← Chapters

အခန်း ၂၇၇၅

Vol. 218 Ch. 2775

အခန်း ၂၇၇၅

Vol. 218 Ch. 2775

အခန်း(၂၇၇၅)

လိုဏ်ဂူအတွင်း၌ ကျန်းချန်နှင့် ရှကျီတို့သည် အင်မော်တယ်ကျောက်တုံးများကို ဆက်လက် တူးဖော်နေခဲ့ကြသည်။

သုံးရက်အကြာတွင် ကျန်းချန်တို့ နှစ်ဦးသည် အင်မော်တယ်ကျောက်တုံး သုံးသိန်းထက် မနည်း ရရှိခဲ့ကြ၏။

ယနေ့တွင် အင်မော်တယ် ကျောက်တုံးများကို တူးဖော်နေရင်း ကျန်းချန်၏ ခန္ဓာကိုယ်က ဆတ်ခနဲ လှုပ်ရှားသွားခဲ့သည်။

“ညီနောင်ကျန်းချန် ဘာဖြစ်လို့လဲ”

နံဘေးရှိ ရှကျီက ကျန်းချန်၏ ထူးခြားမှုကို ချက်ချင်းပင် သတိပြုမိလိုက်ပြီး အလျင်အမြန် မေးလိုက်သည်။

ကျန်းချန်က ဂူအဝင်ဝကို စိုက်ကြည့်ရင်း လေးနက်စွာပြောလိုက်သည်။

“ဒီနေရာကို လူတွေရောက်လာပြီ”

ထိုစကားကိုကြားလျှင် ရှကျီ မျက်နှာပျက်သွားခဲ့သည်။

ဤအခိုက်အတန့်တွင် ကျန်းချန်၏ မြင်ကွင်းထဲ၌ ပုံရိပ်နှစ်ခု ပေါ်လာခဲ့သည်။

ထိုလူငယ် နှစ်ဦးစလုံးမှာ ကောင်းကင်အင်မော်တယ် ပထမအဆင့် အထွတ်အထိပ်တွင် ရှိနေကြပြီး သူတို့၏ ဝတ်ဆင်ပုံ သို့မဟုတ် ရုပ်ရည်မှာ လုံးဝနီးပါး တူညီနေကြပြီး အမြွှာများ ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။

“ဌာနခွဲ(၉)က တွမ်မူ အမြွှာညီနောင်ပါလား”

သူတို့ရှေ့တွင် ပေါ်လာသော လူနှစ်ဦးကို ရှကျီက မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့သည်။

ကျန်းချန်က ရှကျီ ဘက်သို့ လှည့်ကာ မေးလိုက်သည်။

“ဒီနှစ်ယောက်က ဘယ်သူလဲ”

“သူတို့က ဌာနခွဲ(၉)က ပါရမီရှင်တွေပါ အစ်ကိုဖြစ်သူရဲ့နာမည်က တွမ်မူယန် လို့ခေါ်ပြီး ညီဖြစ်သူရဲ့ နာမည်က တွမ်မူလဲ့ လို့ခေါ်တယ်.. သူတို့နှစ်ယောက်ကို တွမ်မူအမြွှာညီနောင်အဖြစ်လည်း လူသိများကြတယ်.. တွမ်မူအမြွှာညီနောင်က ထူးခြားတဲ့ ပါရမီရှင်တွေပဲ.. သူတို့နှစ်ယောက်ရဲ့ ပါရမီက ငါ့ထက် အများကြီး ပိုမြင့်မားတယ်.. သူတို့က ကောင်းကင်အင်‌မော်တယ် ပထမအဆင့် အထွတ်အထိပ်ပဲ ရှိသေးပေမဲ့ သူတို့ရဲ့ စွမ်းရည်က ကောင်းကင်အင်မော်တယ် ပဉ္စမအဆင့် ကျင့်ကြံသူတွေနဲ့ တန်းတူပဲ.. အထူးသဖြင့် ဒီတွမ်မူအမြွှာညီနောင် နှစ်ယောက်က စိတ်ချင်းထပ်တူကျတဲ့ အတွက် သူတို့သာ လက်တွဲတိုက်ခိုက်မယ် ဆိုရင် သူတို့ရဲ့စွမ်းရည်က သုံးဆလောက် ပိုပြီး တိုးတက်လာလိမ့်မယ်.. သာမန် ကောင်းကင်အင်မော်တယ် ဆဋ္ဌမအဆင့် ကျင့်ကြံသူတောင် သူတို့ကို အနိုင်ရဖို့ မလွယ်ဘူး”

ရှကျီက လေးနက်စွာ ပြောလိုက်သည်။

ဌာနခွဲ(၉)နှင့် သူတို့ ဌာနခွဲ(၈)တို့ အခြေချထားသည့် နေရာနှစ်ခုသည် ကပ်ရပ် တည်ရှိနေကြသည်။

ဌာနခွဲနှစ်ခုသည် အချင်းချင်း ကောင်းစွာ သိရှိကြပြီး စွမ်းရည်ချင်းလည်း သိပ်မကွာပေ။

ဌာနခွဲ(၉)မှ တွမ်မူ အမြွှာညီနောင်ကို သူတို့ဌာနခွဲ(၈)မှ ကောင်းကင်အင်မော်တယ် ဒုတိယအဆင့်သို့ ရောက်ရှိနေသည့် ပါရမီရှင် ပင်လျှင် စိုးရွံ့ရ၏။

“ဌာနခွဲ(၈)က ရှကျီပါလား.. မင်းဒီနေရာမှာ ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”

ကျန်းချန်တို့က တွမ်မူ အမြွှာညီနောင်ကို ကြည့်နေစဥ်မှာပင် တွမ်မူ အမြွှာညီနောင်ကလည်း ဂူအတွင်း၌ ရှိနေသည့် ကျန်းချန်တို့နှစ်ဦးကို တွေ့ရှိသွားကြသည်။

ဂူအတွင်းမှ ရှကျီကို မြင်လျှင် သူတို့၏ မျက်ဝန်းထဲတွင် မထီမဲ့မြင် အမူအရာများ ယှက်သန်းသွားခဲ့သည်။

“အစ်ကို ကြည့်စမ်းပါဦး.. ဒါက အင်မော်တယ်ကျောက်ကြောပဲ”

ညီဖြစ်သူ တွမ်မူလဲ့က ကျန်းချန်တို့ နှစ်ဦး အနောက်ဘက်ရှိ အင်မော်တယ်ကျောက်ကြောကို သတိပြုမိလိုက်လျှင် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

ညီဖြစ်သူ၏ စကားကိုကြားလျှင် အစ်ကိုဖြစ်သူ တွမ်မူယန်သည် တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

ယင်းနောက် ချက်ချင်းဆိုသလိုပင် သူ၏ မျက်ဝန်းထဲ၌ လောဘ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

“ဒီလိုဏ်ဂူထဲမှာ တကယ်ကို အင်မော်တယ်ကျောက်ကြော ရှိနေတာပဲ”

အကယ်၍ သူတို့သာ ဤအင်မော်တယ်ကျောက်ကြော အားလုံးကို သူတို့ အိတ်ကပ်ထဲ ထည့်လိုက်မည် ဆိုလျှင် ယနေ့တွင် သူတို့ အမြွှာညီနောင်သည် ချမ်းသာပြီ ဖြစ်သည်။

တွမ်မူယန်၏ မျက်ဝန်းများက တောက်ပသွားခဲ့ပြီး ရှကျီကို လူသတ်ငွေ့လွှမ်းသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

“ရှကျီ မင်းတူးထားတဲ့ အင်မော်တယ်ကျောက်တုံးတွေကို လွှဲပေးစမ်း.. ပြီးရင် ဒီကနေ ချက်ချင်းထွက်သွားလိုက်.. မဟုတ်ရင်တော့ ငါ့ကို ရက်စက်တယ် ဆိုပြီး အပြစ်မတင်နဲ့”

“တွမ်မူယန်.. မင်း ငါတို့ကို အနိုင်ကျင့်လို့ရမယ်များ ထင်နေလား”

ရှကျီက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

“အင်‌မော်တယ်ကျောက်ကြောကို အရင်တွေ့ခဲ့တာက ငါတို့ပဲ.. ဒါကြောင့် ထွက်သွားရမယ် ဆိုရင် မင်းတို့ပဲ ထွက်သွားသင့်တယ်”

အကယ်၍ သူသာ ဤနေရာတွင် တစ်ယောက်တည်း ရှိနေမည်ဆိုလျှင် ဌာနခွဲ(၉)မှ တွမ်မူ အမြွှာညီနောင်နှင့် ရင်ဆိုင်ရလျှင် ဖယ်ပေးရုံသာ တတ်နိုင်ပေလိမ့်မည်။

သို့သော် ယခုအခါ ကျန်းချန် ရှိနေသဖြင့် ရှကျီသည် စိတ်ထဲတွင် တစ်စုံတစ်ရာသော ယုံကြည်မှု ရှိနေခဲ့၏။

အဘယ်ကြောင့်ဆိုသော် ကျန်းချန်က ကောင်းကင်အင်မော်တယ် ပဉ္စမအဆင့် ရှေးဦးအင်မော်တယ်အား သတ်ဖြတ်ခဲ့သည်ကို သူ၏ မျက်စိဖြင့် တပ်အပ် မြင်တွေ့ခဲ့ရသောကြောင့်ပင်။

ဌာနခွဲ(၉)မှ တွမ်မူ အမြွှာညီနောင် လက်တွဲ၍ တိုက်ခိုက်လျှင်ပင် ကျန်းချန်၏ ပြိုင်ဘက် ဖြစ်ချင်မှသာ ဖြစ်ပေလိမ့်မည် မဟုတ်ပါလော။

“ရှကျီ.. မင်းက လျှို့ဝှက်နယ်မြေထဲကနေ ဒီလောက်တောင် စောစော ထွက်ချင်နေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးလိုက်မယ်”

အေးစက်စက် ကြုံးဝါးသံ အဆုံးသတ်သည်နှင့် တစ်ပြိုင်နက် တွမ်မူယန်၏ ခန္ဓာကိုယ်ကနေ အင်မော်တယ်စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့ပြီး ရှကျီကို ချက်ချင်းဆိုသလို လွှမ်းခြုံသွားခဲ့သည်။

ရှကျီ၏ မျက်နှာက ချက်ချင်းဆိုသလို ဖြူဖျော့သွားခဲ့သည်။

သူက ကောင်းကင်အင်မော်တယ် ပထမအဆင့် နှောင်းပိုင်းသာ ရှိ၍ ကောင်းကင်အင်မော်တယ် ပထမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သည့် တွမ်မူယန်ထက် များစွာ အားနည်းသည်။

ပါရမီဖြစ်စေ၊ နောက်ခံဖြစ်စေ သူ့အနေဖြင့် တွမ်မူယန်နှင့် လုံးဝ မယှဥ်နိုင်ပေ။

ထို့ကြောင့် တွမ်မူယန် ကဲ့သို့ ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင် ရှကျီသည် ခုခံနိုင်စွမ်း လုံးဝမရှိချေ။

“ဟ့မ်”

ရှကျီ အသည်းအသန် ခုခံနေစဥ်မှာပင် လိုဏ်ဂူအတွင်းမှ အေးစက်စက် နှာခေါင်းရှုံ့သံ တစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ရှကျီ အပေါ်ဖိနှိပ်ထားသည့် တွမ်မူယန်၏ အရှိန်အဝါများကို ချက်ချင်းဆိုသလို ပျောက်ကွယ်သွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် မကျေမနပ် ရေရွတ်လိုက်သော အသံတစ်သံက လိုဏ်ဂူအတွင်း ပဲ့တင်ထပ်သွားခဲ့၏။

“တွမ်မူယန်.. မင်းက ငါ့ရဲ့မျက်စိအောက်မှာတင် ငါ့ရဲ့အဖော်ကို တိုက်ခိုက်နေတာ ဆိုတော့ မင်းက ငါ့ကို မျက်လုံးထဲ မထည့်တဲ့သဘောလား”

တွမ်မူယန်က အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး ကျန်းချန်ကို လှမ်းကြည့်လိုက်သည်။

“ဟိတ်ကောင်.. မင်းဘယ်သူလဲ”

သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် နှာခေါင်းရှုံ့ရုံမျှဖြင့် သူ၏ အရှိန်အဝါဖိအားကို ချေဖျက်နိုင်ခဲ့၍ သာမန်လူတစ်ယောက် လုံးဝမဟုတ်နိုင်ပေ။

“ငါဘယ်သူလဲဆိုတာ မင်းသိဖို့မလိုဘူး”

ကျန်းချန်က တွမ်မူယန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။

“မင်းတို့ညီနောင် အခုချက်ချင်း ငါ့မျက်စိရှေ့က ထွက်သွားမယ်ဆိုရင် အချိန်မီသေးတယ်.. မဟုတ်ရင်တော့ မင်းတို့ညီနောင်နှစ်ယောက်ကို လျှို့ဝှက်နယ်မြေထဲကနေ မောင်းထုတ်ဖို့ ငါအားနာနေမှာ မဟုတ်ဘူး”

အင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေထဲသို့ ဝင်ရောက်လာသော လူငယ်ပါရမီရှင်တိုင်းတွင် အသက်ကယ် ကျောက်စိမ်း တံဆိပ်ပြားများ ကိုယ်စီ ရှိကြသည်။

ထို့ကြောင့် အင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေအတွင်း အခြားသော ပါရမီရှင်များကို သတ်ဖြတ်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

သို့သော်လည်း ပြိုင်ဘက်ကို ကျောက်စိမ်းတံဆိပ်ပြားအား အတင်းအကျပ် အသုံးပြုစေကာ အင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေ အတွင်းကနေ အချိန်မတိုင်မီ ထွက်သွားရန် အတွက် ဖိအားပေးနိုင်၏။

“ဟားဟား.. မင်းက လေလုံးတော့ ထွားသားပဲ”

တွမ်မူယန်က မထီမဲ့မြင် ပြုံးလိုက်သည်။

“ငါတို့ညီနောင်ကို လျှို့ဝှက်နယ်မြေထဲကနေ အချိန်မတိုင်ခင် ထွက်သွားအောင် မင်းဘယ်လိုလုပ်မလဲ ဆိုတာ ငါကြည့်ချင်သေးတယ်”

သူတို့ ညီနောင်နှစ်ယောက်သည် ဌာနခွဲ(၉)၏ နာမည်ကျော် ပါရမီရှင်များ ဖြစ်ကြသည်။

တစ်ယောက်ချင်း တိုက်မည်ဆိုလျှင်ပင် သူတို့သည် ဌာနခွဲ ဆယ့်ရှစ်ခု စလုံးရှိ လူငယ်ပါရမီရှင်များ ထဲတွင် ထိပ်ဆုံး ဆယ်ဦးစာရင်း၌ ဝင်နိုင်သည်။

သူတို့နှစ်ဦး လက်တွဲလိုက်လျှင် ဌာနခွဲ ဆယ့်ရှစ်ခု စလုံးတွင် သူတို့ကို အနိုင်ယူနိုင်သော ပါရမီရှင်မှာ လက်ငါးချောင်းပင် ပြည့်လိမ့်မည် မဟုတ်ပေ။

သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် နာမည်မရှိသော လူငယ်တစ်ယောက်သာ ဖြစ်ပြီး သူတို့ ညီအစ်ကို ရှေ့မှောက်တွင် ဤမျှအထိ လေလုံးထွားရဲပါသလော။

“ငါ မင်းတို့ကို အခွင့်အရေးပေးပြီးပြီ.. မင်းတို့က တန်ဖိုးမထားမှတော့ ငါ့ကို အပြစ်မတင်နဲ့တော့”

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး သူ၏ လက်ထဲရှိ ထျန်းယွမ်အင်မော်တယ်ဓားဖြင့် ဓားကွက် တစ်ကွက်ကို ထုတ်ဖော်ကာ တွမ်မူ အမြွှာညီနောင်ကို တိုက်ခိုက်လိုက်သည်။

ထိုဓားချက်သည် အလွန်ပင် သာမန်ဆန်ပြီး မည်သည့်စွမ်းအင်လှိုင်း လှုပ်ခတ်မှုမျှ မရှိပေ။

သို့သော်လည်း ထိုဓားချက်အောက်တွင် တွမ်မူညီနောင်သည် ဝိညာဥ်လွင့်မတတ် ဖြစ်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံး သေခြင်းတရား၏ အရိပ်အောက်တွင် ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့နစ်ဦးက အနည်းငယ်မျှပင် တုံ့ဆိုင်းမနေရဲဘဲ စွမ်းအားများကို ပူးပေါင်းလိုက်ကာ အပြာရောင် စွမ်းအင်မုန်တိုင်း တစ်ခုကို ထုတ်ဖော်၍ ကျန်းချန်၏ ဓားချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။

သို့သော်လည်း သူတို့နှစ်ဦး ပူးပေါင်းလိုက်သည့်တိုင် ကျန်းချန်၏ ဓားချက်ကို မတားဆီးနိုင်ခဲ့ပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် အပြာရောင် စွမ်းအင်မုန်တိုင်းသည် ကျန်းချန်၏ ဓားချက်အောက်တွင် ပြိုကွဲပျက်စီးသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် တွမ်မူ အမြွှာညီနောင်၏ ခန္ဓာကိုယ်သည် ခြေဆယ်လှမ်းမက နောက်သို့ ဆုတ်သွားခဲ့ရသည်။

သူတို့၏ မျက်နှာက အလွန်တရာပင် ဖြူဖျော့သွားခဲ့၏။

ဤအခိုက်အတန့်တွင် ကျန်းချန်ကို ကြည့်နေသော သူတို့၏ အကြည့်တွင် ထိတ်လန့် တုန်လှုပ်သော အမူအရာများ မကြုံစဖူး ဖြစ်ပေါ်လာခဲ့၏။

အခန်း(၂၇၇၅)ပြီး၏။

All Chapters