← Chapters

အခန်း ၄၁၁

Vol. 35 Ch. 411

အခန်း ၄၁၁

Vol. 35 Ch. 411

အပိုင်း (၄၁၁)

နောက်တစ်နေ့ နံနက်ခင်းတွင် ဧကရာဇ်သည် ညီလာခံကြီး ကျင်းပကာ လန်ကျိုး သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးကိစ္စများကို ဆွေးနွေးခဲ့၏။

“အောက်ရှင်းတို့ သားအဖကို အခစားဝင်ခိုင်းလိုက်။” မိန်းမစိုးကြီး ဟောက်ချင့်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

ဤစကားကို ကြားလိုက်ရချိန်မှာတော့ ညီလာခံရှိ အမတ်အချို့၏ မျက်နှာများ ရုတ်တရက် တုန်ယင် သွားကြပြီး အလိုအလျောက် အသက်ရှူအောင့်ထားလိုက်ကြ၏။

အကယ်၍ ယွင်ကျုံးဟဲ့သာ ထိုနေရာတွင် ရှိနေမည်ဆိုပါက ဤအမတ်များ၏ မျက်နှာများကို သေချာပေါက် မှတ်သားထားမည်မှာ သေချာသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် အောက်ရှင်းမှာ အဆုတ်နာရောဂါ ကူးစက်ခံထားရကြောင်း သိရှိထားကြ သောကြောင့် အဝေးသို့ ရှောင်ရှားလိုကြခြင်း ဖြစ်သည်။ ဤရောဂါမှာ အတိုင်းအတာ တစ်ခုအထိကူးစက်နိုင်ခြေ ရှိ၏။

ခဏအကြာတွင် အောက်ယွီသည် ဖခင် အောက်ရှင်းကို တွဲကာ ညီလာခံခန်းမ အတွင်းသို့ ဝင်ရောက် လာတော့၏။ ဤသည်က လူအများကို ထင်ယောင်ထင်မှား ဖြစ်စေပြန်သည်။

အောက်ရှင်း သည် အဆုတ်နာရောဂါကူးစက်ခံထားရပြီး သားဖြစ်သူ အောက်ယွီက ဤမျှလောက် အနီးကပ် နေထိုင်နေသောကြောင့် အနာဂတ်တွင် အောက်ယွီလည်း အဆုတ်နာရောဂါ ကူးစက်ခံရနိုင်သည်မှာ မဆန်းတော့ချေ။

ယခုအချိန်တွင် အောက်ရှင်း၏ တစ်ကိုယ်လုံးမှာ ဖုံးအုပ်ခံထားရပြီး မျက်နှာတစ်ခုလုံးကိုလည်း ဖုံးအုပ်ထားကာ မျက်လုံးတစ်စုံသာ ဖော်ပြထားသည်။

ထို့အပြင် သူသည် အစွမ်းကုန် စိတ်ဓာတ်ခိုင်မာမှုဖြင့် ချောင်းဆိုးခြင်းကို ထိန်းချုပ်ထားသောကြောင့် တစ်ကိုယ်လုံး တုန်ယင်နေတော့၏။

သို့ပေမည့် ထိုသို့ဖြစ်လင့်ကစား အမတ် အများအပြားမှာ မျက်နှာလွှဲသွားကြပြီး အောက်ရှင်းကို တိုက်ရိုက် မကြည့်ရဲကြချေ။

ပေအနည်းငယ် အကွာအဝေး ရှိနေသော်လည်း ဧကရာဇ် ဝမ်ယွင် ပင်လျှင် အလိုအလျောက် အသက်ရှူ အောင့်ထားလိုက်မိသည်။

အောက်ရှင်းအား အဆုတ်နာရောဂါ ကူးစက်စေခြင်းမှာ သူ၏ အလိုဆန္ဒ မဟုတ်ဘဲ လူအချို့၏ ယုတ်မာသော လုပ်ရပ်များသာ ဖြစ်သည်။ သို့ပေမည့် အခြေအနေက ဤအဆင့်အထိ ရောက်ရှိလာပြီဖြစ်ရာ ဧကရာဇ် အနေဖြင့် တစ်ဖက်လူ၏ တာဝန်ကို လိုက်လံ စုံစမ်းတော့မည် မဟုတ်ချေ။

ဧကရာဇ် ဝမ်ယွင်က တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်၏။ “ဒုတိယလ ဆယ့်ရှစ်ရက်နေ့၊ ညနေ သုံးနာရီ လေးဆယ့်ငါးမိနစ် အချိန်မှာ လန်ကျိုး ပင်လယ်ပြင်မှာ ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီ ဖြစ်ပေါ်လာပြီး သေကြေ ဒဏ်ရာရသူ မရေမတွက်နိုင်အောင် ရှိပါတယ်။ လန်ကျိုးရဲ့ တစ်ဝက်လောက်ဟာ ဧရာမ ရေလှိုင်းကြီးတွေရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရပြီး ပြည်သူ သိန်းချီ အိမ်ရာမဲ့ ဖြစ်သွားရတာ တကယ်ကို ရင်နာစရာ ကောင်းလှပါတယ်။”

ယခင်အချိန်ကသာဆိုလျှင် ဤမျှလောက်ကြီးမားသော ဘေးအန္တရာယ်ကြီး ဖြစ်ပေါ်လာပါက နှစ်တစ်ရာ အတွင်း တစ်ကြိမ်သာ ဖြစ်ပွားလေ့ရှိသောကြောင့်ကောင်းကင်ဘုံက ဧကရာဇ်ကို သတိပေးခြင်း ဖြစ်သည်ဟု ယူဆကာ ဧကရာဇ် ဝမ်ယွင် အနေဖြင့်ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သည့် အမိန့်တော် ထုတ်ပြန်ရမှာဖြစ်သည်။

သို့ပေမည့် ယခုတစ်ကြိမ်တွင် မလိုအပ်တော့ချေ။ အဘယ်ကြောင့်ဆိုသော် အောက်ယွီက တစ်လကြိုတင်ပြီး သတိပေးခဲ့ကာ ဧကရာဇ် ဝမ်ယွင် သည် သူ၏ကိုယ်ပိုင် ဘဏ္ဍာတိုက်မှ ငွေသား ငါးသန်း ထုတ်ပေး၍ အကြီးအကျယ် နောက်ဆုတ်မည့် အစီအစဉ်ကို လုပ်ဆောင်ခဲ့သောကြောင့် ပြည်သူ သိန်းချီကို ကယ်တင်နိုင်ခဲ့သောကြောင့်ပင်။

ထို့ကြောင့် ယခုအခါ ညီလာခံရှိ အမတ်များ အားလုံးနှင့် မြို့တော်ရှိ ပြည်သူ သန်းချီက ဧကရာဇ်မင်းမြတ်ကို သူတော်စင် ဧကရာဇ် အဖြစ် ချီးကျူးဂုဏ်ပြုနေကြသည်။

ဧကရာဇ်မင်းမြတ် ဤသို့ လုပ်ဆောင်ခြင်းတွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်အချို့ ရှိနေနိုင်သော်လည်း လောကက ပြည်သူများကမူ မည်သည့်အရာကိုမှ မသိရှိကြချေ။

ဧကရာဇ် ဝမ်ယွင်က ဆက်ပြောလိုက်၏။ “ကောင်းကင်ဘုံက သနားညှာတာတဲ့ စိတ်ရှိလို့ ချန်လန် ပြည်နယ်ရဲ့ ကျွမ့်ယွမ်အသစ် အောက်ယွီဟာ တစ်လကြိုတင်ပြီး သတိပေးနိုင်ခဲ့ပါတယ်။ ကျိုးလီကလည်း အမတ်မင်းကြီး အဖြစ် အကြီးအကျယ် နောက်ဆုတ်မယ့် အစီအစဉ်ကို ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့လို့ ပြည်သူ သိန်းချီကို ကယ်တင်နိုင်ခဲ့တာဟာ ကံဆိုးမှုထဲက ကံကောင်းမှု တစ်ခုပါပဲ။

အောက်ယွီဟာ နက္ခတ္တဗေဒနဲ့ ပထဝီဝင်ကို ကျွမ်းကျင်ပြီး ပညာဗဟုသုတလည်း များပြားပါတယ်။ အရေးအကြီးဆုံးက သူဟာ ပြည်သူတွေကို ချစ်တဲ့စိတ် အပြည့်ရှိလို့ ကြီးမားတဲ့ အန္တရာယ်ကို စွန့်စားပြီး ဒီဘေးအန္တရာယ်ကို သတိပေးခဲ့တာပါ။ ဒါကြောင့် ပြည်သူ သိန်းချီကို ကယ်တင်နိုင်ခဲ့တာပါ။”

“ဒါဟာ ကြီးမားတဲ့ အကျိုးဆောင်မှုကြီး ဖြစ်လို့ ကိုယ်တော်က ဆုချီးမြှင့်ရမယ်။ ကြီးမားတဲ့ ဆုချီးမြှင့်မှု ပေးရမယ်။” ဧကရာဇ် ဝမ်ယွင်က ပြောလိုက်၏။

ချက်ချင်းပဲ နက္ခတ်တာရာရုံး၏ အကြီးအကဲ ထွက်လာပြီး လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်...ကျုပ် တင်ပြစရာ ရှိပါတယ်။”

ဧကရာဇ် ဝမ်ယွင်က ပြောလိုက်၏။ “ပြော။”

နက္ခတ်တာရာရုံး၏ အကြီးအကဲက ပြောလိုက်သည်။ “အောက်ယွီဟာ နက္ခတ္တဗေဒနဲ့ ပထဝီဝင်ကို ကျွမ်းကျင်လို့ ကျုပ်တို့ နက္ခတ်တာရာရုံးမှာ အရမ်း လိုအပ်နေတဲ့ လူတော် တစ်ယောက်ပါ။ ကျုပ်က အောက်ယွီကို နက္ခတ်တာရာရုံးရဲ့ လက်ထောက်အရာရှိအဖြစ် ခန့်အပ်ဖို့ အကြံပြုပါတယ်။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် အေးစက်စက် ပြုံးလိုက်မိ၏။

နက္ခတ်တာရာရုံးဆိုသည်မှာ မူလကတည်းက လူသူကင်းမဲ့ပြီး အာဏာပါဝါ တစ်စုံတစ်ရာ မရှိသော နေရာ တစ်ခုသာ ဖြစ်သည်။

ထိုရုံး၏ လက်ထောက်အရာရှိ ဆိုသည်မှာလည်း အဆင့်ခြောက် အမတ်တစ်ဦးမျှသာ ဖြစ်ပြီး၊ ထိုကဲ့သို့သော လက်ထောက်အရာရှိမျိုးမှာ လေးယောက်အထိ ရှိနေသေးသည်။ ထို့အပြင် ၎င်းတို့၏ အထက်တွင် အကြီးအကဲ၊ ဒု-အကြီးအကဲနှင့် လက်ထောက်အကြီးအကဲများစွာ ရှိနေပါသေး၏။

အောက်ယွီ ကဲ့သို့သော ကြီးမားသည့် အကျိုးဆောင်မှုမျိုး ပြုလုပ်ခဲ့သူအား ဤမျှ လူသူကင်းမဲ့ပြီး အရေးမပါသော နက္ခတ်တာရာရုံးကဲ့သို့ နေရာမျိုး၌ သွားရောက် တာဝန်ထမ်းဆောင်ခိုင်းခြင်းမှာ အလွန်ပင် မမျှတလှပေ။ နေရာပေးပုံမှာလည်း အဆင့်အတန်းအားဖြင့် များစွာ နောက်ကျလွန်းနေသေးသည်။

သို့သော်ငြား အောက်ယွီ၏ စိတ်ထဲတွင်မူ ဤကဲ့သို့သော လျစ်လျူရှုခံရသည့် အခြေအနေမှာပင် သူ၏ လက်ရှိ အကျိုးဆောင်မှုနှင့် လိုက်ဖက်ညီလှသည်ဟု ခါးသီးစွာ တွေးတောနေမိလေ၏။

ထို့နောက် စုံစမ်းစစ်ဆေးရေးရုံးမှ အမတ်တစ်ဦး ထွက်လာပြီး ပြောလိုက်သည်။ “အရှင်မင်းမြတ်... လုံးဝ မဖြစ်နိုင်ပါဘူး။ အောက်ယွီဟာ ကျူရန်စာမေးပွဲမှ ပထမ (ကျွမ့်ယွမ်) ရရှိထားပြီး ကျင်ရှီစာမေးပွဲကို မအောင်မြင်သေးပါဘူး။

ရာထူးခန့်အပ်မယ် ဆိုရင်တောင် အဆင့်ရှစ်ထက် မပိုရပါဘူး။ နက္ခတ်တာရာရုံးရဲ့ လက်ထောက်အရာရှိဟာ အဆင့်ခြောက် ဖြစ်လို့ လုံးဝ မဖြစ်နိုင်ပါဘူး။ ကျုပ် ထင်တာကတော့ နက္ခတ်တာရာရုံးရဲ့ စာရေးအရာရှိ အဖြစ် ခန့်အပ်တာ အများဆုံးပါပဲ။”

‘ချီးတဲ့မှ... ဒါက လုံးဝကို စော်ကားနေတာပဲ။’

သို့သော်လည်း ညီလာခံအတွင်းရှိ အမတ်မင်းအပေါင်းတို့မှာမူ အောက်ယွီအား နက္ခတ်တာရာရုံးကဲ့သို့ လုံးဝ အရေးမပါဘဲ လူသူကင်းမဲ့သည့် နေရာမျိုးသို့သာ ပို့ဆောင်ထားလိုကြသည်မှာ အမှန်ပင် ဖြစ်သည်။

၎င်းတို့သည် အောက်ယွီ၏ စွမ်းဆောင်ရည်ကို ကြောက်ရွံ့ခြင်း သို့မဟုတ် မနာလိုခြင်းတို့ကြောင့် သူ၏ အရှိန်အဝါကို မှေးမှိန်သွားစေရန် ဤကဲ့သို့သော ဆုံးဖြတ်ချက်မျိုးကိုသာ အလိုရှိနေကြခြင်း ဖြစ်၏။

“ဟမ့်...”

ဧကရာဇ် ဝမ်ယွင်က အေးစက်စက် အသံပြုလိုက်ပြီး ပြောလိုက်သည်။ “ထူးခြားတဲ့ အခြေအနေမှာ ထူးခြားသလို လုပ်ရမယ်လေ။ အောက်ယွီဟာ ဒီလောက်ကြီးမားတဲ့ အကျိုးဆောင်မှုကြီး ပြုလုပ်ခဲ့တာကို သာမန် စည်းမျဉ်းတွေနဲ့ တားဆီးထားလို့ ဘယ်ဖြစ်မလဲ။

ကျိုးလီ ပို့လာတဲ့ လူသောင်းချီ လက်မှတ်ရေးထိုးထားတဲ့ သွေးစာချွန်လွှာကို မမြင်ကြဘူးလား။ လူသန်းချီကို ကယ်တင်ခဲ့တယ်။ အဆုံးအစမရှိတဲ့ကုသိုလ်တွေ ရရှိတယ်။ ဒါကြောင့် ကိုယ်တော်က ဆုချီးမြှင့်ရမယ်။ ကြီးမားတဲ့ ဆုချီးမြှင့်မှု ပေးရမယ်။ အကျိုးဆောင်မှု ရှိတာကို ဆုမချီးမြှင့်ရင် လောကက လူတွေ စိတ်ပျက်သွားမှာပေါ့။”

“အရှင်မင်းမြတ် တရားမျှတမှု ရှိပါတယ်။”

“အရှင်မင်းမြတ် တရားမျှတမှု ရှိပါတယ်။” ညီလာခံရှိ အမတ်များ အားလုံး ဦးညွတ်လိုက်ကြ၏။

ထို့နောက် ဧကရာဇ် ဝမ်ယွင်က ပြောလိုက်သည်။ “အောက်ရှင်း... အရင်တုန်းက တာယင်အင်ပါယာနဲ့ စစ်ပွဲမှာ ရှုံးနိမ့်ခဲ့လို့ ခင်ဗျားဟာ ဒု-စစ်သေနာပတိချုပ် အနေနဲ့ ရှောင်လွှဲလို့မရတဲ့ တာဝန် ရှိတယ်။ ဒါကြောင့် ကိုယ်တော်က ခင်ဗျားရဲ့ ဖျောက်ချီ စစ်သူကြီးချုပ် ရာထူးကို ရုပ်သိမ်းခဲ့တယ်။

နောက်ပိုင်း တောင်ပိုင်း ပုန်ကန်မှုမှာလည်း ပုန်ကန်သူ ခေါင်းဆောင်တွေက ခင်ဗျားရဲ့ မွေးစားသား နှစ်ယောက် ဖြစ်နေလို့ ခင်ဗျားမှာ အပြစ်ရှိတယ်။ မျိုးနွယ်စု အားလုံးကို သတ်ဖြတ်သင့်ပေမယ့် အရင်တုန်းက အကျိုးဆောင်မှုတွေကို ထောက်ထားပြီး ကိုယ်တော်က ခင်ဗျားရဲ့ သေဒဏ်ကို ခွင့်လွှတ်ပေးခဲ့တယ်။ နုလန်ဟောက် ရာထူးကို ပဲ ရုပ်သိမ်းခဲ့တယ်။”

အောက်ရှင်း၏ တစ်ကိုယ်လုံး တုန်ယင်မှုမှာ ပို၍ပင် ပြင်းထန်လာသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ချောင်းဆိုးချင်စိတ်ကို အစွမ်းကုန် ထိန်းချုပ်ထားသောကြောင့် ခန္ဓာကိုယ် တစ်ခုလုံး ပေါက်ကွဲထွက်မတတ် ဖြစ်နေသောကြောင့်ပင်။

ဧကရာဇ် ဝမ်ယွင်က ဆက်ပြောလိုက်၏။ “ဒါပေမဲ့ အောက်ရှင်း... ခင်ဗျားက သားကောင်း တစ်ယောက် မွေးထားတာပဲ။ သူက ပြည်သူ သန်းချီကို ကယ်တင်ခဲ့ပြီးကြီးမားတဲ့ အကျိုးဆောင်မှုကြီး ပြုလုပ်ခဲ့လို့ ကိုယ်တော် မဖြစ်မနေ ဆုချီးမြှင့်ရလိမ့်မယ်။ အရင်တုန်းက ကိုယ်တော်က ခင်ဗျားရဲ့ နုလန်ဟောက် ရာထူးကို ရုပ်သိမ်းခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ခင်ဗျားကို ပြန်ပေးမယ်။

အမိန့်တော် ရေးလိုက်... အောက်ယွီဟာ ပြည်သူ သန်းချီကို ကယ်တင်ခဲ့ပြီး အကျိုးဆောင်မှု ကြီးမားတဲ့အတွက် နုလန်ဟောက် ရာထူးကို အောက်မိသားစုကို ပြန်လည် ပေးအပ်ပြီး အောက်ရှင်းကို နုလန်ဟောက် အဖြစ် ပြန်လည် ခန့်အပ်လိုက်တယ်။”

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤဆုချီးမြှင့်မှုမှာ မသေးငယ်တော့ချေ။ ဘွဲ့တစ်ခု ရုပ်သိမ်းခံရပြီးနောက် ပြန်လည် ရရှိရန်မှာ အမှန်တကယ်ပင် အလွန် ခက်ခဲလေသည်။

“အောက်ရှင်း... ခင်ဗျား အမိန့်တော်ကို ခံယူလိုက်ပါ။” ဧကရာဇ်က ပြောလိုက်၏။

အောက်ရှင်း ဒူးထောက်ပြီး ငြင်းပယ်လိုက်သည်။ “အရှင်မင်းမြတ်... ကျုပ်ဟာ အကျိုးဆောင်မှု မရှိတဲ့အတွက် အမိန့်တော်ကို မခံယူဝံ့ပါဘူး။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ ညီလာခံရှိ အမတ်များ အားလုံး အံ့ဩသွားကြတော့၏။

‘ခင်ဗျားက အမိန့်တော်ကို မခံယူဘူး ဟုတ်လား။ ဒါက ဟောက်ဘွဲ့နော်။ မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းလို့ရတဲ့ ထိပ်တန်း မှူးမတ်ဘွဲ့လေ။ ခင်ဗျားက မခံယူဘူးလား။ ခင်ဗျား ဘာတွေ စဉ်းစားနေတာလဲ။’

အောက်ရှင်း သည် အောက်ယွီကို စောစောတည်းက ပြောပြခဲ့ဖူးသည်။ ဧကရာဇ်က သူ၏ နုလန်ဟောက် ရာထူးကို ရုပ်သိမ်းလိုက်ခြင်းမှာ သူ့အတွက် အလွန်ကြီးမားသော အရှက်ကွဲမှုကြီး ဖြစ်သောကြောင့် မည်သို့ပင် ဖြစ်စေ သူ ပြန်လည် လက်ခံမည် မဟုတ်ကြောင်းပင်။

သူ အောက်ရှင်းသည် ဖြောင့်မတ်တည်ကြည်သူ တစ်ဦးဖြစ်ပြီး မည်သူ့ကိုမှ အရှုံးမပေးလိုသူ ဖြစ်ကာ မျက်နှာပြောင်တိုက်၍ နေထိုင်ရမည့် အလုပ်မျိုးကို လုံးဝ မလုပ်နိုင်သူ ဖြစ်သည်။

ယနေ့ ဖြစ်ပျက်နေသမျှ အရာအားလုံးကို ယွင်ကျုံးဟဲ့ သည်လည်းကြိုတင် ခန့်မှန်းထားပြီး ဖြစ်သည်။ ထို့အပြင် နောက်ဆက်တွဲ ဧကရာဇ်၏ ထူးဆန်းသော လုပ်ရပ်များကိုပါ သူကြိုတင် ခန့်မှန်းထားပြီး ဖြစ်၏။

ဧကရာဇ်က အေးစက်စက်ဖြင့် မေးလိုက်သည်။ “အောက်ရှင်း... ခင်ဗျားက အမိန့်ကို ဖီဆန်ချင်နေတာလား။”

အောက်ရှင်းက ပြန်ဖြေလိုက်၏။ “အရှင်မင်းမြတ်... ဒါ အမိန့်ကို ဖီဆန်တာ မဟုတ်ပါဘူး။ အကျိုးဆောင်မှု မရှိဘဲနဲ့ ဆုချီးမြှင့်တာကို မခံယူတာပါ။”

ယွင်ကျုံးဟဲ့ လည်း ချက်ချင်း ဒူးထောက်လိုက်ပြီး လျှောက်တင်လိုက်သည်။ “အရှင်မင်းမြတ်... ဒီအချိန်မှာကျုပ် အမှန်တိုင်း ပြောရပါတော့မယ်။ တကယ်တော့ ဒီတစ်ကြိမ်ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီကို တစ်လကြိုတင်ပြီး ခန့်မှန်းနိုင်ခဲ့တာ ကျုပ်ရဲ့ အကျိုးဆောင်မှု လုံးဝ မဟုတ်ပါဘူး။

အားလုံးက ဧကရာဇ်ဟောင်းရဲ့ အကျိုးဆောင်မှုတွေချည်းပါပဲ။ သူတော်စင်ကြီးဟာ တရားကျင့်ကြံရင်း နတ်ဘုရား တစ်ပါးနီးပါး ဖြစ်နေပြီမို့လို့ လန်ကျိုးပင်လယ်ပြင်မှာ ကြီးမားတဲ့ ငလျင်နဲ့ ဆူနာမီ ဖြစ်လာမယ် ဆိုတာကို တစ်လကြိုတင်ပြီး ခန့်မှန်းနိုင်ခဲ့တာပါ။

ဒါပေမဲ့ သူတော်စင်ကြီးဟာ လောကီနဲ့ကင်းကွာနေတဲ့ သူတစ်ယောက်ဖြစ်ပြီး ပြင်ပလောကကိစ္စတွေကို ဝင်မပါတော့တဲ့အတွက် ကျုပ်ကို အိပ်မက်လာပေးခဲ့တာပါ။ အရင်တုန်းက လူအများကြီးက ကျုပ်ကို ဘယ်လို လုပ်ပြီး တစ်လကြိုတင် ခန့်မှန်းနိုင်ခဲ့လဲလို့ မေးခဲ့ကြပါတယ်။ အဲဒီတုန်းက ကျုပ်က နတ်ဘုရားတွေ အိပ်မက် လာပေးတာလို့ ပြောခဲ့ပါတယ်။ အဲဒီ နတ်ဘုရားဆိုတာ ဧကရာဇ်ဟောင်း ပါပဲ။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ ညီလာခံ တစ်ခုလုံး တုန်လှုပ်သွားကြတော့၏။

အထူးသဖြင့် ဧကရာဇ်မင်းမြတ်၏ လက်သီးများ ရုတ်တရက် ကျစ်ကျစ်ပါအောင် ဆုပ်သွားပြီး နှုတ်ခမ်းများလည်း တုန်ယင်သွားတော့သည်။

အောက်ယွီ၏ ဤစကားမှာ အလွန် ရည်ရွယ်ချက် ဆိုးရွားလေသည်။ အပေါ်ယံတွင် ဘာမှ မရှိသကဲ့သို့ ထင်ရသော်လည်း ဤသည်မှာ အလွန် ယုတ်မာသော နိုင်ငံရေး လှည့်ကွက် တစ်ခုပင် ဖြစ်၏။

All Chapters