← Chapters

အခန်း ၁၅၅

Vol. 12 Ch. 155

အခန်း ၁၅၅

Vol. 12 Ch. 155

အပိုင်း(၁၅၅)

ကွမ်ယင် ထွက်ခွာသွားသောအခါ ကျင်းချီသည် ပြတ်သားသော မျက်နှာအမူအရာဖြင့် ကျန်းလျိုအနီးသို့ ချဉ်းကပ်လာကာ ပြောလိုက်သည်။

"ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာတော်... ကျွန်တော် ကျင်းချီ အတိုင်းမသိ ရှက်မိပေမယ့်… ဒီဘဝမှာ ဆရာတော်ပေးတဲ့ ဘယ်အမိန့်ကိုမဆို နာခံပါ့မယ်လို့ ကတိပြုပါတယ်... ကျွန်တော့်ရဲ့ အရိုးဆွေးကြီးတွေကို ပေးဆပ်ရမယ်ဆိုရင်တောင် အသက်နဲ့လဲပြီး ပြန်ဆပ်ဖို့ ဆန္ဒရှိပါတယ်..."

ကျန်းလျိုကို ရင်ဆိုင်ရချိန်တွင် သူ၏ ရင်ထဲ၌ ရှက်ရွံ့မှုများဖြင့် ပြည့်နှက်နေသော်လည်း ကျေးဇူးတင်စိတ်က ပို၍ ကြီးမားနေလေသည်။

"ကျွန်တော်တို့ ကိုယ်စား တောင်းပန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာတော်..."

ကျင်းချီ၏ စကားအပြီးတွင် ဝက်ဝံနက် မိစ္ဆာက ဦးဆောင်၍ ဝန်းရံနေသော မိစ္ဆာများကလည်း ဝင်ရောက် ပြောဆိုလိုက်ကြသည်။

အကယ်၍ ကျန်းလျိုကသာ သူတို့ကိုယ်စား ဝင်ရောက်မပြောပေးခဲ့လျှင် ယနေ့ ဗောဓိသတ် ကိုယ်တိုင် ကိုယ်ထင်ပြလာမှုကြောင့် သူတို့၏ ကံကြမ္မာသည် သေချာပေါက် အဆုံးသတ်သွားပြီ ဖြစ်ကြောင်း ဤမိစ္ဆာဘုရင်များ ကောင်းစွာ သိရှိထားကြပေသည်။

ဒင် - မစ်ရှင် 'ဆန့်ကျင်တော်လှန်ခြင်း' ပြီးမြောက်သွားပါပြီ အတွေ့အကြုံမှတ် ၃၀၀,၀၀၀ ရရှိပါသည်၊ ရာဇဝင် အရည်အသွေး ရတနာသေတ္တာ ၁ ရရှိပါသည်....

ဒင် - အဆင့် ၁ ဆင့် တက်သွားပါပြီ၊ လက်ရှိအဆင့် ၂၄....

ကျန်းလျို တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် စနစ်၏ သတိပေးသံ ထွက်ပေါ်လာခဲ့ရာ ကျန်းလျို၏ ရင်ထဲတွင် ကြည်နူးစိတ်လှုပ်ရှားမှု တစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။

အတွေ့အကြုံမှတ် ၃၀၀,၀၀၀ ပေါင်းထည့်ပြီးနောက်၊ ကျန်းလျိုသည် ကြည်လင်သန့်စင်သော စီးဆင်းမှုတစ်ခု သူ့အပေါ် လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရပြီး သူ၏အဆင့်မှာ ၂၄ သို့ တက်လှမ်းသွားပြီ ဖြစ်ကြောင်း ထင်ရှားလှပေသည်။

"ဟင်..."

ကျန်းလျို၏ အဆင့် တက်သွားသည်နှင့် တစ်ပြိုင်နက် စွန်းဝူခုန်းသည် အံ့အားသင့်သော အမူအရာဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။

သူ ခံစားမိသည်မှာ မမှားယွင်ခဲ့ချေ။ ကျန်းလျို၏ ကျင့်ကြံခြင်းအဆင့် ထပ်မံ တိုးတက်သွားပြန်ပြီလော။ အဆင့်ငယ်တစ်ခုကို ဖြတ်ကျော်သွားပုံ ရသည် မဟုတ်ပါလော။

ကျန်းလျိုနှင့် စွန်းဝူခုန်းတို့ ပထမဆုံး တွေ့ဆုံခဲ့စဉ်က သူသည် အဆင့် ၁၉ တွင်သာ ရှိသေးသည်။ ယခု နှစ်လ သုံးလမျှ အကြာတွင် သူသည် အဆင့် ၂၄ သို့ တက်လှမ်းသွားပြီ ဖြစ်သည်။ ဤမျှ မြန်ဆန်သော တိုးတက်မှုနှုန်းကို စွန်းဝူခုန်း အလွန်တရာ အံ့အားသင့်သွားမိသည်။

စွန်းဝူခုန်း၏ ရင်ထဲတွင် ကျန်းလျို၏ တိုးတက်မှုများအတွက် ပို၍ပင် မျှော်လင့်ချက်များ ကြီးမားလာခဲ့လေသည်။

"ဆရာတော်… ဒီကွမ်ယင် ဘုံကျောင်းတော်က ပျက်စီးသွားပြီလေ... ကျေးဇူးပြုပြီး ကျွန်တော်နဲ့အတူ လေမည်းဂူမှာ လိုက်ပါအနားယူပါ..."

ခေါင်းစွပ်ကွင်းကို တပ်ဆင်ထားသော ဝက်ဝံနက် မိစ္ဆာက ကျန်းလျိုအား ဖော်ရွေစွာ ပြောလိုက်သည်။

"အင်း... ကောင်းပြီလေ… သွားနားကြတာပေါ့..."

ကျန်းလျိုသည် ကမ်းလှမ်းမှုကို မငြင်းဘဲ ခေါင်းညိတ်လိုက်သည်။

ညဉ့်နက်ချိန်၌ ကွမ်ယင် ဘုံကျောင်းတော် မီးလောင်မှုနှင့် ဤမိစ္ဆာဘုရင်များ၏ တိုက်ခိုက်မှုများကြောင့် အချိန်မှာ သန်းခေါင်ယံကိုပင် အတော်လေး ကျော်လွန်နေပြီ ဖြစ်သည်။

"ဆရာတော်… ကျေးဇူးပြုပြီး တက်ပါ..."

ကျန်းလျို စကားပြောအပြီးတွင် နဂါးမြင်းဖြူသည် ကျန်းလျိုအနီးသို့ ပြေးလာပြီး အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်သည်။

သူ၏ တန်ဖိုးကို ပြသရန် အပြင်းအထန် ကြိုးစားနေသော နဂါးမြင်းဖြူကို ကြည့်ရင်း ကျန်းလျိုသည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် မြင်းပေါ်သို့ တက်ထိုင်လိုက်လေသည်။

မိစ္ဆာဘုရင်များသည် ရှေ့မှ လမ်းပြရန် မိစ္ဆာတိမ်တိုက် တစ်ခုကို ဖန်တီးလိုက်ကြပြီး နဂါးမြင်းဖြူက သင့်တင့်သော အရှိန်ဖြင့် နောက်မှ လိုက်ပါသွားလေသည်။

ပို၍ အရေးကြီးသည်မှာ စီးနင်းရသည်မှာ အလွန် တည်ငြိမ်လှပေသည်။ ကျန်းလျိုသည် မြင်းမစီးတတ်သော်လည်း သူသည် မြင်းပေါ်တွင် မြဲမြံစွာ ထိုင်နိုင်ခဲ့လေသည်။

မြင်းပေါ်တွင် ထိုင်နေရင်း ကျန်းလျိုသည် သူ၏ ပစ္စည်း သိုလှောင်ခန်းကို သတိရသွားပြီး ၎င်းအတွင်း၌ သပ်ရပ်လှပစွာ ဖန်တီးထားသော ရတနာသေတ္တာ တစ်လုံးကို အမှန်တကယ်ပင် တွေ့လိုက်ရလေသည်။

သူသည် ထိုရတနာသေတ္တာကို ထုတ်ယူကာ ရင်ခွင်ထဲတွင် ပွေ့ပိုက်ထားလိုက်သည်။ သူ၏ ရင်ထဲ၌ သိချင်စိတ်များနှင့် မျှော်လင့်ချက်များ ပြည့်နှက်နေပြီး သေတ္တာကို တဖြည်းဖြည်း ဖွင့်လိုက်လေသည်။

‘ရာဇဝင်လား အရည်အသွေး ရတနာသေတ္တာတဲ့လား... အဲဒီအထဲမှာ ဘယ်လို ပစ္စည်းကောင်းတွေ ပါလာမလဲဆိုတာ သိချင်လိုက်တာ...’

"ဆရာတော်… ဒါက ဘာကြီးလဲ..."

ကျန်းလျို၏ဘေးတွင် ရပ်နေသော စွန်းဝူခုန်းသည် ကျန်းလျိုမှ လှပသေသပ်စွာ ဖန်တီးထားသော ရတနာသေတ္တာကို ထုတ်ယူလိုက်သည်ကို သိချင်စိတ်ဖြင့် စိုက်ကြည့်နေပြီး အထဲသို့ ရှေ့တိုး၍ မျက်လုံးပြူးကာ ကြည့်လိုက်လေသည်။

ဘေးရှိ မျောက်ကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းလျိုသည် ပြုံးကာ ခေါင်းယမ်းလိုက်သည်။

‘ကြောင်တွေမှ သိချင်စိတ်ပြင်းပြတတ်တာ မဟုတ်ဘူး... ဒီမျောက်ကလည်း တူတူပဲ သိချင်စိတ် ပြင်းပြနေတာပဲ..’

သို့သော်လည်း... အလားတူပင် ကျန်းလျို၏ ရင်ထဲတွင်လည်း မျှော်လင့်ချက်များနှင့် သိချင်စိတ်များ ပြည့်နှက်နေလေသည်။

ရာဇဝင် အရည်အသွေး ရတနာသေတ္တာ ပွင့်သွားသောအခါ ကျန်းလျိုသည် အထဲသို့ ကြည့်လိုက်ရာ မည်သည့် ပစ္စည်းကိရိယာမှ မဟုတ်ဘဲ လက်ဖဝါးအရွယ်အစားရှိ တိုကင်တစ်ခုမျှသာ ဖြစ်ကြောင်း တွေ့လိုက်ရလေသည်။

ကျန်းလျိုသည် အနည်းငယ် စိတ်ပျက်သွားသော်လည်း သူ လက်လှမ်း၍ တိုကင်ကို ထုတ်ယူလိုက်လေသည်။ သူ၏ အကြည့်သည် တိုကင်ပေါ်သို့ ကျရောက်သွားသည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာ ဂုဏ်သတ္တိ အချက်အလက်များသည် သူ၏ မြင်ကွင်းရှေ့တွင် ပေါ်လာလေသည်။

ဂိုဏ်းတည်ထောင်ခြင်း တိုကင် (တစ်ခါသုံး) - ဤတိုကင်သည် အဖွဲ့အစည်းတစ်ခုကို တည်ထောင်ခွင့် ပြုသည်။ မှတ်ချက် - လူမှုဆက်ဆံရေးစနစ် ပွင့်သွားပြီးနောက်တွင် အသုံးပြုနိုင်သည်...

"ဂိုဏ်းတည်ထောင်ခြင်း တိုကင် ဟုတ်လား... ဒါကြီးက ငါ့အတွက် ဘာလုပ်ဖို့ လိုလို့လဲ..."

ကျန်းလျိုသည် သူ၏ လက်ထဲရှိ တိုကင်ကို ကစားရင်း တိုးညင်းစွာ ရေရွတ်လိုက်လေသည်။ အွန်လိုင်းဂိမ်းများတွင် ဤကဲ့သို့သော တိုကင်မျိုးသည် အတော်လေး တန်ဖိုးရှိနိုင်ပြီး အင်အားစုများစွာကပင် စိတ်အားထက်သန်စွာ မျှော်လင့်စောင့်စားတတ်ကြပေသည်။ ၎င်းသည် ရာဇဝင် အရည်အသွေး တန်ဖိုးရှိသည်ဟု ဆိုရမည်မှာ အံ့ဩစရာ မဟုတ်ချေ။

သို့ရာတွင် သူသည် အနောက်အရပ်သို့ ခရီးနှင်နေပြီး မည်သည့် အင်အားစု ဖွဲ့စည်းပုံကိုမျှ လည်ပတ်နေခြင်း မရှိသောကြောင့် ဤဂိုဏ်းတည်ထောင်ခြင်း တိုကင်သည် မလိုအပ်ဟု ထင်ရပေသည်။

"နေဦး..."

ကျန်းလျိုသည် သူ၏ လက်ထဲရှိ တိုကင်ကို စဉ်းစားဆင်ခြင်ကြည့်လိုက်ရာ အစပိုင်းတွင် အသုံးမဝင်ဟု ထင်ခဲ့သော်လည်း ရုတ်တရက် သူ၏ ခေါင်းထဲတွင် တစ်စုံတစ်ခု လင်းလက်သွားလေသည်။

ဤအနောက်ဘက်ကောင်းကင်ဘုံ သို့ သွားမည့် ခရီးစဉ်သည် ကျမ်းစာပင့်ဆောင်ရန် သက်သက်သာ မဟုတ်ဘဲ ပို၍ အရေးကြီးသည်မှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ဖြစ်ပေသည်။ သူနှင့် စွန်းဝူခုန်း နှစ်ယောက်တည်းဖြင့် လုံလောက်နိုင်ပါမည်လော။

အကယ်၍ သူ ကိုယ်တိုင် ကိုယ်ပိုင် အဖွဲ့အစည်းတစ်ခုကို အုပ်ချုပ်နိုင်မည် ဆိုလျှင်ကော။

ဤအတွေးဖြင့် ကျန်းလျိုသည် လေထဲတွင် ပျံသန်းနေသော ကျင်းချီဆရာတော် နှင့် မိစ္ဆာဘုရင် မျိုးစုံတို့ကို တစ်ချက် ကြည့်လိုက်လေသည်။ သူတို့၏ စွမ်းအားသည် နတ်ဘုရားများနှင့် ဗုဒ္ဓများနှင့် နှိုင်းယှဉ်လျှင် ဘာမှ မဟုတ်သော်လည်း မဟာမိတ်များ ပိုများလာခြင်းက ခွန်အားပိုမို ကြီးမားလာခြင်းနှင့် အတူတူပင် မဟုတ်ပါလော။ နောင်အနာဂတ်တွင် သူက ၎င်းကို ပိုမို ခိုင်မာအားကောင်းအောင် လုပ်ဆောင်နိုင်ကောင်း လုပ်ဆောင်နိုင်ပေမည်။

သို့ရာတွင် လူမှုဆက်ဆံရေးစနစ် ပွင့်သွားရန် လိုအပ်သော တိုကင်အကြောင်းကို တွေးမိသောအခါ ကျန်းလျိုသည် ထပ်မံ ခေါင်းယမ်းလိုက်လေသည်။ လတ်တလော အချိန်အတွင်း ၎င်းကို သူ အသုံးပြုနိုင်မည် မဟုတ်ပုံ ပေါ်လေသည်။

အဆင့် ၁၀ တွင် သူသည် သိုလှောင်ခန်း စနစ်ကို ဖွင့်နိုင်ခဲ့ပြီး အဆင့် ၂၀ တွင် မစ်ရှင်စနစ် ပွင့်လာခဲ့သည်။ ဤသို့ဆိုလျှင်... လူမှုဆက်ဆံရေးစနစ်က ဘယ်တော့ ပွင့်လာမည်နည်း။

အဆင့် ၃၀ လား၊ အဆင့် ၄၀ လား၊ သို့မဟုတ် အဆင့် ၅၀ လား...

လူမှုဆက်ဆံရေးစနစ် ပွင့်သွားပြီးနောက်တွင် အဖွဲ့အစည်းတစ်ခုကို တည်ထောင်နိုင်မည် ဖြစ်သည်။ သူငယ်ချင်းများအကြား အဝေးကနေ စကားပြောဆိုနိုင်မည့် သူငယ်ချင်းစနစ် တစ်ခုလည်း ရှိလာနိုင်မည်လော။

"ဟေး ကောင်းယန်... ငါက နတ်ဝိညာဉ်တောင်တော် အခြေကို ရောက်နေပြီ... မင်းရော အဲဒီဘက်မှာ ကွမ်ယင် နဲ့ အဆင်ပြေရဲ့လား..."

"ဗောဓိသတ်ကို ခေါ်နေတယ်… ဗောဓိသတ်ကို ခေါ်နေတယ်… ကျွန်တော် ဒီမှာ အရမ်း အစွမ်းထက်တဲ့ မိစ္ဆာ တစ်ကောင်နဲ့ ကြုံနေရလို့… လာကူညီပေးလို့ ရမလား..."

"ဝူခုန်း... ဒီအစစ်နဲ့ အတု မျောက်ဘုရင် နှစ်ကောင်ကြားမှာ ဘယ်သူက တကယ့် မင်းအစစ်လဲ... ကြားရလား... ဖင်လေး ဘာလေး လှုပ်ပြပါလား…"

ကျန်းလျိုသည် ခေါင်းယမ်းကာ ဤရှုပ်ထွေးနေသော အတွေးများကို ဘေးဖယ်ထားလိုက်ပြီး အခြေအနေက စိတ်ကူးယဉ်လွန်းသည်ဟု ခံစားလိုက်ရလေသည်။

မည်သို့ပင်ဖြစ်စေ ဤဂိုဏ်းတည်ထောင်ခြင်း တိုကင်သည် ကျန်းလျိုအတွက် ပစ္စည်းကောင်း တစ်ခု ဖြစ်ပေသည်။ နောင်အနာဂတ်တွင် နတ်ဘုရားများနှင့် ဗုဒ္ဓများကို ရင်ဆိုင်ယှဉ်ပြိုင်ရန် သူသည် သူ၏ ကိုယ်ပိုင် အင်အားစုများကို သေချာပေါက် စုဆောင်းရမည် ဖြစ်ပြီး ဤတိုကင်က အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာမည် ဖြစ်သည်။

လေမည်းဂူအတွင်းသို့ ဝင်ရောက်ပြီးနောက် ဝက်ဝံနက် မိစ္ဆာသည် မိစ္ဆာအုပ်စုတစ်စုကို ဦးဆောင်ကာ သူတို့၏ အသက်ကို ကယ်တင်ပေးခဲ့သည့် ကျန်းလျိုအား နောက်တစ်ကြိမ် လှိုက်လှဲစွာ ကျေးဇူးတင်စကား ပြောကြားခဲ့လေသည်။

နတ်ဘုရားများနှင့် ဗုဒ္ဓများနှင့် နှိုင်းယှဉ်လျှင် ဤမိစ္ဆာသတ္တဝါများသည် ပို၍ ပွင့်လင်းရိုးသားသော စရိုက်လက္ခဏာများ ရှိကြပေသည်။ မင်းက ငါ့အပေါ် ကောင်းရင် ငါက မင်းအပေါ် ကောင်းမယ် ဆိုသည့်အတိုင်း ကျေးဇူးတရားနှင့် အငြိုးအတေးများကို ရှင်းလင်းစွာ သိကြပြီး သစ္စာဖောက်မည့် အကြံအစည်များ မရှိကြချေ။

ဆရာလင်းရွှီကို မြင်သောအခါ ကျန်းလျိုသည် သူနှင့်လည်း ခေတ္တမျှ စကားစမြည် ပြောဆိုခဲ့လေသည်။

သူသည် ဝက်ဝံနက် မိစ္ဆာ၏ ခေါ်ယူခြင်းကို ခံခဲ့ရသော်လည်း သူ့အပေါ် ဆန့်ကျင်တိုက်ခိုက်ရန် ဆန္ဒမရှိသဖြင့် လေမည်းဂူတွင်သာ နေထိုင်နေခဲ့ကြောင်း သိလိုက်ရသောအခါ ကျန်းလျိုသည် တိတ်တဆိတ် သဘောတူညီစွာ ခေါင်းညိတ်လိုက်လေသည်။

အချိန်လည်း နှောင်းနေပြီ ဖြစ်သောကြောင့် အတန်ကြာ စကားပြောဆိုပြီးနောက် အားလုံးသည် အနားယူရန် လူစုခွဲလိုက်ကြလေတော့သည်။

***

All Chapters