အခန်း ၃
Vol. 1 Ch. 3
အခန်း ၃ မကြောက်ပါနဲ့၊ ပြီးပြည့်စုံတဲ့ ဓားသိုင်းအတွက် ဆုချီးမြှင့်ခံရပါလိမ့်မယ်
[ကံကြမ္မာသားတော် ရဲ့ချန်ကို ရှာဖွေတွေ့ရှိပါသည်...]
[အမည် - ရဲ့ချန်]
[အသက် - ၁၇ နှစ်]
[ကံကြမ္မာအဆင့် - ပဉ္စမအဆင့် (စိမ်းပြာရောင်)]
[ကံကြမ္မာတန်ဖိုး - ၇၃၅,၀၀၀ မှတ်]
[ခန္ဓာကိုယ် - မိုးကောင်းကင်လောင်ကျွမ်းခြင်းမီးတောက်ခန္ဓာ၊ မွေးရာပါဓားအရိုး]
[သဘာဝမီးတောက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး မတူညီသော မီးတောက်များ၊ မြေမီးတောက်များ၊ ကောင်းကင်မီးတောက်များ စသည်တို့ကို လွယ်ကူစွာ သန့်စင်ပေါင်းစည်းနိုင်ကာ ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်စွမ်းရှိသည့် အဓိပတိ မိုးကောင်းကင်လောင်ကျွမ်းခြင်းမီးတောက်ခန္ဓာကို ရရှိနိုင်သည်။ သူ၏ မွေးရာပါဓားအရိုးဖြင့် မည်သည့် ဓားသိုင်းကိုမဆို လျင်မြန်သော တိုးတက်မှုဖြင့် ကျင့်ကြံနိုင်ပြီး အမှန်တကယ်ပင် မွေးရာပါ ဓားကျင့်ကြံသူ ပါရမီရှင်တစ်ဦး ဖြစ်သည်...]
[အဆင့် - လိုဏ်ဂူကောင်းကင်အဆင့် ၃]
[မိမိအဆင့်ထက် ကျော်လွန်ကာ လွယ်ကူစွာ တိုက်ခိုက်နိုင်ပြီး လိုဏ်ဂူကောင်းကင်အဆင့်အတွင်း၌ ပြိုင်ဘက်ကင်းနီးပါးဖြစ်ကာ နတ်စွမ်းအင်အဆင့် ကျွမ်းကျင်သူများနှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိသည်...]
[ဖော်ပြချက် - အမှိုက်ကောင်လမ်းစဉ် ကံကြမ္မာသားတော်တစ်ဦးဖြစ်ပြီး အဆုံးအဖြတ် တိုက်ပွဲများကို ကြုံတွေ့ပြီးနောက် လက်စွပ်တစ်ခုအတွင်းရှိ တန်ခိုးကြီးမားသော ဝိညာဉ်အရာဝတ္ထုတစ်ခု၏ သင်ကြားပြသမှုဖြင့် ကောင်းကင်ကို ဆန့်ကျင်ကာ တက်လှမ်းလာသူ ဖြစ်သည်။ သူက မိမိအဆင့်ထက် ကျော်လွန်ကာ မကြာခဏ တိုက်ခိုက်လေ့ရှိပြီး ကံကြမ္မာသမီးတော်များစွာနှင့် ရင်းနှီးသော ဆက်ဆံရေးများ ရှိသည်။ အနာဂတ်တွင် ကံကြမ္မာသမီးတော်များ၏ အဆင့်အတန်းနှင့် အရင်းအမြစ်များ၏ အကူအညီဖြင့် လျင်မြန်စွာ ကြီးထွားလာပါလိမ့်မည်။ သူ၏ ကံကြမ္မာအဆင့်သည် ဆက်လက်မြင့်တက်လာနိုင်ပြီး မမျှော်လင့်ထားသောအရာများ မဖြစ်ပွားပါက နောက်ဆုံးတွင် သူသည် တာအိုကို ရရှိကာ ဧကရာဇ်တစ်ပါး ဖြစ်လာပြီး ဤကမ္ဘာကို ကျော်လွန်သွားလိမ့်မည်...]
ဘုရားရေ... ဆေးအကြီးအကဲနဲ့ မိန်းမစရိတ်စားတဲ့လမ်းစဉ် ကံကြမ္မာသားတော်လား...
ပြီးတော့ အမှိုက်ကောင်ဘဝမှ တက်လှမ်းလာသူဖြစ်နေ၍ သူ့နှလုံးသားက ထိုမျှလောက် မည်းမှောင်နေကာ ယခင်ခန္ဓာကိုယ်ပိုင်ရှင်ကို အကြိမ်ကြိမ် ရန်စပြီး ချောက်ချနေသည်မှာ အံ့သြစရာမရှိတော့ချေ။
မည်သို့ပင်ဆိုစေ ယခင်ခန္ဓာကိုယ်ပိုင်ရှင်က သေဆုံးသွားပြီဖြစ်ရာ ယခင်ခန္ဓာကိုယ်ပိုင်ရှင်၏ ကလဲ့စားချေမှုက အရေးမကြီးတော့ချေ။
သို့သော် ...
ဒီနေ့ မင်းက ငါ့ကို ပစ်မှတ်ထားလာတာကတော့ လုံးလုံးလျားလျား မှားယွင်းသွားပြီလေ...
ခုနစ်သိန်းကျော်ရှိသော ကံကြမ္မာတန်ဖိုးမှတ်များကို ကြည့်ရင်း ချင်လော့၏ မျက်လုံးများက မနာလိုမှုများဖြင့် တောက်လောင်နေပေ၏။
"သူ့ရဲ့ ကံကြမ္မာတန်ဖိုးမှတ်တွေကို ငါ ဘယ်လို အပြီးအပိုင် ဆွဲခွာယူရမလဲ..." ချင်လော့က စိတ်ထဲမှ မေးမြန်းလိုက်သည်။
[ကံကြမ္မာသားတော်တစ်ဦးကို အနိုင်ယူခြင်း၊ ဖိနှိပ်ခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းက သူတို့၏ ကံကြမ္မာကို သုညအထိ ပြန်လည်ရောက်ရှိသွားစေနိုင်ပါသည်ယ ကံကြမ္မာသားတော်၏ အခွင့်အရေး၊ အမျိုးသမီးများ စသည်တို့ကို လုယူခြင်း သို့မဟုတ် ကံကြမ္မာသားတော်၏ စိတ်အခြေအနေကို ဖိနှိပ်ခြင်းကလည်း သူတို့၏ ကံကြမ္မာမှတ်များကို ဆုံးရှုံးသွားစေနိုင်ပါသည်...]
ရဲ့ချန်က ရှေ့သို့ တစ်လှမ်းတိုးကာ လျိုရူယန်ကို ကာကွယ်လိုက်ပြီး ချင်လော့အား အပြစ်တင်လိုက်၏။
"စီနီယာအစ်ကိုချင်... ဒီဂျူနီယာညီမလေးကို ဒီလိုစကားမျိုး ဘယ်လိုလုပ် ပြောရက်ရတာလဲ..."
ယခုလေးတင် လျိုရူယန်က ချင်လော့အတွက် အမှန်တကယ် စကားထွက်ပြောပေးခဲ့ရာ ရဲ့ချန်၏ နှလုံးသားထဲတွင် အန္တရာယ်ရှိသော ခံစားချက်တစ်ခု ပေါ်ပေါက်လာစေခဲ့သည်။
လျိုရူယန်နှင့် ချင်လော့တို့မှာ ငယ်ချစ်များ ဖြစ်ကြသည်။ ငယ်ချစ်များက နောက်မှပေါ်လာသူများကို မယှဉ်နိုင်ဘူးဟူသော စကားကို သူ မည်သည့်အခါကမျှ မကြားဖူးခဲ့ချေ။
သူ သိထားသည်မှာ လျိုရူယန်ကို တစ်လှမ်းချင်းစီ ခက်ခဲစွာ သိမ်းသွင်းခဲ့ရပြီး ယခုအခါ လျိုရူယန်ကို အပြည့်အဝ ပိုင်ဆိုင်နိုင်ရန် ခြေတစ်လှမ်းသာ လိုတော့ကြောင်းပင်။ မည်သည့် မတော်တဆမှုမျှ ဖြစ်ပွားခွင့်မပြုနိုင်ချေ။
လျိုရူယန်က လှပပြီး ခန္ဓာကိုယ်အချိုးအစား ကောင်းမွန်ရုံသာမက လျိုရူယန်သည် ထိုက်ရွှီမြင့်မြတ်နယ်မြေ မြင့်မြတ်သောသခင်၏ တစ်ဦးတည်းသော သမီးတော် ဖြစ်နေသောကြောင့်ပင်။ အကယ်၍ သူသာ လျိုရူယန်နှင့် လက်ထပ်လိုက်လျှင် သူသည် သတ်မှတ်ထားသော ထိုက်ရွှီသူတော်စင်နှင့် ထိုက်ရွှီမြင့်မြတ်နယ်မြေ၏ အနာဂတ် မြင့်မြတ်သောသခင် ဖြစ်လာမည်ဖြစ်ပြီး ထိုက်ရွှီမြင့်မြတ်နယ်မြေတစ်ခုလုံး၏ အရင်းအမြစ်အားလုံးက သူ့ထံသို့ ယိမ်းယိုင်လာမည် ဖြစ်လေသည်။
သူက ထိုက်ရွှီမြင့်မြတ်နယ်မြေ၏ ထောက်ခံမှုကိုလည်း ရရှိလိမ့်မည် ဖြစ်သည်။ အနာဂတ်တစ်နေ့တွင် သူက မိသားစုထံသို့ သွားရောက်ကာ ကလဲ့စားချေနိုင်ပြီး သူနှင့် ထိုက်တန်သော အရာအားလုံးကို ပြန်လည်ရယူနိုင်ပေမည်။
သူ၏ စေ့စပ်မှုကို ဖျက်သိမ်းခဲ့သော မိသားစုထံသို့ သွားရောက်ကာ ကလဲ့စားချေမည်ဖြစ်ပြီး 'မြစ်အရှေ့ဘက်မှာ အနှစ်သုံးဆယ်၊ မြစ်အနောက်ဘက်မှာ အနှစ်သုံးဆယ်... လူငယ်တစ်ယောက် ဆင်းရဲတာကို အနိုင်မကျင့်နဲ့' ဟု သူတို့ကို ပြောဆိုရပေမည်။
"စီနီယာအစ်ကိုချင်... အခု သက်သေရော သက်သေခံပစ္စည်းတွေပါ ရှိနေပြီဆိုတော့ ခင်ဗျားရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေက ကျွန်တော်တို့ ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ ဆရာတွေနဲ့ အကြီးအကဲအသီးသီးကို ဘယ်လိုလုပ် လှည့်စားနိုင်မှာလဲ..."
"စီနီယာအစ်ကိုချင်... ခင်ဗျားရဲ့ အပြစ်ကို အမြန်ဆုံး ဝန်ခံဖို့ ကျွန်တော် အကြံပေးပါရစေ... ဒါဆိုရင် မြင့်မြတ်သောသခင်က ခင်ဗျားကို သက်သက်သာသာ အပြစ်ပေးကောင်း ပေးလိမ့်မယ်..."
ချင်လော့အနေဖြင့် အခြေအနေကို ပြန်လည်ပြောင်းလဲနိုင်တော့မည် မဟုတ်ဟု ရဲ့ချန်က ယုံကြည်ထားသဖြင့် သူက ရှေ့ထွက်ကာ လဲကျနေသူကို ထပ်မံကန်ကြောက်လိုခြင်း ဖြစ်လေသည်။
"စီနီယာအစ်ကိုချင်... ခင်ဗျား သတ်ဖြတ်ခဲ့တဲ့ ဂိုဏ်းတူညီအစ်ကိုတွေကို စဉ်းစားကြည့်ပါဦး... တကယ်လို့ ခင်ဗျားမှာ အသိတရား ကျန်သေးတယ်ဆိုရင် ခင်ဗျား ဒူးထောက်ပြီး အမှားကို ဝန်ခံသင့်တယ်... ပြီးတော့ သူတို့ရဲ့ အုတ်ဂူတွေရှေ့မှာ တောင်းပန်သင့်တယ်..."
ချင်လော့၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ဘယ်ကောင်ကများ ကာကွယ်မဝတ်ဘဲ မင်းကို ထွက်လာခွင့်ပြုလိုက်တာလဲ..."
ချင်လော့ ကျိန်ဆဲသည်ကို ပထမဆုံးအကြိမ် ကြားလိုက်ရသဖြင့် လျိုရူယန်၏ မျက်လုံးများ ပြူးကျယ်သွားကာ မယုံကြည်နိုင်မှုများ ပြည့်နှက်သွားခဲ့သည်။ သူမ၏ မှတ်ဉာဏ်ထဲရှိ ချင်လော့မှာ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးသော အမျိုးသားတစ်ဦး ဖြစ်ပေ၏။
သို့သော် ယခုမူ သူက မည်သို့လုပ် လူရမ်းကားတစ်ယောက် ဖြစ်သွားရမှန်း သူမ မသိတော့ချေ။
ရဲ့ချန်၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားခဲ့သည်။ သူက ချင်လော့ကို ကြည့်ကာ ပြောဆိုလိုက်၏။
"စီနီယာအစ်ကိုချင်... ခေါင်းမာပြီး ခုခံနေတာက သေလမ်းကို ရွေးတာပဲ... ဒီနေ့ ခင်ဗျားလက်ချက်နဲ့ သေဆုံးသွားခဲ့ရတဲ့ စီနီယာအစ်ကိုတွေ ကိုယ်စား ခင်ဗျားကို ကျွန်တော် စိန်ခေါ်မယ်... သူတို့အတွက် ကျွန်တော် ကလဲ့စားချေပေးမယ်..."
ဖြောင့်မတ်သောလမ်းစဉ်၏ အလင်းရောင်က ရဲ့ချန်အပေါ်သို့ တောက်ပနေပြီး ဤအခိုက်အတန့်တွင် သူ့ကို အလွန် ခမ်းနားကြီးကျယ်ပုံပေါ်စေခဲ့ပေသည်။
မြင့်မားသောစင်မြင့်ထက်တွင် ထိုင်နေကြသော အကြီးအကဲအားလုံး နှုတ်ဆိတ်နေကြလေသည်။ ယခုလေးတင် ပြုလုပ်ခဲ့သော ချင်လော့၏ လုပ်ရပ်က သူတို့ကို အလွန် စိတ်ပျက်သွားစေခဲ့သည်။
"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်... မင်းပြောတာတွေ အကုန်မှန်တယ်... သူတို့အကုန်လုံးကို ငါ သတ်ခဲ့တာ... ဒါကြောင့် ဒီနေ့ မင်းက နောက်ထပ်တစ်ယောက် ဖြစ်လာတော့မှာပေါ့..."
ချင်လော့၏ စကားသံ အဆုံးတွင် သူက ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ရဲ့ချန်ထံသို့ ပြေးဝင်သွားခဲ့သည်။ ဂုဏ်သိက္ခာရှိသော နတ်စွမ်းအင်အဆင့် ၇ ဖြစ်သည့် သူက ဤလိုဏ်ဂူကောင်းကင်အဆင့်သာရှိသော ရဲ့ချန်ကို မည်သို့လုပ် အနိုင်မယူနိုင်ဘဲ ရှိမည်နည်း။
သူ မယုံကြည်ချေ။
နတ်စွမ်းအင်အဆင့်နှင့် လိုဏ်ဂူကောင်းကင်အဆင့်ကြား အကြီးမားဆုံး ကွာခြားချက်မှာ နတ်စွမ်းအင်အဆင့်သည် ကောင်းကင်နှင့် မြေကြီး ဒြပ်စင်များ၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်နိုင်နေပြီဖြစ်ပြီး လိုဏ်ဂူကောင်းကင်အဆင့်ကမူ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ချီပင်လယ်မှ စွမ်းအားကိုသာ အသုံးပြုနိုင်ခြင်း ဖြစ်ပေသည်။
[မကြောက်နဲ့... လုပ်သာလုပ်လိုက်ပါ... ဗီလိန်တစ်ယောက်ဆိုတာ ဥပဒေမဲ့ဖြစ်ပြီး အကြောက်အလန့် ကင်းမဲ့နေသင့်တယ်... ကောင်းကင်ကြီးက ရန်သူတွေချည်း ဖြစ်နေရင်ကော ဘာဖြစ်လဲ... ယောက်ျားတစ်ယောက် သေသွားရင် ပြီးတာပဲ... ဒါပေမဲ့ သူ မသေဘူးဆိုရင် နှစ်သောင်းချီ အသက်ရှင်နေရလိမ့်မယ်...]
[ဆုချီးမြှင့်မှု ရရှိပါသည် - ပြီးပြည့်စုံသောအဆင့် နိမိတ်လေးပါးဓားသိုင်း နားလည်သဘောပေါက်မှု]
[သိုင်းပညာ ကျင့်ကြံခြင်းအဆင့်များကို အစပျိုးအဆင့်၊ သာမန်အောင်မြင်မှုအဆင့်၊ ကြီးမားသောအောင်မြင်မှုအဆင့်၊ ပြီးပြည့်စုံသောအဆင့် ဟူ၍ ခွဲခြားထားပါသည်...]
[ဆုချီးမြှင့်မှု ရရှိပါသည် - ထိုက်ရွှီခေါင်းလောင်း သန့်စင်မှု ပြီးစီးခြင်း]
[အဆင့်အနိမ့် သူတော်စင်အဆင့် ထိုက်ရွှီခေါင်းလောင်းကို သယ်ဆောင်ထားခြင်းဖြင့် လိုဏ်ဂူကောင်းကင်အဆင့် ကျွမ်းကျင်သူများကိုပင် ရင်ဆိုင်ယှဉ်ပြိုင်နိုင်စွမ်း ရှိပါသည်...]
[ဆုချီးမြှင့်မှု ရရှိပါသည် - ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးသိုင်းပညာ နားလည်သဘောပေါက်မှု]
[တခြားသူများ၏ မူလအဆီအနှစ်ကို ဝါးမြိုပြီး မိမိ၏ ခန္ဓာကိုယ်ကို သန်မာစေပါသည်။ သေမျိုးခန္ဓာကိုယ်တစ်ခုပင်လျှင် ကောင်းကင်ကို ဆန့်ကျင်နိုင်သည့် အခိုက်အတန့် ရှိနိုင်ပါသည်...]
တစ်ခဏအတွင်းမှာပင် သူသည် နိမိတ်လေးပါးဓားသိုင်း၏ ကွက်ကွက်များအားလုံးကို နားလည်သဘောပေါက်သွားခဲ့သည်။
နိမိတ်လေးပါးဓားသိုင်းသည် သတ္တု၊ သစ်သား၊ ရေနှင့် မီး ဟူသော ဒြပ်စင်လေးပါးကို ကိုယ်စားပြုသည်။ ယခင်က ထိုက်ရွှီမြင့်မြတ်နယ်မြေတွင် မီးဓားကွက် တစ်ခုသာ ရှိခဲ့ပေသည်။
ထို့ပြင် ရဲ့ချန်တွင် မိုးကောင်းကင်လောင်ကျွမ်းခြင်းမီးတောက်ခန္ဓာ ရှိပြီး မွေးရာပါဓားအရိုးလည်း ရှိပေသည်။ ဤနိမိတ်လေးပါးဓားသိုင်းအတွင်းရှိ မီးဓားကွက်သည် သူ၏ ခန္ဓာကိုယ်နှင့် ပြီးပြည့်စုံစွာ ကိုက်ညီနေလေသည်။
၎င်းက အခိုးခံလိုက်ရကြောင်း ထင်ရှားနေပေ၏။
မြင့်မားသောစင်မြင့်ထက်တွင် တစ်စုံတစ်ယောက်က မေးမြန်းလိုက်သည်။
"မြင့်မြတ်သောသခင်... ကျွန်တော်တို့ လှုပ်ရှားပြီး ချင်လော့ကို ဖမ်းဆီးသင့်လား..."
မြင့်မြတ်သောသခင် လျိုချန်ဟယ်က ချင်လော့ကို တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် စိတ်ပျက်သွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။
သူက မူလက ချင်လော့ကို အခွင့်အရေးတစ်ခု ပေးလိုခဲ့ပြီး ချင်လော့အား သူ၏ အမှားကို ဝန်ခံစေကာ နောင်တချောက်ကမ်းပါးတွင် ဆယ်နှစ်ကြာ နေထိုင်ရန် အပြစ်ပေးပြီးနောက် မြင့်မြတ်နယ်မြေအတွက် သေရေးရှင်ရေးတိုက်ပွဲတစ်ခုတွင် ပါဝင်ခွင့်ပေးရန် ရည်ရွယ်ထားခဲ့သည်။ အကယ်၍ သူသာ ကြီးမားသော စွမ်းဆောင်မှုတစ်ခု ပြုလုပ်နိုင်ခဲ့လျှင် ချင်လော့ကို ချမ်းသာပေးနိုင်မည် ဖြစ်လေသည်။
ကံမကောင်းစွာဖြင့် ချင်လော့သည် စိတ်လွတ်နေသူတစ်ဦးကဲ့သို့ အဓိပ္ပာယ်မရှိသော စကားများကို ပြောဆိုနေခဲ့သည်။
ရဲ့ချန်ကို ထပ်မံကြည့်ရှုလိုက်ချိန်၌ သူ၏ မျက်လုံးများတွင် အသိအမှတ်ပြုသော အရိပ်အယောင်တစ်ခု မလွဲမသွေ ပေါ်လာခဲ့ပေ၏။
ရဲ့ချန်၏ ပါရမီမှာ ထိပ်တန်းအဆင့်ဖြစ်ပြီး သူ၏ ကျင့်ကြံမှု တိုးတက်နှုန်းက အံ့မခန်းဖြစ်လေသည်။ သူက ရဲ့ချန်ကို သတိထားမိနေခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။
ဘက်စုံ စဉ်းစားသုံးသပ်ပြီးနောက် ရဲ့ချန်သည် ထိုက်ရွှီသူတော်စင် နေရာအတွက် ချင်လော့ထက် ပို၍ သင့်လျော်သည်ဟု သူ ခံစားလိုက်ရသည်။
"သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက ဘယ်လိုရှိလဲဆိုတာ ကြည့်ရအောင်... သူက ချင်လော့ကို စိန်ခေါ်ရဲတာဆိုတော့ သူ့မှာ ကိုယ်ပိုင် စဉ်းစားသုံးသပ်မှုတွေ သဘာဝကျကျ ရှိမှာပေါ့..."
လျိုချန်ဟယ်က ခံစားချက်ကင်းမဲ့စွာဖြင့် ပြောဆိုလိုက်သည်။
သူ ရှိနေသရွေ့ မည်သည့် မတော်တဆမှုမျှ ဖြစ်ပေါ်လာမည် မဟုတ်ချေ။ ချင်လော့က သူ၏ မျက်စိအောက်တွင် ရဲ့ချန်ကို အမှန်တကယ် သတ်ဖြတ်နိုင်မည်လား။
"မင်းက ငါ ခိုးခဲ့တာလို့ ပြောနေမှတော့ မင်းကို သက်သေပြဖို့ တစ်ကွက်လောက် ခိုးပြရသေးတာပေါ့..."
ချင်လော့ စတင်လှုပ်ရှားလိုက်ချိန်၌ ပူပြင်းလောင်ကျွမ်းနေသော မီးတောက်စွမ်းအားတစ်ခုက သူ၏ ပတ်ဝန်းကျင်တွင် စတင်စုရုံးလာခဲ့သည်။
သူ၏ ဓားရှည်က အိမ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။
" မီးလျှံအကကောင်းကင်ဘုံကိုးလွှာ''
ဘုန်း...
ပူပြင်းလောင်ကျွမ်းနေသော မီးတောက်များက လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။ တရားဥပဒေစိုးမိုးရေးခန်းမ၏ အကြီးအကဲက ချက်ချင်း အာမေဍိတ်သံ ပြုလိုက်၏။
"မီးလျှံအကကောင်းကင်ဘုံကိုးလွှာပဲ..."
"ဟုတ်တယ်... နိမိတ်လေးပါးဓားသိုင်းကို ခိုးခဲ့တာ တကယ်ကို ချင်လော့ပဲ..."
အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။ တရားဥပဒေစိုးမိုးရေးခန်းမ၏ အကြီးအကဲ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး ချင်လော့ကို ဖမ်းဆီးကာ ဥပဒေကို အကောင်အထည်ဖော်ရန် ချက်ချင်း ဆင်းသွားချင်နေတော့သည်။
အခြားသော တပည့်များလည်း ဖြောင့်မတ်သော ဒေါသများဖြင့် ပြည့်နှက်သွားခဲ့ကြ၏။
"ချင်လော့က ဟန်ဆောင်ကောင်းတဲ့ ကောင်ပဲ... အခုတော့ သူ ဆက်ပြီး ဟန်မဆောင်နိုင်တော့ဘူးလေ..."
"ဟုတ်တယ်... အကုန်လုံးက ချင်လော့ လုပ်ခဲ့တာ... ချင်လော့ သေဖို့ကောင်းတယ်..."
လျိုရူယန်မှာ ဆွံ့အသွားခဲ့သည်။ သူမက ယခုလေးတင် ချင်လော့ကို ကာကွယ်ပေးခဲ့သော်လည်း ချင်လော့ကမူ သူမ၏ မျက်နှာကို ဖြတ်ရိုက်ချလိုက်သကဲ့သို့ ဖြစ်သွားခဲ့ပေ၏။
နိမိတ်လေးပါးဓားသိုင်း အခိုးခံရချိန်က ချင်လော့ မြင့်မြတ်နယ်မြေတွင် မရှိကြောင်း သူမ ပြောခဲ့သည်ကို သူမ မှတ်မိနေဆဲ ဖြစ်သည်။
သို့သော် ယခုအခါ ချင်လော့က နိမိတ်လေးပါးဓားသိုင်းကို ထုတ်ဖော်ပြသလိုက်ပြီ ဖြစ်သည်။ သူမ၏ မျက်နှာက နာကျင်မှုဖြင့် ပူထူနေပြီး ချင်လော့ကို ဆက်၍ မသိတော့သကဲ့သို့ သူမ ခံစားလိုက်ရလေသည်။
ချင်လော့၏ မီးလျှံအကကောင်းကင်ဘုံကိုးလွှာကို ရင်ဆိုင်လိုက်ရသော ရဲ့ချန်မှာ ကြက်သေသေသွားခဲ့၏။ ဤဓားသိုင်းကို အကြီးအကဲအဆင့်ရှိသူများကသာ သူတို့၏ စွမ်းဆောင်မှုများအပေါ် အခြေခံ၍ ရရှိနိုင်ခြင်း ဖြစ်သည်။ ချင်လော့က ၎င်းကို မရရှိထားကြောင်း သူ သိရှိထားပေသည်။
ထို့ပြင် သူကသာ ဤဓားသိုင်းကို ခိုးယူခဲ့ခြင်း ဖြစ်သည်။ ထိုက်ရွှီမြင့်မြတ်နယ်မြေတွင် မိတ္တူ ကူးထားခြင်း မရှိချေ။
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ရဲ့ချန် တုန်လှုပ်သွားခဲ့သည်။ သူက အသိစိတ်ဖြင့် စူးစမ်းကြည့်လိုက်ရာ သူ၏ သိုလောင်လက်စွပ်အတွင်း၌ ပျက်စီးနေသော နိမိတ်လေးပါးဓားသိုင်း မိတ္တူတစ်ခု ရှိနေဆဲ ဖြစ်လေသည်။
ချင်လော့က ၎င်းကို မည်သို့ သိရှိနိုင်မည်နည်း။ ထို့ပြင် ချင်လော့ ပြသလိုက်သော စွမ်းအားက ပို၍ပင် သန်မာနေပုံပေါ်ပေသည်။
မြင့်မားသောစင်မြင့်ထက်မှ အံ့အားသင့်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ကြီးမားသောအောင်မြင်မှုအဆင့်လား... မဟုတ်ဘူး... ဒီဓားကွက်ကို ချင်လော့က ပြီးပြည့်စုံသောအဆင့်အထိ ကျင့်ကြံပြီးနေပြီပဲ... ဘုရားရေ... ချင်လော့က တကယ်ပဲ ဒီလောက် ပါရမီပါတဲ့ ဓားတာအို ပါရမီရှင်တစ်ယောက် ဖြစ်နေတာလား..."