← Chapters

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း ၁၃၃

Vol. 14 Ch. 133

အခန်း (၁၃၃)

ရေလှောင်တမံ ကျိုးပေါက်ခြင်း

ချွမ်ယွမ်ဝေ့သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ၏ ရင်ထဲတွင် ကမောက်ကမဖြစ်သွားကာ

အန်ချင်စိတ်ပင် ပေါက်သွားလေသည်။

သူ ဤသို့ဖြစ်နေသည်ကို မြင်သောအခါ ယောင်ရန်က ခေါင်းယမ်းလိုက်ရုံသာ လုပ်လေသည်။ အနာဂတ် တွင် အစားအစာ မရှာနိုင်တော့သည့်အခါ လူသားများက လူသားချင်း ပြန်လည်စားသောက်ကြသည်ကို မြင်ရလျှင် ချွမ်ယွမ်ဝေ့ မည်သို့ တုံ့ပြန်မည်ကို သူမ မသိပေ။

သူတို့သည် ငါးဆက်ဖမ်းနေကြပြီး လူတိုင်းမှာ ငါးဖမ်းရန်သာ အာရုံစိုက်နေကြလေသည်။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ၊ ရေစီးကြောင်းကြောင့် မျောပါလာသော ငါးများ သိပ်မရှိတော့ သဖြင့်၊ ထိုလူများသည် ယောင်ရန်နှင့် သူမ၏ မိတ်ဆွေများထံသို့ ဖြည်းညင်းစွာ ပြန်လည် ချဉ်းကပ်လာ ကြပြန်လေသည်။

ယောင်ရန်က ဤသည်ကို သတိပြုမိသွားပြီး ငါးဖမ်းခြင်းကို ရပ်တန့်လိုက်သည်။ သူမသည် သံမှိုပစ် သေနတ်ကို မြှောက်ကာ ထိုအမျိုးသားများထံသို့ သတိပေးသည့် မျက်ဝန်းများဖြင့် ချိန်ရွယ်လိုက်လေ ၏။

သူမ၏ သံမှိုပစ်သေနတ်မှာ အများဆုံး အကွာအဝေး မီတာသုံးဆယ်အထိ ပစ်ခတ်နိုင်သော်လည်း၊ အကွာအဝေး၏ တစ်ဝက်သို့ ရောက်ရှိသွားပါက ၎င်း၏ စွမ်းအားမှာ သိသိသာသာ လျော့ကျသွားတတ် ပေသည်။ သို့သော်လည်း၊ ဤလောဘကြီးသော လူများကို ရင်ဆိုင်ရန်အတွက်မူ လုံလောက်လှပေ သည်။

လှေတစ်စင်းက ဆယ့်ငါးမီတာ အကွာအဝေးသို့ ချဉ်းကပ်လာသောအခါ၊ ယောင်ရန်သည် မည်သည့် သတိပေးချက်မျှ မရှိဘဲ ပစ်ခတ်လိုက်လေသည်။ ဤတစ်ကြိမ်တွင်မူ၊ လှေကို လေထွက်သွားစေမည့် အစား၊ လှေပေါ်ရှိ အမျိုးသား၏ ခေါင်းကို တိုက်ရိုက်ပင် ပစ်ခတ်လိုက်လေ၏။

"ဖောက်..."

"အား..."

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ၊ သေဆုံးသွားသော အမျိုးသားနှင့် တစ်လှေတည်း ပါလာသူအား လုံးမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြလေသည်။

ယောင်ရန်သည် တုံ့ဆိုင်းနေခြင်း မရှိဘဲ နောက်ထပ် လူခြောက်ဦးကို ရေလှောင်တမံ အောက်ခြေရှိ ထိုတက်တူးနှင့် အမျိုးသားများထံသို့ လိုက်ပါသွားစေရန် ပို့ဆောင်ပေးလိုက်လေသည်။

"ဖောက်... ဖောက်... ဖောက်..."

လှေပေါ်ရှိ အလောင်းများကို ကြည့်ရင်း၊ ကျန်ရှိနေသော လေထိုးရာဘာလှေ နှစ်စင်းပေါ်မှ လူများမှာ အလွန်အမင်း ထိတ်လန့်သွားကြကာ လျင်မြန်စွာ ဆုတ်ခွာသွားကြလေတော့သည်။

သက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် သူ၏ အကြောက်တရားကို ထိန်းချုပ်ကာ ပြောလိုက်လေသည်။

"အမျိုးသမီးလေး…၊ ကျေးဇူးပြုပြီး သနားပါဦး...။ ကျွန်တော်တို့ ထမင်းမစားရတာ ရက်အတော်ကြာနေ ပါပြီ...။ ကျေးဇူးပြုပြီး ငါးအနည်းငယ်လောက် ထပ်ဖမ်းခွင့် ပြုပါဦး...။"

ပိန်ချုံးနေသော အမျိုးသမီးတစ်ဦးကလည်း ခေါင်းငြိမ့်ကာ ဖြည့်စွက်ပြောဆိုလာ၏။

"ဟုတ်ပါတယ် အမျိုးသမီးလေး...။ အိမ်က ကလေးတွေလည်း ငတ်ပြတ်ပြီး သေရတော့မှာပါ...။ ကျေးဇူးပြုပြီး သနားညှာတာပေးပါဦး...။"

အမျိုးသားတစ်ဦးက ယောင်ရန်ကို ကြည့်ကာ ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

"ငါတို့က ငါးနည်းနည်းလောက် ပိုဖမ်းရုံလေးပါ...။ မင်းတို့နဲ့လည်း လုမဖမ်းပါဘူး...၊ ဘာလို့ နည်း နည်းလေးတောင် သဘောမထားကြီးနိုင်ရတာလဲ...။ မင်းတို့ အရမ်း လောဘကြီးလွန်းတယ်...။"

သူတို့၏ စကားများကို ကြားသောအခါ၊ ဟွမ်ချန်သည် ဒေါသတကြီး ရယ်မောလိုက်ရင်း ပြောလေသည်။

"ဘာဖြစ်လို့ ငါတို့က မင်းတို့ကို အလျော့ပေးရမှာလဲ...၊ ဒါ့အပြင် မင်းတို့ အခုလို ငါးဖမ်းနိုင်တာကလည်း ငါတို့ကြောင့်ပဲလေ...။"

"ကျေးဇူးကန်းတာက ပြဿနာမရှိပေမယ့် မင်းတို့က ငါတို့ကို ကိုယ်ကျင့်တရားနဲ့ အကျပ်ကိုင်လို့ရ မယ်လို့ တကယ်ပဲ ထင်နေတာလား...။ နောက်ထပ် စကားတစ်ခွန်း ထပ်ပြောကြည့်စမ်း...၊ မင်းတို့ကို ငရဲမင်းကြီးဆီ တိုက်ရိုက် ပို့ပေးလိုက်မယ်...။"

ထိုလူများမှာ ဒေါသထွက်သွားကြသော်လည်း၊ ဟွမ်ချန်ကို ထိပ်တိုက် ရင်ဆိုင်ရန်မူ မရဲကြပေ။

ယောင်ရန်သည် သူတို့၏ မျက်နှာအမူအရာများကို အကဲခတ်ကြည့်လိုက်ရာ၊ သူတို့ လိုချင်သောအရာကို မရမချင်း ရပ်တန့်ကြမည် မဟုတ်ကြောင်း သိလိုက်လေသည်။

သူမ၏ မျက်ဝန်းများထဲတွင် လူသတ်ချင်သော အငွေ့အသက်များ လက်လာပြီး၊ လေထိုးရာဘာလှေ၏ ကိုယ်ထည်ဆီသို့ နောက်ထပ် သံမှိုတစ်ချောင်းကို ပစ်ခတ်လိုက်ကာ အေးစက်စက် လေသံဖြင့် ပြော လိုက်လေသည်။

"ပြန်ဆုတ်သွားကြစမ်း...။"

အကွာအဝေးကြောင့်၊ သံမှိုမှာ လှေကို ရှပ်ထိသွားရုံသာဖြစ်ပြီး ဖောက်ထွက်သွားခြင်း မရှိပေ။

သူမအား တောင်းပန်နေခြင်းမှာ အချည်းနှီးသာဖြစ်ကြောင်း သိလိုက်ရသောအခါ၊ ထိုလူများသည် နောက်ဆုံးတွင် စကားပြောခြင်းကို ရပ်တန့်သွားကြလေသည်။ လေထိုးရာဘာလှေ နှစ်စင်းမှာ တဖြည်း ဖြည်း ဝေးကွာသွားကြပြီး ယောင်ရန်နှင့် သူမ၏ မိတ်ဆွေများထံသို့ ထပ်မံ ချဉ်းကပ်လာခြင်း မရှိတော့ ပေ။

ရေစီးကြောင်းကြောင့် မျောပါလာသော ငါးများ သိပ်မများလှသော်လည်း၊ သူတို့၏ ဖမ်းဆီးရမိမှုမှာ နည်းပါးလှသည်တော့ မဟုတ်ပေ။ လက်မြန်သော အချို့လူများသည် ငါးအကောင်နှစ်ဆယ်ကျော်ခန့် ဖမ်းဆီးမိထားကြ၏။ တစ်ခါတစ်ရံတွင် သူတို့သည် ငါးများအားလုံးကို ဖမ်းဆီးပြီးသောအခါ၊ ယောင်ရန် ၏ အနီးသို့ ချဉ်းကပ်ကာ ငါးအနည်းငယ်ကို လုယူပြီးနောက် သူမ မပစ်ခတ်နိုင်မီ လုံခြုံသော နေရာသို့ ပြန်လည် ဆုတ်ခွာသွားတတ်ကြပေသည်။

သူတို့ မသိထားသည်မှာ၊ ယောင်ရန်သည် သူတို့၏ ဉာဏ်နီဉာဏ်နက်များကို ဖြေရှင်းရန် ပျင်းရိနေ သောကြောင့်သာ သူတို့ကို ငါးအနည်းငယ် ထပ်မံဖမ်းခွင့် ပြုထားခြင်းပင် ဖြစ်၏။ အကယ်၍ သူမသာ အမှန်တကယ် အရေးယူလိုပါက၊ သူတို့သည် သူမ၏ ပစ်ခတ်နိုင်သော အကွာအဝေးအတွင်းသို့ ဝင် ရောက်လာသည်နှင့် တစ်ပြိုင်နက်၊ အချိန်မီ ဆုတ်ခွာရန် မဆိုထားနှင့် တုံ့ပြန်ရန်ပင် အချိန်ရကြမည် မဟုတ်ချေ။

သူတို့သည် နာရီအတော်ကြာအောင် ငါးဖမ်းနေခဲ့ကြပြီး၊ ငါးဖမ်းစက်ကို ဖွင့်လိုက်တိုင်း ရေပေါ်သို့ ပေါလောပေါ်လာသော ငါးအရေအတွက်မှာ ပို၍ နည်းပါးလာလေသည်။ ရေထဲတွင် ငါးသိပ်မကျန်တော့ ပုံရပေ၏။

ငါးဖမ်းစက် ဘက်ထရီကုန်သွားသောအခါ လုံယုက ပြောလိုက်လေသည်။

"ဒီမှာတင် ရပ်လိုက်ကြစို့...။ ငါးလည်း သိပ်မကျန်တော့ဘူးဆိုတော့၊ ဖမ်းထားတာလည်း လုံလောက် နေပါပြီ...။"

ယနေ့တွင် သူတို့သည် ငါးအိတ်ပေါင်း (၂၀၀) ကျော် ဖမ်းဆီးရမိခဲ့ပြီး၊ အိတ်တစ်အိတ်လျှင် ကီလိုဂရမ် (၂၀၀) ခန့် အလေးချိန်ရှိလေသည်။ မနေ့ကထက်စာလျှင် ရလဒ်လျော့နည်းသွားသော်လည်း၊ ယွမ်ရီဟွေး၊ စီဟန်တို့နှင့် လဲလှယ်ရန်အတွက်မူ လုံလောက်ရုံထက်ပင် ပိုနေသေးပေသည်။

ရှီရွှမ်းသည် လေထိုးရာဘာလှေကို ကုန်းမြေရှိရာသို့ မောင်းနှင်လိုက်သည်နှင့် တစ်ပြိုင်နက်၊ ယောင်ရန် သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ စက္ကန့်ပိုင်းအတွင်း လေတိုက်နှုန်းမှာ ပိုမို ပြင်းထန်လာပြီး ရေစီးကြောင်းက လေထိုးရာဘာလှေများကို ဆွဲငင်နေခဲ့လေသည်။

လေထိုးရာဘာလှေ၏ အင်ဂျင်ကြောင့်သာ သူတို့ ရှေ့သို့ ဆက်လက် ရွေ့လျားနိုင်ခြင်း ဖြစ်၏။ သို့သော် လည်း၊ လှေပေါ်တွင် ငါးအိတ်များစွာ တင်ဆောင်ထားသော်ငြားလည်း၊ လေနှင့် ရေစီးကြောင်းက သူတို့၏ လေထိုးရာဘာလှေများကို နောက်သို့ တွန်းပို့နေဆဲပင် ဖြစ်သည်။

ယောင်ရန်သည် ထိုလူများရှိရာသို့ နောက်လှည့်ကြည့်လိုက်ရာ၊ သူတို့သည် အသေအလဲ လှော်ခတ် နေကြသော်လည်း ရှေ့သို့ မတက်နိုင်ကြသည်ကို မြင်လိုက်ရသည်။ သူတို့ အစွမ်းကုန် လှော်ခတ်နေကြ သော်လည်း၊ သူမနှင့် ပို၍ပို၍ ဝေးကွာသွားကြလေသည်။

သူမသည် ရေပြင်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ယောင်ရန်သည် ရေပြင်ကို ခဏမျှ အကဲခတ်ကြည့်လိုက်ရာ၊ ရေလှောင်တမံ၏ ရေတံခါးမှ ဆွဲငင်အားတစ်ခု လာနေသည်ကို ခံစားလိုက် ရ၏။

သူမ တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး သူမ၏ ရင်ထဲ၌ ထိတ်လန့်သွားကာ အော်လိုက်လေ သည်။

"ရှီရွှမ်း... မြန်မြန်မောင်း...။"

လုံယုနှင့် ရှီရွှမ်းတို့သည်လည်း သူတို့၏ အနောက်ဘက်မှ ပြင်းထန်သော ဆွဲငင်အားတစ်ခုကို ခံစားလိုက် ကြရသည်။ ယောင်ရန်၏ စိုးရိမ်တကြီး အော်ဟစ်သံကို ကြားလိုက်ရသောအခါ၊ လုံယုသည် နောက်ထပ် အင်ဂျင်တစ်လုံးကိုပါ နှိုးလိုက်ပြီး၊ သူတို့သည် အရှိန်မြှင့်ကာ ရေလှောင်တမံ ရေတံခါးနှင့် ဆန့်ကျင်ဘက် သို့ မောင်းနှင်သွားခဲ့ကြလေတော့သည်။

နောက်တစ်စက္ကန့်တွင် အဝေးမှ ကျယ်လောင်သော အသံကြီးတစ်ခုကို သူတို့ ကြားလိုက်ကြရလေ၏။

"ဝုန်း...၊ ဒိုင်း..."

ထိုအသံကြီးမှာ နားကွဲမတတ် ကျယ်လောင်လှပြီး၊ ဒေါသထွက်နေသော နဂါးတစ်ကောင်၏ ဟိန်း ဟောက်သံကဲ့သို့ ရေပြင်ပေါ်တွင် ပြင်းထန်သော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေခဲ့လေသည်။

ယောင်ရန်သည် နောက်သို့ လှည့်ကြည့်လိုက်ရာ၊ ရေတံခါးဆီသို့ အဟုန်ပြင်းစွာ စီးဆင်းသွားသော ရေလုံးကြီးများကို မြင်လိုက်ရသည်။ အရာခပ်သိမ်းကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသော ကောင်းကင်ကြီးတွင် အက်ကြောင်းကြီးတစ်ခု ပေါ်လာသကဲ့သို့ပင် ခံစားလိုက်ရလေသည်။

"အား... ကယ်ကြပါဦး...။"

"ဟင့်အင်း..."

ယောင်ရန်သည် အကူအညီတောင်းခံရန် အော်ဟစ်နေကြသော ထိုလူများကို ကြည့်လိုက်သော်လည်း၊ သူတို့မှာ သူမ၏ အမြင်အာရုံထဲမှ လျင်မြန်စွာ ပျောက်ကွယ်သွားကြလေသည်။ လုံယုသည် နောက်သို့ လှည့်ကြည့်ရန် အချိန်မရှိတော့ဘဲ အရှိန်ကို အမြင့်ဆုံးသို့ တင်လိုက်ကာ၊ ပြင်းထန်လှသော ရေစီး ကြောင်းနှင့် အပြိုင် မောင်းနှင်သွားလေတော့သည်။

ရေမျက်နှာပြင်မှာ မျက်စိဖြင့် မြင်တွေ့နိုင်သော အရှိန်ဖြင့် ဆက်လက် ကျဆင်းသွားပြီး၊ လေထိုးရာဘာ လှေ နှစ်စင်းမှာ လေနှင့် လှိုင်းလုံးများကို ဆန့်ကျင်ကာ အရှိန်မြှင့် မောင်းနှင်လာခဲ့ကြလေသည်။ ဆယ်မိ နစ်အကြာတွင်၊ နောက်ဆုံး၌ သူတို့သည် ရေလှောင်တမံ ရေတံခါးနှင့် အဝေးဆုံး နေရာသို့ ရောက်ရှိသွား နိုင်ခဲ့ကြလေသည်။

လုံယုနှင့် ရှီရွှမ်းတို့က ပြင်းထန်သော လှိုင်းလုံးများကို ဆန့်ကျင်၍ ရှေ့သို့ ဆက်လက် မောင်းနှင်နေစဉ်၊ ယောင်ရန်သည် သူမ၏ မှန်ပြောင်းကို ထုတ်ယူကာ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။ မကြာမီမှာပင်၊ သင့်တော်သော ကမ်းကပ်စရာ နေရာတစ်ခုကို သူမ တွေ့လိုက်ရပြီး၊ ထိုနေရာတွင် ရပ်တန့်ရန် သူတို့ကို အချက်ပြလိုက်လေသည်။

All Chapters