← Chapters

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း (၁၄၀)

ကာကွယ်ရေးကို မြှင့်တင်ခြင်း

ယနေ့နံနက်တွင် အပြင်ဘက်ရှိ အပူချိန်မှာ အနုတ်နှစ်ဆယ့်နှစ်ဒီဂရီ စင်တီဂရိတ်သို့ ကျဆင်းသွားခဲ့လေ သည်။ အသိဉာဏ်ရှိသူတိုင်း အသက်ရှင်သန်နိုင်ရန်အတွက် အိမ်ထဲတွင်သာ နေထိုင်ရမည်ကို သိကြ၏။ သို့သော်လည်း၊ ဤအခြေအနေမျိုးတွင် လူဟုန်သည် လင်းယွမ်တိုက်ခန်းအဆောက်အအုံကို ကိုယ်တိုင် ကိုယ်ကျ ကင်းလှည့်ရန် ကြိုးပမ်းခဲ့လေသည်။

ယောင်ရန်မှာ သူ၏ ထူးဆန်းသော အပြုအမူအပေါ် သံသယ မဝင်ဘဲ မနေနိုင်တော့ချေ။

လူဟုန်၏ အတိတ်က လုပ်ရပ်များနှင့် ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍၊ တစ်စုံတစ်ခု မှားယွင်းနေ ကြောင်းနှင့် နောက်ကွယ်တွင် ကြီးမားသော အကြံအစည်တစ်ခုခု ရှိနေကြောင်း သူမ သိလိုက်လေ သည်။

ယောင်ရန်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလေသည်။

"ငါတို့ သူ့ကို သတိထားရမယ်...။ အခု ရေတွေ အေးခဲသွားပြီဆိုတော့ ရိက္ခာရှာဖို့ ပိုခက်ခဲသွားပြီလေ...၊ နောက်ဆုံးအကြိမ် ငါတို့ ပြန်လာတုန်းက ပစ္စည်းတွေ အများကြီး ယူလာခဲ့တယ်...။ ပြီးတော့ လူဟုန်က လည်း ငါတို့ကို အမြဲတမ်း စောင့်ကြည့်နေတာဆိုတော့...၊ သူက ငါတို့ကို ပစ်မှတ်ထားဖို့ တခြား အဆောက်အအုံ မန်နေဂျာတွေနဲ့ ပူးပေါင်းချင် ပူးပေါင်းနေမှာ...။"

လုံယုက သူမ၏ စကားကို သဘောတူကာ ပြောလိုက်၏။

"ဒါဆိုရင် ငါတို့ရဲ့ ကာကွယ်ရေးကို မြှင့်တင်ဖို့ နည်းလမ်းတွေ ရှာရမယ်...။"

ယောင်ရန်က ခေါင်းငြိမ့်ပြရင်း၊

"ကောင်းပြီလေ...၊ ဒီကိစ္စကို ရှင့်ကိုပဲ လွှဲထားလိုက်တော့မယ်...။"

အချိန်အနည်းငယ်မျှ စကားပြောဆိုပြီးနောက်၊ သူတို့နှစ်ဦးသည် လမ်းခွဲကာ အိမ်သို့ ပြန်လာခဲ့ကြ လေသည်။

အိပ်ခန်းထဲသို့ ပြန်ရောက်သောအခါ၊ ယောင်ရန်သည် လျှပ်စစ်အပူပေးစက်ကို လျင်မြန်စွာ ဖွင့်လိုက်ပြီး ကျောက်မီးသွေးမီးဖိုကို မီးမွှေးလိုက်လေသည်။ သူမသည် အပူချိန်ကို စစ်ဆေးကြည့်လိုက်ရာ အနုတ် နှစ်ဆယ့်သုံးဒီဂရီ စင်တီဂရိတ်အထိ ကျဆင်းသွားကြောင်း တွေ့လိုက်ရ၏။

အိပ်ခန်းထဲရှိ အပူချိန် တဖြည်းဖြည်း မြင့်တက်လာသောအခါ၊ ယောင်ရန်သည် နေရောင်ခြည်စွမ်းအင် သုံး မီးကို ဖွင့်လိုက်ပြီး သူမ၏ နေရာလွတ် ထဲမှ အာလူးပင်အိုးတစ်အိုးကို ထုတ်ယူလိုက်လေသည်။ ဤအာလူးပင်အိုးမှာ အေးစက်သော အပူချိန်နှင့် ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက်၊ အရွက်များမှာ မျက်စိဖြင့် မြင်တွေ့နိုင်သော အရှိန်ဖြင့် ဝါကျင့်ကျင့်ဖြစ်ကာ ညှိုးနွမ်းသွားတော့သည်။

ယောင်ရန်သည် အာလူးပင်ကို ခဏမျှ အကဲခတ်ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာပင် သူမ၏ သစ် စွမ်းရည်ကို အပင်ထဲသို့ ထည့်သွင်းပေးလိုက်လေသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက်၊ ဝါကျင် ညှိုးနွမ်းနေသော အရွက်များမှာ အကိုင်းအခက်များမှ ကြွေကျသွားပြီး အရွက်သစ်များ ထွက်ပေါ် လာခဲ့လေသည်။

မိနစ်နှစ်ဆယ် ကြာပြီးနောက်၊ မနေ့ကမှ သူမ စိုက်ပျိုးထားသော အာလူးပင်မှာ ရိတ်သိမ်းရန် အသင့်ဖြစ် နေပြီ ဖြစ်သည်။ ယောင်ရန်သည် အာလူးများကို ရိတ်သိမ်းလိုက်ပြီး လုံးဝန်းကာ ဖွံ့ဖြိုးနေသော အာလူး များကို ကြည့်လိုက်လေသည်။ အာလူးတစ်လုံးစီမှာ ဂရမ်ငါးရာမှ ခြောက်ရာကျော်အထိ အလေးချိန်ရှိ ပြီး၊ စုစုပေါင်း ကီလိုဂရမ် နှစ်ဆယ်ခန့် ရှိလေသည်။

ဤရလဒ်ကို မြင်သောအခါ၊ ယောင်ရန်သည် ကျေနပ်စွာ ပြုံးလိုက်လေသည်။ သူမ၌ စွမ်းအင်ရှာဖွေရေး စက်မရှိသော်ငြားလည်း၊ သူမ၏ သစ်စွမ်းအင်မှာ အဆင့်(၁)သို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီကို သူမ သိလေသည်။

အာလူးများကို ထပ်မံစိုက်ပျိုးပြီးနောက်၊ ယောင်ရန်သည် သူမ၏ သစ်သားစွမ်းအင်များ ကုန်ခမ်းသွား သည်အထိ သစ်သားစွမ်းအင်ကို ဆက်လက် လေ့ကျင့်နေလိုက်၏။ ထို့နောက်၊ သူမသည် အာလူးပင်အိုး ကို နေရာလွတ် ထဲသို့ ပြန်လည် ထည့်သွင်းထားလိုက်လေသည်။

နှစ်နာရီအတွင်းမှာပင်၊ သူမသည် အာလူး ကီလိုဂရမ် (၁၂၀) ကို ရိတ်သိမ်းနိုင်ခဲ့လေသည်။

အကယ်၍ သူမသာ သစ်သားနှင့် ရေစွမ်းအင်များကို ဆက်လက် လေ့ကျင့်နေမည်ဆိုပါက၊ အနာဂတ် တွင် လူအများအပြားကို ကျွေးမွေးရန် ပြဿနာရှိမည် မဟုတ်ချေ။ ထိုအချိန်သို့ ရောက်သောအခါ၊ သမ္ဗာန်တော်ကြီး ကို တိုက်ခိုက်ရန် သူမကိုယ်ပိုင် အင်အားစုတစ်ခုကိုပင် ဖွဲ့စည်းနိုင်ကောင်း ဖွဲ့စည်းနိုင် ပေလိမ့်မည်။

သူမ၏ သစ်စွမ်းအင် လေ့ကျင့်မှုတွင် ရလဒ်ကောင်းများ ရရှိပြီးနောက်၊ ယောင်ရန်သည် နေရာလွတ် ထဲမှ အရွယ်အစား အလွန်ကြီးမားသော ပုံးအချို့ကို ထုတ်ယူလိုက်လေသည်။ ထို့နောက်၊ သူမသည် ပုံးများကို ဧည့်ခန်းထဲသို့ ရွှေ့ပြောင်းကာ သူမ၏ ရေစွမ်းအင်ကို စတင် လေ့ကျင့်တော့သည်။

လက်ရှိအပူချိန် အနုတ်နှစ်ဆယ့်သုံးဒီဂရီ စင်တီဂရိတ်တွင်၊ သူမ၏ ရေစွမ်းအင်ဖြင့် ရေကို ဖန်တီး လိုက်သည်နှင့် တစ်ပြိုင်နက် ရေခဲအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်၏။

ယနေ့ ယောင်ရန်၏ လေ့ကျင့်ရေး အစီအစဉ်မှာ ရေ၏ ပုံသဏ္ဌာန်ကို ထိန်းချုပ်ကာ ရေခဲတုံး အမြောက် အမြား ပြုလုပ်ရန်ပင် ဖြစ်သည်။ အလွန်အမင်း ပူပြင်းသော ရာသီဥတု ရောက်ရှိလာသောအခါ၊ သူမ၏ နေ့စဉ် အသုံးပြုမှုအတွက် ရေခဲများစွာ လိုအပ်မည်ဖြစ်ရာ၊ ယခုအချိန်မှာ ရေခဲတုံးများ ပြုလုပ်ရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်လေသည်။

သူမသည် စွမ်းအင်ထိန်းချုပ်မှုကို တိုးတက်စေရန် လေ့ကျင့်နိုင်ရုံသာမက၊ ရေခဲတုံးများကိုလည်း ပိုမို သိုလှောင်ထားနိုင်မည် ဖြစ်သည်။ ဤသို့ဖြင့် သူမသည် အချိန်ကုန်သက်သာစေပြီး တစ်ချက်ခုတ် နှစ်ချက်ပြတ် အကျိုးကျေးဇူး ရရှိနိုင်ပေသည်။

သူမ၏ စွမ်းအင်များကို နောက်တစ်ဆင့်သို့ လျင်မြန်စွာ တိုးတက်စေရန် ခိုင်မာသော စိတ်ပိုင်းဖြတ်ချက် ဖြင့်၊ ယောင်ရန်သည် လေ့ကျင့်မှုအပေါ်တွင်သာ အာရုံစိုက်နေလိုက်လေသည်။

ယောင်ရန် ပြင်းပြင်းထန်ထန် လေ့ကျင့်နေစဉ်အတွင်း၊ လုံယုသည် သူ၏ မိတ်ဆွေများကို သွားရောက် ရှာဖွေခဲ့လေသည်။

နွေးထွေးသော ဧည့်အိပ်ခန်းထဲတွင် ထိုင်နေရင်း၊ လုံယုသည် သူ၏ မိတ်ဆွေများကို ကြည့်ကာ ပြောလိုက်လေသည်။

"အခုလေးတင် ချွမ်ယွမ်ဝေ့ ရောက်လာပြီး လူဟုန်က တခြား အဆောက်အအုံ မန်နေဂျာတွေနဲ့ ပူးပေါင်း နေတယ်လို့ ယောင်ရန်နဲ့ ငါ့ကို လာပြောသွားတယ်...။ သူက ကြီးမားတဲ့ အကြံအစည်တစ်ခုခုကို စီစဉ် နေပုံရတယ်...။"

"မနေ့ညက စင်္ကြံလမ်းမှာ နေတဲ့သူတွေနဲ့ သက်ကြီးရွယ်အို အများစု သေဆုံးသွားကြတယ်...။ လူဟုန်က သူ့လူတွေကို ဦးဆောင်ပြီး တစ်အိမ်တက်ဆင်း ကင်းလှည့်ခဲ့တယ်...။ အိမ်ရှင် သေဆုံးသွားတာကို တွေ့ ရင်၊ သူတို့က တံခါးကို ဖျက်ဆီးပြီး ရိက္ခာတွေကို လုယူကြတယ်...။"

"သူတို့ လုပ်ခဲ့တာတွေကို ကြည့်ရရင်၊ အဆောက်အအုံတွေကြားက ငြိမ်းချမ်းရေးနဲ့ မျှတမှုက မကြာခင် မှာ ပျက်စီးသွားတော့မှာပဲ...။ အဲဒီအချိန်ကျရင် ငါတို့က လူဟုန်ရဲ့ ပထမဆုံး ပစ်မှတ် ဖြစ်လာနိုင် တယ်...။"

ကျားရှန်းသည် လုံယု၏ စကားများကို ကြားပြီးနောက် ပြောလိုက်လေသည်။

"ခေါင်းဆောင်...၊ ချွမ်ယွမ်ဝေ့ကို အပူအာရုံခံစက်တွေ လုပ်ခိုင်းပြီး လှေကားတွေနဲ့ ပြတင်းပေါက်တွေ ပတ်လည်မှာ တပ်ဆင်ထားဖို့ တောင်းဆိုသင့်သလား...။ အနည်းဆုံးတော့ တစ်ယောက်ယောက် ငါတို့ကို လာတိုက်ခိုက်တဲ့အခါ၊ တိုက်ပွဲအတွက် ပြင်ဆင်ဖို့ အချိန်ရသေးတာပေါ့...။"

ထိုစကားကို ကြားသောအခါ ရှီရွှမ်းက ခေါင်းငြိမ့်ပြရင်း၊

"ကျားရှန်းရဲ့ အကြံပြုချက်ကို ငါ သဘောတူတယ်...။"

လုံယုသည် ဟွမ်ချန်ကို ကြည့်ကာ မေးလိုက်၏။

"ဟွမ်ချန်...၊ မင်း ဘယ်လိုထင်လဲ...။"

ဟွမ်ချန်သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလေသည်။

"အပူအာရုံခံစက် မတပ်ဆင်ခင်မှာ၊ လျှပ်စစ်ဓာတ်အား ပြန်လည် ထုတ်လုပ်ဖို့ နည်းလမ်း ရှာသင့်တယ် မဟုတ်ဘူးလား...။"

လုံယုက ခဏမျှ တွေးတောလိုက်ပြီးနောက် ပြောလေ၏။

"ချွမ်ယွမ်ဝေ့အနေနဲ့ လျှပ်စစ်ဓာတ်အား ပြန်လည် ထုတ်လုပ်နိုင်မယ့် အရာတစ်ခုခုကို ပြုလုပ်နိုင်မလား ဆိုတာ သူ့ကို သွားမေးကြည့်လို့ရမယ်လို့ ထင်တယ်...။ တကယ်လို့ သူ လုပ်နိုင်ရင်၊ အပူအာရုံခံစက် လုပ်ပေးဖို့လည်း တောင်းဆိုလို့ ရတာပေါ့...။ သေချာတာပေါ့...၊ သူ လုပ်ပေးတဲ့အတွက် သူ့ကို ငါတို့ အခကြေးငွေ ပေးရမှာပေါ့...။"

"လူဟုန်ကိစ္စကရော...၊ သူ့ကို တစ်ခုခု လုပ်သင့်သလား...။" ကျားရှန်းက မေးလိုက်လေသည်။

လုံယုက ခေါင်းယမ်းလိုက်ပြီး၊

"လောလောဆယ်တော့ အခြေအနေကို စောင့်ကြည့်ရုံပဲ လုပ်ကြတာပေါ့...။"

"ပထမဆုံးအနေနဲ့၊ လူဟုန်ရဲ့ လှုပ်ရှားမှုတွေနဲ့ တခြား အဆောက်အအုံ မန်နေဂျာတွေနဲ့ ဘာတွေ စီစဉ်နေ လဲဆိုတဲ့ သတင်းအချက်အလက်တွေကို စုဆောင်းဖို့ လိုတယ်...။ သတင်းအချက်အလက် အလုံအ လောက် ရပြီဆိုမှ ဘာဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်လို့ ရမှာပေါ့...။"

ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်၊ ရှီရွှမ်း၊ ကျားရှန်းနှင့် ဟွမ်ချန်တို့ အားလုံးက သဘောတူညီကြောင်း ခေါင်းငြိမ့်ပြလိုက်ကြလေသည်။

သူတို့သည် တန်ပြန်တိုက်ခိုက်ရေး အစီအစဉ်များကို ခဏမျှ ဆွေးနွေးပြီးနောက်၊ ရှီရွှမ်းသည် အပူအာရုံ ခံစက်များနှင့် လျှပ်စစ်ဓာတ်အား ပြန်လည် ထုတ်လုပ်ရေး ကိစ္စရပ်များကို ပြောဆိုရန် ချွမ်ယွမ်ဝေ့ထံသို့ သွားခဲ့လေသည်။

မွန်းလွဲပိုင်းတွင် ရှီရွှမ်း ပြန်ရောက်လာပြီး သူတို့ နောက်ထပ် အစည်းအဝေး တစ်ခု ထပ်မံ ပြုလုပ်ခဲ့ကြ လေသည်။

သူ၏ မိတ်ဆွေများကို ကြည့်ရင်း ရှီရွှမ်းက ပြောလေသည်။

"ချွမ်ယွမ်ဝေ့က လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့အတွက် သူ့ရဲ့ စက်ဘီးဟောင်းကို ပြုပြင်ပြောင်းလဲနိုင် တယ်လို့ ပြောတယ်...။ ပြီးတော့ အပူအာရုံခံစက် သုံးခုလည်း လုပ်ပေးနိုင်တယ်တဲ့...။ ဒါပေမဲ့၊ အဲဒီ ပစ္စည်းတွေနဲ့ လဲလှယ်ဖို့အတွက် သူက အစားအစာ ကီလိုဂရမ် နှစ်ဆယ် တောင်းဆိုထားတယ်...။"

All Chapters