အခန်း ၄၃၀
Vol. 43 Ch. 430
အခန်း (၄၃၀) - လေဟာနယ် ဘိုးဘေးအဆောင်(၁)
ကျိုးထုံက ယွမ်ဂိုဏ်းဆီ ဘက်ပြောင်းပြီး တောင်ဂိုဏ်းကို သစ္စာဖောက်ခဲ့တာလား။
တျန်ယွမ်ဇီ၏ စကားများက တောင်ဂိုဏ်းမှ လူတိုင်းကို အံ့အားသင့်သွားစေသည်။ ချောမောပီး ရင့်ကျက်တည်ငြိမ်ဟန်ရသော တျန်ယွမ်ဇီ၏ မျက်နှာကို လူတိုင်း တိတ်ဆိတ်စွာဖြင့် ကြည့်နေကြ၏။
ကျိုးထုံက တကယ်ပဲ သစ္စာဖောက်ခဲ့တာလား။
ယင်းရွှမ်ဇီ၏ ခန္ဓာကိုယ်မှာ တုန်ယင်လာခဲ့ပီး ရှုပ်ထွေးသော ခံစားချက်များ လွှမ်းမိုးနေကာ အားနည်းသော အသံဖြင့်
“ဘာလို့လဲ ၊ ဘာဖြစ်လို့လဲ ကျိုးထုံ မင်းက ဘယ်လိုလုပ်ပြီး တောင်ဂိုဏ်းကို သစ္စာဖောက်နိုင်ရတာလဲ” ယင်းရွှမ်ဇီ၏ အသွင်အပြင်မှာ ထိုခနအတွင်း ဆယ်စုနှစ်တစ်ခုစာလောက် အိုမင်းသွားသကဲ့ အားအင်ကုန်ခမ်းကာ ယိုင်လဲတော့မလို ဖြစ်သွားသည်။ ယင်းရှောင်ရှောင်က အလျင်အမြန် ထိန်းထားလိုက်ပြီး တောင်ဂိုဏ်း တပည့်များမှာမူ ထိုမြင်ကွင်းကို တွေဝေစွာဖြင့် ကြည့်နေကြ၏။
“ဂိုဏ်းချုပ်ကြီး၊ စိတ်မလှုပ်ရှားပါနဲ့ဦး”
“အဲဒါက စီနီယာ အစ်ကို ကျိုးထုံ မဟုတ်တော့တာလည်း ဖြစ်နိုင်ပါတယ်၊ တိယွမ်ဇီကို ကျတော် ထိန်းချုပ်နေသလိုမျိုး ကျိုးထုံကိုလည်း တျန်ယွမ်ဇီရဲ့ထိန်းချုပ်ခံနေရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါက စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြိုကွဲစေတဲ့ တိုက်ခိုက်မှုပဲ ၊ သူ့အလိုကျ လွှမ်းမိုးခွင့် မပေးလိုက်နဲ့”
ဝူယွမ်၏ မျက်လုံးများက ကျိုးထုံအပေါ်တွင် စူးစိုက်နေသည်။ ထို့နောက် ဘေးရှိ အမည်းရောင်ဝတ် လူရိပ်ကို ရှေ့သို့ တစ်လှမ်း တိုးရန် ထိန်းချုပ်လိုက်သည်။
“တျန်ယွမ်ဇီ၊မင်းအနေနဲ့အောင်ပွဲခံဖို့က စောလွန်းပါသေးတယ်။ မင်းက ကျိုးထုံကို ထိန်းချုပ်ထားနိုင်ကောင်း ထိန်းချုပ်ထားနိုင်လိမ့်မယ်၊ ဒါပေမယ့် မင်းတို့ ယွမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး တိယွမ်ဇီကတော့ ငါတို့ တောင်ဂိုဏ်းဆီကို ဘက်ပြောင်းဖို့ ရွေးချယ်လိုက်ပြီ”
“ထပ်ပြောရရင် ယွမ်ဂိုဏ်းက မိစ္ဆာ မျိုးနွယ်စုရဲ့ နယ်မြေ ဖြစ်လာတာ၊ ဂိုဏ်းတစ်ခုလုံးကို မိစ္ဆာ မျိုးနွယ်စုက သိမ်းပိုက်ထားတာ၊ ပြီးတော့ မင်းတို့က ထျန်းရွှမ်တိုက်ကြီးကို သစ္စာဖောက်ခဲ့တာတွေအားလုံး ငါ့ကို ပြောခဲ့တာက မင်းရဲ့ ဂိုဏ်းချုပ်ကြီး တိယွမ်ဇီပဲ”
စကားပြောနေစဉ် တိယွမ်ဇီကို လွှမ်းခြုံထားသော အမည်းရောင် ဝတ်ရုံကို ဆွဲခွာလိုက်ရာ တိယွမ်ဇီနှင့် ဆင်တူသော မျက်နှာတစ်ခု ရှိသော်လည်း ယခုအခါ အမည်းရောင် မိစ္ဆာပုံစံများဖြင့် ဖုံးလွှမ်းနေသော မိစ္ဆာကောင်နှင့် ဆင်တူနေ၏။
“တိယွမ်ဇီ၊ ဒူးထောက်စမ်း”
ဝူယွမ်က ခပ်သဲ့သဲ့ပြုံးကာ အမိန့်ပေးလိုက်သည်။
တိယွမ်ဇီ၏ အလောင်းမှ သန့်စင်ထားသော ရုပ်သေးရုပ်က ခွေးတစ်ကောင်လို ဘေးတွင် ချက်ချင်း ဒူးထောက်လိုက်ပြီး ဝူယွမ်က ၎င်း၏ ခေါင်းကို အားရပါးရ ပွတ်သပ်လိုက်သည်။
စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများအတွက် ဝူယွမ်တွင် ယွမ်ဂိုဏ်းထက် ပိုကောင်းသော နည်းလမ်းများစွာ ရှိ၏။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဂိုဏ်းချုပ်ကြီး တိယွမ်ဇီက တောင်ဂိုဏ်းဆီကို ထွက်ပြေးသွားတာလား”
“ဘာလို့ ဂိုဏ်းချုပ်ကြီးက ပုန်ကန်ရတာလဲ”
“သူက ဝူယွမ်ရဲ့ အမိန့်ကို တကယ် နာခံနေတာပဲ”
“တိယွမ်ဇီက သေဖို့ ထိုက်တန်တယ်”
ယွမ်ဂိုဏ်း တပည့်များမှာ သူတို့၏ အမြင့်မြတ်ဆုံး ဂိုဏ်းချုပ်ကြီးက တခြားသူတစ်ယောက်၏ ပေါ့ပေါ့ပါးပါး အမိန့်ပေးခြင်းကို ခံရသည့် ကျွန်တစ်ယောက် ဖြစ်လာသည်ကို မြင်သောအခါ ပို၍ပင် မတည်မငြိမ် ဖြစ်သွားကြသည်။
မိစ္ဆာမျိုးနွယ်စု၏ စနစ်ကို ကူးယူထားသည့် စီမံခန့်ခွဲမှုပုံစံကြောင့် ယွမ်ဂိုဏ်းအတွင်း အဆင့်အတန်းများကို အထက်အောက် အဆင့်ဆင့် တင်းကြပ်စွာ ခွဲခြားထားသော စနစ်ရှိ၏။
ကောင်းကင်၊ မြေကြီးနှင့် လူသား ဟူသော ယွမ်သားတော် သုံးဦးသည် ယွမ်ဂိုဏ်း တပည့်များ၏ စိတ်နှလုံးထဲတွင် နတ်ဘုရားများသဖွယ် ဖြစ်သည်။
သို့သော် ယခုတွင် ထိုနတ်ဘုရားသဖွယ် တည်ရှိမှုက ရန်သူ့အင်အားစုအတွက် ခွေးတစ်ကောင် ဖြစ်လာခဲ့၏။
ယွမ်ဂိုဏ်း တပည့်များက ဤမြင်ကွင်းကို လုံးဝ မယုံကြည်နိုင်ခဲ့ပေ။
ဤကိစ္စ၏ ယွမ်ဂုဏ်း အပေါ် ရိုက်ခတ်မှုက ကြီးမားလွန်းလှသည်။
ယွမ်ဂိုဏ်း၏ သာမန်ဂိုဏ်သားများမှာ နတ်ဘုရားသဖွယ် တည်ရှိသော သူတို့၏ဂိုဏ်းချုပ်ကြီး တိယွမ်ဇီမှာ ပြိုင်ဘက်၏ ထိန်းချုပ်မှုအောက်ရောက်သွားပြီး ရုပ်သေးရုပ် တစ်ခု ဖြစ်သွားမည် လက်ခံနိုင်မည်မဟုတ်ပေ။
မည်သို့ပင်ဆိုစေ သံသရာအဆင့်နှင့် နီးစပ်သော တည်ရှိမှု တစ်ခုဖြစ်ပြီး လောကတွင် ထိပ်တန်း အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်က ရန်သူ၏ ထိန်းချုပ်မှုကို မည်သို့ဖြင့် ခံရနိုင်မည်နည်း။
ထို့ပြင် ပြိုင်ဘက်မှာ ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်မျှသာ ဖြစ်သည်။
အကယ်၍ တစ်ခြားသူတစ်ယောက်က စကားဖြင့်သာ လာရောက်ပြောဆိုပါက မည်သူမျှ ယုံကြည်မည်မဟုတ်ပဲ ဟားတိုက်ရီကြမည်ဖြစ်၏။
ယခုတွင်တော့ ယွမ်ဂိုဏ်း တပည့်များမျက်မြင် ကိုယ်တွေ့ ကြုံနေရခြင်းဖြစ်၏။
ဂိုဏ်းချုပ်ကြီးတောင် ဘက်ပြောင်းသွားပြီဆိုလျှင် ဤတပည့်များက ဘယ်သူ့အတွက် တိုက်ခိုက်ပေးရမည်နည်း။
“တိယွမ်ဇီ...”
“ဝူယွမ်၊ မင်းက တကယ်ကို ရက်စက်တာပဲ”
တျန်ယွမ်ဇီ၏ မျက်နှာက အလွန်တရာ မှုန်ကုပ်သွားသည်။ တိယွမ်ဇီ သေဆုံးသွားပြီးနောက် ဝူယွမ်က အလောင်းကို ရုပ်သေးရုပ်အဖြစ် သန့်စင်ရန် အသုံးပြုလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။
“ကျိုးထုံ ငါ့အတွက် သူတို့ကို သွားသတ်စမ်း” တျန်ယွမ်ဇီက ဒေါသတကြီး
အော်ပြောလိုက်သည်။
ကျိုးထုံမျက်စိထဲတွင် အမည်းရောင် အလင်းတန်းတစ်ခု လျှပ်တပြက်လျှပ်သွားကာ ရှေ့ကို တစ်လှမ်း တိုးလိုက်ပြီး ဝူယွမ်ဆီသို့ ပြေးဝင်သွားသည်။
“စီနီယာ အစ်ကို ကျိုးထုံ၊ အကိုကျိုးမှာ အသိတရား အနည်းငယ် ကျန်ရှိနေသရွေ့ တောင်ဂိုဏ်းကို တကယ် သစ္စာဖောက်မှာ မဟုတ်ဖူးဆိုတာ ကျတော် သိပါတယ်။ အခုတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူး၊ အကိုကျိုး ဒီရက်ပိုင်းမှာ တစ်ခြားသူတွေထက် များစွာ နာကျင်ခံစားခဲ့ရပြီ ”
ဝူယွမ်က ပြေးဝင်လာသည့် ကျိုးထုံကို ကြည့်ပြီး မည်သည့် အစွမ်းထက် တိုက်ခိုက်ရေး နည်းလမ်းကိုမျှ မသုံးခဲ့ပေ။ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ဖြင့် အနီးကပ် တိုက်ခိုက်ခဲ့ပီး တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်၏ အနက်ရှိုင်းဆုံး နေရာ၌ ဝိညာဉ် အသိစိတ် အနည်းငယ်မျှ ကျန်ရှိနေဦးမလား မျှော်လင့်ချက်ဖြင့် အသိတရားကို နိုးထလာစေရန် ဝိညာဉ်စွမ်းအင်ဖြင့် အသံတစ်ခု ပို့လွှတ်လိုက်သည်။
ကျိူးထုံ၏ ခန္ဓာကိုယ်မှာ ခဏမျှ တောင့်တင်းသွားလေသည်။ သူသည် ဝူယွမ်အား စိုက်ကြည့်ပီး စကားတစ်ခွန်းမျှ မဆိုသော်လည်း တည်ငြိမ်လှသော သူ၏ မျက်ဝန်းအစုံတွင် လှုပ်ခတ်သွားသည့် စိတ်ခံစားမှု အရိပ်အယောင်တစ်ခုကို မြင်တွေ့လိုက်၏။
“ဘယ်လိုအခြေအနေမျိုးကိုပဲ ရောက်နေပါစေ၊ လွန်ခဲ့တဲ့ နှစ်တစ်ရာက ဓားတစ်လက်တည်းနဲ့ ယွမ်ဂိုဏ်းကို တစ်ယောက်တည်း တိုက်ခိုက်ရဲခဲ့တဲ့ စီနီယာ အစ်ကို ကျိုးထုံကို ငါတို့ တောင်ဂိုဏ်း တပည့်တွေက ထာဝရ သတိရနေမှာပါ။ အခု အခြေအနေက စီနီယာရဲ့ ကိုယ်ပိုင် ဆန္ဒအရ မဟုတ်ဘူးဆိုတာကိုလည်း ကျနော်တို့ သိပီးသားပါ”
ဝူယွမ်က ကျိုးထုံ၏ ခန္ဓာကိုယ်အတွင်းရှိ အသိစိတ် ဝိညာဉ်နိုးလာနိုင်ရန် စကားသံများ ဆက်တိုက် ပို့လွှတ်နေခဲ့သည်။ ကျိုးထုံတွင် ဝိညာဉ် အကြွင်းအကျန်တစ်ခု ရှိနေသေးပြီး ၎င်းကို နိုးထလာစေမှသာ ကယ်တင်ရန် မျှော်လင့်ချက် ရှိနိုင်သည်။
“ဆရာ...”
ကျိုးထုံက ယင်းရွှမ်ဇီကို ကြည့်ပြီး ဩရှရှ အသံဖြင့် ရုတ်တရက် ခေါ်လိုက်သည်။ နောက်ဆုံးလက်ကျန် ခွန်အားကို အသုံးပြုလိုက်ရသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားနေရပြီး ထိုစကားလုံး နှစ်လုံးကို ပြောရန်ပင် အတော်လေး ကြိုးစားကာ ပြောလိုက်ရ၏။
“ထုံအာ...” ယင်းရွှမ်ဇီ ရင်ထဲတွင် ခံစားလိုက်ရပြီး မျက်ရည်များ ချက်ချင်းစီးကျလာသည်။ အကြီးဆုံး တပည့်ဖြစ်ရုံသာမက သားအရင်းတစ်ယောက် ကဲ့သို့ သဘောထားရသည့် ဤလူငယ်လေးမှာ လွန်ခဲ့နှစ်အနည်းငယ်အတွင်း ဆင်းရဲဒုက္ခမျိုးစုံ ခံစားခဲ့ရရှာလေသည်။
ဤကဲ့သို့ တစ်ခြားသူ၏ ထိန်းချုပ်မှုကိုခံနေရသော အခြေအနေများအောက်တွင် ခက်ခဲစွာဖြင့် သတိအနည်းငယ် ပြန်ဝင်လာခြင်းမှာ သူ့၏ ဆရာကိုရင်ထဲတွင် နက်ရှိုင်းစွာ
ရိုသေမှတ်သားထားခြင်းကြောင့်ဖြစ်သည်။
“မင်း သူ့ကို တကယ်ပဲ ဘာလုပ်လိုက်တာလဲ” ယင်းရွှမ်ဇီက တျန်းယွမ်ဇီကို ကြမ်းကြုတ်စွာကြည့်ရင်း ဒေါသပုံထနေသော အသံဖြင့် အော်ပြောလိုက်သည်။
ကျိုးထုံ ဆင်ခြင်တုံတရား အနည်းငယ် ပြန်ရနိုင်သေးသည်ကို မြင်သောအခါ တျန်ယွမ်ဇီက အနည်းငယ် မျက်မှောင် ကြုတ်လိုက်ပြီး ကျိုးထုံကို တစ်ချက်ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
အင်္ကျီလက်စကို တစ်ချက် ခတ်လိုက်ရာ ကျိုးထုံ၏ ရုန်းကန်နေသည့် ခန္ဓာကိုယ်က ဖြည်းညင်းစွာ တောင့်တင်းသွားပြီး မျက်နှာပေါ်တွင် ပေါ်လာသော ခံစားချက်အသိတရားများလည်း ပြန်လည်ပြောက်ကွယ်သွားပီး ထိန်းချုပ်ခံထားရသည့် ရုပ်သေးရုပ်ကဲ့သို့ ပြန်ဖြစ်သွား၏။
“မင်းရဲ့ ဒီတပည့်က တစ်ကယ်ကို တွေ့ရခဲတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အရမ်းကိုကောင်းတဲ့ သူမျိုးပဲ။ နှစ်ပေါင်းတစ်ရာကြာအောင် တိုက်စားခံရပြီးတဲ့နောက်မှာတောင် ဝညာဉ်အသိစိတ်အနည်းငယ် ကျန်ရှိနေတုန်းပဲ။ ဟဲဟဲ တစ်ကယ်တော့ငါ့က ဘာမ မလုပ်ခဲ့ပါဘူး။ ဒီလောက် ကောင်းတဲ့ မျိုးစေ့လေးကို ဖြုန်းတီးပစ်ရမှာ နှမြောလို့ သူ့ရဲ့ သစ္စာခံမှုကို တောင်ဂိုဏ်းကနေ ငါတို့ ယွမ်ဂိုဏ်းဆီ ပြောင်းဖို့ပဲ ကူညီပေးလိုက်တာပါ” တျန်ယွမ်ဇီက လှောင်ပြောင်လိုက်သည်။
“ကျိုးထုံ၊ သွား သူတို့ကို သတ်လိုက်”
“ဝုန်း”
တျန်ယွမ်ဇီ၏ အမိန့်ပေးလိုက်သည်နှင့် ကျိုးထုံမှာ ယင်းရွှမ်ဇီ၏ ရှေ့တည့်တည့်တွင် တစ္ဆေတစ်ကောင်လို ပေါ်လာ၏။ လက်ဖဝါးချင်းယှဉ်တိုက်မိသွားရာ လေဟာနယ်က ပြင်းပြင်းထန်ထန် လိမ်ကောက်သွားပြီး မမြင်ရသည့် လေဟာနယ်က တိုက်ခိုက်မှုနှစ်ခုအောက် တွင် အစိုင်အခဲ ဖြစ်သွား၏။
ကျိုးထုံ၏ တိုက်ခိုက်မှုက အလွန်ကြမ်းတမ်းပီး လေဟာနယ်ကို အလွယ်တကူ ထိုးဖောက်သွားနိုင်၏။
လက်ဖဝါးခြင်းယှဥ်တိုက်နေစဉ် လက်ကိုပြောင်းပြန်လှန်လိုက်ပီး လက်သည်းများဖြင့် ယင်းရွှမ်ဇီ၏ ခေါင်းဆီသို့ လှမ်းဆွဲကုတ်လိုက်လေ၏။ ကျိုးထုံ၏ တိုက်ခိုက်မှုများမှာ သတ်ဖြတ်ရေး စက်ရုပ် တစ်ခုကဲ့သို့ ရက်စက်လှသည်။
“သူ့ကို ငါ့စီ လွှဲထားလိုက်၊ တစ်ယောက်မှ ဝင်မပါနဲ့”
ဝူယွမ်က အော်ဟစ်လိုက်ပြီး ရှင်းအက္ခရာလျှို့ဝှက်ချက်ကို အလျင်အမြန် အသက်သွင်းကာ ယင်းရွှမ်ဇီ၏ ရှေ့တွင် မျက်စိတစ်မှိတ်အတွင်း ပေါ်လာ၏။ ခရမ်းရွှေရောင် လက်ဖဝါးက ကျိုးထုံ၏ လက်ဖဝါးနှင့် ဝင်တိုက်မိပြီး အလင်းတန်း နှစ်ခုကလည်း ဝင်တိုက်မိသည်။ အလွန်အမင်း ပြင်းထန်သော စွမ်းအင်များကြောင့် ပတ်ဝန်းကျင်ရှိ လေဟာနယ်က လျင်မြန်စွာ ပြိုကျသွားသည်။
ကျိုးထုံ၏ အရိပ်က တဖျက်ဖျက် လင်းလက်သွားပြီး နောက်တွင် ပေါ်လာ၏။
“လေဟာနယ် ဘိုးဘေးအဆောင်”
ဤအချိန်တွင် ဝူယွမ်၊ လင်းတုန်၊ မိုလော့နှင့် ချင်းကျီတို့ အားလုံး လေဟာနယ် ဘိုးဘေးအဆောင်၏ လှုပ်ရှားမှုများကို ခံစားမိလိုက်ကြသည်။
“လေဟာနယ် ဘိုးဘေးအဆောင်က အရင်တုန်းက ကျိုးထုံဆီမှာ ရှိခဲ့တာ” ဟွမ်က ဝူယွမ်ဆီသို့ စိတ်ချင်းဆက်သွယ်လိုက်သည်။
မဟာရှေးဟောင်း ကျမ်းစာကို ကျိုးထုံဆီ ယခင်က အဘယ်ကြောင့် လက်ဆင့်ကမ်းပေးခဲ့သနည်းဟူသော အကြောင်းရင်းမှာ ကျိုးထုံတွင် ဘိုးဘေးအဆောင် ရှိနေ၍ဖြစ်သည်။
သို့သော်လည်း နောက်ပိုင်းတွင် ကျိုးထုံကို ဆက်မစောင့်နိုင်တော့ပေ။
တျန်ယွမ်ဇီ “ဟဲဟဲ၊ မင်းတို့ သတိထားမိသွားပြီပေါ့လေ”
“သံသရာအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်တောင် လေဟာနယ် ဘိုးဘေးအဆောင်ကို ပိုင်ဆိုင်ထားတဲ့ ကျိုးထုံကို သတ်ဖို့ ခက်ခဲလိမ့်မယ်။ ဒီနေ့ တောင်ဂိုဏ်းရဲ့ အတွင်းရေး အားပြိုင်မှုမှာ လွန်ခဲ့တဲ့ နှစ်တစ်ရာက ပါရမီရှင်က ပိုအစွမ်းထက်မလား၊ ဒါမှမဟုတ် နှစ်တစ်ရာကြာပြီးနောက်ထွက်ပေါ်လာသော ပါရမီရှင်အသစ်က ပိုအစွမ်းထက်မလား ဆိုတာ ကြည့်ကြတာပေါ့”