← Chapters

ငါးဖမ်းခြင်း

Vol. 8 Ch. 71

ငါးဖမ်းခြင်း

Vol. 8 Ch. 71

“ကျွန်တော်တို့က ချစ်သူတွေပါ… ကျောင်းက စုံတွဲတွေပါ”

ရဲအရာရှိတစ်ဦးက တည်ငြိမ်စွာ ပြန်ပြောသည်၊၊

“ဒါက မင်းတို့စကားပဲလေ… ကျောင်းသားကတ်ရော ရှိလား၊၊ ဒီအခန်းကို ငှားထားတဲ့ မှတ်ပုံတင်က မင်းဟာ မဟုတ်လား၊၊ ငါတို့ စစ်ကြည့်ပြီးပြီ၊၊ မင်းမှာ အရင်ကလည်း ပြစ်မှုမှတ်တမ်းရှိတယ်၊၊ မင်းပြောတာကို ငါတို့က ဘယ်လိုယုံရမှာလဲ”

“ဘာ၊၊ ကျွန်တော့်မှာ ဘာမှတ်တမ်းမှ မရှိပါဘူး၊၊ ကျွန်တော် ဘာမှလည်း မလုပ်ခဲ့ဘူး...”

“စခန်းကို လိုက်ခဲ့… ဟိုရောက်မှပြော”

ထိုသူကို ပြန်ပြောခွင့်မပေးဘဲ ရဲအရာရှိများက ကျွမ်းကျင်စွာပင် ဖမ်းဆီးလိုက်ကြပြီး အဝတ်အစားအချို့ကို သူ့ထံ ပစ်ပေးလိုက်သည်၊၊ မိန်းကလေးမှာမူ စောင်ဖြင့် ကိုယ်ကိုပတ်ကာ အဝတ်လဲရန် ရေချိုးခန်းထဲသို့ အပြေးအလွှားဝင်သွားသည်၊၊

မိနစ်အနည်းငယ်အကြာတွင် ရဲများက ဖရိုဖရဲဖြစ်နေသော ထိုသူကို ဟိုတယ်အပေါက်ဝမှ ခေါ်ထုတ်လာကြသည်၊၊ သူ၏ မျက်နှာမှာ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသည်၊၊

မျက်လုံးများ နီမြန်းပြီး ဖောင်းအစ်နေသော မိန်းကလေးမှာလည်း နောက်မှ လိုက်ပါလာပြီး အခြားရဲကားတစ်စီးပေါ်သို့ တက်သွားသည်၊၊

ဟိုတယ်ဧည့်ခန်းထဲတွင် ဝမ်ရှန်းက အေးအေးလူလူပင် မဂ္ဂဇင်းတစ်အုပ်ကို ဖတ်ရင်း အချိန်ဖြုန်းနေသည်၊၊ သူ၏ ဝိညာဉ်အသိစိတ်မှာမူ ထိုသူ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေသည်၊၊

ဘူဒိုဇာက ဟိုတယ်တာဝန်ခံကို ညွှန်ကြားချက်အချို့ ပေးလိုက်သည်၊၊ ထို့နောက် သူက ဝမ်ရှန်းအနားသို့ ချဉ်းကပ်သွားရာ ဝမ်ရှန်းကလည်း ဘာမှမဖြစ်သလို ထရပ်လိုက်ပြီး SUVကားတစ်စီးဆီသို့ အတူတူထွက်လာခဲ့ကြသည်၊၊

ကားထဲ ရောက်သည်နှင့် ဘူဒိုဇာက ဝမ်ရှန်းကို ကြည့်ကာ ပြုံးလိုက်သည်၊၊

“ဟားဟား၊၊ သူတို့ခေါင်းဆောင်ကို ဖမ်းမိသွားပြီဆိုတော့ ကျန်တဲ့လူတွေကိုလည်း မနက်ဖြန်လောက်ဆိုရင် အကုန် ဖမ်းမိမှာပါ”

ဝမ်ရှန်းက ပြုံးရုံသာ ပြုံးပြလိုက်သည်၊၊ ခဏအကြာတွင် သူသည် ဖုန်းထုတ်ကာ စီနီယာအစ်မထံ မက်ဆေ့ခ်ျပို့ပြီး ချီဝမ်ကို သတိထားစောင့်ကြည့်ရန်နှင့် ထူးခြားလျှင် ချက်ချင်း အသိပေးရန် မှာကြားလိုက်သည်၊၊

“သူ့နောက်ကြောင်းကိုရော သိရပြီလား”

“ကျောင်းမှာ စုံစမ်းကြည့်ပြီးပြီ၊၊ သူ့နာမည်က ဂျိတျန်းလင်၊ တက္ကသိုလ် တတိယနှစ်ကျောင်းသားပဲ၊၊ ကျောင်းကွန်ရက်အသုံးပြုမှုအရ ကြည့်ရင်တော့ သူက အခန်းထဲမှာပဲ နေတတ်တဲ့သူမျိုး၊၊ ဂိမ်းဆော့ဖို့အတွက် စာသင်ချိန်တွေကို ခဏခဏ ပျက်တတ်တဲ့ သာမန်ကျောင်းသားတစ်ယောက်ပါပဲ”

“သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကိုလည်း စောစောက အတည်ပြုပြီးပြီ၊၊ သူက ချီစုစည်းခြင်း နောက်ဆုံးအဆင့်မှာ ရှိနေတော့ အတော်လေး အန္တရာယ်ရှိနိုင်တယ်၊၊ ကံကောင်းတာက သူက ငါတို့ကို မသိဘဲနဲ့ အမှားအယွင်းတစ်ခုခုကြောင့် အဖမ်းခံရတာလို့ပဲ ထင်နေတာ”

“နားလည်ပြီ၊၊ ကျွန်တော့်ဓားရော ပါလာလား”

ဘူဒိုဇာက ခေါင်းညိတ်ပြသည်၊၊

“ကားနောက်ခန်းထဲမှာ ရှိတယ်၊၊ ဘာလို့လဲ တိုက်ပွဲဖြစ်လာမှာလား”

“ကြိုတင်ကာကွယ်ထားတာပါ” ဝမ်ရှန်းက ပြန်ဖြေသည်၊၊

“သူတို့အဖွဲ့က အွန်လိုင်းကနေ ချိတ်ဆက်နေကြတာဆိုတော့ သူ့ဖုန်းကို အရင်ယူထားလိုက်၊၊ ဖုန်းထဲက အချက်အလက်တွေ ကြည့်ပြီးရင်တော့ စစ်မေးဖို့ လို၊မလို သိရမှာပါ”

“စိတ်ချပါ… ငါစီစဉ်လိုက်ပါ့မယ်”

ဘူဒိုဇာ ချက်ချင်းပင် အလုပ်စလိုက်သည်၊၊

သူတို့သည် ကီလိုမီတာအနည်းငယ် မောင်းနှင်ပြီးနောက် ရဲစခန်းသို့ ရောက်ရှိလာကြသည်၊၊ လူရှင်းသည့် နေရာတစ်ခုတွင် ကားရပ်ပြီး အစီအစဉ်များ ညှိနှိုင်းပြီးနောက် ဝမ်ရှန်းနှင့် ဘူဒိုဇာတို့လည်း ကားပေါ်မှ ဆင်းလိုက်ကြသည်၊၊

တာဝန်ကျ ရဲအရာရှိအချို့နှင့်အတူ သူတို့သည် စစ်ကြောရေးခန်းအပြင်ဘက်ရှိ စောင့်ကြည့်ရေးအခန်းသို့ သွားလိုက်ကြသည်၊၊ မှန်တစ်ဖက်မှတစ်ဆင့် ဂျိတျန်းလင်ကို သူတို့ မြင်နေရသည်၊၊

ဖရိုဖရဲဖြစ်နေသော်လည်း ဂျိတျန်းလင်သည် အတော်လေး ပူးပေါင်းဆောင်ရွက်နေပုံရသည်၊၊ သူသည် ရဲများကို ပြန်လည်တိုက်ခိုက်ခြင်းမျိုး မရှိပေ၊၊ သူသည် ဘောင်းဘီတိုနှင့် အကျီကို ဝတ်ကာ စိတ်ပျက်လက်ပျက်ထိုင်နေသည်၊၊ သူ့နဖူးကို အဆက်မပြတ်ပွတ်နေပြီး ဒီနေ့ ဘယ်လောက်ကံဆိုးကြောင်း ညည်းတွားနေလေသည်၊၊

သူသည် ဘာဖြစ်နေသည်ကို မသိသေးဘဲ သူ့ကို မှားယွင်းဖမ်းဆီးခြင်း ဖြစ်သည်ဟုသာ ထင်နေဆဲဖြစ်သည်၊၊

ဘူဒိုဇာက ဝမ်ရှန်းဘက်သို့ လှည့်ကြည့်သည်၊၊

“တာအိုဆရာဝမ်၊၊ သူ့ဖုန်းကို စစ်ဆေးဖို့ ပို့ထားတယ်၊၊ မိနစ်အနည်းငယ်အတွင်း သိရပါလိမ့်မယ်၊၊ နောက်ထပ် ဘာလုပ်ကြမလဲ”

“အတွေ့အကြုံရှိတဲ့ အရာရှိနှစ်ယောက်လောက် ခေါ်ပေးပါ”

ဝမ်ရှန်းက ပြန်ဖြေသည်၊၊

“ထူးခြားတဲ့ အခြေအနေမှာ ထူးခြားတဲ့ နည်းလမ်းတွေ သုံးရလိမ့်မယ်၊၊ သူ့ကို နည်းနည်းလောက် ခြောက်ကြည့်ပြီး ငါးကြီးကြီးတစ်ကောင်လောက်မိမလား ကြည့်ကြရအောင်”

“ကောင်းပြီ”

ဘူဒိုဇာက ခေါင်းညိတ်ကာ စစ်ဆေးမေးမြန်းရာတွင် ကျွမ်းကျင်သူများကို သွားရှာလိုက်သည်၊၊

မကြာခင်မှာပင် သက်ကြီးပိုင်း ရဲအရာရှိနှစ်ဦးက ဝမ်ရှန်းထံ ရောက်လာသည်၊၊ ဝမ်ရှန်းက အကျိုးအကြောင်းရှင်းပြလိုက်သောအခါ ထိုအရာရှိနှစ်ဦးမှာ အနည်းငယ် အကျပ်တွေ့သွားပုံရသော်လည်း ခေါင်းညိတ်သဘောတူလိုက်ကြသည်၊၊

လူတစ်ယောက်ကို ခြောက်လှန့်ရုံမျှသာ ဖြစ်သဖြင့် သူတို့အတွက် မခက်ခဲလှပေ၊၊

ထိုအရာရှိနှစ်ဦးသည် တည်ကြည်သော မျက်နှာအမူယာဖြင့် စစ်ကြောရေးခန်းထဲသို့ ဝင်သွားကြသည်၊၊ သူတို့၏ စကားသံများကို အပြင်မှ ရှင်းရှင်းလင်းလင်းကြားနေရသည်၊၊

“ဆရာ၊၊ ကျွန်တော် တကယ်ပဲ အပျော်ရှာတာ မဟုတ်ပါဘူး၊၊ အဲဒါ ကျွန်တော့်ရည်းစားပါ”

“မင်းရည်းစား ဟုတ်လား၊၊ ဒါဆို သူ့မွေးနေ့က ဘယ်တော့လဲ၊၊ မင်းတို့ ဘယ်တုန်းက စတွဲကြတာလဲ၊၊ ငါ မင်းကို ပြောပြလိုက်မယ်… သူက အကုန်ဝန်ခံပြီးပြီ”

“ကျွန်တော်... ကျွန်တော်...”

“ဘာဖြစ်တာလဲ မဖြေနိုင်ဘူးလား၊၊ ငါ ထင်တဲ့အတိုင်းပဲ၊၊ မင်းတို့လို ချမ်းသာတဲ့ ကလေးတွေက မိဘတွေဆီမှာ ပိုက်ဆံရှိတိုင်း ကြိုက်တာလုပ်လို့ ရတယ် ထင်နေတာလား၊၊ ဒီတစ်ခါတော့ မရတော့ဘူး၊၊ မင်းမိဘတွေရဲ့ ဖုန်းနံပါတ် ပေးစမ်း”

“ကျွန်တော့် မိဘတွေက နယ်မှာပါ... ဆရာ၊၊ ကျွန်တော် တကယ် အဲဒီလိုလုပ်တာ မဟုတ်ပါဘူး၊၊ ကျွန်တော်က...”

ဂျိတျန်းလင် စကားဆက်မပြောတော့ဘဲ ရဲအရာရှိနှစ်ဦးကို ဝေခွဲမရစွာ ကြည့်နေသည်၊၊ ထို့နောက် ခေါင်းငုံ့ကာ သက်ပြင်းကို အကြိမ်ကြိမ်ချနေတော့သည်၊၊ အပျော်ရှာသည်ဟု ဝန်ခံရမည်လား သို့မဟုတ် သူ့နောက်ကွယ်မှ အဖွဲ့အစည်းအကြောင်း ပြောရမည်လားဆိုသည်ကို သူ ဝေခွဲမရဖြစ်နေပုံရသည်၊၊

“ကျွန်တော် တကယ် အဲဒီလိုမလုပ်ခဲ့ပါဘူး”

“အချိန်မဖြုန်းနဲ့တော့ မိဘတွေကို အခုဖုန်းခေါ်စမ်း”

“ကျွန်တော့် မိဘတွေက နယ်မှာပါ...”

“ဒါဆိုရင် မင်းရဲ့ ကျောင်းက ဆရာကို ဖုန်းခေါ်”

“ညနက်သန်းခေါင်ကြီးလေ ဆရာရယ်၊၊ ကျွန်တော် အပြစ်ပေးတာ ခံပါ့မယ်၊၊ ဒါပေမဲ့ ဘယ်သူ့ကိုမှတော့ ဖုန်းမဆက်ပါနဲ့၊၊ ကျွန်တော် တကယ် အဲဒီလိုမလုပ်ခဲ့ပါဘူး၊၊ ဒီသတင်းက ကျောင်းကို ရောက်သွားရင် ကျွန်တော် ကျောင်းမှာ ဆက်နေလို့ ရတော့မှာ မဟုတ်ဘူး...”

စစ်ဆေးမေးမြန်းမှုမှာ တစ်ဖက်နှင့်တစ်ဖက် အလျှော့မပေးဘဲ ဖြစ်နေသည်၊၊

ရဲအရာရှိတစ်ဦးက ထိုင်ခုံနှစ်လုံး ယူလာပေးသဖြင့် ဝမ်ရှန်းက အေးအေးလူလူပင် ထိုင်ကာ စစ်ဆေးမေးမြန်းမှုအဖြေကို စောင့်နေလိုက်သည်၊၊

၁၀မိနစ်အကြာတွင် ဘူဒိုဇာက ဂျိတျန်းလင်၏ ဖုန်းကို ယူဆောင်လာသည်၊၊ သူသည် လေးနက်သော အမူယာဖြင့် ဝမ်ရှန်းကို တစ်စုံတစ်ခုကို တီးတိုးပြောလိုက်ရာ ဝမ်ရှန်း၏ မျက်နှာအနည်းငယ်ပျက်သွားသည်၊၊

“ဂျိတျန်းလင်ရဲ့ ဖုန်းထဲက YouChat Group ၄ခု ကို တွေ့ရတယ်၊၊ ပြီးတော့ လွန်ခဲ့တဲ့ လအနည်းငယ်က ဖြစ်ခဲ့တဲ့ လုယက်မှုတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေပါဝင်တဲ့ Chat Historyကိုလည်း တွေ့ထားတယ်”

ဘူဒိုဇာ၏ အသံက ပိုတိုးသွားပြီး ဝမ်ရှန်း၏ မျက်နှာမှာလည်း ပို၍ လေးနက်သွားသည်၊၊

ဘူဒိုဇာက စကားဆက်ရန် တွန့်ဆုတ်နေသဖြင့် ဝမ်ရှန်းကတိုက်တွန်းလိုက်သည်၊၊

“နောက်ထပ် ဘာရှိသေးလဲ၊၊ ပြောဖို့ အဆင်မပြေရင်လည်း မပြောပါနဲ့”

“YouChat Groupတွေရဲ့ ဆက်စပ်မှုအရ အဓိကအဖွဲ့ဝင်တွေထဲမှာ ချီဝမ်လည်း ပါနေပုံရတယ်”

ဘူဒိုဇာက သက်ပြင်းချလိုက်သည်၊၊

“ပိုဆိုးတာက သူမက အဲဒီအဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်နေတာပဲ”

ခေါင်းဆောင် ဟုတ်လား…၊၊ ငါ့ရဲ့ ဂျူနီယာညီမလေးကလား…၊၊

ခဏမျှ ဝမ်ရှန်း ခေါင်းကိုက်သွားသည်၊၊

အကယ်၍ ချီဝမ်က ကျင့်ကြံချင်တယ်ဆိုရင် သူမအဖေဆီကို သွားလို့ ရတာပဲ၊၊ ချင်ယန်ဇီက သူမကို ရတနာတစ်ခုလို သဘောထားပြီး ကူညီပေးမှာ သေချာတယ်၊၊

ဒါပေမဲ့ သူမက သူမဖခင်အကြောင်း ဘာမှ မသိတာလည်း ဖြစ်နိုင်ပေသည်၊၊

ကမ္ဘာဦးချီများ ပြန်လည်နိုးထလာချိန်တွင် တာအိုပညာရပ်တတ်ကျွမ်းသူများအနေနဲ့ သာမန်လူတွေကို လှည့်စားဖို့က အလွန်လွယ်ကူလှပေသည်၊၊

“သူ့ဖုန်းကို ပြန်ပေးပြီး သူ့ကို အာမခံပေးမယ့်သူကို ဖုန်းခေါ်ခိုင်းလိုက်ပါ၊၊ ဘယ်သူရောက်လာမလဲဆိုတာ ကြည့်ကြတာပေါ့”

အကယ်၍ ချီဝမ်သာ တကယ်ပါဝင်ပတ်သက်နေသည်ဆိုရင် ဝမ်ရှန်းအနေနဲ့ သူမကို အရင်ဆုံး ကာကွယ်ပေးရလိမ့်မည်၊၊ ကျန်သည့် ကိစ္စများကိုတော့ သူ့ဆရာပြန်လာမှပဲ ရှင်းရလိမ့်မည်၊၊

ဘူဒိုဇာက ရဲအရာရှိတစ်ဦးကို ခေါ်ကာ စစ်ကြောရေးခန်းထဲရှိ အရာရှိများထံ ဖုန်းကို ပေးခိုင်းလိုက်သည်၊၊

နောက်ထပ် နာရီဝက်အကြာတွင် ဂျိတျန်းလင် စိတ်ဓာတ်ကျသွားပြီး တစ်စုံတစ်ယောက်ထံ ဖုန်းခေါ်လိုက်သည်၊၊ ဘယ်လိုပဲဖြစ်ဖြစ် သူသည် ကျောင်းမပြီးသေးသည် ကျောင်းသားတစ်ယောက်သာဖြစ်လေသည်၊၊

မနက် ၄ နာရီခွဲ ရှိနေပြီဖြစ်သည်၊၊ ဝမ်ရှန်းက ဖုန်းပြောနေချိန်တွင် ဂျိတျန်းလင်၏ ရိုကျိုးပြီး ကြောက်ရွံ့နေသည့် အမူအရာကို သတိထားကြည့်နေမိသည်၊၊ ဒီတစ်ခါတော့ သူ ငါးကြီးကြီးတစ်ကောင်ကို ချိတ်မိပြီဟု ခံစားလိုက်ရသည်၊၊

“ကျွန်တော့်ကို ကားသော့ပေးပါ”

ဝမ်ရှန်းက ဘူဒိုဇာကို ပြောလိုက်သည်၊၊

“ဘာဖြစ်လို့လဲ တာအိုဆရာဝမ်၊၊ ဘယ်သွားမလို့လဲ၊၊ ငါလိုက်ပို့ပေးမယ်လေ”

“ရပါတယ်” ဝမ်ရှန်းက ပုယန်ထံမှ သော့ကို ယူလိုက်သည်၊၊

“ကျွန်တော့်ရဲ့ အခြားတစ်ဝက်ကို သွားပြန်ယူမလို့ပါ”

ဝမ်ရှန်း အပြင်သို့ ထွက်သွားသောအခါ အခန်းထဲရှိ ရဲအရာရှိများလည်း အချင်းချင်းနားမလည်နိုင်သလို ကြည့်ကာ ကျန်ခဲ့ကြလေသည်၊၊

All Chapters