← Chapters

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း ၁၈၀

Vol. 18 Ch. 180

အခန်း (၁၈၀) အမှန်တရား

“ပန်းကလေး...”

သေခြင်းရှင်ခြင်းစာအုပ်၏ အသံမှာ အနည်းငယ် ကျယ်လောင်သွားပြီး အံ့သြတုန်လှုပ်နေသော လေသံက လူတိုင်း၏ အတင်းအဖျင်း နားထောင်လိုစိတ်ကို ချက်ချင်းပင် နိုးဆွပေးလိုက်လေသည်။

“ပန်းကလေး... တော်ဝင်ကြင်ယာတော်စုနဲ့ နင့်ရဲ့ ရှောင်ယွမ်ယွမ်တို့က မင်းသားစုကို ကပ်ဘေးဒုက္ခကနေ တကယ်ပဲ ကယ်တင်ပေးခဲ့တာပဲ...”

ထိုစကားများ ပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက်...

မင်းသားစုသည် ရပ်တန့်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် ယိမ်းယိုင်သွား၏။ သူ၏ လက်ထဲရှိ ပုံတူပန်းချီကားမှာ မည်သို့ဖြစ်၍ ကြမ်းပြင်ပေါ်သို့ ကျသွားမှန်းပင် မသိလိုက်ပေ။ သူက သတိလစ်လပ်စွာဖြင့် ရေရွတ်လိုက်လေသည်။

“အစေခံမရဲ့ ပစ်မှတ်က ငါဖြစ်နေခဲ့တာလား... မင်းတို့အားလုံးကို ဒုက္ခပေးခဲ့တာက ငါပဲ...”

ယွင်ဟွားလည်း ထိုသတင်းကြောင့် အံ့သြတုန်လှုပ်သွားရာ မင်းသားစု၏ စကားကို မကြားလိုက်ချေ။

နန်ကုန်းယွမ်၏ မျက်လုံးများမှာ အနည်းငယ် မှောင်မိုက်သွား၏။ သူသည် မင်းသားစု၏ အင်္ကျီလက်ကို အမြန်ဆွဲကာ တိုးတိုးလေး ပြောလိုက်သည်။

“အဖေ... စိတ်အေးအေးထားပါ... အရာအားလုံးအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့... အကယ်၍ ကျွန်တော်တို့သာ အဖေ့ကို မကယ်တင်ခဲ့ဘူးဆိုရင် အထေ သေသွားလောက်ပြီ...”

နန်ကုန်းယွမ်သည် အလွန် သဘောထားကြီးသူ ဖြစ်သည်။ သူပြောသကဲ့သို့ပင် အကယ်၍ သူသာ မိခင်ဝမ်းဗိုက်ထဲတွင် အဆိပ်များကို မစုပ်ယူခဲ့ပါက ဤကမ္ဘာလောကကြီးသည် စစ်နတ်ဘုရား မင်းသားတစ်ပါးကို ဆုံးရှုံးသွားရမည် ဖြစ်ပေသည်။

အသက်ကို ဝဝရှူလိုက်ပြီးနောက် ယွင်ဟွားက ဆက်ပြောလိုက်သည်။

“ရှောင်ရှူးရှူး... ဒါဆိုရင် အဲ့အစေခံမက မူလက မင်းသားစုကို သတ်ချင်ခဲ့တာလို့ နင် ဆိုလိုချင်တာလား...”

“ဟုတ်တယ်...”

သေခြင်းရှင်ခြင်းစာအုပ်က ခေါင်းညိတ်လိုက်၏။

“အဲ့အစေခံမရဲ့ နောက်ခံကလည်း မရိုးရှင်းပါဘူး... သူမရဲ့ နာမည်က ဝူရွှေယွင်ဖြစ်ပြီး မြောက်ပိုင်းနယ်စပ်ကို ကာကွယ်တဲ့ စစ်သူကြီးချုပ် ဝူဟိုင်ဖုန်းရဲ့ တရားဝင်ဇနီးမှ မွေးဖွားတဲ့ သမီးပဲ... သူမ မွေးဖွားလာကတည်းက နယ်ရုပ်တစ်ရုပ် ဖြစ်ခဲ့ရတာ... မဟုတ်ဘူး... သူရဲ့ သမီးတွေအားလုံးက နယ်ရုပ်တွေချည်းပဲလို့ ပြောရမယ်...”

လူတိုင်း အံ့သြတုန်လှုပ်သွားကြလေသည်။

သူတို့သည် မြောက်ပိုင်းနယ်စပ်နှင့် ပတ်သက်ဆက်နွှယ်နေသည်ဟူသော အချက်က မင်းသားစု၏ မျက်လုံးများထဲတွင် နက်ရှိုင်းပြီး နားလည်ရခက်သော အလင်းရောင်များ ပြည့်နှက်သွားစေကာ သူ၏ သတ်ဖြတ်လိုစိတ်များမှာလည်း ပြင်းထန်စွာ ထကြွလာလေသည်။

“ထပ်ပြီးတော့... မြောက်ပိုင်းနယ်စပ်ကပဲလား...”

ယွင်ဟွားသည် ဤအမည်ကို ကြားလိုက်ရတိုင်း အကြောင်းပြချက်မရှိ ဒေါသထွက်လာရသည်။ သူတို့က အရှေ့ပိုင်းနယ်စပ်ဆီသို့ လာရန်မှလွဲ၍ အခြားလုပ်စရာ ကောင်းကောင်းမရှိကြပေဘူးလား။

သေခြင်းရှင်ခြင်းစာအုပ်သည်လည်း ဝူဟိုင်ဖုန်း၏ ကံကြမ္မာမှတ်တမ်းကို နောက်တစ်ကြိမ် လှန်လှောကြည့်လိုက်လေသည်။

“ပန်းကလေး... ငါ့ကို ဆက်ပြောခွင့်ပေးပါဦး... ဝူဟိုင်ဖုန်းက စစ်တိုက်ရတာကို နှစ်သက်ပြီး ရက်စက်ကြမ်းကြုတ်ကာ မယုံနိုင်လောက်အောင် ဉာဏ်များတဲ့သူတစ်ယောက်ပဲ... မင်းသားစုနဲ့ အရင်က ရင်ဆိုင်ခဲ့ရတုန်းက သူ အကြိမ်တိုင်း ရှုံးနိမ့်ခဲ့ရတယ်... မင်းသားစုအပေါ် ထားရှိတဲ့ သူရဲ့ သတ်ဖြတ်လိုစိတ်က အချိန်မရွေး ပေါက်ကွဲထွက်လာဖို့ ချောင်းမြောင်းနေတဲ့ အဆိပ်ပြင်းမြွေတစ်ကောင်လိုပဲ...”

“သူက အမျိုးသမီးတွေကို အလွန်ခွဲခြားဆက်ဆံတတ်ပြီး သားတွေကို ရတနာတွေလို သဘောထားကာ သမီးတွေကိုတော့ အမှိုက်တွေလို ဆက်ဆံတတ်တယ်... သူရဲ့ မိသားစုမှာ လူလာဖြစ်ရတာက တကယ့်ကို ကံဆိုးလွန်းလှတာ...”

“ဝူရွှေယွင်မှာ မူလက သူမ သဘောကျတဲ့သူတစ်ယောက် ရှိခဲ့တယ်… ဒါပေမယ့် သူမ ဖခင်ရဲ့အကြောင်းကို ကောင်းကောင်းသိထားတာကြောင့် မိခင်ဖြစ်သူရဲ့ အကူအညီနဲ့ ချစ်သူနဲ့အတူ ခိုးရာလိုက်ပြေးခဲ့တယ်... မမျှော်လင့်ဘဲ သူတို့ကို ဝူဟိုင်ဖုန်းက ဖမ်းမိသွားပြီး အဲ့အမျိုးသားကတော့ နေရာမှာတင် ရိုက်သတ်ခံလိုက်ရတယ်...”

“ဝူဟိုင်ဖုန်းက တုံလင်နိုင်ငံနဲ့ စစ်ဖြစ်ဖို့ ခြောက်လလိုသေးကြောင်း သိထားပြီး မင်းသားစုရဲ့ လက်ချက်နဲ့ ရှုံးနိမ့်မှာကို ကြောက်ရွံ့နေခဲ့တာကြောင့် သူ ခိုင်းတာကို လုပ်ဖို့အတွက် ဝူရွှေယွင်ကို ဇနီးဖြစ်သူရဲ့ အသက်နဲ့ ခြိမ်းခြောက်ခဲ့တယ်...”

ယွင်ဟွား၏ နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွား၏။ ဝူဟိုင်ဖုန်း၏ ရည်ရွယ်ချက်များကို သူမ ခန့်မှန်းမိလောက်ပြီ ဖြစ်သည်။

“ဒါဆိုရင် သူက ရှုံးနိမ့်မှုကို လက်မခံနိုင်တာကြောင့် ယုတ်မာတဲ့ နည်းလမ်းတွေကို အသုံးပြုပြီး ဝူရွှေယွင်ကို မင်းသားအိမ်တော်ထဲ ခိုးဝင်စေကာ မင်းသားစုကို အဆိပ်ခတ်သတ်ခိုင်းခဲ့တာပဲ...”

“အတော်လေး မှန်တယ်...”

သေခြင်းရှင်ခြင်းစာအုပ်က ခေါင်းညိတ်ကာ ဆက်ပြောလိုက်၏။

“ဝူရွှေယွင်က သူမရဲ့ မိခင်ကို ဒုက္ခမရောက်စေချင်တာကြောင့် ဝူဟိုင်ဖုန်းရဲ့ အကူအညီနဲ့ မင်းသားအိမ်တော်ကို ခိုးဝင်ခဲ့တယ်. သူမမှာ ရည်ရွယ်ချက်နှစ်ခု ရှိခဲ့သည်... ပထမတစ်ခုက မင်းသားစုကို မြူဆွယ်ပြီး သူရဲ့ ယုံကြည်မှုကို ရယူကာ လိုအပ်တဲ့ အချက်အလက်တွေကို ရယူဖို့ဖြစ်ပြီး ဒုတိယတစ်ခုကတော့ မင်းသားစုကို သတ်ဖို့ အခွင့်အရေးရှာဖို့ပဲ...”

မင်းသားစုသာ သေဆုံးသွားပါက ဝူဟိုင်ဖုန်းသည် နန်းတွင်းမှ တပ်ကိုဦးဆောင်ရန် မည်သူ့ကို စေလွှတ်စေကာမူ ကြောက်ရွံ့နေမည် မဟုတ်ပေ။

“ဒါပေမယ့် အရာရာက စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ဘူး... အဲ့ယာဂုကို တော်ဝင်ကြင်ယာတော်စုက မှားယွင်းစားသောက်မိသွားခဲ့တယ်.. စစ်ပွဲက ပြင်းထန်နေတာကြောင့် မင်းသားစုမှာ ဒေါသတွေကို မြိုသိပ်ပြီး စစ်မြေပြင်ကို ထွက်သွားဖို့ကလွဲလို့ ရွေးချယ်စရာ မရှိခဲ့ဘဲ အဲ့ဒီဒေါသတွေကို ရန်သူတွေအပေါ်မှာ ပုံချခဲ့တယ်….အဲ့တိုက်ပွဲက ဝူဟိုင်ဖုန်းကို သူရဲ့ တည်ရှိမှုကိုပင် မေးခွန်းထုတ်ရလောက်အောင် ဖြစ်စေခဲ့ပြီး မင်းသားစုက မြို့ပေါင်းများစွာကို ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့တယ်...”

“မြောက်ပိုင်းနယ်စပ်ဒေသက အကြီးအကျယ် ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရပြီး အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ကိုယ်တိုင် ကမ်းလှမ်းခဲ့ရတယ်...”

မင်းသားစု၏ ငယ်ရွယ်စဉ်က ထူးချွန်ပြောင်မြောက်သော အောင်မြင်မှုများအကြောင်းကို ကြားပြီးနောက် ယွင်ဟွား၏ မျက်လုံးများက တောက်ပသွားလေသည်။

“တုံလင်ရဲ့ စစ်နတ်ဘုရားလို့ ခေါ်ဆိုခံရတာနဲ့ တကယ့်ကို ထိုက်တန်တယ်... အရမ်းကို မိုက်တာပဲ...”

မင်းသားစုမှာ ချီးကျူးခံရသောအခါ ခါးကို မတ်မတ်ထားလိုက်လေသည်။

သို့သော် သူသည် နောက်ကွယ်မှကြိုးကိုင်သူ မည်သူဖြစ်ကြောင်းကို နောက်ဆုံးတွင် သိရှိသွားခဲ့ပြီ ဖြစ်သည်။

နန်ကုန်းယွမ်၏ နှုတ်ခမ်းများက အနည်းငယ် ကွေးတက်သွားသော်လည်း ထိုအပြုံး၏ နောက်ကွယ်တွင်မူ နက်ရှိုင်းသော အေးစက်မှုတစ်ခု ကိန်းအောင်းနေလေသည်။

ယွင်ဟွားသည် ရှောင်ယွမ်ယွမ်နှင့် တော်ဝင်ကြင်ယာတော်စုတို့အတွက် မည်သို့ လက်စားချေရမည်ကို စဉ်းစားနေဆဲတွင် သေခြင်းရှင်ခြင်းစာအုပ်ထံမှ နောက်ထပ် အာမေဍိတ်သံတစ်ခု ထွက်ပေါ်လာလေသည်။

“ပန်းကလေး...”

“အဲ့ဝူဟိုင်ဖုန်းက အရမ်းကို ရူးနေတာပဲ... သူ့မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဝါသနာတစ်ခုလည်း ရှိသေးတယ်... လူခေါင်းတွေကို စုဆောင်းတာပဲ... အထူးသဖြင့် သူရဲ့ ရန်သူတွေရဲ့ ခေါင်းတွေပေါ့... သူက အဲ့ဒီခေါင်းတွေကို အခြောက်ခံပြီး သူကြည့်ရှုခံစားဖို့ အမိုးတန်းတွေမှာ ချိတ်ဆွဲထားတတ်တယ်... ဒါတင်မကသေးဘူး... သူရဲ့ အိမ်တော်ထဲမှာ လူခေါင်းတွေနဲ့ ပြည့်နေတဲ့ လျှို့ဝှက်အခန်းပေါင်းများစွာလည်း ရှိသေးတယ်...”

လူတိုင်း…

သူတို့အားလုံး တုန်ယင်သွားကြလေသည်။

ငရဲပြည်မှ နတ်ဘုရားတစ်ပါးဖြစ်သော ယွင်ဟွားပင်လျှင် သူမ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားလေသည်။

တရားသူကြီး၏စုတ်တံပင်လျှင် ဝူဟိုင်ဖုန်း၏ လုပ်ရပ်များကို ကြောက်လန့်သွားရာ ယွင်ဟွားကို တင်းကျပ်စွာ ဖက်တွယ်ထားလိုက်၏။

“ဟွားဟွား... သူက တကယ့်ကို နတ်ဆိုးတစ်ကောင်ပဲ... ငါ သူရဲ့ သက်တမ်းကို ဖြတ်ပစ်ချင်တယ်... သူ့ကို လူ့ပြည်မှာ ထားတာက ကပ်ဘေးတစ်ခုပဲ...”

လူတိုင်းက စိတ်ထဲမှ အော်ဟစ်လိုက်ကြသည်။

*မြန်မြန် ဖြတ်ပစ်လိုက်စမ်းပါ…*

သေခြင်းရှင်ခြင်းစာအုပ်မှာ ကြည့်ရက်စရာပင် မရှိတော့ပေ။ မျဉ်းတစ်ကြောင်းဆွဲရုံဖြင့် သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်သော တရားသူကြီး၏စုတ်တံ ဖြစ်သင့်သော်လည်း ဤမျှ သတ္တိကြောင်နေလေသည်။

“ပန်းကလေး... ငါ နင့်ကို ပြောပြမယ်... သူရဲ့ ဘဝမှာ ဆန္ဒသုံးခု ရှိတယ်... ပထမတစ်ခုက မင်းသားစုရဲ့ ခေါင်း... ဒုတိယတစ်ခုက ဧကရာဇ်ရဲ့ ခေါင်း... ပြီးတော့ တတိယတစ်ခုက...”

သေခြင်းရှင်ခြင်းစာအုပ်က စကားရပ်သွားပြီး ပန်းကလေးကို တစ်ချက်ကြည့်ကာ မသိမသာ တံတွေးမြိုချလိုက်လေသည်။

“နံပါတ်သုံးက ဘာလဲ...”

ယွင်ဟွားသည် နံပါတ်သုံးမှာ သူမနှင့် သက်ဆိုင်နေသည်ဟု အမြဲတမ်း ခံစားနေရ၏။

“တတိယတစ်ခုက... နင့်အဖေ ယွင်ရှောင်ထျန်းရဲ့ ခေါင်းပဲ...”

“ဘာ…”

ယွင်ဟွားက စိတ်ထဲမှ အော်ဟစ်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် သွေးဆာနေသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။

မင်းသားစုနှင့် ယွင်ရှောင်ထျန်းတို့မှာ တစ်ပြိုင်နက်တည်း သူတို့၏ လည်ပင်းများကို စမ်းကြည့်လိုက်ကြပြီး ရုတ်တရက် အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရ၏။

ဧကရာဇ်ဝမ်ရွှမ်းမှာ နှာချေလိုက်ပြီး အမိန့်ပေးလိုက်လေသည်။

“အထိန်းတော်ချောင်... မီးသွေး နည်းနည်းလောက် ထပ်ထည့်ပေးစမ်း...”

သူသည် သူ၏ လည်ပင်းနောက်ကျောတွင် အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ယွင်ဟွားသည် သူမ၏ စိတ်ထဲရှိ သတ်ဖြတ်လိုစိတ်ကို ဖိနှိပ်ထားလိုက်၏။

“သူက မင်းသားစုနဲ့ ဧကရာဇ်ရဲ့ ခေါင်းတွေကို စုဆောင်းချင်တာကို ငါ နားလည်ပေးနိုင်တယ်.. ဒါပေမယ့် ငါ့အဖေရဲ့ခေါင်းကို စုဆောင်းချင်တယ်ဆိုတာက ဘာသဘောလဲ...”

သေခြင်းရှင်ခြင်းစာအုပ်က သက်ပြင်းချလိုက်လေသည်။

“နိုင်ငံနှစ်ခုက ငြိမ်းချမ်းရေးယူပြီး စာချုပ်ချုပ်ဆိုခဲ့တယ်လေ... လက်မှတ်ရေးထိုးသူတွေထဲက တစ်ယောက်က ဝူဟိုင်ဖုန်းရဲ့ သားပဲ... သူက မောက်မာပြီး အခြားသူတွေကို အထင်သေးတတ်တယ်... ဒါကြောင့် နင့်အဖေက အဲ့တုန်းက သူ့ကို ကောင်းကောင်းကြီး ဆူပူကြိမ်းမောင်းလိုက်တာ...”

သူက မျက်နှာပျက်သွားသည်ဟု ခံစားခဲ့ရပြီး ဝူဟိုင်ဖုန်း၏ အချစ်ရဆုံး အငယ်ဆုံးသားဖြစ်သည့်အားလျော်စွာ သူသည် အိမ်ပြန်ရောက်သောအခါ ဇာတ်လမ်းကို ပိုမိုချဲ့ကားပြောဆိုခဲ့ရာ သင့်အဖေ၏ ခေါင်းမှာ ဝူဟိုင်ဖုန်း၏ စာရင်းတွင် တတိယနေရာ၌ ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ယွင်ရှောင်ထျန်း…

*ကျေးဇူးအများကြီးတင်ပါတယ်... စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တစ်ယောက်၊ မြို့ပြအရာရှိတစ်ယောက်နဲ့ ခေါင်းဆောင်တစ်ယောက်... သူက လူရွေးတော့ အတော်လေး တော်တာပဲ…*

“ငါ အခုချက်ချင်း သွားပြီး သူ့ကို သတ်ပစ်မယ်. သူက ငါ့ရဲ့ အဖေကိုတောင် ထိခိုက်ဖို့ ရဲဝံ့နေတာလား... သူ့ကို မသတ်ရဘူးဆိုရင် ငါက ယွင် မဟုတ်တော့ဘူး...”

ယွင်ဟွားသည် ချက်ချင်းပင် ထိုနေရာသို့ ပြေးသွားချင်နေခဲ့ပြီး သူမထံမှ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာရာ သေခြင်းရှင်ခြင်းစာအုပ်မှာ ချွေးအေးများပင် ပြန်လာခဲ့လေသည်။

“ပန်းကလေး... စိတ်အေးအေးထားပါဦး...”

သင့်အဖေနှင့် အခြားသူများက သင့်ထံမှ ပုံမှန်မဟုတ်သည့် အရာများကို သတိမထားမိပါစေနှင့်။

သို့မဟုတ်ပါက သူတို့သည် စုတ်တံအစုတ်လေးဖြင့် သူတို့၏ မှတ်ဉာဏ်များကို ထပ်မံထုတ်ယူရလိမ့်မည် ဖြစ်သည်။ အကယ်၍ လူသားတစ်ဦးသည် ‘အသံမေ့’ ၏ မှတ်ဉာဏ်ထုတ်ယူခြင်းကို သုံးကြိမ်တိုင်တိုင် ခံရမည်ဆိုပါက သူတို့က အရူးတစ်ယောက် ဖြစ်သွားလိမ့်မည်။

ယွင်ဟွားသည် သူမ၏ မျက်လုံးများကို ခေတ္တမျှ မှိတ်ထားလိုက်ပြီး ပြန်ဖွင့်လိုက်သောအခါတွင်မူ ရဲတင်းသော အကြံအစည်တစ်ခုက သူမ၏ စိတ်ထဲတွင် ဖြစ်တည်နေပြီ ဖြစ်သည်။

သေခြင်းရှင်ခြင်းစာအုပ်က လူတိုင်းကို တစ်ချက်ကြည့်လိုက်ရာ သူတို့မှာ အရေးမပါသော ကိစ္စများကို ပြောဆိုနေကြသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် သက်ပြင်းတစ်ချက် ချလိုက်လေသည်။

“ပန်းကလေး... ငါ အရင်ဆုံး ရှင်းရှင်းလင်းလင်း ပြောထားမယ်... နောင်ကျရင် နင် စိတ်လှုပ်ရှားလို့ မဖြစ်ဘူး... မဟုတ်ရင် ငါ ထပ်ပြီး ဘာမှမပြောတော့ဘူး...”

ဝူဟိုင်ဖုန်းတွင် ကြီးမားသော အစီအစဉ်များ ရှိနေသေးသည်ဖြစ်ရာ သူသည် ကြိုတင် သတိပေးထားရမည် ဖြစ်သည်။

ယွင်ဟွားက ခေါင်းညိတ်ပြလိုက်ရာ လူတိုင်းက အာရုံနှစ်ခွ စိုက်ထားလိုက်ကြ၏။

“နိုင်ငံနှစ်ခုက နှစ်နှစ်ဆယ်ကြာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပေမယ့် အခု ဆယ့်ငါးနှစ်တောင် ကုန်လွန်သွားခဲ့ပြီ... ဝူဟိုင်ဖုန်းက ဆက်ပြီး မစောင့်ချင်တော့တာကြောင့် အခု နန်းတွင်းထဲမှာ နိုင်ငံနှစ်ခုကြား စစ်မီးမွှေးဖို့ လှုံ့ဆော်နေတယ်... နှစ်ပေါင်းများစွာကြာတဲ့အထိ မြောက်ပိုင်းနယ်စပ်က အရှေ့ပိုင်းနယ်စပ်ကို သိမ်းပိုက်ဖို့ ဘယ်တော့မှ လက်မလျှော့ခဲ့ဘဲ တပ်သားတွေကို လျှို့ဝှက်လေ့ကျင့်ပေးပြီး ရိက္ခာတွေကို သိုလှောင်နေခဲ့ကြတာ...”

“ပြည့်တန်ဆာအိမ်မှာ အဖမ်းခံခဲ့ရတဲ့ သူလျှိုတွေက အနာဂတ်စစ်ပွဲအတွက် သတင်းအချက်အလက်တွေ ပိုမိုရယူဖို့အတွက် အဲ့ဒီကို ရောက်နေခဲ့ကြတာပဲ...”

လူတိုင်း...

မြောက်ပိုင်းနယ်စပ်သည် တကယ်ကို ယုတ်မာသော လူဆိုးများဖြစ်ကြပြီး စာချုပ်ကို ဖောက်ဖျက်ရန် အမှန်တကယ် စီစဉ်နေကြသည်ကို သိရှိလိုက်ရသဖြင့် သူတို့မှာ အံ့သြတုန်လှုပ်စွာဖြင့် အသက်ရှုမှားသွားကြလေသည်။

All Chapters