အခန်း ၁၁
Vol. 2 Ch. 11
အခန်း ၁၁ ရှီးဟွမ် အရှုံးပေးခြင်း၊ ဓားအရိုးကို ဝါးမြိုခြင်း
အပြင်ဘက်တွင် စောင့်ကြပ်နေသော တောင့်တင်းခိုင်မာသည့် အမျိုးသားက နောက်ဆုံး၌ မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။ "လူအိုကြီးဖန်... သူက အပြင်ဘက်မှာ နေထိုင်ခဲ့ရတဲ့ မင်းသားတစ်ပါးသာသာပဲသေ... ခင်ဗျားက ဘာလို့ သူ့ကို ဒီလောက်တောင် ရိုသေနေရတာလဲ..."
"ခုနက ငါတို့ မြင်ခဲ့တဲ့ ဝိညာဉ်ခန္ဓာကိုယ်က သူတော်စင်အဆင့်က ဝိညာဉ်တစ်ခုပဲ... တကယ်လို့ အဲဒါကို ရောင်းလိုက်ရင် ဈေးကောင်းရနိုင်တယ်နော်..."
ဖန်ရှင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို အနည်းငယ် ခါယမ်းလိုက်၏။ "လူအိုကြီးကျန်း... ခင်ဗျားက ငါတို့ရဲ့ နဝမမင်းသားကို လျှော့တွက်နေတာပဲ..."
မဟာချင်အင်ပါယာ၏ ဖော်ကျင်းစစ်သူကြီးဖြစ်သော စစ်သူကြီး ကျန်းတို၏ ကျင့်ကြံမှုအဆင့်က သူတော်စင်အဆင့် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်ပြီး စစ်မြေပြင်တွင် ရဲရင့်သော စစ်သူကြီးတစ်ဦး ဖြစ်လေသည်။
သူနှင့် ဖန်ရှင်းတို့က တောင်တန်းတစ်သောင်းနယ်မြေအနီးတွင် မဟာချင်အင်ပါယာကို ဆန့်ကျင်သော လျှို့ဝှက်အင်အားစုများကို အတူတကွ တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ပေသည်။
သူတို့အားလုံးက ပျောက်ဆုံးနေသော နဝမမင်းသားကို ရှာဖွေရန် စေလွှတ်ခံခဲ့ရခြင်း ဖြစ်လေသည်။
"လျှော့တွက်တယ်ဆိုတာက ဘာသဘောလဲ... ဟက်... သူ ပျောက်ဆုံးနေခဲ့တာ အနှစ်နှစ်ဆယ်နီးပါး ရှိနေပြီလေ... တကယ်လို့ မြို့တော်ကသာ ရှာချင်ရင် လွန်ခဲ့တဲ့ အချိန်အကြာကြီးကတည်းက ရှာပြီးနေလောက်ပြီ... အခုအချိန်အထိ ဘာလို့ စောင့်နေရမှာလဲ..." စစ်သူကြီး ကျန်းတိုက သရော်လိုသော လေသံဖြင့် ပြောဆိုလိုက်သည်။
"နဝမမင်းသား မွေးဖွားလာတုန်းက သူက သွေးမျိုးဆက်မူလအသွင်ပြန်ရောက်ခြင်း ဖြစ်စဉ် ရှိခဲ့တယ်လို့ ငါ ကြားဖူးတယ်... ဒါကြောင့်..."
"သွေးကြောမူလအသွင်ပြန်ရောက်ခြင်း ဟုတ်လား..." ဖန်ရှင်းက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်၏။
"ငါ အဲဒီလို မထင်ဘူး..."
သူတို့ ပြောနေကြသော သွေးမျိုးဆက်ဆိုသည်မှာ မဟာချင်အင်ပါယာကို တည်ထောင်ခဲ့သော ဧကရာဇ်ကဲ့သို့ သွေးမျိုးဆက်မျိုး ပြောင်းလဲသွားခြင်း မဟုတ်ချေ။
၎င်းအစား လူသားမျိုးနွယ်၏ ဘိုးဘေးများဖြစ်သော သာမန်လူသားများကဲ့သို့ ပြောင်းလဲသွားခြင်းပင် ဖြစ်ပေသည်။
လူသားမျိုးနွယ်၏ ဘိုးဘေးများသည် လက်ရှိ အခြေအနေသို့ ရောက်ရှိရန်အတွက် မျိုးဆက်ပေါင်းများစွာကို ဖြတ်သန်းခဲ့ရပြီး တန်ခိုးကြီးမားသော ဖြစ်တည်မှု အမျိုးမျိုး မွေးဖွားလာကာ သွေးမျိုးဆက်များက အဆက်မပြတ် ဆင့်ကဲပြောင်းလဲလာခဲ့ခြင်း ဖြစ်လေသည်။
သန်မာသူများက အမြဲတမ်း သန်မာနေမည်သာ ဖြစ်သည်။ အကယ်၍ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပါက ၎င်းသည် ဘိုးဘေးများ ရှိနေခဲ့သော ဆင်းရဲနွမ်းပါးသည့် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခြင်းကို ဆိုလိုပြီး အခြားသူများထက် အဆပေါင်းများစွာ ပိုမိုကြိုးစားအားထုတ်ရမည်ဖြစ်ကာ လုံလောက်သော အကျိုးအမြတ်ကို ရရှိနိုင်မည်မဟုတ်ချေ။
"ငါ ပထမဆုံး ရောက်လာချိန်မှာ ငါတို့ရဲ့ နဝမမင်းသား ဘာလုပ်နေလဲဆိုတာ ခင်ဗျား သိလား..." ဖန်ရှင်းက မေးမြန်းလိုက်သည်။
"ဘာလုပ်နေတာလဲ..."
"သူက ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ တရားစီရင်တာကို ခံနေရတာ... တကယ်တော့ သူက ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ သူတော်စင်သားတော်တစ်ပါးအနေနဲ့ တရားစီရင်ခံနေရတာပဲ..."
"သူတော်စင်သားတော် ဟုတ်လား... ဒီနဝမမင်းသားက ဘယ်လိုလုပ် ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ သူတော်စင်သားတော် ဖြစ်လာနိုင်မှာလဲ..." စစ်သူကြီး ကျန်းတိုက သူ၏ အထင်အမြင်သေးနေသော သဘောထားကို ချက်ချင်း စွန့်လွှတ်လိုက်ပေသည်။
မြင့်မြတ်နယ်မြေတစ်ခုတွင် သူတော်စင်သားတော်တစ်ပါး ဖြစ်လာနိုင်သူ မည်သူမဆိုသည် သူတော်စင်အဆင့်သို့ ရောက်ရှိနိုင်စွမ်း ရှိကြောင်း သက်သေပြနေပေသည်။
"သူက တရားစီရင်ခံနေရတယ်လို့ ပြောပေမဲ့ ငါတို့ရဲ့ နဝမမင်းသားက အာဏာကို လုံးလုံးလျားလျား အကြောက်အလန့် ကင်းမဲ့နေတယ်လို့ ငါ ထင်တယ်... သူက သူတော်စင်တစ်ပါးကိုတောင် အမှန်တကယ် ဆန့်ကျင်ရဲခဲ့တယ်..."
"နောက်ပြီး ငါ ပေါ်လာမယ်ဆိုတာကို သူ သိနေပုံပဲ.."
ဖန်ရှင်း၏ စကားများက ချင်လော့အား လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းသွားစေခဲ့သည်။
"အရာအားလုံးက ငါတို့ရဲ့ နဝမမင်းသား ခန့်မှန်းထားတဲ့အတိုင်း အတိအကျ ဖြစ်ပေါ်နေတယ်လို့ ငါ ခံစားရတယ်... သူက သူတော်စင်အဆင့် ရတနာ အတော်များများကိုတောင် ပိုင်ဆိုင်ထားသေးတယ်..."
ထိုက်ရွှီခေါင်းလောင်းက သူ၏ လက်ထဲတွင် ရှိနေဆဲဖြစ်ပြီး ချင်လော့ ယခုလေးတင် အသုံးပြုခဲ့သော ကြိုးကလည်း သူတော်စင်အဆင့် ရတနာတစ်ခု ဖြစ်ပေသည်။
ယခုအခါ အခန်းတွင်း၌ သူတို့၏ အာရုံများကို ဖုံးကွယ်ထားသော အရာများမှာလည်း သူတော်စင်အဆင့် ရတနာများ ဖြစ်လေသည်။
"အဲဒါတွေအကုန်လုံးက သူ့ဟာတွေလား..." စစ်သူကြီး ကျန်းတိုမှာ အံ့အားသင့်သွားခဲ့၏။ သူတော်စင်တစ်ပါးအနေဖြင့် သူ ပိုင်ဆိုင်သမျှ အရာအားလုံးမှာ ဤသူတော်စင်အဆင့် ရတနာဖြစ်သော ကြီးမားသည့် ပုဆိန်တစ်လက်သာ ရှိလေသည်။
သေးငယ်သော နတ်စွမ်းအင်အဆင့်သာ ရှိသေးသည့် ချင်လော့တွင် သူတော်စင်အဆင့် ရတနာ အတော်များများ အမှန်တကယ် ပိုင်ဆိုင်ထားပေသည်။
ဤသည်က လူအချင်းချင်း နှိုင်းယှဉ်ရသည်မှာ တကယ့်ကို ရူးသွပ်သွားစေရန် လုံလောက်လှပေသည်။ ဖန်ရှင်းက စစ်သူကြီး ကျန်းတိုကို တစ်ချက်ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့ပြီး စစ်သူကြီး ကျန်းတို၏ ပခုံးကို ပုတ်လိုက်၏။
"လူအိုကြီး... တကယ်လို့ ခင်ဗျားက ကလဲ့စားချေဖို့ မြို့တော်ကို ပြန်သွားချင်ရင် နဝမမင်းသားက ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်နိုင်တယ်လို့ ငါ ထင်တယ်..."
ဤသည်ကို ကြားချိန်၌ စစ်သူကြီး ကျန်းတို၏ အမူအရာက ချက်ချင်း လေးနက်သွားခဲ့ပေသည်။ သူသည် နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသည်။ သူ၏ အင်အားကြီးမားသော ရန်သူများ ရှိနေသည့် မြို့တော်သို့ ပြန်သွားရန် သူ မရဲဝံ့ခဲ့ချေ။
အကယ်၍ စစ်တပ်အတွင်း သူ၏ ဂုဏ်သိက္ခာနှင့် အောင်မြင်မှုများသာ မရှိခဲ့လျှင် သူသည် လွန်ခဲ့သော အချိန်အကြာကြီးကတည်းက အသတ်ခံခဲ့ရပြီး ဖြစ်ပေလိမ့်မည်။
ယခင်က ကလဲ့စားချေရန် သူ စဉ်းစားဖူးသော်လည်း ၎င်းကို အမှန်တကယ် လုပ်ဆောင်ရန် သူ မရဲဝံ့ခဲ့ချေ။
ဖန်ရှင်း၏ စကားများက သူ့အား နက်ရှိုင်းသော တွေးတောမှုများထဲသို့ ကျဆင်းသွားစေခဲ့သည်။
"နဝမမင်းသားက အင်အားကြီး နောက်ခံမရှိတဲ့ တစ်ဦးတည်းသော မင်းသားပဲ... သူ့ရဲ့ အခက်အခဲအချိန်မှာ အကူအညီပေးတာက သူ့ရဲ့ ကြီးကျယ်ခမ်းနားပြီးသား ကံကြမ္မာကို ထပ်မံဖြည့်ဆည်းပေးတာထက် အများကြီး ပိုပြီး တန်ဖိုးရှိတယ်..." ဖန်ရှင်းက ပြောဆိုလိုက်သည်။
စစ်သူကြီး ကျန်းတိုက ခေါင်းညိတ်လိုက်၏။ "ငါ့ကို သေချာ စဉ်းစားခွင့်ပေးပါဦး..."
အခန်းတွင်း၌ ရှီးဟွမ်သည် ဝိညာဉ် ထိခိုက်ပျက်စီးမှုများကြောင့် နောက်ဆုံးတွင် အရှုံးပေးလိုက်ရပေသည်။
"ငါ... ငါ မင်းကို ကတိပေးတယ်... ဟုတ်ပြီလား..."
"ဟားဟားး... ဘာလို့ စောစောကတည်းက သဘောမတူခဲ့တာလဲ... မင်းက ကိုယ့်သေတွင်းကိုင်တိုင်တူးနေတာကိုးးး"
"ကောင်းပြီ... စကားပြောတာ တော်လောက်ပြီ... လူသားဧကရာဇ်အလံကနေ ကြိုဆိုပါတယ်..."
ဘုန်း...
ရှီးဟွမ် ဝင်ရောက်လာမှုကြောင့် လူသားဧကရာဇ်အလံက အဆင့်မြင့်တက်သွားပြီး အလွန်အမင်း အစွမ်းထက်လာခဲ့လေသည်။
တစ်ရက်နှင့် တစ်ညတိတိ သန့်စင်ပြီးနောက် ချင်လော့သည် နောက်ဆုံးတွင် အပြင်ဘက်သို့ ထွက်လာခဲ့သည်။
ဤနေ့နှင့် ညသည် ထိုက်ရွှီမြင့်မြတ်နယ်မြေအတွက် အလွန်အမင်း နာကျင်မူကိုခံစားရသော အချိန်ဖြစ်ခဲ့ပေသည်။
သူတို့က ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုကို ကြည့်ရှုခဲ့ရသော်လည်း မည်သည့် ပျော်ရွှင်မှုကိုမျှ မခံစားခဲ့ကြရချေ။
အထူးသဖြင့် လျိုရူယန်မှာ ထိုက်ရွှီခေါင်းလောင်းကို ခိုးယူသူသည် ချင်လော့ မဟုတ်ဘဲ ရဲ့ချန် ဖြစ်နေလိမ့်မည်ဟု မည်သည့်အခါကမျှ မမျှော်လင့်ထားခဲ့ချေ။
"ရဲ့ချန်... မင်းက ငါ့ကို အမှန်တကယ် လှည့်စားခဲ့တာပဲ..." လျိုရူယန်၏ နှလုံးသားထဲတွင် စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။
သူမက ချင်လော့နှင့် လမ်းခွဲရန် ဆုံးဖြတ်ထားခဲ့ပြီး ရဲ့ချန်၏ ရင်ခွင်ထဲသို့ ခိုလှုံရန် စီစဉ်နေခဲ့သော်လည်း ၎င်းအားလုံးက အလိမ်အညာများ ဖြစ်နေလိမ့်မည်ဟု သူမ မသိခဲ့ချေ။
ရဲ့ချန်က သူမကို အသုံးချနေခြင်းသာ ဖြစ်ပေသည်။
[လျိုရူယန်သည် ရဲ့ချန်အပေါ် အလွန်အမင်း စိတ်ပျက်သွားပါသည်။ ဆုံးရှုံးသွားသော ကံကြမ္မာတန်ဖိုး အမှတ် ၅,၀၀၀... ပိုင်ရှင် ရရှိလာသော ဗီလိန်မှတ် ၅,၀၀၀...]
"ဟင်..."
"စိတ်ပျက်သွားပြီလား..." ချင်လော့က စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။
"မင်းက အရမ်းရိုးအပြီး အပြစ်ကင်းတဲ့ မိန်းကလေးတစ်ယောက်လို့ ငါ ထင်ထားခဲ့တာ... ဒါပေမဲ့ ကြည့်ရတာ ငါ ထင်တာ မှားသွားပုံပဲ..."
ဝတ္ထုများထဲတွင် ဇာတ်လိုက်က မည်သို့သော အမှားများ ပြုလုပ်ခဲ့သည်ဖြစ်စေ မည်မျှ လွန်ကဲသော အရာများ လုပ်ဆောင်ခဲ့သည်ဖြစ်စေ ဇာတ်လိုက်အပေါ် အမြဲတမ်း မျက်နှာချိုသွေးတတ်သော ဦးနှောက်မရှိသည့် ဇာတ်လိုက်မများ အမြဲတမ်း ရှိနေတတ်ပေသည်။
သူမ၏ မိသားစုတစ်ခုလုံး အသတ်ခံရလျှင်ပင် သူမက ဇာတ်လိုက်ကို အပြစ်ကင်းလွတ်ခွင့်ပေးရန် အကြောင်းပြချက်များ ရှာဖွေနေဦးမည်သာ ဖြစ်လေသည်။ ယခုကြည့်ရသည်မှာ လျိုရူယန်က ထိုသို့သော ဇာတ်လိုက်မမျိုး မဟုတ်ပုံရပေသည်။
"အဲဒါက ရဲ့ချန် ကမန်းကတန်း ဆုတ်ခွာသွားတာနဲ့ သက်ဆိုင်နိုင်တယ်... တကယ်လို့ ရဲ့ချန်သာ အခု အခြေအနေကို ပြန်ထိန်းချုပ်နိုင်မယ်ဆိုရင်တော့ ဘာဖြစ်လာမလဲ ဆိုတာ ပြောရခက်တယ်..."
ချင်လော့က ၎င်းကို စိတ်ထဲမထားခဲ့ချေ။ သူက ရှီးဟွမ်ကို ကြည့်ကာ မေးမြန်းလိုက်၏။
"မင်းရဲ့ တပည့်ကောင်းလေး အခု ဘယ်မှာ ရှိနေလောက်မလဲ..."
ဤသည်က ရှီးဟွမ်၏ နှလုံးသားထဲရှိ မနှစ်မြို့ဖွယ် မှတ်ဉာဏ်များကို ချက်ချင်း နှိုးဆွသွားစေခဲ့လေသည်။ သူမက ရဲ့ချန်အတွက် လှုပ်ရှားပေးခဲ့သော်လည်း ရဲ့ချန်က သူမကို မည်သို့ ဆက်ဆံခဲ့သနည်း။ ရဲ့ချန်က သူမကို အမှန်တကယ် စွန့်ပစ်သွားခဲ့သည်။
အကယ်၍ ရဲ့ချန်သာ သူမကို ကူညီခဲ့လျှင် သူမ လွတ်မြောက်နိုင်ပြီး ချင်လော့၏ ချည်နှောင်ကာ ရိုက်နှက်ခံရသည့် နာကျင်မှုမှ ရှောင်လွှဲနိုင်မည်ဖြစ်ကြောင်း သူမ လုံးဝ သေချာနေခဲ့သည်။
သို့သော် ရဲ့ချန်က အနည်းငယ်မျှသော အန္တရာယ်ကိုပင် မစွန့်စားချင်ခဲ့ချေ။ ယနေ့မှစ၍ သူမနှင့် ရဲ့ချန်တို့မှာ ဆရာတပည့်များ မဟုတ်ကြတော့ချေ။
[ရှီးဟွမ်က ရဲ့ချန်နှင့် ပတ်သက်မှုကို ပြတ်သားစွာ ဖြတ်တောက်လိုက်ခြင်းကြောင့် ရဲ့ချန်၏ အခွင့်အရေး ဆုံးရှုံးသွားပါသည်။ရဲ့ချန် ဆုံးရှုံးသွားသော ကံကြမ္မာတန်ဖိုး အမှတ် ၁၀,၀၀၀၊ ပိုင်ရှင် ရရှိလာသော ဗီလိန်မှတ် ၁၀,၀၀၀...]
ကံကြမ္မာသားတော် ဖြစ်စဉ်ကို အမြတ်ထုတ်ရသည်မှာ အများကြီး ပိုလွယ်ကူပြီး တစ်ကြိမ်တည်းနှင့် အမှတ် ၁၀,၀၀၀ ပေးစွမ်းနိုင်ပေသည်။ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် လျိုရူယန်မှာ ကပ်စေးနှဲနေပုံရလေသည်။
"သူ သွားတဲ့နေရာက ကျပန်းပဲ... ဒါပေမဲ့ ဒီနေရာကနေ မိုင်ထောင်ချီ ဝေးတဲ့နေရာ ဖြစ်ရမယ်..." ရှီးဟွမ်သည်လည်း တိကျသော တည်နေရာကို မသိရှိသဖြင့် ချင်လော့ကို အနည်းငယ် စိတ်ပျက်သွားစေခဲ့သည်။
သို့သော် ၎င်းက အထူးတလည် အရေးမကြီးလှချေ။ ရဲ့ချန်၏ တည်နေရာကို သူ သိလျှင်တောင် အားကိုးစရာ အခြားမည်သူမျှ မရှိတော့ပေ။
"နောက်တစ်ဆင့်အနေနဲ့ သူ့ရဲ့ ဓားအရိုးကို သန့်စင်ရမယ်..."
ရှီးဟွမ်၏ အံ့အားသင့်နေသော အမူအရာကြားတွင် ချင်လော့က ရဲ့ချန်၏ ဓားအရိုးကို ထုတ်ယူကာ စတင်စုပ်ယူ သန့်စင်လိုက်လေတော့သည်။
တစ်ခဏမျှ ကြက်သေသေကာ ကြည့်နေပြီးနောက် ရှီးဟွမ်က နောက်ဆုံးတွင် နားလည်သွားခဲ့၏။
သူမက အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။ "ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးကျင့်စဥ်... မင်းက ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးပညာကို တကယ်ကြီး ရရှိထားတာပဲ..."
ချင်လော့က မကောင်းဆိုးဝါးဆန်စွာ ပြုံးလိုက်ပြီး ဝါးမြိုလိုက်လေသည်။
ကျယ်ပြောလှသော တောအုပ်ကြီးတစ်ခု၏ အလယ်တွင် ရဲ့ချန်က ပါးစပ်ကို ဟကာ သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး သူ၏ အမူအရာတွင် နာကျင်မှုနှင့် မုန်းတီးမှုများ ပြည့်နှက်နေပေသည်။
"ဓားအရိုးက ငါ့ကို ထာဝရ စွန့်ခွာသွားပြီ..."
[ပိုင်ရှင်က ရဲ့ချန်၏ ဓားအရိုးကို ဝါးမြိုလိုက်ပါသည်။ ရဲ့ချန် ဆုံးရှုံးသွားသော ကံကြမ္မာတန်ဖိုး အမှတ် ၂၀,၀၀၀၊ ပိုင်ရှင် ရရှိလာသော ဗီလိန်မှတ် ၂၀,၀၀၀…]