← Chapters

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း (၁၃၆)

အလွန်အမင်း အေးစက်သော ရာသီဥတု ရုတ်တရက် ရောက်ရှိလာခြင်း (၁)

ယောင်ရန်သည် လုံယု၏ မျှော်လင့်နေသော မျက်ဝန်းများကို ကြည့်လိုက်ပြီးနောက်၊ အောက်ဘက်ရှိ ထမင်းချိုင့်ကို ငုံ့ကြည့်လိုက်လေသည်။ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက်၊ သူမသည် ထမင်းချိုင့်ကို ယူလိုက်ကာ ပြောလေ၏။

"ကျေးဇူးတင်ပါတယ်ရှင်...။"

ပစ္စည်းများ လဲလှယ်ပြီးနောက်၊ သူတို့နှစ်ဦးသည် အခန်းအမှတ် (၂၀၀၁) ၏ တံခါးကို ခေါက်လိုက်ကြ လေသည်။ ယောင်ရန်က ဟင်းသီးဟင်းရွက်များကို သွားရောက်ပေးပို့စဉ်၊ လုံယုမှာမူ ရှီရွှမ်း၊ ဟွမ်ချန်နှင့် ကျားရှန်းတို့နှင့် တစ်စုံတစ်ရာ ဆွေးနွေးရန် သွားခဲ့လေသည်။

ယောင်ရန်သည် အခန်းအမှတ် (၂၀၀၁) ၏ ဧည့်ခန်းတွင် ထိုင်နေရင်း၊ လသာဆောင်မှတစ်ဆင့် အပြင် ဘက်သို့ ငေးကြည့်နေလိုက်၏။

သူမ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဟွမ်ကျိဟွေးသည် သူမ၏ စိုးရိမ်နေသော မျက်ဝန်းများကို မြင်သောအခါ မေးလိုက်လေသည်။

"အစ်မယောင်ရန်...၊ တစ်ခုခုကို စိတ်ပူနေလို့လား...။"

ယောင်ရန်က ခေါင်းယမ်းလိုက်ပြီး ပြန်ဖြေလေသည်။

"ဘာမှမဖြစ်ပါဘူး...။"

အလွန်အမင်း အေးစက်သော ရာသီဥတု ရောက်ရှိလာတော့မည်ဖြစ်ကြောင်း သူမ၌ ခိုင်လုံသော သက်သေမရှိသဖြင့် သူမအား ပြောပြ၍မရချေ။ အကယ်၍ သူမသာ ပြောပြခဲ့လျှင်ပင်၊ ဟွမ်ကျိဟွေး အနေဖြင့် ယုံကြည်မည်လား ဆိုသည်မှာ မေးခွန်းထုတ်စရာပင် ဖြစ်လေသည်။

လုံယု၊ ရှီရွှမ်း၊ ကျားရှန်းနှင့် ဟွမ်ချန်တို့ ဆွေးနွေးပြီး ပြန်လာသောအခါ၊ ဟွမ်ကျိဟွေးနှင့် ယောင်ရန်တို့၏ စကားပြောသံကို ကြားလိုက်ကြရ၏။

သူတို့ ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီးနောက်၊ တန်ချီချီသည် မီးဖိုချောင်မှ ကြော်ထားသော ဟင်းသီးဟင်း ရွက်များနှင့် ဝက်သားခြောက်ဆန်ပြုတ်များ ပါရှိသော လင်ပန်းတစ်ခုကို ယူဆောင်လာခဲ့လေသည်။ သူမသည် လူတိုင်းအတွက် အစားအစာများကို ခူးခပ်ပေးပြီးနောက် ဟွမ်ကျိဟွေး၏ ဘေးတွင် ဝင်ထိုင် လိုက်လေသည်။

ယောင်ရန်မှာ ယခုလေးတင် စားပြီးထားသဖြင့်၊ တန်ချီချီက သူမအား အတူတူ စားလိုသလားဟု မေးသောအခါ၊ သူမ၏ ဖိတ်ကြားချက်ကို ယောင်ရန်က ငြင်းပယ်လိုက်လေသည်။

ဟွမ်ကျိဟွေးသည် စားသောက်နေစဉ်အတွင်း စိတ်အခြေအနေ ကောင်းမွန်နေပြီး ပြောလိုက်လေသည်။

"မိုးလည်း နောက်ဆုံးတော့ တိတ်သွားပြီပဲ...။ ရေတွေ ကျသွားပြီးရင် အရာအားလုံး ပုံမှန်အတိုင်း ပြန် ဖြစ်သွားတော့မှာ မဟုတ်လား...။"

တန်ချီချီက ခေါင်းငြိမ့်ပြရင်း၊

"လမ်းပန်းဆက်သွယ်ရေးတွေ ပြန်ကောင်းလာရင်၊ မိသားစုကို သွားကြည့်ဖို့ ရှို့တူးမြို့ကို ပြန်ချင်သေး တယ်...။"

ထိုစကားကို ကြားသောအခါ လူတိုင်း တိတ်ဆိတ်သွားကြလေသည်။ မိုးတိတ်သွားသောအခါ၊ အသက် အငယ်ဆုံး အဖွဲ့ဝင်နှစ်ဦးမှလွဲ၍ ကျန်လူတိုင်း၏ မျက်နှာတွင် စိုးရိမ်ပူပန်နေသော အမူအရာများ ပေါ်လွင်နေခဲ့လေသည်။

သူတို့၏ မှုန်ကုပ်နေသော မျက်နှာအမူအရာများကို မြင်သောအခါ ဟွမ်ကျိဟွေးက မေးလိုက်လေသည်။

"အစ်ကိုကြီး... ဘာဖြစ်လို့ ဒီလောက်တောင် မျက်နှာမကောင်းဖြစ်နေရတာလဲ...။ မိုးတိတ်သွားတာကို မပျော်ဘူးလား...။"

ဟွမ်ချန်သည် အပြင်ဘက်သို့ ကြည့်လိုက်ရာ ကောင်းကင်ကြီးမှာ တဖြည်းဖြည်း လင်းထိန်လာသည်ကို မြင်လိုက်ရလေသည်။

"တိုင်ဖွန်းမုန်တိုင်း အပြီးမှာ မိုးတွေ သည်းကြီးမည်းကြီး ရွာတယ်...၊ ပြီးတော့ ရေကြီးတယ်... အခု မိုးတိတ်သွားပေမယ့်၊ ပိုပြီး အန္တရာယ်များတဲ့ အရာတစ်ခုခု ဖြစ်လာတော့မယ်လို့ ငါ အမြဲတမ်း ခံစား နေရတယ်...။"

ရှီရွှမ်းက သက်ပြင်းချလိုက်သော်လည်း မည်သည့်စကားမှ မဆိုလာပေ။

ဟွမ်ချန်၏ စကားများကို ကြားပြီးနောက်၊ ဟွမ်ကျိဟွေး၏ အပြုံးမှာ ပျောက်ကွယ်သွားခဲ့လေသည်။ သူမ ဆန်ပြုတ် စားနေစဉ်မှာပင် ရုတ်တရက် နှာချေလိုက်ရာ၊ ဆန်စေ့များမှာ စက်သေနတ် တစ်လက် ကဲ့သို့ ပန်းထွက်သွားတော့သည်။

"ဟတ်ချိုး...။"

"...."

သူမ၏ ဘေးတွင် ထိုင်နေသော ဟွမ်ချန်မှာ ဆန်စေ့စက်သေနတ်၏ ပစ်ခတ်မှုကို ခံလိုက်ရပြီး၊ သူ၏ ချောမောသော မျက်နှာပေါ်တွင် ဆန်စေ့များ ဖုံးလွှမ်းသွားလေသည်။

သူသည် ဆန်စေ့များကို ခါချလိုက်ပြီး စိုးရိမ်သော လေသံဖြင့် မေးလိုက်၏။

"ဟွေးဟွေး...၊ အအေးမိသွားတာလား...။"

ဟွမ်ကျိဟွေးသည် နှာရှုံ့လိုက်ပြီး ခေါင်းယမ်းလိုက်လေသည်။

"မသိဘူး...၊ ဒီနေ့ နည်းနည်း ချမ်းနေသလိုပဲ ခံစားရတယ်...။"

သူမ စကားပြောဆိုပြီးသည်နှင့် တစ်ပြိုင်နက်၊ ထပ်မံ၍ နှာချေလိုက်ပြန်၏။

"ဟတ်ချိုး...။"

ဤတစ်ကြိမ်တွင်မူ ဟွမ်ချန်မှာ အသင့်ဖြစ်နေပြီး လျင်မြန်စွာ တုံ့ပြန်လိုက်လေသည်။ သူသည် စားပွဲ ပုလေးပေါ်မှ လင်ပန်းကို ယူကာ ဆန်စေ့များကို ကာကွယ်လိုက်၏။

ယောင်ရန်သည် မတ်တပ်ရပ်လိုက်ပြီး ပြောလေသည်။

"အိမ်မှာ ကျွန်မ ချင်းစိုက်ထားတယ်...။ အိမ်ပြန်ပြီး လူတိုင်း သောက်ဖို့အတွက် ချင်းလက်ဖက်ရည် တစ်အိုး သွားဖျော်လိုက်ဦးမယ်...။ ဖျားနာသွားရင် မကောင်းဘူးလေ...။"

ထိုသို့ပြောပြီးနောက်၊ သူမသည် အိမ်သို့ ပြန်သွားကာ ချင်းလက်ဖက်ရည် အိုးကြီးတစ်အိုးကို ဖျော် လိုက်လေသည်။ ထို့နောက် သူမသည် ချင်းလက်ဖက်ရည်များကို ဓာတ်ဘူးခုနစ်ဘူးထဲသို့ လောင်းထည့် လိုက်လေ၏။

ဓာတ်ဘူးများကို ကိုင်ဆောင်ကာ ယောင်ရန်သည် အခန်းအမှတ် (၂၀၀၁) သို့ ပြန်လာခဲ့လေသည်။

သူမသည် လုံယုနှင့် အခြားသူများကို ဓာတ်ဘူးတစ်ဘူးစီ ပေးလိုက်ပြီး၊ နောက်ဆုံးတစ်ဘူးကိုမူ စားပွဲပုလေးပေါ်တွင် တင်ထားလိုက်လေသည်။

"ကျိဟွေး...၊ ညစာစားပြီးရင်၊ ဒီချင်းလက်ဖက်ရည်ကို ချွမ်မိသားစုဆီ သွားပို့ပေးပါဦး...။ နောင်အခါမှာ သူတို့နဲ့ ထပ်ပြီး ပူးပေါင်းလုပ်ဆောင်စရာတွေ ရှိလာနိုင်တယ်လေ...။ သူတို့နဲ့ ဆက်ဆံရေးကောင်းတစ်ခု ထိန်းသိမ်းထားတာက ကောင်းလိမ့်မယ်...။"

ဟွမ်ကျိဟွေးက ခေါင်းငြိမ့်ပြကာ ပို၍ မြန်မြန် စားလိုက်လေသည်။ သူမ စားသောက်ပြီးသွားသောအခါ လျင်မြန်စွာ ပန်းကန်များ သွားဆေးလိုက်၏။ ထို့နောက် သူမသည် အင်္ကျီကို ဝတ်ဆင်ကာ ချင်းလက် ဖက်ရည်ကို ယူဆောင်၍ အဖွားချွမ်ထံသို့ သွားရောက်လည်ပတ်ခဲ့လေသည်။

အခြားသူများနှင့် ခဏမျှ စကားစမြည် ပြောဆိုပြီးနောက်၊ ယောင်ရန်နှင့် လုံယုတို့သည် အိမ်သို့ ပြန် လာခဲ့ကြ၏။

အိမ်သို့ ရောက်သောအခါ၊ ယောင်ရန်သည် အပူချိန်ကို စစ်ဆေးကြည့်လိုက်ရာ ဆယ့်ငါးဒီဂရီ စင်တီဂရိတ်သို့ ကျဆင်းသွားကြောင်း တွေ့လိုက်ရလေသည်။

မိုးတိတ်သွားပြီးနောက်၊ အပူချိန်မှာ ပို၍ လျင်မြန်စွာ ကျဆင်းလာခဲ့၏။ လုပ်စရာ မရှိသဖြင့်၊ သူမသည် အပူချိန်ကို အဆက်မပြတ် စစ်ဆေးနေရင်း သူမ၏ နေ့စဉ် လေ့ကျင့်ခန်းများကို စတင်လိုက်လေသည်။

ညဘက်သို့ ရောက်သောအခါ၊ ယောင်ရန်သည် လျှပ်စစ်အပူပေးစက်ကို ဖွင့်လိုက်ပြီး၊ ညအိပ်ဝတ်စုံ အောက်တွင် အပူချိန်ထိန်း အဝတ်အစားကို ဝတ်ဆင်ကာ အိပ်ရာဝင်ခဲ့လေသည်။ သူမ၏ စိုးရိမ် ပူပန်မှုများကြောင့်၊ သူမမှာ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ပျော်နိုင်ဘဲ အချိန်ခဏတိုင်းတွင် နိုးလာခဲ့၏။

နာရီအနည်းငယ် ကြာပြီးနောက်၊ ယောင်ရန်သည် တံခါးခေါက်သံကြောင့် နိုးလာခဲ့လေသည်။

"ယောင်ရန်... ထတော့...။"

သူမ နောက်ဆုံးတွင် နိုးလာသောအခါ၊ ယောင်ရန်သည် သူမ၏ လက်နှင့် ခြေထောက်များ လွန်အမင်း အေးစက်နေသည်ကို ခံစားလိုက်ရ၏။ သူမသည် နံရံတွင် ချိတ်ဆွဲထားသော သာမိုမီတာကို လျင်မြန်စွာ ကြည့်လိုက်လေသည်။ အပူချိန်မှာ အနုတ်ဆယ်ဒီဂရီ စင်တီဂရိတ်သို့ ရောက်ရှိနေကြောင်း ပြသနေ၏။

ယောင်ရန်မှာ ရုတ်တရက် အပူချိန် ကျဆင်းသွားခြင်းအတွက် အံ့အားသင့်မသွားသော်လည်း၊ သူမ အသက်ရှူလိုက်တိုင်း၊ အေးစက်သော လေထုက သူမ၏ အသားများကို ဖြတ်တောက်ကာ အဆုတ် များကို အေးခဲသွားစေသကဲ့သို့ ခံစားလိုက်ရလေသည်။

အအေးဒဏ်ကို မခံနိုင်တော့သဖြင့်၊ ယောင်ရန်သည် သူမ၏ နေရာလွတ် ထဲသို့ ဝင်ရောက်သွားကာ ဗီလာလေးထဲ၌ ပေါ်လာခဲ့လေသည်။

သူမ၏ ခြေထောက်များ ကြမ်းပြင်နှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် နွေးထွေးမှုကို ခံစားလိုက် ရ၏။ ကံကောင်းထောက်မစွာဖြင့်၊ သူမ၏ နေရာလွတ် ထဲရှိ အပူချိန်မှာ ပုံမှန်အတိုင်းပင် ဖြစ်လေသည်။ သူမ၏ လက်များနှင့် ခြေထောက်များကို ပြန်လည် ခံစားသိရှိလာနိုင်ရန် အချိန်အနည်းငယ် ကြာမြင့်ခဲ့ လေသည်။

သူမ ပြန်လည် ကောင်းမွန်လာပြီးနောက်၊ ယောင်ရန်သည် နေရာလွတ် ထဲမှ လျင်မြန်စွာ ထွက်လာခဲ့ပြီး သူမ ပြင်ဆင်ထားသော အနွေးမျက်နှာဖုံး၊ နှင်းတောစီးဖိနပ်များနှင့် နားဖုံးများ အပါအဝင် ဆောင်းရာသီ အဝတ်အစားများကို ဝတ်ဆင်လိုက်လေသည်။

သူမ အိပ်ခန်းထဲမှ ထွက်လာချိန်တွင်၊ လုံယုမှာ သူမ၏ သံတံခါးကိုပင် ချိုးဖျက်တော့မည့် အခြေအနေသို့ ရောက်နေပြီ ဖြစ်၏။

"ယောင်ရန်... ထတော့...၊ ယောင်ရန်...။"

သူ၏ စိုးရိမ်တကြီး အော်ဟစ်နေသော အသံကို ကြားလိုက်ရသဖြင့်၊ သူမသည် တံခါးကို လျင်မြန်စွာ ဖွင့်ပေးလိုက်လေသည်။ သူသည် သူမကို မြင်သည်နှင့် တစ်ပြိုင်နက်၊ အနီးသို့ ဆွဲယူကာ တင်းကြပ်စွာ ဖက်ထားလိုက်၏။

သူသည် သူမကို စက္ကန့်အနည်းငယ်မျှ ဖက်ထားပြီးနောက်၊ သူမ၏ လည်ပင်းတွင် လည်စည်းတစ်ခုကို လျင်မြန်စွာ ရစ်ပတ်ပေးလိုက်ကာ အရွယ်အစားကြီးမားပြီး ထူထဲသော သားမွေးအင်္ကျီရှည် ကြီးတစ် ထည်ကို သူမအား ခြုံပေးလိုက်လေသည်။

လုံယုသည် သူမအား ခေါင်းအစခြေအဆုံး လျင်မြန်စွာ စစ်ဆေးလိုက်ပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်၏။

"ယောင်ရန်...၊ မင်း အဆင်ပြေရဲ့လား...။"

ယောင်ရန်မှာ သူ၏ လုပ်ရပ်များကြောင့် မှင်သက်သွားသော်လည်း ခေါင်းငြိမ့်ပြကာ ခံစားချက်ကင်းမဲ့ စွာဖြင့် ပြောလိုက်လေသည်။

"ကျွန်မ အဆင်ပြေပါတယ်...။"

သူမ၏ အဖြေကို ကြားသောအခါ လုံယုက သက်ပြင်းချလိုက်ပြီး ပြောလေသည်။

"ဘုရားသခင် ကျေးဇူးပဲ...။ မင်း အဆင်ပြေလို့ တော်သေးတာပေါ့...၊ အထဲဝင်ပြီး နွေးနွေးထွေးထွေး နေလိုက်ဦး...။ ငါ ရှီရွှမ်းနဲ့ အခြားသူတွေကို သွားနှိုးလိုက်ဦးမယ်...။"

All Chapters