← Chapters

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂

Vol. 1 Ch. 2

အခန်း ၂ ချင်လော့က အပြစ်ဝန်ခံတယ် ဟုတ်လား။ သူ အများကြီး မြတ်သွားတာပေါ့

ခန်းမတစ်ခုလုံး ဆူညံသွားခဲ့ပြီး ချင်လော့ အမှန်တကယ် ဝန်ခံလိမ့်မည်ဟု မည်သူကမျှ မထင်မှတ်ထားခဲ့ကြချေ။

"ချီးး... ငါက အလကား လျှောက်ပြောလိုက်တာလေ... ငါ့ခွေး ဝမ်ချိုက်ကို ငါကိုယ်တိုင် သတ်စားခဲ့တာကို သူက တကယ်ကြီး ဝန်ခံလိုက်တယ်ပေါ့..."

"ချင်လော့က ငါ့ရဲ့ အတွင်းခံတွေကို တကယ်ပဲ ခိုးသွားတာလား... သူက ငါ့ကိုများ သဘောကျနေလို့လား..."

တင်းတိပ်များ အပြည့်ရှိသော မျက်နှာဖြင့် နတ်သမီးငယ်လေးတစ်ဦး၏ မျက်နှာက နီရဲသွားခဲ့သည်။

ရဲ့ချန်မှာ အံ့အားသင့်သွားပေ၏။ ချင်လော့ ဤသို့ ဝန်ခံလိမ့်မည်ဟု သူ မည်သည့်အခါကမျှ မတွေးထားခဲ့ဖူးချေ။ ဤအရာအားလုံးသည် လုပ်ကြံစွပ်စွဲမှုများသာ ဖြစ်ကြောင်းကို သူ တစ်ဦးတည်းကသာ သိရှိထားလေသည်။

"ဒါပေမဲ့ သူ ဝန်ခံလိုက်တာက ပိုကောင်းပါတယ်လေ... ချင်လော့ အို ချင်လော့... မင်းတော့ သေပြီပဲ..."

"မင်းရဲ့ သူတော်စင်နေရာက ငါ ရဲ့ချန်ပိုင် ဖြစ်လာတော့မှာ... စိတ်မပူပါနဲ့... မင်းသေသွားရင် မင်းရဲ့ အုတ်ဂူဆီလာပြီး သေးနှစ်ခါလောက် ပန်းပေးဦးမှာ... ဒါမှ မင်းလည်း ငါ ရဲ့ချန်ရဲ့ ကံကောင်းမှုတွေကို ခံစားရမှာပေါ့..."

"မင်းပြောတာ မှန်တယ်... အဲ့ဒီ စီနီယာအစ်ကိုတွေနဲ့ ဂျူနီယာညီလေးတွေကို သတ်ခဲ့တာ ငါပဲ... ငါက ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးပညာကို ကျင့်ကြံဖို့အတွက် ဒီလိုလုပ်ခဲ့တာ..."

ချင်လော့က စကားပြောနေစဉ် ဂျူနီယာညီလေးတစ်ဦးထံသို့ အကြည့်ရောက်သွားခဲ့သည်။ သူက ဝန်ခံပြီးပြီဖြစ်ရာ အဆုံးထိ သွားရန်သာ ရှိတော့ပေ၏။

စနစ်က အလုပ်လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ အရေးမကြီးတော့ချေ။ လူတစ်ယောက် သေဆုံးသွားချိန်၌ ကောင်းကင်ကို ရင်ဆိုင်ရမည်သာ။ အဆိုးဆုံးကတော့ ထပ်ပြီး သေသွားရုံသာ ရှိလေသည်။

အရေပြားဖြတ်ရင်း သေဆုံးရတာထက်တော့ ပိုပြီး ခမ်းနားသင့်တယ် မဟုတ်လား...

ဤအရာအားလုံးကို တွေးတောပြီးနောက် ချင်လော့သည် စိတ်သက်သာရာရသွားမှုကို ခံစားလိုက်ရပေသည်။

ထိုဂျူနီယာညီလေးသည် ချင်လော့၏ အကြည့်နှင့် ဆုံမိချိန်၌ အပြစ်ရှိသလို ခံစားလိုက်ရပြီး အကြည့်ကို ချက်ချင်း လွှဲဖယ်သွားခဲ့သည်။ ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးပညာမှာ နှစ်ထောင်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့သည်မှာ ကြာပြီဖြစ်လေသည်။ နတ်ဆိုးဂိုဏ်းတွင်ပင် မရှိတော့ရာ ချင်လော့၌ မည်သို့လုပ် ရှိနိုင်မည်နည်း။ ရိုးရိုးသားသားပြောရလျှင် သူက အလကား လျှောက်ပြောခဲ့ခြင်းသာ ဖြစ်လေသည်။

[ပိုင်ရှင်အနေဖြင့် စူပါဗီလိန်စနစ်ကို ချိတ်ဆက်ခြင်း အောင်မြင်သည့်အတွက် ဂုဏ်ယူပါသည်။ အိပ်မက်များအကောင်အထည်ပေါ်လာစေမည့် စတင်ခြင်း လက်ဆောင်ထုတ်ကို ရရှိပါသည်...]

[လုပ်ကြံစွပ်စွဲမှုကို ဝန်ခံလိုက်သည့်အတွက် ပိုင်ရှင်သည် နတ်ဘုရားအဆင့် ကျင့်စဉ်ဖြစ်သော ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးပညာကို ရရှိပါသည်...]

[ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးပညာ - ကောင်းကင်နှင့် မြေကြီးကို ဝါးမြိုနိုင်သည်။ အမျိုးမျိုးသော အထူးခန္ဓာကိုယ်များ၏ မူလအဆီအနှစ်ကို ဝါးမြိုနိုင်ပြီး နောက်ဆုံးတွင် ဖရိုဖရဲခန္ဓာကို ဖွဲ့စည်းနိုင်သည်...]

"မင်းပြောတာလည်း မှန်တယ်... ငါက မိဘမဲ့ မဟုတ်ဘူး... ငါ့မိသားစုက အင်အားကြီးပြီး မင်းတို့ရဲ့ ထိုက်ရွှီမြင့်မြတ်နယ်မြေထက် အဆပေါင်းသန်းချီ ပိုသန်မာတယ်... ငါ့ဆရာက..."

သူက ဆရာဖြစ်သူ ခိုးယူလာခဲ့သည်ဟု ပြောရန် ပြင်လိုက်သော်လည်း ရပ်တန့်သွားခဲ့သည်။ သူ၏ ဆရာသည် သူ့အား ကျင့်စဉ်များကို သင်ကြားပေးခဲ့ပြီး ကျင့်ကြံခြင်းတွင် လမ်းညွှန်ပေးခဲ့ရုံသာမက သူ၏ ဒဏ်ရာများကို ကုသပေးရန် တောင်တန်းတစ်သောင်းနယ်မြေအတွင်းသို့ပင် နက်ရှိုင်းစွာ ဝင်ရောက်ခဲ့သေးသည်။ မြင့်မြတ်နယ်မြေသို့ ပြန်ရောက်ပြီးနောက် သူ၏ ဆရာမှာ ရောဂါဖြင့် ကွယ်လွန်သွားခဲ့ရပေ၏။

သူက ဆရာ့အပေါ် ကျေးဇူးကြွေး အလွန်ကြီးမားလှပေသည်။ သူ ပြန်မဆပ်နိုင်ခဲ့သဖြင့် သူ၏ ဂျူနီယာညီမလေးကိုသာ ပြန်လည်ပေးဆပ်နိုင်တော့သည်။

သို့သော် သူ၏ ဂျူနီယာညီမလေးက ယနေ့ အဘယ်ကြောင့် ရောက်မလာခဲ့သနည်း။

ချင်လော့က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း သူ၏ ဂျူနီယာညီမလေး၏ အရိပ်အယောင်ကိုပင် မတွေ့ရချေ။

အကယ်၍ သူ၏ ဂျူနီယာညီမလေးသာ ဤနေရာ၌ ရှိနေလျှင် သူမက စီနီယာအစ်ကိုဖြစ်သူအား ဤကဲ့သို့ လုပ်ကြံစွပ်စွဲခြင်းကို မည်သူ့ကိုမျှ ခွင့်ပြုမည်မဟုတ်ပေ။

"ငါ့ဆရာက ကောက်ရခဲ့တာ... ငါက နတ်ဆိုး..."

သူက နတ်ဆိုးဂိုဏ်း၏ သူလျှိုဖြစ်ကြောင်း ပြောရန် ပြင်လိုက်ချိန်မှာပင် စနစ်၏ အသံက ထပ်မံထွက်ပေါ်လာသည်ကို ကြားလိုက်ရပြန်သည်။

[ကိုယ်ပိုင်အမှတ်အသားကို မေးခွန်းထုတ်ခံရသည်။ သွေးမျိုးဆက်ရှာဖွေမှုကို စတင်ပါသည်။ ပိုင်ရှင်သည် အပြင်ဘက်တွင် ပျောက်ဆုံးနေသော မဟာချင်အင်ပါယာ၏ မင်းသားတစ်ပါး ဖြစ်ကြောင်း တွေ့ရှိရပါသည်။ အင်ပါယာမှ တန်ခိုးကြီးသူများသည် ဆွေမျိုးတော်စပ်ကြောင်း အခိုင်အမာ ပြောဆိုရန် ရောက်ရှိနေကြပါပြီ...]

"ချီ... ဒီလိုမျိုးလဲ ရတယ်ပေါ့... မိုက်လှချည်လား စနစ်..."

"ငါ လုပ်လို့ရမလား..."

ချင်လော့က စိတ်ထဲမှ မေးမြန်းလိုက်သည်။ သူ၏ ဆန္ဒကို ဖွင့်မပြောရသေးမီမှာပင် စနစ်၏ ဖြတ်ပြောခြင်းကို ခံလိုက်ရ၏။

[ပိုင်ရှင်ထံမှ လက်တွေ့မဆန်သော စိတ်ကူးယဉ်မှုများကို ထောက်လှမ်းမိပါသည်။ စနစ်၏ ရှင်းလင်းချက် - ပိုင်ရှင်သည် အပြင်ဘက်တွင် ပျောက်ဆုံးနေသော မဟာချင်အင်ပါယာ၏ မူလမင်းသား အစစ်အမှန် ဖြစ်ပါသည်။ သူ၏ ကိုယ်ပိုင်အမှတ်အသားကို သက်သေပြရန် ကျောက်စိမ်းဆွဲသီးတစ်ခု ရှိပြီး သူ၏ သွေးမျိုးတက် သက်သေအဖြစ် ရှိနေပါသည်...]

တစ်ခွန်းတည်းပြောရလျှင် ဤသည်မှာ အမှန်တကယ်ဖြစ်ပြီး အိပ်မက်တစ်ခု မဟုတ်ပေ။

စနစ် လုပ်ဆောင်ခဲ့သည်မှာ သူ၏ ကိုယ်ပိုင်အမှတ်အသားကို ဖော်ထုတ်ပေးရုံသာ ဖြစ်ပေသည်။

နောင်တရနေသည့် အရိပ်အယောင်ဖြင့် ချင်လော့က အခြားတပည့်တစ်ဦးကို ကြည့်ကာ ပြောဆိုလိုက်သည်။

"မင်းပြောတာလည်း မှန်တယ်... ထိုက်ရွှီခေါင်းလောင်းကို ခိုးခဲ့တာ ငါပဲ..."

"ပြီးတော့ မင်း... မင်းပြောတာလည်း မှန်တယ်... လွန်ခဲ့တဲ့တစ်နှစ်က ကျမ်းစာတိုက်ထဲကို ခိုးဝင်ပြီး နိမိတ်လေးပါးဓားသိုင်းကို ခိုးခဲ့တာလည်း ငါပဲ..."

"ပြီးတော့ လွန်ခဲ့တဲ့သုံးနှစ်က ရတနာတိုက်ထဲကို ခိုးဝင်ပြီး အကြိမ်ကိုးဆယ်လျှို့ဝှက်နက်နဲသောဆေးလုံးကို ခိုးခဲ့တာလည်း ငါပဲ..."

"ပြီးတော့ လွန်ခဲ့တဲ့ဆယ့်ရှစ်နှစ်က..."

ချင်လော့ ရပ်တန့်သွား၏။ လွန်ခဲ့သောဆယ့်ရှစ်နှစ်က သူ မရောက်လာသေးပေ။ သူက ၎င်းကို ကျော်သွားလိုက်သည်။

"ပြီးတော့ မင်း..."

ချင်လော့ စကားပြောလေလေ ရဲ့ချန်၏ နှုတ်ခမ်းများက ကွေးတက်လာလေလေဖြစ်ပြီး အေကေသေနတ်တစ်လက်ကို ဖိနှိပ်ရသည်ထက်ပင် ပိုမိုခက်ခဲလာလေတော့သည်။

သို့သော် ဤအခိုက်အတန့်တွင် လျိုရူယန်က ဟစ်အော်လိုက်သည်။

"တော်ပါတော့..."

ချင်လော့အား ကြည့်နေသော သူမ၏ အကြည့်တွင် နက်ရှိုင်းသော စိတ်ပျက်မှုများ ပြည့်နှက်နေပေ၏။

"စီနီယာအစ်ကို... ပြဿနာရှာလို့ ဝပြီလား..."

"အစ်ကို ဝန်မခံချင်ရင်တောင် ဒီနေရာမှာ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေစရာ မလိုဘူးလေ..."

"လွန်ခဲ့တဲ့တစ်နှစ်က ကျမ်းစာတိုက် အခိုးခံရတုန်းက အစ်ကို မြင့်မြတ်နယ်မြေမှာ မရှိဘူးဆိုတာ ထင်ရှားနေတာပဲ... နိမိတ်လေးပါးဓားသိုင်းကို ခိုးတာ ဘယ်လိုလုပ် အစ်ကို ဖြစ်နိုင်မှာလဲ..."

ဤသည်ကို ကြားချိန်၌ လူအများအပြား အံ့အားသင့်သွားကြသည်။

မှန်ပေ၏။ ချင်လော့က ဤသည်ကို မလုပ်ခဲ့ကြောင်း ထင်ရှားနေသည်။ အဘယ်ကြောင့် ဝန်ခံရသနည်း။

သူက အမှန်တကယ်ပင် မကျေနပ်ချက် ရှိနေ၍များလား။

ရဲ့ချန်၏ လက်သီးများ အနည်းငယ် တင်းကျပ်သွားပြီး သူ၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော ရည်ရွယ်ချက်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ လျိုရူယန်မှာ သူ၏ ရည်ရွယ်ထားသော မယားငယ်များထဲမှ တစ်ဦးဖြစ်နေပြီဖြစ်ပြီး ယခုအခါ လျိုရူယန်က ချင်လော့အတွက် အမှန်တကယ် စကားထွက်ပြောပေးနေပေသည်။

"ဒါက အချစ်ဟောင်းကို မမေ့နိုင်သေးတာလား..." သူက သူ့ဘာသာ ရေရွတ်လိုက်၏။

"ချင်လော့ သေကိုသေရမယ်..."

" ဒီနေ့ သူ သေကိုသေရမယ်..."

[ခိုးယူမှုကို ဝန်ခံလိုက်သည့်အတွက် ပိုင်ရှင်သည် အဆင့်နိမ့် သူတော်စင်အဆင့် ထိုက်ရွှီခေါင်းလောင်းကို ရရှိပါသည်။ ပိုင်ရှင်သည် အဆင့်အနိမ့် သူတော်စင်အဆင့် နိမိတ်လေးပါးဓားသိုင်းကို ရရှိပါသည်။ ပိုင်ရှင်သည် အဆင့်အနိမ့် ကောင်းကင်အဆင့် အကြိမ်ကိုးဆယ်လျှို့ဝှက်နက်နဲသောဆေးလုံးကို ရရှိပါသည်...]

ထို့ထက်ပို၍ အရေးကြီးသည်မှာ ပထမဆုံး ရရှိခဲ့သော ပစ္စည်းနှစ်ခုစလုံးသည် အပြည့်အစုံ ဖြစ်နေခြင်းပင်။

ထိုက်ရွှီခေါင်းလောင်းမှာ လွန်ခဲ့သောနှစ်ငါးရာက ကြီးမားသော တိုက်ပွဲတစ်ခုတွင် ပျက်စီးသွားခဲ့ပြီး ၎င်း၏ စွမ်းအားမှာ ယခင်ကထက် ဆယ်ပုံတစ်ပုံပင် မပြည့်တော့ချေ။

နိမိတ်လေးပါးဓားသိုင်းသည် မူလက မပြည့်စုံသော ကျမ်းလိပ်တစ်ခုသာ ဖြစ်သည်။ မပြည့်စုံသော ကျမ်းလိပ်တစ်ခုအဖြစ်ပင် နိမိတ်လေးပါးဓားသိုင်းသည် အဆင့်အနိမ့်ကောင်းကင်အဆင့်အဖြစ် သတ်မှတ်ခံရရန် လုံလောက်ခဲ့သော်လည်း ယခုအခါ သူ ရရှိခဲ့သည်မှာ သူတော်စင်အဆင့် အပြည့်အစုံ ဖြစ်နေပေသည်။ အလွန်မိုက်ပေ၏။

အကြိမ်ကိုးဆယ်လျှို့ဝှက်နက်နဲသောဆေးလုံးဆိုလျှင် ကောင်းကင်အဆင့် ဆေးလုံးတစ်လုံးပင်ဖြစ်ပြီး ကျင့်ကြံမှုကို တိုးတက်စေနိုင်သော ရတနာတစ်ခု ဖြစ်လေသည်။

'မိုက်လွန်းတယ်' ဟူသော စကားလုံးတစ်ခွန်းတည်းဖြင့် မည်သို့ ဖော်ပြနိုင်မည်နည်း။ မိုက်တယ်...အရမ်းမိုက်တယ်... အရမ်းရမ်းကို မိုက်လွန်းတယ်ဟု ဆိုရပေမည်။

သူက လျိုရူယန်ထံသို့ လှည့်ကာ ပြုံးရင်း ပြောဆိုလိုက်သည်။

"ဂျူနီယာညီမလေး... စောစောကတင် မင်း ငါ့ကို ဝန်ခံခိုင်းနေတာ မဟုတ်ဘူးလား..."

"အခု ငါ ဝန်ခံလိုက်တော့လည်း မင်းက ငါ မလုပ်ခဲ့ဘူးလို့ ပြောနေပြန်ပြီ"

"မင်း ငါ့ကို အတော်လေး အခက်တွေ့အောင် လုပ်နေတာပဲ..."

"ပြောပါဦး... ငါ ဝန်ခံရမှာလား၊ ဝန်မခံရဘူးလား... ငါ ဘာကို ဝန်ခံရမလဲဆိုတာ ပြောပြ... ငါ အဲဒါကို ဝန်ခံပေးမယ်လေ ဟုတ်ပြီလား..."

ချင်လော့၏ မျက်လုံးများထဲရှိ အလွန် စိမ်းသက်နေသော အကြည့်ကို ကြည့်ကာ သူ၏ စကားများကို နားထောင်ရင်း လျိုရူယန်မှာ အသက်ရှူရ ခက်ခဲလာသလို ခံစားလိုက်ရသည်။

ယခင်ကဆိုလျှင် ချင်လော့သည် သူမအား ဤကဲ့သို့ မည်သည့်အခါမျှ ပြောဆိုလိမ့်မည် မဟုတ်ပေ။

"စီနီယာအစ်ကို... အစ်ကို ပြောင်းလဲသွားပြီ... အစ်ကို အရင်က ကျွန်မကို ဒီလိုမျိုး ဘယ်တော့မှ စကားမပြောဖူးဘူး... စီနီယာအစ်ကို..."

"ရပ်လိုက်တော့..." လျိုရူယန် ဆက်ပြောမည့်စကားကို ချင်လော့က ဟန့်တားလိုက်၏။

"ငါ့ကို စီနီယာအစ်ကိုလို့ မခေါ်နဲ့... မင်းရဲ့ စီနီယာအစ်ကို သေသွားပြီ... သူ့ကို လုပ်ကြံစွပ်စွဲနေတဲ့ တခြားသူတွေကိုပဲ မင်း အကြိမ်ကြိမ် ယုံကြည်ဖို့ ရွေးချယ်လိုက်တဲ့ အခိုက်အတန့်မှာ သူ သေဆုံးသွားခဲ့ပြီ..."

"ဂျူနီယာညီမလေး ဒါမင်းကိုယ်တိုင်ရွေးချယ်ခဲ့တာပဲ... စကားမစပ် ဒါက မင်းကို ဂျူနီယာညီမလေးလို့ နောက်ဆုံး ခေါ်တာပဲ... အခုကစပြီး မင်းနဲ့ငါ ဘာပတ်သက်မှုမှ မရှိတော့ဘူး..."

ချင်လော့သည် ယခင်ကလို အချစ်ရူးတစ်ယောက် မဟုတ်တော့ချေ။ အဆုံးထိ အချစ်ရူးတစ်ယောက်ဖြစ်ခဲ့ရခြင်း၏ ရလဒ်က ဘာလဲ။ သူ သေဆုံးသွားခြင်းပင်။

သူက လျိုရူယန်နှင့် ပတ်သက်မှုကို ပြတ်သားစွာ ဖြတ်တောက်လိုက်တော့သည်။

လျိုရူယန်က သူမရှေ့ရှိ ချင်လော့ကို ကြည့်ရင်း အလွန် စိမ်းသက်နေသလို ခံစားလိုက်ရ၏။ သူမသည် ဆယ်နှစ်ကျော်ကြာ ချင်လော့၏ ကာကွယ်ပေးမှုကို ရရှိခဲ့သည်။ ခွေးတစ်ကောင်ဆိုလျှင်ပင် သူမအပေါ် သံယောဇဉ် ရှိနေလောက်ပြီဖြစ်လေသည်။ လူတစ်ယောက်ဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ချေ။

သူမက နှလုံးသားထဲတွင် နာကျင်မှုကို ခံစားလိုက်ရပြီး တစ်စုံတစ်ခုက သူမကို စွန့်ခွာသွားသကဲ့သို့၊ သူမ ဆုပ်ကိုင်ထားချင်သော်လည်း ပြန်ယူလာ၍ မရနိုင်တော့သကဲ့သို့ ခံစားလိုက်ရပေသည်။

[ကံကြမ္မာသမီးတော်၏ စိတ်ထဲတွင် နောင်တရသည့် ခံစားချက် အနည်းငယ် ပေါ်ပေါက်လာပါသည်... ဆုံးရှုံးသွားသော ကံကြမ္မာတန်ဖိုး အမှတ် ၁၀၀၀...]

[ကံကြမ္မာသမီးတော်ကို ရှာဖွေတွေ့ရှိပါသည်...]

[အမည် - လျိုရူယန်]

[အသက် - ၁၈ နှစ်]

[ကံကြမ္မာအဆင့် - တတိယအဆင့်]

[သေမျိုးအားလုံးတွင် ကံကြမ္မာ ရှိကြသည်... ကြီးမားသော ကံကြမ္မာရှိသူများကို ကံကြမ္မာသားတော်ဟု ခေါ်ဆိုနိုင်သည်။ ကံကြမ္မာ၏ အရောင်အပေါ် မူတည်၍ ၎င်းကို အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ စိမ်းပြာ၊ အပြာ၊ ခရမ်း စသည်ဖြင့် ခွဲခြားနိုင်သည်။ လျိုရူယန်၏ ဦးခေါင်းသည် အဝါရောင်တောက်ပနေပြီး တတိယအဆင့် ကံကြမ္မာကို ညွှန်ပြနေကာ သူမကို ကံကြမ္မာသမီးတော်ဟု ခေါ်ဆိုနိုင်သည်...]

[ခန္ဓာကိုယ် - လျှို့ဝှက်ဆန်းကြယ်ဆွဲဆောင်မှုခန္ဓာ]

[ဤခန္ဓာကိုယ်ကို ပိုင်ဆိုင်သူများသည် သဘာဝအလျောက် လှပကြပြီး အလွန်ကောင်းမွန်သော ရုပ်ရည်ရှိကြသည်။ သူတို့၏ စိတ်နေသဘောထားနှင့် အသွင်အပြင် နှစ်ခုစလုံးက ဖော်ပြ၍မရနိုင်သော ဆွဲဆောင်မှုတစ်ခုကို ထုတ်လွှတ်နေသည်...]

[ကံကြမ္မာတန်ဖိုး - ၄၈၀၀၀ မှတ်]

[အဆင့် - ပင်လယ်ဖွင့်လှစ်ခြင်းအဆင့် ၇ ]

[ကျင့်ကြံအဆင့်များ - ချီစုဆောင်းခြင်းအဆင့်၊ သွေးကြောစုစည်းခြင်းအဆင့်၊ စွမ်းအင်သိုလှောင်အဆင့်၊ ဆန်းကြယ်အမြုတေအဆင့်၊ ပင်လယ်ဖွင့်လှစ်ခြင်းအဆင့်၊ နတ်စွမ်းအင်အဆင့်၊ နတ်ဘုရားအသွင်ပြောင်းအဆင့်၊ ကောင်းကင်ဖွင့်လှစ်ခြင်းအဆင့်၊ သူတော်စင်အဆင့် (သူတော်စင်၊ သူတော်စင်ဘုရင်၊ မဟာသူတော်စင်)]

[ဖော်ပြချက် - ချင်လော့၏ ငယ်ချစ်၊ ထိုက်ရွှီမြင့်မြတ်နယ်မြေ မြင့်မြတ်သောသခင်၏ သမီးတော် ဖြစ်သည်။ သူမတွင် အချစ်ရူးများစွာ ရှိသည်။ ဤအမျိုးသမီးကြောင့် ချင်လော့နှင့် ရဲ့ချန်တို့ သဘောထားကွဲလွဲခဲ့ကြသည်။ ရဲ့ချန်သည် ဤအမျိုးသမီးကို အပိုင်ရရန်အတွက် ချင်လော့အား ချောက်ချရန် အကြိမ်ကြိမ် ကြံစည်ခဲ့ပြီး ချင်လော့အား ထိုက်ရွှီမြင့်မြတ်နယ်မြေအတွင်း နာမည်ဆိုးဖြင့် ကျော်ကြားစေခဲ့သည်...]

ချင်လော့၏ နှုတ်ခမ်းများ တွန့်ကွေးသွားပေ၏။ ယခင်ခန္ဓာကိုယ်ပိုင်ရှင်က အချစ်ရူးတစ်ယောက် ဖြစ်နေသည်မှာ အံ့သြစရာမရှိချေ။ လျိုရူယန်က ဤမျှ ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်ကိုး။

[ပိုင်ရှင် - ချင်လော့]

[အသက် - ၁၉ နှစ်]

[ကံကြမ္မာအဆင့် - အဆင့်သုည (အနက်ရောင်)]

[ခန္ဓာကိုယ် - မွေးရာပါသေမျိုးခန္ဓာ]

[လူသားမျိုးနွယ်၏ အစဦးဆုံးသော ခန္ဓာကိုယ်ဖြစ်ပြီး အသန့်စင်ဆုံးသော ခန္ဓာကိုယ်ဖြစ်သည်။ မည်သည့် အထူးလက္ခဏာရပ်မျှ မရှိသော်လည်း ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးပညာကို ကျင့်ကြံရန်အတွက် အလွန်သင့်လျော်သည်...]

[ဗီလိန်မှတ်များ - ၁၀၀၀ မှတ်]

[ပိုင်ရှင်၏ လုပ်ရပ်များကြောင့် ကံကြမ္မာသားတော် သို့မဟုတ် ကံကြမ္မာသမီးတော် ထံမှ ဆုံးရှုံးသွားသော မည်သည့် ကံကြမ္မာကိုမဆို ပိုင်ရှင်ထံသို့ ဗီလိန်မှတ်များအဖြစ် ပေးအပ်မည်ဖြစ်သည်။ ဗီလိန်မှတ်များကို ပစ္စည်းများနှင့် လဲလှယ်ရန် အသုံးပြုနိုင်သည်...]

[အဆင့် - နတ်စွမ်းအင်အဆင့် ၇ ]

[သင့်ဆရာက သင့်ကို သူ့ရဲ့ ကိုယ်ပိုင်သားတစ်ယောက်လို တကယ် သဘောထားခဲ့တာပါ။သင်က သင့်ဆရာရဲ့ အုတ်ဂူဆီသွားပြီး အမွှေးတိုင် အနည်းငယ် ထွန်းညှိပေးရမယ်လို့ စနစ်က အကြံပြုပါတယ်...]

[ဖော်ပြချက် - ပိုင်ရှင်သည် ဤကမ္ဘာတွင် အလွန် မြင့်မြတ်သောသူတစ်ဦးဖြစ်သည့် မဟာချင်အင်ပါယာ၏ မင်းသားတစ်ပါး ဖြစ်သည်... သေးငယ်သော ထိုက်ရွှီမြင့်မြတ်နယ်မြေကို လွယ်ကူစွာ ထိန်းချုပ်နိုင်သည်...]

"ဒါဆို ငါက ဥပဒေမဲ့ နေလို့ရပြီပေါ့..."

သေရန် ပြင်ဆင်ထားပြီးဖြစ်သော ချင်လော့သည် ယခုအခါ ပို၍ပင် အကြောက်အလန့် ကင်းမဲ့သွားလေပြီ။

သူ့ကို သတ်ရဲသလား။ ဟားဟား... မဟာချင်အင်ပါယာက ဤနေရာရှိ လူတိုင်းကို သူ့နောက်သို့ အဖော်ပြုရန် သေချာပေါက် စေလွှတ်ပေးပေလိမ့်မည်။

တကယ့်ကို တန်လှပေ၏။

သူက ရဲ့ချန်ထံသို့ အကြည့်လွှဲလိုက်ရာ သူ၏ အမူအရာက အနည်းငယ် ပို၍ လေးနက်သွားခဲ့သည်။ ဤခွေးကောင်က အမှန်တကယ်ပင် ကံကြမ္မာသားတော် ဖြစ်နေပေ၏။

"စနစ်... ငါ့ရဲ့ ကံကြမ္မာက ဘာလို့ အနက်ရောင် ဖြစ်နေရတာလဲ... ပြီးတော့ ဘာလို့ အဆင့်သုည ဖြစ်နေတာလဲ..."

[သာမန်လူတွေရဲ့ ကံကြမ္မာက ဗလာပါ... သင့်အတွက်ကတော့...]

"ငါက မင်း ရွေးချယ်ထားတဲ့ ဗီလိန်မို့လို့လား..."

[သင်က ကူးပြောင်းလာသူ တစ်ယောက်လေ...]

All Chapters