← Chapters

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅ ဘက်ပေါင်းစုံမှ တုံ့ပြန်မှုများ၊ စေ့စပ်ထားသူ ရောက်လာပြီ

နတ်ဆိုးဂိုဏ်း။

"သူတော်စင်မလေး... သူတော်စင်မလေး..."

"သူတော်စင်မလေးကို သတင်းပို့ပါတယ်... ယခင်က သူတော်စင်မလေး စောင့်ကြည့်ခိုင်းထားတဲ့ ချင်လော့ကို ထိုက်ရွှီမြင့်မြတ်နယ်မြေက တရားစီရင်နေပုံရပါတယ်..."

"ဟင်..." ကျင့်ကြံနေသော အမျိုးသမီးက မျက်လုံးများကို ဖွင့်လိုက်၏။ သူမ၏ မျက်လုံးများမှာ တောက်ပသော ကြယ်နှစ်ပွင့်ကဲ့သို့ဖြစ်ပြီး တစ်ခါတစ်ရံ နေ့လယ်ခင်းကဲ့သို့ တောက်ပကာ တစ်ခါတစ်ရံ တွင်းနက်ကြီးတစ်ခုကဲ့သို့ နက်ရှိုင်းပြီး ကမ္ဘာမြေ၏ လျှို့ဝှက်ချက်များ အားလုံးကို ဖောက်ထွင်းမြင်နိုင်သည့်အလားပင်။

အကြည့်ခံရသော အမျိုးသမီးက ချက်ချင်း ခေါင်းငုံ့လိုက်လေသည်။

သူမက ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်၏။ သူမတွင် ကောင်းကင်ကိုဆန့်ကျင်သော ရှည်လျားသည့် ခြေတံများ ရှိပြီး အလွန်အမင်း အချိုးကျလှပသော ခန္ဓာကိုယ်တစ်ခု ရှိပေသည်။ သူမ၏ ရှည်လျားပြီး နက်မှောင်သော ဆံကေသာများက ပခုံးပေါ်တွင် ပေါ့ပါးစွာ ကျဆင်းနေပြီး လေထဲတွင် ညင်သာစွာ ကခုန်နေကာ အဆုံးအစမဲ့သော မှော်ဆန်မှုကို သိမ်းပိုက်ထားသည့်အလားပင်။ သူမ၏ နုနယ်လှပသော မျက်နှာလေးက အလွန် ဆွဲဆောင်မှုရှိနေပေသည်။

"ထိုက်ရွှီမြင့်မြတ်နယ်မြေ ဟုတ်လား... ဟမ်... သူတို့က သေရမှာကို မကြောက်ဘူးပဲ..."

"သတင်းပေးလိုက်ပါ... ချင်လော့ကို အသက်ရှင်လျက် တွေ့ချင်တယ်လို့..."

"သူက ငါ့အသက်ကို ကယ်ခဲ့တယ်... ငါက သူ့အသက်ကို ကယ်မယ်... အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း... အဲဒါက လုံလောက်ပြီ..."

"ဟုတ်ကဲ့ပါ..."

ထိုက်ရွှီမြင့်မြတ်နယ်မြေက သူ့အား နတ်ဆိုးဂိုဏ်းနှင့် ပူးပေါင်းကြံစည်သည်ဟု စွပ်စွဲခဲ့ကြောင်းကို ချင်လော့ ကိုယ်တိုင်သာ သိရှိလေသည်။ သူတော်စင်မလေးနှင့် ပတ်သက်သော ကိစ္စမှာ မတရားသဖြင့် လုပ်ကြံခံရခြင်း မဟုတ်ချေ။

လျှို့ဝှက်နယ်မြေအတွင်း၌ ချင်လော့သည် ပြင်းထန်စွာ ဒဏ်ရာရနေသော နတ်ဆိုးဂိုဏ်းမှ သူတော်စင်မလေး ရဲ့လင်းရွှမ်ကို ကယ်တင်ခဲ့ပေသည်။

ယခင်ခန္ဓာကိုယ်ပိုင်ရှင်မှာ လူများကို သူတို့၏ အသွင်အပြင်ဖြင့် အကဲဖြတ်သူဖြစ်ပြီး ရုပ်ချောခြင်းက တရားမျှတမှုဖြစ်သည်ဟု သူ ယုံကြည်ကာ နတ်ဆိုးဂိုဏ်းကို ဂရုမစိုက်ခဲ့ချေ။ သူတော်စင်မလေးက ဤမျှ လှပနေသည်ကိုး။ သူမက ဘယ်လိုလုပ် နတ်ဆိုးခေါင်းဆောင် ဖြစ်နိုင်မည်နည်း။

မဟာချင်အင်ပါယာမြို့တော်မှာ မဟာချင်အင်ပါယာ၏ အကြီးဆုံး မြို့တော်ဖြစ်ပြီး လူဦးရေ ဆယ်သန်းကျော် ရှိလေသည်။

ဤအခိုက်အတန့်တွင် ဇိမ်ခံစံအိမ်ကြီးတစ်ခုအတွင်း အသားဖြူဖြူ အမျိုးသားတစ်ဦးက အလွန် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးကို ဖက်ထားလေသည်။

သူ၏ လက်အောက်ငယ်သား၏ သတင်းပို့ချက်ကို နားထောင်ပြီးနောက် သူက လှောင်ပြောင်လိုက်၏။ "ကျွတ်ကျွတ်... အပြင်ဘက်မှာ အပယ်ခံဖြစ်နေတဲ့ တာဇံကလေး ပြန်လာတော့မှာလား..."

"အပြင်ဘက်မှာ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင် နေတာက ပိုမကောင်းဘူးလား... ဒီနဂါးတွင်းကို ဘာလို့ လာရတာလဲ..."

"ဒါက လူတွေကို စားတဲ့နေရာပဲ မဟုတ်ဘူးလား..." အမျိုးသားက အမျိုးသမီး၏ မေးစေ့ကို ပင့်တင်ကာ အောက်သို့ ငုံ့ကြည့်ရင်း မေးမြန်းလိုက်သည်။

အမျိုးသမီးက ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ပြုံးပြလိုက်၏။

"အရှင်မင်းသား ပြောတာ သေချာပေါက် မှန်ပါတယ်..."

အမျိုးသား၏ အမည်မှာ ချင်ဖုန်း ဖြစ်ပြီး မဟာချင်အင်ပါယာ၏ အဋ္ဌမမင်းသား ဖြစ်လေသည်။

"အရှင်မင်းသား... ကျေးဇူးပြုပြီး အမိန့်ပေးပါ... ကျွန်တော် စီစဉ်ပေးပါ့မယ်..."

ချင်ဖုန်းက စဉ်းစားနေစဉ် စားပွဲပေါ်သို့ လက်ချောင်းများဖြင့် တောက်နေခဲ့၏။

တစ်ခဏအကြာတွင် သူ၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး အမျိုးသမီးကို ကြည့်ကာ ပြောဆိုလိုက်သည်။ "မင်းကို ငါ့ညီဆီ ပေးလိုက်သင့်တယ်လို့ ထင်တယ်..."

အမျိုးသမီးက ဆွဲဆောင်မှုရှိစွာ ပြုံးပြပြီး ပြောဆိုလိုက်၏။ "အရှင်မင်းသားရဲ့ အစီအစဉ်တွေအတိုင်း ကျွန်မ လိုက်နာပါ့မယ်..."

ချင်ဖုန်းက သူမ၏ ပါးပြင်ကို ပုတ်ကာ ပြောဆိုလိုက်သည်။ "ငါ့ညီက မင်းသားတစ်ပါးလေ... မင်း သူ့ရဲ့ ကိုယ်လုပ်တော် လုပ်ရင်ကော ဘယ်လိုလဲ..."

မြို့တော်ရှိ အခြားစံအိမ်တစ်ခုတွင် အမျိုးသမီးတစ်ဦးက သူမ၏ ဖခင်ဖြစ်သူကို ဒေါသတကြီး ကြည့်ကာ ကြေညာလိုက်၏။ "သူ့ကို ကျွန်မ မယူပါဘူး..."

"ချင်ဧကရာဇ်က အမိန့်ပေးပြီးပြီလေ... သမီးက ဘယ်လိုလုပ် ငြင်းနိုင်ရယမှာလဲ..."

"ငါတို့ ကုမိသားစုတစ်ခုလုံး သုတ်သင်ခံရတာကို သမီးက တကယ်ကြီး လိုချင်နေတာလား..."

ကုချင်းရွှဲ့မှာ မြို့တော်တွင် ကျော်ကြားသော အလှမယ်တစ်ဦးဖြစ်ပြီး သူမ၏ ဖခင်မှာ မဟာချင်အင်ပါယာကျောင်းတော်၏ ဒုကျောင်းအုပ်ကြီးများထဲမှ တစ်ဦး ဖြစ်လေသည်။

မဟာချင်အင်ပါယာကျောင်းတော်သည် မဟာချင်အင်ပါယာအတွင်း ပါရမီရှင်များကို ပြုစုပျိုးထောင်ပေးသော နေရာဖြစ်ပေ၏။ မဟာချင်အင်ပါယာရှိ စစ်သူကြီးများ၏ ထက်ဝက်ခန့်သည် မဟာချင်အင်ပါယာကျောင်းတော်တွင် ပညာသင်ကြားခဲ့ဖူးကြလေသည်။

ကျောင်းတော်၏ ဒုကျောင်းအုပ်ကြီးအနေဖြင့် ကုယန်ထင်ကိုယ်တိုင်မှာ သူတော်စင်အဆင့် ကျင့်ကြံမှုကို ပိုင်ဆိုင်ထားပြီး သူ၏ တပည့်များစွာမှာ စစ်သူကြီးများ ဖြစ်ကြရာ သူ၏ အဆင့်အတန်းက အတော်လေး ထူးခြားလှပေသည်။

မြို့တော်တွင် ကုချင်းရွှဲ့သည် သခင်မလေးများနှင့် သခင်လေးများစွာ၏ မြှောက်ပင့်ခြင်းနှင့် လေးစားအားကျခြင်းကို ခံရသူ ဖြစ်လေသည်။

သူမ၏ ကျင့်ကြံမှုအဆင့်မှာ ပင်လယ်ဖွင့်လှစ်ခြင်းအဆင့် ၉ သို့ ရောက်ရှိနေပြီဖြစ်ပြီး နတ်စွမ်းအင်အဆင့်နှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့ရာ သူမသည်လည်း ပါရမီရှင်တစ်ဦး ဖြစ်ပေသည်။

ယခုအခါ ချင်ဧကရာဇ်က သူမအား မဟာချင်အင်ပါယာ၏ နဝမမင်းသားနှင့် လက်ထပ်ရန် အမိန့်ပေးခဲ့ရာ သူမအတွက် အလွန် အဓိပ္ပာယ်မဲ့နေသလို ခံစားခဲ့ရ၏။

"သူ့ရဲ့ နောက်ခံကိုလည်း ကျွန်မ မသိဘူး... သူ ဘယ်လိုပုံစံလဲ ဆိုတာလည်း ကျွန်မ မသိဘူး... ပြီးတော့ သူ့ရဲ့ စရိုက်ကိုဆို ပိုလို့တောင် မသိသေးတယ်..."

"သူက မဟာချင်အင်ပါယာရဲ့ မင်းသားတစ်ပါး ဖြစ်နေရုံနဲ့ သူ့ကို ကျွန်မက လက်ထပ်ရမှာလား..." ကုချင်းရွှဲ့က ဒေါသတကြီး ပြောဆိုလိုက်သည်။

ကုယန်ထင်က ခေါင်းညိတ်လိုက်၏။ "ဟုတ်တယ်... ဒီကိုယ်ပိုင်အမှတ်အသားက လုံလောက်တယ်..."

"ဒါပေမဲ့ သူ့ကို ကျွန်မ မယူချင်ဘူး..."

ကုယန်ထင်က သက်ပြင်းချလိုက်သည်။ "သူကိုယ်တိုင်က စေ့စပ်မှုကို ဖျက်သိမ်းဖို့ လိုလားနေတာကလွဲရင် တခြားနည်းလမ်း မရှိဘူး..."

ကုချင်းရွှဲ့၏ မျက်လုံးများ တောက်ပသွားခဲ့၏။ မှန်ပေသည်။ သူတို့ ကုမိသားစုမှာ လက်အောက်ခံများ ဖြစ်ကြပြီး ချင်ဧကရာဇ်၏ အမိန့်ကို မဖီဆန်နိုင်ကြသော်လည်း အကယ်၍ ချင်လော့ကိုယ်တိုင်က စေ့စပ်မှုကို ဖျက်သိမ်းလိုက်မည်ဆိုပါက ဘယ်လိုနေမည်နည်း။

ယခုအခါ သူမတွင် နည်းလမ်းတစ်ခု ရှိလာပြီဖြစ်ရာ ၎င်းကို မည်သို့ အကောင်အထည်ဖော်မည်နည်း ဆိုသည်ကသာ မေးခွန်းဖြစ်ပေသည်။ ထို့ကြောင့် သူမက သူမ၏ သူငယ်ချင်းများကို ချက်ချင်း ခေါ်ယူလိုက်လေသည်။

သူမ၌ နှစ်သက်မြတ်နိုးသူများ မရှားပါးချေ။ ကျော်ကြားသော အလှနတ်သမီးတစ်ဦးအနေဖြင့် မြို့တော်တွင် သူမကို တောင်းရမ်းမည့်သူများ မရှားပါးပေ။

သဘာဝကျကျပင် သူမ၏ ငယ်ချစ် လင်းရွှမ်ကလည်း ဤဇာတ်လမ်းထဲတွင် ပါဝင်လေသည်။

ကျဆင်းနေသော မိသားစုတစ်ခုမှ ဆင်းရဲသော ကျောင်းသားတစ်ဦးဖြစ်ခဲ့ဖူးသူသည် သူ၏ ကိုယ်ပိုင် ကြိုးစားအားထုတ်မှုများဖြင့် ယခုအခါ မဟာချင်အင်ပါယာကျောင်းတော်၏ တပည့်တစ်ဦး ဖြစ်လာခဲ့ပြီး မဟာချင်အင်ပါယာ၏ နတ်ဆိုးနှိမ်နင်းရေးဌာနသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ကာ တောက်ပသော အနာဂတ်တစ်ခုကို ပိုင်ဆိုင်ထားပြီ ဖြစ်ပေသည်။

ကုချင်းရွှဲ့က သူမသည် မည်သည့်နေရာမှန်းမသိ ပေါ်လာသော မဟာချင်အင်ပါယာမှ နဝမမင်းသားနှင့် လက်ထပ်ရတော့မည်ဖြစ်ကြောင်း ပြောပြလိုက်ရုံဖြင့် သူမ၏ နောက်လိုက်များကို ဒေါသထွက်သွားစေခဲ့လေသည်။

သူမက ရှိုက်ငိုကာ ပြောဆိုလိုက်၏။ "အရှင်မင်းကြီးရဲ့ အမိန့်တွေက ကျွန်မအတွက်တော့ ​ေသအမိန့်တစ်ခုပဲ... ချင်းရွှဲ့က မဖီဆန်ရဲပါဘူး..."

"ဒါဆို ဘယ်လိုလုပ်မလဲ..." ယင်းဝူစစ်သူကြီး၏ မြေးဖြစ်သူက မရှည်နိုင်တော့ဘဲ မေးမြန်းလိုက်သည်။

"တကယ်လို့ နဝမမင်းသားက စေ့စပ်မှုကို ဖျက်သိမ်းဖို့ လိုလားမယ်ဆိုရင်တော့..."

ဤစကားက လူအများအပြား၏ အာရုံစိုက်မှုကို ချက်ချင်း ဖမ်းစားသွားခဲ့ပေ၏။

"ဘယ်ကနေ ပေါ်လာမှန်းမသိတဲ့ ဒီနဝမမင်းသားက ချင်းရွှဲ့နဲ့မထိုက်တန်ဘူး... သူ့ကို နောက်ဆုတ်သွားအောင် ငါတို့ လုပ်သင့်တယ်လို့ ငါ ထင်တယ်..."

"ဒီကိစ္စ ငါ့ကိုသာ လွှဲထားလိုက်... နဝမမင်းသား ဘယ်အချိန် ရောက်လာမလဲဆိုတာ ငါ သွားစုံစမ်းလိုက်မယ်... ငါ မြို့တံခါးဝကို သွားပြီး သူ့ကို ကြိုဆိုမယ်..." ယင်းဝူစစ်သူကြီး၏ တစ်ဦးတည်းသော မြေးဖြစ်သူက ကြိုးစားကြည့်ရန် စိတ်အားထက်သန်နေခဲ့သည်။

ယင်းဝူစစ်သူကြီး၏ တစ်ဦးတည်းသော မြေးဖြစ်သူအနေဖြင့် သူသည် မဟာချင်အင်ပါယာအတွင်း သူ၏ မာနထောင်လွှားပြီး အထက်စီးဆန်သော အပြုအမူများကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားလေသည်။ ကုချင်းရွှဲ့မှာ သူ၏ အမျိုးသမီးဖြစ်ကြောင်း သူ ဆုံးဖြတ်ထားပြီး ဖြစ်ပေသည်။ ဘယ်ကနေ ပေါ်လာမှန်းမသိသော ဤနဝမမင်းသားက သူ၏ အမျိုးသမီးကို ဘယ်လိုလုပ် ခိုးယူရဲသနည်း။ ချန်မိုက သည်းခံမည် မဟုတ်ချေ။

ကုချင်းရွှဲ့ ငိုနေသည်ကို မြင်ချိန်၌ ချန်မိုက ကာကွယ်လိုစိတ်များ တိုးပွားလာသည်ကို ခံစားလိုက်ရ၏။ သူက ကုချင်းရွှဲ့ကို ကတိပေးလိုက်သည်။ "ဘယ်ကနေ ပေါ်လာမှန်းမသိတဲ့ အဲဒီ နဝမမင်းသားက သဘောမတူဘူးဆိုရင်တောင် အရှင်မင်းကြီးဆီ သွားပေးဖို့ ငါ့အဘိုးကို ငါ တောင်းဆိုမယ်... စိတ်မပူပါနဲ့ ချင်းရွှဲ့..."

ဤအခိုက်အတန့်တွင် သူသည် အလွန်အမင်း အချစ်ရူးတစ်ယောက်ကဲ့သို့ ဖြစ်နေပြီး ကုချင်းရွှဲ့က လင်းရွှမ်နှင့် မျက်လုံးချင်း စကားပြောနေသည်ကို လုံးဝ သတိမထားမိခဲ့ချေ။

"ကျေးဇူးတင်ပါတယ် အစ်ကိုချန်မို..."

"အစ်ကိုချန်မို" ဟူသော စကားလုံးက ချန်မို၏ အရိုးများကိုပင် အရည်ပျော်သွားစေခဲ့၏။ ချင်လော့ကို ဖိနှိပ်ပြီး ကုချင်းရွှဲ့နှင့်အတူ ပျော်ရွှင်နေမည့် သူ့ကိုယ်သူပင် သူ မြင်ယောင်သွားခဲ့လေသည်။

ထိုလူများကို ပြန်လွှတ်လိုက်ပြီးနောက် ကုချင်းရွှဲ့က လင်းရွှမ်၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားခဲ့ပေသည်။

"အစ်ကိုလင်းရွှမ်... ချင်းရွှဲ့ အစ်ကို့ကို အရမ်း လွမ်းနေတာ..."

လင်းရွှမ်က ကုချင်းရွှဲ့၏ ဆံပင်များကို ပွတ်သပ်ပေးလိုက်ရာ သူမကို ကြီးမားသော လုံခြုံမှုတစ်ခု ခံစားလိုက်ရစေသည်။

"စိတ်မပူပါနဲ့ ချင်းရွှဲ့... မင်းကို တခြားဘယ်သူနဲ့မှ ငါပါမခံနိုငဘူး..."

"တကယ်လို့ အဲဒီ နဝမမင်းသားက သေရေးရှင်ရေးကို မသိဘူးဆိုရင် 'သေ' ဆိုတဲ့ စာလုံး ဘယ်လိုပေါင်းလဲဆိုတာ သူ့ကို ငါ သိအောင် လုပ်ပေးမယ်..."

"မလုပ်ပါနဲ့..." ကုချင်းရွှဲ့က လင်းရွှမ်ကို ချက်ချင်း တားဆီးလိုက်၏။ "အစ်ကိုလင်းရွှမ်... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့... သူက မဟာချင်အင်ပါယာရဲ့ နဝမမင်းသားလေ..."

လင်းရွှမ်က လှောင်ပြောင်လိုက်သည်။ "သူက မဟာချင်အင်ပါယာရဲ့ နဝမမင်းသားပဲ ဖြစ်တာပါ... သူ့ကို ငါ သတ်လိုက်ရင်တောင် ဘယ်သူမှ သိနိုင်မှာ မဟုတ်ဘူး..."

သူက အောက်ခြေဘဝမှ တက်လှမ်းလာနိုင်ခဲ့သည့် အကြောင်းရင်းမှာ သူက အမွေအနှစ်တစ်ခုကို ရရှိခဲ့သောကြောင့်ဖြစ်ပြီး ၎င်းမှာ ဧကရာဇ်အမွေအနှစ်တစ်ခုပင် ဖြစ်လေသည်။

"သူ့ဘာသာ အခြေအနေကို နားလည်ဖို့ မျှော်လင့်ရတာပဲ... မင်းက ငါ့မိန်းမပဲ... လင်းရွှမ်ရဲ့ မိန်းမဆိုတာ ဘယ်သူမှ တပ်မက်ခွင့်မရှိတဲ့သူပဲ..."

All Chapters