← Chapters

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃

Vol. 2 Ch. 13

အခန်း ၁၃ အလကား လိုချင်နေတာလား၊ကျောထောက်နောက်ခံကို နိုးဆွလိုက်

"မင်း ငါ့ကို သေချာပေါက် အပြစ်တင်မှာ မဟုတ်ဘူးလား... တကယ်လို့ ငါက မင်းကို အမြဲတမ်း ဖားယားနေခဲ့တဲ့ စီနီယာအစ်ကို တစ်ယောက်တည်း ဖြစ်နေရင်ကော..."

ချင်လော့သည် လျိုရူယန်ထံသို့ ဖြည်းညင်းစွာ လျှောက်သွားချိန်တွင် လျိုရူယန်ကလည်း သူမ၏ လှပသော မျက်နှာလေးကို မော့ထားလိုက်ပေ၏။

သူမက စိတ်ထဲမှ တွေးလိုက်သည်။ "ထင်တဲ့အတိုင်းပဲ စီနီယာအစ်ကိုချင်က ငါ့ကို ချစ်နေတုန်းပဲ... အခြေအနေတွေ ဘယ်လိုပဲ ပြောင်းလဲသွားပါစေ... ငါ့အပေါ်ထားတဲ့ သူ့ရဲ့ အချစ်တွေက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး..."

ယခုအခါ ချင်လော့တွင် အခြားသော ကိုယ်ပိုင်အမှတ်အသားတစ်ခု ရှိနေလေပြီ။ ၎င်းမှာ မဟာချင်အင်ပါယာ၏ မင်းသားတစ်ပါး ဖြစ်ပြီး သူမနှင့် ပို၍ပင် သင့်လျော်သောအဆင့်အတန်းတစ်ခု ဖြစ်လာစေခဲ့ပေသည်။ သို့သော် နောက်တစ်စက္ကန့်တွင် ချင်လော့က သူမကို ပြင်းထန်သော ရိုက်ချက်တစ်ခု ပေးလိုက်၏။

ဖြန်း

ဤပါးရိုက်ချက်က လျိုရူယန်ကို ကြက်သေသေသွားစေခဲ့သည်။

"မင်းမှာ အရှက်ဆိုတာ ရှိသေးရဲ့လား... မင်းက ငါ့ကို ချောက်ချခဲ့ပြီး သတ်မလိုတောင် လုပ်ခဲ့သေးတာ... အခုတော့ မင်းက ငါ့ကို အပြစ်မတင်စေချင်ဘူးပေါ့ ဟုတ်လား..."

"မင်းလို ညစ်ပတ်တဲ့ ပျက်မက ရုပ်မချောပေမဲ့ အိပ်မက်တွေတော့ တော်တော်မက်နေတာပဲ..."

မြင့်မြတ်နယ်မြေ၏ တပည့်များမှာ ဆူညံသွားကြလေသည်။ သူမကို နှစ်သက်မြတ်နိုးသူ အများအပြားမှာ ချင်လော့က သူတို့၏ နတ်သမီးလေးကို ရိုက်နှက်ရဲလိမ့်မည်ဟု မည်သည့်အခါကမျှ မမျှော်လင့်ထားခဲ့ကြချေ။

ချက်ချင်းပင် လူအများအပြားက ချင်လော့အား ဝေဖန်အပြစ်တင်လာကြ၏။

"ချင်လော့... မင်းက သူတော်စင်မလေးကို ရိုက်ဖို့ ဘာအခွင့်အရေး ရှိလို့လဲ... မင်းမှာ ဘာအရည်အချင်းတွေ ရှိနေလို့လဲ... မိန်းမတစ်ယောက်ကို ရိုက်တယ် ဟုတ်လား... ငါ မင်းကို အရမ်းရွံတယ်..."

"အခု သူကိုယ်သူထူးခြားနေလို့ ငါတို့ ဂျူနီယာညီမလေးတွေကို အထင်သေးနေတာလား... တောက်... တကယ့် အရူးအုပ်စုပဲ..."

"မင်းကို ချောက်ချခဲ့တာ ရဲ့ချန်လေ... တကယ်လို့ မင်းက ရဲ့ချန်ကို ကိုယ်တိုင် သတ်နိုင်တဲ့ စွမ်းရည်မရှိရင် သူတော်စင်မလေးကို ဘာလို့ အကြောင်းပြချက်အဖြစ် အသုံးပြုနေရတာလဲ..."

ချင်လော့က ဆူညံနေသော လူအုပ်ကြီးကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး ဖော်ကျင်းစစ်သူကြီးထံသို့ လှည့်ကာ ပြောဆိုလိုက်သည်။ "ဖော်ကျင်းစစ်သူကြီး... မဟာချင်အင်ပါယာရဲ့ မင်းသားတစ်ပါးကို စော်ကားရဲတဲ့သူ ဘယ်သူ့ကိုမဆို ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်လဲ..."

စစ်သူကြီး ကျန်းတို၏ နှုတ်ခမ်းများက ရက်စက်သော အပြုံးတစ်ခုအဖြစ် ကွေးတက်သွားခဲ့၏။ "သတ်ရမယ်..."

ချင်လော့၏ ညွှန်ကြားချက်ကိုပင် မစောင့်ဆိုင်းတော့ဘဲ သူက စတင်လှုပ်ရှားလိုက်လေသည်။ သူတော်စင်က လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် အော်ဟစ်နေသူများကို ချက်ချင်း ပစ်မှတ်ထားလိုက်ပေ၏။ ထိုလူများက ကြောက်ရွံ့ထိတ်လန့်သော အမူအရာများကို ချက်ချင်း ပြသလာကြပြီး သနားညှာတာရန် တောင်းပန်တော့မည့်ဆဲဆဲတွင် သူတို့က 'ဘုန်း' ခနဲ ပေါက်ကွဲသွားခဲ့ကြလေသည်။

သွေးနှင့် အသားစများ နေရာအနှံ့ လွင့်စဉ်သွားချိန်တွင် လူအများအပြားမှာ လန့်ဖြန့်နိုးကြားသွားကြပြီး သူတို့၏ ပါးစပ်များကို ချက်ချင်း ပိတ်ထားလိုက်ကြကာ နောက်ထပ် စကားတစ်ခွန်းမျှ မဟရဲကြတော့ချေ။

လျိုရူယန်က ထိုမြင်ကွင်းကို ကြက်သေသေကာ စိုက်ကြည့်နေမိ၏။ ချင်လော့က သူမကို ရိုက်နှက်ပြီးနောက် ဤနေရာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ပြုလုပ်လိမ့်မည်ဟု သူမ မည်သည့်အခါကမျှ မမျှော်လင့်ထားခဲ့ချေ။

"စီနီယာအစ်ကို... အစ်ကို ပြောင်းလဲသွားပြီ..." လျိုရူယန်က အားနည်းစွာ ပြောဆိုလိုက်သည်။

"သောက်ရူးမ... မင်းလို ခွေးမကများ..." ချင်လော့က လျိုရူယန်၏ ဝမ်းဗိုက်ကို ကန်ကျောက်လိုက်၏။

သူ၏ မှတ်ဉာဏ်များအရ ဤခွေးမနှင့် ရဲ့ချန်တို့က ချင်လော့ကို အကြိမ်ကြိမ် ချောက်ချခဲ့ကြပြီး ရဲ့ချန်၏ လုပ်ကြံစွပ်စွဲမှုများကို ယုံကြည်ကြောင်း အခိုင်အမာ ပြောဆိုခဲ့ကြလေသည်။

ဟက်... ဒါက အချစ်ရူး ရူးနေတာလား... ဒါမှမဟုတ် ရှင်းလင်းတဲ့ ဦးနှောက်ရှိနေတာလား... ဘယ်သူက သိမှာလဲ...

ဘုန်း...

ချင်လော့ ကန်ကျောက်လိုက်သည့် အခိုက်အတန့်တွင် လျိုချန်ဟယ် ပေါ်လာခဲ့ပေသည်။

သူက ချင်လော့အား ဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်၏။

"ချင်လော့... ငါတို့ ထိုက်ရွှီမြင့်မြတ်နယ်မြေက မင်းကို နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်ပေးခဲ့တာကို မင်းက ငါ့ရဲ့ မြင့်မြတ်နယ်မြေမှာ တပည့်တွေကို တစ်ယောက်ယောက်ကို သတ်ရဲခိုင်းတယ်ပေါ့... အဲဒါက လုံးဝ ကျေးဇူးကန်းတာပဲ..."

ချင်လော့က သူ့အား အံတုကာ စိုက်ကြည့်လိုက်သည်။ "ငါ့ကို ပြုစုပျိုးထောင်ပေးတယ် ဟုတ်လား... ဟမ်... အဲဒါတွေအားလုံးက ငါ့ဆရာ့ ကျေးဇူးတွေချည်းပဲ... ငါ့ရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေ အားလုံးက ငါ့ဆရာဆီက လာတာ... မြင့်မြတ်နယ်မြေနဲ့ ပတ်သက်ပြီး ပြောရရင်လား... မြင့်မြတ်နယ်မြေက ငါ့ကို ပေးတဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေထက် ငါ့ဆရာက မြင့်မြတ်နယ်မြေကို ပေးတာက ပိုများသေးတယ်..."

လျိုချန်ဟယ်မှာ စကားတစ်ခွန်းတည်းဖြင့်ပင် ဒေါသကြောင့် သီးမတတ် ဖြစ်သွားခဲ့ရပေသည်။

ထိုက်ရွှီဘိုးဘေးကလည်း ထွက်လာပြီး ဖြည်းညင်းစွာ ပြောဆိုလိုက်၏။ "ချင်လော့... ဘာပဲဖြစ်ဖြစ် မြင့်မြတ်နယ်မြေက မင်းကို ပြုစုပျိုးထောင်ပေးခဲ့တာပဲလေ... ဒီလောက် အရေးမပါတဲ့ ကိစ္စလေးအတွက် မင်း ဒီလို မပြုမူသင့်ဘူး..."

"ငါ ဆုံးဖြတ်ချက် ချပြီးပြီ... အခုကစပြီး မင်းက မြင့်မြတ်နယ်မြေရဲ့ သူတော်စင်အဖြစ် ဆက်ရှိနေမယ်... ထိုက်ရွှီခေါင်းလောင်းကို မင်းရဲ့ လက်ဝယ်မှာ သိမ်းဆည်းထားဖို့ အပ်နှင်းမယ်... ဒါပေမဲ့ နိမိတ်လေးပါးဓားသိုင်းရဲ့ မိတ္တူတစ်ခုကို မင်း ချန်ထားခဲ့ရမယ်..."

ချင်လော့က ထိုက်ရွှီဘိုးဘေးကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်ပေသည်။ "ကျွန်တော် သဘောမတူဘူး..."

"တကယ်လို့ ခင်ဗျားက အတင်း ယူချင်တယ်ဆိုရင်တော့ ကျွန်တော် တတ်နိုင်တာ ဘာမှမရှိဘူးလေ..."

သူ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် စစ်သူကြီး ကျန်းတိုက ရှေ့သို့ ထွက်လာပြီး လေးနက်သော အသံဖြင့် ကြေညာလိုက်၏။ "တကယ်လို့ ထိုက်ရွှီမြင့်မြတ်နယ်မြေကသာ ငါတို့ မဟာချင်အင်ပါယာရဲ့ မင်းသားတွေကို အတင်းအကျပ် လုပ်ရဲမယ်ဆိုရင် ငါတို့ မဟာချင်အင်ပါယာရဲ့ စစ်တပ်က ထိုက်ရွှီမြင့်မြတ်နယ်မြေကို သေချာပေါက် ချေမှုန်းပစ်မယ်... တစ်ယောက်မှ အသက်ရှင်လျက် ချန်ထားမှာ မဟုတ်ဘူး..."

"သူမ ထွက်သွားပြီလား..." ချင်လော့က မူလက ဟန်ယွဲ့သူတော်စင်နှင့် စကားပြောချင်ခဲ့သော်လည်း အခြေအနေ အနည်းငယ် တည်ငြိမ်သွားသည်နှင့် ထိုအဘွားအိုက လစ်ထွက်သွားခဲ့လေသည်။

လောလောဆယ်တွင် ဤအရာကို မှတ်ထားရန်မှလွဲ၍ သူ တတ်နိုင်သည်မှာ ဘာမျှမရှိချေ။ မြို့တော်ရှိ ကိစ္စများကို ဖြေရှင်းပြီးနောက် ဂျူနီယာညီမလေးကို ပြန်လာရှာရမည် ဖြစ်ပေသည်။

ဤကံကြမ္မာသမီးတော် လျိုရူယန်နှင့် ပတ်သက်၍ပြောရလျှင်မူ၊ ချင်လော့က သူမကို တစ်ချက်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံနေပြီး အလွန် သနားစရာကောင်းနေပုံရလေသည်။

[လျိုရူယန်၏ စိတ်အခြေအနေ ပြိုလဲသွားပါသည်။ ဆုံးရှုံးသွားသော ကံကြမ္မာတန်ဖိုး အမှတ် ၁၀,၀၀၀၊ ပိုင်ရှင် ရရှိလာသော ဗီလိန်မှတ် ၁၀,၀၀၀...]

[အမည် - လျိုရူယန်]

[အသက် - ၁၈ နှစ်]

[ကံကြမ္မာအဆင့် - ပထမအဆင့်]

[ခန္ဓာကိုယ် - လျှို့ဝှက်ဆန်းကြယ်ဆွဲဆောင်မှုခန္ဓာ]

[ကံကြမ္မာတန်ဖိုး - ၁၈၀၀၀ မှတ်]

[အဆင့် - ပင်လယ်ဖွင့်လှစ်ခြင်းအဆင့် ၇ ]

ကံကြမ္မာတန်ဖိုးမှတ် သုံးသောင်း ဆုံးရှုံးသွားခဲ့ပြီး တတိယအဆင့် ကံကြမ္မာသမီးတော်မှ ပထမအဆင့် ကံကြမ္မာသမီးတော်အဖြစ်သို့ လျော့ကျသွားခဲ့လေပြီ။

အမှိုက်ကောင်မ...

"ကံကြမ္မာတန်ဖိုးက ပြန်တက်လာဖို့ အခွင့်အရေး ရှိသေးလား..." ချင်လော့က မေးမြန်းလိုက်၏။

[အကယ်၍ ကံကြမ္မာသားတော် (သို့မဟုတ် သမီးတော်) က အခွင့်အရေးသစ်တစ်ခုကို ရရှိမည်ဆိုပါက ကံကြမ္မာတန်ဖိုး မြင့်တက်လာရန် ဖြစ်နိုင်ပါသည်။ ကံကြမ္မာဆိုသည်မှာ ပုံသေမဟုတ်ပါ (ဤဖြစ်နိုင်ခြေက နှိုင်းယှဉ်ရလျှင် နည်းပါးပါသည်)]

လျိုရူယန်က အစပိုင်းတွင် ချင်လော့၏ အကြည့်က သူမအပေါ် သဘောထားပြောင်းလဲသွားခြင်းကို ညွှန်ပြနေသည်ဟု ထင်မှတ်ထားခဲ့သော်လည်း ချင်လော့၏ စကားများက သူမကို သတိလစ်မတတ် ဖြစ်သွားစေလိမ့်မည်ဟု မည်သူက သိမည်နည်း။

"ခွေးမ... စိတ်မပူပါနဲ့... တစ်နေ့ကျရင် မင်းနဲ့ ရဲ့ချန်ကို တစ်ဂူတည်း အတူတူ သင်္ဂြိုဟ်ပေးဖို့ ငါ သေချာလုပ်ပေးမယ်... ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး... ဒါက ငါ လုပ်သင့်တဲ့အရာပဲ..."

လျိုချန်ဟယ် ချက်ချင်း ဒေါသထွက်သွားခဲ့၏။ "ချင်လော့... မင်း ဘယ်လောက်တောင် ရဲတင်းနေတာလဲ..."

သူ၏ သမီးကို သတ်မည်ဟု သူ့မျက်နှာကိုကြည့်ကာ ခြိမ်းခြောက်နေခြင်းက သူ့ကိုခွေးတကောင် ကြောင်တမြှီးကဲ့သို့ သဘောထားနေခြင်း မဟုတ်ပါလား။

ဘုန်း...

အားကောင်းသော အငွေ့အသက်က ချင်လော့ဆီသို့ ရိုက်ခတ်သွားသော်လည်း စစ်သူကြီး ကျန်းတို၏ ခိုင်မာစွာ ဟန့်တားခြင်းကို ခံလိုက်ရလေသည်။

"ထိုက်ရွှီလူအိုကြီး... ခင်ဗျား သေချင်နေတာလား..."

စစ်သူကြီး ကျန်းတိုက သူ၏ ကြီးမားသော ပုဆိန်ကို ဆုပ်ကိုင်လိုက်ပြီး အနည်းငယ်မျှ လှုပ်ရှားမှုရှိသည်နှင့် တိုက်ပွဲစတင်ရန် အသင့်ဖြစ်နေပေသည်။

ချင်လော့က လျိုချန်ဟယ်ကို ကြည့်ကာ လှောင်ပြောင်လိုက်၏။

"ဘာလဲ... မြင့်မြတ်သခင်က ငါ့ကို သတ်ချင်နေတာလား..."

"ငါက ဒီတိုင်း ပြောရုံပဲ ပြောတာလေ... ခင်ဗျားသမီးကို သတ်မှမသတ်ရသေးတာ... ဒါကို ခင်ဗျားက ငါ့ကို သတ်ချင်နေတာလား... ကျွတ်ကျွတ်... ခင်ဗျား အဲဒီတန်ဖိုးကို ပေးဆပ်နိုင်မလားဆိုတာ ငါ သိချင်မိတယ်..."

ဂုဏ်သိက္ခာရှိသော သူတော်စင်တစ်ပါးကို ဂျူနီယာတစ်ဦးက ဤမျှ မလေးမစား ပြုမူရဲသည့်အတွက် လျိုချန်ဟယ် အလွန် ဒေါသထွက်နေခဲ့ပေသည်။

ဤအခိုက်အတန့်တွင် ထိုက်ရွှီဘိုးဘေး၏ အေးစက်သော အော်ဟစ်သံ ထွက်ပေါ်လာခဲ့၏။ "ချန်ဟယ်... နောက်ဆုတ်လိုက်..."

ခေါင်းကို လှည့်ကာ ထိုက်ရွှီဘိုးဘေး၏ အကြည့်က ချင်လော့အပေါ်သို့ ကျရောက်သွားပြီး သူက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ "ချင်လော့... ငါတို့ ထိုက်ရွှီမြင့်မြတ်နယ်မြေကနေ ထွက်သွားဖို့ မင်း စဉ်းစားပြီးပြီလား..."

"မင်း သိထားသင့်တယ်... မဟာချင်အင်ပါယာမှာ မင်းလို မင်းသားတစ်ပါးတည်း ရှိနေတာ မဟုတ်ဘူး... ပြီးတော့ မင်းက အနှစ်နှစ်ဆယ်နီးပါး အပြင်ဘက်မှာ လေလွင့်နေခဲ့ရတယ်ဆိုတဲ့ အချက်က ဘာကို သက်သေပြနေလဲ..."

"မင်းက ဉာဏ်ကောင်းတဲ့လူတစ်ယောက် ဖြစ်မယ်လို့ ငါ ထင်ထားခဲ့တာ... ဒါပေမဲ့ မင်းက ဒီလောက် ဆင်ခြင်တုံတရားမဲ့တဲ့ ဆုံးဖြတ်ချက်မျိုးကို ချလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး..."

သူဆိုလိုသည်မှာ ချင်လော့တွင် အဆက်အသွယ် သို့မဟုတ် ကျောထောက်နောက်ခံ မရှိသောကြောင့် ထိုက်ရွှီမြင့်မြတ်နယ်မြေက သူ၏ ကျောထောက်နောက်ခံ ဖြစ်ပေးရန် လိုလားကြောင်းပင်။

သို့သော် အကယ်၍ သူတို့က ထိုက်ရွှီမြင့်မြတ်နယ်မြေ၏ ထောက်ခံမှုကို လိုချင်ပါက သူတို့ လိုချင်သော နိမိတ်လေးပါးဓားသိုင်းကဲ့သို့သော အရာတစ်ခုခုကို ပေးကမ်းရမည် ဖြစ်ပေသည်။

သူတော်စင်အဆင့် သိုင်းပညာသည် သူတို့၏ ထိုက်ရွှီမြင့်မြတ်နယ်မြေ၏ အခြေခံအုတ်မြစ်ကို ခိုင်မာစေနိုင်ပေသည်။ ချင်လော့ ပိုင်ဆိုင်ထားသော ပြည့်စုံသည့် နိမိတ်လေးပါးဓားသိုင်းမှာ သူတော်စင်အဆင့် ဖြစ်ကြောင်းကို ထိုက်ရွှီဘိုးဘေးက သေချာနေခဲ့လေသည်။

ပြီးတော့ ထိုက်ရွှီခေါင်းလောင်းကရော ဘယ်လိုလဲ...

သူတို့ ထိုက်ရွှီမြင့်မြတ်နယ်မြေ၏ ထိုက်ရွှီခေါင်းလောင်းကို အပြင်ဘက်မှာ လေလွင့်နေအောင် ဘယ်လိုလုပ် ချန်ထားခဲ့နိုင်မည်နည်း။

"အိုး..." ချင်လော့က မျက်ခုံးပင့်လိုက်၏။

"ဘာလဲ... ခင်ဗျားတို့က ကျွန်တော့်ကို ဒီမှာ တကယ်ကြီး ဆက်ထားချင်နေတာလား..."

"ခင်ဗျားတို့ကို ကျွန်တော် အကြံဉာဏ်တစ်ခု ပေးရင်ကော ဘယ်လိုလဲ..."

"ခင်ဗျားတို့ရဲ့ ထိုက်ရွှီမြင့်မြတ်နယ်မြေမှာ ကျွန်တော် ဆက်နေပေးလို့ ရတယ်..."

"ဒါပေမဲ့ ကျွန်တော်က ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ မြင့်မြတ်သခင် ဖြစ်ချင်တယ်... လျိုရူယန်က ကျွန်တော့်ရဲ့ ကိုယ်လုပ်တော်ဖြစ်ရမယ်... ပြီးတော့ ထိုက်ရွှီမြင့်မြတ်နယ်မြေက လူတိုင်းက ကျွန်တော့်ကို သစ္စာခံရမယ်..."

"အဲဒီအချိန်ကျရင် ထိုက်ရွှီခေါင်းလောင်းက ထိုက်ရွှီမြင့်မြတ်နယ်မြေ ပိုင်ဆိုင်တာ ဆက်ဖြစ်နေမှာပဲ... နိမိတ်လေးပါးဓားသိုင်းကလည်း ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ ထိပ်တန်း သိုင်းပညာ ဆက်ဖြစ်နေဦးမှာပဲ..."

သို့သော် ချင်လော့က စိတ်ထဲမှ တွေးလိုက်ပေသည်။ 'အဲဒါတွေအားလုံးက မြင့်မြတ်သခင် ပိုင်တာဆိုတော့ မြင့်မြတ်နယ်မြေရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်နေတာပဲ မဟုတ်ဘူးလား... မြင့်မြတ်နယ်မြေရဲ့ ပစ္စည်းတွေက မြင့်မြတ်သခင် ပိုင်ပြီး မြင့်မြတ်သခင်ရဲ့ ပစ္စည်းတွေကတော့ မြင့်မြတ်သခင် ပိုင်တာ ဆက်ဖြစ်နေဦးမှာပဲလေ...'

ချင်လော့၏ စကားများက ထိုက်ရွှီမြင့်မြတ်နယ်မြေရှိ လူတိုင်းကို ဆူညံသွားစေခဲ့လေသည်။

ထိုက်ရွှီဘိုးဘေးနှင့် လျိုချန်ဟယ်တို့၏ အမူအရာများ ချက်ချင်း မည်းမှောင်သွားခဲ့၏။ လျိုချန်ဟယ်က အပြစ်တင်လိုက်သည်။

"ချင်လော့... မင်း အရမ်း မာနကြီးလွန်းနေပြီ... ဘိုးဘေးက မင်း နေဖို့ ဖြောင်းဖျနေတာကို မင်းက ငါတို့ ထိုက်ရွှီမြင့်မြတ်နယ်မြေကို ဒီလို စော်ကားရဲတယ်ပေါ့..."

"စော်ကားတာ ဟုတ်လား... မဟာချင်အင်ပါယာရဲ့ မင်းသားတစ်ပါးဆိုတဲ့ အဆင့်အတန်းက ခင်ဗျားတို့ ထိုက်ရွှီမြင့်မြတ်နယ်မြေရဲ့ မြင့်မြတ်သခင်ထက် နိမ့်ကျတယ်လို့ တကယ်ကြီး ထင်နေတာလား..." ချင်လော့က လှောင်ပြောင်လိုက်၏။

"တကယ်လို့ တစ်ခုခုကို ရချင်တယ်ဆိုရင် ပြန်လည်ပေးဆပ်ဖို့လည်း လိုတယ်လေ..."

"ခင်ဗျားက စကားပြောရုံလေးနဲ့ အလကား ရနိုင်မယ်လို့ ထင်နေတာလား..."

ဤစကားများက အလွန် ပြင်းထန်လွန်းလှပေသည်။ သူ၏ အတွေးများ ဖော်ထုတ်ခံလိုက်ရချိန်၌ ထိုက်ရွှီဘိုးဘေး၏ မျက်နှာက မည်းမှောင်သွားခဲ့၏။ သူက နှာမှုတ်ကာ ပြောဆိုလိုက်သည်။

"ချင်လော့... မဟာချင်အင်ပါယာမှာ မင်းအပါအဝင် မင်းသား စုစုပေါင်း ကိုးပါး ရှိတယ်ဆိုတာ မင်း သိလား..."

"ပြီးတော့ အဆုံးမှာ တစ်ယောက်တည်းကပဲ အိမ်ရှေ့မင်းသား ဖြစ်လာနိုင်တာ..."

"ဆက်သွယ်မရှိ၊ ကျောထောက်နောက်ခံမရှိတဲ့ မင်းကများ...ချင်လော့ မဟာချင်အင်ပါယာမှာ မင်း ဘယ်လောက်အထိ ခရီးရောက်နိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်..."

[စနစ်မှ ပိုင်ရှင်၏ မိခင်ဘက်မှ ဆွေမျိုးတစ်ဦး အသက်ရှင်လျက် ရှိနေသေးကြောင်း ထောက်လှမ်းတွေ့ရှိပါသည်။ နှိုးဆွလိုက်ရမည်လား...]

[နှိုးထရန်အတွက် ဗီလိန်မှတ်အားလုံး လိုအပ်ပါသည်...]

ချီးးး

ချင်လော့က အံ့မခန်းပဲလို့ အမှန်တကယ်ပင် ပြောလိုက်ချင်တော့သည်။

သူ့မိခင်ဘက်က ဆွေမျိုး ဟုတ်လား... သောက်ကျိုးနည်း... သူ့အမေရဲ့ မျိုးရိုးနာမည်ကိုတောင် သူ မသိဘူးလေ... စနစ်က သွဆွေမျိုးတွေကိုတောင် ထောက်လှမ်းတွေ့ရှိခဲ့တာပဲ...

"အရမ်း သန်မာလား..."

[စနစ် - အဖြေက ထင်ရှားနေတာ မဟုတ်ဘူးလား...]

"နှိုးဆွလိုက်..."

သူတို့က သူ့ကို ခြစ်ညှစ်ချင်နေရင်တောင် သူ ဂရုမစိုက်ချေ။ သူတို့၌ ယခုအခါ တန်ခိုးကြီးမားသော ကျောထောက်နောက်ခံ ရှိနေပြီဖြစ်ရာ ဗီလိန်မှတ်များက ဘယ်လောက်များများ ဝေးကွာနေနိုင်ဦးမည်နည်း။

All Chapters