← Chapters

အခန်း ၄၂၉

Vol. 43 Ch. 429

အခန်း ၄၂၉

Vol. 43 Ch. 429

အခန်း (၄၂၉) - ယွမ်ဂိုဏ်းကို တိုက်ခိုက်ခြင်း၊ ကျိုးထုံ ပေါ်လာခြင်း(၂)

လူရိပ် အနည်းငယ် တဖျပ်ဖျပ်လက်သွားပြီး ယွမ်ဂိုဏ်း အပြင်ဘက်တွင် ပေါ်လာကြသည်။ သူတို့က အချက်ပြ သင်္ကေတများ လာရာအရပ်သို့ မော့ကြည့်လိုက်ရာ အဝေးမှနေ၍ လူအုပ်ကြီး ပြေးဝင်လာသည်ကို မြင်တွေ့လိုက်ရသည်။

“ယွမ်ဂိုဏ်း၊ ဒီနေ့က မင်းတို့ရဲ့ အဆုံးသတ်ပဲ”

“သတ်”

ကျယ်ပြောလှသော လူအုပ်ကြီး ပေါ်လာသည်။

ထန်ရှင်းလျန်က မီးနတ်ဘုရား အစောင့်အရှောက်များကို ရှေ့မှ ဦးဆောင်လာပြီး ကောင်းကင်ယံသို့ ပျံတက်နေသော မီးတောက်များနှင့်အတူ ဧရာမ မီးဖီးနစ်ငှက်ကြီးတစ်ကောင် ပျံသန်းလာသကဲ့သို့ ဖြစ်နေသည်။

သူတို့၏ နောက်တွင် ကျန်းယွဲ့၊ ရှောင်ရှောင်၊ ရှန်ထူကျွယ်၊ ဝမ်ယန်နှင့် အခြားသူများက တောင်ဂိုဏ်းနှင့် မဟာရှေးဟောင်းဂိုဏ်း၏ တပည့်များကို ဦးဆောင်လာကြသည်။

ဤတပည့်များအားလုံးမှာ ခုနစ် ယွမ် နိဗ္ဗာန်အဆင့်အထက်တွင် ရှိကြပြီး အားလုံးက မိစ္ဆာအလောင်းကောင် ရုပ်သေးရုပ်များကို တပ်ဆင်ထားကြသည်။

တပည့်များအပြင် မိစ္ဆာသားရဲ စစ်တပ်တစ်ခုလည်း ရှိသေးသည်။

ရှေးဟောင်းကျောက်တိုင် လေဟာနယ်အတွင်း၌ ဝူယွမ် အညံ့ခံစေခဲ့သော အစွမ်းထက် မိစ္ဆာကျား၊ မီးသလင်းကျောက် မျောက်ဝံဘုရင်နှင့် အခြား မိစ္ဆာသားရဲများကလည်း စစ်တပ်တစ်ခုကို ဖွဲ့စည်းထားကြသည်။

သူတို့၏ တစ်ဦးချင်း စွမ်းအားမှာ သိပ်မစွမ်းထက်သော်လည်း သူတို့၏ အရေအတွက်မှာ အတော်လေး များပြားလှသည်။

ယွမ်ဂိုဏ်းတွင် တပည့်သန်းပေါင်းများစွာ ရှိသည်။ သူတို့ကို လွတ်မြောက်ခွင့် မပြုနိုင်ပေ။

အဝေးမှကြည့်လျှင် ယွမ်ဂိုဏ်းကို ကမ္ဘာခြားနတ်ဆိုး စွမ်းအင်များ လွှမ်းခြုံထားသည်ကို သူတို့ မြင်တွေ့နိုင်ပြီး စစ်မှန်သော မိစ္ဆာ အကျဉ်းထောင်တစ်ခု အမှန်တကယ် ဖြစ်လာခဲ့ပြီဖြစ်သည်။

“ငါ့ရဲ့ ယွမ်ဂိုဏ်းကို ဘယ်သူ ကျူးကျော်ရဲတာလဲ”

ဝူယွမ်နှင့် သူ့အဖွဲ့က ယွမ်ဂိုဏ်းဆီသို့ ပြေးဝင်သွားချိန်မှာပင် ယွမ်ဂိုဏ်းအတွင်းမှ အေးစက်သော အသံတစ်ခု ပဲ့တင်ထပ်လာပြီးနောက် ကျန်းတစ်ထောင်ခန့် ရှည်လျားသော အမည်းရောင် စွမ်းအင်တန်းတစ်ခု ပြင်းပြင်းထန်ထန် ပစ်လွှတ်ထွက်ပေါ်လာသည်။

မိုလော့က လှုပ်ရှားလိုက်ပြီး လာနေသော အမည်းရောင်စွမ်းအင်တန်းကို တန်ပြန်ရန် ဧရာမ မီးတောက် လှိုင်းကြီးတစ်ခုကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

“တျန်းယွမ်ဇီ ခွေးအိုကြီး၊ ရန်ယွမ်ဇီ ခွေးပေါက်လေး၊ မင်းတို့ ထွက်လာပြီး ငါ့ကို ကြိုမဆိုဘူးလား၊ ဒီသခင်လေးက သေနေတဲ့ ခွေးဖြစ်တဲ့ တိယွမ်ဇီကို မင်းတို့အတွက် ပြန်ခေါ်လာပေးတယ်” ဝူယွမ်က ယွမ်ဂိုဏ်း၏ နက်ရှိုင်းရာသို့ လှမ်းအော်လိုက်သည်။

သူ၏ အသံမှာ ကျယ်ပြောလှသော ယွမ်စွမ်းအင်များဖြင့် လွှမ်းခြုံထားသဖြင့် မိုးခြိမ်းသံပမာ ကောင်းကင်နှင့် မြေကြီး တစ်ခုလုံးတွင် မြည်ဟည်းသွားလေသည်။

တစ်ချိန်တည်းမှာပင် ဝူယွမ်က အင်္ကျီလက်စကို တစ်ချက် ခတ်လိုက်ရာ အမည်းရောင်အရိပ်တစ်ခု သူ့ ဘေးတွင် ပေါ်လာသည်။ ၎င်းမှာ တိယွမ်ဇီ၏ အလောင်းမှ သန့်စင်ထားသော ရုပ်သေးရုပ်ပင် ဖြစ်သည်။

“ငါ့ရဲ့ ယွမ်ဂိုဏ်းမှာ ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူရဲတဲ့ မင်းတို့တွေက ဘယ်သူတွေလဲ”

ယွမ်ဂိုဏ်း အကြီးအကဲတစ်ဦးက ပြင်းထန်စွာ ပြောလိုက်သည်။

“ဒါ မင်း စကား၀င်ပြောရမယ့် နေရာလား” လင်းတုန်က စိုက်ကြည့်ကာ ကောင်းကင်ပြာနဂါး လက်သီးတစ်ချက်ကို ထုတ်လွှတ်လိုက်သည်။

ချက်ချင်းပင် နဂါးဟိန်းဟောက်သံ အသံလှိုင်းတစ်ခု ပြန့်ကျဲထွက်ပေါ်လာပြီး ဆူပွက်နေသော နဂါးစွမ်းအားများ ပါဝင်ကာ လေဟာနယ်ကို ကြေမွပျက်စီးသွားစေပြီး ယွမ်ဂိုဏ်း အကြီးအကဲကို ပြင်းပြင်းထန်ထန် ရိုက်ခတ်သွားလေသည်။

ဆန်းကြယ်သေခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်တွင်သာ ရှိသေး ထိုအကြီးအကဲမှာ လင်းတုန်၏ လက်သီးချက်ကြောင့် တိုက်ရိုက် သေဆုံးသွားလေသည်။

“ဝူယွမ် ကောင်လေး၊ မင်းက မီးနတ်ဘုရားနန်းတော်ကိုတောင် ခေါ်လာတာပဲ၊ တကယ်ကို လည်တဲ့ကောင်ပဲ”

အသံတစ်ခု ထွက်ပေါ်လာပြီး မှောင်မိုက်သော ကမ္ဘာခြားနတ်ဆိုးစွမ်းအင်၏ အနက်ထဲမှ အမည်းရောင်အလင်းတန်းနှစ်ခု ပစ်လွှတ်ထွက်ပေါ်လာသည်။

နှစ်ဦးလုံးမှာ အမည်းရောင် ဝတ်ရုံများဖြင့် လွှမ်းခြုံထားကြသည်။ တစ်ဦးမှာ တိယွမ်ဇီနှင့် ဆင်တူသော မိစ္ဆာကောင်ဖြစ်သော်လည်း ဝူယွမ်က တျန်းယွမ်ဇီ၏ အရှိန်အဝါကို အာရုံခံနိုင်သဖြင့် သူသည်လည်း ကမ္ဘာခြားနတ်ဆိုး တစ်ကောင်ကို သိမ်းပိုက်ထားခဲ့ပြီး သူ၏ လက်ရှိ အသွင်အပြင်သို့ ရောက်ရှိသွားကြောင်း ညွှန်ပြနေသည်။

သို့သော်လည်း သူ့အရှိန်အဝါမှာ တိယွမ်ဇီထက် ပိုမိုအစွမ်းထက်ပြီး သံသရာအဆင့်သို့ ချဉ်းကပ်နေပြီဖြစ်သည်။

အခြားတစ်ဦးမှာမူ ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။ ၎င်းမှာ ထိုအချိန်က ဝူယွမ်၏ လေဟာနယ် နည်းလမ်းများဖြင့် ပို့ဆောင်ခြင်း ခံခဲ့ရသော ရန်ယွမ်ဇီဖြစ်သည်။ သူ ပြန်ရောက်လာပြီဖြစ်သည်။

“ဝူယွမ်၊ ဟိုတုန်းက ငါ့ကို မင်း နေရာမပြောင်းခဲ့ရင် မင်းတို့ အားလုံး ကမ္ဘာခြားနတ်ဆိုးမြို့တော်မှာ သေကုန်လောက်ပြီ၊ ဒါပေမယ့် ဒီနေ့ မင်းအသက်ကို မင်းကိုယ်တိုင် လာပို့ပေးမှတော့ မင်းတို့ တစ်ယောက်မှ ပြန်မသွားရဘူးဆိုတာကို ငါ သေချာအောင် လုပ်ပေးမယ်”

ရန်ယွမ်ဇီ၏ မျက်နှာအမူအရာ မှုန်ကုပ်သွားသည်။ သူ၏ ခန္ဓာကိုယ် လှုပ်ရှားမှုနှင့်အတူ လေဟာနယ်က လှိုင်းထသွားပြီး သူက ဝူယွမ်၏ ရှေ့တွင် တိုက်ရိုက် ပေါ်လာသည်။

သူက ဧရာမ လက်ကြီးတစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ပုံမှန်မဟုတ်လောက်အောင် သိပ်သည်းသော သံသရာအဆင့် စွမ်းအင်လှိုင်းတစ်ခု ပြန့်ကျဲထွက်ပေါ်လာသည်။

သူ၏ အရှိန်အဝါမှာ အားကောင်းလာခဲ့ပြီဖြစ်သည်။ သူ ၀င်စားခြင်းအဆင့် အလယ်အလတ်သို့ ဝင်ရောက်သွားပုံရသည်။

“အဘိုးကြီး၊ မင်း ၀င်စားခြင်းအဆင့် အလယ်အလတ်ကို ရောက်သွားရုံနဲ့ မင်းကိုယ်မင်း ကြီးကျယ်တယ်လို့ ထင်နေတာလား၊ မင်းကို ငါ ရိုက်နှက်ဦးမှာပဲ၊”

ဝူယွမ်၏ နတ်ဘုရားတောင်တန်း ခန္ဓာကိုယ်က တုန်ခါသွားပြီး ပြိုင်ဘက်၏ ဧရာမ လက်ကြီးကို တိုက်ရိုက် ရင်ဆိုင်လိုက်ကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ နတ်ဘုရားစွမ်းအားများ ဆူပွက်လာပြီး ရန်ယွမ်ဇီကို ရိုက်ခတ်သွားသော ဧရာမလက်သီးရာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။

ရန်ယွမ်ဇီမှာ လက်သီးချက်ကြောင့် လွင့်စင်သွားပြီး သူပမျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။ သူသည် ၀င်စားခြင်းအဆင့် အလယ်အလတ်တွင် ရှိနေပြီဖြစ်သော်လည်း ဝူယွမ်ကို အနည်းငယ်မျှပင် မရွေ့လျားနိုင်စေခဲ့ပေ။

“ခွေးပေါက်လေး၊ မင်း တစ်ယောက်တည်း တိုးတက်နေတာ မဟုတ်ဘူး” ဝူယွမ်က အေးစက်စက် လှောင်ပြောင်လိုက်သည်။

ဤရန်ယွမ်ဇီသည် ဝင်စားခြင်းအဆင့် အလယ်အလတ်သို့ ချိုးဖောက်ဝင်ရောက်လိုက်ရူံဖြင့် သူတို့ကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု ထင်မှတ်နေခဲ့သည်။

“သတိထား၊ ဒီကောင်လေးက အရမ်း ထူးဆန်းတယ်”

တျန်းယွမ်ဇီက တိယွမ်ဇီကို လှမ်းခေါ်လိုက်ပြီး သူ၏ မည်းနက်သော မျက်လုံးများက ဝူယွမ်နှင့် အခြားသူများအပေါ်သို့ စူးစိုက်နေသည်။

“ဟီးဟီးဟီး!”

တျန်းယွမ်ဇီက ကမ္ဘာခြားနတ်ဆိုးတစ်ကောင်နှင့် တစ်ထပ်တည်း တူညီသော ရယ်မောသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။

“ဒီနေ့ကို ငါ မျှော်လင့်နေတာ ကြာပြီ၊ ယင်းရွှမ်ဇီ၊ ဝူယွမ်၊ မင်းတို့က ငါ့ရဲ့ ယွမ်ဂိုဏ်းကို ဖျက်ဆီးချင်တယ်ဆိုရင် ဒီစမ်းသပ်မှုကို အရင်ကျော်ဖြတ်ရမယ်”

“ဒီနေ့ မင်းတို့အတွက် အချိန်အကြာကြီး ပြင်ဆင်ထားတဲ့ အံ့အားသင့်စရာတစ်ခုကို ငါတို့ ပြသပေးမယ်”

သူ့အသံ ဆုံးသွားသည်နှင့်တပြိုင်နက် တျန်းယွမ်ဇီက သူ၏ အင်္ကျီလက်စကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ သူ၏ ပတ်ဝန်းကျင်ရှိ လေဟာနယ်က လျင်မြန်စွာ လိမ်ကောက်သွားလေသည်။

အမည်းရောင် မြူခိုးများ ဆူပွက်လာသည်နှင့်အမျှ ဝေဝါးဝါး လူရိပ်တစ်ခု လေဟာနယ်မှ ဖြည်းညင်းစွာ ထွက်ပေါ်လာသကဲ့သို့ ဖြစ်နေသည်။

ဝူယွမ်နှင့် အခြားသူများ အားလုံး အနည်းငယ် မျက်မှောင်ကြုတ်သွားကြပြီး တျန်းယွမ်ဇီ၏ ရယ်မောသံကြောင့် သက်တောင့်သက်သာ မဖြစ်သလို ခံစားလိုက်ရသည်။

သူတို့က အကဲခတ်ကြည့်လိုက်ရာ လိမ်ကောက်နေသော လေဟာနယ်အတွင်း၌ ပုံမှန်မဟုတ်သော ထူးဆန်းသည့် စွမ်းအင်လှိုင်းတစ်ခုကို အာရုံခံမိလိုက်ကြသည်။

ဝီ၊ ဝီ။

လေဟာနယ် တုန်ခါသွားပြီး ခြေထောက်တစ်ဖက်က လိမ်ကောက်နေသော လေဟာနယ်မှ ထွက်လာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အမည်းရောင် မြူခိုးများက တဖြည်းဖြည်း မှေးမှိန်သွားပြီး သွယ်လျသော လူရိပ်တစ်ခုကို ဖော်ပြလိုက်သည်။

သူသည် အမည်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ် တစ်ခုလုံးကို အရိပ်ဖြင့် လွှမ်းခြုံထားသည်။

“ဒီနေ့ တောင်ဂိုဏ်းက လူတွေအများကြီး ဒီကို လာကြတာပဲ၊ မင်းတို့လည်း သူငယ်ချင်းဟောင်း တစ်ယောက်နဲ့ တွေ့သင့်တယ်” တျန်းယွမ်ဇီ၏ မျက်နှာမှာ ပို၍ပို၍ ကြောက်မက်ဖွယ်ကောင်းလာပြီး ထိုလူရိပ်ကို ပြုံးကာ ပြောလိုက်သည်။

ဖြူဖျော့နေသော လက်တစ်ဖက် သူ၏ အင်္ကျီလက်စမှ ထွက်ပေါ်လာပြီးနောက် ရေတွက်၍မရနိုင်သော မျက်လုံးများ၏ အကြည့်အောက်တွင် သူက အမည်းရောင် ဝတ်ရုံကို ဖြည်းညင်းစွာ ဆွဲချလိုက်သည်။

ဝတ်ရုံ ကျဆင်းသွားသည်နှင့်အမျှ ချောမောသော်လည်း သေလူပမာ ဖြူဖျော့နေသော လူငယ် မျက်နှာတစ်ခု လူတိုင်း၏ မျက်လုံးများရှေ့တွင် ပေါ်လာသည်။

“ဒါ ဘယ်သူလဲ”

ဝူယွမ်နှင့် မိုလော့တို့ အနည်းငယ် တွေဝေသွားကြသည်။

သို့သော်လည်း ချက်ချင်းပင် သူတို့နောက်ရှိ ယင်းရွှမ်ဇီနှင့် တောင်ဂိုဏ်းမှ အကြီးအကဲများ စတင်တုန်ယင်လာကြသည်။ အထူးသဖြင့် ယင်းရွှမ်ဇီဖြစ်သည်။

သူ့ မျက်နှာမှာ ပြာနှမ်းသွားပြီး ထိုလူရိပ်ကို လက်ညှိုးထိုးကာ သူ၏ လက်ချောင်းများ တုန်ယင်နေပြီး သူ၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသည်။

“ကျိုး... ကျိုးထုံ၊ မင်း အသက်ရှင်နေသေးတာလား”

တောင်ဂိုဏ်းမှ တပည့်များအားလုံးက လှမ်းကြည့်လိုက်ကြသည်။ ကျိုးထုံဆိုသော နာမည်နှင့် သူတို့ မစိမ်းကြပေ။

ခေတ်တိုင်းတွင် ထိုခေတ်နှင့် သက်ဆိုင်သော ဒဏ္ဍာရီများ ရှိတတ်သည်။ လွန်ခဲ့သည့် ရာစုနှစ်တစ်ခုခန့်က ကျိုးထုံသည် တောင်ဂိုဏ်းအတွင်းရှိ ဒဏ္ဍာရီဖြစ်ခဲ့ကြောင်း ထင်ရှားလှသည်။

သူသည် နက်နဲသော မဟာရှေးဟောင်း ကျမ်းစာကို နားလည်သဘောပေါက်ခဲ့ပြီး တောင်ဂိုဏ်း တပည့်များကို ဦးဆောင်ကာ ဂိုဏ်းများ ညီလာခံတွင် ယွမ်ဂိုဏ်းနှင့် ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ခဲ့သည်။

နောက်ဆုံးတွင် သူသည် ယွမ်ဂိုဏ်းကို တစ်ယောက်တည်းပင် သွားရောက်တိုက်ခိုက်ခဲ့ပြီး သေဆုံးသွားခဲ့သော်လည်း အရှေ့ဘက်ရွှမ်ဒေသတွင် ထင်ရှားသော မှတ်တိုင်တစ်ခု ချန်ထားနိုင်ခဲ့သည်။ ဤနာမည်ကို တောင်ဂိုဏ်း တပည့်အားလုံး၏ စိတ်နှလုံးထဲတွင် ထာဝရ ထွင်းထုထားခဲ့သည်။

သူသည် တောင်ဂိုဏ်း တပည့်အားလုံး ကျော်လွှားရန် ရည်ရွယ်ထားသော မြင့်မားသည့် တောင်ကြီးတစ်တောင်ဖြစ်သည်။

ဝူယွမ်သည် ဆူညံနေသော တောင်ဂိုဏ်း တပည့်များကို ကြည့်လိုက်ရာ သူ၏ မျက်ခုံးများလည်း အနည်းငယ် ကြုတ်သွားလေသည်။

သူတို့ တောင်ဂိုဏ်းသို့ ပထမဆုံးဝင်ရောက်စဉ်က သူတို့အားလုံးက ဤစီနီယာအစ်ကို ကျိုးထုံကို သူတို့ ကျော်လွှားလိုသော ပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်ထားခဲ့ကြသည်။

ယင်းရှောင်ရှောင်၊ ယင်းဟွမ်ဟွမ်၊ ဝမ်ယန်နှင့် အခြား တောင်ဂိုဏ်း၏ မျိုးဆက်သစ်တပည့်များအားလုံးက ကျိုးထုံကို ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်နေကြသည်။

ယင်းရွှမ်ဇီ၏ ခန္ဓာကိုယ်မှာ အဆက်မပြတ် တုန်ယင်နေပြီး သူ့မျက်လုံးများထဲရှိ ခံစားချက်များ လျင်မြန်စွာ ပြောင်းလဲနေသည်။ ဤအချိန်တွင် သူ၏ စိတ်နှလုံးထဲရှိ လှုပ်ခတ်မှုမှာ အလွန် ပြင်းထန်လွန်းလှပြီး သူ၏ရှေ့ရှိ မြင်ကွင်းက သူ့ကို ကြီးမားသော တုန်လှုပ်မှုတစ်ခု ပေးစွမ်းခဲ့ကြောင်း ထင်ရှားလှသည်။

‘ဒါက ငါအချစ်ဆုံး တပည့်ပဲ'

ကျိုးထုံ၏ သေဆုံးမှုက ယင်းရွှမ်ဇီအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့သည်။

ယခု ကျိုးထုံကို ပြန်လည်မြင်တွေ့ရသော်လည်း သူသည် ရန်သူ၏စခန်းဘက်တွင် ရပ်တည်နေသည်။ ယင်းရွှမ်ဇီမှာ နှလုံးကွဲကြေသွားပြီး ဘာဖြစ်ခဲ့သည်ကို နားမလည်နိုင်အောင် ဖြစ်နေသည်။

တျန်းယွမ်ဇီက တောင်ဂိုဏ်းမှ လူများကို လှောင်ပြုံးပြုံးကာ ကြည့်ပြီး ပြောလိုက်သည်။

“ဟဲဟဲ၊ တကယ့်ကို ကြည်နူးစရာ မြင်ကွင်းလေးပဲ၊ ယင်းရွှမ်ဇီ၊ မင်းဘဝမှာ အအောင်မြင်ဆုံး တပည့်၊ ရေတွက်လို့မရနိုင်တဲ့ တောင်ဂိုဏ်း တပည့်တွေရဲ့ စိတ်နှလုံးထဲက ဒဏ္ဍာရီက အခု ငါတို့ ယွမ်ဂိုဏ်းရဲ့စခန်းမှာ ရပ်နေပြီလေ၊ ရယ်စရာမကောင်းဘူးလား”

All Chapters