← Chapters

အခန်း ၇၉

Vol. 8 Ch. 79

အခန်း ၇၉

Vol. 8 Ch. 79

အခန်း (၇၉) ကျွန်မ အရမ်းပျော်တယ်

ညအိပ်ဝတ်စုံ ဝယ်ပြီးနောက် ချန်ရှင်းက အလှပြင်ပစ္စည်း ကောင်တာဘက်သို့ သွားလေသည်။ အရောင်းဝန်ထမ်းလေး၏ စိတ်အားထက်သန်စွာ အကြံပြုချက်များအောက်တွင် သူက အလွန်လှပသေသပ်သော ထုပ်ပိုးမှုနှင့်အတူ လတ်ဆတ်ပြီး ကျက်သရေရှိသော ရနံ့ရှိသည့် ပြင်သစ်ရေမွှေးပုလင်း တစ်ပုလင်းကို ရွေးချယ်လိုက်သည်။

ငှားထားသော အခန်းသို့ ပြန်ရောက်သောအခါ [အခြေခံ ရုပ်ဖျက်ခြင်း] ကို အသက်သွင်းလိုက်သည်။

ထိုခေတ်မီ ညအိပ်ဝတ်စုံများ၏ ထုပ်ပိုးမှုများက ရှန်ဟိုင်းခေတ်ဟောင်းက အပ်ချုပ်ဆိုင်တစ်ဆိုင်တွင် အထူးမှာယူချုပ်လုပ်ထားသကဲ့သို့ ရုတ်တရက် ရှေးဟောင်းအသွင်အပြင်သို့ ပြောင်းလဲသွားလေသည်။

ရေမွှေးပုလင်းများကလည်း နိုင်ငံခြားဘာသာစကားဖြင့် ရိုက်နှိပ်ထားသော တံဆိပ်များနှင့်အတူ တရုတ်သမ္မတနိုင်ငံခေတ် စတိုင်လ် ဖန်ပုလင်းလှလှလေးများအဖြစ်သို့ ပြောင်းလဲသွားသည်။

၁၉၇၀ ခုနှစ်များဆီသို့ ပြန်ရောက်လာပြီးနောက် ချန်ရှင်းက သူ၏ စစ်ပွဲမှ ရရှိလာသော လက်ရပစ္စည်းများကို ကိုင်ဆောင်ကာ အတွင်းခန်းထဲမှ ထွက်လာခဲ့လေသည်။

သိချင်စိတ်ဖြင့် စောင့်ဆိုင်းနေသော ရွှီချင်းချင်းသည် သူကိုင်လာသော ရောင်စုံအဝတ်အစားအပုံလိုက်ကြီးကို မြင်သောအခါ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်သွား၏။

"ဒါတွေအားလုံးက ကျွန်မအတွက်လား..."

"ဒါပေါ့..."

ချန်ရှင်းက အဖိုးတန် ရတနာများကို ခင်းကျင်းပြသနေသည့်အလား သူမ၏ရှေ့တွင် ညအိပ်ဝတ်စုံများကို တစ်စုံပြီးတစ်စုံ ဖြန့်ပြလိုက်ပြီး

"နောက်ဆိုရင် မင်း နေ့တိုင်း တစ်စုံစီ ကိုယ့်အတွက် ဝတ်ပြရမယ်..."

ရဲတင်းပြီး ခန္ဓာကိုယ် အလှအပများကို ဖော်ပြနေသော ဒီဇိုင်းများကို ကြည့်ရင်း ရွှီချင်းချင်း၏ ပါးပြင်လေးများက ချက်ချင်းပင် ရဲတက်သွားကာ မြေကြီးထဲသို့သာ ဝင်ပုန်းချင်စိတ်ပေါက်သွားသည်အထိ ရှက်သွေးဖြာသွားလေသည်။

ဤအဝတ်အစားများက အရမ်းကို... အရမ်းကို အရှက်မရှိလွန်းလှသည်။

သူမ ရှက်နေသည်ကို ဂရုမစိုက်ဘဲ ချန်ရှင်းက လှပသော ဖန်ရေမွှေးပုလင်းလေးကို ထုတ်ယူကာ အဖုံးကို ဖွင့်လိုက်သည်။

လတ်ဆတ်ပြီး သန့်စင်သော မွှေးရနံ့တစ်ခုက လေထုထဲသို့ ချက်ချင်းပင် လွှမ်းခြုံသွားလေသည်။

"အရမ်းမွှေးတာပဲ..."

ရွှီချင်းချင်း၏ အာရုံက ချက်ချင်းပင် ထိုအရာဆီသို့ ရောက်သွား၏။ သူမ ဤမျှ ကောင်းမွန်သော ရနံ့မျိုးကို တစ်ခါမျှ မရှူရှိုက်ခဲ့ဖူးချေ။ တောင်ပေါ်ရှိ အမွှေးပျံ့ဆုံး တောပန်းလေးများထက်ပင် အဆတစ်ရာခန့် ပိုမိုမွှေးပျံ့နေသည်။

ချန်ရှင်းက သူမ၏ အနောက်ဘက်သို့ လျှောက်သွားကာ ဖြူဖွေးသော နားရွက်ဖျားလေး၏ အနောက်ဘက်သို့ တစ်စုံတစ်ရာကို ညင်သာစွာ ဖြန်းလိုက်သည်။

အေးစက်သော အငွေ့လေးက သူမ၏ အသားအရေပေါ်သို့ ကျရောက်သွားရာ ရွှီချင်းချင်းမှာ လည်ပင်းလေးကို မလွှဲမရှောင်သာ ကျုံ့လိုက်မိသည်။ ယစ်မူးဖွယ်ကောင်းသော ရနံ့လေးက သူမ၏ ခြေလက်အရိုးအဆစ်များဆီသို့ ချက်ချင်း စိမ့်ဝင်သွားသကဲ့သို့ ခံစားလိုက်ရပြီး နံနက်ခင်း နှင်းပေါက်လေးများ စိုစွတ်နေသော ပန်းနတ်သမီးလေးတစ်ပါးကဲ့သို့ ပေါ့ပါးလန်းဆန်းသွားစေသည်။

"မင်းက ကိုယ့်ရဲ့ ပန်းနတ်သမီးလေးပဲ..."

ချန်ရှင်းက သူမ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်ရာ သူ၏ နွေးထွေးသော ထွက်သက်က သူမ၏ နားရွက်လေးကို ယားကျိကျိ ဖြစ်သွားစေသည်။

သူက ဆွဲဆောင်မှုအရှိဆုံး အနက်ရောင် ဇာကြိုးသိုင်းဂါဝန်လေးကို သူမ၏ လက်ထဲသို့ ထိုးထည့်ပေးလိုက်ပြီး ညှို့ဓာတ်ပြင်းသော လေသံဖြင့်

“သွား... အဲ့ဒါလေးကို ဝတ်ပြီး ကိုယ့်အတွက် နောက်တစ်ခေါက်လောက် ထပ်ကပြပါဦး..."

ရွှီချင်းချင်း၏ ရင်ဘတ်လေးမှာ ဗုံတီးနေသကဲ့သို့ တဒိန်းဒိန်း ခုန်နေလေသည်။ ပိုးကောင်လေးများ၏ အတောင်ပံကဲ့သို့ ပါးလွှာလွန်းသော အဝတ်စကို ဆုပ်ကိုင်ထားရင်း စကားပင် မပြောနိုင်လောက်အောင် ရှက်သွေးဖြာနေတော့သည်။

သို့သော် ချန်ရှင်း၏ မျှော်လင့်တကြီးနှင့် တိုက်ခိုက်ချင်နေသော အကြည့်ကို မြင်လိုက်ရသောအခါ သူမက ပူးကပ်ခံရသူတစ်ယောက်လို ခေါင်းညိတ်လိုက်ပြီး အဝတ်အစားများကို ဆွဲယူကာ အတွင်းခန်းထဲသို့ ထွက်ပြေးသည့်အလား ဝင်ရောက်သွားလေသည်။

သူမ ပြန်လည်ပေါ်လာချိန်တွင် ချန်ရှင်းမှာ အသက်ရှူမှားသွားရလေသည်။

အနက်ရောင်ဇာသားက သူမ၏ အသားအရေကို ပို၍ ဖြူဖွေးသွားစေပြီး ပခုံးကြိုးလေးများ၏ အောက်တွင်မူ သွယ်လျသော ညှပ်ရိုးလေးများနှင့် ကျက်သရေရှိလှသော ပခုံးနှင့် လည်တိုင် ကောက်ကြောင်းလေးများ ရှိနေလေသည်။

ညအိပ်ဝတ်စုံလေးက အလွန်တိုလွန်းလှပြီး တင်ပါးကို ဖုံးရုံလေးသာရှိနေကာ ရှည်လျားဖြောင့်တန်းသော သူမ၏ ခြေတံလှလှလေးများကို လေထုထဲတွင် အကာအကွယ်မဲ့စွာ ဖော်ပြထားလေသည်။

ရှက်ရွံ့မှု၊ ဆွဲဆောင်မှု၊ အပြစ်ကင်းစင်မှု၊ ညှို့ဓာတ်ပြင်းမှု... လုံးဝ ကွဲပြားခြားနားသော အရည်အသွေးများစွာက သူမထံတွင် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားပြီး သေစေနိုင်လောက်သော ဆွဲဆောင်မှုတစ်ခုကို ဖြစ်ပေါ်စေသည်။

မျက်နှာလေး ရဲတက်နေပြီး ချန်ရှင်းကိုပင် သေချာမကြည့်ရဲဘဲ သူမက ထိုရိုးအအနိုင်လှသော အကကို ထပ်မံကပြတော့သည်။

ဤတစ်ကြိမ်တွင်မူ ချန်ရှင်းက သူမ အကပြီးဆုံးသည်အထိ စောင့်မနေတော့ချေ။

အချိန်အကြာကြီး ဆာလောင်မွတ်သိပ်နေခဲ့သော ဝံပုလွေတစ်ကောင်လို သူမဆီသို့ ခုန်အုပ်လိုက်ပြီး သူ၏ ပန်းနတ်သမီးလေးကို ခါးမှပွေ့ချီကာ ကုတင်ဘေးဆီသို့ ခပ်သွက်သွက် လျှောက်သွားလေသည်။

"အာ့..."

ရွှီချင်းချင်း၏ အာမေဍိတ်သံလေးမှာ အလုံးစုံ မျိုချခံလိုက်ရတော့သည်။

......

နောက်တစ်နေ့တွင် နေမင်းကြီးက ပူပြင်းလောင်ကျွမ်းနေ၏။

ချင်းရွှေရွာ၏ လယ်ကွင်းများထဲတွင် ရွာသူရွာသားများနှင့် ပညာတတ်လူငယ်များမှာ အလုပ်လုပ်နေကြပြီး သူတို့၏ ကျောပြင်များတွင် ချွေးများ စိုရွှဲနေကာ ဘောင်းဘီခြေထောက်များတွင်လည်း ရွှံ့များ ပေကျံနေကြသည်။

ရှုပ်ထွေးလှုပ်ရှားနေသော မြင်ကွင်းကြားတွင် လူတစ်ယောက်ကမူ ထူးထူးခြားခြား ပေါ်လွင်နေလေသည်။

လီဟောင်က နောက်ကျောဘက်သို့ လက်ပိုက်ထားကာ သန့်ရှင်းသပ်ရပ်သော သူ၏ အပြာရောင် ပိုလီအက်စတာ အပေါ်အင်္ကျီကို ဝတ်ဆင်ထားပြီး လယ်ကန်သင်းရိုးတစ်လျှောက် ဖြည်းညင်းစွာ လမ်းလျှောက်နေ၏။

သူက မျက်မှောင်ကြုတ်ထားပြီး မည်သည့်အလုပ်ကိုမှ မလုပ်သော်လည်း အခြားသူများထက် အလုပ်များနေပုံပေါ်သည်။ တစ်ခဏတွင် တစ်စုံတစ်ယောက်၏ ပေါက်ပြားပေါက်ပုံကို လက်ညှိုးထိုး ဝေဖန်နေပြီး နောက်တစ်ခဏတွင်မူ အခြားတစ်ယောက်၏ စပါးစိုက်သည့် အကွာအဝေး မှားယွင်းနေကြောင်း အော်ဟစ်ပြောဆိုနေလေသည်။

ထိုခေါင်းဆောင်လုပ်သူက စစ်ဆေးရေး ခရီးထွက်လာသည့်အလား ပြုမူနေပုံမှာ ပင်ပန်းကြီးစွာ အလုပ်လုပ်နေရသော ရွာသူရွာသားများကို တိတ်တဆိတ် လှောင်ပြောင်ချင်စိတ် ပေါက်သွားစေသည်။ သူက တက္ကသိုလ်ကျောင်းသားတစ်ယောက် ဖြစ်မနေခဲ့လျှင် အချို့က သူ့ကို ပေါက်ပြားများနှင့် ပစ်ပေါက်နေသည်မှာ ကြာလှပြီဖြစ်သည်။

မွန်းတည့်ချိန်လောက်တွင် လယ်ကန်သင်းရိုးပေါ်၌ လှပသော ပုံရိပ်လေးတစ်ခု ပေါ်လာလေသည်။

ရွှီချင်းချင်းသည် ကျောက်ဖန်းအာအတွက် ပဲတီစိမ်းစွပ်ပြုတ်များ ထည့်ထားသော မြေအိုးလေးတစ်လုံးကို သယ်ဆောင်လာခြင်းဖြစ်သည်။

သူမ ပေါ်လာမှုက ပူအိုက်လောင်ကျွမ်းနေသော လယ်ကွင်းများဆီသို့ အေးမြမှုတစ်ပွေ့တစ်ပိုက် သယ်ဆောင်လာပေးသည့်အလားပင်။

"ဖန်းအာ... ခဏနားပြီး သကြားရည်လေး သောက်လိုက်ဦး..."

ကျောက်ဖန်းအာက ခါးဆန့်လိုက်ကာ သူမ၏ ကျောကို ပုတ်လိုက်ပြီး မြေအိုးကို ယူကာ အငမ်းမရ သောက်ချလိုက်ပြီးနောက် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်လေသည်။

လှပသော မိန်းမပျိုနှစ်ဦးက အတူတကွ ရပ်ကာ စကားပြောနေကြသည်။ တစ်ယောက်က ဖြူစင်နူးညံ့ပြီး နောက်တစ်ယောက်ကမူ တက်ကြွလန်းဆန်းနေကာ သူတို့နှစ်ဦးက လယ်ကွင်းများကြားရှိ အလှပဆုံး မြင်ကွင်းတစ်ခု ဖြစ်လာလေသည်။

လယ်ကွင်းစွန်းတွင် ရပ်နေသော လီဟောင်မှာ မျက်လုံးအပြူးသားဖြင့် ငေးကြည့်နေတော့သည်။

သူက ကော်လာကို သပ်ရပ်အောင် လုပ်လိုက်ပြီး သူ၏အထင် ဆွဲဆောင်မှု အရှိဆုံး အပြုံးကို တပ်ဆင်ကာ ခပ်သွက်သွက် လျှောက်သွားလေသည်။

"ရဲဘော်... ချွေးတွေလည်း ထွက်နေတာပဲ၊ ပင်ပန်းနေလောက်ပြီ..."

လီဟောင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း သူ၏ အကြည့်များက ရွှီချင်းချင်းထံတွင်သာ စွဲကပ်နေပြီး ရုတ်တရက် သတိဝင်သွားသော ကျောက်ဖန်းအာ၏ အကြည့်ကိုမူ လုံးဝ လျစ်လျူရှုထားလေသည်။

သူတို့နှစ်ယောက် ဘာမှပြန်မပြောနိုင်ခင်မှာပင် သူက ဘေးတွင် မည်သူမျှ မရှိသည့်အလား ရပ်နေကာ မေးစေ့ကို အနည်းငယ် မော့ထားပြီး မျက်လုံးတစ်ဝက် မှိတ်လျက် ခေါင်းကို လှုပ်ခါကာ ရွတ်ဆိုတော့သည်။

"အိုး... စပါးခင်းထဲက နှင်းပေါက်လေးတွေဟာ မင်းရဲ့ တလက်လက် တောက်နေတဲ့ မျက်ရည်ပေါက်လေးတွေပါပဲ၊ စပါးခင်းတွေထဲက မွှေးရနံ့ကတော့ မင်းရဲ့ ယစ်မူးဖွယ် ရနံ့လေးတွေပါပဲ..."

အီစီကလီ နိုင်လှသော လေသံနှင့် ဟန်ဆောင်ပန်ဆောင် ကဗျာရွတ်ဆိုမှုက ကျောက်ဖန်းအာကို သူမ ခုလေးတင် သောက်ထားသော သကြားရည်များပင် ပြန်အန်ထွက်မတတ် ဖြစ်သွားစေသည်။

လီဟောင်ကတော့ သူ၏ ကိုယ်ပိုင်ကမ္ဘာထဲတွင် လုံးလုံးလျားလျား နစ်မြောနေလေသည်။ ရွတ်ဆိုပြီးသွားသောအခါ သူက ကျေနပ်အားရစွာဖြင့် သက်ပြင်းရှည်ကြီးတစ်ခုပင် ချလိုက်သေးသည်။

သူက မင်တံဖြင့် ရေးသားထားသော စာအုပ်ငယ်လေးတစ်အုပ်ကို အဖိုးတန် ရတနာတစ်ခုလို အိတ်ကပ်ထဲမှ ဆွဲထုတ်လိုက်သည်။ မျက်နှာဖုံးတွင် "ဟောင်ရန်၏ ကဗျာပေါင်းချုပ်" ဟူသော စာလုံးများကို ရေးသားထားလေသည်။

သူက ထိုကဗျာပေါင်းချုပ်ကို ရွှီချင်းချင်းထံသို့ ကမ်းပေးလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် မိမိကိုယ်ကိုယ် အထင်ကြီးမှုနှင့် အထက်စီးကျမှုတို့ကို ဖုံးကွယ်မထားဘဲ ဖော်ပြနေလေသည်။

"ရဲဘော်ရွှီချင်းချင်း... ဒါတွေက ကျွန်တော့်ရဲ့ နှိမ့်ချတဲ့ လက်ရာတချို့ပါ၊ မင်းရဲ့ ငြီးငွေ့စရာကောင်းတဲ့ ဘဝထဲကို စာပေဆိုင်ရာ နှစ်သိမ့်မှုလေး ယူဆောင်လာပေးနိုင်ဖို့ မျှော်လင့်ရင်း ပေးလိုက်ပါတယ်..."

ရွှီချင်းချင်းမှာ လန့်ဖျပ်သွားသော သမင်လေးတစ်ကောင်လို တုန်လှုပ်သွားပြီး ချက်ချင်းပင် နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ ကျောက်ဖန်းအာ၏ အနောက်သို့ ဝင်ပုန်းလိုက်ပြီး သူမ၏ လက်သေးသေးလေးများက ကျောက်ဖန်းအာ၏ အင်္ကျီစကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။

ကျောက်ဖန်းအာက ရှေ့သို့ တစ်လှမ်းတိုးလာကာ ရင်ဘတ်ပေါ် လက်ပိုက်လိုက်ပြီး မျက်စောင်းပင် မထိုးချင်တော့လောက်အောင် ပျင်းရိစွာဖြင့် မေးစေ့ကို မော့ကာ စက်သေနတ်ပစ်သလို ဆက်တိုက် ပြောချလိုက်သည်။

"ထွီ… ငါတို့က ခွေးဟောင်သံကို နားမလည်ဘူး..."

"မင်း..."

လီဟောင်၏ မျက်နှာက ချက်ချင်းပင် အေးခဲသွားပြီး သူ၏ ကျက်သရေရှိသော အမူအရာများပါ ပျောက်ကွယ်လုမတတ် ဖြစ်သွားလေသည်။

ဤမိန်းမက ဤမျှ အပြောအဆို ကြမ်းတမ်းပြီး လူအများကြီးရှေ့တွင် သူ့ကို မည်သည့် မျက်နှာသာမှ မပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

သူက အသက်ကို ပြင်းပြင်းရှူကာ ဒေါသကို မြိုသိပ်လိုက်ပြီး ကျောက်ဖန်းအာလို "ရိုင်းစိုင်းသော" မိန်းမမျိုး၏ အဆင့်အထိ အောက်မကျခံရန် ဆုံးဖြတ်လိုက်သည်။

သူက ကျောက်ဖန်းအာကို ကျော်ဖြတ်ကာ သူမအနောက်မှ ပျော့ညံ့သော ရွှီချင်းချင်းဆီသို့ အကြည့်ပို့လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ကရုဏာသက်သည့် အမူအရာတစ်ခုကို တပ်ဆင်လိုက်လေသည်။

"ရဲဘော် ရွှီချင်းချင်း... မကြောက်ပါနဲ့..."

သူက ဟန်ဆောင်ပန်ဆောင် လေသံဖြင့် ပြောလိုက်သည်။

"မင်းကို မြင်ရတာ စာအုပ်ထဲက လှောင်ချိုင့်ထဲ အကျဉ်းကျနေတဲ့ ကနေရီငှက်လေးတွေကို သတိရမိစေတယ်..."

"မင်းလို နတ်သမီးလေးက ဆင်စွယ်ရဲတိုက်ကြီးထဲမှာ ကဗျာတွေရွတ်၊ ပန်းချီတွေ ဆွဲနေသင့်တာ... ကံမကောင်းစွာနဲ့ လူ့လောကထဲကို ကျဆင်းလာပြီး ချန်ရှင်းလို ခွန်အားကြမ်းရုံကလွဲပြီး ဘာမှသုံးမရတဲ့ ရိုင်းစိုင်းတဲ့ တောင်သူလယ်သမားတစ်ယောက်နဲ့ လက်ထပ်လိုက်ရတာလေ... မင်း တော်တော်များများ နာကျင်ခံစားခဲ့ရမှာပဲ... ဟုတ်တယ်မလား..."

ထိုစကားကို ကြားသောအခါ ရွှီချင်းချင်းက ကျောက်ဖန်းအာ၏ အနောက်မှ ရုတ်တရက် ခေါင်းထွက်လာပြီး သူမ၏ မျက်နှာလေးမှာ နီရဲနေလေသည်။

သူမ နောက်ဆုတ်မသွားခဲ့ချေ။ ထိုအစား သူမက ခါးကို ဆန့်လိုက်ပြီး လီဟောင်၏ မျက်လုံးများကို စိုက်ကြည့်ကာ စကားတစ်ခွန်းချင်းစီ အလေးအနက်ထား၍ ပြန်လည် ချေပလိုက်တော့သည်။

"နင် အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ... ငါ့ယောက်ျားက ကမ္ဘာပေါ်မှာ အကောင်းဆုံးလူပါ... ငါ ဘာမှ နာကျင်ခံစားရတာမရှိဘူး... ငါ အရမ်းပျော်တယ်..."

All Chapters