← Chapters

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း (၁၃၁)

ရှင်သန်လိုသောဗီဇ

လုံယုက တည်ငြိမ်စွာ ပြောလိုက်လေသည်။

"သူတို့ဖမ်းတာ သူတို့အပိုင်း၊ ငါတို့ဖမ်းတာ ငါတို့အပိုင်းပဲ၊ သူတို့ ငါတို့ကို လာမနှောင့်ယှက်သရွေ့ လျစ်လျူရှုထားလိုက်ပါ...။"

သူတို့သည် ငါးအိတ်ပေါင်း နှစ်ဆယ်ကျော်ခန့် စုဆောင်းထားပြီးဖြစ်ရာ အချိန်တိုအတွင်း သယ်ဆောင် သွားရန်မှာ မဖြစ်နိုင်ပေ။ အကယ်၍ ထိုငါးများကို စွန့်လွှတ်လိုက်ရမည်ဆိုပါက ယောင်ရန် အမှန် တကယ်ပင် လိုလားမည် မဟုတ်ချေ။

ထိုလူများက ငါးအိတ်များကို လောဘရမ္မက်အပြည့်ပါသော မျက်ဝန်းများဖြင့် ကြည့်နေကြသည်ကို သတိပြုမိသောအခါ ယောင်ရန်က ပြောလိုက်လေသည်။

"ငါးတွေကို လှေပေါ် ပြန်ရွှေ့ကြရအောင်၊ ကျွန်မ စိတ်ထဲ တစ်မျိုးကြီးပဲ...။"

တစ်ဖက်အုပ်စုတွင် လူအင်အား များပြားလှသဖြင့် သူတို့အနေဖြင့် သတိဝီရိယ ရှိနေရန် လိုအပ်လှပေ သည်။ လုံယုက ခေါင်းငြိမ့်ကာ ပြောလေ၏။

"ကောင်းပြီလေ...။"

ငါးအိတ်များကို လှေပေါ်သို့ ပြန်လည်သယ်ဆောင်ပြီးနောက်၊ ယောင်ရန်သည် ထိုလူများကို မှန်ပြောင်း ဖြင့် အကဲခတ်ကြည့်လိုက်လေသည်။ သူတို့၏ ပိန်ချုံးနေသော မျက်နှာသွင်ပြင်များအရ ရိက္ခာရှာဖွေရန် အတင်းအကျပ် ထွက်လာရခြင်း ဖြစ်တန်ကောင်းပေသည်။

ယောင်ရန်သည် ဦးဆောင်လာသော စက်လှေကို ကြည့်လိုက်ရာ ရင်းနှီးနေသော မျက်နှာတစ်ခုကို တွေ့ လိုက်ရ၏။ သူမက လှောင်ပြုံးပြုံးလိုက်ရင်း တွေးလိုက်လေသည်။

*ဟိုတက်တူးနဲ့လူပဲ၊ ဟက်...၊ ရန်သူတွေက လမ်းကျဉ်းလေးမှာမှ ဆုံတတ်ကြတာကိုး...။*

စက်လှေတစ်စင်းက ဦးဆောင်လာပြီး ၎င်း၏နောက်တွင်မူ လက်နက်ကိုင်ဆောင်ထားသော လူတစ်ဒါ ဇင်ခန့်က လေထိုးရာဘာလှေများဖြင့် လိုက်ပါလာကြသည်။ အချို့မှာ ဘယ်ဘက်လက်ကောက်ဝတ် တွင် နဂါးပုံတက်တူးများ ထိုးထားကြပြီး ရေလှောင်တမံ၏ ဗဟိုဆီသို့ ကြမ်းကြုတ်သော မျက်နှာထား များဖြင့် ရွက်လွှင့်လာကြလေသည်။

လုံယုသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ရှီရွှမ်းရှိရာသို့ လှေကို မောင်းနှင်သွားခဲ့လေသည်။ သူက ရှီရွှမ်းထံသို့ ကြိုးတစ်ချောင်း ပစ်ပေးရင်း ပြောလိုက်လေ၏။

"လှေတွေကို အတူတူ ချည်ထားလိုက်...။"

ရောက်ရှိလာသော လူများမှာ မိတ်ဆွေများ မဟုတ်ကြသည်ကို သိလိုက်ရသဖြင့် ချွမ်ယွမ်ဝေ့မှာ စိုးရိမ် ထိတ်လန့်လာခဲ့လေသည်။

သူ စကားမပြောနိုင်ခင်မှာပင်၊ ထိုလူစုမှာ သူတို့ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

လုံယုနှင့် ရှီရွှမ်းတို့ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ရှီရွှမ်းက အင်ဂျင်ကိုနှိုးကာ ထိုသူများနှင့် ဝေးရာသို့ မောင်းနှင်သွားခဲ့လေသည်။

ထိုမြင်ကွင်းကို မြင်သောအခါ အာဟူက လှောင်ပြုံးပြုံးရင်း အော်လိုက်လေသည်။

"သူတို့ကို ဖမ်းကြစမ်း...။"

ချွမ်ယွမ်ဝေ့သည် နောက်သို့ လှည့်ကြည့်လိုက်ရာ ထိုလူများက သူတို့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါ လာသည်ကို မြင်လိုက်ရသဖြင့် သူ၏မျက်နှာမှာ ဖြူရော်သွားတော့သည်။

စက်လှေမှာ လျင်မြန်စွာ ချဉ်းကပ်လာပြီး အခြားတက်တူးထိုးထားသော အမျိုးသားများက သူတို့ကို လှောင်ရယ်နေကြကာ ကျန်သူများက လေထိုးရာဘာလှေများဖြင့် အနီးကပ် လိုက်ပါလာကြ၏။

ရေပြင်ပေါ်တွင် ပေါလောပေါ်နေသော ငါးများနှင့် ယောင်ရန်၏ လေထိုးရာဘာလှေပေါ်ရှိ ငါးအပြည့်ပါ သော အိတ်များကို မြင်လိုက်ရသောအခါ လူတိုင်း၏ မျက်ဝန်းများမှာ ရုတ်တရက် အရောင်လက်သွားခဲ့ လေတော့သည်။

အာဟူက ရယ်မောကာ ပြောလိုက်လေသည်။

"ညီအစ်ကိုတို့၊ ငါတို့ ဒီနေ့ ကံကောင်းတာပဲ၊ ဗိုက်ဆာနေတာနဲ့ အတော်ပဲ တစ်ယောက်ယောက်က ငါး တွေကို အလကားလာပေးနေတယ်ကွ...။"

သူတို့နှင့် သုံးမီတာခန့် အကွာတွင် စက်လှေကို ရပ်တန့်လိုက်ပြီးနောက် အာဟူက မာနတထောင်လွှားဖြင့် ပြောလေသည်။

"ငါးတွေ၊ လှေတွေနဲ့ မိန်းမကို ထားခဲ့ကြစမ်း၊ ဒါဆိုရင် မင်းတို့ အသက်ကို ချမ်းသာပေးမယ်...။"

သူ၏ဘေးရှိ အမျိုးသမီးက ထိုစကားကို ကြားသောအခါ ယောင်ရန်အား လှောင်ပြုံးပြုံးလိုက် သော်လည်း မည်သည့်စကားမှ မဆိုလာပေ။

အာဟူသည် ယောင်ရန်ကို ကြည့်လိုက်ရာ သူ၏မျက်ဝန်းများမှာ တောက်ပသွားလေသည်။ ဤမျှလှပ သော အမျိုးသမီးကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်၏။

ကပ်ဘေးဆိုက်ရောက်ပြီးနောက်ပိုင်းတွင် သူသည် ဘုရင်တစ်ပါးကဲ့သို့ နေထိုင်ခဲ့သော်လည်း ချိုသာ ဖြူစင် ပုံရသော်ငြား အန္တရာယ်ရှိသော အငွေ့အသက်များရှိသည့် ဤကဲ့သို့သော အမျိုးသမီးမျိုးကို တစ်ခါမျှ အရသာမခံခဲ့ဖူးချေ။

သူသည် နှုတ်ခမ်းကိုသပ်ရင်း ပြောလေသည်။

"အလှလေး၊ ငါ မင်းကို သဘောကျတယ်၊ မင်းသာ ငါ့နောက်လိုက်မယ်ဆိုရင် မင်းရဲ့ ပါးစပ်နှစ်ပေါက် လုံးကို ကျွေးမွေးပြီး စိတ်ကျေနပ်အောင် ထားမှာပါ...။"

အခြားအမျိုးသားများသည် သူ၏ ညစ်ညမ်းသောစကားများကို ကြားသောအခါ ရယ်မောလိုက်ကြပြီး ယောင်ရန်အား ရိုင်းစိုင်းညစ်ညမ်းသော စကားများစွာကို ပြောဆိုလာကြလေသည်။

"ဟုတ်တယ် အလှလေး... ငါတို့နောက်သာ လိုက်ခဲ့ပါ၊ ငါတို့ရဲ့ မျိုးစေ့တွေနဲ့ မင်းရဲ့ အောက်ဘက် ပါးစပ် ကို ကျွေးမွေးပေးပါ့မယ်ကွာ...။"

"ဟား ဟား ဟား ဟား...။"

သူတို့၏ ညစ်ညမ်းသော စကားများကို ကြားနေရသော လုံယု၏ မျက်နှာမှာ မင်ရည်များပင် ကျလာနိုင် လောက်သည်အထိ နက်မှောင်ခက်ထန်နေခဲ့လေသည်။ သို့သော်လည်း သူ တစ်ခုခု မလုပ်ဆောင်နိုင်မီ မှာပင်၊ ယောင်ရန်က အာဟူကို ပြုံးပြကာ စိတ်ဝင်တစားဖြင့် မေးလိုက်လေ၏။

"တကယ်လား...။"

လုံယုသည် ထိုစကားကို ကြားသောအခါ မျက်ခုံးပင့်ကာ သူမကို ကြည့်လိုက်သည်။ သူမ ဤသို့ ဖြူစင် စွာ ပြုံးပြတတ်လျှင် တစ်စုံတစ်ယောက်တော့ ဒုက္ခရောက်ရတော့မည်ကို သူ ကောင်းကောင်း သိထား လေ၏။ သူမအနေဖြင့် ထိုညစ်ညမ်းသော စကားများကို ဂရုမစိုက်ကြောင်း သိထားသော်ငြားလည်း၊ သူကတော့ စိတ်မသက်မသာ ဖြစ်နေပြီး လူသတ်ချင်စိတ်များပင် ပေါက်လာခဲ့လေသည်။

အာဟူကမူ သူမသည် သူ၏အကြံပြုချက်ကို သဘောတူလိုက်သည်ဟု ထင်မှတ်ကာ ဂုဏ်ယူဝင့်ကြွား စွာဖြင့် ပြုံးလိုက်လေသည်။

"သေချာတာပေါ့... ဒီက မိန်းမတွေကို မင်း မတွေ့ဘူးလား၊ သူတို့အားလုံးက ငါ့ရဲ့ မိန်းမတွေချည်းပဲ၊ မင်းသာ ငါ့မိသားစုထဲ ဝင်လာရင် မင်းတို့မိန်းမအချင်းချင်း ဖေးမကူညီပေးလို့ ရတာပေါ့...။"

ဟွမ်ချန်သည် ထိုစကားကို ကြားသောအခါ မျက်လုံးများပင် ပြူးကျယ်သွားကာ တီးတိုးရေရွတ် လိုက်လေသည်။

"သူ့ကိုယ်သူ ဘုရင်လို့များ ထင်နေလားမသိဘူး၊ တကယ့်တော့ လူပြက်သက်သက်ပဲ...။"

ရှီရွှမ်းမှာ ထိုလူများနှင့် အချိန်မဖြုန်းလိုသဖြင့် ပြောလိုက်လေ၏။

"ငါတို့မှာရှိတာ အကုန်လုံး မင်းတို့ကို ပေးလိုက်ရင်၊ ငါတို့က ဘယ်လိုလုပ် ထွက်သွားရမှာလဲ...။"

အာဟူက ပခုံးတွန့်ကာ လှောင်ပြုံးပြုံးရင်း ပြောလေသည်။

"အဲဒါ ငါနဲ့မဆိုင်ဘူးလေ...။ မင်းတို့ ထွက်သွားချင်ရင် ရေကူးပြီး ပြန်ကြပေါ့၊ အဲဒီလိုမှ မဟုတ်ရင်တော့ မင်းတို့ရဲ့ အသက်တွေကို ဒီမှာပဲ ထားခဲ့လိုက်ကြတော့...။"

ထိုသို့ပြောပြီးနောက် အာဟူသည် ယောင်ရန်ကို ထပ်မံကြည့်ရှုကာ ပြုံးလိုက်ပြန်၏။

"အလှလေး...၊ မင်းသာ ငါနဲ့ ငါ့ညီအစ်ကိုတွေကို ပြုစုပေးနိုင်ရင်၊ ငါတို့နဲ့အတူတူ နေခွင့်ပြုမယ်လေ...။"

ယောင်ရန်က သက်ပြင်းချရင်း ပြောလေသည်။

"ဒါဆိုရင်လည်း ညှိနှိုင်းစရာ အကြောင်းမရှိတော့ဘူးပေါ့...။"

အာဟူမှာ မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်သွားကာ လှောင်ပြုံးပြုံးလိုက်လေသည်။

"ဟက်...၊ ကောင်းကောင်းပြောနေတာကို လက်မခံဘဲ အကြမ်းဖက်ခံချင်နေတာပဲ၊ ညီအစ်ကိုတို့...၊ တိုက်ခိုက်ကြစမ်း...။"

သူ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက်၊ သူ၏ နဖူးပေါ်သို့ အေးစက်စက် အရာတစ်ခု လာမှန်သည် ကို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ အားအင်များ ဆုံးရှုံးသွားတော့သည်။ သူ နောက်သို့ လဲကျသွား ချိန်တွင်၊ လုံယုက သူ့အား အလောင်းကောင်တစ်လောင်းကို ကြည့်သကဲ့သို့ စိုက်ကြည့်နေသည်ကို မြင် လိုက်ရလေ၏။

"ဘုန်း...”

လုံယုက အသံတိတ်ကိရိယာ တပ်ဆင်ထားသော သေနတ်တစ်လက်ကို ကိုင်ဆောင်ထားပြီး သေနတ် ပြောင်းဝမှာ သူတို့ဆီသို့ ချိန်ရွယ်ထားသည်ကို မြင်လိုက်ရသောအခါ လူတိုင်းမှာ အံ့အားသင့် မှင်သက် သွားကြလေတော့သည်။

သူ၏ လက်ထဲတွင် သေနတ်မည်မျှ ရှိနေသနည်းဆိုသည်ကို ယောင်ရန် သိချင်စိတ်ပြင်းပြနေသော်လည်း ထုတ်မမေးခဲ့ပေ။ သူမသည် ကျောပိုးအိတ်ထဲမှ သံမှိုပစ်သေနတ် တစ်လက်ကို ထုတ်ယူကာ တိုက်ပွဲထဲ သို့ ဝင်ရောက်ခဲ့လေသည်။ သို့သော် လူများကို ပစ်ခတ်မည့်အစား လေထိုးရာဘာလှေများကိုသာ ချိန်ရွယ်လိုက်လေ၏။

"ဖောက်... ဖောက်...”

လေထိုးရာဘာလှေများမှာ ချက်ချင်းပင် လေများ ပေါက်ထွက်ကုန်ပြီး ထိုလူများလည်း ရေထဲသို့ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျသွားကြတော့သည်။ အချို့မှာ သတိဝင်လာကြပြီး အော်ဟစ် လိုက်ကြလေသည်။

"ကျစ်...၊ သူတို့ဆီမှာလည်း သေနတ်တွေ ရှိတယ်ဟ...။"

ထိုလူများ ရေထဲတွင် ရုန်းကန်နေကြသည်ကို မြင်သောအခါ၊ ရှီရွှမ်းနှင့် ဟွမ်ချန်တို့သည်လည်း သူတို့၏ သေနတ်များကို ထုတ်ယူကာ စတင် သတ်ဖြတ်ကြလေတော့သည်။ သူတို့လေးဦးမှာ ခံစားချက်ကင်းမဲ့ နေသော မျက်နှာထားများဖြင့် ပစ်ခတ်နေကြပြီး ကျည်ဆန်နှင့် သံမှိုတိုင်းမှာ ပစ်မှတ်များကို တိကျစွာ ထိမှန်နေခဲ့လေသည်။

သူတို့၏ အနောက်တွင် ရပ်နေကြသော ချွမ်ယွမ်ဝေ့နှင့် စီမာယွမ်တို့မှာ မည်သည့်စကားမှ မပြောရဲကြဘဲ လုံယုနှင့် အခြားသူများက လူသုံးဆယ်ကျော်ကို နှစ်မိနစ်အတွင်း သတ်ဖြတ်နေကြသည်ကိုသာ ငေး ကြည့် နေနိုင်ခဲ့ကြလေသည်။

စူးစူးဝါးဝါး အော်ဟစ်သံများနှင့် တောင်းပန်သံများက ပတ်ဝန်းကျင်တစ်ခွင်တွင် ဆက်လက် ပဲ့တင်ထပ် နေသော်ငြားလည်း၊ ထိုလူများမှာ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြကာ ရေလှောင်တမံ၏ အောက်ခြေသို့ နစ်မြုပ်သွားကြလေတော့သည်။

ရှင်သန်လိုခြင်းမှာ သဘာဝဗီဇတစ်ခုပင် ဖြစ်၏။ လူများစွာသည် ရေထဲတွင် ရုန်းကန်နေကြပြီး အသက် ရှင်ရန် အခွင့်အရေးကို လုယူနိုင်ရန်အတွက် ယောင်ရန်နှင့် အခြားသူများထံသို့ပင် အပြေးအလွှား တိုးဝင် လာကြလေသည်။

All Chapters