← Chapters

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း (၁၇၆) တတိယမင်းသား ထွက်ပေါ်လာခြင်း

“အမတ်ဝမ်... ကျွန်မစကားကို မယုံဘူးလား...”

ယွင်ဟွားသည် သူမ၏ လက်ချောင်းများဖြင့် ဆက်လက်ရေတွက်နေပြီး ဝမ်ချန်ယို၏ အံ့အားသင့်နေသော မျက်နှာကိုကြည့်ကာ မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်လေသည်။

သေခြင်းရှင်ခြင်းစာအုပ်က ချက်ချင်းပင် ခါးထောက်လိုက်ပြီး ဒေါသတကြီး စိုက်ကြည့်နေတော့၏။

“ဟမ့်”

“နင်က မယုံဘူးလား... ငါ့ရဲ့ ပန်းကလေးက ဒီညမှာ နင့်အတွက် အံ့သြစရာ လက်ဆောင်ကြီးတစ်ခု ပေးလိမ့်မယ်... သရဲပေါက်စလေးတွေက နင့်ရဲ့ ကုတင်ရှေ့မှာ ကပြကြလိမ့်မယ်…”

“စာအုပ်လေး... သရဲပေါက်စလေးတွေက အသုံးမဝင်ဘူး... ငါက ဝိညာဉ်ချည်နှောင်ကြိုးကို ဆွဲထုတ်ပြီး အငြိုးအတေးတစ္ဆေတွေကို ဖမ်းပေးမယ်... အနီရောင်ဝတ်စုံ ဝတ်ထားပြီး ဆံပင်ရှည်ရှည်နဲ့ လျှာထွက်နေတဲ့ အကောင်မျိုးတွေလေ…”

တရားသူကြီး၏စုတ်တံက အလွန်ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထား ရှိနေ၏။ ၎င်းသည် သက်တမ်းများကို ထင်သလို ရေးဆွဲ၍မရသော်လည်း တစ္ဆေများကို ဖမ်းဆီးကာ သေလောက်အောင် ခြောက်လှန့်နိုင်စွမ်း ရှိလေသည်။

ဝမ်ချန်ယိုသည် မိမိကိုယ်ကို သတိမလစ်စေရန် နှာခေါင်းအောက်ကို ဖိနှိပ်ထားလိုက်ပြီး သူ၏ အသံမှာ အနည်းငယ် တုန်ယင်နေလေသည်။

“ကျွန်တော် ယုံပါပြီ...”

ယွင်ဟွားက ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။

“အမတ်ဝမ်ရဲ့ စိတ်ထဲမှာ ဗလာကျင်းနေပြီး တစ်ခုခုကို မေ့နေသလိုမျိုး ခံစားနေရလား...”

ဝမ်ချန်ယိုက သက်ပြင်းတစ်ချက် ချလိုက်လေသည်။

သူသည် အမြင့်ဆုံးပလ္လင်ပေါ်ရှိ ဧကရာဇ်ဝမ်ရွှမ်းကို ခိုးကြည့်လိုက်ရာ ထိုအေးစက်သော မျက်လုံးများက သူ၏ဆီသို့ စူးစိုက်ကြည့်လာသောအခါ မျက်ရည်များဝဲကာ ခေါင်းညိတ်ပြရုံသာ တတ်နိုင်တော့၏။

“မှန်ပါတယ်... အမတ်ဝမ်က မိစ္ဆာပညာရပ်နဲ့ ထိန်းချုပ်ခံထားရပြီး ဘာမှန်းမသိဘဲ ကိုယ်မလုပ်ချင်တဲ့ အရာတော်တော်များများကို လုပ်ခဲ့မိတာပါ...”

“ဒါ့ကြောင့် အဲ့ကိစ္စအတွက် သိပ်ပြီး စိတ်မပူပါနဲ့... စိတ်ကို တည်တည်ငြိမ်ငြိမ်ထားဖို့ လိုတယ်... ကျွန်မ တွက်ကြည့်ပြီးပြီ... စိတ်အနှောင့်အယှက်ဖြစ်စရာ အသေးအမွှားလေးတွေ ရှိပေမယ့် ကြီးကြီးမားမားတော့ မဟုတ်ပါဘူး...”

ဝမ်ချန်ယိုသည် စိတ်ထဲမှ အော်ဟစ်လိုက်မိသည်။

“ဒါဆိုရင်.. ကျွန်တော် ဘယ်လိုလုပ်ရမလဲ...”

ယွင်ဟွားသည် လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီးနောက် ရုတ်တရက် အနီးသို့ တိုးကပ်လာကာ သူမ၏ မျက်လုံးများက တောက်ပနေလေသည်။

“အမတ်ဝမ်... စိတ်မပူပါနဲ့... ကျွန်မ သေချာပေါက် ကူညီပေးမှာပါ...”

ဝမ်ချန်ယိုက တုန်ယင်သွား၏။

ထို့နောက် ချက်ချင်းပင် ယွင်ဟွား၏ လက်သေးသေးလေးများက လျင်မြန်စွာ ပြန်လည် တွက်ချက်နေပြန်လေသည်။

“အမတ်ဝမ်ရဲ့ အိမ်တော်မှာ ကိုယ်လုပ်တော် လေးယောက်ရှိတဲ့အထဲက သုံးယောက်က ကိုယ်ဝန်ရှိနေတယ်... ဒါပေမယ့်လည်း ကလေးတွေက အမတ်ဝမ်ရဲ့ သွေးသားတွေ မဟုတ်ဘူး... ကျွန်မ ပြောတာကို နားလည်လား...”

ဝမ်ချန်ယိုသည် မျက်ရည်များဝဲလျက် ထပ်မံ ခေါင်းညိတ်လိုက်သည်။

“အမတ်ငယ်ယွင်... ကျွန်တော့်ရဲ့ ဒဏ်ရာကို ဆားမသိပ်ပါနဲ့တော့...”

အလွန်နာကျင်ရပါတယ်။

ယွင်ဟွားသည် သူ၏ တုံ့ပြန်မှုကို အလွန် ကျေနပ်သွားလေသည်။

“အမတ်ဝမ်က အကြံဉာဏ်ကို နားထောင်တတ်တဲ့သူဆိုတော့ ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့မယ်...”

ထို့နောက် သူမသည် ရင်ခွင်ထဲသို့ လက်နှိုက်လိုက်ပြီး..

“ရှောင်ပေပေ့... နင့်ဆီမှာ အသုံးမပြုရသေးတဲ့ အဆောင်လက်ဖွဲ့တွေ ရှိသေးလား... အမတ်ဝမ်ကို နှစ်သိမ့်ဖို့အတွက် ငါ ထုတ်သုံးလိုက်မယ်…”

အမတ်ဝမ်၏ နှုတ်ခမ်းများက တွန့်ကွေးသွားလေသည်။

အမတ်ကြီးများသည် တိုင်းရေးပြည်ရာများကို အလေးအနက် ဆွေးနွေးနေကြသော်လည်း တိတ်တဆိတ်ဖြင့် သူတို့၏ ရယ်မောချင်စိတ်ကို အစွမ်းကုန် ထိန်းချုပ်ထားကြရ၏။

“ရှိတယ်... နင့်ကို လာရှာတဲ့လမ်းမှာ ပေပေ့က တာအိုဘုန်းကြီးအတုတစ်ပါးနဲ့ တွေ့ခဲ့ပြီး သူလျှောက်ရေးထားတာတွေကို အိတ်ကပ်ထဲ ကောက်ထည့်လာတာ”

ထိုသို့ပြောပြီးနောက် ယွင်ဟွား၏ လက်ထဲသို့ အဆောင်လက်ဖွဲ့တစ်ခုကို ထည့်ပေးလိုက်သည်။

ယွင်ဟွားက ရပ်တန့်သွားသော်လည်း သူမ၏ လက်က လှုပ်ရှားနေဆဲဖြစ်၏။

သူမ၏ ကျင့်ကြံမှုအဆင့် တိုးတက်လာပြီဖြစ်ရာ အဆောင်လက်ဖွဲ့မှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအင်များကို ရှင်းလင်းစွာ ခံစားသိရှိနိုင်လေသည်။

ယွင်ဟွားသည် ထပ်မံ၍ မေးခွန်းများ မမေးတော့ဘဲ အဆောင်လက်ဖွဲ့ကို ဝမ်ချန်ယိုအား ကမ်းပေးကာ ပြောလိုက်သည်။

“အမတ်ဝမ်...ဒါကို ယူထားလိုက်ပါ... ဒီအဆောင်လက်ဖွဲ့က မကောင်းဆိုးဝါးတွေကို ဖယ်ရှားပေးပြီး ဘေးကင်းလုံခြုံစေနိုင်တယ်...”

၎င်းသည် အမှန်တကယ်ပင် ငြိမ်းချမ်းရေးနှင့် ဘေးကင်းရေးအတွက် စစ်မှန်သော အဆောင်လက်ဖွဲ့တစ်ခု ဖြစ်၏။

ရှောင်ပေပေ့ တွေ့ခဲ့သည်မှာ တာအိုဘုန်းကြီးအတုတစ်ပါး မဟုတ်ဘဲ အလွန် ကျင့်ကြံမှုမြင့်မားသော တာအိုဘုန်းတော်ကြီးတစ်ပါး ဖြစ်ဟန်တူလေသည်။

“ဒါဆိုရင်... ပြီးသွားပြီလား...”

ဝမ်ချန်ယိုက ဗလုံးဗထွေး ပြောလိုက်သည်။

“ဘယ်ဟုတ်ပါ့မလဲ...”

ယွင်ဟွားသည် စိတ်ထဲမှ မျက်လုံးလှန်လိုက်မိသည်။

“ဒါက မကောင်းဆိုးဝါးတွေကို ဖယ်ရှားပြီး ငြိမ်းချမ်းစေဖို့အတွက်ပဲ ရှိသေးတယ်... ကျွန်မတို့ မလုပ်ရသေးတဲ့ အရေးအကြီးဆုံးအရာ ကျန်နေသေးတယ်...”

ဝမ်ချန်ယိုက သတိထားကာ ပြန်လည်မေးမြန်းလိုက်သည်။

“အခြား... အခြား ဘာရှိသေးလို့လဲ...”

ယွင်ဟွား၏ မျက်နှာအမူအရာကိုကြည့်ကာ နန်ကုန်းယွမ်သည် သူမ မည်သို့ စီစဉ်နေသည်ကို ခန့်မှန်းမိနေပြီ ဖြစ်သည်။

ဤအမတ်ကြီးများသည် ညီလာခံတက်ရောက်ရန် အဘယ်ကြောင့် ဤမျှ စိတ်အားထက်သန်နေကြသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။

“အမတ်ဝမ်... ဘာပဲဖြစ်ဖြစ် ဗေဒင်ဆရာကို ငွေကြွေးမတင်စေရဘူးဆိုတဲ့ စကားတစ်ခွန်း ရှိတယ်...အဲ့တာက ကျွန်မတို့ကြားက ကံကြမ္မာကြွေးကို ရှင်းလင်းဖို့ပါပဲ... အမတ်ဝမ် နားလည်တယ် မဟုတ်လား...”

ဝမ်ချန်ယိုက အံ့အားသင့်သွားလေသည်။

ယွင်ဟွားသည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။

“အခြေခံအားဖြင့်တော့ ဘေးအန္တရာယ်ကနေ ကင်းဝေးဖို့အတွက် ငွေပေးရတာပါပဲ... အမတ်ဝမ်ရဲ့ အသက်ကို ကယ်တင်ဖို့ သုံးစွဲလိုက်တဲ့ ငွေကြေးရဲ့ အကျိုးဆက်တွေကို ကျွန်မက တာဝန်ယူပေးပါ့မယ်… မဟုတ်ရင် အမတ်ဝမ်က ပြဿနာကြီးကြီးမားမားနဲ့ ရင်ဆိုင်ရပြီး အသက်အန္တရာယ်တောင် ကြုံတွေ့ရနိုင်တယ်...”

“ငါက ကလဲ့စားတစ္ဆေကို ဆွဲဖြဲပစ်ခဲ့တယ်... လီချန်ပိုင်က သေသွားပြီ... ပြီးတော့ သူ့နောက်က မိစ္ဆာကျင့်ကြံသူကလည်း အပြစ်ပေးမိုးကြိုး ပစ်ခံရလို့ သေသွားပြီ... နင်က ကံကောင်းသွားလို့ လီချန်ပိုင်ရဲ့ သတ်ဖြတ်ခြင်းကို မခံရတာ…နင် ငါ့ကို ကျေးဇူးတင်တဲ့အနေနဲ့ အမွှေးတိုင် ထွန်းသင့်တယ်…”

“ပန်းကလေး... နင်ပြောတာ မှန်တယ်... သူ့ကို ဒီအတိုင်း အလွတ်ပေးလိုက်လို့ မဖြစ်ဘူး…”

သေခြင်းရှင်ခြင်းစာအုပ်က ပြောလိုက်သည်။

“ပေပေ့လည်း သဘောတူတယ်... အကယ်၍ သူက မပေးဘူးဆိုရင်…”

တရားသူကြီး၏စုတ်တံ၏ လေသံတွင် အန္တရာယ်ပြုလိုသည့် အရိပ်အယောင်တစ်ခု ပါဝင်နေလေသည်။

“အဲ့လိုဆိုရင် ငါက သူ့ရဲ့ သက်တမ်းကို ငါးနှစ် လျှော့ချပစ်လိုက်မယ်…”

လူတိုင်း...

ဝမ်ချန်ယို..…

“အမတ်ငယ်ယွင်... စိတ်မပူပါနဲ့... ညီလာခံပြီးတာနဲ့ ငွေတွေ ပြင်ဆင်ထားဖို့ လူတစ်ယောက်ကို ခိုင်းလိုက်ပါ့မယ်...”

အမတ်ငယ်ယွင်က ရွှေကို အလွန်နှစ်သက်ပြီး သူ၏ ကိုယ်ပိုင်သက်တမ်း ငါးနှစ်ကို ကယ်တင်နိုင်ရန်အတွက် သူမ၏ စိတ်တိုင်းကျ ဖြစ်စေရန် ပေးပို့ရမည်ဖြစ်သည်။

ယွင်ဟွားသည် ဤကဲ့သို့ ပွင့်လင်းရိုးသားသော လူများကို အမှန်တကယ်ပင် သဘောကျလှသည်။ သူမသည် ငွေအနည်းငယ် ထပ်မံရရှိတော့မည် ဖြစ်သဖြင့် သူမ၏ မျက်နှာပေါ်တွင် ဝမ်းသာပီတိများဖြင့် တောက်ပနေလေသည်။

“အမတ်ဝမ်... ကျေးဇူးပြု၍ လက်ကို ဆန့်ထုတ်ပေးပါ...”

ဝမ်ချန်ယိုသည် နားမလည်သော်လည်း ယွင်ဟွား ပြောသည့်အတိုင်း လုပ်ဆောင်လိုက်သည်။

ယွင်ဟွားက သူ၏ လက်ကောက်ဝတ်ကို ညင်သာစွာ ပုတ်လိုက်၏။

အေးစိမ့်သော ခံစားမှုတစ်ခုက သူ၏ ခန္ဓာကိုယ်အတွင်း ဖြတ်သန်းသွားပြီး သူက မတတ်သာဘဲ တုန်ယင်သွားလေသည်။

ထို့နောက် ချက်ချင်းပင် အရင်က ရှုပ်ထွေးနေခဲ့သော သူ၏ စိတ်အာရုံများမှာ ချက်ချင်း ကြည်လင်သွားတော့၏။

များပြားလှသော မှတ်ဉာဏ်များက ဒီရေလှိုင်းတစ်ခုကဲ့သို့ သူ၏ စိတ်ထဲသို့ စီးဝင်လာလေသည်။

ဝမ်ချန်ယို၏ မည်းနက်သော မျက်လုံးများက တဖြည်းဖြည်း နီရဲလာပြီး သူ၏ ရင်ဘတ်ကို ဖိဆုပ်ကာ ပြင်းပြင်းထန်ထန် အသက်ရှူနေလေသည်။

သူသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ရာ သူ၏ မျက်နှာမှာ အလွန် မှိုင်းညို့နေ၏။

သူ မေ့ပျောက်နေခဲ့သော မှတ်ဉာဏ်များက သူ့အား ပို၍ တုန်ရီလာစေသည်။

သူ ဘယ်လို ကိစ္စမျိုးတွေကို လုပ်ခဲ့မိပါသနည်း။

“လီချန်ပိုင်... မင်းကို အရိုးကြေကြေ အသားမွမွဖြစ်တဲ့အထိ ကြိတ်ချေပစ်မယ်ကွ...”

အမတ်ဝမ်သည် အလိုအလျောက် ကျိန်ဆဲလိုက်မိသည်။

နောက်တစ်စက္ကန့်တွင်တော့ သူက အလွန်အမင်း ဒေါသထွက်မှုကြောင့် လုံးဝ သတိလစ်သွားတော့သည်။

အမတ်ကြီးများမှာ အံ့အားသင့်သွားကြ၏။

ယွင်ဟွားသည်ပင် အမတ်ဝမ်ကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေလေသည်။

“အင်း…”

“ငါက သူ့ကို အခြေအနေတွေက ပြင်လို့မရတဲ့အထိ မဆိုးရွားသေးပါဘူးလို့ သတိပေးထားပြီးပြီလေ... အေးအေးဆေးဆေးပဲ ထားသင့်တာကို... သူက ထိတ်လန့်ပြီး သတိလစ်သွားသေးတယ်…”

“ပန်းကလေး…”

သေခြင်းရှင်ခြင်းစာအုပ်သည် ယွင်ဟွား၏ ခေါင်းပေါ်တွင် ထိုင်လျက် အမတ်ဝမ်ကို သယ်ဆောင်သွားသည်ကို ကြည့်ကာ နှုတ်ခမ်းဆူပြီး ပြောလိုက်သည်။

“အဲ့တာက သူက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ စွမ်းဆောင်ရည် မရှိဘူးဆိုတာကို သက်သေပြနေတာပဲ...”

တရားသူကြီး၏စုတ်တံက ၎င်း၏ ခေါင်းသေးသေးလေးကို ခါယမ်းကာ သက်ပြင်းချလိုက်သည်။

“ခုခေတ်က အမတ်အိုကြီးတွေက အသုံးမကျဘူး... အကုန်လုံးက အသုံးကို မကျတာ…”

လူတိုင်း….

သူတို့က ဤစုတ်တံကို ထိုးကြိတ်ချင်စိတ်များ ယားယံနေပုံရသည်။ ဘာတွေများ ဖြစ်နေတာလဲ။

တိုင်းရေးပြည်ရာ ဆွေးနွေးမှုများ ပြီးဆုံးသွားပြီး အတင်းအဖျင်းများလည်း ပြီးသွားသည့်အခါ လူတိုင်းသည် မကျေနပ်နိုင်သေးသည့် ခံစားချက်ဖြင့် ညီလာခံခန်းမမှ ထွက်ခွာသွားကြလေသည်။

ယွင်ဟွားသည် နန်ကုန်းယွမ်ကို တွန်းလိုက်ရင်း သူမ၏ မျက်လုံးကြီးများက ဟိုဟိုသည်သည် လိုက်လံကြည့်ရှုနေ၏။

“ရှောင်ယွမ်ယွမ်... နင့်ရဲ့ ရှင်းဟွာ ဘယ်ရောက်သွားပြီလဲ...”

“ဝိုး... သူတို့ အတူတူ လမ်းလျှောက်သွားတာကို တကယ် မြင်ချင်မိတယ်... အရမ်းလှပတဲ့ မြင်ကွင်းတစ်ခု ဖြစ်လာမှာ သေချာတယ်…”

နောက်မှ လိုက်ပါလာသော မင်းသားစုက ဖရဲသီးစားပြီးနောက် နောက်ဆုံးတွင် အနည်းငယ် သက်သာလာခဲ့ပြီ ဖြစ်သည်။

သို့သော် ထိုမိန်းကလေးက သူ၏ ဒဏ်ရာကို ထပ်မံ ထိုးဆွလိုက်သည်ကို ကြားလိုက်ရသောအခါ သူသည် ခေါင်းမော့ကာ ဝမ်းနည်းပူဆွေးနေသော မျက်နှာထားဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်လေသည်။

“အဘိုးကြီးယွင်... အမတ်ချန်... ငါ့ရဲ့ ဘဝက ဘာလို့ အဲ့လောက်တောင် သနားစရာ ကောင်းနေရတာလဲ...”

နန်ကုန်းယွမ်၏ ခန္ဓာကိုယ်မှာ ချက်ချင်း တောင့်တင်းသွား၏။

“ချန်နင်း ကောင်တီမင်းသမီး... တကယ်တော့ ကျွန်တော်က...”

ယောက်ျားတွေကို စိတ်မဝင်စားပါဘူး…

နန်ကုန်းယွမ်က ရှင်းပြရန် စကားပြောမည်ပြုစဉ် မနီးမဝေးမှ အော်ဟစ်သံများက သူ၏ အသံကို ဖုံးလွှမ်းသွားလေသည်။

“ခေါင်းဆောင်ရေ… ခေါင်းဆောင်.. လနဲ့ချီ ကြာနေပြီ... ကျွန်တော့်ကို လွမ်းနေပြီလား...”

နန်ကုန်းယွမ်၏ မျက်နှာမှာ ပြာနှမ်းသွားလေသည်။

ရင်းနှီးနေသော ထိုအသံကို မကြားရသည်မှာ အတော်ကြာပြီဖြစ်သဖြင့် ယွင်ဟွားက ရုတ်တရက် မော့ကြည့်လိုက်၏။

“ခေါင်းဆောင်…ငါ ခေါင်းဆောင်ကို အရမ်းလွမ်းနေတာ...”

ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော တတိယမင်းသားသည် ယွင်ဟွားအား ပြင်းပြင်းထန်ထန် လက်ဝှေ့ယမ်းပြလိုက်သည်။

“အစ်မကြီး... ငါ့ကို စောင့်ပါဦး...ငါ့ကို စောင့်ပါဦး...”

ထို့နောက် သူက သူ၏ နောက်ကွယ်ရှိ အစောင့်များကို အရှိန်တင်ရန် တိုက်တွန်းလိုက်လေသည်။

ယွင်ဟွားက သူမ၏ လက်များဖြင့် လေကို ယပ်ခတ်လိုက်ပြီး မသိစိတ်မှ လေကို ရှူရှိုက်လိုက်မိသည်။

တတိယမင်းသားက ဤအရာအတွက် စိတ်မဆိုးပေ။ အစားထိုးအနေဖြင့် သူက ရယ်မောကာ ပြောလိုက်သည်။

“အစ်မကြီး... ငါ့ ကိုယ်ပေါ်က အနံ့ဆိုးတွေက လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ပျောက်သွားခဲ့ပြီ...ငါ့ရဲ့ ခြေထောက်တွေ အပြည့်အဝ မသက်သာသေးလို့သာ မဟုတ်ရင် အစ်မကြီးနဲ့အတူ မြို့တော်ကို ကြီးစိုးဖို့အတွက် ကုတင်ပေါ်ကနေ ဆင်းပြီး လာရှာတာ ကြာပြီ...”

ယွင်ဟွားသည် အရူးတစ်ယောက်လို ပြုံးဖြီးနေသော သူမရှေ့ရှိ တတိယမင်းသားကို ကြည့်လိုက်ရာ သူမ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားလေသည်။

သူမသည် ထိုအရာကို ဝိုးတဝါး မှတ်မိနေဟန်တူ၏။

ပြီးခဲ့သည့်အကြိမ်က တော်ဝင်အပန်းဖြေစံအိမ်ကို စံမမီသော ပစ္စည်းများဖြင့် တည်ဆောက်ခဲ့စဉ်က သူသည် အရည်အသွေးညံ့ဖျင်းသော လက်ရာများ၏ သားကောင်ဖြစ်ခဲ့ရပြီး သူ၏ ခြေထောက်နှစ်ဖက်စလုံး ကျိုးသွားခဲ့ရလေသည်။

“နင်...”

ယွင်ဟွားသည် သူ့အား အကဲခတ်ကြည့်လိုက်ပြီး သူ့အတွက် အနည်းငယ် သနားသွားသော်လည်း နန်ကုန်းယွမ်က အေးစက်စွာ ပြောလိုက်သည်။

“မင်း အပြည့်အဝ မသက်သာသေးဘူး... အနားယူပြီး ပြန်ကောင်းအောင် လုပ်ရမယ့်အစား မင်းရဲ့ ခြေထောက်တွေ ထပ်ကျိုးဖို့ မျှော်လင့်ပြီး ဒီနေရာကို ပြေးထွက်လာတာလား...”

“ဟေး... မင်းက ဒီလိုမျိုး ပြောရဲတယ်ပေါ့လေ.. ငါက မင်းရဲ့ ဝမ်းကွဲအစ်ကိုနော်...”

တတိယမင်းသားက ချစ်စရာမကောင်းသော သူ၏ ဝမ်းကွဲညီတော်ကို မကျေနပ်မှုဖြင့် မျက်လုံးပြူးကာ စိုက်ကြည့်လိုက်လေသည်။

“ငါတို့ ငယ်ငယ်တုန်းကဆို မင်းက ငါ့ကို ဝမ်းကွဲအစ်ကိုလို့ခေါ်ပြီး ငါ့နောက်ကို အမြဲတမ်း လိုက်နေခဲ့တာ မဟုတ်ဘူးလား...”

နန်ကုန်းယွမ်က မျက်နှာအမူအရာ မပြောင်းလဲဘဲ ပြန်လည်ဖြေကြားလိုက်သည်။

တတိယမင်းသားမှာ ဆွံ့အသွားလေသည်။

ဤသည်မှာ သူ၏ မှောင်မိုက်သော သမိုင်းကြောင်း ဖြစ်၏။ သူ ငယ်ရွယ်စဉ်အခါက သူသည် ဝဖြိုးပြီး အရပ်ပုလေသည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေသည့် ဤအေးစက်စက်နှင့် တိတ်ဆိတ်နေတတ်သော ကောင်လေးကို ကြည့်ကာ သူသည် မသိစိတ်မှ “အစ်ကို” ဟု ခေါ်ဆိုခဲ့မိခြင်း ဖြစ်သည်။

*ငါက သူ့ထက် သုံးရက်ပိုကြီးတာကို…*

ပို၍ ဒေါသထွက်စရာကောင်းသည်မှာ မည်သူကမျှ ဤအမှားကို မပြင်ပေးခဲ့ခြင်းပင် ဖြစ်တော့သည်။

All Chapters