← Chapters

တာအိုနှင့် အင်မော်တယ်ကျင့်စဉ်

Vol. 2 Ch. 12

တာအိုနှင့် အင်မော်တယ်ကျင့်စဉ်

Vol. 2 Ch. 12

အရာအားလုံးသည် ဝေဝါးနေပြီး အိပ်မက်ဆန်နေသကဲ့သို့ ရှိသည်။ ဝမ်ရှန်းသည် တစ်ကိုယ်လုံး ရီဝေနေကာ တစ်ခုခု မှားယွင်းနေသကဲ့သို့ ခံစားနေရသည်။ သူ၏ ကိုယ်တွင်းရှိ စွမ်းအင်များ လျင်မြန်စွာ ပြည့်လျှံသွားပြီး အကြောများမှာလည်း အနည်းငယ် ဖောင်းကြွနာကျင်နေသော်လည်း မျက်ခွံများက အလွန်လေးလံနေသဖြင့် မျက်စိပင် မဖွင့်နိုင်တော့ပေ။

သူသည် အစောပိုင်းကတည်းက တရားထိုင်ရာမှ သဘာဝအတိုင်း နိုးထလာခဲ့သော်လည်း သူ၏ဆရာနှင့် စီနီယာအစ်မတို့သည် တရားထိုင်နေဆဲဖြစ်သည်ကို တွေ့ရသဖြင့် အနေရခက်သလို ခံစားခဲ့ရသည်။ ကောင်းကင်နှင့် မြေကြီး၏ ပထမဆုံးသော နိုးထခြင်းစွမ်းအင်များက ဆက်လက်စီးဆင်းနေဆဲဖြစ်ရာ သူလည်း မနေနိုင်ဘဲ နောက်တစ်ကြိမ် တရားထိုင်ကာ ချီစွမ်းအင်များကို လည်ပတ်စေခဲ့မိသည်။ ယခု သူသည် လောဘကြီးခဲ့မိသဖြင့် အကျိုးဆက်ကို ခံစားနေရပြီဟု တွေးမိသည်။ သူလုပ်ဆောင်ခဲ့သည်မှာ အလွန်အကျွံဖြစ်ပြီး အဓိပ္ပာယ်မဲ့လုနီးပါးပင်။

ဝမ်ရှန်းသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ ခြေလက်များသည် ထူထဲလှသော ဂွမ်းစောင်များဖြင့် အထပ်ထပ်ပတ်ထားသကဲ့သို့ ခံစားရပြီး လှုပ်ရှားမှုများက ထုံထိုင်းနှေးကွေးနေသည်။ အကယ်၍ အချိန်မီ လှမ်း၍ တွဲကူပေးခဲ့သော နူးညံ့သည့် လက်တစ်ဖက်သာ မရှိလျှင် သူသည် မတ်တတ်ရပ်ရန်ပင် ရုန်းကန်နေရပေလိမ့်မည်။

“စီနီယာအစ်မ...”

“ရှူး”

သူ၏ စီနီယာအစ်မက နောက်ဘက်သို့ ညွှန်ပြလိုက်သည်။

ချင်ယန်ဇီသည် လရောင်အောက်တွင် တရားထိုင်ကျင့်ကြံနေဆဲဖြစ်သည်။ သူ၏ ကိုယ်ပေါ်တွင် ဖျော့တော့သော အပြာရောင် အလင်းတန်းလေးများမှာ တစ်ချက်ချက် လှိုင်းထသကဲ့သို့ ရွေ့လျားနေသည်။ ဝမ်ရှန်းသည် ဆရာဖြစ်သူကို ဝန်းရံထားသော ထိုစွမ်းအင်လှိုင်းများကို ကြည့်ရင်း အံ့ဩမဆုံး ဖြစ်နေမိသည်။

“ဆရာက ဒီအတိုင်းနဲ့ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်ကို ရောက်သွားတာလား”

ချင်ယန်ဇီကို လွှမ်းခြုံထားသော အရှိန်အဝါနှင့် နဖူးအလယ်ရှိ အနည်းငယ် ဖောင်းကြွနေမှု ၊ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အော်ရာနှင့် ချီအမျှင်တန်းလေးများ၊၊ ဤအချက်များအားလုံးသည် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း ထင်ရှားသော လက္ခဏာများ ဖြစ်ကြသည်၊၊

ကျင့်ကြံခြင်းအခြေခံတွင် အဆင့်သုံးဆင့် ရှိသည်- ချီစုစည်းခြင်းအဆင့် ၊ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်နှင့် အမြုတေဖွဲ့စည်းခြင်းအဆင့်…၊၊

အစစ်မှန်ချီ အဆီအနှစ်အမျှင်တန်းကို ပထမဆုံး စတင်စုစည်းနိုင်သောအခါ ချီစုစည်းခြင်းအဆင့်သို့ ရောက်ရှိပြီဟု သတ်မှတ်နိုင်ပြီး ၎င်းသည် တာအိုကျင့်ကြံသူတစ်ဦး၏ ခရီးစဉ်ကို တရားဝင် စတင်လိုက်ခြင်းလည်း ဖြစ်သည်၊၊

ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်အာရုံ စတင်ဖြစ်ပေါ်လာပြီး သန္ဓေသား အသက်ရှူခြင်းကို စတင်နိုင်ပြီဆိုပါက ထိုကျင့်ကြံသူသည် လူသားတို့၏ ကန့်သတ်ချက်များကို ကျော်လွန်သွားကာ အစားအစာ သို့မဟုတ် စိတ်ခံစားမှုဆိုင်ရာ အနှောင်အဖွဲ့များ မလိုအပ်တော့ပေ၊၊ ထိုအခါမှသာ စစ်မှန်သော ကျင့်ကြံသူဟု ယူဆနိုင်ခြင်း ဖြစ်သည်၊၊

ကောင်းကင်နှင့် မြေကြီး၏ ပထမဆုံးနိုးထခြင်းသည် ထူးခြားလှသော်လည်း အဆုံးသတ်တွင် ၎င်းသည် ကမ္ဘာဦးချီအချို့ကိုသာ သန့်စင်ပေးနိုင်သည်၊၊ ၎င်းနှင့် တစ်ရက်ကျင့်ကြံခြင်းသည် သာမန်ကျင့်ကြံမှု တစ်လ သို့မဟုတ် နှစ်လစာခန့်နှင့်သာ ညီမျှသည်၊၊ အလွန်ရှားပါးလှသော်လည်း ၎င်းတစ်ခုတည်းဖြင့် အဆင့်တစ်ဆင့်ကို ကျော်ဖြတ်ရန်မှာ မဖြစ်နိုင်ပေ၊၊

တစ်ခုတည်းသော အကြောင်းပြချက်မှာ ချင်ယန်ဇီသည် ဆယ်စုနှစ်ပေါင်းများစွာ ကြိုတင်ကျင့်ကြံထားခဲ့ပြီး တာအိုပညာ၏ စိတ်ပိုင်းဆိုင်ရာနှင့် အဆင့်အတန်းနှစ်ခုစလုံးတွင် နက်ရှိုင်းသောအခြေအနေသို့ ရောက်ရှိနေခြင်းကြောင့် ဖြစ်သည်၊၊ ယခုညသည် သူ၏ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်သို့ တက်လှမ်းရန် တွန်းအားတစ်ခုဖြစ်စေခဲ့သည်၊၊

၎င်းအပြင် သူ၏ အရှိန်အဝါသည်လည်း အံ့အားသင့်ဖွယ်နှုန်းဖြင့် စုစည်းကာ ကြီးထွားလာနေသည်၊၊

ဝမ်ရှန်းသည် ဆရာအတွက် ဝမ်းသာရုံမှတစ်ပါး အခြားမရှိပေ၊၊ လွန်ခဲ့သော နှစ်ဝက်က သူ မထင်မှတ်ဘဲ ရရှိခဲ့သည့် အခွင့်အလမ်းအတွက်လည်း ကံကောင်းသည်ဟု ခံစားနေရသည်၊၊

သူသည် ခြံဝင်းတံခါးဘက်သို့ ညွှန်ပြကာ မိမိ၏ စီနီယာအစ်မအား ဓားရေးလေ့ကျင့်မည့် အမူအရာ ပြလိုက်သည်၊၊

မုဝမ်ရွှမ်း မျက်တောင်ခတ်လိုက်သည်၊၊ သူ၏ ဂျူနီယာမောင်လေးက အဘယ်ကြောင့် သန်းခေါင်ယံတွင် ဓားရေးလေ့ကျင့်ချင်နေသည်ကို နားမလည်သော်လည်း သူမ၏ အကျင့်အတိုင်း အားပေးသည့် အမူအရာ ပြလိုက်သည်၊၊

ဝမ်ရှန်းသည် ခန္ဓာကိုယ်အတွင်း ပြည့်လျှံနေသော ချီအဆီအနှစ်အချို့ကို အသုံးချရန်အတွက် ခုနှစ်စင်ကြယ်ဓားအစီအရင်ကို အသုံးပြုလိုခြင်း ဖြစ်သည်၊၊ ထိုအတိုင်း လွှတ်ထားပါက နောက်ဆက်တွဲပြဿနာများ ဖြစ်လာမည်ကို သူ စိုးရိမ်နေသည်၊၊

ခြံဝင်းတံခါးမှ အနည်းငယ်ဝေးသော နေရာသို့ သွားပြီးနောက် ဝမ်ရှန်းသည် မျက်လုံးမှိတ်ကာ ခဏမျှ အာရုံစူးစိုက်လိုက်သည်၊၊ သူ့လက်ရှိ သစ်သားဓားသည် အနည်းငယ် တုန်ခါသွားပြီး ဓားသွားပေါ်တွင် သေးငယ်သော အက်ကြောင်းများ စတင်ပေါ်လာသည်၊၊

မျှော်လင့်ထားသည့်အတိုင်းပင် သာမန်သစ်သားဓားသည် အစစ်အမှန်ချီ၏ အားဖြည့်မှုကို မခံနိုင်ပေ၊၊

ဓားကို အနေအထားပြင်ပြီး ခုနှစ်စင်ကြယ်ပုံစံအတိုင်း ဓားရေးကျင့်စဉ်ကို စတင်လိုက်သည်၊၊ အံ့သြဖွယ်ကောင်းသည်မှာ သူ၏ လှုပ်ရှားမှုများနောက်ကွယ်မှ နက်နဲမှုသည် လွန်ခဲ့သော တစ်ရက်ကထက် များစွာ ကွာခြားနေခြင်းပင် ဖြစ်သည်၊၊

သူ၏ လှုပ်ရှားမှုများသည် ပိုမိုချောမွေ့လာပြီး ဓားကွက်များလည်း ပို၍မြန်ဆန်လာသည်၊၊ တစ်ချက်တွင်မူ သူကိုယ်တိုင်ပင် မသိလိုက်ဘဲ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည့် ပုံရိပ်ယောင်များပင် ကျန်ရစ်ခဲ့သည်၊၊

ဓားကွက်များတစ်ကျော့ လေ့ကျင့်ပြီးနောက် သူ၏ အစစ်အမှန်ချီများ အနည်းငယ် လျော့နည်းသွားသလို ခံစားရသည်၊၊ သို့သော် သေချာစစ်ဆေးကြည့်သောအခါ မိမိ၏ အစစ်အမှန်ချီများသည် သိသိသာသာ ပို၍ သိပ်သည်းကျစ်လျစ်သွားသည်ကို ဝမ်ရှန်း သတိပြုမိလိုက်သည်၊၊

သူ၏မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်လျှံသွားသည်၊၊

အစစ်အမှန်ချီများ လျော့နည်းသွားခြင်းမှာ ကုန်ခမ်းသွားခြင်းကြောင့်မဟုတ်ဘဲ ပိုမို သန့်စင်သွားခြင်းကြောင့်သာ ဖြစ်သည်၊၊

သူ၏ အရင်ဘဝတွင် ဤကဲ့သို့သော တာအိုပညာမျိုးကို သူ တစ်ခါမျှ မကြုံဖူးပေ၊၊ ခုနှစ်စင်ကြယ်ဓားအစီအရင်သည် ဤကဲ့သို့ အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဟုလည်း သူ မမျှော်လင့်ထားခဲ့ပေ၊၊

ဝမ်ရှန်းသည် တင်ပလ္လင်ခွေထိုင်ကာ စိတ်ကို ငြိမ်သက်စေပြီး ချီစွမ်းအင်ကို လှည့်ပတ်လိုက်သည်၊၊ ကောင်းကင်နှင့် မြေကြီး၏ ပထမဆုံးနိုးထခြင်းမှ ကျန်ရှိနေသော အကြွင်းအကျန်များကို အသုံးချကာ သူသည် သွေးကြောများကို အစစ်အမှန်ချီများဖြင့် ပြန်လည်ဖြည့်တင်းပြီး ဓားသိုင်းကို ဆက်လေ့ကျင့်လိုက်သည်၊၊

သူသည် ထိုဖြစ်စဉ်အတွင်း နစ်မျောနေခဲ့ရာ မိုးသောက်ချိန် ရောက်လာသည်ကိုပင် မသိလိုက်ပေ၊၊ တစ်ချိန်က ညင်သာခဲ့သော ညလေညင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားသောအခါမှ သူသည် ကောင်းကင်ကို နောက်ကျမှ မော့ကြည့်မိသည်၊၊ အနောက်ဘက် ကောင်းကင်ယံသို့ နစ်ဝင်တော့မည့် လပြည့်ဝန်းကြီးသည် ပုံမှန်အရွယ်အစားသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သည်၊၊

ဤရူးသွပ်ဖွယ်ကောင်းသော ညသည် နောက်ဆုံးတွင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်၊၊

ပင်ပန်းနွမ်းနယ်နေသော ဝမ်ရှန်းသည် သမ်းဝေလိုက်သည်၊၊ သူ့ကိုယ်ထံတွင် စီးဆင်းနေသော အစစ်အမှန်ချီ၏ ကြွယ်ဝမှုသည် မြစ်ကြီးတစ်စင်းကဲ့သို့ ဖြစ်သည်ကို သူ ခံစားနေရသည်၊၊ သူသည် ခပ်တိုးတိုး ရယ်လိုက်မိသည်၊၊

တစ်ညတာ ကျင့်ကြံမှုသည် အရင်ဘဝက နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ အားထုတ်ခဲ့မှုထက် သာလွန်သော ရလဒ်များကို ရရှိစေခဲ့သည်၊၊ ဤရလဒ်များသည် ကောင်းကင်နှင့် မြေကြီး၏ ပထမဆုံးနိုးထမှုကြောင့် ရရှိသည့် အကျိုးကျေးဇူးများ ၊ ပြည့်စုံသော တာအိုအမွေအနှစ် ၊ ဆရာဖြစ်သူက အစပိုင်းတွင် သွေးကြောများ ပိတ်ဆို့မှုကို ရှင်းလင်းပေးခဲ့သည့် အကူအညီနှင့် ခုနှစ်စင်ကြယ်ဓားအစီအရင်၏ မမျှော်လင့်ထားသော အကျိုးသက်ရောက်မှုများကြောင့် ဖြစ်သည်၊၊

ဝမ်ရှန်းလည်း သူသည် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိရန် နီးကပ်နေသည်ကို တွေ့ရသဖြင့် အံ့သြသွားသည်၊၊

သို့သော် သူသည် အဆင်အခြင်မဲ့စွာ ရှေ့တိုးမသွားပေ၊၊ ဆရာဖြစ်သူနှင့် စီနီယာအစ်မတို့နှင့် နှိုင်းယှဉ်ပါက သူမည်မျှအထိ နောက်ကျနေသည်ကို ကောင်းစွာ သိရှိနေသဖြင့် ကျင့်ကြံခြင်း အဆင့်သုံးဆင့်၏ အခြေခံများကို ပိုမို ပြည့်စုံအောင် အချိန်ပေးရန် ဆုံးဖြတ်လိုက်သည်၊၊ ခိုင်မာသော အခြေခံသည် နောင်အနာဂတ်တွင် သူ၏ ကျင့်ကြံမှုကို ပိုမိုချောမွေ့လွယ်ကူစေမည် ဖြစ်သည်၊၊

လွန်ခဲ့သော နှစ်ဝက်ခန့်ကသာဖြစ်ခဲ့ပါက အရင်ဘဝမှ ပြန်လည်ရောက်ရှိလာခါစ စိတ်ဓာတ်ဖြင့် သူသည် တစ်ညလုံး မအိပ်ဘဲ အဆင့်တက်ရန်နှင့် အစွမ်းထက်လာရန်သာ အသည်းအသန် ကြိုးစားနေမည် ဖြစ်သည်၊၊

ယခုမူ သူ့တွင် ဖေးမကူညီမည့် ဆရာနှင့် စီနီယာအစ်မ ရှိနေပြီဖြစ်သဖြင့် ဝမ်ရှန်းသည် ချက်ချင်းရရှိမည့် အကျိုးအမြတ်ထက် ရေရှည်ဖွံ့ဖြိုးမှုကို စဉ်းစားလာနိုင်ပြီ ဖြစ်သည်၊၊ အမှန်စင်စစ် ကောင်းကင်နှင့် မြေကြီး၏ ပထမဆုံး နိုးထမှုမှ အကျိုးအမြတ်ရရှိခဲ့သည်မှာ သူတို့ချည်းပဲ မဟုတ်ပေ၊၊

ကမ္ဘာမြေကြီးကဲ့သို့ ကျယ်ပြောသော ဂြိုဟ်ပေါ်တွင် အခြားသော ကျင့်ကြံသူများသည်လည်း တာအိုအမွေအနှစ်ကို ထိန်းသိမ်းထားကြမည်မှာ အသေအချာပင် ဖြစ်သည်၊၊ ထိုထူးခြားသော ဖြစ်ရပ်သည် တစ်ညလုံးနီးပါး ကြာမြင့်ခဲ့သဖြင့် လူအများအပြားအား အခွင့်အရေးများ ပေးခဲ့သည်၊၊ ပို၍ အရေးကြီးသည်မှာ ထိုဖြစ်ရပ်ပြီးနောက်တွင် ကမ္ဘာဦးချီများသည် ကမ္ဘာမြေပေါ်သို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာခြင်းပင် ဖြစ်သည်၊၊

၎င်းသည် ခေတ်သစ်တစ်ခု၏ အာရုဏ်ဦးပင်ဖြစ်သည်၊၊

ကောင်းကင်ဘုံ အလင်းရောင်ဖြင့် ခင်းကျင်းထားသော လမ်းတစ်ခုသည် ဝမ်ရှန်း၏ ခြေဖဝါးအောက်တွင် ဆန့်တန်းနေသည်၊၊ သို့သော် ထိုလမ်းကို အနှောင့်အယှက်မရှိ ဖြတ်သန်းနိုင်ရန်အတွက် သူသည် သူ၏ ဓားဖြင့် ကာကွယ်ရမည် ဖြစ်သည်၊၊ သူသည် ဆရာနှင့် စီနီယာအစ်မကိုသာ အမြဲ အားကိုးနေ၍ မရဘဲ သူ၏ ကိုယ်ပိုင်အစွမ်းအစသည်သာ အရေးအကြီးဆုံး ဖြစ်သည်၊၊

မနက်ခင်း နေရောင်ခြည်က အရှေ့တောင်ဘက် တောင်ထိပ်များကို လင်းထိန်စေသောအခါ ဝမ်ရှန်းသည် သစ်သားဓားကို ကိုင်ကာ မတ်တတ်ရပ်ပြီး ဝူတန်းတောင်တန်း၏ မြူဆိုင်းနေသော မြင်ကွင်းကို ငေးကြည့်သည်၊၊ သူ့ထံတွင် တာအိုတရားများ ပြည့်လျှံနေသကဲ့သို့ သူရဲကောင်းဆန်သော အငွေ့အသက်များလည်း ထွက်ပေါ်နေသည်၊၊

ချင်ယန်ဇီသည် သုံးရက်ဆက်တိုက် တရားထိုင်ခဲ့သည်၊၊ သူ နိုးလာသောအခါ သူ၏ အရှိန်အဝါသည် နူးညံ့သော စမ်းချောင်းလေးတစ်ခုကဲ့သို့ အပြင်သို့ လှိုင်းထလာပြီး ပတ်ဝန်းကျင်တွင် သေးငယ်သော လေပွေလေးများကို ဖြစ်ပေါ်စေသည်၊၊

ဝမ်ရှန်းသည် ခြံဝင်းတံခါးအနီးတွင် ခေါင်းမော့ကာ ထိုင်နေသည်၊၊ တစ်ကိုယ်လုံး စောင်ဖြင့် လုံခြုံစွာ ပတ်ထားပြီး သူသည် ခပ်တိုးတိုး ဟောက်နေသည်၊၊ ပြီးခဲ့သည့် သုံးရက်ပတ်လုံး သူသည် တစ်စုံတစ်ယောက်က မထင်မှတ်ဘဲ ရောက်ရှိလာကာ ဆရာဖြစ်သူ၏ ကျင့်ကြံမှုကို နှောင့်ယှက်မည် စိုးသဖြင့် တံခါးအနီးတွင်သာ ဓားသိုင်းလေ့ကျင့်ပြီး ညဘက်တွင်လည်း ထိုနေရာ၌ပင် အိပ်စက်ခဲ့ခြင်း ဖြစ်သည်၊၊

ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော အစစ်အမှန်ချီများက သူ့ကို အအေးဒဏ်မှ ကာကွယ်ပေးထားသဖြင့် အေးစိမ့်သော ညလေအေးဒဏ်ကို သူ မခံစားရပေ၊၊

ချင်ယန်ဇီ၏ မျက်လုံးများတွင် ကျေနပ်သည့် အရိပ်အယောင်များ တွေ့ရသည်၊၊ သူသည် တံခါးအနီးသို့ တိတ်တဆိတ် လမ်းလျှောက်သွားပြီး ဝမ်ရှန်း၏ ပုခုံးကို ညင်သာစွာ ပုတ်ကာ နွေးထွေးစွာ ပြောလိုက်သည်၊၊

‘’ရှန်းလေး… အထဲကို ပြန်သွားပြီး ကောင်းကောင်း အနားယူလိုက်ပါဦး’’

‘’ဆရာ... နိုးပြီလား’’

ဝမ်ရှန်းက အိပ်ချင်မူးတူးဖြင့် ရေရွတ်လိုက်သည်၊၊

ချင်ယန်ဇီက ပြုံးလျက် ခေါင်းညိတ်ပြသည်၊၊

‘’သွားအိပ်တော့၊၊ မင်း အနားယူလို့ ပြီးပြီဆိုရင် ငါ မင်းနဲ့ မင်းရဲ့ စီနီယာအစ်မကို ပြောစရာ အရေးကြီးတဲ့ အကြောင်းအရာတစ်ခုရှိတယ်’’

ဝမ်ရှန်း သည် သမ်းဝေကာ မျက်လုံးများကို ပွတ်လိုက်သည်၊၊ ဆရာဖြစ်သူ ဘာအကြောင်းပြောလိုသည်ကို သူ ခန့်မှန်းနိုင်သည်၊၊ ၎င်းမှာ ကျင့်ကြံခြင်း အစပျိုးခြင်းအကြောင်းပင် ဖြစ်သည်၊၊

ဆရာဖြစ်သူ၏ မျက်နှာပေါ်မှ ဖုံးကွယ်မထားနိုင်သော ပျော်ရွှင်မှုကို မြင်သောအခါ ဝမ်ရှန်းလည်း ဘာမှ ထပ်မပြောတော့ပေ၊၊ သူသည် စောင်ကို ပိုက်ကာ အဓိက အခန်းထဲသို့ လိမ္မာစွာ ပြန်ဝင်သွားသည်၊၊

အတွင်းခန်းတွင် စီနီယာအစ်မသည် ထူထဲသော စောင်အောက်၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်၊၊ ဝမ်ရှန်းသည် သူ၏ အိပ်ရာခင်းကို မနေ့ကမှ သူမကို ပေးခဲ့ခြင်း ဖြစ်သည်၊၊ ခန္ဓာကိုယ်အတွင်း အစစ်အမှန်ချီများ အဆက်မပြတ် စီးဆင်းနေသဖြင့် အအေးဒဏ်ကို သူ မကြောက်တော့သလို နွေးထွေးသော မြေကြီးခုတင်ပေါ်၌ ပျင်းရိစွာ လှဲနေရန်လည်း အကြောင်းမရှိတော့ပေ၊၊ သို့သော်လည်း ထိုနေရာကို စွန့်ခွာရန် အနည်းငယ် တွန့်ဆုတ်နေမိသေးသည်၊၊

ခဏအကြာတွင် ချင်ယန်ဇီသည် အခန်းထဲသို့ ဝင်လာပြီး အိပ်ပျော်နေသော တပည့်များကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်သည်၊၊ ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့၏ ကျင့်ကြံခြင်း ခရီးစဉ်ကို စတင်နေပြီဖြစ်ကြောင်း သူ မြင်နေရသည်၊၊ ၎င်းတို့၏ တိုးတက်မှုမှာ မတူညီသော အကြောင်းပြချက်များကြောင့် အဆင့်တူညီနေခြင်း ဖြစ်သည်၊၊

မုဝမ်ရွှမ်းသည် ပုံမှန်အလေ့အကျင့်များအတိုင်းသာ ရှိနေသည်၊၊ သူမသည် နေ့စဉ် ခဏမျှ တရားထိုင်သည်၊၊ အခြေခံ လှုပ်ရှားမှုအချို့ကို လေ့ကျင့်သည်၊၊ ထို့နောက် အချိန်များကို ငေးမောရင်း သို့မဟုတ် စာဖတ်ရင်း ၊ အိပ်စက်ရင်းသာ ကုန်ဆုံးစေသည်၊၊ သူမသည် ခန္ဓာကိုယ်အတွင်းမှ အပြောင်းအလဲများကို သတိပြုမိခြင်း မရှိသလောက်ပင် ဖြစ်သည်၊၊

ဝမ်ရှန်းကတော့ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျင့်ကြံခြင်းကို အသည်းအသန် အာရုံစိုက်ခဲ့ပြီး စီနီယာအစ်မ၏ တိုးတက်မှုကို အမီလိုက်ရန် ကြိုးစားနေခြင်း ဖြစ်သည်၊၊ သို့သော်လည်း ချင်ယန်ဇီကမူ ၎င်းတို့ နိုးလာ၍ သူ၏ ပို့ချချက်များကို နားထောင်ပြီးပါက မုဝမ်ရွှမ်းသည် ဝမ်ရှန်းကို ပြန်လည်ကျော်တက်သွားလိမ့်မည်ဟု ခန့်မှန်းထားသည်၊၊

ဝမ်ရှန်း၏ ခန္ဓာကိုယ်အတွင်း အစစ်အမှန်ချီများသည် အဆက်မပြတ် စီးဆင်းနေသည်၊၊ ထို့ကြောင့် သုံးနာရီ၊ လေးနာရီခန့် အိပ်စက်ရရုံဖြင့် သူသည် လန်းဆန်းစွာ နိုးလာသည်၊၊ အပြင်မထွက်မီ သူသည် ပို၍သပ်ရပ်စေရန် တာအိုဝတ်စုံကို သေချာဝတ်ဆင်လိုက်သည်၊၊

ခြံဝင်းအတွင်း၌ မုဝမ်ရွှမ်းသည် လက်သီးသိုင်းကို လေ့ကျင့်နေပြီး ချင်ယန်ဇီကမူ ခြံစည်းရိုးတံတိုင်းပေါ်တွင် ရပ်ကာ အဝေးသို့ ငေးကြည့်နေသည်၊၊

ဝမ်ရှန်း ထွက်လာသောအခါ ချင်ယန်ဇီ က ခေါ်လိုက်သည်၊၊

‘’မင်းတို့ နှစ်ယောက်လုံး ငါနဲ့ လိုက်ခဲ့’’

“အွန်း”

မုဝမ်ရွှမ်းက ခဏနားလိုက်ပြီး လှုပ်ရှားမှုကို အဆုံးသတ်လုပ်ကာ သူမ၏ အရှိန်အဝါကို ပြန်သိမ်းလိုက်သည်၊၊ ထို့‌‌နောက် သူမသည် ဝမ်ရှန်းကို ကြည့်ကာ တခစ်ခစ် ရယ်လိုက်သည်၊၊

အကြောင်းတစ်ခုခုကြောင့် စီနီယာအစ်မသည် အရင်ကထက် ပို၍ လှပလာသည်ဟု သူ ထင်နေမိသည်၊၊ သေသေချာချာ ကြည့်လိုက်သောအခါ သူမ၏ အသားအရေသည် တကယ်ကို ပို၍ နုပျိုစိုပြည်လာခြင်းပင် ဖြစ်သည်၊၊

လူအများအပြားသည် ကျင့်ကြံခြင်းကို အဘယ်ကြောင့် ဤမျှ စွဲလမ်းကြသနည်းဟူသည်မှာ မဆန်းတော့ပေ၊၊ သေဘေးကို ကြောက်သူများက အသက်ရှည်လိုကြပြီး ရုပ်ရည်မက်မောသူများကမူ ထာဝရနုပျိုမှုကို လိုလားကြသည်၊၊ ကျင့်ကြံခြင်း၏ အကျိုးကျေးဇူးများသည် ငြင်း၍မရနိုင်အောင် ဆွဲဆောင်မှု ရှိလှသည်၊၊ သို့သော် ကျင့်ကြံခြင်းဆိုသည်မှာ ကြိုးစားအားထုတ်မှု ၊ ကျွမ်းကျင်မှု ၊ ကြွယ်ဝမှု ၊ မိတ်ဆွေများနှင့် နေရာ အစရှိသော အချက်များ ပေါင်းစပ်ရန် လိုအပ်သည်၊၊ ၎င်းသည် လိုချင်ရုံမျှဖြင့် ရနိုင်သောအရာ မဟုတ်ပေ၊၊

သူတို့ သုံးဦးသည် ချင်ယန်ဇီ၏ အခန်းငယ်လေးထဲသို့ ဝင်လာကြသည်၊၊ နှစ်သစ်ကူးကာလနှင့် နှိုင်းယှဉ်ပါက အခန်းသည် သန့်ရှင်းနေသည်၊၊ ၎င်းသည် သေသေသေချာချာ သန့်ရှင်းရေးလုပ်ကာ စီစဉ်ထားခြင်း ဖြစ်သည်မှာ ထင်ရှားသည်၊၊

ခုတင်ပေါ်တွင် ဝမ်ရှန်းတပည့်ခံစဉ်က ထုတ်ခဲ့သည့် သံချေးတက်နေသော သံသေတ္တာနှင့် သူအလွတ်ရနေသည့် တာအိုကျမ်းစာအုပ်တို့ ရှိနေသည်၊၊

ချင်ယန်ဇီက သူတို့နှစ်ဦးကို ခုတင်ဘေးတွင် ထိုင်ရန် အမူအရာပြပြီး သူကိုယ်တိုင်မှာမူ သစ်သားထိုင်ခုံလေးပေါ်တွင် ထိုင်လိုက်သည်၊၊ သူ၏ တောက်ပသော မျက်လုံးများက ၎င်းတို့ကို အကဲခတ်နေသည်၊၊

‘’အဟမ်း၊၊ တာအိုလောကကြီးက ပြောင်းလဲတော့မယ်၊၊ မင်းတို့ နှစ်ယောက်လည်း အခုလို အဆုံးအဖြတ်ပေးမယ့် အချိန်မှာ ဒီနေရာမှာ ရှိနေတာ အရမ်းကံကောင်းတယ်၊၊ ဒီခေတ်သစ်ကြောင် ကမ္ဘာမြေပေါ်မှာ နှစ်ပေါင်းတစ်ထောင်လောက် တည်တံ့ခဲ့တဲ့ တာအိုအမွေအနှစ်တွေ တဖန်ပြန်တောက်ပလာတော့မယ်”

မုဝမ်ရွှမ်းသည် မျက်တောင်ခတ်ရင်း အရာအားလုံးကို နားလည်သကဲ့သို့ ခေါင်းညိတ်ပြသည်၊၊

ချင်ယန်ဇီက ရယ်လိုက်သည်၊၊

“ရွှမ်းလေး… ငါပြောတာကို မင်း တကယ်နားလည်လို့လား’’

မုဝမ်ရွှမ်း ချက်ချင်းပင် ခေါင်းခါပြကာ ဝမ်ရှန်းကို အသံတိတ် တွန်းလိုက်သည်၊၊

ဝမ်ရှန်းက အမြန်မေးလိုက်သည်၊၊

‘’ဆရာ၊၊ ဆရာ ပြောချင်တာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့ အပြောင်းအလဲတွေလား”

‘’ဟုတ်တယ်’’

ချင်ယန်ဇီ သက်ပြင်းတစ်ချက် ညင်သာစွာ ချလိုက်သည်၊၊ သူ၏ အကြည့်များတွင် ဝမ်းနည်းမှု အနည်းငယ်နှင့် စိတ်သက်သာရာရမှုတို့ ရောယှက်နေသည်၊၊

‘’တာအိုကျင့်ကြံသူတွေ ဖြစ်တဲ့အတွက် ငါတို့က ပြောင်းလဲလာတဲ့ ခေတ်နှင့်အညီ လိုက်လျောညီထွေနေထိုင်ရမယ်’’

ဝမ်ရှန်းသည် ဆရာဖြစ်သူ၏ တင်းကျပ်သော အမူအရာကို ကြည့်ကာ မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားသည်၊၊

“လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ခန့်ကဆိုရင် ကမ္ဘာ့နေရာအနှံ့အပြားမှာ ကျင့်ကြံခြင်းအတတ်ပညာတွေ ထွန်းကားခဲ့ဖူးတယ်။ လောကီရေးရာတွေကို စိတ်ကုန်လို့ လူသူဝေးရာ တောင်တန်းကြီးတွေထဲမှာ အခြေချနေထိုင်ကြတဲ့ ကျင့်ကြံသူတွေဟာ တကယ်တော့ သာမန်လူတွေ မဟုတ်ကြဘူး၊၊

သူတို့ဟာ တိမ်တွေကို စီးနင်းနိုင်သလို၊ တောင်ကြီးတွေကို ရွှေ့ပစ်နိုင်ပြီး ပင်လယ်တွေကိုတောင် ဖို့ပစ်နိုင်တဲ့အထိ အစွမ်းထက်ကြတယ်။ ကောင်းကင်ဘုံနဲ့ပါ ဆက်သွယ်နိုင်တဲ့အပြင် ဓားပညာ၊ အဆောင်မန္တန်တွေ၊ ဝိညာဉ်တွေကို စေခိုင်းနိုင်တဲ့ အစွမ်းထက်ပညာရပ်ပေါင်းစုံကိုလည်း ပိုင်ဆိုင်ထားကြတယ်။ ဒီလို တာအိုအတတ်ပညာရပ် အသီးသီးမှာ ထူးချွန်ပြောင်မြောက်လွန်းတာကြောင့် သူတို့ကို လူသားတွေက နတ်ဘုရားတွေလိုပဲ အလေးအမြတ်ထားပြီး ကိုးကွယ်ခဲ့ကြတယ်”

ချင်ယန်ဇီက စကားကို ခဏရပ်လိုက်ပြီးနောက် စိတ်လှုပ်ရှားမှုအပြည့်နဲ့ ဆက်ပြောလိုက်သည်၊၊

“အခုတော့... အဲဒီလိုခမ်းနားတဲ့ ခေတ်သစ်ကြီးက ငါတို့ဆီ ပြန်ရောက်လာခဲ့ပြီ”

All Chapters