ဝမ်ရှန်းသည် ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကြောင့် ဒုတိယအကြိမ်မြောက် အသက်ရှင်ခွင့်ရရှိခဲ့သည့် ကံကောင်းသောဝိညာဉ်တစ်ခုဖြစ်သည်။ သူသည် အရင်ဘဝတွင် သေဆုံးသွားခဲ့ပြီးနောက် အတိတ်ဘဝမှ မှတ်ဉာဏ်များအားလုံးကို ထိန်းသိမ်းထားလျက် သူ၏ ငယ်ဘဝခန္ဓာကိုယ်ထဲ၌ ပြန်လည်နိုးထလာခဲ့သည်။ အရင်ဘဝတုန်းက ကျင့်ကြံခြင်းအဆင့်နိမ့်ပါးမှုကြောင့် ဂိုဏ်းစတားရန်ပွဲတစ်ခုအတွင်း သေဆုံးခဲ့ရပုံကို သူ ကောင်းကောင်းမှတ်မိနေသည်။ သူသည် အတိတ်ဘဝတုန်းက အချိန်အတော်များများကို အင်တာနက်ကဖေးများတွင် အချိန်ဖြုန်းရင်း အလဟဿကုန်ဆုံးစေခဲ့သူဖြစ်သည်။ ယခုဘဝတွင်မူ ဝမ်ရှန်းသည် အင်တာနက်ပေါ်မှ ပေါက်ကရကျင့်စဉ်များကို အားကိုးခြင်းမျိုး မလုပ်တော့ဘဲ... စနစ်တကျ ကျင့်ကြံအားထုတ်ခြင်းဖြင့် သူ၏ ကံကြမ္မာကို အပြီးတိုင်ပြောင်းလဲပစ်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် မတူညီသော ဂိုဏ်းအသီးသီးမှပညာရှင်များထံတွင် လမ်းညွှန်မှုခံယူရင်း ကျင့်ကြံခြင်းလောက၏ ထူးခြားဆန်းကြယ်မှုများသာမက... ထိုလောကအတွင်းရှိ အန္တရာယ်များနှင့် မကောင်းဆိုးဝါးများအကြောင်းကိုပါ စတင်သိရှိလာခဲ့သည်။ ယခုအခါ ကျင့်ကြံခြင်းလောကထဲသို့ ခြေစုံပစ် ဝင်ရောက်လာပြီဖြစ်ရာ... ဝမ်ရှန်းသည် သူ၏ အတိတ်ဘဝမှ မှတ်ဉာဏ်များကို အသုံးချ၍ အမှားများကို ပြုပြင်ကာ ကျင့်ကြံခြင်းလောက၏ ဘေးအန္တရာယ်များကြားတွင် အောင်မြင်စွာ လျှောက်လှမ်းနိုင်ပါ့မလား ဆိုတာကတော့...။

