← Chapters

အခန်း ၇၈

Vol. 8 Ch. 78

အခန်း ၇၈

Vol. 8 Ch. 78

အခန်း (၇၈)အတိတ်က ဆင်းရဲဒုက္ခများကို အောက်မေ့ကာ ပစ္စုပ္ပန်၏ ချိုမြိန်မှုကို ခံစားခြင်း

ထမင်းဟင်းခူးပေးရသော အလုပ်သမားက ဟင်းခပ်ယောက်ချိုကြီးကို ကိုင်ထားရင်း သူ၏လက်က လေထဲတွင် ရပ်တန့်နေကာ ခေတ္တမျှ ကြက်သေသေသွားလေသည်။

သူသည် သူ့ရှေ့မှ မာနထောင်လွှားနေသော "တက္ကသိုလ်ကျောင်းသား" ကို ကြည့်လိုက်ပြီးနောက် မလှမ်းမကမ်းတွင် တိတ်ဆိတ်စွာ စားသောက်နေသော ချန်ရှင်းကို ခိုးကြည့်လိုက်ကာ ဟင်းခပ်ပေးရမည်လားဟု ခဏမျှ တုံ့ဆိုင်းနေမိ၏။

ချန်အယ်တန့်က မျက်မှောင်ကြုတ်လိုက်ပြီး တူကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ တစ်စုံတစ်ရာ ပြောမည်ပြုစဉ် ချန်ရှင်းက မျက်ခွံပင် ပင့်မကြည့်သည်ကို မြင်လိုက်ရသဖြင့် ဒေါသကို မြိုသိပ်ကာ တိတ်တိတ်သာ နေလိုက်လေသည်။

ဤသည်ကို မြင်သောအခါ လီဟောင်မှာ ပို၍ပင် အထက်စီးရသွားလေသည်။

မြင်သည်မဟုတ်လော... လောကကြီးအကြောင်း ဘာမျှမသိသော တောသားတစ်သိုက်သည် အားနည်းသူကိုသာ အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ကြသည်သာဖြစ်၏။

"တက္ကသိုလ်ကျောင်းသား" ဟူသော ဂုဏ်ပုဒ်ကို ထုတ်ပြလိုက်သည်နှင့် သူတို့မှာ စကားတစ်ခွန်းပင် မဟရဲကြတော့ချေ။

သူက စိတ်မရှည်စွာ စုပ်သပ်လိုက်ပြီး အလုပ်သမား၏ လက်ထဲမှ သံယောက်ချိုကြီးကို လုယူကာ ကိုယ်တိုင် ဝင်ခပ်တော့သည်။ ဒယ်အိုးထဲမှ အဆီတဝင်းဝင်းနှင့် ဝက်သားသုံးထပ်သားတုံးကြီးများကို ရွေးချယ်ခပ်ယူလိုက်ပြီး ပန်းကန်လုံးကြီးတစ်လုံး အပြည့်၊ အသားတုံးများကို တောင်ပူစာလေးတစ်ခုလို မောက်နေအောင် ထည့်လိုက်လေသည်။

ထို့နောက် လူအုပ်ကြီး၏ မနာလိုအားကျနေသော အကြည့်များကြားမှ ပန်းကန်လုံးကို ကိုင်ကာ နေရာလွတ်တစ်ခုဆီသို့ ခပ်ကြွားကြွား လျှောက်သွားပြီး စားပွဲပေါ်သို့ ပန်းကန်ကို "ဒိုင်း" ခနဲ မြည်အောင် ဆောင့်ချလိုက်သည်။

ဤအရူးများသည် ငါ့လို အဆင့်အတန်းမြင့်မားသူတစ်ယောက်၏ ခြေအောက်တွင် အနင်းခံရန်သာ ထိုက်တန်သည်ဟု လီဟောင်က ကျေနပ်စွာ တွေးလိုက်သည်။ သူက တူကို ကောက်ကိုင်ကာ တုန်ခါနေသော ဝက်သားနီချက် တစ်တုံးကို ညှပ်၍ ပါးစပ်ထဲသို့ ထိုးထည့်ရန် ပြင်လိုက်သည်။

ထိုစဉ် တိတ်ဆိတ်စွာ စားသောက်နေခဲ့သော ချန်ရှင်းက သူ၏ပန်းကန်နှင့် တူကို ဖြည်းညင်းစွာ ချလိုက်သည်။

သူက တဘက်တစ်ထည်ကို ထုတ်ယူကာ ပါးစပ်ကို ဖြည်းဖြည်းချင်း သုတ်လိုက်ပြီးနောက် အသံနေအသံထား ခပ်တိုးတိုးဖြင့် စကားစလိုက်၏။ သို့သော် သူ၏အသံက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုလုံးသို့ ရှင်းလင်းပြတ်သားစွာ ပျံ့လွင့်သွားလေသည်။

"ရဲဘော်လီဟောင်က ပြည်နယ်မြို့တော်ကလာတဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက်၊ ပညာတတ်တစ်ယောက်ဆိုတော့ သူ့ရဲ့ အတွေးအခေါ် အသိအမြင်က ငါတို့ တောင်သူလယ်သမားတွေထက် အများကြီး ပိုမြင့်မားမှာ သေချာတယ်..."

အလုပ်သမားများက သူတို့လုပ်လက်စ အလုပ်များကို ရပ်တန့်လိုက်ကြပြီး ချန်ရှင်း ဘာလုပ်မည်ကို သိချင်စိတ်ဖြင့် အားလုံးက သူ့ကို လှမ်းကြည့်လိုက်ကြသည်။

ချန်ရှင်းက ခေတ္တရပ်လိုက်ကာ လီဟောင်၏ ပန်းကန်ထဲမှ တောင်လိုပုံနေသော ဝက်သားနီချက်များဆီသို့ အကြည့်ပို့လိုက်ပြီးနောက် တည်ငြိမ်သော လေသံဖြင့် ဆက်ပြောလိုက်သည်။

"ဒီလောက် အသိအမြင် မြင့်မားနေမှတော့ နိုင်ငံတော်ရဲ့ တောင်းဆိုချက်ကို တုံ့ပြန်ပြီး အတိတ်က ဆင်းရဲဒုက္ခတွေကို အောက်မေ့ကာ ပစ္စုပ္ပန်ရဲ့ ချိုမြိန်မှုကို ခံစားတတ်ဖို့ ခေါင်းဆောင်သင့်တာပေါ့... အဆီအဆိမ့်တွေ ဒီလောက်စားနေလို့ ဘယ်ဖြစ်မလဲ... အတွေးအခေါ် တိုးတက်မှုအတွက် မကောင်းဘူးလေ..."

သူ စကားပြောပြီးသည်နှင့် ချန်အယ်တန့်၏ ရိုးသားသော မျက်နှာလေးမှာ ချက်ချင်းပင် ဝင်းလက်သွားသည်။ သူက သွားဖြဲကာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်လေသည်။

"ရွှီး" ခနဲ မြည်သံနှင့်အတူ သူသည် ကျားသစ်တစ်ကောင်လို ပြေးထွက်သွားပြီး တစ်လှမ်းတည်းဖြင့် လီဟောင်၏ အနီးသို့ ရောက်သွားလေသည်။ အခြားသူများ ဘာဖြစ်မှန်း မသိလိုက်ခင်မှာပင် လီဟောင်၏ရှေ့မှ မွှေးပျံ့နေသော ဝက်သားနီချက်ပန်းကန်ကို လုယူလိုက်လေတော့သည်။

"မင်း..."

လီဟောင်မှာ လုံးဝ မှင်တက်သွား၏။ သူ၏ တူများက အသားညှပ်ထားဆဲ အနေအထားတွင်ရှိနေပြီး သူ၏ နေ့လယ်စာ လုယူခံလိုက်ရသည်ကို မတတ်နိုင်စွာ ကြည့်နေရင်း ခေါင်းထဲတွင် ဗလာကျင်းသွားလေသည်။

ဘာဖြစ်သွားသည်ကို သူ သဘောပေါက်သွားပြီးနောက် လူပုံအလယ်တွင် အရှက်ခွဲခံရသဖြင့် ဒေါသလှိုင်းများက ခေါင်းထဲသို့ ဆောင့်တက်လာသည်။ သူ ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ဆဲရေးတိုင်းထွာတော့မည် ပြုလိုက်သည်။

သို့သော် ချန်အယ်တန့်က သူ့ကို ဒေါသပေါက်ကွဲခွင့် မပေးခဲ့ချေ။ သူက လှည့်လိုက်ပြီး ဘေးနားရှိ အခြားဒယ်အိုးတစ်ခုထဲမှ တောဟင်းရွက်များနှင့် ဖွဲနုများသာ ပါဝင်သော မည်းနက်ပြီး ဘာမှန်းပင် မသဲကွဲသည့် ဆန်ပြုတ်တစ်ပန်းကန် အပြည့်ကို ခပ်ယူလိုက်သည်။ ထို့နောက် "ဒိုင်း" ခနဲ မြည်အောင် လီဟောင်၏ရှေ့သို့ ပြင်းထန်စွာ ဆောင့်ချလိုက်လေသည်။

သူက ချန်ရှင်း၏ အရေးမစိုက်သော အမူအရာကို အတုခိုးလိုက်ကာ သွားဖြူဖြူများ ပေါ်လာသည်အထိ ပြုံးဖြဲလိုက်ပြီး ရိုးရိုးအေးအေး အပြုံးလေးဖြင့်

"ပညာတတ်လူငယ်လီ... အတိတ်က ဆင်းရဲဒုက္ခတွေကို အောက်မေ့ပြီး ပစ္စုပ္ပန်ရဲ့ ချိုမြိန်မှုကို ခံစားလိုက်ပါဦး..."

"ဖူး..ဟားဟားဟား…."

ပတ်ဝန်းကျင်ရှိ အလုပ်သမားများသည် ဆက်၍ မထိန်းထားနိုင်တော့ဘဲ နားကွဲမတတ် ရယ်မောသံများ ပေါက်ကွဲထွက်လာတော့သည်။

ရယ်မောသံများက ဝမ်းမြောက်မှုနှင့် ကျေနပ်အားရမှုတို့ အပြည့်ပါဝင်နေသဖြင့် လီဟောင်ကို ပို၍ ဒေါသထွက်စေသည်။

သူက ချန်ရှင်းကို လက်ညှိုးထိုးကာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီနေပြီး နှုတ်ခမ်းများပါ တုန်ယင်နေ၏။ သူ စကားကြမ်းကြမ်းအနည်းငယ် ပြောချင်သော်လည်း နားကွဲမတတ် ရယ်မောသံများက သူ့ကို လုံးဝ ဆွံ့အသွားစေသည်။

သူ အလွန်ရွံရှာသော တောင်သူလယ်သမားတစ်စု၏ အလိုကျ ကြည့်ရှု လှောင်ပြောင်ခြင်းခံရသည့် အဝတ်အစားများ ချွတ်ချခံထားရသော လူပြက်တစ်ယောက်လို ခံစားလိုက်ရသည်။

ရှက်လွန်း ဒေါသထွက်လွန်းသဖြင့် သူ သေချင်စိတ်ပင် ပေါက်သွားရ၏။

"မင်း... မင်း..."

အတန်ကြာ တွေဝေပြီးနောက် လီဟောင်က နောက်ဆုံးတွင် စကားတစ်ခွန်းသာ ပြောနိုင်တော့သည်။

"စောင့်ကြည့်နေလိုက်..."

သူက ရုတ်တရက် လက်ကို ခါပစ်လိုက်ပြီး တောဟင်းရွက် ဆန်ပြုတ်ပန်းကန်ကို လှည့်ပင်မကြည့်ဘဲ ဒေါသတကြီး လှည့်ထွက်သွားလေသည်။

သူတို့၏ အနောက်ဘက်တွင်မူ အလုပ်သမားများ၏ ရယ်မောသံများက ပို၍ပင် ထိန်းမနိုင်သိမ်းမရ ဖြစ်လာတော့သည်။

နေ့လယ်စာစားပြီးနောက် အချိန်တိုလေး အနားယူအပြီးတွင် ဆောက်လုပ်ရေး လုပ်ငန်းခွင်၌ အလုပ်လုပ်သံများ ပြန်လည်ထွက်ပေါ်လာလေသည်။

...

ညနေခင်းအချိန်။

ချန်ရှင်း အိမ်ပြန်ရောက်သောအခါ ရွှီချင်းချင်းက ညစာ ပြင်ဆင်ထားပြီးဖြစ်သည်။

ထမင်းစားပြီးနောက် ရွှီချင်းချင်းက ပန်းကန်များကို သိမ်းဆည်းလိုက်သော်လည်း သူမ ပုံမှန်လုပ်နေကျ အပ်ချုပ်အလုပ်ကို မလုပ်တော့ဘဲ ပါးပြင်များ ရဲတက်လာကာ ပဟေဠိဆန်ဆန်နှင့် ရှက်သွေးဖြာလျက် ချန်ရှင်း၏လက်ကို လာကိုင်လေသည်။

"ချန်ရှင်း... ရှင်... ရှင် ဒီမှာ ထိုင်နေပြီး မလှုပ်နဲ့နော်... ကျွန်မ... ကျွန်မ ရှင့်ကို ပြစရာရှိတယ်..."

ချန်ရှင်းက မျက်ခုံးတစ်ဖက် ပင့်လိုက်ပြီး သူမပြောသည့်အတိုင်း အုတ်ကုတင်စွန်းတွင် ထိုင်လိုက်သည်။

ရွှီချင်းချင်းက ကြီးမားသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည့်အလား အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အတွင်းခန်းဆီသို့ လှည့်ဝင်သွားသည်။

ခဏအကြာ သူမ ပြန်ထွက်လာသောအခါ ချန်ရှင်းမှာ အသက်ရှူမှားသွားရလေသည်။

သူမသည် ရိုးရှင်းသော ပန်းပွင့်ကွက်ဂါဝန်လေးကို ချွတ်ထားခဲ့ပြီး ချန်ရှင်း အရင်က ဝယ်ပေးထားဖူးသော ပန်းရောင်ဖျော့ဖျော့ ပိုးသားညအိပ်ဝတ်စုံလေးကို ဝတ်ဆင်ထားသည်။

ပေါ့ပါးပျော့ပျောင်းသော အသားက သူမ၏ လှပသော ခန္ဓာကိုယ်လေးနှင့် အံဝင်ခွင်ကျ ကပ်နေပြီး အသက်ရှူရပ်မတတ် လှပသော ကောက်ကြောင်းများကို ပေါ်လွင်စေသည်။

မီးရောင်အောက်တွင် သူမ၏ အသားအရေက အကောင်းဆုံး သိုးသားအဆီကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေပြီး ဆွဲဆောင်မှုရှိသော အလင်းရောင်များ ဖြာထွက်နေ၏။

ချန်ရှင်းကို ပို၍ အံ့သြသွားစေသည်မှာ သူမက မဂ္ဂဇင်းများထဲမှ မင်းသမီးများကို အတုခိုးကာ သူမ၏ မည်းနက်ရှည်လျားသော ဆံပင်များကို ခပ်လျော့လျော့လေး စည်းနှောင်ထားပြီး သွယ်လျဖြူဖွေးသော လည်တိုင်လေးကို ဖော်ပြထားခြင်းပင်။

နှင်းပွင့်ကဲ့သို့ ဖြူဖွေးသော သူမ၏ ခြေဗလာလေးများက အေးစက်နေသော ကြမ်းပြင်ကို နင်းထားပြီး သူမက အာရုံများလှုပ်ရှားကာ လက်ချောင်းများကို လိမ်ယှက်ထားမိသည်။ သူမ၏ ပါးပြင်လေးများက သွေးစို့မတတ် နီရဲနေလေသည်။

ချန်ရှင်း၏ ပူပြင်းလှသော အကြည့်များအောက်တွင် သူမက အောက်နှုတ်ခမ်းကို ကိုက်လိုက်ကာ လက်မောင်းများကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး သူမ၏ ရင်ထဲမှ အသံမညီသော တေးသွားနှင့်အတူ ရိုးအစွာ၊ သို့သော် အလေးအနက်ထား၍ ကပြတော့သည်။

သူမ၏ လှုပ်ရှားမှုများက ရိုးအအနိုင်လှပြီး တောင့်တင်းနေကာ ကခုန်ခြင်းဟုပင် သတ်မှတ်၍ မရနိုင်ပေ။

သို့ရာတွင် ချစ်ရသူကို ပျော်ရွှင်စေရန် သတ္တိများအားလုံး စုစည်း၍ ပေါ်ထွက်လာသော ထိုရိုးအမှု၊ ထိုရှက်သွေးဖြာမှုလေးကပင် မည်မျှလှပသော ကကြိုးကကွက်များထက်မဆို ပို၍ ဆွဲဆောင်မှုရှိနေတော့သည်။

သူမ လှည့်ပတ်လိုက်ချိန်တွင် သူမ၏ စကတ်လေးက ညယံတွင် တိတ်ဆိတ်စွာ ပွင့်လန်းလာသော ပန်းရောင် နှင်းဆီပန်းလေးတစ်ပွင့်လို ညင်သာစွာ လွင့်ဝဲသွား၏။

သူမ၏ မျက်ဝန်းများက တစ်ခါတစ်ရံ သူ၏အကြည့်ကို ရှက်ရွံ့စွာ ရှောင်ဖယ်သွားတတ်ပြီး တစ်ခါတစ်ရံတွင်မူ ရဲတင်းစွာ ရင်ဆိုင်လာတတ်သည်။ ကြယ်ရောင်များ လွင့်စင်ကျနေသော ရေကန်လေးတစ်ခုကဲ့သို့ အရည်လဲ့နေလေသည်။

ချန်ရှင်းမှာ အနည်းငယ် ကြက်သေသေသွားရသည်။

ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့သော ဤမိန်းမပျိုလေးတွင် ဤမျှ ဆွဲဆောင်မှုရှိပြီး ညှို့ဓာတ်ပြင်းသော အသွင်အပြင်မျိုး ရှိလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးကြည့်ခဲ့ဖူးချေ။

အက ပြီးဆုံးသွားသောအခါ ရွှီချင်းချင်းက ရပ်တန့်လိုက်သည်။ အနည်းငယ် မောဟိုက်နေပြီး ပါးပြင်လေးများ ရဲတက်နေကာ စာမေးပွဲအမှတ်စာရင်း ထွက်မည့်အချိန်ကို စောင့်နေသော ကျောင်းသူလေးတစ်ယောက်လို သူ့ကို စိုးရိမ်တကြီး ကြည့်နေလေသည်။

ချန်ရှင်း၏ လည်စေ့က လှုပ်ရှားသွား၏။ သူက ရှေ့သို့ တစ်လှမ်းတိုးကာ သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး အနည်းငယ် အက်ရှရှ လေသံဖြင့်

"ဒီလိုလုပ်ဖို့ ဘယ်သူ သင်ပေးလိုက်တာလဲ..."

"မဂ္ဂဇင်းအဟောင်းတစ်ခုထဲမှာ... တွေ့လိုက်တာပါ..."

ရွှီချင်းချင်းက သူမ၏ မျက်နှာလေးကို သူ၏ တောင့်တင်းသော ရင်အုပ်ကျယ်ကြီးထဲတွင် အပ်ထားလိုက်ပြီး သူမ၏ အသံလေးက ကြားရုံလေးသာ ရှိတော့သည်။

"ရှင်... ရှင် သဘောကျရဲ့လား..."

"သဘောကျတာပေါ့..."

ချန်ရှင်းက ခေါင်းငုံ့ကာ သူမ၏ ချောမွေ့သော နဖူးလေးကို နမ်းရှိုက်လိုက်ပြီးနောက် နောက်ပြောင်ချင်သော အပြုံးလေးဖြင့်

"ဒါပေမဲ့ ကိုယ့်ဆီမှာလည်း မင်းအတွက် လက်ဆောင်တစ်ခု ရှိတယ်..."

ထိုသို့ပြောပြီးနောက် သူက သူမကို လွှတ်ပေးလိုက်ကာ အတွင်းခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး အနောက်မှ တံခါးကို သော့ခတ်လိုက်လေသည်။

တံခါးပေါက် ပွင့်သွားပြီး သူ ပြန်လည်ပေါ်လာချိန်တွင်မူ မီးရောင်ထိန်ထိန်လင်းနေသော ခေတ်မီ ဈေးဝယ်စင်တာတစ်ခု၌ ရောက်ရှိနေလေပြီ။

ဤတစ်ကြိမ်တွင် သူ၏ ပစ်မှတ်က ရှင်းလင်းလှသည်။ အမျိုးသမီး အတွင်းခံဌာနပင် ဖြစ်သည်။

အရောင်းဝန်ထမ်းမလေး၏ ထူးဆန်းသော အကြည့်များကို ဂရုမစိုက်ဘဲ ချန်ရှင်းမှာ တည်ငြိမ်နေဆဲဖြစ်သည်။ ရွှီချင်းချင်း၏ ခန္ဓာကိုယ် အရွယ်အစားကို မှတ်မိနေမှုအပေါ် အားကိုးလျက် သူက လက်ကာပြကာ မတူညီသော ညအိပ်ဝတ်စုံ ငါးစုံ၊ ခြောက်စုံခန့်ကို ရွေးချယ်လိုက်လေသည်။

ပေါင်ရင်းအထိသာ ရှည်သော ဇာအနက်ရောင် လက်ပြတ်ဂါဝန်လေးက ဆွဲဆောင်မှု အပြည့်ရှိလှ၏။ ရေလို ချောမွေ့နေသည့် ဘာဂန်ဒီအရောင် ရေခဲပိုးသားဂါဝန်လေးကလည်း V ပုံသဏ္ဍာန် လည်ပင်းပေါက် အလွန်နက်လှသည်။ ထို့ပြင် အသားအရည်ကို အနည်းငယ် ဖော်ပြနေသော အဖြူရောင် ဇာပဝါဂါဝန်လေးလည်း ပါဝင်ပြီး အပြစ်ကင်းစင်သော ဆန္ဒများ၏ သေစေနိုင်လောက်သော ခံစားချက်ကို ထုတ်လွှတ်နေလေသည်။

All Chapters