်းလာခဲ့မယ်၊ မင်း အထီးကျန်နေမှာ မဟုတ်ပါဘူး”

“ဟဲဟဲ မင်းတို့လို ပုရွက်ဆိတ်တွေက ငါ့ရဲ့ ဧကရာဇ်ရဲ့ စွမ်းအားကို ဘယ်လိုများ ထိနိုင်မှာလဲ၊ ငါ့ရဲ့ ဧကရာဇ် ဆင်းသက်လာတဲ့အချိန်က မင်းတို့ ပျက်စီးရမယ့် အချိန်ပဲ” မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်က ဝူယွမ်သည် သူ၏ ဧကရာဇ်ကို ဖမ်းဆီးနိုင်မည်ဟု မယုံကြည်ပေ။

“ဧကရာဇ်က သန့်ရှင်းသော မျိုးနွယ်စုရဲ့ အမြင့်မြတ်ဆုံး တည်ရှိမှုပဲ”

“မင်းနဲ့ စကားများနေဖို့ ငါမှာ အချိန်မရှိဖူး၊ ငါ ဒီကို လာတာ မင်းရဲ့ ဘဝမြင့်နေမှုကို ဖျက်စီး‌ပေးမလို့ပဲ၊ တစ်ယောက်ချင်း ချကြရအောင်၊ မင်း ငါ့ကို ကျေနပ်အောင် လုပ်ပေးနိုင်ရင် မင်းကို နာကျင်မှု အနည်းငယ် သက်သာအောင် အချိန်စောပီး လွှတ်ပေးနိုင်တယ်”

ဝူယွမ်က သူ၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားကို အစွမ်းကုန် ထုတ်လွှတ်လိုက်ရာ ကျယ်ပြောလှသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး အကျဉ်းထောင် လေဟာနယ် တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။ အကျဉ်းထောင် လေဟာနယ်ကို ဖိနှိပ်ထားသော တောင်တစ်လုံး ရုတ်တရက် ပေါ်လာသကဲ့သို့ပင်။ အကျဉ်းထောင် လေဟာနယ်အတွင်းရှိ မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်မှာ ရွှံ့ညွန်ထဲတွင် ပိတ်မိနေသကဲ့သို့ ခံစားလိုက်ရပြီး လှုပ်ရှား၍ မရနိုင်တော့ပေ။

“ဟွမ်ယွမ်၊ သူ့ရဲ့ ချည်နှောင်မှုတွေကို ဖြည်ပေးလိုက်” ဝူယွမ်က အမိန့်ပေးလိုက်ပြီး မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်ထံမှ အကိုင်းအခက် သံကြိုးများ အားလုံးကို ရုပ်သိမ်းရန် ဟွမ်ယွမ်ကို ပြောလိုက်သည်။

ချည်နှောင်မှုများ မရှိတော့သဖြင့် မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်မှာ နောက်ဆုံးတွင် အများကြီး သက်သာသွားသည်ဟု ခံစားလိုက်ရပြီး သူ၏ စွမ်းအားများ ပြန်လည်ရောက်ရှိလာသည်။ သို့သော်လည်း ဝူယွမ်၏ နတ်ဘုရားစွမ်းအား နယ်မြေအောက်တွင် သူ၏ စွမ်းအားများမှာ မယုံကြည်နိုင်လောက်အောင် နှေးကွေးစွာ လည်ပတ်နေကြောင်း သူ ထိတ်လန့်စွာ တွေ့ရှိလိုက်ရ၏။

“လာခဲ့ တိုက်ကြတာပေ့ါ ” ဝူယွမ်က ပြုံးကာ မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်ဆီသို့ လျှောက်သွားပြီး သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဖြင့် တိုက်ခိုက်လိုက်သည်။

“မင်းက ကိုယ့်သေလမ်းကိုယ်ရှာတာပဲ ”

မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်က လှောင်ပြုံးပြုံးလိုက်ပြီး သွေးဆာနေသော အကြည့်ဖြင့် ဝူယွမ်ကို စိုက်ကြည့်ကာ သူ၏ နောက်ကျောရှိ ရွှေရောင် မိစ္ဆာ အတောင်ပံများကို ခတ်ပြီး ပြေးဝင်လာလေသည်။

‌မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်က ဝူယွမ်တွင် ယခုအချိန်ထိ အသုံးမပြုရေးသော ဝှက်ဖဲများရှိ‌နေမည်ကို ဂရုမစိုက်တော့ပေ။ ကိစ္စများက ဤအခြေအနေသို့ ရောက်နေပြီဖြစ်သည်။ သေရမည်ဆိုလျှင်တောင် ဝူယွမ်ကို နာကျင်မှု အရသာကို ခံစားရစေရန် ပါးစပ်ဖြင့်ကိုက်ဖို့ အခွင့်အရးလေး တစ်ခုပင် ရရှိပါစေ ဝူယွမ်၏ အသားတစ်ဖဲ့ကို ကိုက်ဖြတ်ပစ်မည်ဖြစ်သည်။

“ဝုန်း ဝုန်း ဝုန်း...”

တိုက်ပွဲ၏ အသံများက အကျဉ်းထောင် လေဟာနယ် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များက ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုများကြောင့် စွမ်းအင် လှိုင်းဂယက်များကို ဖြစ်ပေါ်နေ၏။ အကျဉ်းထောင် လေဟာနယ်မှာ အကြိမ်ကြိမ် ကြေမွပျက်စီးသွားပြီး ဟွမ်ယွမ်က ပြန်လည် ပြုပြင်ပေးနေရသည်။

ဝူယွမ်က မဟာပြည့်စုံခြင်း နတ်ဘုရားတောင်တန်း ခန္ဓာကိုယ် စိတ်ကျေနပ်စွာ စမ်းသပ်ပီးနောက် တိုက်ခိုက်မှုကို ရပ်တန့်လိုက်၏။

ထိုနေ့က မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်မှာ သူ၏ မိစ္ဆာ ခန္ဓာကိုယ် ကြေမွလုနီးပါး ဖြစ်သွားသည်အထိ ရိုက်နှက်ခံလိုက်ရသည်။

ဝူယွမ်ကမူ အထိအခိုက် မရှိခဲ့ပေ။

မြေကမ္ဘာ မြေအောက်ကမ္ဘာ ဘုရင်က သူ့ကိုယ်သူ အထင်ကြီးလွန်းနေဆဲပင်။သူ၏ စွမ်းအား အထွတ်အထိပ်တွင် ရှိမနေခြင်း ကြောင့်သာ ဝူယွမ်ကို ရိုက်နှက်မှုကို ခံရသည်ဟု ထင်နေ၏။

လက်ရှိတွင်တော့သူသည် ဝူယွမ်၏ သဲအိတ်ကဲ့သို့ စွမ်းအားကို စမ်းသပ်ရန် ကိရိယာအဖြစ်သာ အသုံးပြုခံနေရသည်။

မဟာပြည့်စုံခြင်း နတ်ဘုရားတောင်တန်း ခန္ဓာကိုယ်၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းအားမှာ ပထမအဆင့် သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးနှင့် နှိုင်းယှဉ်နိုင်ကြောင်း အချက်အလက်များက သက်သေပြနေသည်။

အထွတ်အထိပ် ဘုရင်အဆင့် ကမ္ဘာခြားနတ်ဆိုး တစ်ကောင်ကို ရင်ဆိုင်ရချိန်တွင်ပင် သံသရာကပ်ဘေးကို ကျော်ဖြတ်ပြီးသော စစ်မှန်သော ဘုရင်တစ်ပါး မဟုတ်သရွေ့ ဝူယွမ် မကြောက်ရွံ့ပေ။

စွမ်းအား တိုးတက်လာမှုကြောင့် ဝူယွမ်၏ ယွမ်ဂိုဏ်းကို အောင်မြင်ရန် ယုံကြည်မှုလည်း ထပ်မံတိုးတက်လာပြန်သည်။

သဘောတူညီထားသော တစ်လပြည့်ရန် နေ့တစ်ပိုင်းသာ လိုတော့သည်။

ဝူယွမ်သည် ဆက်လက် မကျင့်ကြံတော့ဘဲ ဝါးမျိုခြင်း အလောင်းကောင်ကို သန့်စင်ရန် သွားရောက်ခဲ့သည်။

အချိန်အ‌တော်ကြာ စမ်းသပ်လေ့လာကြည့်ပီးနောက် ဝူယွမ်သည် အချို့သော မိစ္ဆာအလောင်းကောင်များ၏ ခန္ဓာကိုယ်များတွင် ဝါးမျိုခြင်း အလောင်းကောင်ကို သန့်စင်ရန် ပစ္စည်းများ ပါဝင်နေကြောင်း တွေ့ရှိခဲ့သည်။

ကံမကောင်းစွာဖြင့် အရေအတွက်မှာ နည်းလွန်းသဖြင့် စစ်မှန်သော ဝါးမျိုခြင်း အလောင်းကောင်နှင့် နှိုင်းယှဉ်နိုင်သော ရုပ်သေး တစ်ခုကို သန့်စင်ရန် မလုံလောက်ပေ။

သို့သော်လည်း ယခုတွင် ဝူယွမ်က ၎င်းကို ရှာတွေ့သွားပြီဖြစ်သည်။

မဟာရှေးဟောင်း ကျောက်တိုင်တွင် ပထမဆုံး ဖိနှိပ်ထားသော ကမ္ဘာခြားနတ်ဆိုး ဘုရင်နှင့် ကြီးမြတ်သော ကျောက်တိုင်အတွင်းမှ ဒုတိယမြောက် ကမ္ဘာခြားနတ်ဆိုး ဘုရင်တို့မှာ သူတို့၏ စွမ်းအင် အားလုံးနီးပါးကို ကမ္ဘာသစ်ပင်က စုပ်ယူထားပြီးဖြစ်သည်။ သူတို့သည် နောက်ဆုံးထွက်သက်ကို ရှူရှိုက်နေရပြီး ခုခံနိုင်စွမ်း လုံးဝ မရှိတော့ပေ။

သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ ဝါးမျိုခြင်း အလောင်းကောင်နှင့် လုံးဝ နှိုင်းယှဉ်နိုင်ပြီး တူညီမှုများစွာ ရှိနေ၏။

၎င်းက ဝူယွမ်၏ မျက်လုံးများကို တောက်ပသွားစေခဲ့ပြီး ဝါးမျိုခြင်း အလောင်းကောင်အတွက် ပစ္စည်းများကို ရှာဖွေရန် အဘယ်ကြောင့် ထိုမျှ ခက်ခဲရသည်ကို သူ နားလည်သွားခဲ့သည်။

“ဒီပစ္စည်းတွေက ကမ္ဘာခြားနတ်ဆိုးတွေဆီက လာတာပဲ။”

“ပြီးတော့ ဝါးမျိုခြင်း စွမ်းအားကသာ သူတို့ကို ဘာကြောင့် ထိန်းချုပ်နိုင်ရတာလဲဆိုရင် ခန္ဓာကိုယ်အတွင်းက ကမ္ဘာခြားနတ်ဆိုး စွမ်းအားက အရမ်း အစွမ်းထက်လွန်းပြီး ပစ္စည်းတွေနဲ့ ပေါင်းစပ်သွားလို့ပဲ။ အခြား စွမ်းအားတွေက အဲ့တာကို မထိန်းချုပ်နိုင်သလို ပေါင်းစပ်ဖို့ရာ မဖြစ်နိုင်ဘဲ ကမ္ဘာခြားနတ်ဆိုး စွမ်းအားရဲ့ တိုက်စားတာကိုတောင် ခံရလိမ့်မယ်။ ဝါးမျိုခြင်း စွမ်းအား တစ်ခုတည်းကသာ ကမ္ဘာခြားနတ်ဆိုး စွမ်းအားရဲ့ သက်ရောက်မှုကို မခံရနိုင်တာ”

ဝူယွမ်က ကစဉ်ကလျားထိန်းချုပ်ခြင်း ဓားအတတ်ကို အသုံးပြုပြီး သူ၏ မူလစိတ်ဝိညာဉ် ဓားသန္ဓေသားဖြင့် ကမ္ဘာခြားနတ်ဆိုး ဘုရင် နှစ်ကောင်ထံမှ ကျန်ရှိနေသော နတ်ဘုရားအသိစိတ် အားလုံးကို လုံးဝ ဖျက်ဆီးပစ်လိုက်ကာ သူတို့၏ ပြီးပြည့်စုံသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များကို ရယူလိုက်သည်။

ဤကမ္ဘာခြားနတ်ဆိုး ဘုရင် နှစ်ကောင်စလုံးမှာ စစ်မှန်သော ဘုရင်အဆင့်တွင် ရှိကြပြီး သံသရာကပ်ဘေးကို ကျော်ဖြတ်ပြီးသော ဒုတိယအဆင့် သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များနှင့် ယှဉ်တိုက်နိုင်သည်။

ဝူယွမ်သည် သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များကို အခြေခံအဖြစ် အသုံးပြုကာ ဝါးမျိုခြင်း အလောင်းကောင်အဖြစ် သန့်စင်လိုက်၏။

နောက်ဆုံးတွင် သံသရာအဆင့်ဝက် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးနှင့် နှိုင်းယှဉ်နိုင်သော စွမ်းအားရှိသည့် ရုပ်သေးရုပ် နှစ်ခုကို သူ ရရရှိခဲ့သည်။

ထို့အပြင် ယခင်က ကမ္ဘာခြားနတ်ဆိုး နယ်မြေမှ စုဆောင်းထားခဲ့သော ကမ္ဘာခြားနတ်ဆိုး စစ်သားများ၊ ကမ္ဘာခြားနတ်ဆိုး တပ်မှူးများနှင့် နတ်ဆိုးဗိုလ်ချုပ် အမြောက်အမြားလည်း ရှိနေသေးသည်။

ထိုအထဲတွင် ကမ္ဘာခြားနတ်ဆိုး စစ်သားများနှင့် ကမ္ဘာခြားနတ်ဆိုး တပ်မှူးများမှာ သိပ်ပြီး တန်ဖိုးမရှိပေ။ သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များမှာ နိဗ္ဗာန်အဆင့်နှင့် ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ဆန်းကြယ်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များကိုသာ ယှဉ်တိုက်နိုင်သည်။

ကမ္ဘာခြားနတ်ဆိုး တပ်မှူးများကို ဆန်းကြယ်ရှင်ခြင်းအဆင့်နှင့် ဆန်းကြယ်သေခြင်းအဆင့်ဝက် အစွမ်းထက်ပုဂ္ဂိုလ်များနှင့် ယှဉ်နိုင်သော ရုပ်သေးရုပ်များအဖြစ် သန့်စင်နိုင်သည်။

ဝူယွမ်က သူတို့ကို စိတ်မဝင်စားပေ။

ဗိုလ်ချုပ်အဆင့် ကမ္ဘာခြားနတ်ဆိုးများ၏ ခန္ဓာကိုယ်များမှာ များစွာ ပိုမို တန်ဖိုးရှိသည်။ ဝူယွမ်၏ သန့်စင်မှုအပြီးတွင် ရုပ်သေးအများစုမှာ ဝင်စားခြင်းအဆင့်ဝက် အစွမ်းထက်ပုဂ္ဂိုလ်များနှင့် ယှဉ်နိုင်ပြီး အချို့ရုပ်သေးများမှာ

စစ်မှန်သော ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များနှင့်ပင် ယှဉ်တိုက်နိုင်၏။

ထိုရုပ်‌သေးများ အထဲတွင်ဝူယွမ် သတ်ဖြတ်ပြီး ရုပ်သေးဖြစ် သန့်စင်လိုက်သော တိယွမ်ဇီ အပါအဝင် ဖြစ်သည်။

ခက်ခဲသောလုပ်ဆောင်မှုများပီးစီးသွားချိန်တွင် ဝူယွမ်သည် ကြီးမားသော အမြတ်အစွန်းများကို ရရှိခဲ့သည်။

အထွတ်အထိပ် ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်နိုင်သော ဝါးမျိုခြင်း အလောင်းကောင် နှစ်ခု၊ ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်နိုင်သော ရုပ်သေး ရုပ်သေးရုပ် လေးခု၊ ပြီးတော့ ဝင်စားခြင်းအဆင့်ဝက် အစွမ်းထက်ပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်နိုင်သော ရုပ်သေးရုပ် ဆယ့်နှစ်ခုပိုင်ဆိုင်ခဲ့၏။

ယခင်တစ်ခု အပါအဝင် ယခုအခါ ဝါးမျိုခြင်း အလောင်းကောင် သုံးခု ရှိလာပြီဖြစ်သော်လည်း အားနည်းချက်တစ်ခု ရှိနေ၏။၎င်းမှာ ဝါးမျိုခြင်း အလောင်းကောင်ကို ဝူယွမ်နှင့် လင်းတုန်တို့ နှစ်‌ယောက်သာ ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ဝူယွမ်သည် လောကမူလ နတ်ဘုရားသုံးပါးပွင့်ခြင်း ကျင့်စဉ်ကို ကျင့်ကြံထားသဖြင့် အလုပ်များစွာကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်ခဲ့ပီး တိုက်ပွဲတွင် ကောင်းကင် အလောင်းကောင် နှစ်ခုကို ထိန်းချုပ်ရန်မှာ ပြဿနာ မရှိတော့ပေ။

အခြား ရုပ်သေးရုပ်များကို ကောင်းကင် အက္ခရာသခင်ထက် စွမ်းအားမြင့်မားသူများထံ ဖြန့်ဝေပေးနိုင်၏။

ဤတစ်ကြိမ်တွင် ဝူယွမ် တစ်ယောက်တည်း သန့်စင်လိုက်သော ရုပ်သေးရုပ်များမှာ မီးနတ်ဘုရားနန်းတော် တစ်ခုလုံးနှင့် ညီမျှပေသည်။

All Chapters