← Chapters

အခန်း ၄၀၆

Vol. 35 Ch. 406

အခန်း ၄၀၆

Vol. 35 Ch. 406

အပိုင်း (၄၀၆)

ဧကရာဇ်က အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။ “စစ်ဘက်ဆိုင်ရာ ဝန်ကြီး ဘယ်မှာလဲ။”

စစ်ဘက်ဆိုင်ရာ ဝန်ကြီး ထွက်လာပြီး ပြောလိုက်၏။ “ကျုပ် ရှိပါတယ်။”

ဧကရာဇ်က အမိန့်ပေးလိုက်သည်။ “ခင်ဗျား လန်ကျိုးကို သွားပြီး အခြေအနေကို ပြန်လည် ထိန်းသိမ်း၊ ထုတ်လုပ်ရေးတွေ ပြန်စ၊ ပြည်သူတွေရဲ့ ဘဝကို ပြန်လည် ထူထောင်ပေးလိုက်။ အကယ်၍ ကျိုးလီ ရှိနေသေးရင် သူ့ကို မြို့တော်ကို ခေါ်လာခဲ့။”

ဤသတင်း ထွက်ပေါ်လာသည်နှင့် တပြိုင်နက် လူတိုင်း အလွန် ဝမ်းသာသွားကြတော့၏။

‘ဒီအချိန်က နောက်ဆုံးတော့ ရောက်လာပြီပဲ။ ဒီကိစ္စကြီးက နောက်ဆုံးတော့ ပြီးဆုံးသွားတော့မယ်။ ကျိုးလီဟာ အပြစ်ရှိသူတွေရဲ့ သမိုင်းမှတ်တိုင်ပေါ်မှာ အပြီးအပိုင် ရိုက်နှက်ခံရတော့မယ်။ ဘာလို့လဲဆိုတော့ ဒုတိယလ နှစ်ဆယ့်နှစ်ရက်နေ့ ရောက်လာပြီလေ။ ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီ မဖြစ်လာသေးဘူးဆိုတော့ အောက်ယွီ နဲ့ ကျိုးလီဟာ သမိုင်းတစ်လျှောက် အပြစ်တင်ခံရမယ့် လူယုတ်မာတွေ လုံးဝ ဖြစ်သွားပြီ။

သေချာပေါက် ဧကရာဇ်ဟောင်း ကလည်း လုံးဝ အိုမင်းမစွမ်းဖြစ်ပြီး ဦးနှောက်ထိုင်းမှိုင်းနေတဲ့ နာမည်ဆိုး ရသွားပြီး ဒီနေ့ကစပြီး စကားပြောခွင့် လုံးဝ ဆုံးရှုံးသွားတော့မှာပဲ။ ဒီကြီးမားတဲ့ ပြဇာတ်ကြီး ပြီးဆုံးသွားပြီ။’

ဧကရာဇ်က ဆက်လက်ကာ အမိန့်ပေးလိုက်သည်။ “ဟေးပင်းထိုင်... ဒီရက်ပိုင်း အောက်ယွီရဲ့ အစားအသောက်တွေကို ပိုကောင်းအောင် ကျွေးလိုက်။ နေ့တိုင်း ဂျင်ဆင်းကြက်စွပ်ပြုတ် ပါရမယ်။”

အမတ်များအားလုံး ကြားလိုက်ရချိန်မှာတော့ အောက်ယွီသည် မကြာမီ အပိုင်းပိုင်း ခုတ်ထစ်ခံရတော့မည် ဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်ကြ၏။

အဘယ်ကြောင့်ဆိုသော် အရှင်လတ်လတ် အရေခွံခွာ သတ်ဖြတ် ခံရမည့် သူတိုင်းသည် ခန္ဓာကိုယ်ကို ကောင်းမွန်စွာ ပြုစုထားရမည်ဖြစ်ပြီး ဓားချက်ပေါင်း တစ်ထောင် မပြည့်မီ သေဆုံးမသွားစေရန် အားဖြည့် အစားအစာများ အများအပြား စားသုံးထားရမည် ဖြစ်သောကြောင့်ပင်။

ဤကြီးမားသော လောင်းကြေးပွဲကြီး နောက်ဆုံးတွင် ပြီးဆုံးသွားတော့မှာ ဖြစ်၏။ ကြီးမားသော တန်ဖိုးများကို ပေးဆပ်ခဲ့ရသော်လည်း လူအများအပြား အနိုင်ရရှိသွားခဲ့ကြသည်။

အောက်ယွီ နှင့် ကျိုးလီတို့ သေချာပေါက် ရှုံးနိမ့်သွားသော်လည်း အမှန်တကယ် အကြီးမားဆုံး အရှုံးပေါ်သူမှာ ဧကရာဇ်ဟောင်း ဖြစ်၏။

သူသည် လုံးဝ ဂုဏ်သိက္ခာကျဆင်းသွားပြီး တစ်သက်တာ နာမည်ဂုဏ်သတင်း ပျက်စီးသွားကာ အိုမင်းမစွမ်း ဖြစ်ပြီး ဦးနှောက်ထိုင်းမှိုင်းနေသူ ဟူသော နာမည်ဆိုးကို ရရှိသွားခဲ့သည်။ ဤ ပြဇာတ်ကြီး ပြီးဆုံးသွားပြီ ဖြစ်သည်။

သို့ပေမည့် ထိုအချိန်တွင် အပြင်ဘက်မှ အသံကျယ်ကျယ်ဖြင့် အော်ဟစ်သံများ ထွက်ပေါ်လာသည်။ လူအများအပြားက ဤသည်မှာ ဟေးပင်းထိုင်၏ နန်ကုန်းခုနစ် ဖြစ်ကြောင်း သိရှိလိုက်ကြ၏။

“အရှင်မင်းမြတ်... အရှင်မင်းမြတ်... ဒုတိယလ ဆယ့်ရှစ်ရက်နေ့၊ ညနေ သုံးနာရီ လေးဆယ့်ငါးမိနစ် အချိန်မှာ လန်ကျိုး ပင်လယ်ပြင်မှာ ယခင်က မရှိခဲ့ဖူးတဲ့ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီကြီး ဖြစ်ပေါ်လာပါတယ်။”

“အရှင်မင်းမြတ်... ဒုတိယလ ဆယ့်ရှစ်ရက်နေ့၊ ညနေ သုံးနာရီ လေးဆယ့်ငါးမိနစ် အချိန်မှာ လန်ကျိုး ပင်လယ်ပြင်မှာ ယခင်က မရှိခဲ့ဖူးတဲ့ ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီကြီး ဖြစ်ပေါ်လာပါတယ်။”

တစ်ခဏအတွင်းမှာပဲ ညီလာခံ တစ်ခုလုံး အပ်ကျသံ ကြားရလုမတတ် တိတ်ဆိတ်သွားပြီး မည်သည့် တုံ့ပြန်မှုမှ မရှိတော့ချေ။ အမှန်တကယ်ပင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

ခဏအကြာတွင် ဖုန်တလုံးလုံးဖြင့် နှုတ်ခမ်းများ ကွဲအက်နေသော နန်ကုန်းခုနစ်သည် ညီလာခံခန်းမ အတွင်းသို့ ရောက်ရှိလာတော့၏။

သူသည် လေးရက်လေးညတိတိ မအိပ်မစားဘဲ မိုင်ထောင်ချီ ခရီးကို ရူးသွပ်မတတ် အပြင်းနှင်လာခဲ့ခြင်းဖြစ်ရာ သိုင်းပညာ မြင့်မားသော်လည်း အင်အားများ လုံးဝကုန်ခမ်းနေပြီဖြစ်ပြီး ခြေထောက်နှစ်ဖက်လုံးတွင်လည်း သွေးများ ရွှဲနစ်နေသည်။

ညီလာခံသို့ ရောက်ရှိလာပြီးနောက် နန်ကုန်းခုနစ် သည် ဒူးထောက်ကာ ဦးညွတ်လျက် လျှောက်တင်လိုက်၏။ “အရှင်မင်းမြတ်... ဒုတိယလ ဆယ့်ရှစ်ရက်နေ့၊ ညနေ သုံးနာရီ လေးဆယ့်ငါးမိနစ် အချိန်မှာ လန်ကျိုး ဆိပ်ကမ်းနဲ့ မိုင်လေးဆယ် အကွာအဝေးမှာကြီးမားတဲ့ ငလျင်ကြီး လှုပ်ခတ်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ဆူနာမီကြီး ဖြစ်ပေါ်လာပါတယ်။

ပင်လယ်ပြင်ပေါ်က သင်္ဘောတွေ အားလုံးကို လွှမ်းမိုးသွားပြီး ကုန်သည်သင်္ဘော ရာချီ အမှုန့်ဖြစ်သွားသလို လန်ကျိုး ရေတပ် စစ်သင်္ဘော ရာချီလည်း အမှုန့်ဖြစ်သွားပါတယ်။ ဆူနာမီကြီးဟာ ကုန်းမြေပေါ်ကို ရောက်လာပြီး လန်ကျိုးမြို့ တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ကာ အနောက်ဘက် ဆယ့်ငါးမိုင် အကွာအဝေးအထိ ရောက်ရှိသွားမှသာ ရပ်တန့်သွားပါတယ်။

ဒီတစ်ကြိမ် ဆူနာမီကြောင့် လန်ကျိုးမြို့ တစ်ဝက်လောက် ပျက်စီးသွားပြီး လူခြောက်သောင်း၊ ခုနစ်သောင်းလောက် သေကြေဒဏ်ရာရခဲ့ပါတယ်။”

တည်နေရာတစ်ခုလုံး သေမတတ် တိတ်ဆိတ်သွားပြီး ညီလာခံရှိ အမတ်များ အားလုံး တုံ့ပြန်မှု ကင်းမဲ့ သွားကြသည်။

‘တကယ်ပဲ... တကယ်ပဲ ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီကြီး ဖြစ်လာတာလား။ တကယ်ပဲ တစ်လကြိုတင်ပြီး ခန့်မှန်းနိုင်ခဲ့တာလား။ နက္ခတ်တာရာရုံးက လူတွေ၊ တုန်းဖန်ရှု ဆရာကြီး တို့က မီးတောင် ပေါက်ကွဲမှုကို ကြိုတင် ခန့်မှန်းလို့ ရပေမယ့် ငလျင်ကို လုံးဝကြိုတင် ခန့်မှန်းလို့ မရဘူးလို့ ပြောခဲ့ကြတယ် မဟုတ်ဘူးလား။

လန်ကျိုး ပင်လယ်ပြင်ဟာ သမိုင်းတစ်လျှောက် ဘာကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီ မှ မဖြစ်ခဲ့ဖူးဘူး၊ ငလျင်ကြော ထဲမှာလည်း လုံးဝ မပါဝင်ဘူးလို့ ပြောခဲ့ကြတယ် မဟုတ်ဘူးလား။’

ထိုသို့သာဆိုလျှင် အောက်ယွီအား ယုတ်မာသော စကားများဖြင့် လူအများကို လှည့်ဖြားကာ တိုင်းပြည်နှင့် လူမျိုးကို ဘေးဒုက္ခရောက်အောင် ပြုလုပ်သူဟု စွပ်စွဲကဲ့ရဲ့ခဲ့ကြသမျှသည် အရာမထင်ဘဲ အလဟသ ဖြစ်သွားရချေပြီ။ ယခုအခါတွင်မူ သူသည် တိုင်းသူပြည်သားတို့၏ ကယ်တင်ရှင်ကြီး ဖြစ်သွားပြီ မဟုတ်ပါလား။

ထို့အပြင် လူအများက ဒုက္ခပေးသူဟု သတ်မှတ်ထားကြသည့် ကျိုးလီသည်လည်း ပြည်သူသိန်းပေါင်းများစွာ၏ အသက်ကို ကယ်တင်ခဲ့သော သူရဲကောင်းတစ်ဦး ဖြစ်သွားခဲ့လေသည်။

ဤဖြစ်ရပ်သည် စွပ်စွဲခဲ့သူတို့အတွက် မည်မျှအထိ အရှက်ရဖွယ် မျက်နှာဖြတ်ရိုက်ခံရခြင်းမျိုး ဖြစ်သနည်း။ ဤသည်မှာ ညီလာခံအတွင်းရှိ အမတ်အပေါင်းတို့၏ မျက်နှာကို ပါးရိုက်ချက်ပေါင်း များစွာဖြင့် ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်ခြင်းနှင့် အလားသဏ္ဌာန် တူနေတော့၏။

သို့ပေမည့် ဧကရာဇ် ဝမ်ယွင်သည် ယခုအချိန်တွင် ကြားလိုက်ရသော စကားလုံးများမှာ နားထဲတွင် ဆူးများကဲ့သို့ စူးနစ်နေသည်။

‘လန်ကျိုးမြို့ တစ်ဝက်လောက် ပျက်စီးသွားပြီး လန်ကျိုး ရေတပ် တစ်ဝက်ကျော် ပျက်စီးသွားတယ် ဟုတ်လား။’

ဤဆုံးရှုံးမှုသည် ကြီးမားလွန်းလှပေသည်။ အထူးသဖြင့် လန်ကျိုးရေတပ်တစ်ခုလုံး ပျက်စီးဆုံးရှုံးသွားရခြင်းမှာ နှလုံးသားကို ဓားဖြင့်အမွှန်းခံရသကဲ့သို့ ပြင်းပြင်းထန်ထန် နာကျင်ရစေ၏။

ဆူနာမီလှိုင်းလုံးကြီးများသည် အဘယ်ကြောင့် ဤမျှအထိ ပြင်းထန်သော ဖျက်ဆီးအား ရှိနေရပါသနည်း။

ဧကရာဇ်မင်းမြတ်၏ စိတ်အာရုံတွင် ဤဘေးအန္တရာယ်ဆိုးကြီးသည် ငလျင်လှုပ်ခတ်မှုသာ ဖြစ်လိမ့်မည်ဟု အဓိကမှတ်ယူထားခဲ့ပြီး၊ ဆူနာမီဟူသော သဘာဝဘေးအန္တရာယ်၏ သဘောသဘာဝကိုမူ ထင်သလောက် နားလည် သဘောပေါက်ထားခြင်း မရှိခဲ့ချေ။

“ဒါဆို... ကုန်သွယ်ရေး ဆိပ်ကမ်းရုံး၊ ဆားသယ်ယူပို့ဆောင်ရေးရုံး၊ ကုန်ထုတ်လုပ်ရေးရုံးတွေကရော ဘယ်လိုနေလဲ။” ဧကရာဇ်က အသံအက်ကွဲစွာဖြင့် မေးလိုက်၏။

နန်ကုန်းခုနစ်က ပြန်ဖြေလိုက်သည်။ “အရှင်မင်းမြတ်... အားလုံး ပျက်စီးသွားပါပြီ။ အားလုံး မြေပြင်နဲ့ တစ်ပြေးတည်း ဖြစ်သွားပါပြီ။ ဒါပေမဲ့ အရေးကြီးတဲ့ ပစ္စည်းတွေ အားလုံးကို ပြောင်းရွှေ့ထားနိုင်ခဲ့ပါတယ်။ သင်္ဘောကျင်းက အရေးကြီးတဲ့ ပစ္စည်းတွေကိုလည်း ပြောင်းရွှေ့ထားနိုင်ခဲ့ပါတယ်။”

ဧကရာဇ်က ရှိုက်သံပါကြီးဖြင့် မေးလိုက်၏။ “လန်ကျိုး ရေတပ်က ဘယ်လိုဖြစ်ရတာလဲ။ ရေတပ် ဘယ်လို ဖြစ်ပြီး ပျက်စီးသွားရတာလဲ။ ရေတပ်ကို နောက်ဆုတ်ခိုင်းလိုက်ပြီ မဟုတ်ဘူးလား။”

အမှန်တကယ် အသက်ရှူရန် ခက်ခဲလွန်းလှသည်အထိ ပြင်းပြစွာ နာကျင်ရပေသည်။ လန်ကျိုးရေတပ်၏ ထက်ဝက်ခန့်မျှသော ဆုံးရှုံးမှုသည်ပင်လျှင် ငွေသားသန်းပေါင်း ဆယ်ချီ၍ တန်ဖိုးရှိလှသည်။

နန်ကုန်းခုနစ်က ပြန်ဖြေလိုက်၏။ “အိမ်ရှေ့စံမင်းသားက လန်ကျိုး ရေတပ်ကို ထိန်းချုပ်ပြီးတဲ့နောက် ဟေးပင်းထိုင် စစ်သည်တွေကို ရေတပ်ကို အုပ်ချုပ်ခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ပင်လယ်ပြင်ကို ရောက်သွားတဲ့အခါ လန်ကျိုး ရေတပ်ရဲ့ စစ်သူကြီး တချို့က ပြန်လည် ပုန်ကန်ပြီး အမိန့်ပေးကွပ်ကဲခွင့်ကို ပြန်လုယူ သွားခဲ့ပါတယ်။

ရေတပ် တစ်ဝက်က အမိန့်ကို နာခံပြီး ကျန်းကျိုး ဆိပ်ကမ်းကို ခိုလှုံဖို့ သွားခဲ့ပေမယ့် ကျန်တဲ့ ရေတပ် တစ်ဝက် ကတော့ လောဘကြီးပြီး အကျိုးအမြတ်တွေ လုယူဖို့ လန်ကျိုး ဆိပ်ကမ်းကို ပြန်သွားခဲ့လို့ ဆူနာမီရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး အားလုံး ပျက်စီးသွားခဲ့တာပါ။”

ဧကရာဇ် သည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး မျက်စိရှေ့တွင် အမှောင်ကျသွားကာ ခြေလက်များ လုံးဝ အေးစက်သွားပြီး အသက်ရှူရန်ပင် ခက်ခဲနေတော့သည်။

“ဘယ်သူလဲ... ဘယ်သူလဲ...”

ဧကရာဇ်က အော်ဟစ်လိုက်၏။ “ဘယ်သူက အမိန့်ကို ဖီဆန်ပြီး ရေတပ်ကို လန်ကျိုး ဆိပ်ကမ်းဆီ ပြန်ခေါ်သွားပြီး အကျိုးအမြတ် လုယူခိုင်းတာလဲ။ သူတို့ရဲ့ မျိုးနွယ်စု ကိုးဆက်လုံးကို သတ်ပစ်မယ်။ မျိုးနွယ်စုကိုးဆက်လုံးကို သတ်ပစ်မယ်။”

နန်ကုန်းခုနစ်က ပြန်ဖြေလိုက်သည်။ “မသိရသေးပါဘူး။ ဒါပေမဲ့ မကြာခင် စာချွန်လွှာ ရောက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။”

ထိုအချိန်တွင် ရုတ်တရက် အမတ်တစ်ဦး ထွက်လာပြီး ပြောလိုက်၏။ “အရှင်မင်းမြတ်... တစ်ယောက်ယောက်က သတင်းအချက်အလက်တွေကို အတုလုပ်တာများ ဖြစ်နေမလား။ ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီ လုံးဝ မဖြစ်ခဲ့ဘဲနဲ့ ဆူနာမီ ဖြစ်တယ်လို့ လိမ်ညာ သတင်းပို့ပြီး တချို့လူတွေ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့် ရအောင် လုပ်နေတာလား။ သေချာ စုံစမ်းစစ်ဆေးပြီးမှ ဆုံးဖြတ်ချက် ချသင့်ပါတယ်။”

နန်ကုန်းခုနစ်သည် ချက်ချင်းပဲ သွေးစာချွန်လွှာကြီးကို ထုတ်ယူကာ ပြင်းထန်သောအသံဖြင့် အော်ဟစ် လိုက်သည်။ “ခင်ဗျားရဲ့ ခွေးမျက်လုံးတွေကို ဖွင့်ပြီး သေချာကြည့်စမ်း။ ဒါ အိမ်ရှေ့စံမင်းသား ကျိုးလီရဲ့ စာချွန်လွှာ ပဲ။”

ထို့နောက် သူသည် ရုတ်တရက် ဖြန့်ပြလိုက်ရာ သခင်လေး အောက်ယွီ... လူသန်းချီကို ကယ်တင်ခဲ့တယ်။ အဆုံးအစ မရှိတဲ့ ကုသိုလ်တွေ ရရှိတယ် ဟူသော စာလုံးကြီး ဆယ့်နှစ်လုံးကို မြင်တွေ့လိုက်ရ၏။

နန်ကုန်းခုနစ်က ဆက်လက် အော်ဟစ်လိုက်သည်။ “ဒီအပေါ်မှာ အိမ်ရှေ့စံမင်းသားရဲ့ လက်မှတ် ပါရုံတင် မကဘူး၊ ချန်းဟိုင်ပြည်နယ် တစ်ခုလုံးက အမတ် ရာချီရဲ့ လက်မှတ်တွေ၊ လန်ကျိုးက ပြည်သူ သောင်းချီရဲ့ သွေးလက်ဗွေရာတွေလည်း ပါတယ်။

သခင်လေး အောက်ယွီ ဘာမှမပြောဘဲ နေလို့ရပေမယ့် ပြည်သူသန်းချီကို ကယ်တင်ဖို့အတွက် အကျဉ်းထောင် ထဲမှာ အကျဉ်းချခံခဲ့ရတယ်။ အိမ်ရှေ့စံမင်းသား ကျိုးလီဟာ ပြည်သူတွေကို ကယ်တင်ဖို့အတွက် တစ်လနီးပါး မအိပ်မစားဘဲ ပိန်ချုံးနေပြီး သွေးအန်တဲ့အထိကြိုးစားခဲ့တယ်။

ရလဒ်အနေနဲ့ ခင်ဗျားတို့တွေကရော။ တစ်ယောက်ချင်းစီ ညီလာခံမှာ သူတို့ကို သတ်ဖို့၊ ဖြတ်ဖို့ အော်ဟစ် နေကြတယ်။ လူသန်းချီကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းကြီးကို ခင်ဗျားတို့က အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင် နေကြတယ်။

ညီလာခံက အမတ်ကြီးတွေ... အခုချိန်ထိ ဒါဟာ ကျုပ်တို့ လိမ်ညာ သတင်းပို့တာလို့ ပြောနေကြသေးတယ်။ ခင်ဗျားတို့ရဲ့ အသိတရားတွေ ဘယ်ရောက်သွားပြီလဲ။ ခင်ဗျားတို့ရဲ့ ကိုယ်ကျင့်တရားတွေ ဘယ်ရောက်သွားပြီလဲ။ ခင်ဗျားတို့ရဲ့ လူ့စိတ်တွေ ဘယ်ရောက်သွားပြီလဲ။ ခင်ဗျားတို့ရဲ့ အရှက်တရားတွေ ဘယ်ရောက်သွားပြီလဲ။”

ညီလာခံ အတွင်း၌ နန်ကုန်းခုနစ် သည် အသံကျယ်ကျယ်ဖြင့် အော်ဟစ်နေသည်။ သူသည် ဤအမတ်များကို ရူးသွပ်မတတ် ပြစ်တင်ဝေဖန်နေခြင်း ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ဤအရာများ အားလုံးကို သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရပြီး လန်ကျိုး၏ အမှောင်ထု၊ လန်ကျိုး၏ ကြီးမားသော ဘေးအန္တရာယ်ကြီးများကို ကိုယ်တိုင် ခံစားခဲ့ရကာ အောက်ယွီနှင့် ကျိုးလီ တို့အပေါ် အပြည့်အဝ ကိုယ်ချင်းစာနာမိပြီး ကြီးမားသော ခံစားချက်များ ပါဝင်နေသောကြောင့် ဖြစ်သည်။

သို့ပေမည့် ဤအရာများ အားလုံးကို တွမ်မန်တံခါး အပြင်ဘက်ရှိ လူများက လုံးဝ မသိရှိကြသေးချေ။

စစ်ဘက်ဆိုင်ရာ ဒု-ဝန်ကြီး ဝမ်ဟွာကျိန့်သည် တိုင်ကြားရေးဗုံကို ဆက်လက် တီးခတ်နေဆဲဖြစ်ပြီး လည်ပင်းမှ သွေးထွက်သည်အထိ အော်ဟစ်နေသည်။ “အရှင်မင်းမြတ်... ကျုပ်ရဲ့ မိခင်အတွက် တရားမျှတမှု ပေးသနားတော်မူပါ။ အရှင်မင်းမြတ်... တစ်ယောက်ယောက်က ယုတ်မာတဲ့ စကားတွေနဲ့ လူတွေကို လှည့်စားပြီး တိုင်းပြည်နဲ့ လူမျိုးကို ဒုက္ခပေးနေပါတယ်။ လန်ကျိုးမြို့ကို ကယ်တင်တော်မူပါ။”

ပြည်သူ သိန်းချီနှင့် စာပေပညာရှင်များသည်လည်း မြေပြင်ပေါ်တွင် ဒူးထောက်ကာ ရူးသွပ်မတတ် အော်ဟစ် နေကြဆဲ ဖြစ်၏။ “အရှင်မင်းမြတ်... လန်ကျိုးပြည်သူ သန်းချီကို ကယ်တင်တော်မူပါ။”

“အောက်ယွီ ဟာ ယုတ်မာတဲ့ စကားတွေနဲ့ လူတွေကို လှည့်စားပြီး တိုင်းပြည်နဲ့ လူမျိုးကို ဒုက္ခပေးနေပါတယ်။ အပိုင်းပိုင်း ခုတ်ထစ်ပစ်သင့်ပါတယ်။”

“အပိုင်းပိုင်း ခုတ်ထစ်ပစ်သင့်ပါတယ်။”

“အရှင်မင်းမြတ်...ကျုပ်ရဲ့ မိခင် အတွက် တရားမျှတမှု ပေးသနားတော်မူပါ။”

“အရှင်မင်းမြတ်... လန်ကျိုးက ပြည်သူ သန်းချီအတွက် တရားမျှတမှု ပေးသနားတော်မူပါ။”

စစ်ဘက်ဆိုင်ရာ ဒု-ဝန်ကြီး ဝမ်ဟွာကျိန့် သည် ဝမ်းနည်းပူဆွေးမှု အထိမ်းအမှတ် အဝတ်အစားများကို ဝတ်ဆင်ကာ မိသားစုဝင် ရာချီကို ခေါ်ဆောင်လျက် တိုင်ကြားရေးဗုံ အရှေ့တွင် သနားဖွယ်ကောင်းအောင် အော်ဟစ်ငိုကြွေးနေဆဲ ဖြစ်သည်။

“တိုင်းပြည်နဲ့ လူမျိုးကို ဒုက္ခပေးတဲ့ အောက်ယွီကို သတ်ပစ်။ နိုင်ငံတော်ရဲ့ သူခိုးကို သတ်ပစ်။”

…………………

All Chapters