← Chapters

အကောင်းဆုံးဟင်းလျာသည် အမြဲတမ်း နောက်ဆုံးမှ လာသည်

Vol. 2 Ch. 19

အကောင်းဆုံးဟင်းလျာသည် အမြဲတမ်း နောက်ဆုံးမှ လာသည်

Vol. 2 Ch. 19

သိုင်းပညာ သရုပ်ပြသကြမည့် လူငယ်များအပါအဝင် ဂိုဏ်းအသီးသီးမှ ကိုယ်စားလှယ်ပေါင်း လေးရာကျော်ရှိသော်လည်း ကြည့်ရှုသူ ပရိသတ်မှာမူ တစ်ရာပင် မပြည့်သဖြင့် အတော်လေး စိတ်ပျက်ဖွယ် ကောင်းနေသည်။ ပရိသတ်အများစုမှာ အနီးနား ပတ်ဝန်းကျင်ရှိ ရပ်ကွက်များမှ သက်ကြီးရွယ်အိုများဖြစ်ကြပြီး ပွဲလုပ်မည်ဟု ကြားသောကြောင့် အငြိမ်းစားယူထားသူများသည် ပျော်ပွဲရွှင်ပွဲသဘော လာရောက်အားပေးကြခြင်း ဖြစ်သည်။

ပွဲခင်းအတွင်း၌ ထင်ရှားသော နဖူးစည်းစာတန်းအချို့ကို ချိတ်ဆွဲထားသည်။ ဒေသခံ ရုပ်သံဌာနမှ ဖြစ်ဟန်တူသော ကင်မရာသုံးလေးလုံးကိုလည်း တွေ့ရသည်။

ကြိုတင်စီစဉ်ထားသည့်အတိုင်း ဂိုဏ်းတိုင်းက သိုင်းပညာသရုပ်ပြအဖွဲ့ တစ်ဖွဲ့စီ ခေါ်ဆောင်လာကြသည်။ ရောက်ရှိနေသူ အားလုံးထဲတွင် ဂိုဏ်းများ၏ အစဉ်အလာဆက်ခံမှုနှင့် တကယ်တမ်း ဆက်နွှယ်မှုရှိသူမှာ သုံးပုံတစ်ပုံပင် မပြည့်ပေ။

မြောက်ဘက် ပွဲကြည့်စင် အောက်တွင် အနီရောင်ပိတ်စများ လွှမ်းထားသော စားပွဲဆယ့်နှစ်လုံးကျော်ကို သပ်ရပ်စွာ စီထားသည်။ စားပွဲတစ်လုံးစီပေါ်၌ ဝူတန်း၊ ဟွာရှန်းနှင့် လောင်ရှန်းစသည့် အမည်များ ရေးထိုးထားသော တြိဂံပုံ အမည်ကတ်ပြားများ ရှိပြီး အမည်ကတ်ပြား တစ်ခုစီ၏ အနောက်တွင် ခန့်ညားသော လက်ရန်းပ်ကုလားထိုင် တစ်လုံးစီ ချထားသည်။

ကိုယ်စားလှယ် အဖွဲ့တစ်ခုချင်းစီမှ သက်လတ်ပိုင်းနှင့် လူငယ်အဖွဲ့ဝင်များ နေရာယူပြီးသောအခါ ပွဲခင်းအတွင်း၌ သာယာသော တေးဂီတသံများ ထွက်ပေါ်လာသည်။ တာအိုဝတ်စုံ ဝတ်ဆင်ထားသော ကျော့ရှင်းသည့် အမျိုးသမီး ကျင့်ကြံသူတစ်ဦးသည် မိုက်ခရိုဖုန်း ရှိရာသို့ ယဉ်ကျေးသိမ်မွေ့စွာ လျှောက်လှမ်းလာခဲ့သည်။

“ဒီလိုမြင့်မြတ်တဲ့ တောင်ပေါ်ကို အရပ်မျက်နှာ အသီးသီးကနေ ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ တာအိုဆရာများနဲ့ မိတ်ဆွေများအားလုံး မင်္ဂလာနံနက်ခင်းပါ”

သူမ၏ လေယူလေသိမ်းသည် လူများကို အနည်းငယ် စိမ်းသက်သလို ခံစားရစေသည်။ မော်ရှန်းတောင်သည် ကုန်ကျစရိတ် သက်သာစေရန် တက္ကသိုလ်ကျောင်းသူတစ်ဦးကို ငှားရမ်းထားပုံရသည်။

စာရွက်ထဲမှ အဖွင့်အမှာစကား ပြောကြားပြီးနောက် ထိုခွန်တာအိုမိန်းကလေးသည် သရုပ်ပြပြိုင်ပွဲ၏ စည်းမျဉ်းများကို တည်ငြိမ်စွာ ဖတ်ပြနေရာ သရုပ်ပြပွဲသည် တကယ့် ပြိုင်ပွဲတစ်ခုနှင့်ပင် တူနေပေသည်။

နောက်ဆုံးတွင် သူမက ကြေညာလိုက်သည်။

“အခု ကိုယ်စားလှယ် အဖွဲ့အသီးသီးက ဂုဏ်သရေရှိတာအိုဆရာကြီးများကို ဖိတ်ခေါ်ပါတယ်”

တာအိုဆရာကြီးများသည် နတ်ဘုရားများအလား ထူးခြားသော အရှိန်အဝါများဖြင့် ကွင်းအတွင်းသို့ တစ်ဦးပြီး တစ်ဦး ဝင်ရောက်လာကြသည်။

အချို့မှာ ယပ်တောင်များ ကိုင်ဆောင်ထားကြပြီး အချို့မှာမူ လမ်းလျှောက်သည့်အခါ လွင့်ပျံနေသော လက်မောင်းပွ ဝတ်ရုံရှည်များကို ဝတ်ဆင်ထားကြသည်။ အချို့က ဘာစကားမှ မပြောဘဲ တည်ငြိမ်စွာ ဝင်လာကြသလို အချို့ကမူ နွေးထွေးစွာ ပြုံးပြရင်း ပရိသတ်ကို အနည်းငယ် ဦးညွှတ်နှုတ်ဆက်ကြရာ ထောင့်အနည်းငယ်မှ လက်ခုပ်သံများ ထွက်ပေါ်လာသည်။

လီရှီဝူကဲ့သို့ ဂိုဏ်း၏ ပြင်ပရေးရာများကို တာဝန်ယူရသူ အနည်းငယ်မှလွဲ၍ ကျန်သူများမှာ ကျင့်ကြံခြင်းအဆင့်မြင့်မားကြသူများ ဖြစ်သည်။ လီရှီဝူတို့လိုဆရာများသည် ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရုံသာ ရှိသေးသည်၊၊ ၎င်းတို့သည် ဂိုဏ်း၏ အစစ်အမှန် အင်အားကို ကိုယ်စားပြုခြင်း မဟုတ်ပေ။

ဝမ်ရှန်းသည် ဆံပင်ဖြူနေသော လူကြီး စုစုပေါင်း နှစ်ဆယ့်သုံးဦးကို ရေတွက်မိသည်။ အချို့မှာ နောက်ပိုင်းတွင် တာအိုလောက၌ ကျော်ကြားလာမည့်သူများ ဖြစ်ပုံရသဖြင့် သူနှင့် ရင်းနှီးနေသလို ခံစားရသည်။

ပွဲကို စီစဉ်သည့် တာအိုအဖွဲ့စည်းမှ ကောင်စီဝင်နှစ်ဦးကို မထည့်လျှင် အခြားဂိုဏ်းပေါင်း နှစ်ဆယ်ကျော် တက်ရောက်ကြခြင်း ဖြစ်သည်။

ကမ္ဘာပေါ်တွင် တာအိုဂိုဏ်းပေါင်း ထောင်ချီရှိသော်လည်း အရည်အသွေးနှင့် ပြည့်စုံမှု အပိုင်းတွင်မူ ယနေ့ ရောက်ရှိနေသည့် ဂိုဏ်းများကိုသာ ထင်ရှားကျော်ကြားသော ဂိုဏ်းများအဖြစ် သတ်မှတ်ကြသည်။ ထို့အပြင် ၎င်းတို့အားလုံးမှာ ကြီးမြတ်သောနတ်ဘုရားနယ်မြေ၏ မြင့်မြတ်သော တောင်များမှ လာကြသူများ ဖြစ်သဖြင့် ဤပွဲသည် တကယ်တမ်း၌ တာအိုအမွေအနှစ်များ၏ ကြီးကျယ်သော ဆုံဆည်းမှုပင် ဖြစ်သည်။

ပထမဆုံးအစီအစဉ်မှာ တာအိုသင်ကြားမှုများကို ပြန့်ပွားစေရန် ဖြစ်သည်။ ထို့ကြောင့် သက်ကြီးပိုင်းတာအိုဆရာကြီးအချို့က လေယူလေသိမ်း အလွန်ဝဲသော်လည်း အရေးကြီးသော မိန့်ခွန်းများကို ပြောကြားနေကြသည်။

“အထက်က အနန္တနတ်ဘုရားများ” ဟူသော စကားစုမှလွဲ၍ ကျန်သည့် စကားများကိုမူ နားလည်ရန် ခဲယဉ်းလှသည်။ သူတို့၏ လေယူလေသိမ်းမှာ အဆိုးဝ်းကြီး မဟုတ်သော်လည်း နားလည်ပေး၍ ရနိုင်သေးသည်။

နောက်တစ်ခုမှာ ကိုယ်စားလှယ်အဖွဲ့များ၏ သိုင်းပညာ သရုပ်ပြမှုများ ဖြစ်သည်။ အများစုမှာ တာအိုတေးဂီတနှင့်အတူ သိုင်းကွက်များ ကပြကြသော လူငယ်များ ဖြစ်ကြသည်။ တာအိုဆရာကြီးများက အမှတ်ပေးကြသော်လည်း ဟန်ချက်ညီမှု တစ်ခုတည်းကိုသာ စံနှုန်းအဖြစ် ထားပုံရသည်။

သိုင်းပညာ မရှိသော တာအိုလည်း ကျင့်ကြံမှု ရှိသည့် တပည့် နှစ်ဦး သုံးဦးကို လွှတ်၍ အခြေခံ သိုင်းကွက်များကို သရုပ်ပြစေသည်။

ဝမ်ရှန်းသည် ဖုန်းဖြင့် ဓာတ်ပုံ အချို့ရိုက်ကာ သူ၏ ဆရာထံသို့ ပို့လိုက်သည်။ ထို့နောက် သူသည် လွမ်းဆွတ်မှုကို ခံစားလိုက်ရသည်။ ဤပွဲသည် သိုင်းပညာနှီးနှောဖလှယ်ပွဲထက် ကျောင်းအားကစားပွဲနှင့် ပိုတူနေသည်။

နောက်ဆုံးတွင် နှစ်နာရီကြာ သိုင်းသရုပ်ပြမှုများ ပြီးဆုံးပြီးနောက် ပွဲသည် ပို၍အနှစ်သာရရှိသော အပိုင်းသို့ ရောက်ရှိလာသည်။ ကျိုးရင်လောင်၏ သရုပ်ပြမှုမှာ တရားဝင် စတင်တော့မည် ဖြစ်သည်။

ဝမ်ရှန်းသည် ကျွမ်းကျင်သော ဓားသမားများကို တွေ့ရလိမ့်မည်ဟု မျှော်လင့်ကာ စိတ်ဝင်စားနေသည်။ လူတိုင်းက ယနေ့တွင် သူတို့၏ အစစ်အမှန် ကျင့်ကြံမှုကို ဖုံးကွယ်ထားကြပြီး အခြေခံဓားသိုင်းများကိုသာ ပြသကြမည် ဖြစ်သော်လည်း ကွဲပြားသော ဓားဂိုဏ်းများကို ကြည့်ရှုခြင်းဖြင့် အတွေးမြင်သစ်များ ရနိုင်ပေမည်၊၊

မွန်းတည့်ချိန်၌ ဒုတိယအချီ သရုပ်ပြမှုများ ပြီးခါနီးတွင် ဝမ်ရှန်း၏ စိတ်လှုပ်ရှားမှုများမှာ စိတ်ပျက်မှုအဖြစ်သို့ အနည်းငယ် ပြောင်းလဲသွားသည်။

အဲဒီတာအိုဆရာတွေက မြင့်မြတ်တဲ့ တောင်တွေပေါ်မှာ ကျင့်ကြံနေကြတာမဟုတ်ဘူးလား…

ဘာလို့ ဒီလောက်တောင် အပေါ်ယံ သိုင်းကွက်တွေ များနေရတာလဲ…

ဓားသိုင်း သရုပ်ပြသည့် ဂိုဏ်းမှာ အနည်းငယ်သာ ရှိပြီး ၎င်းတို့သည်လည်း အနှစ်သာရကို တမင်ဖုံးကွယ်ထားကြသဖြင့် ထူးခြားမှုကို ရှာဖွေရန် ခက်ခဲလှသည်။ ကံကောင်းသည်မှာ သရုပ်ပြမှုများက လုံးဝ အကျိုးမရှိသည်တော့ မဟုတ်ပေ။ သရုပ်ပြမှုတစ်ခုချင်းစီ မစတင်မီ တင်ဆက်သူက ဓားသိုင်းအမည်ကို ကြေညာပေးသဖြင့် ဝမ်ရှန်း အနေဖြင့် အနည်းငယ် လေ့လာခွင့် ရလိုက်သည်။

ဟွာရှန်းတောင်၏ ကျောက်စိမ်းဓားသိုင်းသည် ပြတ်သား မြန်ဆန်သော လမ်းစဉ်ကို လိုက်သည်။ သရုပ်ပြသူမှာ ချီစုစည်းခြင်းအဆင့်ရှိသော အမျိုးသမီး ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ထိုသိုင်း၏ အနှစ်သာရကို အပြည့်အဝမရသေးသော်လည်း သူမ၏ နွဲ့နှောင်းသော လှုပ်ရှားမှုများနှင့် ထူးခြားသော ဟန်ပန်ကြောင့် ဒိုင်လူကြီးများထံမှ အမှတ်ကောင်းကောင်း ရရှိခဲ့သည်။

ထို့နောက် ချင်းချန်တောင်မှ သက်လတ်ပိုင်း တာအိုဆရာတစ်ဦးက ကြည့်ကောင်းသော ဓားကကွက်ဖြင့် အခြေခံ ဓားသိုင်းတစ်ခုကို ပြသခဲ့သည်။ လှုပ်ရှားမှုများမှာ ရိုးရှင်းသော်လည်း သူ၏ ဝိညာဉ်ပေါင်းစည်းခြင်း ကျင့်ကြံမှုကြောင့် ထိုသရုပ်ပြမှုသည် ထူးခြားသော ဆွဲဆောင်မှု ရှိနေသည်။ ကံမကောင်းစွာဖြင့် သိုင်းကွက် ဆယ်ကွက်ကျော်အပြီးတွင် ထိုသူက ရိုသေ‌လေးစားစွာဖြင့် နောက်ဆုတ်သွားခဲ့သည်။

ဝမ်ရှန်းကို တကယ် စိတ်ဝင်စားစေသည်မှာ ကျုံးနန်တောင်၏ လေခွဲဓားသိုင်း ဖြစ်သည်။ သူတို့၏ ကျော်ကြားသော နည်းစနစ်မှာ ပုံစံထက် ဓားဆန္ဒကို ပိုဦးစားပေးပြီး ၎င်း၏ စွမ်းအားမှာ အသုံးပြုသူ၏ ဓားလမ်းစဉ်အပေါ် နားလည်မှုအပေါ် လုံးဝ မူတည်နေသည်။ ကံမကောင်းစွာဖြင့် လူငယ်သရုပ်ပြသူသည် အခြေခံလောက်သာ ရှိသဖြင့် ဝမ်ရှန်းအဖို့ အားမရသလို ခံစားရသည်။

သူသည် ကျိုးရင်လောင်၏ အလှည့်ကို စိတ်မရှည်စွာ စောင့်ဆိုင်းနေမိသော်လည်း လီရှီဝူက နောက်ဆုံး အလှည့်နီးပါးကို မဲနှိုက်ခဲ့သည်။ ထို့ကြောင့် စိတ်မရှည်စွာဖြင့် စောင့်နေရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ထိုက်ယိဓားသိုင်းမှာ ဝူတန်းတောင်၏ အထူးလျှို့ဝှက်ချက် ဖြစ်သည်။ ထို့ကြောင့် ၎င်းကို လူများအလယ်တွင် ပြသလိမ့်မည် မဟုတ်ပေ။

ကျိုးရင်လောင်က ထူးခြားပြီး ဆွဲဆောင်မှုရှိသော နဂါးခြေလှမ်းဓားသိုင်းကို ပြသခဲ့သည်။ သူ၏ ခိုင်မာသော အခြေခံကို တွေ့မြင်နိုင်သော်လည်း ရှေ့က သရုပ်ပြသူသုံးဦးကဲ့သို့ပင် သူသည်လည်း အပေါ်ယံကိုသာ ပြသခဲ့ပြီး သူ၏ အစစ်အမှန် စွမ်းဆောင်ရည်ကို ထုတ်မပြခဲ့ပေ။ ဝမ်ရှန်း အနည်းငယ် စိတ်ပျက်သွားသော်လည်း ဝူတန်းသို့ ပြန်ရောက်သည့်အခါ ဓားပညာ အသိအမြင်များ ဖလှယ်နိုင်ရန် ဤခရီးစဉ်အတွင်း ကျိုးရင်လောင်နှင့် အခြားသူများနှင့် ပိုရင်းနှီးအောင် လုပ်ရမည်ဟု ဆုံးဖြတ်လိုက်သည်။

ပွဲအတွင်း၌ ဝမ်ရှန်းသည် ညာဘက်မှ တီးတိုးပြောဆိုသံများကို ကြားလိုက်ရသည်။ ဝိညာဉ်ပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိထားသဖြင့် သူသည် ပတ်ဝန်းကျင်ကို အလွန်အာရုံခံနိုင်စွမ်း ရှိနေသည်။ သစ်ရွက်လှုပ်သံ သို့မဟုတ် တီးတိုးပြောဆိုသံ အသေးအဖွဲလေးများပင် သူ အာရုံစိုက်သည်ဖြစ်စေ မစိုက်သည်ဖြစ်စေ သူ့နားထဲသို့ ရောက်လာတတ်သည်။

ဝူတန်းတောင် ကိုယ်စားလှယ်အဖွဲ့၏ ဘယ်ဘက်တွင် ဆန်းချင်တောင် အဖွဲ့ ထိုင်နေပြီး ညာဘက်တွင် ချီယွမ်တောင်အဖွဲ့ ရှိနေသည်။

“ဝူတန်းတောင်ရဲ့ ဓားသိုင်းက ထင်သလောက်ကြီး မဟုတ်ပါဘူး”

“ဒီခေတ်မှာ လက်သီးတွေ၊ ခြေထောက်တွေ၊ ဓားသိုင်းတွေနဲ့ ဘယ်မှ ခရီးမရောက်နိုင်ဘူး။ ဝူတန်းတောင်မှာ အစွမ်းထက်တဲ့ အဆောင်တွေ ဒါမှမဟုတ် နတ်ဘုရားကျမ်းစာတွေလည်း မရှိဘူး မဟုတ်လား”

“စောင့်ကြည့်ရုံပဲ ကြည့်နေ။ ဒီတစ်ခါတော့ သူတို့ နည်းဗျူဟာအသစ် သုံးထားပုံရတယ်။ အာရုံစိုက်ခံရအောင် ချောမောတဲ့ အမျိုးသမီးတပည့်တစ်ယောက်ကို ခေါ်လာတာပဲ။ ငှားလာတာများလား”

ဝမ်ရှန်းသည် အကြည့်ကို မလွှဲဘဲ သူ၏ ညာလက်ကို အသာအယာ လှုပ်လိုက်ပြီး စီနီယာအစ်မ၏ လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်သည်။ အာလူးကြော် အနည်းငယ်ကို ဆုပ်ကိုင်ထားသော သူမ၏ သွယ်လျဖြူစင်သည့် လက်ချောင်းလေးများကို သူ သနားစရာကောင်းသလို ကြည့်လိုက်သည်။ ထို့နောက် သူမ၏ မျက်လုံးများကို ကြည့်ကာ နှစ်သိမ့်ပေးလိုက်သည်။

မုဝမ်ရွှမ်းသည် နှုတ်ခမ်းကို အနည်းငယ် စူလိုက်ပြီး သူမ၏ မျက်နှာတွင် မကျေနပ်မှု အနည်းငယ် ရှိနေသည်။ ဝမ်ရှန်းသည် သူ၏ အကြည့်များကို တတ်နိုင်သမျှ နူးညံ့အောင် ထားလိုက်ရုံသာ တတ်နိုင်ပေသည်။

ကံကောင်းသည်မှာ တစ်စုံတစ်ဦးက တိုးတိုးလေး ဝင်ပြောလိုက်သည်။

“ဝူတန်းက တာအိုသိုင်းပညာကို အဓိကထားတယ်၊၊ ဒီနေ့ခေတ်က ငါတို့ ဘိုးဘေးတွေလိုပဲ ဂါထာမန္တန်တွေ၊ အဆောင်တွေ၊ အစီအရင်တွေကို ပြန်ဦးစားပေးလာကြတာပဲ။ အဲဒါကြောင့် သူတို့ အမွေအနှစ်က အခုချိန်မှာ အားနည်းသလို ထင်ရတာပါ”

“ဒါပေမဲ့ ဝူတန်းမှာ သူ့အစဉ်အလာနဲ့သူ ရှိနေတာတော့ ငြင်းလို့မရဘူး”

အခြား တိုးညင်းသော အသံတစ်ခုက ပြောသည်။

“ငါတို့နဲ့ ဝူတန်းက အစစ်မှန်မဟာသိုင်းဧကရာဇ်ရဲ့ အစဉ်အလာကိုပဲ လိုက်နာကြတာဆိုတော့ သူတို့ ကွယ်ရာမှာ မကောင်းမပြောတာ အကောင်းဆုံးပဲ”

“ငါက မကောင်းတဲ့ စိတ်နဲ့ ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီနေ့ နေ့လယ်ပိုင်း လက်ရည်စမ်းပွဲတွေ စတဲ့အခါ လူအများစုက ဝူတန်းကိုပဲ ပစ်မှတ်ထားကြလိမ့်မယ်”

“တာအိုဂိုဏ်းတွေဆိုတာ သစ်ပင်တစ်ပင်တည်းက အကိုင်းအခက်တွေလိုပါပဲ။ ဒီမှာ ရှိတဲ့သူတွေ အားလုံးက ကျင့်ကြံခြင်းလမ်းကြောင်းတူတဲ့သူတွေပဲဆိုတော့ အခြေအနေတွေက အရမ်းကြီးဆိုးသွားမှာ မဟုတ်ပါဘူး”

နေ့လယ်ပိုင်းမှာ ဂိုဏ်းတွေကြား လက်ရည်စမ်းပွဲ ရှိတယ် ဟုတ်လား…

မုဝမ်ရွှမ်း၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပလာသည်။ ဝမ်ရှန်း တစ်ခုခုမပြောမီမှာပင် သူမ၏ လက်ချောင်းလေးများသည် ဖုန်းမျက်နှာပြင်ပေါ်တွင် လျင်မြန်စွာ လှုပ်ရှားသွားပြီး ဝမ်ရှန်းကို မျက်နှာကို လက်ဖြင့်အုပ်လိုက်ရစေသည့် ပုံလေးတစ်ခု ပေါ်လာသည်။

စာသားမှာ “ငါ တစ်ယောက်တည်း ဆယ်ယောက်ကို ရင်ဆိုင်မယ်”

သူ့စီနီယာအစ်မတွင် ဤကဲ့သို့ ရဲတင်းသော ဘက်ခြမ်းရှိနေသည်ကို သူ ဘာကြောင့် အရင်က သတိမထားမိခဲ့ပါသနည်း။ ဝမ်ရှန်းသည် တင်ဆက်သူထံမှ မိုက်ခရိုဖုန်းကို ခဏငှားပြီး ပရိသတ်ကို “ကျေးဇူးပြုပြီး ညှာတာပေးကြပါ” ဟု ပြောချင်စိတ် ပေါက်သွားသည်။

နံနက်ပိုင်း သရုပ်ပြပြိုင်ပွဲမှာ အများပြည်သူအတွက် ဖွင့်လှစ်ထားခြင်း ဖြစ်ပြီး မည်သူမျှ အဆင့် သို့မဟုတ် ဆုများကို ဂရုမစိုက်ကြပေ။

မွန်းတည့်ချိန်တွင် ဟိုတယ်သို့ ပြန်ရောက်ပြီး နေ့လယ်စာ စားပြီးနောက် ဂိုဏ်းအသီးသီးမှ တာအိုခေါင်းဆောင်များသည် သူတို့၏ တပည့်များနှင့် အခြားအဖွဲ့ဝင်များကို စုဝေးစေသည်။ အဖွဲ့ကို ဦးဆောင်လာသော စီနီယာ တာအိုဆရာကြီးများက နေ့လယ်ပိုင်းတွင် မော်ရှန်းတောင်၌ တာအိုဂိုဏ်းများအကြား “နှီးနှောဖလှယ်ပွဲ” တစ်ခု ရှိမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

တကယ့် တာအိုပညာ နှီးနှောဖလှယ်ပွဲ….

ဤသည်မှာ ယခုခရီးစဉ်၏ အစစ်အမှန် ရည်ရွယ်ချက်ပင် ဖြစ်သည်။ ပွဲကျင်းပမည့် နေရာကိုလည်း မော်ရှန်းတောင်၏ အနောက်ဘက်တောင်ကုန်းတွင်ရှိသော လရောင်စင်မြင့်အနီးသို့ ပြောင်းလဲလိုက်သည်။

ဝူတန်းတောင်သည် သူတို့၏ သိုင်းအဖွဲ့မှ လူငယ် သရုပ်ပြသူများကို ကြီးကြပ်ရန် တာအိုဆရာတစ်ဦးကို ချန်ထားခဲ့ပြီး လီရှီဝူသည် တာအိုဆရာနှစ်ဦး၊ တပည့်လေးဦးနှင့် ဝူတန်၏ စစ်ကူများဖြစ်သော ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့ကို ခေါ်ဆောင်ကာ နှီးနှောဖလှယ်ပွဲသို့ ထွက်ခွာခဲ့သည်။ ပွဲ၏ စည်းမျဉ်းများကို အကျဉ်းချုပ် ရှင်းပြရာတွင် အဓိက အချက်များမှာ ရှင်းလင်းပေသည် - လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန်၊ ဘေးကင်းမှုကို ဦးစားပေးရန်၊ ပြဿနာမရှာရန် နှင့် ဂိုဏ်း၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေမည့် အရာကို မလုပ်ရန်တို့ ဖြစ်သည်။

ထို့နောက် လီရှီဝူက သက်ပြင်းချရင်း မချိပြုံး ပြုံးလိုက်သည်။

“အခြေအနေအရ မင်းတို့အားလုံးလည်ူ ဘာတွေဖြစ်လာနိုင်လဲဆိုတာ သိနေလောက်ပါပြီ။ ဂိုဏ်းအများစုက ငါတို့ အရှက်ကွဲတာကို မြင်ချင်နေကြတယ်။ တစ်စုံတစ်ယောက်က မင်းတို့ကို လက်ရည်စမ်းဖို့ စိန်ခေါ်လာလိမ့်မယ်။ ပုယွီ”

မုဝမ်ရွှမ်းက သူမ နားထောင်နေကြောင်း ပြရန် မျက်တောင်လေး ခတ်ပြလိုက်သည်။

လီရှီဝူက ရယ်မောလိုက်သည်၊၊

“ဒီနေ့ နေ့လယ်ပိုင်းမှာ မင်း ဝင်ပါပြီး အမှတ်ရစရာတစ်ခုခု လုပ်ပြသင့်တယ်။ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို နည်းနည်းလောက် ထုတ်ပြရုံနဲ့ ငါတို့ ပွဲပြီးတဲ့အထိ အေးအေးဆေးဆေး နေရလိမ့်မယ်”

အမြုတေဖွဲ့စည်းခြင်းအဆင့်ရှိသော တတိယမျိုးဆက်တပည့်…။ ဤစကားကို အပြင်မှာ ပြောလျှင်ပင် မည်သူက ယုံနိုင်ပါမည်နည်း။

မုဝမ်ရွှမ်းက သူမ၏ ကျင့်ကြံခြင်းအဆင့်ကို အနည်းငယ် ပြလိုက်ရုံဖြင့် ဝူတန်း၏ အမွေအနှစ်သည် အခြားထင်ရှားသော ဂိုဏ်းများထက် မနိမ့်ကြောင်း သက်သေပြရန် လုံလောက်သွားလိမ့်မည်။ ထို့ပြင် ဝူတန်းကို “တာအို သိုင်းပညာမှာပဲ နံပါတ်တစ်” ဟု လှောင်ပြောင်လိုသူများကိုလည်း ပါးစပ်ပိတ်သွားစေလိမ့်မည်။

ထောင့်တစ်နေရာတွင် လက်ပိုက်ရပ်နေသော ဝမ်ရှန်းသည် တစ်ခုခုပြောတော့မည့်ပုံ ပြင်လိုက်သည်။ သို့သော် သူ၏ စီနီယာအစ်မက အလေးအနက် ခေါင်းညိတ်ပြနေသည်ကို မြင်သောအခါ သူလည်း လွှတ်ထားလိုက်ရုံသာ ရှိတော့သည်။

စိတ်ချသွားသော လီရှီဝူနှင့် အခြားတာအိုဆရာများလည်း ထွက်ခွာသွားကြသည်။ ထို့နောက် ဝမ်ရှန်းက မုဝမ်ရွှမ်း၏ အခန်းသို့ သွားကာ နောက်ဆုံးသတိပေးချက်အချို့ကို ပြောခဲ့သည်။

“နေ့လယ်ကျရင် စွမ်းအားကို မလိုအပ်ပဲ အရမ်းကြီး မပြနဲ့နော်။ စီနီယာအစ်မရဲ့ ကျင့်ကြံခြင်းအဆင့်ကိုပဲ ပြလိုက်ရင် လုံလောက်ပါပြီ။ ကျင့်ကြံခြင်းဆိုတာ ကြွားဝါဖို့ မဟုတ်ဘူး။ ဒါကြောင့် စီနီယာအစ်မရဲ စိတ်နှလုံးသားကို အထိခိုက်မခံပါနဲ့”

ဝမ်ရှန်းက အလေးအနက် အကြံပေးလိုက်သည်။

“အွန်း”

မုဝမ်ရွှမ်းက ခေါင်းညိတ်ကာ နာခံစွာ ပြန်ဖြေသည်။

ဟုန်လင်းက ဘေးမှ မရေရွတ်ပဲ မနေနိုင်တော့ချေ။

“နင်တို့ နှစ်ယောက်ကို ကြည့်ရတာ ဝမ်ရှန်းက မုဝမ်ရွှမ်းရဲ့ စီနီယာအစ်ကိုကြီး ကျနေတာပဲ”

ဝမ်ရှန်းနှင့် မုဝမ်ရွှမ်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြသော်လည်း ငြင်းခုံရန် မကြိုးစားကြပေ။ ဝူတန်းတောင်ပေါ်မှာထဲက ကိစ္စအတော်များများကို ဝမ်ရှန်းပဲ ကိုင်တွယ်လေ့ရှိပြီး မုဝမ်ရွှမ်းကတော့ သူ လုပ်သမျှကို နောက်က လိုက်ရုံသာ ရှိသည်။

ဤသည်မှာ အမှန်တကယ်ပင် စိတ်ပူစရာမလိုသော အစီအစဉ်တစ်ခု ဖြစ်ပေသည်။

All Chapters